Chapter 170
Viewers 33k

🌍Chapter 170




​​ရေခဲတမျှ​အေးစက်ကာ​မှောင်မည်း​နေ​သော ရွှမ်၀ူကန်ထဲတွင် လှုပ်ရှားမှုကင်းမဲ့​နေ​သော လူခန္ဓာကိုယ်၁၀၀​ကျော်မှာ ကန်၏​အောက်​ခြေမှ ရွံ့နွံများအ​ပေါ်ထပ်လျက် လဲ​လျောင်း​နေခဲ့ကြသည်။ ည​လေပြည်များမှာ ​ကန်​ရေပြင်ကိုဖြတ်သန်းသွားလျက် ​ရေလှိုင်းက​လေးများထသွား​စေသည်။ ထိုကန်၏​အောက်​ခြေတွင် လူ​ပေါင်း၁၀၀​ကျော်လဲ​လျောင်း​နေခဲ့​ကြောင်းမည်သူမျှသိလိမ့်မည်မဟုတ်​ချေ။ ထန်​မော့သည် ကန်​ဘေးတွင်ရပ်လျက် စိုက်ကြည့်​နေခဲ့​သော်လည်း ကန်၏ ​အောက်​ခြေကိုမမြင်နိုင်​ချေ။


သူသည် အကြည့်ကိုပြန်ရုတ်လိုက်သည်။ 


​ရှောင်ကျီထုံးကဆိုသည်။ 


"မစ္စတာဖူ မှန်းတာမှန်ပါတယ် ကန်​အောက်မှာ လူ​ပေါင်း ၁၀၂​ယောက်​ကျော်​လောက်ရှိတယ်..သူတို့ထဲက ၄​ယောက်ကနန်ကျင်းရဲ့လူ​တွေ​ပေါ့ ကျန်တဲ့၉၈​ယောက်က​တော့ ခိုး၀င်သူ​တွေနဲ့ အခြားနန်ကျင်းကကစားသမား​တွေပါ..လွန်ခဲ့တဲ့၁နာရီ​လောက်က ကျွန်​တော်တို့ ဗျူဟာအဖွဲ့နဲ့ နန်ကျင်းအဖွဲ့ ပန်းခြံရဲ့ဂိတ်၀မှာဆုံခဲ့ကြတယ်​လေ"


ခတ္တမျှတန့်ပြီး​နောက် သူကဆက်၍​ပြောသည်။


"ကျွန်​တော်စီစဥ်ခဲ့တာပါ...ကျွန်​တော်တို့၂လမ်းခွဲသွားခဲ့တယ်...တစ်သင်းက​တော့ အ​နောက်ပိုင်းက အမှိုက်ရှင်းလင်း​ရေးဌာန​တွေကိုသွားရှာပြီး​တော့ ကျန်တဲ့တစ်သင်းက အ​ရှေ့ဘက်ကိုသွားခဲ့တယ်..ပြီး​တော့ဒီမှာဆုံပြီး ရှင်းကျဲခုက အမှိုက်ရှင်းလင်း​ရေးဌာနကိုသွားကြတယ်..ဘာလို့ဆို အဲဒီမှာ သတ်ပွဲကြီးတစ်ခုရှိ​နေမှာ ​သေချာလို့​လေ"


အမှိုက်ရှင်းလင်း​ရေးဌာနတိုင်းအနီးတွင် ပုန်း​အောင်းကာခြုံခိုတိုက်ခိုက်ခံရမည်မှာ သဘာ၀ပင်။ 


ထန်​မော့သည် သူနှင့်ဖူ၀မ်​သော်ရှင်းကျဲခုတွင် ​တွေ့ကြုံခဲ့ရသမျှကို ​ပြောပြခဲ့သည်။


"အဲဒီမှာ အနည်းဆုံး​တော့ အမှိုက်သိမ်းဌာနနားက အ​ဆောက်အဦး​တွေထဲမှာ ပုန်း​နေ​နေတဲ့ လူအ​ယောက်၅၀​လောက်ရှိတယ်..၅၀​ကျော်၆၀​ကျော်မကတဲ့သူ​တွေက ကျွန်​တော်တို့ကို တိုက်ခိုက်လာမှာပဲ"


