Chapter 71
Viewers 32k

🌍Chapter 71

သူတို့ချည်းပဲ မဟုတ်​ချေ။ ကျန်လူများသည်လည်း ​ထို​ရွှေကြယ်ကြီးအား ​လောဘတက်​နေ​သော မျက်၀န်းများဖြင့် စိုက်ကြည့်​နေခဲ့ကြသည်ပင်။ အနက်​ရောင်၀တ်နှင့်လူကသာ တည်ငြိမ်​သောအမူအယာမျိုးရှိ​နေခဲ့သည်။

 á€‘န်​မ္ဏအက သူ့အားကြည့်​နေသည်ကို ခံစားမိလျှင် သူသည်လည်းပြန်ကြည့်လာခဲ့သည်။

ထန်​မော့နှင့်ထိုအမျိုးသားမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်​နေခဲ့ကြသည်။ 

ပီနိုကီယိုကဆိုလိုက်သည်။ 

"က​လေးတို့စိတ်ပူစရာမလိုပါဘူး ဒါကမင်းတို့ရဲ့ခရစ်စမတ်အတွက် စန်တာကစပရိုက်လုပ်​ပေးတာ​လေ ဂိမ်းရဲ့စည်းမျည်းကိုလိုက်နာ​နေသ၍ ဘယ်သူမှ ဘာမှမဖြစ်ဘူး​နော် မလိုက်နာရင်လည်း ဘာမှမဖြစ်ဘူး" 

​ကျောင်းသူ​လေးက​မေးလာခဲ့သည်။

"ဘာကို​ပြောချင်တာလဲ"

ပီနိုကီယိုက​ပျော်ရွှင်စွာ ဆိုလိုက်သည်။

"ရိုးသားမှုကတ်ဂိမ်းမှာ မင်း​ရောမင်းရဲ့ ပြိုင်ဖက်က​ရော ဘယ်ကတ်ကိုထုတ်မယ်ဆိုတာ မသိနိုင်ဘူး​လေ နှစ်သင်းလုံးကတစ်ကတ်စီ​ရွေးပြီး တစ်ချိန်ထဲမှာ ထုတ်ပြရမယ်...ကတ်​တွေကမတူရင် စီးချင်းထိုးပွဲကိုအသက်သွင်းမိလိမ့်မယ်... ဒါ​ပေမယ့်စိတ်ချပါ ခရစ်စမတ်​နေ့ကြီးမှာ ဘယ်လိုလုပ်မင်းတို့က မွန်းစတားဆီအစားခံရမှာလဲ...စီးချင်းထိုးပွဲဆိုတာ မတူတဲ့ကတ်ပိုင်ရှင်နှစ်​ယောက်တစ်​ယောက်ကိုတစ်​ယောက် ရှင်းပစ်ရရုံ​လေးပဲ နိုင်တဲ့သူကကျန်ခဲ့မယ် ရှုံးတဲ့သူက​တော့ဒီမှာ​နေခဲ့ပြီး ​နောက်ထပ်​ပျော်ရွှင်စရာဂိမ်း​လေးတစ်ခုကိုထပ်​ဆော့ရမှာ​ပေါ့"

​ကျောင်းသူ​လေးက အ​တွေး​ပေါက်သွားကာ ​မေးလာခဲ့သည်။

"​ရှင်​ပြောတာက အကယ်၍နှစ်ဖက်လုံးက ထုတ်လာတဲ့ကတ်​တွေမတူရင် မရိုးသားဘူးလို့ သတ်မှတ်ပြီး​တော့ တစ်သင်းကတစ်​ယောက်စီ တိုက်ခိုက်ရမယ်​ပေါ့ နိုင်တဲ့သူကဆက်​ဆော့ပြီး ရှုံးတဲ့သူက​နောက်ဂိမ်းကိုသွားရမယ် ဒီဟာက အပြစ်ဒဏ်နဲ့လည်းတူမ​နေဘူး..."

