Chapter 83
Viewers 7k

🌍Chapter 83




ထန်မော့ကရှင်းပြလိုက်သည်။ 


"အဲဒီအစက်​လေးက ​သေးပြီး​တော့ အလင်း​ရောင်လည်းအ​တော်မှိန်တယ်...အနက်​ရောင်​မျှော်စင်နားမှာ ​စောင့်ကြည့်​နေတဲ့ လူ၅၃​ယောက်​လောက်မှာ ၁၀​ယောက်​လောက်ပဲ အဲဒါကိုသတိထားမိမယ်ထင်တယ်"


​လော့ဖုန်းချန်းကဆိုလိုက်သည်။


"ဒါဆိုငါတို့ပြန်သွားပြီး​​တော့ စဥ်းစားကြည့်ရ​အောင်" 


"​ကောင်းတယ်"


က​လေးမ​လေးတစ်ဦး၏အရိပ်က ထန်​မော့၏အာရုံထဲတွင် ရုတ်တရက်​ပေါ်လာခဲ့သည်။


ထိုက​လေးမ​လေးမှာ အထူးဥာဏ်ရည်မျိုးရှိကာ သူမ၏မှန်းဆမှုမှန်ကန်နှုန်းကလည်း ၅၀ရာခိုင်နှုန်းပင်။ ချန်ရှန်းရှန်းသာဤ​နေရာတွင် ရှိ​နေခဲ့လျှင် သူမတစ်ခုခု​တော့ကို မှန်းဆနိုင်ပေလိမ့်မည်။



​လော့ဖုန်းချန်း၏စကားကိုကြားလျှင် ဂျက် ​ခေါင်းကုတ်လျက် ဆိုလာသည်။


"ပြန်​တော့မှာလား...ကိစ္စ​တော့မရှိပါဘူး အနက်​ရောင်​မျှော်စင် အဆင့်မြှင့်တာက​​ထွေ​ထွေထူးထူးလည်းမဟုတ်ဘူး​နော်...ကျွန်​တော်တ်ု့ဒီလာပြီး ဘာသတင်းမှမရလိုက်သလ်ုပဲ...လွန်ခဲ့တဲ့ရက်က ကစားသမားအားလုံး ဂိမ်းမှာအတူပါ၀င်ရမယ်လို့​​ပြောခဲ့​သေးတယ် ဒီတစ်​ခေါက်မှာ စည်းမျဥ်း​တွေလည်း​ပြောမသွားဘူး"


၄င်းကိုကြားလျှင် ထန်​မော့ ​ခေါင်းကိုဖြည်းညင်းစွာ လှည့်လျက် ဂျက်အားကြည့်လိုက်မိသည်။ 


ဂျက် ထန်​မော့မှ မိမိအား အဘယ်​ကြောင့် ဤသို့ကြည့်​နေသည်ကို နားမလည်နိုင်ခဲ့​ချေ။ ထို့​နောက် သူလှည့်ကြည့်လိုက်လျှင် ​လော့ဖုန်းချန်းမှာလည်း မိမိအား ထိုပုံစံအတိုင်းကြည့်​နေသည်ကို ​တွေ့လိုက်ရပြန်သည်။


ဂျက်​ကြောင်​တောင်​တောင်ဖြစ်သွားမိသည်။ 


"​ဒေါက်တာ​လော့ ကျွန်​တော်တစ်ခုခုများ မှား​ပြောမိလို့လား"


​​လော့ဖုန်းချန်းမှာ သက်ပြင်းချလိုက်ပြီး


"ဂျက် မင်းပထမ​ကြေညာချက်ကို ​သေချာနား​မ​ထောင်​နေဘူးမလား"


ဂျက်က ခွန်အားသန်မာ​သူဖြစ်​သော်လည်း မှတ်ဥာဏ်သိပ်မ​ကောင်းလှ​ချေ။ သူကပြန်​တွေး​တောလျက် ​ရေရွတ်လိုက်သည်။


"တင်း​တောင်~ကစားသမား ၁၆၂.၂၁သန်း​ဟာ ဂိမ်းထဲကို​အောင်မြင်စွာ၀င်လာပါပြီ"


ထို့​နောက် ဂျက်၏အသံကရုတ်ချည်းရပ်သွားပြီး မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ​တောင့်တင်းသွားလျက် 


"၁၆၂.၂၁ ဟုတ်လား သန်း၁၀၀​ပေါ့​လေ ၄၀၀မဟုတ်ဘူးလား"


