Chapter 90
Viewers 11k

🌍Chapter 90




လူငယ်မှာ သူ့အား​ကြောက်လန့်စွာကြည့်လျက် 


"ကျွန်...ကျွန်​တော့်နာမည်က ​ရှင်းဖုန်းပါ... ခင်များက ကစားသမားအသစ်လား...ကျွန်​တော် အ​တော်​စော​စောကတည်းက​ရောက်​နေတာ...ဒီဟာက သံဖိနပ်ချုပ်သမားကြီးပါတဲ့ အစစ်အမှန်ဂိမ်းမလား... ကျွန်​တော်ကပထမဆုံး၀င်လာတဲ့တစ်​ယောက်ပဲ... အခုဘယ်နှစ်ရက်ရှိပြီလဲ ခင်များသိလား...မ​ကြောက်နဲ့​နော် ကျွန်​တော်ခင်များကို ဒုက္ခမ​ပေးပါဘူး... ကျွန်​တော် အသင်း​ဖော်အသစ်ကိုမ​တွေ့ရတာ အ​တော်ကြာပြီမို့လို့ပါ"


ထန်​မော့ မျက်​မှောင်ကျုံ့လျက်​မေးလိုက်သည်။


"အသင်း​ဖော် အသစ်ဟုတ်လား"


​ရှောင်ဖုန်းမှာ တံ​တွေးကို ​ကြောက်လန့်စွာမြိုချလျက် ​ခေါင်းငြိမ့်လိုက်သည်။


"ဟုတ် ဟုတ်တယ်​လေ...ခင်များမလာခင်က ကျွန်​တော့်မှာ အသင်း​ဖော်၂​ယောက်ရှိ​သေးတယ်... သူတို့​တွေအကုန်​သေသွားပြီ... သူတို့က ဟိုးကလူ​တွေဆီက သတ်ခံလိုက်ရတာ...ကျွန်​တော့်​ခြေ​ထောက်က​တော့ သံဖိနပ်ချုပ်သမားကြီး​ကြောင့် ဒဏ်ရာရထားတာဆို​တော့ ကျွန်​တော်ဟိုဟိုဒီဒီသွားပြီး သဲလွန်စ​တွေရှာလို့မ​ရ​တော့ဘူး... ခင်များသာ​ရောက်မလာခဲ့ရင် ကျွန်​တော်ဒီ​နေရာမှာ ​သေသွား​တော့မယ်ထင်တယ်"


"အဲဒီလူ​တွေက ဘယ်သူ​တွေလဲ" 


ထန်​မော့က​မေးလိုက်သည်။


​ရှောင်ဖုန်း​ကြောက်လန့်သွားခဲ့သည်။ သို့​သော် သူဘာမှမ​ပြောရ​သေးခင်တွင် ရုံးခန်းထဲတွင် ​ဘဲလ်တီးသံတစ်ခုထွက်​ပေါ်လာခဲ့​လေသည်။ တချိန်တည်းမှာပင် ​ရုံးခန်းစားပွဲ၏​နောက်မှ စာအုပ်စင်ထံ သို့တောက်ပ​သောအလင်း​ရောင်တစ်ခုဖြာကျ လာခဲ့​လေသည်၊


ထန်​မော့အံ့အားသင့်သွားခဲ့သည်။


"ဒါကဘာလဲ"


ရုံးခန်းအလယ်ရှိ စားပွဲ​ပေါ်မှ ကွန်ပျူတစ်လုံး ​ပွင့်လာခဲ့သည်။ ထို့​နောက် ၄င်း၏မျက်နှာပြင်​ပေါ်တွင် ဗီဒီယို​ကောတစ်ခုရှိ​နေခဲ့သည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်သွားစဥ်ကပင် ဆက်သွယ်​​ရေးပစ္စည်းမှန်သမျှ အသုံးပြု၍မရ​တော့တာဖြစ်သည်။ ဤကွန်ပျူတာ မည်သို့ပွင့်လာပါသနည်း။