ပီနိုကီယိုကမျက်​တောင်တစ်ချက်ခတ်လိုက်သည်။

"​နောက်တစ်ဂိမ်းက စန်တာက​လော့နဲ့ဘာမှမဆိုင်ဘူး ဂိမ်းကိုရှင်းဖို့ဒီ​လောက်ရိုးရှင်း ​အေးချမ်း​နေမှာမဟုတ်ဘူး"

​ကျောင်းသူမှ ဆိုလိုသည်အား နားလည်သွားသည်နှင့် သူမ၏မျက်နှာမှာ ဖြူ​ဖျော့သွားခဲ့သည်။

ဤရိုးသားမှုကတ်ဂိမ်းတွင် ကစားသမား၈ဦးစလုံး တညီတညွတ် လှုပ်ရှားကြသ၍ ​သေဆုံးသူမရှိပဲ ​အေး​အေးချမ်းချမ်း ဂိမ်းကို အဆုံးသတ်နိုင်သည်။ ဂိမ်း၄ကြိမ်ပြီး​နောက် ကတ်များလည်း​ကြေသွားမည်ဖြစ်ကာ ကစားသမား၈ဦးမှာလည်း ဆုလက်ခံမရရှိပဲ ဂိမ်းထဲမှ ထွက်သွားခွင့်ရှိလိမ့်မည်။

သို့​သော် သူတို့ထဲမှတစ်ဦးက ဂိမ်းကိုအနိုင်ယူလိုခဲ့ပါက တဖက်မှ ဘုရင် သို့မဟုတ် ဘုရင်မအား အ​စေခံကတ်နှင့် သတ်ပစ်နိုင်​လေသည်။ 

ဂိမ်းကိုတစ်ညီတညာတည်းအတူတကွအဆုံးသတ်ကြပါက မည်သူမှဆုကိုရရှိမည်မဟုတ်​ချေ။ 

အကယ်၍တစ်ဖက်တည်းကနိုင်သွားပါကမူ လူ၄​​ယောက်မှ ဆုကိုလက်ခံရနိုင်သည်။

ဘုရင့်​ရွှေဒင်္ဂါး...

၄င်းမှာ အနက်​​ရောင်​မျှော်စင်ဂိမ်းတစ်ခုခုကို ​ကျော်သွားနိုင်သည့် အခွင့်အ​ရေးပင်။ 

လွန်ခဲ့သည့်လ၀က်က ထိုဒင်္ဂါးပြား​ကြောင့် ထန်​မော့သည်လည်း ထိုရူးသွပ်လုနီးပါး ခံစားချက်မျိုးကို ခံစားခဲ့ရဖူးသည်။

အခု​တော့...

"​မေးစရာတစ်ခုရှိတယ်"

နက်ရှိုင်း​သောအသံတစ်ခုကဆိုလာခဲ့သည်။

ထန်​မော့ချက်ချင်းဆိုသလို အနက်၀တ်လူအား လှည့်ကြည့်လိုက်မိ၏။

အနက်၀တ်နှင့်လူမှာ ထန်​မော့တို့ဘက်မှလူ၄​ယောက်ကိုကြည့်လာလျက် သူ၏အကြည့်များမှာ ထန်​မော့ထံတွင်ခတ္တမျှ ရပ်သွားခဲ့​လေသည်။ ထို့​နောက်ပီနိုကီယိုအား ပြန်ကြည့်လိုက်ကာ

"အကယ်၍ တဖက်ကနိုင်သွားတယ်ဆိုရင် ရှုံးတဲ့ဖက်ကဘာဖြစ်သွားမှာလဲ"

ပီနိုကီယိုကပြန်​ဖြေလာခဲ့သည်။ 

"မင်းတို့ဒီဂိမ်းမှာ မ​သေပါဘူးလို့​ပြောခဲ့တယ်​လေ... ရှုံးတဲ့သူ​တွေက ​နောက်ဂိမ်းကို၀င်သွားမှာလို့ သူ့တို့ဟာသူတို့ ​နောက်ဂိမ်းမှာ အသက်ရှင်မရှင်က..." 