​ရှောင်ကျီထုံးကဆိုသည်။


"ဒါ​ကြောင့်ကျွန်​တော်တို့ ကြိုဆုံဖို့ စီစဥ်ထားတာ..ကျွန်​တော်မထင်ထားတာက ရွှမ်၀ူကန်နားကအမှိုက်သိမ်းဌာနကိုလာစူးစမ်းတဲ့အချိန် တိုက်ခိုက်ဖို့​ချောင်း​နေတဲ့ ခိုး၀င်သူ၃ဖွဲ့​လောက်ရှိ​နေမယ်ဆိုတာကိုပဲ..သာမာန်ခိုး​၀င်သူ​တွေသာဆို ကျွန်​တော်တို့မှာ လူအင်အားပိုများတာကိုမြင်တာနဲ့ အတင်းတိုး၀င်လာကြမှာမဟုတ်ဘူး ဒါ​ပေမယ့်ဒီခိုး၀င်သူ​တွေက​တော့ မတူဘူး..သူတို့ကတစ်မြို့ထဲကလာကြပြီး​တော့ တစ်​ယောက်ကိုတစ်​ယောက်သိတာလည်း ​ကြာ​လောက်ပြီထင်တယ်...အဖွဲ့အစည်းအကြီးကြီးကပဲ ..ဒါ​ကြောင့်ဒီ​နေရာမှာ ကျွန်​တော်တို့သူတို့နဲ့ရင်ဆိုင်ခဲ့ရတယ်"


​ရှောင်ကျီထုံးမှာ နယ်​မြေပတ်ပတ်လည်ကို လက်ဖြင့် အကြမ်းဖြင့်ညွှန်ပြသည်။ 


"ဒီကျွန်းမှာ ခိုး၀င်သူ ၂၉​ယောက်ရှိ​နေတာ ကျွန်​တော်တို့က ၂၂​ယောက်...သူတို့ကသန်မာ​ပေမယ့် ကျွန်​တော်တို့အသာစီးရခဲ့ပါတယ်"


ဖူ၀မ်ရှန်းဂိမ်းကိုရှင်းခဲ့သည်က လုံး၀မ​​တော်တဆသာဖြစ်သည်။ ထို'အမှိုက်​တွေရဲ့အကြည့်'​ကြောင့်သာမဟုတ်ပါက သူတို့သည် ထိုခိုး၀င်သူအုပ်စုကိုရှင်းပြီးသည်နှင့် လုံလုံခြုံခြုံထွက်သွား​နိုင်ခဲ့မည်ပင်။ သို့​သော်ထိုသို့မဖြစ်ခဲ့​ချေ။  အနက်​ရောင်​မျှော်စင်မှာ ဖူ၀မ်ရှန်းသည်ဂိမ်းကိုရှင်းပြီး​ကြောင်း နန်ကျင်းတွင်ရှိ​နေ​သော ခိုး၀င်သူ၆၀ရာခိုင်နှုန်းမှာ သူ့ကိုစတင်ရှာ​ဖွေကြ​တော့သည်။


ခိုး၀င်သူများမှာ ရွှမ်၀ူ၏ အစပ်တွင် သူ့အားရှာ​တွေ့ခဲ့​လေသည်။


ထို့​နောက် ထို​နေရာတွင် ပြင်းထန်​သော တိုက်ပွဲတစ်ခုဖြစ်​ပေါ်ခဲ့သည်။


ထန်​မော့သည် ​ပျော့​ပျောင်း​သော ​မြေကြီးကိုနင်းလျက် လွန်ခဲ့​သော နာရီ၀က်ခန့်ကဤ​နေရာတွင်ဖြစ်ပေါ်ခဲ့​သော ပြင်းထန်​သော တိုက်ပွဲကိုပုံ​ဖော်ကြည့်လိုက်မိသည်။ မည်သို့ပင်​ဆို​စေ ထိုတိုက်ပွဲ​​၏ရလဒ်မှာ နန်ကျင်းအဖွဲ့၏ အဓိကအဖွဲ့၀င်၄ဦးကိုဆုံးရှုံးလိုက်ရကာ ကစားသမား အ​ယောက်၉၀​ကျော်မှာ ဤ​ရေကန်၏ ​အောက်​ခြေတွင်ထာ၀ရမြှုပ်နှံခံလိုက်ရပြီဖြစ်သည်။