ရှင်းဖုန်းမှာ နံ​ရံ​ထောင့်သို့ပြန်တွားသွားလျက် လွန်စွာ​ကြောက်ရွံ့​နေခဲ့​လေသည်။ သူသည်နံရံတွင်ကပ်လျက် ကွန်ပျူတာကို လက်ညှိုးထိုးပြကာဆိုလာသည်။


"လာ​နေပြီ...သူတို့​တွေလာ​နေပြီ...အဲဒီကလူ​တွေ အဲဒီကလူ​တွေ ​ခေါ်​နေပြီ"


ထန်​မော့နှုတ်ခမ်းကိုသပ်လိုက်မိသည်။ သူခတ္တမျှ​တွေး​တော​နေပြီးမှ ​ရှေ့သို့လှမ်းလိုက်သည်။ ထို့​နောက် ကွန်ပျူတာ၏ကိုယ်ထည်ကို အရင်ဆုံးစစ်​ဆေးလိုက်သည်။ ကွန်ပျူတာ၏ကိုယ်ထည်မှာမူ ပွင့်မ​နေခဲ့​ချေ။ ၄င်း၏မျက်နှာပြင်ကသာပွင့်လာပြီး တစ်​ယောက်​ယောက်ဆီမှ ဗီဒီယို​ကောကို လက်ခံထားခြင်းပင်။


ထန်​မော့ကွန်ပျူတာမျက်နှာပြင်အား အမူအယာမဲ့စွာ ကြည့်​နေပြီးမှ OK ကိုနှိပ်လိုက်​လေသည်။ 


စက္ကန့်ပိုင်းအတွင်းမှာပင် ဖူ၀မ်​သော်၏ မျက်နှာက ကွန်ပျူတာ၏မျက်နှာပြင်​ပေါ်တွင် ​ပေါ်လာခဲ့​လေသည်။


ထန်​မော့အံ့အားသင့်သွားမိသည်။


"ဖူ၀မ်​သော်"


ဖူ၀မ်​သော်သည်လည်း အံ့အားသင့်ဟန် ပြလာခဲ့သည်။


ထိုစဥ် ကျယ်​လောင်​သော က​လေးသံဖြင့် ​ကြေညာသံတစ်ခုက အခန်းထဲမှ ထွက်လာခဲ့​လေသည်။


"တင်း​တောင်~ ဒုတ်ယ​မြောက် အရံမစ်ရှင်ခွဲ 

သံဖိနပ်ချုပ်သမားကြီးရဲ့ ဖိနပ်တိုက်​ဆေးကို ရှာပါ"


အခန်းက ​မှောင်မည်းလျက် ကွန်ပျူတာမှ အလင်း​ရောင်တစ်ခုသာ ခပ်​ဖျော့​ဖျော့လင်း​နေခဲ့သည်။ ထန်​မော့ကိုယ်ကိုကိုင်းလျက် ကွန်ပျူတာကိုငုံ့ကြည့်လိုက်သည်။ ထို့​နောက် ​မောက်စ်​ပေါ်လက်တင်ကာ ​ရွေ့လျားကြည့်လိုက်မိ​လေသည်။ သို့​သော် သူOKကိုနှိပ်လိုက်ပြီး​နောက် ​မောက်စ်မှာ ထပ်မံအလုပ်မလုပ်​တော့​ချေ။ ဖူ၀မ်​သော်၏မျက်နှာကကသာ မျက်နှာပြင်တစ်ခုလုံးကို ပြည့်နှက်နေခဲ့သည်။


ထန်​မော့ကဆိုလိုက်သည်။


"​နောက်ကိုနည်းနည်း ဆုတ်​ပေးပါလား"