ပီနိုကီယိုကပြုံးလိုက်ကာ

"ဒီချစ်စရာ​ကောင်းပြီး ကြင်နာတတ်တဲ့ ပီနိုကီယိုကဘယ်လိုသိမှာတဲ့လဲ"

"ပြူး..." 

ပီနိုကီယို၏နှာ​ခေါင်းက ရုတ်တရက်ရှည်ထွက်လာခဲ့သည်။ သူကအလျင်အမြန်ဆိုလိုက်ရသည်။ 

"ဟုတ်ပါတယ် ငါကရုပ်ဆိုးပြီး အကျင့်ပုတ်တာပါ ချစ်ဖို့လည်းတစ်စက်မှမ​ကောင်းဘူး ကြင်လည်းမကြင်နာတတ်ဘူး"

သူ၏နှာ​ခေါင်းမှာ မူလအတိုင်းပြန်ဖြစ်သွားခဲ့သည်။

ထိုစဥ် စူးရှ​သောက​လေးသံ၏​ကြေညာမှုအား ကစားသမား​လေးဦးလုံးကြားလိုက်ရ​လေသည်။ 

"တင်း​တောင်~ အံ့အားသင့်ဖွယ် ခရစ်စမတ်ဂိမ်း​လေး 'ပီနိုကီယိုရဲ့ ရိုးသားမှုကတ်ဂိမ်း'ကို တရား၀င်စတင်လိုက်ပါပြီ ဂိမ်းရဲ့စည်းမျဥ်း​တွေက​တော့..."

"ပထမအချက် အသင်းတစ်ခုစီမှ ကတ်၄ကတ်ရှိပါမယ် အ​စေခံ စစ်သည်​တော် မူးမတ်နဲ့ ဘုရင် သို့မဟုတ် ဘုရင်မ ပါ"

"ဒုတိယအချက် ဘုရင်နဲ့ ဘုရင်မကတ်​တွေက မူးမတ်နဲ့ စစ်သည်​တော်ကတ်​တွေကို အမိန့်​ပေးနိုင်ပါတယ် မူးမတ်ကတ်​တွေက​တော့ စစ်သည်​တော်ကတ်​တွေကို အမိန့်​ပေးနိုင်ပါတယ် စစ်သည်​တော်ကတ်​တွေက အ​စေခံ​ကတ်တွေကို အမိန့်​ပေးနိုင်ပြီး အ​စေခံကတ်​တွေက​တော့ ဘုရင်နဲ့ ဘုရင်မကို ပုန်ကန်နိုင်ပါတယ်"

“တတိယအချက် ​မြေ​အောက်ကမ္ဘာရဲ့ အစဥ်လိုက် ပုံ​​သေသတ်မှတ်ချက်က​တော့ အ​စေခံ စစ်သည်​တော် မူးမတ် ဘုရင်/ဘုရင်မ ဖြစ်ပါတယ်"

“စတုတ္ထအချက် ကတ်နှစ်ကတ်ကမတူညီတဲ့အခါ တစ်ဆင့်နိမ့်တဲ့ကတ်က​ပျောက်ကွယ်သွားမှာ ဖြစ်ပြီး​တော့ ကစားသမား၂ဦးက​တော့ စီးချင်းထိုးချင်းကို အသက်သွင်းမိမှာပါ ကတ်ပိုင်ရှင်နှစ်ဦးက စီးချင်းထိုးရမှာဖြစ်ပြီး အနိုင်ရရှိသူက ဂိမ်းကိုဆက်​​ဆော့ရမှာဖြစ်ပြီး​တော့ ရှုံးနိမ့်သူက​တော့ အနက်​ရောင်​မျှော်စင် (ရိုးရိုးအဆင့်)ဂိမ်းထဲကို ၀င်​ရောက်သွားမှာဖြစ်ပါတယ်"

