Chapter 75
Viewers 7k

🌍Chapter 75




ကတ်များမှာ ​တောက်ပ​သောအလင်း​ရောင်များ ဖြတ်ခနဲလင်းလာခဲ့ပြီး ကစားသမားများမှာ ​နောက်တစ်ကြိမ် မျက်လုံးမှိတ်ထားလိုက်ရပြန်သည်။ ထိုစူးရှ​တောက်ပ​သောအလင်း​ရောင်ထဲတွင် ပီနိုကီယိုသာလျှင် မျက်လုံးဖွင့်နိုင်ပြီး ထိုကတ်နှစ်ကတ်အား စိတ်၀င်စားစွာကြည့်​နေခဲ့သည်။


ခရက်...


"အာ..." 


ပီနိုကီယို အာ​မေဋိတ်သံပြုလာခဲ့သည်။


ကတ်ကွဲ​ကြေလာသည့်အသံမှာ အလွန်ထင်ရှားလွန်း​နေခဲ့သည်။ ကစားသမားများမှာ အသက်ပင်ရဲရဲမရှူ၀ံ့ပဲ မည်သည့်ကတ်ကကွဲ​ကြေသွားသည်ကို စိုးရိမ်တကြီးကြည့်​နေခဲ့ကြ​လေသည်။ အဖြူ​ရောင်အလင်းက ​နောက်ဆုံးတွင် တဖြည်းဖြည်းမှိန်​ဖျော့လာခဲ့သည်။ ထန်​မော့လည်း ကတ်နှစ်ကတ်ကို လှမ်း၍ ကြည့်လိုက်​လေသည်။


ကတ်တစ်ကတ်မှာ အမှုန့်အဖြစ်​ပြောင်းလျက် ​လေထဲသို့ ​ပျောက်ကွယ်သွားခဲ့သည်။


ထန်​မော့ဘက်ခြမ်းမှ သက်လတ်ပိုင်းအရွယ်လူကြီးမှာ ၀မ်းသာအားရ​အော်ဟစ်လာခဲ့သည်။ 


"နိုင်ပြီကွ ဒီတစ်ကြိမ် ငါတို့နိုင်ပြီ"


တဖက်အသင်းမှ မိန်းက​လေး၏မျက်နှာမှာ ဖြူ​ဖျော့သွားခဲ့သည်။ သို့​သော်သူမမှာ ဤရလဒ်ကို ​မျှော်လင့်ထားပြီးပုံပင်။ သူမမှာ စိတ်ကိုတည်ငြိမ်​အောင်ထိန်းလျက် စီးချင်းထိုးဧရိယာသို့ထွက်လာခဲ့​လေသည်။ ထို့​နောက် ပင်နိုကီယိုကို ကြည့်လျက် 


"စည်းမျည်းအရဆို မတူတဲ့ကတ်​တွေရဲ့ ပိုင်ရှင်နှစ်​ယောက်က စီးချင်းထိုးရမှာမလား..ရှုံးတဲ့သူက ​နောက်ဂိမ်းကို​ရောက်သွားပြီး နိုင်တဲ့သူက​နေခဲ့ရမယ်"


ခတ္တမျှရပ်တန့်သွားပြီး​နောက် သူကဆက်​ပြောလာခဲ့သည်။


"အခုကျွန်မကတ်က​ပျောက်သွားပြီဆို​ပေမဲ့ ကျွန်မနိုင်ရင် ​နေခဲ့ရမယ်မလား"



ပီနိုကီယိုက သူ၏နှာ​ခေါင်းကို အသာထိလိုက်ကာ​ဖြေသည်။


"ဒါ​ပေါ့ နိုင်တဲ့သူက​နေခဲ့ရမှာ​ပေါ့" 


သက်လတ်ပိုင်းအရွယ်လူကြီးက ​​အော်ဟစ်လာခဲ့သည်။ 


"နိုင်တဲ့သူက​နေခဲ့ရမယ်ဆိုတာ ဘာကို​ပြောတာလဲ"


ထန်​​မော့ဘက်မှ ​ငွေ​ရောင်အလင်းတန်းမှာ သက်လတ်ပိုင်းအရွယ်လူကြီး၏နဖူးထံသို့ချိတ်ဆက်​နေခဲ့သည်။


မိန်းမငယ်​လေးမှာ သူမ၏​ကျောပိုးအိတ်ထဲမှ ​သေနတ်တစ်လက်ကိုဆွဲထုတ်လိုက်ကာ 


"ရှင်မလား ထွက်လာခဲ့"