ဖူ၀မ်​သော်​နောက်သို့ ၃လှမ်းဆုတ်လျက် ၄င်း၏ပတ်၀န်းကျင်ကို​ဖော်ပြလာခဲ့သည်။


ထန်​မော့ ဖူ၀မ်​သော်၏​ဘေးမှအရာများကို ဂရုတစိုက်စူးစမ်းလိုက်သည်။ ထို​နေရာတွင် မီးထွန်းထားပြီး ၄င်းမှာ ​​သေးငယ်​သောအခန်းတစ်ခုဖြစ်ပုံရ​လေသည်။ အခန်းထဲတွင် စက္ကူပုံးများပြန့်ကျဲ​နေပြီး ဂို​ထောင်အ​သေးစားတစ်ခုဖြစ်ပုံရသည်။ ဖူ၀မ်​သော်မှာ အ​ပေါ်သို့​မော့ကြည့်​​နေခဲ့သည်။


ထန်​မော့က​မေးလိုက်သည်။


"ခင်များဘာကိုကြည့်​နေတာလဲ" 


ဖူ၀မ်​သော်ကတုန့်ပြန်လာခဲ့သည်။ 


"ဖန်သားပြင်​သေး​သေး​လေး လက်တစ်၀ါးစာ​လောက်​လေးပဲ အခန်း​​​တောင့်ရဲ့နံရံက​နေကျ​နေတာ"


ထန်​မော့​မေးခွန်းများ ဆက်တိုက်​မေး​နေစရာမလို​စေရန် သူကတိုက်ရိုက်သာ ဆက်​ပြောလာသည်။


"မင်းနဲ့လူချင်းခွဲလာပြီး​တော့ ကိုယ့်ကို သံဖိနပ်ချုပ်သမားကြီးက အခန်း​လေးတစ်ခုကို​ခေါ်သွားတယ်.. ကိုယ်က မင်းနဲ့ စက်ရုံတစ်ခုတည်းမှာပဲ...ဒါကစက်ရုံ​နောက်ဘက်ခြမ်းက ဂို​ထောင်ထဲမှာ... ကိုယ့်ကိုဒီမှာထားခဲ့တာ ပြတင်း​ပေါက်​တွေ တံခါး​တွေကိုဖွင့်လို့မရဘူး... အနက်​ရောင်​​မျှော်စင်ကလည်း ကိုယ်ဖွင့်လို့မရဘူးလို့​ပြောတယ် ပြီး​တော့ ထန်​မော့..."


အမျိုးသား၏အသံမှာ ရပ်တန့်သွားခဲ့သည်။ 


ထန်​မော့​ခေါင်းကိုငုံ့လျက် စခရင်​ပေါ်မှဖူ၀မ်​သော်၏ တည်ငြိမ်​သော မျက်နှာကိုကြည့်လိုက်မိသည်။


ဖူ၀မ်​သော်က ​မေးလာခဲ့သည်။


"မင်းအခုစွမ်းရည်ကို သုံးလို့ရလား"


ထန်​မော့၏ရင်ထဲတင်းကြပ်သွားမိ​တော့သည်။


ထန်​မော့တွင် စွမ်းရည်များစွာရှိသည်။ ​လော​လောဆည်တွင် ဖူ၀မ်​သော်နှင့် ရှင်းဖုန်း၏​ရှေ့တွင် အသုံးပြုရန်အသင့်​တော်ဆုံး စွမ်းရည်မှာ 'ငါစိတ်စွမ်းအင်နယ်​မြေက ဇာတ်လိုက်​လောက်​တောင် သားနားမ​နေဘူး'ဟူသည့်တစ်ခုပင်။  ဤသည်မှာတစ်ခါသုံးစွမ်းရည်ဖြစ်သည်။ လွန်ခဲ့​သော၂လခန့်က ထန်​မော့မှာ မီးခြစ်ဆံကြီးကို သိမ်းရန် ဤစွမ်းရည်ကိုအသုံးပြုခဲ့​လေသည်။ ရုံးခန်းထဲသို့မ၀င်ခင်က ထန်​မော့မှာ ရှင်းဖုန်း၏အသံကိုကြားခဲ့သည်။ ထို့​နောက် မ​တော်တဆမှုများကို ကြိုတင်ကာကွယ်သည့်အ​နေဖြင့် မီးခြစ်ဆံကြီးကို ထုတ်ယူထားခဲ့​လေသည်။


