Chapter 87
Viewers 7k

Chapter 87



Tsumyat:

အပိုင်း ၄၉ 


ထန်​မော့မှာ ဖူ၀မ်​သော်၏ ဇစ်မြစ်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့​သော် နားနှင့်ကိုယ်တိုင်ကြားရပြီးသည့်အခါတွင်မူ သူသည် သူ၏​ဘေးမှ လူအားတစ်ချက်​လောက်ခိုးမကြည့်မိပဲမ​နေနိုင်ခဲ့​ချေ။ သို့​သော် ဖူ၀မ်​သော်၏ ထက်လွန်း​သောအာရုံခံစားမှုက ထန်​မော့၏မျက်လုံးများကိုချက်ချင်းဖမ်းမိခဲ့​လေသည်။


ခိုးကြည့်သည်အား လူမိသွား​သော်လည်း ထန်​မော့မှာ မျက်​နှာအ​ရောင်​တောင်မ​ပြောင်းပဲ ​ခေါင်းညိတ်ပြလိုက်သည်။ ဖူ၀မ်​သော်မှာ သူ့အားအဓိပ္ပါယ်တမျိုးပါ​သော်အကြည့်မျိုးဖြင့် ခတ္တမျှစိုက်ကြည့်​နေခဲ့​လေသည်။


​လော့ဖုန်းချန်းကဆက်​ပြောလာခဲ့သည်။ 


"အခုတစ်​ယောက်ကိုတစ်​ယောက်လည်းသိကြပြီဆို​တော့ အနက်​ရောင်​မျှော်စင်ရဲ့ ​ရွေးချယ်မှုကို ဆက်​ပြောကြတာ​ပေါ့ ဒါ​ပေမယ့် ဗိုလ်ချုပ်ဖူ ခင်များရဲ့ ခိုး၀င်သူဆိုတဲ့သရုပ်ကို အတည်ပြုနိုင်လား ဘာလို့လဲဆို..."


ဖူ၀မ်​သော်ကတည်ငြိမ်စွာဆိုလာသည်။


"နို၀င်ဘာ ၁၆မှာ အထူးတာ၀န်တစ်ခုကို ထမ်း​ဆောင်ခဲ့တယ်" 


ထန်မော့နှင့် ​လော့ဖုန်းချန်းမှာ ချက်ချင်းနားလည်သွားခဲ့​လေသည်။


ဂိမ်းထဲသို့မ၀င်ခင် လူသတ်ခဲ့​သောကစားသမားများကို အနက်​​ရောင်​မျှော်စင်မှ ခိုး၀င်သူများဟု အမျိုးအစားခွဲထားခဲ့သည်။ တချို့မှာ အမှန်တကယ်လူသတ်သမားများဖြစ်​သော်လည်း တချို့မှာမူ မလွှဲသာမ​ရှောင်သာအ​ကြောင်းပြချက်များ ရှိခဲ့၍ပင်။ဖူ၀မ်​သော်မှာလည်း ခိုး၀င်သူတစ်ဦးပင်။ အမှန်အတိုင်း၀န်ခံရလျှင် ပင်နိုကီယိုဂိမ်းထဲတွင် ထန်​မော့၏သံသယများက ပို၍မြင့်တက်လာခဲ့သည်။


ထိုဂိမ်းထဲတွင် ဖူ၀မ်​သော်၏ပုံစံမှာ လုံး၀ကိုရူးသွပ်​နေ​သောလူသတ်သမားမျိုး မဟုတ်ခဲ့​ချေ။ သူခိုး၀င်သူဖြစ်လာရခြင်း၏ အ​ကောင်းဆုံး​ဖြေရှင်းချက်မှာ ထိုလျှို့၀ှတ်တာ၀န်ပင်။ တချိန်တည်း၌ပင် ဤလူအား အဘယ်​ကြောင့်အခြားခိုး၀င်သူများနှင့် မတူဟုခံစားရသည်ကို ရှင်းပြ​ပေး​လေသည်။ ဤအမျိုးသားမှာ အလွန်သန်မာပြီး တည်ငြိမ်လွန်းကာ စစ်သုံးဓါး​မြှောင်ထက်ထက်တစ်​​ချောင်းနှယ်ပင်။


"ကျွန်​တော် ဗိုလ်ချုပ်ဖူအ​ကြောင်းကြားဖူး​နေ​ပေမယ့် ဒါကပထမဆုံးအကြိမ်​တွေ့ဖူးတာပဲ၊ ကျွန်​တော့်မှာ ​မေးစရာနည်းနည်းရှိတယ်"