ထန်​မော့မျက်လုံးများကိုမှိတ်လျက်​တွေးလိုက်မိသည်။


"ခင်များ​ပြောတာ ခိုး၀င်သူ​တွေချည်းပဲမဟုတ်ဘူး​ပေါ့ နန်ကျင်းကကစားသမား​တွေလည်းပါခဲ့တာလား..သူတို့ကဘာလို့ခင်များတို့ကို တိုက်ခိုက်တာလဲ..သူတို့အတွက်အကျိုးမှမရှိပဲ"


​ရှောင်ကျီ​ထုံးမှာ ထန်​မော့ကို နား​ထောင်ရင်း ပြုံးလိုက်သည်။ 


ထန်​မော့မှာ သူ၏အမူအယာကိုကြည့်လျက် တိတ်ဆိတ်​နေခဲ့​လေသည်။ မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို သူသိ​နေ၍ပင်။


ခတ္တမျှအကြာသူ​မေးလိုက်သည်။


"ခင်များတို့အခုတံဆိပ်ပြား ဘယ်​လောက်စုမိထားပြီလဲ"


​ရှောင်ကျီထုံးတုန့်ပြန်လာခဲ့သည်။


"စုစု​ပေါင်း ၁၅၆ခုရှိတယ်...​ရှောင်ရှန်းသုံးလိုက်တဲ့ တစ်စုံကိုဖယ်လိုက်ရင် ကျွန်​တော်တို့မှာ အစုံလိုက် ၈ခုရှိ​သေးတယ်"


ထန်​မော့ထပ်၍မ​မေး​တော့​ချေ။ 


ခိုး၀င်သူများက နန်ကျင်းအဖွဲ့ကိုတိုက်ခိုက်ခဲ့ခြင်းမှာ သူတို့သည် တိုက်ပွဲကိုကြုံခဲ့ပြီးဖြစ်ကာ ဒဏ်ရာလည်း ရခဲ့ပြီး၍ပင်။ ထိုခိုး၀င်သူများမှာ ဖူ၀မ်ရှန်းကိုဖမ်းလျက် ဂိမ်းရှင်းလင်းရန်နည်းကို​မေးချင်ခဲ့သည်။ တချိန်တည်းမှာပင် နန်ကျင်းအဖွဲ့၀င်များကိုသတ်လျင် သူတို့အတွက် တံဆိပ်ပြားများရနိုင်လိမ့်မည်။ သူတို့သည် နန်ကျင်းတွင် မ​ရေတွက်နိုင်​သော လူများကို သတ်ခဲ့သည်။ သူတို့၏ စိတ်ထဲတွင်နန်ကျင်းမှ ကစားသမားများမှာ အဆင့်နိမ့်များသာဖြစ်ကာ နန်ကျင်းအဖွဲ့၀င်များကိုလည်း အ​လေးအနက်မထားခဲ့​ချေ။


၄င်းမှာခိုး၀င်သူများက နန်ကျင်းအဖွဲ့၀င်များကို တိုက်ခိုက်ရသည့်အ​ကြောင်းပြချက်ဖြစ်သည်။


ကျန်​သောနန်ကျင်းကစားသမားအတွက်ကမူ...


ထန်​မော့ ​ရှောင်ကျီထုံး၏ ​နောက်ကိုကြည့်လိုက်သည်။ ချိုင်ရုန်နှင့်အမြဲရှိ​နေတတ်​သော မိန်းက​လေးမှာ ​အေးစက်​သောအမူအယာဖြင့် အဖွဲ့၀င်များကိုကုသ​ပေး​နေခဲ့သည်။ တိတ်ဆိတ်​သော ကျွန်း​ပေါ်တွင် နန်ကျင်းအဖွဲ့၀င်များနှင့်ဗျူဟာအဖွဲ့၀င်များမှာ တိတ်ဆိတ်စွာထိုင်​နေခဲ့ကြပြီး အများစုမှာ ဒဏ်ရာများရထားကြ​လေသည်။


သူတို့ကိုသတ်လျှင် တံဆိပ်ပြားအများအပြားကိုရနိုင်လိမ့်မည်။ 


ဂိမ်းအချိန်ပြီးဆုံးရန်၃နာရီသာကျန်​တော့သည်ဖြစ်ရာ ထိုအခွင့်အ​ရေးကိုဖမ်းဆုပ်ကာ စာလုံးအစုံလိုက်ရ​​အောင် ကြိုးစားကြသင့်သည်။ နန်ကျင်းအဖွဲ့ကိုတိုက်ခိုက်​သော လူအများအပြားရှိ​လေသည်။ ကျန်လူအုပ်​နောက်သို့လိုက်လျက် တံဆိပ်ပြားများကိုခိုးယူနိုင်သည်ဖြစ်ရာ ၄င်းမှာ ကိစ္စကြီးမဟုတ်​ချေ။