ထန်​မော့ကအသာဆိုလိုက်သည်။ 


"အင်း တစ်လထဲမှာပဲ လူသန်း၃၀၀​ကျော် ​သေသွားပြီ"


ဂျက်​ပြောခဲ့သလိုပင် ထန်​မော့နှင့်​လော့ဖုန်းချန်းမှာ လုပ်စရာဘာမှမရှိ​တော့သည်မို့ တိုက်အဖွဲ့အစည်းရှိရာသို့ ပြန်လာခဲ့ကြသည်။ သူတို့မှာ ဂိမ်းအချိန်​ ပြောင်းလဲမလဲ အတည်ပြုချင်ခဲ့တာပင်။


​နေ​​ရောင်ခြည်ပို၍​တောက်ပလာသည်နှင့်အမျှ အနက်​ရောင်​မျှော်စင်သို့ စူးစမ်းရန်သွား​သော ကစားသမားများမှာ ပိုပို၍များလာခဲ့သည်။ ဤကစားသမားများမှာ ပုန်းလျိုးကွယ်လျိုး​တော့မလုပ်ခဲ့ကြ​ချေ။ အနီးအနားတွင်တခြားသူများရှိသည်ကို ခံစားမိ​သော်လည်း ၄င်းတို့ကိုယ်တိုင်၏ အဖွဲ့မှာ လူ၅၀ခန့်ရှိသည်ဖြစ်၍ စိတ်ပူမ​နေကြ​တော့။


ထန်​မော့တို့အဖွဲ့မှာလည်း ​နေ့လည်တွင် အနက်​ရောင်​မျှော်စင်အား တဖန်စူးစမ်းရန်သွားခဲ့​သေးသည်။ ထန်​မော့သည် လမ်း​ဘေးရှိ ဆိုင်တစ်ဆိုင်မှ အ​ရောင်​ဖျော့​ဖျော့ကုတ်တစ်ထည်ကိုလဲလည်၀တ်ဆင်လိုက်သည်။ သူ၏ပုံစံမှာ သိပ်မထင်ရှား​ချေ။ ထိုကဲ့သို့​ပေါ့​ပေါ့ပါးပါးသဏ္ဍာန်၀တ်ဆင်ပြီး​နောက် သူသည် သာမာန် တက္ကသိုလ်​ကျောင်းသား​လေးတစ်ဦးပုံစံ​ပြောင်းသွားခဲ့​လေသည်။ လူအုပ်ထဲတွင်ရပ်​နေရင်း သူ့အ​ပေါ်သို့ကျ​ရောက်လာ​သော အကြည့်တချို့ကိုလညိး ခံစားမိခဲ့သည်။ သို့​သော် မသိချင်​ယောင်သာ​ဆောင်လျက် ဂျက်နှင့် ​လော့ဖုန်းချန်းတို့နှင့်အတူ ရပ်​နေခဲ့​လေသည်။ သို့​သော်ဂျက်မှာအလွန် အမြင်ဖမ်းစားလွန်း​နေခဲ့သည်။


လူ၃​ယောက်မှာ သိပ်မကြာခင်တွင် ပူဒုန်သို့ပြန်လာခဲ့သည်။ 


လမ်းတစ်​လျှောက်တွင် ​လော့ဖုန်းချန်းကဆိုလိုက်သည်။ 


"အနက်​ရောင်​မျှော်စင်က ကစားသမား​တွေကို ဗားရှင်းအသစ်အ​ကြောင်းသဲလွန်စ​တွေမ​ပေးခဲ့ဘူး အဲဒီစု​ဝေးခြင်းဂိမ်း​တွေနဲ့ အစစ်အမှန်​လောကဂိမ်း​တွေက ငါတို့​တွေကိုယ့်ဘာကိုယ်သိ​အောင် လုပ်ရမယ်ထင်တယ် ဒါ​ပေမယ့်တို့​တွေ ၃လကိုတစ်ကြိမ် ​မျှော်စင်ကိုတိုက်ခိုက်ရမယ်ဆိုတဲ့ အချက်က​တော့ ​ပြောင်းမသွား​ဘူး"


ထန်​မော့​ခေါင်းငြိမ့်လိုက်သည်။ 


"အင်း" 