ထိုလူကြီးမှာ မလှုပ်ရှားရဲခဲ့​ချေ။ ဂိမ်းကိုအနိုင်ရရှိ​သော​ပျော်ရွှင်မှုမှာ ​ပျောက်ကွယ်သွားခဲ့​ချေပြီ။ သူကထန်​မော့အား ​ကြောက်ရွံ့စွာ ကြည့်လာ​သော်လည်း ထန်​မော့ကသူ့အား လျစ်လျူရှူထားခဲ့သည်။ ထိုအစား သူ၏​ရှေ့မှ အနက်၀တ်အမျိုးသားကိုသာ တိတ်ဆိတ်ကြည့်​နေခဲ့​လေသည်။ တဖက်လူသည်လည်း သူ့အား ပြန်လည် စိုက်ကြည့်​နေခဲ့သည်။ လူနှစ်ဦး၏ အကြည့်များမှာ ​လေထုထဲတွက် ချိတ်ဆက်လျက်။ စကားတစ်ခွန်းမျှမဆို​သော်လည်း အသံတိတ်စကားဖလှယ်​နေကြသည့်နှယ်။


ဤတစ်ကြိမ်တွင် သက်လတ်ပိုင်းအရွယ်လူကြီးမှာ ဘုရင်မကတ်ကို ကိုယ်စားပြုခဲ့သည်။


လွန်ခဲ့​သော ၅မိနစ်က ထန်​မော့သည် တစ်သင်းလုံးကို ခြိမ်း​ခြောက်ကာ ဖိနှိပ်ထားခဲ့ပြီး ဘုရင်မကတ်ကို ​​ရွေးချယ်​စေခဲ့သည်။ အနက်​ရောင်​မျှော်စင်မှ ကတ်များကို ​ရောလိုက်ပြီး​နောက် ထန်​မော့မှာ အ​စေခံဖြစ်လာပြီး ​ကျောက်၀မ်ပင်းမှာ စစ်သည်​တော်ဖြစ်လာပြီး သက်လတ်ပိုင်းလူကြီးမှာမူ ဘုရင်မဖြစ်လာခဲ့သည်။ သက်လတ်ပိုင်းအရွယ်လူကြီးမှာ ​ကြောက်ရွံ့သွားခဲ့သည်။ အကယ်၍ တစ်ဖက်ကတ်သာ အ​စေခံကတ်ဖြစ်​နေခဲ့လျှင် သူ၏ကတ်မှာ ပယ်ဖျက်ခံလိုက်ရ​ပေမည်။ တဖက်က ဘုရင်ကတ်ကိုမ​ရွေးသ၍ မည်သည့်ကတ်ကို​ရွေး​ရွေး ​ကြေမည်မဟုတ်​ချေ။ ဆိုလိုသည်မှာ စီးချင်းထိုးသက်​ရောက်မှုအသက်၀င်လာသည်မှာ ​သေချာသ​လောက်ပင်။


'မင်းက သိပ်သန်မာတယ်မဟုတ်ဘူးလား။ မင်းကစီးချင်းချင်​နေတာမဟုတ်လား ငါကဘာလို့အစား ​သေ​ပေးရမှာလဲ'


သက်လတ်ပိုင်းလူကြီးမှာ ၄င်းတို့ကို ထန်​မော့အား တိုက်ရိုက်မ​ပြောရဲခဲ့​​ချေ။ သူနှင့်​ကျောက်၀မ်ပင်းမှာ ဘုရင်မကတ်ကို အတင်း​ရွေးချယ်ခိုင်းခြင်းခံခဲ့ရသည်။ ကံ​ကောင်းသည်က သူ၏ပြိုင်ဖက်မှာ ထိုအနက်၀တ်အမျိုးသားမဟုတ်ပဲ မိန်းက​လေးတစ်ဦးဖြစ်​နေခဲ့ခြင်းပင်။


‘"မိန်းမပဲကို သူကမိန်းမတစ်​ယောက်ပါပဲ" 


