Chapter 171
Viewers 32k

🌍Chapter 171




ဖူ၀မ်ရှန်း ဂိမ်းကိုရှင်းလင်းလိုက်ပြီး​နောက် နန်ကျင်း၏ ​လေထုမှာ ပို၍ ​ပေါက်ကွဲလုမတတ်ဖြစ်လာခဲ့သည်။


 ထန်​မော့နှင့် ဖူ၀မ်​သော်မှာ တံဆိပ်ပြားများကိုရှာ​နေစဥ် ကစားသမား ၄​ယောက်နှင့်တိုးခဲ့သည်။ 


ယုန်​ခေါင်းများမှာလည်း ပိုသန်မာလာကာ အ​ပြေးလည်းပိုမြန်လာခဲ့သည်။


"ယုန်​ခေါင်း​တွေထက် ကစားသမား​တွေဆီက​နေ တံဆိပ်ပြား​တွေရဖို့ပိုလွယ်တာပဲ"


ထန်​မော့သည် လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုတွင်၀င်ပုန်း​နေစဥ် ဖူ၀မ်​သော်ကိုကြည့်လိုက်သည်။


"လူတိုင်းဒီအ​ကြောင်းကိုသိပြီးပြီ ...သူတို့ကတံဆိပ်ပြား​တွေကိုခိုးချင်တာမဟုတ်ဘူး...ကျွန်​တော်တို့ကို သတ်ပြီးမှ တံဆိပ်ပြား​တွေကိုယူချင်တာ"


ဖူ၀မ်​သော်ကဆိုသည်။


"​ရှောင်ကျီထုံးက I တံဆိပ်ပြားကို ယုန်​ခေါင်း​တွေဆီကရနိုင်တယ်​ပြော​ပေမယ့် ဖြစ်နိုင်​ချေကအ​တော်နည်းတယ်"


ထန်​မော့​တွေး​တောလျက် တစ်ခုခု​ပြောရန်ပြင်လိုက်စဥ် မနီးမ​ဝေးမှ ကျယ်​လောင်​သောအသံတစ်ခုကိုကြားလိုက်ရ​လေသည်။ လူ၂​ယောက်မှာ ချက်ချင်း​လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ယုန်​ခေါင်းတစ်​​ယောက်မှာ နံရံကို၀င်တိုက်ကာ ပြုတ်ကျလာသည်ကို​တွေ့လိုက်ရ​လေသည်။ ၄င်းမှာ မူး​ဝေစွာထရပ်လိုက်ပြီး​နောက် ထန်​မော့နှင့် ဖူ၀မ်​သော်ထံသို့ အကြည့်​ရောက်လာခဲ့သည်။


ယုန်​ခေါင်းက ​​အော်လိုက်သည်။


"ကျစ်ကျစ်"


"သွား​တော့"


ထန်​မော့နှင့်ဖူ၀မ်​​သော်ချက်ချင်းပင်တိုက်ခိုက်လိုက်သည်။ ပြင်းထန်​သော တိုက်ခိုက်သံများက နန်ကျင်းတစ်ခုလုံးဆူညံ​နေခဲ့သည်။ တရုတ်ပြည်၏ ကျန်ခရိုင်၉ခုတွင်လည်း ကမ္ဘာ​မြေကြီးတွင် ​သွေးများစွန်းထင်းလျက် ခန္ဓာကိုယ်များထပ်​နေခဲ့​လေသည်။ ထိုလူတို့ကိုသတ်လိုက်​သော ကစားသမားမှာ အ​လောင်း​ပေါ်မှ တံဆိပ်ပြားများနှင့် ၄င်းတို့ကိုသတ်၍ရလာ​သော တံဆိပ်ပြားများကို​ကောက်ယူကာ အ​ဝေးသို့ဆက်​လျှောက်သွားခဲ့ကြ​လေသည်။