“ပဥ္စမအချက် ကတ်စတင်​ရွေးတာနှင့် တစ်ဖက်ကစားသမားမှာမိမိ၏ကတ်ကို မြင်ရမည်မဟုတ်ပါ ပင်နိုကီယိုသည်လည်း မိမိ၏ကတ်ကိုမြင်ရမည်မဟုတ်ပါ"

“ဆဌမအချက် ဂိမ်းတစ်လှည့်စီတိုင်းတွင် ကစားသမားများကို ကိုယ်စားပြု​သောကတ်များ ကျပန်း​ပြောင်းလဲသွားမည်ဖြစ်သည်။" 

"သတ္တမအချက် ကတ်တစ်ကတ်မှ မရှိ​တော့​သောအသင်းကို ရှုံးနိမ့်သည်ဟု သတ်မှတ်မည်"

“အဌမအချက် ဘုရင်မကတ်ကိုပိုင်ဆိုင်သည့်ဘက်ခြမ်းမှ အိမ်ပြန်ပြီး အ၀တ်​လျှော်ဘုတ်ပြားတွင် ဒူး​ထောက်​စေ ဟူ​သောသက်​ရောက်မှုကို အသက်သွင်းနိုင်သည် ထိုသက်​ရောက်မှုအရ ​မေးခွန်းတစ်ခုကို​မေးနိုင်သည် တစ်ဖက်အသင်းမှ ဘုရင်မှာ မည်သည့်​နေရာတွင်ရှိရှိ မည်သည့်အချိန်မဆို ​မေးခွန်းတစ်ခါ​မေးခွင့်ရှိသည်။ ​မေးခွန်းမှာ ကတ်နှင့်သက်ဆိုင်ခြင်းမရှိရ အ​မေးခံရသူမှာ ဟုတ်တယ် မဟုတ်ဘူးသာ ​ဖြေခွင့်ရှိမည် လိမ်လည်ခြင်းမှာ စည်းမျဥ်းချိုး​ဖောက်ခြင်းဖြစ်ပြီး ​မေးခွန်း​မေးသူကအနိုင်ရမည်ဖြစ်သည်။"

“ပီနိုကီယိုက ရိုးသားတဲ့လူ​တွေကိုအမုန်းဆုံးပဲ သူကလူလိမ်​လေး​ယောက်ကိုသာ ​​ရွှေဒင်္ဂါး​တွေ​ပေးလိုက်မယ် ရိုးသားတဲ့လူ​လေး​​ယောက်ကို​တော့ ဂိမ်းထဲက​နေ လုံလုံခြုံခြုံ ထွက်ခွာခွင့်​ပေးမှာမဟုတ်ဘူး"

“အခုဂိမ်းရဲ့စည်းမျည်း​တွေကို သိသွားပြီလား" 

ပီနိုကီယိုမှာ ​ရွှေကြယ်ကိုပိုက်လျက် ဆိုးရွား​သောအပြုံးကြီးဖြင့်​မေးလိုက်သည်။ လူတိုင်းကသူ့ကိုစိုက်ကြည့်​နေသည်ကို​တွေ့​သော် မျက်​တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လျက် အပြစ်ကင်းဟန်​ဆောင်လ်ုက်ကာ ​ပျော်ရွှင်စွာလက်ခုပ်နှစ်ဖက်ကိုတီးလိုက်သည်။

"ဒါဆို ဂိမ်း​လေးကို စတင်လိုက်ကြစို့​လေ"

ပီနိုကီယိုမှာ ​ခြေ​ထောက်ကို​ဆောင့်ချလိုက်လျှင် အဖြူ​ရောင်ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြန်သည်။ 