သက်လတ်ပိုင်းအရွယ်လူကြီးမှာ သူ့ကိုယ်သူနှစ်သိမ့်လျက် ကွင်းပြင်သို့၀င်လာခဲ့သည်။


မိန်းက​လေးမှာ ပစ္စတိုတစ်လက်ကို ကိုင်ထားသည်ဖြစ်၍ သူကမ​ပေါ့ဆရဲ​ချေ။ သို့​သော် သူမက ​ကျောင်းသူ​လေးကဲ့သို့ ခိုး​ကြောင်ခိုး၀ှက်မတိုက်ခိုက်ခဲ့​ချေ။ သူမက​သေနတ်ကို​မြှောက်လျက် ​နေရာသို့​လျှောက်လာခဲ့သည်။ ထို့​နောက် သူမ၏ဘယ်လက်ကို​မြှောက်လိုက်ပြီး​နောက် သူမ၏လက်ခလယ်နှင့် လက်ညှိုးကိုခွာလိုက်သည်။ ထို့​နောက်သူမ၏လက်အား သူမ၏​မျက်နှာ​ရှေ့တွင်ထားလိုက်ကာ လက်ခလယ်နှင့် လက်ညှိုးမှာ ​ထောင့်ချိုးတစ်ခုကို ဖြစ်​ပေါ်​စေလျက် သူမ၏ညာဘက်မျက်လုံးကို ​ဖော်ပြလာခဲ့သည်။


သက်လတ်ပိုင်းအရွယ်လူကြီးမှာ သူမအား ​ရတက်မ​အေးစွာ ကြည့်လာခဲ့သည်။


ထန်​​မော့သည်လည်း သူမ၏လှုပ်ရှားမှုကို မြင်လျှင် မျက်​မှောင် ကျုံ့လိုက်မိ​လေသည်။ 


​နောက်တစ်စက္ကန့်တွင်သူသည် တိုးညှင်း​သော အသံကို ကြားလိုက်ရသည်။


 â€œCheckmate.”


ဘန်း...


ကျည်ဆံတစ်ခု ရုတ်ချည်း ​ပြေးထွက်လာခဲ့သည်။


သက်လတ်ပိုင်းအရွယ်လူကြီးက အရံကစားသမားသာဖြစ်သော်လည်း သူ၏ခွန်အားမှာအ​တော်​လေးတိုးတက်လာခဲ့သည်ပင်။ သူ လျင်မြန်စွာ တုန့်ပြန်လျက် ကျည်ဆန်အား ​ရှောင်လိုက်သည်။ ထို့​နောက် ဓါးကိုဆွဲထုတ်လျက် ​အော်ဟစ်ကာ ထိုမိန်းက​လေးဆီ​ပြေး၀င်သွား​တော့သည်။ သို့​သော် သက်လတ်ပိုင်းအရွယ်လူကြီးမမြင်လိုက်သည်မှာ သူ့ကိုပစ်ရန် လွဲ​ချော်သွား​​သော ကျည်ဆန်မှာ ​နောက်မှ ပြန်​ကွေ့လျက် လိုက်လာသည်ကိုပင်။


ထို့​နောက် ​ထိုလူကြီး၏ ​ခေါင်းအ​နောက်မှ ​ဖောက်၀င်လျက် မျက်ခုံးနှစ်ခုကြားမှ ​ဖောက်ထွက်လာခဲ့ပြီး ​သွေးများပန်းထွက်လာခဲ့သည်။


သက်လတ်ပိုင်းအရွယ်လူကြီးမှာ မျက်လုံးအပြူးသားနှင့် လဲကျသွားခဲ့ပြီး အဘယ်​ကြောင့် ​သေသွားရသည်ကို နားမလည်ခဲ့​​ချေ။ ထိုမိန်းက​လေးမှာ ဒုတိယကျည်ဆန်ကို မပစ်ခဲ့သည်မှာ အ​စေအချာပင်။ ထိုကျည်ဆန်မှာ မည်သည့်​နေရာက​ရောက်လာပါသနည်း။ သူ၏ကြီးမား​သောကိုယ်ကြီးမှာ ကြမ်းပြင်တွင်လဲကျလျက် နဖူးအ​ပေါက်ထံမှ ​သွေးများဒလ​ဟော စီးကျ​နေခဲ့သည်။


ပီနိုကီယို ပြုံးရွှင်လျက် သူ၏အသက်၀င်​နေ​သော မျက်လုံးများကို မဖုံးကွယ်နိုင်ခဲ့​ချေ။


အနက်​ရောင်တွင်း​ပေါက်ကြီးတစ်ခုက ထိုလူကြီး၏ ကိုယ်​အောက်တွင်​ပေါ်လာခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ထိုခန္ဓာကိုယ်ကြီးကို စုပ်ယူသွားခဲ့သည်။


ဤသည်မှာ ကစားသမား၈​ယောက်ထဲမှ ပထမဆုံး ​သေဆုံးသူပင်။


 â€‹á€€á€ťá€ąá€Źá€€á€şá€á€™á€şá€•င်း သူ၏အသင်း​ဖော်​သေဆုံးသွားမှု​ကြောင့် ​ကြောက်လန့်သွားသည့်အလား ​နောက်သို့တစ်လှမ်းခန့်ဆုတ်လိုက်မိ​လေသည်။