ဤသည်မှာ နန်ကျင်းမှ သာမာန်ကစားသမားများအတွက် တစ်ခုတည်း​သော အခွင့်အ​ရေးဖြစ်​လေသည်။


သူတို့ချည်းဆိုလျှင် နန်ကျင်းကစားသမားများကို မသတ်နိုင်​ချေ။ ခိုး၀င်သူများနှင့်ဆိုမှ ​မျှော်လင့်ချက်အနည်းငယ်ရှိ​လေသည်။


​ရှောင်ကျီထုံးမှာ ဤအ​ကြောင်းအရာကို ထပ်မ​ပြော​တော့သလို ထန်​မော့လည်း ထပ်မ​မေး​တော့​ချေ။


ဖူ၀မ်​သော် သူ​၏၀မ်းကွဲကိုငုံ့ကြည့်လိုက်သည်။


"ပုန်းမယ့်​နေရာကိုရှာလိုက်...ကျန်တဲ့၃နာရီမကုန်မချင်းထွက်မလာနဲ့"


ဖူ၀မ်ရှန်း​ခေါင်းညိတ်လိုက်သည်။ သူသည်လည်းထိုသို့လုပ်ရန်သာ စီစဥ်ထားခြင်းပင်။


၁မိနစ်ကြာပြီး​နောက်...အနက်​ရောင်​မျှော်စင်၏ ​ကြေညာသံကို ရှင်းလင်းစွာကြားလိုက်ရပြန်သည်။ ယုန်​ခေါင်း၏ တတိယ​မြောက်​နောက်ဆုံးအသုတ်​ပေါ်လာခဲ့​ချေပြီ။  ထန်​မော့သည် ​ရှောင်ကျီထုံးကိုကြည့်လျက်ဆိုလိုက်သည်။ 


"ခင်များက စုစု​ပေါင်းအစုံလိုက် ၈စုံရှိ​ပေမယ့် ခင်များတို့မှာက လူ၁၈​ယောက်ရှိတာ...၁၀စုံလို​နေ​သေးတယ်...ကျွန်​​တော်တို့မှာက ၁စုံရှိတယ်..​နောက်၁နာရီ​ကျရင် ရှင်းကျဲခုက အမှိုက်ရှင်းလင်း​ရေးဌာနမှာ​တွေ့ရ​​အောင်"


​ရှောင်ကျီထုံး ပြုံးလျက် ​ခေါင်းညိတ်လိုက်သည်။


"အို​ကေ"


ထန်​မော့ထွက်သွားခါနီးတွင် အသံတစ်ခုကိုရုတ်ချည်းကြားလိုက်ရသည်။ 


"ထန်​မော့ surpriseက တကယ်ပဲ တံဆိပ်ပြားလား"


ထန်​မော့တန့်လျက် ​ရှောင်ကျီထုံးကိုလှည့်ကြည့်လိုက်သည်။  ပတ်၀န်းကျင်မှာအလွန်​မှောင်​နေပြီး​ရှောင်ကျီထုံးမှာ အပင်အရိပ်အကွယ်တွင်ရပ်​နေသည်ဖြစ်ရာ သူ၏အမူအယာကို မြင်နိုင်ရန်ခက်ခဲလှသည်။ ထန်​မော့မှာ တဖက်လူပြုံး​နေသည်ဟုသာထင်မိ​သော်လည်း ဤကဲ့သို့အ​ခြေအ​နေမျိုးတွင်ပြုံး​နေခြင်းက ပုံမှန်မဟုတ်​ချေ။ 


ထန်​မော့​တွေးလျက် ​မေးလိုက်သည်။ 


"ခင်များ​​ရော ဘာလို့ထင်လဲ"


"မသိဘူး" 


"ကျွန်​တော်လည်း မသိဘူး"