​လော့ဖုန်းချန်းမှာ ဖူ၀မ်​သော်အား သံသယ၀င်မိသည့်အတွက် ရှက်ရွံ့ဟန်အနည်းငယ်မျှပြမလာခဲ့​ချေ။ ​လော့ဖုန်းချန်းမှာ တည့်ပင်ဆိုလာသည်။ 


"နို၀င်ဘာလကုန်ခါနီးတုန်းက ကျွန်​တော်အနက်​ရောင်​မျှော်စင် ပထမဆုံးဂိမ်းထဲက​နေထွက်လာပြီး တိုက်အဖွဲ့နဲ့ဆုံခဲ့တယ် သူတို့ကလည်းလက်ခံပြီး အရံကစားသမားတစ်​ယောက်အ​နေနဲ့ အဖွဲ့သားဖြစ်လာတယ် ပြီး​တော့ နျဲ့​ဖေးကို​တွေ့ခဲ့တယ်  ထန်​မော့မင်းလည်း နျဲ့​ဖေးကို ​တွေ့ဖူးတာပဲ သူ့အ​ပေါ်အထင်အမြင်နည်းနည်း​တော့ရှိ​လောက်မှာပါ"


ထန်​မော့ပြန်လည်​တွေး​တောကြည့်လိုက်သည်။ 


"သူ့ကိုမာရီယိုဂိမ်းထဲက ထွက်လာတုန်းက​တွေ့ခဲ့တာ  သူကငယ်ငယ်​လေးနဲ့ တည်တည်ငြိမ်ငြိမ်ပါပဲ"


"နျဲ့​ဖေးရဲ့စွမ်းရည်ကပျံသန်းတာ အတိအကျဆ်ုရင် ရိုးရိုးပျံတာမျိုးမဟုတ်ဘူး သူကကြားခံပစ္စည်းကိုသုံးပြီး ​လေထဲပျံနိုင်တာ "


​လော့ဖုန်းချန်းမှာ စာရွက်တစ်ရွက်ကိုထုတ်လျက် ၄င်း​ပေါ်တစ်ခုခုဆွဲလိုက်သည်။


"ငါတို့က​လေထုကိုမမြင်မနိုင်ဘူး နျဲ့​ဖေးစွမ်းရည်ကလည်း ​လေ​ပေါ်လမ်း​လျှောက်လို့မရဘူး သူ​လျှောက်နိုင်တဲ့ဟာ​တွေအများကြီးရှိတယ်"


​လော့ဖုန်းချန်းမှာ အဖြူ​ရောက်စာရွက်​ပေါ်တွင် အစက်တချို့ကို ​ရေးဆွဲလိုက်ပြီး ၄င်း၏​ဘေးတွင် သဲဟု​ရေးလိုက်သည်။


"ဥပမာ တစ်​ယောက်​ယောက်က ​လေထဲကို သဲ​တွေပက်လိုက်ရင် နျဲ့​ဖေးကအဲဒီအ​ပေါ်လမ်း​လျှောက်နိုင်တယ်"


သူသည် စာရွက်​ပေါ်တွင်ပုံကြမ်းကိုဆွဲပြလာခဲ့သည်။


"သဲ​မှုန်လေး​တွေက သူ့​ခြေ​ထောက်​အောက်မှာဆို ခိုင်မာတဲ့​မြေကြီးတစ်ခုဖြစ်လာတယ်... အဲဒီအ​ပေါ်တက်နင်းလိုက်တာနဲ့ သူ့ရဲ့အလျင်ကလည်း တစ်စက္ကန့်ကို မီတာ၁၀၀အဖြစ်တိုးသွားတယ် ပြီး​တော့ သူ့စွမ်းရည်က ကန့်သတ်ချက်လည်းမရှိဘူး"


ဖူ၀မ်​သော်က​မေးလိုက်သည်။


"သူကသဲလို​ဟာ​တွေ​ပေါ်မှာပဲ ​လျှောက်နိုင်တာလား" 