၄င်းမှာ စွမ်းရည်တစ်ခုပင်။


ထန်​မော့သည် သူ၏အသင်း​ဖော်များထံ ပြန်​လျှောက်သွား​​သော မိန်းက​လေးအား တည်ငြိမ်စွာကြည့်​နေခဲ့သည်။


ပီနိုကီယိုက ထိုစိတ်၀င်စားစရာမြင်ကွင်းမျိုးကို အလွန်နှစ်ခြိုက်ပုံပင်။ သူကသီချင်း​လေးကိုညည်းလျက် အသင်းနှစ်ခု၏ အလယ်သို့​လျှောက်လာခဲ့​လေသည်။


စီးချင်းထိုးပွဲပြီး​နောက် ဘုရင်မကတ်မှာ ထန်​မော့တို့ဘက်ခြမ်းသို့ ပြန်​လည်​ရောက်ရှိလာခဲ့သည်။ ထန်​မော့အသင်းတွင် ကတ်၃ကတ်ရှိ​သေးသည့်တိုင် အသင်းသားက​တော့၂ဦးသာ ရှိ​တော့သည်။


"စစ်သည်​တော်ကတ်ပဲ" 


ထန်​မော့ အနက်၀တ်အမျိုးသားကိုကြည့်လိုက်သည်။ 


အနက်၀တ်အမျိုးသားမှာ သူ့အားပြန်ကြည့်​နေခဲ့ပြီး သူ၏​လေသံမှာ ပကတိညင်သာ​နေခဲ့သည်။


"ဘာလို့လဲ"


"​နောက်တစ်ကတ်က ဘုရင်မကတ်လို့ ကျွန်​တော်တမင်​ပြောလိုက်ကတည်းက ခင်များနည်းနည်း​တော့ တုန်လှုပ်သွားတယ်​လေ.. မတိုင်ခင်ကခင်များက အသာစီးရ​နေခဲ့တာ..ခင်များရဲ့ စစ်သည်​တော်ကတ်ကိုဖယ်ပြီး အ​စေခံကတ်ကိုသုံး​နေသ၍ ရှုံးမှာမဟုတ်ဘူး"


ထန်​မော့ အမူအယာမဲ့စွာဆိုလိုက်သည်။


"မူးမတ်ကတ်ကလည်း စစ်သည်​တော်ကတ်နဲ့တူပါတယ်...ခင်များရဲ့​ရွေးချယ်မှု​တွေက ဘုရင်ကတ်...အ​စေခံကတ်နဲ့ တခြားကတ်​တွေပဲ...ခင်များဘာ​ရွေး​ရွေး ကျွန်​တော့်ကတ်​တွေဖိနှိပ်မခံရဖို့ အခွင့်အ​ရေး သုံးပုံတစ်ပုံရှိတယ်"


သူကကျွန်​တော်တို့လို့မသုံးပဲ ကျွန်​တော်ဟုသာ သုံးနှုန်းခဲ့သည်။


ဤဂိမ်းမှာ ယခု ထန်​မော့နှင့် အနက်၀တ်လူကြားမှ ကစားပွဲသာဖြစ်သွား​ချေပြီ။


အနက်၀တ်အမျိုးသားက သူ့အားကြည့်​နေခဲ့သည်။ 


"ငါ​မ​မျှော်လင့်ထားတဲ့ တစ်ခုတည်း​သောအရာက မင်းရဲ့အသင်းကိုဒီ​လောက်မြန်မြန်ကြီး ထိန်းချုပ်လိုက်မှာကိုပဲ...မင်းသာဒီအလှည့်ရဲ့ကတ်ကဘယ်လိုအ​ရေးပါတယ်ဆိုတာသိပြီး အမြန်ဖမ်းဆုပ်နိုင်မယ်မှန်း သိခဲ့ရင် ဒီအချီအတွက် ဘုရင်ကတ်ကို​ရွေးခဲ့မှာ"


အကယ်၍ ထန်​မော့သာ သူ၏အသင်း​ဖော်နှစ်ဦးကို မထိန်းချုပ်ခဲ့လျှင် သူတို့၏တွက်ချက်မှုအရ ဘုရင်မကတ်ကိုသာထုတ်လာလိမ့်မည်။ သူတို့အ​စေခံကတ်ကို ထုတ်စရာအ​ကြောင်းမရှိ​​ချေ။ ထန်​မော့ထိုစကားကို​ပြောခဲ့လျှင်​တောင် အ​စေခံကတ်ကို​တော့ ထုတ်လာမည်မဟုတ်။ ထို့​နောက် အနက်၀တ်အမျိုးသားမှာ ဘုရင်ကတ်ကိုထုတ်လျက် သူ၏ပြိုင်ဘက်ကိုဖိနှိပ်ထားနိုင်ခဲ့လိမ့်မည်။ သို့တည်းမဟုတ် သ​ရေကျမှာဖြစ်သည်။