၂နာရီအတွင်း၌ ယုန်​ခေါင်း​နောက်ဆုံးတစ်သုတ်လည်း​ပေါ်လာခဲ့သည်။ ထန်​မော့သည် စတိုးဆိုင်၏အပြင်ဘက်တွင်သူ့ကို ခြုံခိုတိုက်ခိုက်ရန်​စောင့်​နေခဲ့​သော အမျိုးသမီးကစားသမားတစ်ဦးကိုသတ်ခဲ့ရသည်။ သူသည်တဖက်လူ၏ အိတ်ကပ်ထဲမှ တံဆိပ်ပြား၆ခုကိုယူလိုက်သည်။ ထန်​မော့သည် ဒုတိယ​မြောက် တံဆိပ်ပြား​ပေါ်မှ စာလုံးကိုမြင်​သော် တန့်သွားခဲ့​လေသည်။ သူသည်ဖူ၀မ်​သော်အား ထိုတံဆိပ်ပြားနှင့်အတူ ပြုံးလျက် လက်​ဝေ့ယမ်းပြလိုက်သည်။ 


"ဒီမှာ I "


ဖူ၀မ်​သော်လည်း တံဆိပ်ပြား​ပေါ်မှ စာလုံးကိုကြည့်လျက် ပြုံးလိုက်သည်။


"နာရီ၀က်​ကျော်​လောက်ကျန်​သေးတယ်"


ထန်​မော့ဆိုသည်။


"အင်း...နာရီ၀က်​ကျော်ကျန်​သေးတယ်...သွားရ​​အောင် ​ရှောင်ကျီထုံးနဲ့သွား​ဆုံရ​​​အောင်"


***


ရှင်းကျဲခု နန်ကျင်းတွင်...


ထရိုဂျန်မြင်းရုပ်မှာ ၃ရက်ကို၁ခါသာသုံးနိုင်သည်။  ဤတစ်ကြိမ်တွင်ထန်​မော့သည် ​ရှောင်ကျီထုံးကိုရှာရန် မြင်းရုပ်ကို မသုံးနိုင်​တော့​ချေ။​ ညအ​မှောင်ထဲတွင် လူ၂​ယောက်မှာ ​ရှော့ပင်းစင်တာတစ်ခုထဲသို့ လျင်မြန်စွာ၀င်သွားခဲ့သည်။ ထန်​မော့သည် ထို​ရှော့ပင်းစင်တာထဲမှ အလှပြင်ပစ္စည်း​ကောင်တာသို့သွားလိုက်သည်။ သူသည်ထို​ကောင်တာကိုစူးစမ်း​နေခဲ့ပြီး တစ်မိနစ်အကြာတွင် တစ်ခုခုကိုထိလိုက်သည်။


ထန်​မော့ကဆိုသည်။


"​ရှောင်ကျီထုံးတို့အုပ်စု​ရောက်​နေပြီ ဒုတိယထပ်မှာ"


ထန်​မော့သူ၏လက်ကိုပြန်လွှတ်လိုက်လျှင် သူထိ​နေခဲ့​သော အရာမှာ ၅​ထောင့်ကြယ်သဏ္ဍာန်၂ခုဖြစ်သည်ကို​တွေ့လိုက်ရသည်။ ထန်​မော့သည် အ​ရေး​ပေါ်​လှေကားများ​ပေါ်မှ ဒုတိယထပ်သို့လျှင်မြန်စွာတက်သွားခဲ့သည်။ သူတို့အ​ပေါ်သို့တက်သွားပြီး​နောက်ဖူ၀မ်​သော်သည် နံရံကို၃ကြိမ်​ခေါက်ခဲ့သည်။ ထို့​နောက် အ​ရေး​ပေါ်​လှေကား၏တဖက်နံရံဆီမှ ​ခေါက်သံ၃ချက်ပြန်ထွက်လာပြီး  ထန်​​မော့တံခါးကိုတွန်းဖွင့်လိုက်သည်။


​ရှောင်ကျီထုံးနှင့်ကျန်လူများမှာ အထဲ၌​​စောင့်​နေခဲ့ပြီးဖြစ်သည်။ 


​ရှောင်ကျီထုံးမှာ ထန်​မော့နှင့် ဖူ၀မ်​သော်ကိုမြင်လျှင် ​မေးလိုက်သည်။ 


"​ရှောင်ရှန်း​ရောဘယ်လိုလဲ"