​လော့ဖုန်းချန်းက​ခေါင်းခါလိုက်သည်။ 


"သဲကဥပမာသက်သက်ပါ အံ့သြစရာ​ကောင်းတာက နျဲ့​ဖေးရဲ့စွမ်းရည်ကအချိန်တိုင်း​ပြောင်းလဲ​နေတာပဲ  သူ့ကိုစ​​တွေ့တုန်းက ​ကျောက်တုံးတို့ သစ်သားတုံးတို့လို ပစ္စည်းကြီးကြီး​တွေ​​ပေါ်မှာပဲ ​လျှောက်တို့ရတာ သူခိုး၀င်သူ​တွေဆီမှာ အသတ်ခံလိုက်ရတုန်းကဆို သဲ​တွေ​ပေါ်မှာ​တောင်​လျှောက်နိုင်​နေပြီ ​အခုသာဆို သူအင်မတန်​သေးတဲ့အရာ​တွေ​ပေါ် သဲမပါပဲလည်း ​လျှောက်နိုင်​နေ​လောက်ပြီ ​နောက်ဆို သူကြိုက်တဲ့​နေရာမှာ ကြိုက်သလို​လျှောက်နိုင်လာမှာ ဒါကထူးခြားတဲ့ ​နေရာ​ရွေ့အစွမ်းပဲ"


ထန်​​မော့ချက်ချင်းပင် ဖက်တီး​လေး၏ စွမ်းရည်ကို ​တွေးမိသွားခဲ့သည်။ 


"​ကျောက်ကျန်းရဲ့ စွမ်းရည်ကလည်း ​နေရာလွတ်​ရွေ့လျားမှုနဲ့ဆင်တယ် ဒါ​ပေမယ့်သူက ပစ္စည်း​တွေပဲ​ရွေ့နိုင်တာ သူ့ကိုယ်သူ​တော့မ​ရွေ့နိုင်ဘူး.. သူ့ကိုစစ​တွေ့တုန်းက ပစ္စည်း​​သေး​သေး​လေး​တွေကိုပဲ​ရွေ့နိုင်တာ အခုဆို ပစ္စည်းကြီးကြီး​တွေကိုလည်း အသာ​လေး​ရွေ့နိုင်​နေပြီ"


"သူ့တိုးတက်မှုနှုနိးက နျဲ့​ဖေး​လောက်မမြန်ဘူး" 


​လော့ဖုန်းချန်းကဆိုလိုက်သည်။ 


"​ကျောက်ကျန်းက နှလုံးခုန်မြန်တဲ့ဖြစ်စဥ်ကို မခံစားခဲ့ရဘူး"


ထန်​မော့လည်းဆက်၍နား​ထောင်လိုက်သည်။


"နို၀င်ဘာ ၁၇ရဲ့ ညမှာ ရှန်ဟိုင်း​ရဲ့ဆေးရုံ၃ခုမှာ လူနာ၃​ယောက်​​ရောက်လာတယ်... ၃​ယောက်လုံးမှာ ထူးထူးခြားခြားလက္ခဏာမျိုးမရှိပဲ သူတို့နှလုံးခုန်နှုန်း​တွေကပဲ အရမ်းမြန်လာပြီး​တော့ သူတို့စိတ်​တွေကပဲ မတည်မငြိမ်ဖြစ်​နေကြတာ သူတို့ထဲမှ အ​နှေးဆုံးက နှလုံးခုန်နှုန်း ၁၁၉ အမြန်ဆုံးက​တော့ ၁၃၆ပဲ အဲဲဒီတုန်းက အ​ခြေအ​နေကို ​သေချာနားမလည်ကြဘူး ဒီဟာက အတည်မပြုရ​သေးတဲ့ ပြဿနာလို့ပဲ ထင်ခဲ့တာ  ရှန်ဟိုင်းအုပ်စု Bက သု​သေသနလုပ်တဲ့သူတစ်​ယောက်က..."


​လော့ဖုန်းချန်းခတ္တမျှတန့်သွားလျက် 


"PHDရထားတာမကြာ​သေးတဲ့ ​ခပ်ငယ်ငယ်​ကောင်မ​လေး သူကဒီအ​ခြေအ​နေကိုရှာ​တွေပြီး အထက်ကိုတင်ပြခဲ့တယ်"


​လော့ဖုန်းချန်းကဆက်၍ ​ရှင်းပြလာခဲ့သည်။ 


"ငါလည်းအဲဒီအ​ကြောင်းကိုသိရ​ရော လူနာ​တွေကို ငါတို့သုတေသနစင်တာကိုချက်ချင်း​​ခေါ်ပြီး​တော့ သူတို့ခန္ဓာကိုယ်​ပေါ်က​ပြောင်းလဲမှု​တွေကို ​လေ့လာခဲ့တယ် တချိန်တည်းမှာပဲ ငါဖြစ်စဥ်ကို ​ပေကျင်းကို သတင်းပို့ခဲ့တယ်"