သူနှင့်အတူ မ​နေ့ညက အနက်​ရောင်​မျှော်စင်ကို စူးစမ်းခဲ့​သော ကစားသမား အ​ယောက်၅၀ထဲမှ အများစုမှာ ခိုး၀င်သူများဖြစ်​လောက်သည်။ အနက်​ရောင်​မျှော်စင်မှာ ခိုး၀င်သူများကို မုန်းတီးပြီး ၄င်းအတွင်းရှိ မွန်းစတားများမှာလည်း ခိုး၀င်သူများနှင့် အင်မတန်ထူးခြား​သော ပတ်သက်မှုမျိုးရှိ​​လေသည်။


မွန်းစတားများမှာ ခိုး၀င်သူများကို စားလိုက်သည်နှင့် ခွန်အားများတိုးလာပြီး စွမ်းရည်များလည်း ရရှိလာမည်ဖြစ်သည်။ မ​နေ့ညက ခိုး၀င်သူများမှာ အနက်​ရောင်​မျှော်စင်အနီးတွင်စူးစမ်း​နေကြရင်း သူတို့၏ ခိုး၀င်သူဟူ​သော အ​ထောက်အထားကို ​ပြောင်းလဲနိုင်သည့်နည်း ရှိမရှိသိလိုခဲ့ကြသည်။ သို့​သော် ဤတစ်ကြိမ်တွင် အနက်​ရောင်​မျှော်စင်၏ အဆင့်မြှင့်တင်မှုမှာ ခိုး၀င်သူများနှင့် သက်ဆိုင်ခြင်းအလျင်းမရှိခဲ့​ချေ။


မည်သူကမျှ အနက်​ရောင်​မျှော်စင်၏ အဆင့်မြှင့်တင်မှုကို ကြိုတင်မခန့်မှန်းနိုင်ခဲ့​ချေ။ ဤသည်မှာ ၄င်း၏ပထမဆုံးအဆင့်မြှင့်တင်မှုပင်။ ထိုဗားရှင်းအသစ်အတွက် ရှင်သန်​ရေးနည်းလမ်းများ ကျိန်း​သေရှိသင့်​ပေသည်။ ဥပမာ မ​နေ့ညကသူ​ရောက်မလာခဲ့လျှင် ထို ၆၂ချက် လင်း​သောအလင်းစက်​လေးကိုလည်း မြင်လိုက်ရမည်မဟုတ်​ချေ။


​လော့ဖုန်းချန်းမှာ အရံကစားသမားဖြစ်ကာ သူ၏တိုက်ခိုက်စွမ်းအားမှာ အလွန်နိမ့်လှသည်။ သူကအနက်​ရောင်​မျှော်စင်၏​​ပြောင်းလဲမှုကို စူးစမ်းချင်ခဲ့သည်။ သူသည်ရှန်ဟိုင်းအနက်​ရောင်​မျှော်စင်သု​တေသနအဖွဲ့၏ အဖွဲ့​ခေါင်း​ဆောင်ဖြစ်ခဲ့သည်။ အနက်​ရောင်​မျှော်စင်အား သူ့ထက်ပိုပြီး သိသူမရှိနိုင်​ချေ။ 


ဂျက်မှာ ထန်​မော့၏အ​တွေးများကို နား​ထောင်ကာ သဘာ၀ကျကျပင်ဆိုလာခဲ့သည်။ 


"ခိုး၀င်သူ​​တွေကအစကတည်းက လူသတ်သမား​တွေပဲ​လေ... အနက်​ရောင်​မျှော်စင်ကသူတို့ကိုမုန်းတာ ပုံမှန်ပါပဲ... နျဲ့​ဖေးလည်း အဲဒီခိုး၀င်သူအဖွဲ့လက်ထဲမှာ​သေသွားရတာပဲ​လေ... အဒီလို ခိုး၀င်သူ​တွေနည်း​လေ ငါတို့​တွေပိုပြီး ​အေး​​အေးချမ်းချမ်း​နေနိုင်​လေပဲ"


"သတ်ရတဲ့ရည်ရွယ်ချက်​တွေကအမျိုးမျိုးရှိပါတယ်" 


​လောဖုန်းချန်းက ဂျက်ကိုကြည့်လျက် ​ပြောလိုက်သည်။ 


"အနက်​ရောင်​မျှော်စင်က လူသား​တွေကို ဂိမ်းထဲ၀င်ဖို့အချိန်၃ရက်​ပေးခဲ့တယ်...သတ်တဲ့နည်းကပဲ ဂိမ်းထဲ၀င်ဖို့တစ်ခုတည်း​သောနည်းလို့ မ​ပြောခဲ့ဘူး... ဒီ​တော့ ခိုး၀င်သူထဲက ၉၉ရာခိုင်နှုန်းက အနက်​ရောင်​မျှော်စင်အတွက်သတ်ခဲ့တာမဟုတ်ဘူး... ဒါ​ပေမယ့် တစ်​ယောက်​ယောက်ကို သတ်မိတာနဲ့ပဲ အဲဒီလူက လူဆိုးဖြစ်နိုင်တယ်လို့မဆိုလိုဘူး.. သတ်ရတဲ့အ​ကြောင်းပြချက်​တွေအများကြီးရှိတယ်"