သို့​သော် ထန်​မော့မှာ တဖက်အသင်းအား မိမိတို့ဘုရင်မကတ်ကို ထုတ်မည်ဖြစ်​ကြောင်း ဆိုခဲ့သည်။ ထို့​ကြောင့်လည်း သူ၏အသင်း​ဖော်၂ဦးမှာ ဘုရင်မကတ်ကို ထုတ်လျှင် ရှုံးနိမ့်မည်ကို စိုးရိမ်​နေခဲ့ကြခြင်းပင်။ မိမိ၏အသင်းသား ၂ဦး၏ ဘုရင်မကတ်ကို ​ရွေးချယ်မည့်ရာခိုင်နှုန်းမှာ ၂၀ရာခိုင်နှုန်းပင်မရှိ​ချေ။


ထန်​မော့တစ်မဲသာလျှင်ရှိခဲ့သည်။ သူ၏အသင်း​ဖော်များကို သိမ်းသွင်း၍မရသလို သူ​ပြောသည်ကိုလည်း လက်မခံချင်ခဲ့။


သို့​သော်လည်းသူက ခွန်အားဖြင့်သာ တစ်သင်းလုံးကို ဖိနှိပ်လျက် ​ရွေးချယ်မိကတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်။


အနက်၀တ်အမျိုးသားမှာ အသာပြုံးလိုက်သည်။


"မူးမတ်ကတ်မဟုတ်ပဲ ဘာလို့စစ်သည်​တော်လို့ ထင်တာလဲ"


အနက်၀တ်အမျိုးသားမှာ ဘုရင်ကတ်ကို​သော်လည်း​ကောင်း အ​စေခံကတ်ကို​သော်လည်း​ကောင်း မ​ရွေးခဲ့​ချေ။ အဘယ်​ကြောင့် စစ်သည်​တော်ကတ်ဟု ​သေချာ​နေရပါသနည်း။


ထန်​မော့ထိုအမျိုးသားကိုပြန်ကြည့်လျက် မည်သည်ကိုမှ မဆိုခဲ့​ချေ၊ သူ၏လက်ကို အိတ်ကပ်ထဲသို့ထည့်လျက် ကြက်ဆင်ဥကို ထိလိုက်သည်။ ၄င်းကို နှစ်ကြိမ်ခန့်​ခေါက်လိုက်​သော်လည်း ၃ကြိမ်​မြောက်တွင် ရပ်တန့်သွားပြန်သည်။ သူသည်အနက်၀တ်အမျိုးသားအား တည်ငြိမ်စွာကြည့်လိုက်သည်။ သူ၏​လေသံမှာ တည်ငြိမ်​နေ​သော်လည်း အကူအညီမဲ့မှု အနည်းငယ်ပါရှိ​နေခဲ့သည်။


"ခင်များက ကျွန်​​တော်တို့ စစ်သည်​တော်ကတ်ထုတ်မယ်လို့ထင်ထားတာကိုး...ခင်များသာ မူးမတ်ကတ်ကို ထုတ်ခဲ့ရင် စီးချင်းထိုးသက်​ရောက်မှုကို အသက်သွင်းမိပြီး တိုက်ခိုက်ရ​တော့မယ်.. စစ်သည်​တော်ကတ်နှစ်ကတ်သာဆို ကတ်​တွေလည်း​ကြေသွားပြီး စီးချင်းထိုးသက်​ရောက်မှုလည်း ပွင့်လာမှာ မဟုတ်​တော့ဘူး..ဘယ်သူမှလည်း စွန့်စားစရာမလို​တော့ဘူး​လေ"


ထန်​မော့ခတ္တမျှ တန့်သွားပြီးမှ ဆက်​ပြောလာခဲ့သည်။


"ကျွန်​တော်ခင်များကိုသိလာတာအ​တော်ကြာပြီ...ခင်များမှာဘာလို့ ဒီလိုဇစ်မြစ်မျိုးရှိ​နေသလဲ​တော့ မသိပေမယ့် လူကြီးမင်းဖူ ခင်များက ​သွေး​အေး​တဲ့သူလို့​တော့ ကျွန်​တော်မထင်ပါဘူး ရွေးချယ်ခွင့် နှစ်မျိုးရှိရင် ခင်များ​နောက်လူတစ်​ယောက်ကို အန္တရာယ်များတဲ့ ဂိမ်းထဲ တွန်းပို့ချင်မှာ မဟုတ်ဘူး"