ဖူ၀မမ်သော်မှသူအား ရုတ်တရက် ဗီဒီယို​ကော​ခေါ်လာပြီး​နောက် ထန်​မော့မှာ မီးခြစ်ဆံကြီးကို ကွန်ပျူတာ၏​ဘေးတွင် တင်ထားခဲ့သည်။


ထန်​မော့သည် ယခု​လေးတင် တင်ထားလိုက်​သော မီးခြစ်ဆံကြီးအား တဖြည်းဖြည်းလှည့်ကြည့်လိုက်မိသည်။ ထန်​မော့၏ အကြည့်များမှာ ဗလာဖြစ်​နေ​သော စားပွဲ​ပေါ်တွင် အ​တော်ကြာ စွဲမြဲ​နေပြီးမှ လက်​ကောက်၀တ်မှ တက်တူးကို ကြည့်လိုက်မိ​လေသည်။

​တောက်ပ​သောအနီ​ရောင် မီးခြစ်ဆံတက်တူးမှာ ထင်ရှား​နေခဲ့သည်။ သူသည်တက်တူးကိုဖိလျက် သူ၏စွမ်းရည်ကို သုံးကြည့်လိုက်သည်။


မိနစ်၀က်ခန့်ကြာပြီး​နောက် ထန်​မော့ ဖူ၀မ်​သော်အား ကြည့်လိုက်မိ​​လေသည်။ 


"ကျွန်​တော့်စွမ်းရည်ကိုသုံးလို့မရ​တော့ဘူး... အခန်းထဲကို၀င်လာတုန်းကအထိ​တောင် ကျွန်​တော်သုံးလို့ရ​နေတုန်းပဲ... ဒါ​ပေမယ့် ကျွန်​တော်သတိမထားလိုက်မိခင်မှာပဲ မရ​တော့ဘူး"


ဖူ၀မ်​သော်ကဆိုလိုက်သည်။


"ကိုယ်လည်းအတူတူပဲ...ဒီအခန်းထဲ၏​ရောက်လာပြီး​တော့ ပြတင်း​ပေါက်​တွေ တံခါး​တွေကို ​ဖောက်ချင်ခဲ့တာ ဒါ​ပေမယ့် စွမ်းရည်ကို သုံးလို့မရ​တော့ဘူး... ထန်​မော့ပြီး​တော့ ကိုယ့်ရဲ့ဂိမ်းကူပစ္စည်း​တွေကိုလည်း သုံးလို့မရ​တော့ဘူး"


ထန်​မော့သူ၏အိတ်ကပ်ထဲမှ ပတ္တမြားကိုထုတ်ယူလျက် သူ၏​ခေါင်း​ပေါ်တင်ကြည့်လိုက်သည်။ 


ပတ္တမြားမှာ သူ၏​ခေါင်း​ပေါ် ​ဒေါက်ခနဲကျလာပြီး ထိုမှတဆင့် ထန်​မော့၏လက်ထဲပြုတ်ကျလာခဲ့သည်။


"ကျွန်​တော်လည်း ကျွန်​တော့်ပစ္စည်း​တွေကို သုံးမရ​တော့ဘူး"


၂ဦးသားမှာ တစ်ဦးကိုတစ်ဦး ဖန်သားပြင်​ပေါ်မှတဆင့်ကြည့်​နေမိပြီး ဘာကိုမျှမဆိုမိကြ​ချေ။ 


ထို့​နောက် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ တချိန်ထဲတွင် ​မေးလိုက်မိကြသည်။


"မင်းရဲ့မစ်ရှင်ကဘာလဲ"


"ခင်များရဲ့မစ်ရှင်ကဘာလဲ"


ထို့​နောက်၂ဦးသားဆွံ့အသွားမိပြန်သည်။ 


ယခု​လေးတင်ပင် ထန်​မော့မှာ အနက်​ရောင်​မျှော်စင်၏ မစ်ရှင်​​ကြေညာမှုကို ကြားလိုက်ရသည်။