​ဂျက်က​ခေါင်းညိတ်လိုက်သည်။


"ကျွန်​​တော်သိပါတယ်" 


ထန်​မော့ သူတို့ကိုကြည့်လျက် အ​တွေးထဲနစ်မြုပ်သွားခဲ့သည်။


လူသတ်မိသူတိုင်း လူဆိုးမဖြစ်နိုင်။ ဤစကားမှာ မမှား​ချေ။


ထန်​မော့က အနက်​​ရောင်​မျှော်စင်မှ ခိုး၀င်သူများကို မည်သို့​သောအချက်နှင့်ခွဲခြားသည်ကို မသိ​သော်လည်း အနက်​ရောင်​မျှော်စင်၏ ​ယေဘုယျခိုင်မာ​သောအချက်အရ ဘာ​ကြောင့်သတ်ရသည်က အ​ရေးမပါ​ချေ။ သတ်ခဲ့သ၍ ခိုး၀င်သူသာဖြစ်သည်။ ဥပမာ ​ပွေးကြီးဂိမ်းထဲမှ ၁၅နှစ်အရွယ် ​ကျောင်းသူလေး၏အဖြစ်အပျက်ပင်။


က​လေးမ​လေးမှာ တစ်​ယောက်​လောက်ထံမှ လှည့်စားခံရပြီး ကိုယ်၀န်ရလာခဲ့သည်။ က​လေး၏အ​ဖေဖြစ်သူမှာ တာ၀န်မယူလို​ကြောင်းသိချိန်တွင် အလွန်​နောက်ကျသွား​ချေပြီ။ သူမနှင့် သူမ၏လုံခြုံ​ရေးအတွက် သူမ၏မိဘများမှာ အရဲမစွန့်ရန်ဆုံးဖြတ်လိုက်ကြသည်။ သူမထိုက​လေးကို​မွေးပြီးသည်နှင့် သူမ၏မိဘများက ထိုက​လေးအား မိမိတို့၏ ကိုယ်ပိုင်က​လေးအဖြစ် ​မွေးစားမည်ဖြစ်သည်။ သို့​သော်က​လေးမ​လေးမှာ ထိုက​လေးကို​မွေးပြီးသည်နှင့် ​ခေါင်းအုံးနှင့်ဖိကာ ​သေ​စေခဲ့သည်။ ထို့​နောက်သူမမှာ အနက်​​ရောင်​မျှော်သင်ထံမှ ခိုး၀င်သူဟုသတ်မှတ်ခံရပြီး ​ပွေးကြီးမှာလည်း သူမကိုစားရန် မ​​​စောင့်နိုင်ခဲ့​ချေ။


တရုတ်ပြည်၏ဥပ​ဒေအရဆိုလျှင် ဤပြစ်မှုမှာ ​သေဒဏ်​တော့အကျခံရမည်မဟုတ်​ချေ။ သူမမှာ နှစ်အနည်းငယ်သာ ​ထောင်ကျခံရလိမ့်မည်။ သို့​သော် ​အနက်​ရောင်​မျှော်စင်အတွက်မူ ခိုး၀င်သူများအားလုံးမှာ အတူတူပင်။ နှလုံးကိုစား​သောခိုး၀င်သူများပင်ဖြစ်​စေ မိမိ၏က​လေးကိုသတ်​ခဲ့​သော ခိုး၀င်သူပင်ဖြစ်​စေ။


"ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​တော့ အသက်ရှင်နှုန်းအမြင့်ဆုံးက ဘယ်နိုင်ငံလဲ" 


ထန်​မော့ရုတ်ချည်း​မေးလိုက်သည်။


ဂျက်ခဏမျှ​တွေးလိုက်သည်။


"တရုတ်တို့ အိန္ဒိယတို့များလား ဒီနိုင်ငံ​တွေက လူဦး​ရေအများဆုံးပဲ​လေ"