ဖူ၀မ်​သော်ပြုံးလိုက်သည်။ 


"ဒီလိုဆို မင်းလည်း စစ်သည်​တော်ကတ်ကို​ရွေးလိုက်ရင် အဲဒီလူကို အန္တရာယ်ထဲတွန်းပို့စရာမလို​တော့ဘူး​လေ"


သူ၏စဥ်းစားမှုအရ ဤသည်မှာ အ​ကောင်းဆုံး​ရွေးချယ်မှုပင်။ မည်သူကမျှ ​မျှော်စင်တိုက်ခိုက်ဂိမ်းထဲသွားစရာမလိုသလို မည်သူမျှလည်း ​သေစရာမလိုအပ်။ 


ထန်​မော့ကညင်သာစွာဆိုလာခဲ့သည်။


"ဒါ​ပေမယ့် ကျွန်​တော်တို့မှာ လူ၃​ယောက်ပဲရှိတယ် စစ်သည်​တော်ကတ်သာမရှိ​တော့ရင် အဆုံးမှာကျွန်​တော်တို့အတွက် အရှုံးပဲ​လေ ကျွန်​တော်​ခြေတစ်လှမ်းမှ မှားလို့မဖြစ်ဘူး သူကတစ်​ယောက်တည်း ကျွန်​တော်တို့က နှစ်​ယောက်" 


ထန်​မော့ သူ့​ဘေးမှ ​ကျောက်၀မ်ပင်းကို လက်ညှိုးထိုးလိုက်သည်။


​ကျောက်၀မ်ပင်းမှာ ထန်​မော့ထံမှ စကားထဲထည့်​ပြောခံရ၍ အနည်းငယ် ​စိတ်လှုပ်ရှားသွားခဲ့သည်။


ထန်​မော့သူ့အားမကြည့်ခဲ့​​ပေ။ သူကမျက်နှာချင်းဆိုင်မှ ဖူ၀မ်​သော်ကိုသာ တချိန်လုံး စိုက်ကြည့်​နေခဲ့ပြီး 


"ဒါ​ပေမယ့် ကျွန်​​တော် တစ်​ယောက်တည်းဖြစ်ခဲ့ရင်​တောင် ကျွန်​​တော်က​အဲ​လောက်ထိ​ကောင်းတဲ့သူမျိုး မဟုတ်ဘူး...သူနဲ့ကျွန်​တော်နဲ့ တစ်​ယောက်ထဲမှာ ကျွန်​တော့်အတွက် အသက်ရှင်ဖို့ ပိုလွယ်ကူတဲ့လမ်းကိုပဲ ​ရွေးမှာ"


ဖူ၀မ်​သော်ကပြုံးလိုက်သည်။


ပီနိုကီယိုမှာ သူတို့နှစ်ဦးကိုကြည့်လျက် သူ၏နှာ​ခေါင်းကို ထိလိုက်သည်။


"ကြည့်ရတာ မင်းတို့၂​ယောက်ကသိ​နေပုံပဲ... သူငယ်ချင်း​တွေလား..ပျော်ဖို့​ကောင်းလိုက်တာ... ပင်နိုကီယိုရဲ့ရိုးသားမှုကတ်ဂိမ်းက သူငယ်ချင်း​တွေကို အကြိုဆိုဆုံးပဲ...ဒီိဂိမ်းကို​ဆော့ခဲ့ကြတဲ့ ဘယ်သူငယ်ချင်း​တွေမဆို လှပတဲ့ခင်မင်မှု​တွေကို ပြခဲ့ကြတာကွာ..ဒီဂိမ်းပြီးတာနဲ့ ပို​တောင်ချစ်ခင်သွားကြ​သေး"


ထန်​မော့ရုတ်ချည်း ကွင်းပြင်​ဆီသို့​လျှောက်သွားလိုက်သည်။ 


"လူကြီးမင်းဖူ ကျွန်​တော်အခု ဘုရင်မကတ်ရဲ့ အထူးအခွင့်အ​ရေးကိုသုံးပြီး ခင်များကို ​မေးခွန်းတစ်ခု​မေးမယ်"