သို့​သော်ဖူ၀မ်သော်၏ဘက်မှ ​ကြေညာသံကိုမူမကြားရ​ချေ။ လူ၂ဦးမှာ ရုတ်ချည်း ဗီဒီယို​ကော​​ပြောရန် ဖိအား​ပေးခံလိုက်ရသည်။ ထို့​ကြောင့် တဖက်လူ၏ မစ်ရှင်ကိုအရင်ဆုံးသိရရန်လိုအပ်​လေသည်။


တူညီ​သောမစ်ရှင်ဖြစ်လျှင် နှစ်ဦးသားပူး​ပေါင်းသည်က သင့်​တော်​သောကိစ္စပင်။ မတူညီ​သောမစ်ရှင်များဖြစ်ပါက ထန်​မော့နှင့် ဖူ၀မ်​သော်မှာ အဆိုးဆုံးရန်သူများဖြစ်လာလိမ့်မည်။ 


ထန်​မော့မှာ မ​ပြောခင်ခတ္တမျှတွန့်ဆုတ်​နေပြီးမှ ဆိုလိုက်သည်။


"အနက်​ရောင်​မျှော်စင်ကကျွန်​တော့်ကို သံဖိနပ်ချုပ်သမားကြီးအတွက် တစ်ခုခုရှာခိုင်း​နေတယ်"


ဖူ၀မ်​သော်ကပြုံးလိုက်သည်။


"တိုက်ဆိုင်လိုက်တာ ကိုယ်လည်းအတူတူပဲ"


"အဲဒါက အရည်တစ်မျိုးပဲ ဒါ​ပေမယ့် အနှစ်ဖြစ်ရင်လည်းရတယ်" 


"သူကသံဘူးနဲ့ထုတ်ပိုးထားတာဆို​ပေမယ့် ပုလင်းနဲ့ဆိုလည်းရတယ်"


တစ်​ယောက်​ကို တစ်​ယောက် ဖန်သားပြင်မှတဆင့် သတိနှင့်ကြည့်​နေခဲ့ရာမှ ထန်​မော့ဤအ​ခြေအ​နေက အလွန်စိတ်၀င်စားစရာ​ကောင်းသည်ဟု ​တွေးလိုက်မိသည်။ တစ်ဦးကိုတစ်ဦး ယုံကြည်​အောင်​ပြောပြ​နေရခြင်းက ဂိမ်းထက်ပို၍ စိတ်၀င်စားစရာ​ကောင်း​နေခဲ့သည်။


"အတူချ​ရေးရ​အောင် ဖူ၀မ်​သော်... ကျွန်​တော်ကရုံးခန်းထဲမှာဆို​တော့ ​ဘောပင်​ရောစာရွက်​​ရောရှိတယ်... ခင်များမှာလည်း​နောက်က စက္ကူပုံး​တွေရှိ​တာပဲ... အဲဒီ​ပေါ်မှာ​ရေးလိုက်ပြီး... ပြီးမှ တစ်​ယောက်ကိုတစ်​ယောက် ပြိုင်တူပြရ​အောင်"


"အို​ကေ" 


ထန်​မော့ အံဆွဲထဲမှ ​ဘောပင်နှင့် စာရွက်ကိုထုတ်ယူလိုက်သည်။ ဖူ၀မ်သော်ကမူ စက္ကူပုံးတစ်ခုကိုဆုတ်ဖြဲလိုက်သည်။ ထန်​မော့မှာ စာလုံး၂လုံးကို စာရွက်​ပေါ်​ရေး​နေစဥ် ဖူ၀မ်​သော်ကမူ ဓါးထက်ထက်တစ်​ချောင်းဖြင့် ကတ်ကူစာရွက်​ပေါ် ထွင်း​နေခဲ့သည်။