ဖူ၀မ်​သော်​ခေါင်းညိတ်လိုက်သည်။ 


"​ပေကျင်းသု​တေသနစင်တာမှာ ​ဒေတာ​တွေကို​တွေ့ခဲ့ပါတယ် ပြီး​တော့မှပဲ ရှန်ဟိုင်းကိုလာဖို့ဆုံးဖြတ်လိုက်တာ။ " 


သူကခတ္တမျှတန့်လိုက်ပြီးမှ ဆိုလာသည်။


"​​​ပေကျင်းစင်တာက ရှင်ကျန်သူမရှိဘူး" 


"အဲလို​ပေါ့​လေ..." 


လူ၃​ယောက်မှာ ခတ္တမျှတိတ်ဆိတ်သွားခဲ့​လေသည်။ 

ထို့​နောက်​လော့ဖုန်းချန်းမှာ ထန်​မော့အားကြည့်လိုက်ပြီး" 


"မင်းရဲ့နှလုံးခုန်းနှုန်းကို တွက်ကြည့်ခဲ့လား" 


ထန်​မော့ကပြန်​ဖြေလိုက်သည်။


" ၁၆၉​လောက်ထင်တယ် မ​ရေကြည့်ခဲ့ဘူး"


ဖူ၀မ်​သော်ကလည်း​ဖြေလာသည်။


"၁၇၁"


အလွန်နီးစပ်​သောနံပါတ်များပင်။ ​လော့ဖုန်းချန်းသူတို့ကိုကြည့်လျက် စားပွဲ​ပေါ်မှ ဖိုင်လ်ကိုပိတ်လိုက်သည်။ ထို့​နောက်သူသည် တရား၀င်ကစားသမားနှင့် ခိုး၀င်သူတစ်ဦးကိုကြည့်​နေခဲ့မိသည်။ 


"ဒါ​တွေအားလုံးက ကျွန်​တော့်ခန့်မှန်းမှုသာသာပါပဲ"


မိနစ်၃၀ကြာပြီး​နောက် ထန်​မော့မှာ ​လော့ဖုန်းချန့်၏ ရုံးခန်းမှ ထွက်လာခဲ့​လေသည်။ ဖူ၀မ်​သော်မှာ ​ပေကျင်းမှ ရှန်ဟိုင်းအထိခရီးရှည်ကြီးနှင်ခဲ့ရသည်။ သူ့တွင်​လော့ဖုန်းချန်းအား ​​ဆွေး​နွေးစရာတချို့ရှိ​နေသည်မှာ ပုံမှန်ပင်။ ထန်​မော့မှာ ထိုစကား၀ိုင်းကို ခိုး​နား​ထောင်ချင်စိတ်မရှိခဲ့​ချေ။ သူသည်ရုံးခန်းမှ ထွက်လာပြီး​နောက် နံရံတွင်မှီကာ စဥ်းစားလိုက်မိသည်။


​အနက်​ရောင်​မျှော်စင်၏​ရွေးချယ်မှုဟူသည်မှာ ​လော့ဖုန်းချန်းမှ ထိုဖြစ်စဥ်အား အမည်​ပေးထားခြင်းပင်။


အနက်​ရောင်​မျှော်စင်မှ​ရွေးချယ်ခံရ​သော ပစ်မှတ်များမှာ အလွန်ကျပန်းဆန်သည်။ တူညီ​သောအချက်မှာ ထို၃ရက်အတွင်းတွင် နှလုံးခုန်နှုန်းအဆမတန်မြန်လာပြီး ၄င်းကိုကုသနိုင်​သော​ဆေးလည်းမရှိ​ချေ။ ထို့​နောက် စိတ်များရှုပ်​ထွေး​နောက်ကျိလျက် ရတက်မ​အေးနိုင်ခံရရပြီး တချို့ဆိုလျှင် ပြစ်မှုကျူးလွန်ချင်စိတ်များပင်ခံစားလာရသည်။ ထိုလူနာများထဲမှ နှလုံးခုန်နှုန်း ၁၃၆ရှိ​သောလူမှာ စား​သောက်ဆိုင်တွင် ရန်ဖြစ်လျက် ဒဏ်ရာရကာ ​ဆေးရုံသို့​ရောက်လာခြင်းပင်။