အ​မှောင်ထုထဲတွင် လူ၂ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်​နေခဲ့ကြသည်။ ၃စက္ကန့်ကြာပြီး​နောက် ထန်​မော့လှည့်ကာထွက်သွား​တော့သည်။ ဖူ၀မ်ရှန်းသည် သူ၏အစ်ကိုဖြစ်သူ​နောက်ကိုအမြန်လိုက်သွားခဲ့သည်။ နန်ကျင်းအဖွဲ့၀င်များမှာ ဒဏ်ရာကိုယ်စီနှင့် ဖူ၀မ်ရှန်းကို ဂရုမစိုက်နိုင်ကြ​တော့​ချေ။ ထို့​ကြောင့်ဖူ၀မ်​သော်မှာ ထိုက​လေးအား ရွှမ်၀ူကန်မှ အိမ်ယာ၀န်းဟောင်းတစ်ခုဆီသို့​ခေါ်သွားခဲ့သည်။ ​နေရာကို ဂရုတစိုက်စစ်​ဆေးပြီးသည့်​နောက် အိမ်တစ်အိမ်ထဲတွင် ထိုက​လေးကိုထားလိုက်သည်။


ဖူ၀မ်​သော် ​အေးစက်စွာဆိုလိုက်သည်။


"ဂိမ်းမပြီးခင်အထိ ထွက်မလာနဲ့...ငါလာရှာတာကို​စောင့်​နေ"


ဖူ၀မ်ရှန်း​ခေါင်း​ညိတ်လိုက်သည်။


ထန်​မော့နှင့်ဖူ၀မ်​သော်တွင် I တံဆိပ်ပြားတစ်ခုလို​နေဆဲပင်။ သူတို့သည် ဖူ၀မ်ရှန်းကို ​နေရာချပြီး​နောက် ထိုအိမ်ယာ၀န်းမှ ထွက်လာခဲ့ကြ​လေသည်။ ထိုက​လေးမှာ ပြတင်း​ပေါက်တွင်ရပ်လျက် ထန်​မော့နှင့် ဖူ၀မ်​သော်ထွက်သွားသည်ကိုကြည့်​နေခဲ့သည်။ သူတို့၂ဦးမှာ အိမ်ယာ၀န်းမှ လုံး၀ထွက်သွားမှန်း ​သေချာပြီး​နောက် ဖူ၀မ်ရှန်းသည် အိမ်အနှံ့​ပြေးလျက် တံခါးများ ပြတင်း​ပေါက်များကို ​လော့ခ်ချကာ  လိုက်ကာများကိုပါဆွဲချလိုက်သည်။ ထို့​နောက် ဆိုဖာ​ပေါ်တွင် ထိုင်လိုက်ကာ ကြမ်းပြင်ကို စိုးရိမ်စွာ စိုက်ကြည့်​နေရာမှ သူ၏ကိုယ်မှာ တဖြည်းဖြည်းတုန်လှုပ်လာခဲ့​လေသည်။


မိနစ်ပိုင်းမျှကြာပြီး​နောက် ငိုသံတစ်ခုမှာ အခန်းထဲတွင်ပျံ့နှံ့လာခဲ့သည်။


၁၂နှစ်အရွယ်​ကောင်​လေးမှာ အဆုံးတွင် ၀မ်းနည်းမှုကို ထိန်းချုပ်မထားနိုင်​တော့​ချေ။ သူသည်မိနစ်အနည်းငယ်ငို​ကြွေးပြီး​နောက် မျက်ရည်များကို ပွတ်သုတ်လိုက်သည်။ သူသည်မျက်လုံးများကို မှိတ်ထားရင်း လွန်ခဲ့​သော ၁နာရီကအချိန်ကို ပြန်​ရောက်သွားသည့်နှယ်။ ထိုစဥ်ကမ​ရေတွက်နိုင်​သော ကစားသမားများမှာ ကျွန်းကိုတိုက်ခိုက်​နေခဲ့ကြသည်။ သူတို့မှာ ဂိမ်းရှင်းလင်းရန်နည်းကိုသိချင်ရုံသက်သက် သူ့ကိုဖမ်းချင်ခဲ့ကြသည်မဟုတ်​ချေ။ သူတို့အမှန်တကယ်လိုချင်သည်က တံဆိပ်ပြားများဖြစ်သည်။


​သွေးလွှမ်း​သော တိုက်ပွဲတစ်ခုအစပြုရန် အ​ကြောင်းပြချက်တစ်ခုသာလိုခဲ့သည်။


ဖူ၀မ်ရှန်းထိုအရာအားလုံးကိုသိခဲ့​လေသည်။ နန်ကျင်းမှာ အလွန်တည်ငြိမ်​သော်လည်း အပြင်ဘက်ကမ္ဘာမှာ မငြိမ်းချမ်း​ချေ။ လူသတ်ခြင်းမှာ သာမာန်သာဖြစ်ကာ သူ၏ရင်းနှီး​နေ​သော အဖွဲ့၀င်များမျက်စိ​ရှေ့တွင်​သေဆုံးသွားရသည်ကို လက်မခံနိုင်ခြင်းသာ။ သို့​သော် ...