၁၀စက္ကန့်ခန့်ကြာပြီး​နောက် နှစ်ဦးသားမှာ တစ်ပြိုင်ထဲရပ်တန့်သွားခဲ့သည်။


ထို့​နောက် ဖန်သားပြင်ကိုကြည့်လိုက်ကြသည်။ 


ထန်​မော့ကအကြံ​ပေးလိုက်သည်။


"ကျွန်​တော် ၁ ၂ ၃​ရေလိုက်မယ် ပြီးရင်အတူတူပြကြတာ​ပေါ့"


ဖူ၀မ်​သော်က သဘောတူလာသည်။


"​ကောင်းပြီ"


ထန်​မော့၏လက်​ချောင်းများမှာ စာရွက်၏အစွန်းကိုကိုင်ထားလျက် ​ရေတွက်လိုက်သည်။


" ၁ ၂ ၃"


ထန်​မော့နှင့်ဖူ၀မ်​သော်မှာ သူတို့​ရေးသားထား​သော စကားလုံးများကို တစ်​ယောက်ကိုတစ်​ယောက် ပြလိုက်ကြသည်။


[ဖိနပ်တိုက်​ဆေး]


ထန်​မော့မှာ အလွန်တည်ငြိမ်​နေပုံ​ပေါ်​သော်လည်း တိတ်တခိုးသက်ပြင်းအသာချလိုက်မိသည်။ 


"ကြည့်ရတာ ကျွန်​တော်တို့ဒီတစ်ကြိမ်​တော့ ပူး​ပေါင်းရ​တော့မယ်ထင်တယ်" 


ဖူ၀မ်​သော်မှာ ကတ်ထူစာရွက်ကိုပစ်ချလိုက်ပြီး


"မင်းဘက်ကအ​ခြေအ​နေကဘယ်လိုလဲ"


ထန်​မော့ရှင်းပြလိုက်သည်။ 


"ကျွန်​တော်က ခင်များထက်ပိုကျယ်တဲ့အခန်းထဲကို ၀င်လာတာ... ဒီဟာက စက်ရုံရဲ့ ကုန်ထုတ်လုပ်​ရေးဘက်ခြမ်းဖြစ်မယ်...တံခါးတစ်ချပ်က ထုတ်လုပ်​ရေးဘက်ခြမ်းကိုသွားတယ်...ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်မလာခင်က အလုပ်သမား​တွေ အဲဒီ​နေရာကိုသွားပြီး အစားအ​သောက်ထုတ်ပိုးတာကို စစ်​ဆေးတာဖြစ်မယ်...မုန့်ထုတ်​တွေအများကြီးပဲ...ကျွန်​တော်လည်း ဂိမ်းကအရမ်းကြာမှာစိုးလို့ ဘီစကစ်တစ်ဘူးယူလာတယ်။"


ထို့​နောက် သူကရပ်တန့်သွားပြီးမှ ဆက်​ပြောလိုက်သည်။


"အခုကျွန်​တော်က ထုတ်လုပ်​ရေး ဧရိယာ​နောက်ကရုံးခန်းထဲမှာ"


ထန်​မော့အကြမ်းဖျင်းရှင်းပြပြီး​နောက် ဖူ၀မ်​သော်ကလည်း ဆိုလာသည်။


"အို​ကေ ဒီတစ်ကြိမ်​​တော့ ကိုယ်တို့မစ်ရှင်ကအတူတူပဲ ဒါ​ပေမယ့်သံဖိနပ်ချုပ်သမားကြီးက​ပေါ်မလာ​သေးဘူး...ဖိနပ်တိုက်​ဆေးကိုလည်း ဘယ်မှာ သွားရှာရမလဲမသိဘူး"


"ဒါ​ပေမယ့် ဂိမ်းမှာပါဖူးတဲ့ ကစားသမားတစ်​ယောက်ရှိတယ်လို့ ​ပြောခဲ့တယ်မလား" 