သို့​သော် တဖက်လူကို​တော့မသတ်ခဲ့​ချေ။ 


ထို့​နောက် ၃ရက်ကုန်လွန်သွားပြီး​နောက်တွင် ထိုလူနာများ ​ပျောက်ကွယ်သွားခဲ့​လေသည်။


အနက်​ရောင်​မျှော်စင်မှ​ရွေးချယ်ခံရသူတိုင်းက ဂိမ်းထဲဆွဲ​ခေါ်မခံခဲ့ရ​ချေ။ ​တော်​တော်များများမှာလည်း ထို၃ရက်တွင် မရှင်ကျန်ခဲ့ကြ။ သို့​သော် ထို၃ရက်အတွင်း ရှင်ကျန်ရစ်သ၍ သူတို့မှာ အလွန်သန်မာ​သော စွမ်းရည်များကို ရရှိမည်ပင်။ ဖူ၀မ်​သော်မှာ ကမ္ဘာ​ပေါ်တွင် အနက်​ရောင်​မျှော်စင်ပထမထပ်ကို ရှင်းနိုင်​သော ပထမဆုံးသူဖြစ်သည်။ ထန်​မော့သည်လည်း ကမ္ဘာ​ပေါ်တွင် အနက်​ရောင်​မျှော်စင်ပထမထပ်၏ ခက်ခဲအဆင့်ကို ​ကျော်လွန်နိုင်ခဲ့သူဖြစ်၏။


နျဲ့​ဖေးမှာ​တော့ တိုက်အဖွဲ့အစည်းတွင် အသန်မာဆုံး စွမမးရည်ပိုင်ရှင်တစ်ဦးဖြစ်ခဲ့​လေသည်။ ထိုမ​တော်တဆ​ကြောင့်သာမဟုတ်ပါက သူသည်လည်း အနက်​ရောင်​မျှော်စင်ပထမထပ်ကို ​​ချော​ချော​မွေ့​မွေ့​ကျော်ဖြတ်နိုင်ခဲ့မှာပင်။


​လော့ဖုန်းချန်းမှာ ထိုကျပန်း​ရွေးချယ်မှုများအတွက် ဖြစ်နိုင်​ချေနှစ်မျိုးကို ဆိုခဲ့သည်။


"အရင်ဆုံးက​တော့ ​ပြောင်းလဲမှုကို အနက်​ရောင်​မျှော်စင်က​ပေးတာ...အနက်​ရောင်​မျှော်စင် တချို့လူ​တွေကို မတူညီတဲ့ စွမ်းရည်​တွေ​ပေးတယ် ဒီသီးသန့်​ရွေးချယ်မှုက ကစားသမား​တွေရဲ့ စွမ်းရည်အဆင့်​တွေကို သက်ရောက်သွားတာ ဒါ​ပေမယ့်လည်း အ​ရွေးခံရတဲ့သူ​တော်​တောများများကလည်း ဂိမ်းထဲကိုမ၀င်ခဲ့ရဘူး...အနက်​ရောင်​မျှော်စင်က ဒီလူ​တွေကို အထူးခံစားခွင့်မ​ပေးဘူး... ဒါဆိုဘာလို့ဒီလိုထူးခြားတဲ့ ​ပြောင်းလဲမှုကရှိ​နေတာလဲ...အဲဒါ​ကြောင့် ဖြစ်နိုင်​ချေက ၄၀ရာခိုင်နှုန်း"


​မှောင်မည်း​နေ​သော ကားပါကင်ထဲတွင် ထန်​မော့​လော့ဖုန်းချန်း၏ ဒုတိယထင်မြင်ချက်ကို ​ရေရွတ်လိုက်မိသည်။ 


"ဒီဟာက အနက်​ရောင်​မျှော်စင်နဲ့မဆိုင်ဘူး အကုန်လုံးနဲ့ဆိုင်တယ်"


ဤ​ပြောင်းလဲမှုအား အနက်​ရောင်​မျှော်စင်၏ ​ရွေးချယ်မှုဟု အမည်တပ်ထားခဲ့သည်။ သို့​သော် ၄င်းမှ အနက်​ရောင်​​မျှော်စင်ထံမှ ရရှိသည်ဟုမ​​ဆိုလို​ချေ။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်မီတွင် လူသားများတွင် စွမ်းရည်များမရှိခဲ့။ ထိုစွမ်းရည်များ​ပေါ်​ပေါက်လာသည်မှာ အနက်​ရောင်​​မျှော်စင်နှင့် ကျိန်း​သေပါတ်သတ်​နေ​လေသည်။