ဖူ၀မ်​​သော်ကပြန်​ဖြေလိုက်သည်။


"လုံခြုံတဲ့​နေရာမှာ ဂိမ်းပြီး​တော့မှ သွား​ခေါ်လိုက်မယ်"


​ရှောင်ကျီထုံး၄င်းကိုကြား​သော် ပြုံးသည်။


"တံဆိပ်ပြား​တွေ​စုပြီးပြီလား"


ထန်​မော့မငြင်းဆန်ခဲ့။ ထိုအစားပြန်​မေးလိုက်သည်။


"ခင်များတို့​ရော" 


ယုန်​ခေါင်းများကိုသတ်ရုံမျှဖြင့် ထို I တံဆိပ်ပြား ၁၀ခုကိုရှာ​ဖွေရန်မဖြစ်နိုင်​ချေ။ ထန်​မော့မှာ သူကံဆိုးသည်ကို၀န်ခံပါသည်။ ထန်​မော့နှင့်ဖူ၀မ်​သော်မှာ ၁၁နာရီ​ကျော်ရှာ​ဖွေခဲ့သည့်တိုင် I တံဆိပ်ပြား၂ခုကိုသာ စုမိခဲ့သည်။ ထို၂ခုကိုရှာ​တွေ့သည်မှာပင် ဖူ၀မ်​သော်၏ ကံ​ကြောင့်ဖြစ်နိုင်​လေသည်။


သို့​သော်​ ရှောင်ကျီထုံး၏ ကံ​ကမူ ကောင်းလှသည် လွန်ခဲ့​သော၂နာရီခန့်က သူတို့တွင် I တံဆိပ်ပြား၂ခုသာရှိခဲ့သည်။


​ရှောင်ကျီထုံးကလည်းဆိုသည်။ 


"ကျွန်​တော်တို့အကုန်ရထားပြီ...အပိုတစ်စုံ​တောင်ရှိ​သေးတယ်"


၄င်းမှာမ​မျှော်လင့်ထား​သော အ​ဖြေပင်။  ထန်​မော့အံ့အားသင့်လျက်​မေးလိုက်သည်။


"ခင်များအားလုံးကိုရှာ​တွေ့ခဲ့တယ်​ပေါ့"


​ရှောင်ကျီထုံးပြုံးလျက် ​ခေါင်းညိတ်လိုက်သည်။


​ဘာဖြစ်ခဲ့သည်တို့ကိုခန့်မှန်းလျက် ထန်​မော့နှုတ်ခမ်းတို့ပွင့်ဟသွားခဲ့သည်။ သူဖူ၀မ်​သော်ကိုလှည့်ကြည့်လိုက်လျှင် ဖူ၀မ်​သော်မှာလည်း သူ့ကိုကြည့်​နေခဲ့​လေသည်။ လူ၂ဦးမှာ တိတ်ဆိတ်လျက် ​ရှောင်ကျီ​ထုံးသည် ထို I တံဆိပ်ပြား ၁၁ခုကို ၂နာရီအတွင်း မည်သို့ရှာခဲ့သည်ကိုခန့်မှန်း​နေခဲ့​လေသည်။


မည်သို့ပင်ဆို​စေ အ​ခြေအ​နေမှာ ဤသို့ဖြစ်လာခဲ့ပြီဖြစ်ပြီး သူတို့အားလုံးတွင် surprise တံဆိပ်ပြားတစ်စုံစီရှိ​နေခဲ့ပြီးဖြစ်သည်။ ဖူ၀မ်ရှန်းမှာ ဂိမ်းကိုရှင်းခဲ့ပြီးဖြစ်၍ ထိုအမှိုက်ထိန်းသိမ်း​ရေးဌာန၏ တံခါး၏ အ၀ါ​​ရောင်​အောက်သို့ surprise တံဆိပ်ပြားအစုံလိုက်ကိုထားလိုက်သည်နှင့်ဂိမ်းကို​ရှင်းနိုင်မြင်ဖြစ်​ကြောင်းသိကြပြီးဖြစ်သည်။


 အ​ရေးအကြီးဆုံးဦးစား​ပေးရမည်မှာ...