အသင်းနှစ်သင်းကို ပိုင်းခြားထား​သော အဖြူ​ရောင်နံရံကြီးတစ်ခုရှိ​လေသည်။

ပီနိုကီယိုက ရှင်းပြလာခဲ့သည်။ 

"မင်းတို့​ ထုတ်ပြမယ့်ကတ်ကို ​ဆွေး​နွေရဦးမယ်ဆိုတာသိတယ်မဟုတ်လား.. ဒီနံရံရှိ​နေတာနဲ့ တဖက်အသင်းက မင်းတို့ကို ကြားလည်းမကြားနိုင်သလို မြင်လည်မမြင်နိုင်​တော့ဘူး ငါကပဲ မင်းတို့အားလုံး ဘာလုပ်​နေလဲဆိုတာကို မြင်နိုင်မှာ ဒါ​ပေါ့ ငါဘာသဲလွန်စမှလည်း ​ပေးမှာမဟုတ်ဘူး​ပေါ့"

ပီနိုကီယို၏စကားသံက ရုတ်ချည်းရပ်သွားလျက် သူ၏ပါးစပ်ကို အံ့အားသင့်စွာနှင့် ကာထားလိုက်သည်။

"အာ...ငါဘာ​တွေ​ပြောမိသွားပါလိမ့် မင်းတို့ဘာများ​ဆွေး​နွေးဖို့လိုဦးမှာလဲ မင်းတို့၂ဖက်လုံး အ​စေခံကတ်ကိုပဲ ထုတ်ပြရမှာကို"

 á€Ąá€–ဟူ​ရ္ဏင်နလရလကဟဎးမသဏ လုံး၀ကွယ်သွား​တော့သည်။

ပီနိုကီယိုသည်ထိုနံရံ​ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့​နောက် ထန်​မော့တို့ဘက်ကိုတစ်လှည့် တဖက်ကိုတစ်လှည့်စီကြည့်လာခဲ့​လေသည်။

ပီနိုကီယို​မှာ နံရံ​ပေါ်တွင် သက်​တောင့်သက်သာထိုင်လျက် ​ရွှေကြယ်ကြီးကိုဖက်ထားလိုက်သည်။ 

"အိုး...မင်းတို့၈​ယောက်လုံးက သိပ်ကိုရိုးသားပြီး လိမ္မာတဲ့က​လေး​တွေပဲကွာ"

အဖြူ​ရောင်နံရံကြီးမှာ ၃မီတာခန့်ပိုမြင့်လျက် အသင်း၂သင်းအား လုံး၀ပိုင်းခြားထားခဲ့သည်။ 

ထန်​မော့​ မော့ကြည့်လိုက်လျှင် နံရံ​ပေါ်တွင် ခရစ်စမတ်သံစဥ်ကိုညည်းရင်း ပျင်းရိစွာလှဲနေ​သော ပီနိုကီယိုကြီးကို ​တွေ့လိုက်ရ​လေသည်။ ထန်​မော့ခတ္တမျှ ဂရုတစိုက်နား​ထောင်​နေခဲ့မိ​လေသည်။ သို့​သော် ပင်နိုကီယို၏ ဆိုးရွား​သော သီချင်းသံကိုမဟုတ်ပဲ တစ်ဖက်အသင်း၏လှုပ်ရှားမှုကိုသာဖြစ်​လေသည်။

ထူးဆန်းစွာပင် နံရံမှာ တစ်ဖက်နှင့်တစ်ဖက် အပြည့်အ၀ကာထားခြင်းမဟုတ်သည့်တိုင် သူ့မှာ တဖက်မှအသံများကို အနည်းငယ်မျှကြားရခြင်းမရှိ​တော့​ချေ။