သို့​သော်တစ်ဦးစီ၏စွမ်းရည်များက ကွဲပြားကာ တချို့ကအားနည်းပြီး တချို့ကသန်မာကြသည်။ ထိုစွမ်းရည်များမှာ အနက်​ရောင်​မျှော်စင်ထံမှ​ပေးလာခြင်းလား ကစားသမားများကိုယ်ကိုယ်တိုင် အသွင်​ပြောင်းလဲလာခြင်းလား မည်သူမှမသိနိုင်​ချေ။


သို့​သော် အနက်​ရောင်​မျှော်စင်၏ ဖိအား၏တည်ရှိမှုက ထိုစွမ်းရည်များကို နိုးထ​စေခဲ့သည်မှာ​တော့ အမှန်တရားပင်။ တရား၀င်ကစားသမားများနှင့် ခိုး၀င်သူများမှာ ထိုဖိအားကို ပိုမိုခံစားရပြီး သူတို့ကိုယ်စီ​တွင် စွမ်းရည်များရရှိခဲ့သည်။ အရံကစားသမားများ၏ တည်ရှိမှုမှာ အားနည်း၍ အနက်​ရောင်​မျှော်စင်၏ ဖိအားက ၄င်းတို့အ​ပေါ်နည်းပါးကာ စွမ်းရည်နိုးထရန် ခက်ခဲသွား​လေသည်။ 


ဤမှန်းဆချက်မှာ အလွန်ဖြစ်နိုင်​ချေရှိသည်။ 


ထို့​ကြောင့် အနက်​ရောင်​မျှော်စင်၏​ရွေးချယ်မှုမှာ စွမ်းရည်များနှင့်အတူတူပင် ဖြစ်​လောက်သည်။ သို့​သော် အနက်​​ရောင်​​မျှော်စင်ထံမှ ရရှိခြင်းဖြစ်စရာမလို​ချေ။ ဤသည်မှာ ကစားသမားများကိုယ်တိုင်မှာ ​ရွေးချယ်ခံရရန် အရည်အချင်းရှိ၍ပင်။


ထန်​မော့မှာ နံရံကိုမှီ​နေစဥ် သူ၏​ဘေးမှ တံခါးမှာ ပွင့်လာခဲ့သည်။ သူလှည့်ကြည့်လိုက်မိသည်။ 


ဖူ၀မ်​သော်မှာ အခန်းထဲမှ ထွက်လျက် သူ့အားကြည့်လာခဲ့သည်။


လူ၂ဦးမှာ တစ်ဦးကိုတစ်ခု ခတ္တမျှစိုက်ကြည့်​နေမိကြသည်။ ထို့​နောက် ဖူ၀မ်​သော်ကပြုံးလျက် 


"မင်းပိုသိချင်​သေးလား" 


ဖူ၀မ်​သော်မှာ အနက်​ရောင်​မျှော်စင်၏ ကိစ္စများကို ပို​ဆွေး​နွေးရန် ​နေရစ်ခဲ့သည်။ ​လော့ဖုန်းချန်းသည်လည်း အပြင်မှ သတင်းများကို လိုချင်ခဲ့​လေသည်။


ထန်​မော့မငြင်းခဲ့​ချေ။ သူ၏​ရှေ့မှ အရပ်မြင့်မြင့် ခပ်​ချော​ချော အမျိုးသားကိုကြည့်လျက် ထိုသူ၏ကုတ်နိမ်းက အာရုံထဲတွင်​ပေါ်လာခဲ့သည်။ 


​ရှောင်လုံ...


ထန်​မော့၏ အ​တွေးကို ရိပ်မိသည့်အလား ဖူ၀မ်​သော်မှာ တံခါးကို ပိတ်လိုက်လျက် နှစ်ဦးသားမှာ အ​မှောင်ထုထဲရပ်​နေခဲ့ကြသည်။ ဖူ၀မ်​သော်ကရှင်းပြလာသည်။ 


"​ရှောင်လုံက ကိုယ့်ရဲ့ကုတ်နိမ်းမဟုတ်ဘူး...တစ်ဖွဲ့လုံးရဲ့ ကုတ်ပဲ တရုတ်ပြည်ရဲ့ အထူးအဖွဲ့တိုင်းမှာ တရား၀င်နံပါတ်​တွေမရှိဘူး ကုတ်နိမ်း​တွေပဲရှိတာ အ​နောက်​မြောက်ရဲ့ အထူးအဖွဲ့ကုတ်နိမ်းက​တော့ ​ရှောင်လုံ​ပေါ့"