 "အထဲကို ဘယ်လို၀င်ကြမလဲ" 


ထန်​မော့​မေးလိုက်သည်။ 


​ရှောင်ကျီထုံး နန်ကျင်း၏​မြေပုံကြီးကိုဖွင့်လိုက်သည်။


 ထန်​မော့၄င်းကို​သေချာစိုက်ကြည့်လိုက်​ရာ ထို​မြေပုံမှာ အလွန်အ​သေးစိတ်ကျသည်ကို​တွေးခဲ့ရသည်။ ရှင်းကျဲခုအနီးမှ လမ်းတိုင်းမှန်သမျှပါရှိကာ အ​ဆောက်အဦးများကြားအကွာအ​ဝေးနှင့် အ​ဆောက်အဦးများ၏ အနိမ့်အမြင့်ကိုပင်မှတ်သားထား​လေသည်။ လမ်းဆုံလမ်းခွတစ်ခု၏ အလယ်တွင် အနီ​ရောင်ငါး​ထောင့်ကြယ်တစ်ခုဖြင့်မှတ်ထားပြီး ၄င်းမှာ ရှင်း​​​ဟွေ့အမှိုက်ရှင်းလင်း​ရေးဌာနပင်ဖြစ်သည်။ 


​ရှောင်ကျီထုံး​​မြေပုံကို​ထောက်ပြလိုက်သည်။ 


"ဒီ​နေရာကို​ရွေးတာက နင်နင်းနဲ့မကြာမကြာ အနက်​ရောင်​မျှော်စင်ဆီကိုသွား​နေကျဆို​တော့ ပတ်၀န်းကျင်​တွေကိုရင်းနှီး​နေလို့...နန်ကျင်းရဲ့ အမှိုက်ရှင်းလင်း​ရေးဌာန၁၁ခုထဲမှာ ကစားသမား​အများဆုံး ခြုံခိုတိုက်ခိုက်ဖို့​စောင့်​နေမယ့်​နေရာက ရှင်း​ဟွေ့အမှိုက်ရှင်းလင်း​ရေးဌာနဆိုတာ သံသယ​တောင်ဖြစ်စရာမလိုဘူး..ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်ခင်ကလည်း လူဦး​ရေအထူထပ်ဆုံး​နေရာပဲ..တချိန်တည်းမှာလည်း ကျွန်​တော်တို့နဲ့အရင်းနှီးဆုံး​နေရာလည်းဖြစ်​နေတယ်"


ရန်သူနည်းနည်းကိုရင်ဆိုင်ရန်​​ရွေးချယ်ရမည်ထက် ​ရှောင်ကျီထုံးမှာ သူ့ကိုယ်သူယုံကြည်ရန် ​ရွေးချယ်ခဲ့သည်။ သူ၏အဖွဲ့အင်အားမှာ ရန်သူ၏အင်အားထက်ပိုအ​ရေးကြီး​လေသည်။


"ဒီမှာ..ဒီမှာ ပြီး​တော့ဒီမှာ"


​ရှောင်ကျီထုံး​နေရာ၇ခုကိုညွှန်ပြလိုက်သည်။


"ခြုံခိုတိုက်ခိုက်ဖို့အလွယ်ဆုံး​နေရာ၇ခုပဲ...ဒီရုံးက အမှိုက်ရှင်းလင်း​ရေးဌာနဲ့ မီတာ၁၅၀​လောက်​ဝေးတယ်..သူတို့ဒီအ​ဆောက်အဦးရဲ့ အထပ်၂၀​မြောက်က​နေ တိုက်ခိုက်လာရင်"


​ရှောင်ကျီထုံးသည် အသင့်​လျော်ဆုံး​နေရာ ၃ခုကိုလျင်မြန်စွာရှာလိုက်သည်။ 


"​နောက်ဆုံးနာရီပိုင်းက အ​တော်ပြင်းထန်မှာပဲ"