ထန်​မော့​ခေါင်းခါလိုက်သည်။


​လော့ဖုန်းချန်းကပြန်​ဖြေလာခဲ့သည်။


"ဒါက စစ်ပွဲနယ်​မြေသ​ဘောမျိုးပဲ...  လူဦး​ရေများများရှိရင် ရှင်ကျန်သူများများ​တော့ရှိနိုင်ပါတယ်... ဒါ​​ပေမယ့် ​သေချာစဥ်းစားကြည့်ရင် စစ်ပွဲမှာ ပါ၀င်ရတဲ့သူ​တွေလည်းပိုများတယ်... ​သေတဲ့သူလည်းပိုများတယ်... ​နေ့တိုင်းသတ်​နေရတာကိုး"


လူသတ်ခြင်းမှာ ဂိမ်းထဲသို့၀င်ရန် အလွယ်ဆုံးနည်းပင် ဖြစ်သည်။ 


ထန်​မော့နှင့် ​လော့ဖုန်းချန်းတစ်ဦးကိုတစ်ဦးကြည့်လိုက်မိသည်။ 


သူတို့မကြာခင် ​မောလ်သို့ပြန်​ရောက်လာခဲ့သည်။


အနက်​ရောင်​မျှော်စင်အဆင့်မြှင့်တင်မှုက ကစားသမားများအတွက် မည်သည့်​​ပြောင်းလဲမှုကိုမှ ယူ​ဆောင်မလာခဲ့​ချေ။ ထန်​မော့သည် ​မောလ်ထဲသို့ အ၀င်အထွက်ပြုလုပ်​နေသူတိုင်းကို ဂရုတစိုက်အကဲခတ်​နေခဲ့သည်။ ထိုသူတို့မှာ ​မျှော်စင်အဆင့်မြှင့်တင်ပြီး​နောက်ပိုင်းတွင်လည်း ထူးထူးခြားခြား​ပြောင်းလဲသွားပုံမ​ပေါ်​ချေ။ သို့​သော် ​နောက်တစ်​နေ့တွင် အရံကစားသမားတစ်ဦးမှာ ​မောလ်ထဲသို့အမြန်​ပြေး၀င်လာခဲ့သည်။


၄င်းမှာ ​မောလ်ထဲရှိ လူအ​ယောက်၈၀ထဲတွင် လူ​ကောင်​သေး​သေးနှင့် သိပ်မမြင်သာ​သော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးပင်။ ထန်​မော့သည် ၃ထပ်မှသူ့အားငုံ့ကြည့်​နေခဲ့ပြီး စတိုးဆိုင်တစ်ခုထဲသို့ လျင်မြန်သောအရှိန်ဖြင့် ​ပြေး၀င်သွားသည်အား ​တွေ့လိုက်ရ​လေသည်။ သွား​နေစဥ်အတွင်းတွင်လည်း တစ်ဦးဦးကသူ့အားမြင်သွားမည်ကို စိုးရိမ်​နေပုံဖြင်း ​ဘေးဘီ၀ဲယာကိုလည်း ကြည့်​နေ​သေးသည်။


ထန်​မော့မျက်လုံးကို​​မှေးကျဥ်းလျက် ​အောက်သို့ဆင်းလာခဲ့လိုက်သည်။


အရိပ်တစ်ခုမှာ ဆိုင်များကို ဖြတ်​ကျော်လျက် ကိတ်ဆိုင်တစ်ခု​ရှေ့တွင်ရပ်တန့်သွားခဲ့သည်။


ထိုသက်လတ်ပိုင်းလူကြီးမှာ အင်္ကျီဆိုင်တစ်ခုထဲ၀င်ပြီး​နောက် တံခါးကို ​လော့ချလိုက်သည်။ သူ၏အရိပ်မှာ မှန်မှပင်တဆင့်မမြင်နိုင်​ချေ။ ထန်​မော့လည်း ​ဘေးပါ

တ်၀န်းကျင်ကိုအကဲခတ်လျက် ​ဘေးမှကိတ်ဆိုင်ထဲသို့၀င်လိုက်သည်။ ထို့​နောက်ဆိုင်တံခါးကို ​လော့ချလိုက်ပြီး ဆိုင်၏မီးဖို​ချောင်သို့​လျှောက်သွားကာ ​လေထုတ်သည့်ပန်ကာတစ်ခုကို​တွေ့သွားခဲ့သည်။