"သူတို့ကငါတို့ဆီမှာ အကူပစ္စည်း​တွေအ​ကြွေးတင်​နေ​သေးတာကို..."


အက်ကွဲလျက် ပြာနှမ်း​နေ​သောအသံက​​လေးမှာ အခန်းထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။


၅မိနစ်ကြာပြီး​နောက် ဖူ၀မ်ရှန်းမှာ သူ၏မျက်ရည်များကို ပွတ်သုတ်လိုက်လျက် မ​တော်တဆ တစ်စုံတစ်​ယောက်​ရောက်ရှိလာလိုလာငြား သူ၏အကူပစ္စည်းကို အသင့်ပြင်ထားလိုက်သည်။ သူသည်မီးဖို​ချောင်ထဲသို့​အေးစက်စွာ​လျှောက်သွားလိုက်လျက် ဓါးတချို့ကိုယူလိုက်သည်။ ထို့​နောက် ဧည့်ခန်းထဲသို့ပြန်လာကာ တည်တည်ငြိမ်ငြိမ်ပင် ​ထောင်​ချောက်များကိုဆင်လိုက်​လေသည်။  တစ်​ယောက်​ယောက်သာ သူ့ကိုဤ​နေရာတွင် အမှန်တကယ်​တွေ့ခဲ့ပါက သူလွတ်​မြောက်နိုင်သည်။


****


တချိန်ထဲတွင် ရွှမ်၀ူကန်၌...


ချိုင်ရုန်၏ ထိခိုက်မှုမှာ ပြင်းထန်​သော်လည်း သူ၏ခွန်အားမှာ အလွန်မြင့်​လေသည်။ သူသည်နန်ကျင်းအဖွဲ့ထဲမှ အခြားပြင်းပြင်းထန်ထန်ဒဏ်ရာရထားသူ၃ဦးထက် ပို၍ ​စော​စောနိုးလာခဲ့သည်။ သူနိုးလာသည်နှင့် ပန်းခြံထဲတွင်ကျန်ရစ်​သော ကျန်အဖွဲ့၀င်များဆီသွားလိုက်သည်။ ​


ရှောင်ကျီထုံးကဆိုသည်။


"ဒီမှာ အမှိုက်ရှင်းလင်း​ရေးဌာနတစ်ခုရှိတယ် အရမ်းလည်းအန္တရာယ်များတယ်...အခုယုန်​ခေါင်း​နောက်တစ်သုတ်လည်း​ပေါ်လာပြီဆို​တော့ သူတို့ကိုသတ်ပြီး တံ​ဆိပ်ပြား​တွေရှာရမယ်..ဒဏ်ရာရထားတဲ့သူ​တွေက ​နေရာရှာပြီးပုန်း​နေကြ...ကျန်တဲ့သူ​တွေက ငါနဲ့တံဆိပ်ပြားရှာဖို့သွားကြတာ​ပေါ့"


ချိုင်ရုန်၏ မျက်လုံးတို့ပြူးကျယ်သွားလျက် ​မေးလိုက်သည်။ 


"မင်းက ငါ့ကို ပုန်း​နေ​စေချင်တာလား" 


​ရှောင်ကျီထုံးသူ့ကိုကြည့်လျက် ပြုံးသည်။


"မရဘူးလား ​ခေါင်း​ဆောင်ချိုင်...ခင်များရဲ့ဒဏ်ရာရထားတဲ့ကိုယ်နဲ့ ကျွန်​​တော်တို့နဲ့တိုက်ခိုက်မယ်ဆိုရင် သိပ်တုံးရာကျမ​နေဘူးလား"


ချိုင်ရုန် ၄င်းကိုငြင်းဆန်ချင်​​သော်လည်း ​​ရှောင်ကျီထုံး၏ စကားမှာ မှန်ကန်​နေခဲ့သည်။ သူ၏ ခံစားချက်များကိုဖိနှိပ်လျက် ဆိုလိုက်သည်။


"ငါခဏ​နေရင် ပြန်တိုက်နိုင်ခိုက်နိုင်မှာပဲ"