ထန်​မော့ ထိုရှင်းပြချက်ကို ကြားလျှင် ​ချောင်းအသာဟန့်လိုက်မိသည်။ 


"ဗိုလ်ချုပ်ဖူ ကျွန်​တော်တကယ်ပဲ တခြား​နေရာ​တွေကသတင်းကိုသိချင်တယ်... ခင်များက ​ပေကျင်းကလာခဲ့တာပဲ လမ်းမှာ ကြုံခဲ့ရတာ​တွေရှိမှာပဲ...ခင်များမှာ အပြင်ကသတင်း​တွေ​တော်​တော်များများရှိမှာပဲ​လေ"


"​ပေကျင်းကလာတုန်းက ကိုယ်ကအလျင်လို​နေတာ​လေ...၄ရက်တည်းနဲ့အ​ရောက်လာတာ... သတင်းအတိအကျရဖို့က အချိန်မ​လောက်ဘူး ဒါ​ပေမယ့်လည်း မင်းသိတာထက်​များတာ​တော့ ​သေချာပါတယ်" 


ခတ္တမျှရပ်တန့်သွားပြီး​နောက် ဖူ၀မ်​သော်က ​လေသံနိမ့်နိမ့်ဖြင့် ဆိုလာခဲ့သည်။


"ကိုယ့်ကို ဖူ၀မ်​သော်လို့ပဲ ​ခေါ်လို့ရပါတယ်"


ထန်​မော့ ထိုအမည်ကို ထုတ်မ​ခေါ်ခဲ့​ချေ။ သူကတိုက်ရိုက်သာဆိုလာခဲ့သည်။ 


"သတင်းအတွက် ​ဘာပြန်​ပေးရမလဲ"


ထန်​မော့မှာ ဖူ၀မ်သော်သည် ​လော့ဖုန်းချန်းထံမှ သတင်းအများကြီး ရထားသည်ကို သိ​လေသည်။ သူသိသည်တို့ကို ​လော့ဖုန်းချန်းလည်းသိမည်သာ။ ထို့​ကြောင့်ဖူ၀မ်​သော်မှာ အကုန်လုံးနီးပါးကို သိ​ပေလိမ့်မည်။ သို့​သော် သူ့ဘက်က​တော့ ဖူ၀မ်​သော်နှင့် လဲလည်နိုင်​လောက်မည့် သတင်းမျိုးမရှိ​ချေ။ သို့​တိုင်​အောင် ဖူ၀မ်​သော်ထံမှ သတင်းများကိုရရှိလိုဆဲပင်။


ထို့အပြင် ​ပေကျင်းမှသတင်းကို အထူးသိလိုခဲ့သည်။ 


ထန်​မော့၏​နောက်ဆုံးသူငယ်ချင်းတစ်​ယောက်မှာ ​ပေကျင်းမှဖြစ်သည်။ 


ထန်​မော့မှာ ဖူ၀မ်​သော်အား ​မြေ​အောက်ကမ္ဘာနဲ့ မွန်းစတားကမ္ဘာအ​​ကြောင်းများကို ​ပြောပြရန်ပင် အသင့်ဖြစ်​နေခဲ့သည်။ ထိုစဥ် အ​မှောင်ထုထဲမှ ခပ်ဟဟရယ်သံတစ်စကို ကြားလိုက်ရ​လေသည်။ ထန်​မော့လှည့်ကြည့်လိုက်မိသည်။ အလင်း​ရောင်​မှာ ​ဖျော့​တော့လွန်း၍ တဖက်လူ၏ မျက်နှာ​အနားသတ်​လေးမှလွဲ၍ အမူအယာကိုမမြင်နိုင်။


ဖူ၀မ်​သော်ကဆိုလာသည်။


"မလိုပါဘူး ကိုယ်မင်းကို ​ပြောပြပါ့မယ်" 


ထန်​မော့တန့်သွားမိသည်။


"လူကြီးမင်းဖူ ခင်များ..."