တစ်ဖက်အသင်းမှ မိမိ၏အသံကို မကြားနိင်သည်အား အတည်ပြုပြီး​နောက် ထန်​မော့မိမိ၏ အသင်းသား၃​ယောက်ကိုကြည့်လိုက်မိ​လေသည်။ ​ကျောင်းသူ​လေးမှာ လက်ကိုဆန့်လျက် အစွန်းလိုင်းကို ထိရန်ကြိုးစားလိုက်​လေသည်။ ထို့​နောက် သူမအံ့အားသင့်စွာ ဆိုလာခဲ့သည်။

"နံရံပျောက်သွားပြီ အပြင်ထွက်လို့ရသွားပြီ"

လူတိုင်း ၄င်းကိုစမ်းကြည့်လိုက်ကြသည်။ 

​လေး​ထောင့်ကွက်​လေးကွက်မှာ အနားသတ်မျဥ်းနှင့် ဆက်စပ်​နေကြသည်။ မူလတွင် လူတိုင်းမှာ မိမိသက်ဆိုင်ရာအကွက်များထဲတွင် ပိတ်မိ​နေကြပြီး အပြင်သို့ တစ်လှမ်း​သော်မျှလှမ်းခွင့်မရှိကြ​ချေ။ သို့​သော် အဖြူ​ရောင်နံရံကြီးကာဆီးသွားသည်နှင့် ထိုတစ်ကွက်စီကို ​လေးဘက်​လေးတန်ပိတ်ထား​သော မမြင်ရ​သောနံရံများမှာ ​ပျောက်ကွယ်သွားလေသည်။ ထန်​မော့သည်လည်း ထို​နေရာကထွက်သွားလို့မရသည့်တိုင် အကွက်​​လေးကွက်အတွင်းမူ လွတ်လပ်စွာ လှုပ်ရှားနိုင်​လေသည်။

လူ​လေး​ယောက်မှာ တစ်​ယောက်ကိုတစ်​ယောက် ကြည့်လိုက်မိကြသည်။ 

လူရွယ်​လေးမှ အရင်ဦးစွာ စ၍​ပြောလာခဲ့သည်။ 

"ဒါဆိုကျွန်​တော်တို့က အသင်း​ဖော်​တွေ​​ပေါ့ အရင်ဆုံးမိတ်ဆက်ကြရ​အောင် ကျွန်​တော်က ​ကျောက်၀မ်ပင်းပါ အရင်က​တော့ အထက်တန်း​ကျောင်းဆရာ​လေး​ပေါ့"

ကျန်လူများမှာလည်း တစ်ဦးကိုတစ်ဦး မိတ်ဆက်ဖူး​သောအ​တွေ့အကြုံးမျိုးရှိကြ​လေသည်။ ​ကျောင်းသူ​လေးမှာလည်း သူမ၏ဇစ်မြစ်ကိုအပြည့်အ၀မ​ဖော်ပြခဲ့​ချေ။ 

"ကျွန်မကို ​ရှောင်လုလို့​ခေါ်လို့ရတယ်"

သက်လတ်ပိုင်းအရွယ် ​ယောကျာ်းကြီးကလည်းဆိုလာခဲ့သည်။ 

"ငါ့ကို​တော့ အစ်ကို ရှန်းလို့ ​ခေါ်ကြ​ပေါ့"

ယခုမူ ထန်​မော့၏အလှည့်ပင်။

"ကျွန်​တော့်ရဲ့ မျိုးရိုးနာမည်က ​မော့"

လူရွယ်​လေးမှာ ​ခေါင်းသညိတ်လျက် ​ရှေ့မှ ကတ်​လေးကတ်ကိုကြည့်လိုက်ကာ 

"ဂိမ်းစည်းမျဥ်းကိုလည်း ကြားပြီးကြပြီပဲ အရင်ဆုံး ကျွန်​တော်တို့ စည်းမျဥ်းအတိုင်း အ​စေခံကတ်ကို ထုတ်ပြသင့်တယ်မထင်ဘူး"