​ရှောင်ကျီထုံးကဆိုသည်။ 


"အဲဒီတစ်နာရီပြီးတာနဲ့ ဘယ်ကစားသမားမှ အမှိုက်ရှင်းလင်း​ရေးဌာနကို၀င်ခွင့်မရှိ​တော့ပဲ ​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်း ခက်ခဲမှု အဆင့်ကိုအတင်းဆွဲသွင်းခံလိုက်ရလိမ့်မယ်...တစ်မြို့လုံးကကစားသမား​တွေကလည်း ဒီထဲကို၀င်ရဖို့ ဒီ​နေရာမှာလာစုကြမှာ...​ယုန်​ခေါင်း​နောက်ဆုံးတစ်သုတ်​ပေါ်လာဦးမှာဆို​ပေမယ့် အဲဒါကလည်းအ​ရေးမပါ​တော့ဘူး...ကစားသမား​တွေကိုသတ်တာက တံဆိပ်ပြားရဖို့အလွယ်ဆုံးနည်းလမ်းပဲ..​နောက်ဆုံးကျန်တဲ့၁၀မိနစ်မှာ ပုန်းပြီး​စောင့်​နေတဲ့သူ​တွေလည်း အမှိုက်ရှင်းလင်း​ရေးဌာနထဲကို ​ပြေး၀င်လာကြလိမ့်မယ်..အဲဒီအချိန်အထိ​စောင့်လို့မရဘူး အ​ခြေအ​နေကရှုပ်​ထွေးပြီး အထဲကို၀င်ဖို့ ပိုခက်ခဲသွားလိမ့်မယ်"


ထန်​မော့အ​နောက်ဘက်လမ်းတစ်ခုကိုညွှန်ပြလိုက်သည်။ 


"ကျွန်​တော်တို့ ဒီဘက်က၀င်လာခဲ့မယ်" 


​ရှောင်ကျီထုံး သူ့ကိုကြည့်လျက် ​ခေါင်းညိတ်လိုက်သည်။


"အို​ကေ နင်နင်းနဲ့ကျွန်​တော်က အလယ်လမ်းကသွားမယ်...ချိုင်ရုန်နဲ့ နန်ကျင်းအဖွဲ့က အ​ရှေ့လမ်းကလာ"


"၃ဖွဲ့ခွဲပြီး တစ်ပြိုင်တည်း၀င်တာက သူတို့အာရုံစိုက်​နေတာကို ရှုပ်​ထွေး​အောင်လုပ်လို့ရသလို သူတို့အင်အားကိုလည်း ပြန့်ကျဲသွား​အောင်လုပ်ပြီးသားဖြစ်သွားမယ်"


ထန်​မော့ထိုသို့နည်းလမ်းချရာတွင် မကျွမ်းကျင်လှ​​ချေ။ သူကဖူ၀မ်​သော်ကိုကြည့်လျက် တိုက်ရိုက်​မေးလိုက်သည်။ 


"ဘယ်လိုလုပ်ကြမလဲ"


​ရှောင်ကျီထုံးမှာ ထိုအခါမှ ဖူ၀မ်​သော်၏ ​နောက်ခံကိုပြန်လည်သတိရသွားခဲ့သည်။


ဤ​နေရာရှိမည်သူကမျှ ဖူ၀မ်​သော်​လောက် ထိုသို့အဖွဲ့တိုက်ခိုက်​ရေးဗျူဟာများဆွဲရာတွင် မကျွမ်းကျင်နိုင်​ချေ။


ဖူ၀မ်​သော်မြေပုံတစ်ခုလုံးကိုကြည့်လိုက်သည်။ သူ၏အကြည့်မှာ ​မြေပုံ​ပေါ်မှ အမှတ်အသားပြုလုပ်ထား​သော​နေရာမှန်သမျှကို တစ်ခုချင်းစီကြည့်လိုက်​လေသည်။  အ​ဆောက်အဦးများအကွာအ​ဝေးနှင့် အနိမ့်အမြင့်များကို ဂရုတစိုက်ကြည့်ပြီး​နောက်အဆုံးတွင် သူ၏အကြည့်များမှာ ​မြောက်ဘက်အစွန်​​ဆုံးမှ အ​ဆောက်အဦးမြင့်ကြီးတစ်ခုအ​ပေါ်ကျ​ရောက်သွားခဲ့သည်။ သူကတည်ငြိမ်​သောအသံဖြင့်ဆိုလာခဲ့သည်။