"၂နာရီ​လောက်က ခဏ​နေရင်လို့​ပြောလို့ရတာလား"


ချိုင်ရုန်​အော်လိုက်သည်။


"မင်း"


​ရှောင်ကျီထုံး သူ့ပုခုံး​ပေါ်သို့ လက်တစ်ဖက်တင်လိုက်သည်။


"အို​ကေ..ငါတို့မင်းကို ရှင်းကျဲခုမှာ​စောင့်​နေမယ်...ဒဏ်ရာရထား​တဲ့သူ​တွေအကုန် ငါတို့ကိုရှုပ်ဖို့မစဥ်းစားပဲ ပုန်း​နေလိုက်ကြ​​တော့..​ရှောင်​ရှောင်း သူတို့နဲ့လိုက်သွား ငါတို့ အကူပစ္စည်းကိုသုံးပြီးဆက်သွယ်လိုက်မယ်..ချိုင်ရုန်ပြန်​ကောင်းလာတာကို​စောင့် ပြီး​​တော့ သူ့ကို လင်းရုန်နဲ့အတူ​ခေါ်ခဲ့"


​ဆံ​ပင်​ရွှေ​ရောင်နှင့် ​ကောင်​လေးမှာ ​ခေါင်းကို ထပ်ခါထပ်ခါညိတ်​နေခဲ့သည်။


ချိုင်ရုန်မှာ တစ်ခုခု​ပြောလို​သော်လည်း ​ရှောင်ကျီထုံးစီစဥ်ထား​သော လူများက သူ့ကိုဆွဲသွားခဲ့ကြသည်။ နန်ကျင်းအဖွဲ့၀င်၄ဦးမှာ သူတို့၏ဒဏ်ရာများ​ကြောင့် ဆက်မပါ၀င်နိုင်​တော့​ချေ။ ​ရှောင်ကျီထုံးသည် ကျန်၁၂​ယောက်အားအဖွဲ့၂ဖွဲ့အဖြစ်ခွဲလိုက်ကာ တံဆိပ်ပြားများကိုရှာ​စေခဲ့သည်။ သူတို့ကျွန်းမှမထွက်ခွာခင်တွင် နန်ကျင်းအဖွဲ့၀င်တစ်ဦးမှ မ​နေနိုင်ပဲ ​မေးလာခဲ့သည်။


"​ခေါင်း​​ဆောင်​​ရှောင်...ခုနကကျွန်​တော်တို့အလျင်လို​နေ​တော့ လုကြီးနဲ့တခြားလူ​တွေရဲ့ကိုယ်ကို ​ရေထဲတွန်းချလိုက်ရတယ် သူတို့ကိုပြန်ဆယ်ရ​အောင်..အနည်းဆုံး​​တော့ ကျင်း​လေးနဲ့မြှုပ်​ပေးရမှာ​ပေါ့"


​ရှောင်ကျီထုံးလှည့်ကြည့်ကာ ​မေးလိုက်သည်။ 


"ငါတို့မှာ အချိန်ရှိလို့လား" 


အဖွဲ့၀င်များမှာ ​တောင့်တင်းသွားခဲ့ကြသည်။


​ရှောင်ကျီထုံး၏ အပြုံးမှာ​အေးစက်​နေခဲ့သည်။


"ငါအစတည်းကချိုင်ရုန်ရဲ့အ​တွေးကို သ​​ဘောမတူခဲ့ဘူး ဒါ​ပေမယ့် သူက အားလုံးကိုချုပ်ကိုင်နိုင်​​လောက်​အောင်​တော့ သန်မာ​နေခဲ့​သေးတယ်..အခု​သေတဲ့သူက​သေပြီ..​ရေထဲမှာပဲဖြစ်ဖြစ် ​မြေကြီးမှာပဲဖြစ်ဖြစ် ဘာများကွာသွားလို့လဲ"


နန်ကျင်းအဖွဲ့၀င်များမှာ ​အေးစက်သွားခဲ့သည်။


"ခင်များဘယ်လိုလုပ်...."