ပီနိုကီယို၏လက်ထဲမှ ​ရွှေကြယ်ကြီးထံမှ အလင်းတန်းတစ်ခု တဖြတ်ဖြတ်လင်းလက်လာပြီး တဖက်မှာ ထန်​မော့ကို ဆက်သွယ်ထားလျက် ကျန်တစ်ဖက်မှာ ဖူ၀မ်​သော်ကို ဆက်သွယ်ထားခဲ့သည်။ ထိုအလင်းတန်းမှာ လူနှစ်ဦး၏ လက်များကို ချိတ်ဆက်ထားခြင်းပင်။ ထန်​မော့ထိုအလင်းတန်းကိုဆုပ်ကိုင်လိုက်စဥ် ဖူ၀မ်​သော် ပြုံးလိုက်ပြီး အလင်းတန်းကို ဖမ်းဆုပ်လျက် ထန်​မော့ထံ တဖြည်းဖြည်း​လျှောက်လာခဲ့သည်။


"တင်း​တောင်~ 'အိမ်ပြန်ပြီး အ၀တ်​လျှော်ဘုတ်ပြား​ပေါ် ဒူး​ထောက်​စေ' သက်​ရောက်မှုကို အသက်သွင်းလိုက်ပါပြီ...ဘုရင်မကတ်မှာ ​မေးခွန်းတစ်ခု​မေးပိုင်ခွင့်ရှိပါတယ်...မေးခွန်းမှာ ကတ်များနှင့်ပတ်သတ်မှူမရှိရ..အ​မေးခံရသူမှာ ဟုတ်တယ်မဟုတ်ဘူးသာ ​ဖြေခွင့်ရှိသည်..လိိမ်ညာသည်နှင့် ရှုံးနိမ့်မည်ဖြစ်သည်"


အနီးသို့​ရောက်​သောအခါမှာ ထန်​မော့မှာ မိမိ​​ရှေ့ကအမျိုးသားသည် သူ့ထက် အနည်းငယ် ပိုမြင့်​ကြောင်း သတိထားမိခဲ့သည်။


သူသည် တဖက်လူအား တည်ငြိမ်စွာ​မော့ကြည့်လိုက်သည်။


"လူကြီးမင်းဖူ ဘုရင့်​ရွှေဒင်္ဂါးက ​မော့​မော့ထက်ပိုအ​ရေးကြီးတယ်လို့ထင်လား"


ဖူ၀မ်​သော်မှာ သူ့အား တိတ်ဆိတ်စွာကြည့်​နေခဲ့ပြီး အ​တော်ကြာမှ ​မေးလာခဲ့သည်။


"​မော့​မော့ဆိုတာ ဘယ်​မော့​မော့ကို​ပြောတာလဲ"


ထန်​မော့လည်း လွန်ခဲ့​သော တစ်လခန့်က သူ၏စွမ်းရည်နှင့် ​ပြောင်းခဲ့​သောအမည်ကို ပြန်သတိရသွားမိလျက် ​ချောင်းအသာဟန့်လိုက်သည်။


"ကြက်ဆင်ဥ"


ဖူ၀မ်သော် အခု​လေးတင်ထို​မေးခွန်းကို ​မေးခဲ့သည်က စ​နောက်လို၍မဟုတ်​ပေ။ သူအတည်အတန့်​မေးခဲ့ခြင်းဖြစ်သည်။ ထန်​မော့၏အ​ဖြေကိုကြားသည်နှင့် သူချက်ချင်းပြန်မ​ဖြေပဲ အ​လေးအနက်​တွေး​နေခဲ့​လေသည်။ သူ​သေချာ​အောင်​မေးရခြင်းမှာ အနက်​ရောင်​မျှော်စင်မှ သူ့အားလိမ်လည်​နေသည်ဟု သတ်မှတ်လိုက်လျှင် ရှုံးနိမ့်မည်ဖြစ်၍ပင်။


ထန်​မော့လည်း ဖူ၀မ်​သော်၏ ​မေးခွန်းကို နားလည်ကာ သူ၏နှလုံးသားမှာလည်း ယိမ်းယိုင်​နေခဲ့​​ချေပြီ။


ဘုရင့်​ရွှေဒင်္ဂါးမှာ အနက်​ရောင်​မျှော်စင်ဂိမ်းကို ​ကျော်ချခွင့်ပင်ဖြစ်သည်။


​မော့​မော့သည်ကား ဂိမ်းသိမ်းမှတ်ဖြစ်ကာ ၇ရက်တွင်တစ်ခါ ဂိမ်းကို​နောက်ပြန်လှည့်ရန်သုံးနိုင်​သောပစ္စည်းပင်။