မည်သူကမျှ သူ့စကားကိုကန့်ကွက်မလာ​ချေ။ ထန်​မော့သည်ပင် ထိုသူဆက်​ပြောသည်ကို တိတ်တဆိတ်နား​ထောင်​နေခဲ့သည်။

"ဒီဟာက လူ​တွေကိုအရူးလုပ်တဲ့ ဂိမ်းတစ်မျိုးပဲ ခင်များတို့ကြားဖူးချင်မှ ကြားဖူးကြလိမ့်မယ်...ဒါ​ပေမယ့်ကိစ္စမရှိပါဘူး ကျွန်​တော်တို့အခု​ဆော့မယ့် ဂိမ်းနဲ့အတူတူပါပဲ... အနက်​ရောင်​မျှော်စင်က​တော့ အ​စေခံ၊ စစ်သည်​တော် မူးမတ်နဲ့ ဘုရင်ကတ်​တွေက မှန်ကန်တဲ့ အစဥ်လိုက်လို့​ပြောသွား​ပေမယ့် ခင်များတို့က​ရော ကျွန်​တော်တို့ အ​စေခံကတ်ကို အရင်ထုတ်လို့ရမယ် ထင်လား"

​ကျောင်းသူ​လေးမှာ ​တွေး​တောင်​တွေးမ​နေခဲ့​ချေ။ 

"သူတို့လည်း အ​စေခံကတ်ကိုထုတ်မှာမဟုတ်ဘူး ကျွန်မတို့ အ​စေခံကတ်ကိုထုတ်လိုက်ရင် သူတို့ကအခြားကတ်ကိုထုတ်လာပြီး ကျွန်မ​တို့ရဲ့ အ​စေခံကတ်ကို ​​ထုတ်ပစ်လိမ့်မယ်"

သတ်လတ်ပိုင်းအရွယ်လူကြီးမှာလည်း ဆိုလာခဲ့သည်။ 

"အ​စေခံကတ်ကိုထုတ်ရင် ရူး​နေလို့ပဲ ငါတို့လည်း အဲကတ်ကို​ရွေးလို့မရဘူး... အ​စေခံကတ်သာ​ပျောက်သွားရင် တဖက်က ဘုရင်ကတ်ကိုဘယ်လို ထုတ်ပစ်လို့ရ​တော့မှာလဲ ငါတို့ရှုံးသွားလိမ့်မယ်"

ထန်​မော့မှာ တိတ်တဆိတ်နား​ထောင်​နေခဲ့ပြီး ဘာကိုမျှ မဆိုခဲ့​ချေ။

​ကျောက်၀မ်ပင်းမှာ သူ့ကိုကြည့်လျက် အ​ရေးမပါလှ​သော သာမာန်လူဟုသာ​တွေးလိုက်သည်။ ထို့​နောက် ကျန်အသင်းဖော်နှစ်​ယောက်ကိုသာ ဦးတည်လျက် ဆက်​ဆွေး​နွေးလာခဲ့​လေသည်။

"ဒါဆို ဘယ်ကတ်ကိုထုတ်မလဲ စဥ်းစားကြရ​အောင် အ​စေခံကလွဲပြီး ကျန်တဲ့ကတ်​ပေါ့"

လူ၃​ယောက်မှာ အသည်းအသန်စဥ်းစား​နေခဲ့ကြသည်။ 

ထန်​မော့လှည့်လျက် ဘုရင်မကတ်ကို စိုက်ကြည့်လိုက်သည်။ သူသည် ​တောက်ပ​သော ဆံပင်ရှည်တို့ ဖြာကျ​နေ​သောအမျိုးသမီး၏ရုပ်ပုံကို ကြည့်​နေမိစဥ် ​ကျောက်၀မ်ပင်းကဆိုလာခဲ့သည်။ 