"ဘာကွာလဲလို့"


​ရှောင်ကျီထုံး၏ ​အေးစက်​သောအသံမှာ လူတိုင်း၏ပါးစပ်ကိုပိတ်သွား​စေခဲ့သည်။ နင်နင်းသည် ဒူး​လေးကိုကိုင်လျက်ကျန်လူများကို ​အေးစက်စွာစိုက်ကြည့်​နေခဲ့သည်။ ​ရှောင်ကျီထုံး၏ အသံမှာ ရှင်ကျန်​သော လူများ​​ပေါ်ဖြတ်သန်းသွားလျက် အဆုံးတွင်သူကဆိုလိုက်သည်။


"သူတို့​မြေကြီးမှာ အမြှုပ်ခံချင်တာမဟုတ်ဘူး...သူတို့အတွက် သူတို့ဟာ​သေပြီးသားပဲ... ​မြေကြီးမှာနဲ့ ​ရေထဲမှာ လှဲနေရတာနဲ့ ဘာမှကွာခြားတာမရှိဘူး... မင်းသူတို့ကို ​ကောင်း​ကောင်းမြှုပ်​ပေးလည်း သူတို့က​သေပြီးတဲ့လူ​တွေပဲ...သူတို့​သေသွားရတာက ​ခေါင်း​ဆောင်ချိုင်ကို​ပြော​နေတာ..."


" နန်ကျင်းကိုထိန်းချုပ်နိုင်ရ​​အောင် သူ့ကိုယ်သူ အနက်​ရောင်​မျှော်စင်များထင်​နေလား"


ချိုင်ရုန်ဤ​နေရာတွင်ရှိ​နေစဥ် ​ရှောင်ကျီထုံး သိပ်များများမဆိုခဲ့​ချေ။ နန်ကျင်းအဖွဲ့၀င်များမှာ သူတို့၏​ခေါင်း​ဆောင်ကိုခုခံ​ပြောဆို​ပေးလို​သော်လည်း သူတို့တစ်ခွန်းမှမဟ​နိုင်ခဲ့​ချေ။


ချိုင်ရုန်မှာ မည်မျှတုံးအလိုက်ပါသနည်း။ သူတို့စ​တွေ့စဥ်ကပင် ​ရှောင်ကျီထုံးမှာ လူတိုင်းကို ​ပြောခဲ့ဖူးသည်။


"နန်ကျင်းအဖွဲ့က​ခေါင်း​​ဆောင်ချိုင်က ​ငတုံးပဲ တိုက်ခိုက်ဖို့ပဲတတ်တာ..."


ဤလူလုပ်ခဲ့​သောအတုံးအဆုံးအရာမှာ သူ့ကိုယ်သူတရားမျှတမှုကို​ဆောင်ကျဥ်းသူဟုသတ်မှတ်ကာ ဤမြို့ကြီးမှ လူတိုင်းကို ၃လကြာခိုလှုံခွင့်​ပေးခဲ့ခြင်းပင်။


အနက်​ရောင်တိမ်လိပ်များမှာ ကျယ်​ပြော​သော​ကောင်းကင်ကြီးကို ဖုံးအုပ်​နေခဲ့သည်။ ​ရှောင်ကျီထုံးသည် ​အေးစက်​​သော ​လေများထဲတွင်ရပ်လျက် နန်ကျင်း၏ အသန်မာဆုံးကစားသမားများကိုကြည့်​နေခဲ့သည်။ လွန်ခဲ့​သော၃လတုန်းက ထိုသန်မာ​သော အရံကစားသမားများမှာ ​သွေးများပွက်ပွက်ဆူကာ တက်ကြွလျက် မြို့​တော်အား သူတို့၏ခွန်အားဖြင့် ကာကွယ်ချင်ခဲ့ကြသည်။ ၃လကြာပြီး​နောက် သူတို့ကာကွယ်​ပေးခဲ့ကြသူတို့မှာ ခိုး၀င်သူများနှင့်​ရော​နှောလျက် သူ့တို့အား တံဆိပ်​​ခေါင်းအတွက်တိုက်ခိုက်လာကြသည်။


​ရှောင်ကျီထုံးမျက်လုံးမှိတ်လျက် သူ၏နှုတ်ခမ်းတို့ဖြည်းညှင်းစွာ ​​ကွေးညွတ်သွားခဲ့သည်။


 á€‘ိုအ​န္ဏက် သူ၏နှုတ်ခမ်းအစုံကိုပြန်ဖွင့်လိုက်ကာ ချိုင်ရုန်အစား သူ့ကိုယ်သူအပြစ်တင်လိုက်​လေသည်။


"သူမတုံးဘူး ငါတုံးခဲ့တာ"



🪩