"ဒီအ​ဆောက်အဦးကအ​တော်မြင့်တယ် ..အ​ပေါ်ထပ်က​နေဆို အမှိုက်ရှင်းလင်း​ရေးဌာနတစ်ခုလုံးကို ခြုံကြည့်လို့ရတယ်..ဒီ​နေရာကတိုက်ခိုက်ဖို့အသင့်​တော်ဆုံးပဲ...အ​ဆောက်အဦး​တွေအားလုံးထဲမှာ ဒီတစ်ခုက ကစားသမား​တွေခြုံခိုတိုက်ခိုက်ဖို့အများ​ဆုံး​စောင့်​နေမယ့်​နေရာပဲ"


ဖူ၀မ်​သော်၏လက်​​ချောင်းတို့က အမှိုက်ရှင်းလင်း​ရေးဌာနအနီးမှ အ​ဆောက်အဦး ၃ခုကိုဖြတ်​ပြေးသွားခဲ့သည်။


"ဒီ​နေရာ၃ခုကအ​ဆောက်အဦးနဲ့အရမ်းနီးတယ်..​မြောက်ဘက်အဆုံးကအ​ဆောက်အဦး​ပေါ်တက်ချင်ရင် ဒီပထမအ​ဆောက်အဦးက​နေ ဒုတိယအ​ဆောက်အဦးကို ​နောက်ဆုံးတတိယအ​ဆောက်အဦးကိုသွားလို့ရတယ်... ကျွန်​တော်တို့၃​ဖွဲ့က ​တောင်ဘက် အ​ရှေ့ဘက်နဲ့ အ​နောက်ဘက်က​နေ လာပြီး​မြောက်ဘက်ကိုချန်ခဲ့မယ် ဒီအ​ဆောက်အဦးမှာက ​စောင့်​နေမယ့်ကစားသမား​တွေအများကြီးရှိ​နေလို့ ​မြောက်ဘက်ကသွားလို့မဖြစ်ဘူး..ပြီး​တော့အမှိုက်ရှင်းလင်း​ရေးဌာနကိုမ၀င်ခင် ဒီအ​​ဆောက်အဦးကို ​ဖောက်ခွဲပစ်ရမယ်"


ထန်​မော့တန့်သွားမိ​သော်လည်း ဖူ၀မ်​သော်ဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။


"အာရုံ​ပြောင်းဖို့လား"


ဖူ၀မ်​သော်ပြုံးသည်။ 


"အတိအကျဆိုရင် ​တောင်ဘက် အ​ရှေ့ဘက်နဲ့ အ​နောက်ဘက်မှာ တိုက်ခိုက်ဖို့ ​မြောက်ဘက်ကိုဆူညံ​အောင်လုပ်​ပေးတာ​ပေါ့"


ထန်​မော့မှာ ဤအကြံ၏အလုပ်လုပ်ပုံကို​တွေးရင်း အလုပ်များ​နေခဲ့​လေရာ ဖူ၀မ်​သော်၏ ​အေးစက်စက် ဟာသကိုသတိမထားမိခဲ့​ချေ။ ဖူ၀မ်​သော် ဂရုမစိုက်ပဲ မျက်ခုံးသာပင့်လိုက်သည်။


ထန်​မော့ကဆိုလာသည်။ 


"ဟုတ်တယ် ဒီအ​ဆောက်အဦး၃ခုကို ​မြောက်ဘက်ကအ​ဆောက်အဦးကို​ဖောက်ခွဲဖို့ လမ်း​ကြောင်းအဖြစ်သုံးလို့ရတယ်...ပုန်းပြီး​စောင့်​နေကြတဲ့ ကစားသမား​တွေကလည်း သူ့သန်မာမှုနဲ့သူဆို​တော့​သေမှာမဟုတ်ဘူး..ဒါ​ပေမယ့်ကျွန်​တော်တို့က​မြောက်ဘက်ကလာ​နေတယ်လို့ထင်သွားပြီး လူတိုင်း​မြောက်ဘက်ကိုသွားကြမှာပဲ..အဲဒီအချိန်မှာ ကျွန်​တော်တို့ ကျန်တဲ့ဦးတည်ရာ၃ခုက​နေ​ပြေး၀င်လာမယ်"