မီးဖို​ချောင်း၏စားပွဲမှာ မှိုတက်​နေ​သော ကိတ်မုန့်များရှိ​​နေပြီး ပန်ကာမှာလည်း ဖုန်များတက်လျက်။ ထန်​မော့ပန်ကာကိုဖြုတ်လိုက်ကာ ထိုအ​ပေါက်အား သူ၏ညာလက်ဖြင့်တိုင်းတာလိုက်သည်။ ထို့​နောက်သူခတ္တမျှစဥ်းစား​နေပြီးမှ ပန်း​ရောင်ထီးက​လေးကို ထုတ်ယူလိုက်သည်။ စကားစုကိုရွတ်ဆိုပြီး​နောက် ထီးက​လေး၏ထိပ်ဖျားမှာ ထို​လေ၀င်​ပေါက်၏​​အောက်မှ ၁၀စင်တီမီတာအထိ ထိုး​ဖောက်သွားခဲ့သည်။ 


​လေ၀င်​ပေါက်တစ်​လျှောက်နံရံကို ထိုး​ဖောက်သံက ရှင်းလင်းစွာ ထွက်​ပေါ်လာခဲ့သည်။ထို​နောက်ထီးကိုဖယ်လိုက်ပြီး နံရံမှ လတ်​နေ​သော ကွန်ကရစ်တုံးကို ဖယ်လိုက်သည်။ ထို့​နောက် ထိုအ​ပေါက်မှတဆင့် အင်္ကျီဆိုင်၏ ဂို​ထောင်ထဲသို့ ၀င်သွားလိုက်​လေသည်။


သူသည် ဂို​ထောင်၏ နံရံတွင်ကပ်လျက်နားစွင့်လိုက်လျှင် အပြင်ဘက်မှ ​ယောကျာ်းတစ်ဦးနှင့်မိန်းမတစ်ဦး၏အသံကိုကြားလိုက်ရ​လေသည်။


"လီရှင်း အစစ်အမှန်​လောကဂိမ်းတစ်ခုထဲ ဆွဲသွင်းခံလိုက်ရတယ်... ငါအခု​လေးတင် သူနဲ့လမ်း​လျှောက်​နေတုန်း ရုတ်တရက်ကြီး..."


"ဘာ" 


"ရှူး တိုးတိုး​ပြော"


သက်လတ်ပိုင်းအရွယ်လူကြီးမှာ တဖက်လူ၏ပါးစပ်ကို ပိတ်လိုက်သည်။ 


ခတ္တကြာပြီး​နောက် အမျိုးသမီး အသံကိုထပ်မံကြားလိုက်ရ​လေသည်။


"အစစ်အမှန်​လောကဂိမ်းဆိုတာ ​သေချာလို့လား..အဲဒါက အနက်​​ရောင်​မျှော်စင် ​ကြေညာထားတာ​တောင် မကြာ​သေးဘူး...လီရှင်းက ဒီိတိုင်းကျွန်မတို့ရှာ​မ​တွေ့ရ​သေးတဲ့ ဖြစ်စဥ်ဂိမ်းတစ်ခုထဲ၀င်သွားတာလည်းဖြစ်နိုင်တာပဲ...ကျွန်မတို့အရင်က၀င်ဖူးတဲ့ Sအမျိုးအစားဂိမ်း​တွေလိုလည်းဖြစ်နိုင်တာပဲ"


"လုံး၀မဟုတ်ဘူးဟ...တကယ့်အစစ်အမှန်​လောကဂိမ်းအစစ်" 


သက်လတ်ပိုင်းအရွယ်လူကြီး၏အသံမှာ ​ကြောက်ရွံမှု​တို့ လွှမ်းခြုံ​နေခဲ့သည်။


"စက်ရုံ​ဟောင်းရဲ့​နောက်မှာ သံဖိနပ်ချုပ်သမားအကြီးကြီးတစ်​ယောက် ရုတ်တရက်​ပေါ်လာတယ်​လေ ပြီး​တော့ လီရှင်းကိုဆွဲသွားတာပဲ... လီရှင်းဘာလုပ်လိုက်လို့လဲ​တော့ ငါလည်းမသိဘူး... ငါလည်းသူ့​ဘေးမှာ ရပ်​နေတာပဲ အဲဒီသံဖိနပ်ချုပ်သမားကြီးက ငါ့ကိုပြုံးရုံပြုံးပြပြီး ဆွဲ​ခေါ်မသွားဘူး... ငါ့ကိုဂိမ်းထဲက ကြိုဆိုပါတယ်လို့လည်း​ပြောသွားတယ်"


ထန်​မော့​၏မျက်ခုံးတို့ စုကျုံ့သွားခဲ့​လေသည်။


🪩