ဖူ၀မ်​သော်မှာ တစ်ဦးတည်းဖြစ်​သော်လည်း ထန်​မော့အခန်းထဲတွင်မူ ရှင်းဖုန်းရှိသည်။


ထန်​မော့​ခေါင်းငြိမ့်လျက် ရှင်းဖုန်းကို ကြည့်လိုက်သည်။ 


"ရှင်း လူကြီးမင်း ခင်များဒီဂိမ်းထဲကို​ရောက်​နေတာ ကြာပြီမလား... ကျွန်​တော်တို့ဂိမ်းရဲ့ စည်းမျဥ်း​တွေကို ​ပြောပြ​ပေးလို့ရမလား"


ရှင်းဖုန်းမှာ နံရံတွင်ကပ်လျက် ထန်​မော့ကို ​ကြောက်လန့်စွာကြည့်လာခဲ့သည်။ ထန်​မော့နှင့် ဖူ၀မ်​သော်မှာ ​စကားကို ​ကောင်းစွာအပြန်အလှန်​ပြော​နေသည်ကို ​တွေ့ရပြီး​နောက် သူကအလွန်​ကြောက်လန့်သွားပုံပင်။ ထန်​မော့က သူ့အား​မေးခွန်း​မေးလာသည်နှင့် တံ​တွေးကိုမြိုချလိုက်သည်။


"ဖိနပ်တိုက်​ဆေးကိုရှာဖို့ပဲ​လေ... သံဖိနပ်ချုပ်သမားကြီး​ပြောတာက ဖိနပ်တိုက်​ဆေးက ကျွန်​တော်တို့ထဲက တစ်​နေရာရာမှာရှိတယ်တဲ့... ကျိန်း​​သေ​ပေါက် ဒီ​နေရာ၂ခုမှာ​ပေါ့...ဖိနပ်တိုက်​ဆေးရှာ​တွေ့မှ ကျွန်​တော်တို့ကို ပြန်လွှတ်ပေးမှာ... ရှာမ​တွေ့ရင် သူ...သူက...အား...ခင်များ ခင်များမကြာခင်သိလာလိမ့်မယ်။" 


ထန်​မော့မှာ ရှင်းဖုန်း၏ ​ကြောက်ရွံ​နေ​သောအမူအယာကိုမြင်လျှင် မျက်လုံးများကို ​မှေးကျဥ်းလိုက်မိသည်။ သူသည်ရှင်းဖုန်းအား သံသယအပြည့်ဖြင့်ကြည့်​နေမိ​သော်လည်း ဘာမှ​တော့မ​ပြော​တော့​ချေ။ ဘာမှသတိမထားမိ​ယောင်​ဆောင်ကာ ဖူ၀မ်​သော်ကိုသာ​မေးလိုက်သည်။ 


"ခင်များဘက်ကအ​ခြေအ​နေက​ရော အန္တရာယ်များလား"


၄င်းကိုကြားလျှင် ဖန်သားပြင်၏​အောက်နားကိုကြည့်​နေရာမှ ဖူ၀မ်​သော်မှာ ​မော့ကြည့်လာခဲ့သည်။ 


"ဘာမှ​တော့သိပ်မထူးခြားပါဘူး  ဒီအ​လောင်း၃​လောင်းကလွဲလို့"


ထန်​မော့မျက်​မှောင်ကျုံ့လိုက်မိသညိ။ 


"အဲဒီမှာ အ​လောင်း၃​​လောင်းရှိတယ်လား... အရင်ကကစားသမား​တွေ​နေမှာ... ဒီမှာလည်း ၂​ယောက်​သေထားတယ်... ဒီ​တော့ဂိမ်းတစ်ဖက်စီကလူအ​ရေအတွက်က ညီတယ်။" 


ထို့​နောက် ထန်​မော့မှာ ဖူ၀မ်​သော် ဖန်သားပြင်၏​အောက်ဘက်ကို စိုက်ကြည့်​နေသည်အား သတိထားမိသည်မို့ သတိထားလျက်​မေးလာခဲ့သည်။


"ဘာဖြစ်လို့လဲ"


ဖူ၀မ်​သော်ကဆိုလာသည်။ 


"ဒီ၃​ယောက်ရဲ့ အ​လောင်းက နည်းနည်းထူးခြား​နေတယ်" 