​ရှောင်ကျီထုံးသ​​ဘောတူလိုက်သည်။


"အို​ကေ ​ရှောင်​ရှောင်းမှာ ​ပေါက်ကွဲမှုအကြီးစားပစ္စည်းတစ်ခုရှိတယ်"


ဆံပင်​ရွှေ​ရောင်နှင့်​ကောင်​လေး စပါကတီတစ်ခွက်ကိုလျင်မြန်စွာဆွဲထုတ်လျက် ​ရှောင်ကျီ​ထုံးအား ကမ်း​ပေးလာခဲ့သည်။


"​ခေါင်း​ဆောင်" 


​ရှောင်ကျီထုံးသည်ထိုစပါကတီကိုယူလျက် ထန်​မော့နှင့် ဖူ၀မ်​သော်ကိုကြည့်လိုက်သည်။ 


"ပြဿနာတစ်ခုပဲရှိတယ်...ဘယ်သူသွားမလဲ"


"ငါသွားမယ်"


"ကျွန်​တော်သွားမယ်"


လူ၄​ယောက်မှာ တပြိုင်တည်းဆိုလာခဲ့ကြသည်။ 


နင်းနင်းနှင့်ချိုင်ရုန်က ထန်​မော့နှင့်ဖူ၀မ်​သော်ကို ကြည့်လိုက်ကာ ​ရှောင်ကျီထုံးမှာလည်း မျက်လုံးများကို ​မှေးကျဥ်းလိုက်​လေသည်။ သူကဆိုသည်။ 


"ခင်များတို့၂​ယောက်က သန်မာတယ်...အ​နောက်ဘက်လမ်းကို ၂ယောက်တည်းသွားလို့ပြဿနာမရှိဘူး...ဒါ​ပေမယ့် တစ်​ယောက်က အ​ဆောက်အဦးကို​ဖောက်ခွဲဖို့သွားတုန်း တစ်​ယောက်တည်း အ​နောက်ဘက်လမ်းမှာကျန်ခဲ့ရင်..သိပ်မသင့်​​တော်ဘူးထင်တယ်..နင်နင်းကိုသွားပါ​​စေ..သူကမြန်တယ်...သူအ​ဆောက်အဦးကို​ဖောက်ခွဲပြီးတာနဲ့ လွတ်​အောင်​ပြေးနိုင်တယ်"


ချိုင်ရုန်ကဆိုသည်။ 


"ငါလည်းအရမ်းမြန်သလို...အရမ်းသန်မာတယ်​လေ...နင်နင်းကလူ​တွေအ၀ိုင်းခံထားရရင် လွတ်နိုင်မှာမဟုတ်ဘူး" 


နင်နင်းက​အေးစက်စွာဆိုလာသည်။


"ကျွန်မလွတ်နိုင်တယ်"


ချိုင်ရုန်က​မေးလာသည်။


"နင်နင်း ငါတို့​နောက်ဆုံးတစ်​ခေါက်တိုက်ခိုက်ကြတုန်းက ငါနိုင်တာကို​မေ့သွားပြီလား"


နင်နင်း၏ ​အေးစက်​သောမျက်နှာ​ပေါ်တွင်​ဒေါသအရိပ်အ​ယောင်တစ်ခုဖြတ်​ပြေးသွားခဲ့​လေသည်။ သူမသည် နှာ​ခေါင်းရှုံ့လျက် ထိုလူကိုဂရုမစိုက်ရန်သာဆုံးဖြတ်လိုက်​လေသည်။


​ရှောင်ကျီထုံးကဆိုသည်။


"ဒါဆို ချိုင်ရုန်..."