"မင်းပင်နိုကီယိုဂိမ်းထဲမှာ​ပြောခဲ့သလိုပဲ ကိုယ်တို့သိ​နေတာလည်း အချိန်တစ်ခု​လောက်ရှိပြီပဲ​လေ ထန်​မော့ သူစိမ်း​တွေလို လုပ်​နေဖို့မလိုပါဘူး"


ထန်​မော့ ခတ္တမျှ တိတ်ဆိတ်သွားမိသည်။ 


"ဖူ၀မ်​သော်... ဘာလို့လဲ"


အဘယ်​ကြောင့် အဖိုးတန်သတင်းကိုသူ့အား သည်အတိုင်း​ပြောပြလိုပါသနည်း။ ထန်​မော့မှာ သူနှင့်ဤအမျိုးသား၏ ဆက်ဆံ​ရေးမှာ တဖက်လူမှအနစ်နာခံ​ကိုယ်ကျိုးစွန့်​ပေးရ​လောက်သည်အထိ မ​ကောင်းလှဟု ခံစားရသည်။


ဖူ၀မ်​သော်၏အသံမှာ တည်ငြိမ်လျက် ထူးထူးခြားခြား အဓိပ္ပါယ်မျိုးမပါရှိ​ချေ။ 


"ရှန်ဟိုင်းကိုမလာခင်က စုကျိုးကို၀င်ခဲ့​သေးတယ် အဲဒီမှာ ခိုး၀င်သူ၃​ယောက်ကို သတ်ခဲ့တယ်"


ထန်​မော့ ဖူ၀မ်​သော်ဘာ​ပြောလိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။


"​အဲဒီအဖွဲ့ထဲက ၇​ယောက်ကဘရှန်ဟိုင်းမှာ လူအများကြီးသတ်ခဲ့တယ်လို့ ​လော့ဖုန်းချန်း​ပြောတယ် စုကျိုးမှာလည်း သူတို့​သတ်ခဲ့တာ​တွေအများကြီးပဲ ကိုယ်​ရောက်​တော့ စုကျိုးဟာ လူမရှိတဲ့ မြို့လိုပါပဲ ကစားသမား​တွေမရှိပဲ အကုန်လုံးပုန်း​နေကြတာ နေ့ဘက်​တွေ​တောင် လမ်းထဲမှ လူ​တွေမရှိဘူး"


ထန်​မော့က​မေးလိုက်သည်။


"ခင်များက အဲဒီအဖွဲ့က ​နောက်ဆုံးကျန်တဲ့ ၃​ယောက်ကို သတ်လိုက်တာလား" 


"အင်း"


အ​တော်ကြာတိတ်ဆိတ်​နေပြီး​နောက် ထန်​မော့ကိုကဆိုလိုက်သည်။


"​ကျေးဇူးပဲ အဲဒါကကျွန်​တော့်ရဲ့ ​မွေးဇာတိမြို့ပါ"


ဖူ၀မ်​သော်ကရယ်လိုက်သည်။ 


"​ကျေးဇူးတင်စရာမလိုပါဘူး အတူတူပါပဲ တချို့အရာ​တွေကအဖိုးတန်တယ်ထင်ရ​ပေမယ့် ကျန်တာ​တွေနဲ့ယှဥ်လိုက်စင် အဲ​လောက်မဟုတ်​တော့ဘူး မင်းဘာသိချင်တာလဲ... ကိုယ်သိတဲ့ဟာဆိုရင် ပြီး​တော့ ကိုယ်​ဖြေနိုင်​လောက်တဲ့အတိုင်းအတာထဲကဆိုရင် တစ်ခုခု​ပြောပြ​ပေးနိုင်မှာပါ...ဘာပဲဖြစ်ဖြစ် မင်းက မော့​မော့ရဲ့ ပိုင်ရှင်ပဲ​လေ"


ထန်​မော့ တွန့်ဆုတ်မ​နေ​တော့ပဲ တိုက်ရိုက်​​မေးလိုက်သည်။ 


"​​ပေကျင်းက ဘယ်လိုလဲ"


ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်လာခင်က တရုတ်ပြည်၏ နိုင်ငံ​ရေးအချက်အချာကျ​သောမြို့​တော် ​​ပေကျင်း။


​ပေကျင်းကမည်သို့ဖြစ်​နေပြီနည်း။


ဖူ၀မ်​သော်၏ ​ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ အ​မှောင်ထဲတွင် ထန်​မော့မှာ တဖက်အမျိုးသား၏ မိမိ​အ​ပေါ်အကြည့်များကို ခံစားမိ​လေသည်။ 


"ရှန်ဟိုင်းနဲ့အတူတူပါပဲ ပို​ကောင်းမ​နေပါဘူး ပိုဆိုးရင်​တောင်ဆိုးဦးမယ်"