အကယ်၍ ထန်​မော့ဤဂိမ်းကိုရှုံးနိမ့်လျက် အနက်​​ရောင်​မျှော်စင်ဂိမ်းထဲသို့ ဆွဲ​ခေါ်ခံလိုက်ရပါက သူအသက်ရှင်မရှင် မည်သူကမျှ မ​ပြောနိုင်​ချေ။ သူ​သေသွားသည်လည်း ဖြစ်နိုင်ကာ ​မော့​မော့အားဘယ်​တော့မှ ထပ်၍သုံးနိုင်​တော့မည်မဟုတ်​ချေ။ ဖူ၀မ်​သော်မှာ ရှားမှရှား ဂိမ်းကူပစ္စည်းတစ်ခုကို ဆုံးရှုံးသွားမည်ပင်။


ထို့​ကြောင့်ပင် ထန်​မော့မှာ သူ့အား ဘုရင့်​ရွှေဒင်္ဂါးနှင့် ​မော့​မော့တွင် မည်သည်ကပိုအ​ရေးပါ​ကြောင်း​မေးခဲ့ခြင်းဖြစ်​လေသည်။


သူ၏​နောက်ထပ်နည်းဗျူဟာအတွက် ဖူ၀မ်​သော်၏ ဆုံးဖြတ်ချက်ကို သိရမှဖြစ်လိမ့်မည်။


ဖူ၀မ်​သော် အ​တော်ကြာ​တွေး​တော​နေခဲ့ပြီး ပြန်​ဖြေမလာခဲ့​ချေ။ ထန်​မော့ စိတ်ရှည်လက်ရှည် ​စောင့်​နေခဲ့သည်။


၃မိနစ်ကြာပြီး​နောက် ဖူ၀မ်​သော်က ​စောင့်​မျှော်​နေ​​သော အ​ဖြေကို ​ပေးခဲ့သည်။


"ဟင့်အင်း"


ဘုရင့်​ရွှေဒင်္ဂါးမှာ ​မော့​မော့ထက်ပိုအ​ရေးပါသ​​လော...


မဖြစ်နိုင်​ချေ...


တစ်ခုမှာ အနက်​ရောင်​မျှော်စင်ဂိမ်းကို တစ်ကြိမ်​ကျော်သွားခွင့်ဖြစ်ကာ ကျန်တစ်ခုမှာ တသက်လုံးသုံးနိုင်​သော ဂိမ်းသိမ်းမှတ်ပင်။


နှိုင်းယှဥ်ကြည့်လျှင် ကျန်တစ်ခုက တန်ဖိုးရှိလှသည်။


ထန်​မော့မှာ ထိုအ​ဖြေကိုကြားလျှင် စိတ်သက်သာရာရသွားခဲ့သည်။


ထိုစဥ်ဖူ၀မ်​သော်မှာ အပြုံးတစ်ခုဖြင့် ထန်​မော့အား ခပ်တိုးတိုးဆိုလာခဲ့သည်။ 


"လူကြီးမင်း​မော့ ​မော့​မော့ကပိုအ​ရေးကြီး​ကောင်းကြီးလိမ့်မယ် ဒါ​ပေမယ့် ကိုယ်က ဘုရင်​ရွှေဒင်္ဂါးကိုလက်လွှတ်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး​နော်"


ထန်​မော့သူ့အားကြည့်လိုက်မိသည်။ 


ဖူ၀မ်​သော်မှာ အချက်တချို့ကို တည်ငြိမ်စွာ ရွတ်ပြလာခဲ့သည်။ 


"ကိုယ်ကဂိမ်းကိုနိုင်ရင် ဘုရင့်​ရွှေဒင်္ဂါးကိုရမှာ..မင်းက​တော့ ​မျှော်စင်ဂိမ်းထဲကို ဆွဲသွင်းခံရမယ်..ဒါ​​ပေမယ့် မင်းမ​သေနိုင်ပါဘူး..အဲလိုအ​ခြေအ​​နေကို ​ရောက်လာခဲ့ရင်​​တောင်..."


ဖူ၀မ်​သော်၏ နှုတ်ခမ်းတို့ တွန့်​ကွေးသွားခဲ့သည်။


"ထန်​မော့ မင်းအဲဒါကို သုံးမှာပဲ​လေ"


ထန်​မော့မျက်ခုံးတို့ တွန့်ချိုးသွားမိသည်။ 


သူသိတယ်...


သူကထန်​မော့တွင် ဘုရင့်​ရွှေဒင်္ဂါးရှိ​နေသည်ကို သိ​နေခဲ့သည်။



🪩