"မဟုတ်ဘူး ကျွန်​တော်သွားမယ်" 


​ရှောင်ကျီထုံး ထန်​မော့အား ရှုပ်​ထွေးစွာကြည့်လာခဲ့သည်။


ထန်​မော့ရှင်းပြလိုက်သည်။


"ကျွန်​​တော့်အမြန်နှုန်းက နင်နင်းထက်သာလားဆိုတာ​ရော ​ခွန်အားက​ ခေါင်း​ဆောင်ချိုင်ထက်သာလားဆိုတာ​ရောမ​သေချာ​ပေမယ့် ကျွန်​တော်မှာ ပစ္စည်းတစ်ခုရှိတယ်...ဒီပစ္စည်းနဲ့ဆို ကျွန်​တော်​မြေဆွဲအားကို လျစ်လျူရှူပြီး ​ဘယ်မျက်နှာပြင်မှာမဆို​လျှောက်လို့ရတယ်"


​ရှောင်ကျီထုံး၏ မျက်လုံးတို့ပြူးကျယ်သွားလျက် သူချက်ချင်းနားလည်သွားခဲ့သည်။  ထို့​နောက်သူ့တွင်အ​တွေး​ပေါ်လာခဲ့သည်။


"ဒါ​ပေမယ့်မင်းသွားရင် အ​နောက်လမ်းမှု လူတစ်​ယောက်ပဲရှိမှာ"


ထန်​မော့ကရှင်းပြသည်။


"အဲဒီအ​ဆောက်အဦးကို​ဖောက်ခွဲဖို့ ကျွန်​တော်၁မိနစ်ပဲလိုတယ်..သူအဲ​လောက်ထိ​တောင့်ခံနိုင်ပါတယ်" 


​နောက်တွင်ရပ်​နေ​သော ဖူ၀မ်​သော်က ၄င်းကိုကြား​သော် လူရွယ်၏မျက်လုံးများကိုကြည့်လိုက်​လေသည်။ သူတစ်ခုမျှမ​ဆိုခဲ့​သော်လည်း ထန်​မော့မှာ သူ့အတွက် အရာရာကိုဆုံးဖြတ်​ပေးသွားခဲ့သည်။


ဤခံစားချက်မှာ အနည်းငယ်စိတ်၀င်စားစရာပင်...


ဖူ၀မ်​သော်၏နှုတ်ခမ်းတို့တွန့်​ကွေးသွားလျက် ဘာမျှမဆိုခဲ့​ချေ။


သို့နှင့် ဆုံးဖြတ်ပြီးသွားကြ​လေသည်။


​ရှောင်ကျီထုံးသည် နန်ကျင်းဗျူဟာအဖွဲ့မှ အကူပစ္စည်းများကို လူတိုင်းကိုမျှ​​ဝေလိုက်ပြီး တိုက်ခိုက်​ရေးအစီအစဥ်တစ်ခုကိုဆွဲလိုက်သည်။ သူသည်စပါကတီခွက်ကိုထန်​မော့အား ​ပေးလိုက်ပြီး သူ့အားတည်ငြိမ်စွာကြည့်လျက်ဆိုသည်။


" အသက်ရှင်​နေပါ...ဒီဟာကိုမင်းကို​ပေးလိုက်မယ်"


ထန်​မော့ထိုစပါကတီခွက်ကို သူ၏အိတ်ကပ်ထဲသို့မထည့်ခင် အသုံးပြုပုံကိုကြည့်လိုက်သည်။ 


[ပစ္စည်း: ​ခွေး​ခေါင်းနဲ့ စပါကတ်တီခွက်] 


[ပိုင်ရှင်: အက်ဒ်၀ါ့​ဂျော့]


[အရည်အ​သွေး: ထူးရှယ်]


[အဆင့်: ၁]


[တိုက်ခိုက်မှု: သန်မာ]


[အသုံးပြုပုံ: ဒီစပါကတီခွက်ကိုပစ်လိုက်တာနဲ့​ပေါက်ကွဲသွားလိမ့်မယ်၊ ​ပေါက်ကွဲမှုပြင်းအားက​​တော့ အီတလီ ၁၈၉၇စတိုင် ၇၅မီလီမီတာ အ​မြှောက်​လောက်ရှိမယ်]


[ကန့်သတ်ချက်: တစ်ခါသုံးပစ္စည်း]


[မှတ်ချက်: တစ်ခါတုန်းကတစ်​ယောက်​ယောက် ​ခွေး​ခေါင်းထည့်ဖို့​မေ့သွားခဲ့တယ်...အဲဒါနဲ့စပါကတီကိုစားပြီး သူ့ကိုယ်သူသတ်​သေလိုက်ပါ​ရော]



🪩