ထန်​မော့က​မေးလိုက်သည်။


"ဘယ်လို​ကြောင့်လဲ"


ဖူ၀မ်​သော်မှာ ခတ္တမျှတိတ်​နေပြီးမှ ​မော့ကြည့်လာသည်။


"​သွေးတွေအထုတ်ခံထားရပြီး​တော့ ​ခြောက်​သွေ့သွားတာ" 


သူက အရိုးရှင်းဆုံးစကားလုံးဖြင့် ပုံ​ဖော်ပြခဲ့သည်။ ထန်​မော့လည်း သိပ်အများကြီးမ​တွေးလိုက်ပဲ ​ခေါင်းညိတ်လိုက်သည်။ ဖူ၀မ်​သော်မှာ အခန်း၏​ထောင့်တွင်ရပ်လျက် မျက်နှာကျက်​ပေါ်မှ ဖန်သားပြင်အ​သေး​လေးကို ​မော့ကြည့်​နေခဲ့​လေသည်။


၄င်းမှာ ​သေးငယ်လွန်း၍ ထန်​မော့ဘက်မှ၄င်းကိုမြင်လိုလျှင် အလွန်အနီးကပ်ကြည့်မှသာရလိမ့်မည်။


​အေးစက်​သောအဖြူ​ရောင်အလင်းက တစ်ခန်းလုံးကို လွှမ်းခြုံထားပြီး ဖူ၀မ်​သော်က နံရံ​ပေါ်မှီလျက် အမူအယာမဲ့စွာရပ်​နေခဲ့သည်။ သူနှင့် ၁၀စင်တီမီတာမျှ​သောအကွာအ​ဝေးတွင် ​ခြောက်​သွေ့​နေ​သော အ​လောင်း၃​လောင်းရှိသည်။ ကိုယ်ထည်များမှ ညှိုး​လျော် ​​ခြောက်ကပ်လျက် မျက်နှာမှာမူ ပြာနှမ်း​နေပြီး မျက်လုံးများက အ​ကြောက်တရားဖြင့် ပြူးထွက်ကာပွင့်​နေခဲ့သည်။ လူတစ်ဦး၏မျက်လုံးမှာ ဤမျှ လုံး၀ိုင်းကာ အပြင်သို့ပြူးထွက်နိုင်သည်ကို ​တွေးမိကြမည်မဟုတ်​ချေ။ 


ဤအ​လောင်း၃​လောင်းကို နံရံတွင် ဘုရားသခင်၏ လက်၀ါးကပ်တိုင်​ပေါ် သံ​ချောင်းနှင့်ရိုက်ခတ်ခံထားရသည့်နှယ် ကပ်ထားခဲ့သည်။


အကွာအ​ဝေးမှာ နီးလွန်း၍ ထိုအ​လောင်းများထံမှ ပုတ်အက်အက်အနံ့မှာ ဖူ၀မ်​သော်၏ နှာ​ခေါင်းထဲပြည့်နှက်​နေခဲ့သည်။ သို့​သော် သူသည် ထန်​မော့အား အမူအယာတစ်ချက်မပျက်ပဲ စကား​ပြော​နေဆဲပင်။ 


" သဲလွန်စ​တွေမရှိ​သေးရင် ကိုယ်တို့ သံဖိနပ်ချုပ်သမားကြီး​ပေါ်လာ​အောင် ​စောင့်လို့ရတယ်" 


ထန်​မော့ ​ခေါင်းညိတ်လိုက်သည်။


"အင်း အဲဒီ.."


ဘန်း...


သူ၏နားထဲတွင် ကျယ်​လောင်​သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထန်​​မော့၏ရင်ထဲမှ တစ်ချက်​ဆောင့်ခုန်သွားမိ​လေသည်။


ကွန်ပျူတာ၏မျက်နှာပြင်မှာ ​မှောင်မည်းသွားပြီး ဖူ၀မ်​သော်၏ ပုံရိပ်သည်လည်း ​ပျောက်ကွယ်သွားခဲ့သည်။



🪩