"တခြားသူ​တွေကလည်း ကန့်ကွတ်စရာမရှိဘူးဆို​တော့ ကျွန်​တော်အရင်​ပြောမယ်​နော် ကျွန်​တော်က​တော့ မူးမတ်ကတ်ကိုအရင်ဆုံးထုတ်သင့်တယ်လို့ ထင်တယ်"

သက်လတ်ပိုင်းအရွယ်လူကြီးက ​မေးလာခဲ့သည်။

"ဘာလို့လဲ"

"ရှင်းပါတယ် ကျွန်​တော်တို့အားလုံး ဘယ်သူကမှ အ​စေခံကတ်ကို စွန့်စားပြီး ထုတ်ရဲကြမှာမဟုတ်လို့ပဲ အ​စေခံကတ်ကို မူးမတ်ကတ်နဲ့ စစ်သည်​​တော်ကတ်က အမိန့်​ပေးလို့ရတယ် တစ်ဖက်အသင်းက ကျွန်​တော်တို့ကတ်ကို ဖိနှိပ်နိုင်နှုန်းက ၅၀ရာခိုင်နှုန်းပဲ... သူတို့ကရူးမ​နေသ၍ ပထမအလှည့်မှာ အ​စေခံကတ်ကိုထုတ်လာမှာမဟုတ်ဘူး "

​ကျောက်၀မ်ပင်းက ရှင်းပြလာခဲ့သည်။

"​နောက်ထပ်မဖြစ်နိုင်တဲ့ကတ်ကလည်း ဘုရင်ကတ်​တွေပဲ"

​ကျောင်းသူ​လေးမှာ ​ကောင်းစွာ နားလည်ပုံဖြင့် ​ခေါင်းညိတ်လာခဲ့သည်။ 

"ဟုတ်တယ် ဘုရင်ကတ်နဲ့ ဘုရင်မကတ်​တွေက အ​ရေးကြီးတဲ့ကတ်​တွေ ​သေ​ရေးရှင်​ရေးလို့​တောင်​ပြောလို့ရတယ် သူတို့ကို​နောက်ဆုံးချန်ထားတာ အ​ကောင်းဆုံးပဲ...ဘုရင်ကတ်ကသာ ပထမအလှည့်မှာ ဖယ်ထုတ်ခံလိုက်ရရင် ဂိမ်းကိုဆက်ကစားဖို့ အ​တော်ခက်သွားမှာ"

၄င်းကိုကြားလျှင် သက်လတ်ပိုင်းအရွယ်လူကြီးမှာလည်း နားလည်သွားပုံဖြင့် ဆိုသည်။

"ဒါဆို ငါတို့ မူးမတ်ကတ်ကို​ရွေးကြစို့"

​ကျောက်၀မ်ပင်းမှ ​​ခေါင်းညိတ်လိုက်သည်။ 

"အင်း ကျွန်​တော်တို့ မူးမတ်ကတ်ကို ထုတ်သင့်တယ် တစ်ဖက်အသင်းကလည်း ကျွန်​တော်တို့လိုပဲ စဥ်းစားမှာပဲ ပထမကတ်ကိုအရဲစွန့်မှာမဟုတ်ဘူး မူးမတ်ကတ်မဟုတ်ရင် စစ်သည်​တော်ကတ်ကိုပဲ ​ရွေးလိမ့်မယ် ဘာပဲဖြစ်ဖြစ် မူးမတ်က စစ်​သည်​တော်ရဲ့အထက်မှာပဲ မူးမတ်ကို​ရွေးလို့ ကျွန်​တော်တို့အတွက် အရှုံးမရှိဘူး အလွန်ဆုံးမှ ကျွန်​တော်တို့ ၂သင်းလုံး မှူးမတ်ကတ်ကို ​ရွေးမိပြီး ကတ်​တွေ ​ကြေသွားရုံ​ပေါ့ ဒီလိုဆို နှစ်ဘက်လုံး ၃ကတ်စီကျန်မှာပဲ အ​စေခံကတ်ထွက်လာနှုန်းကလည်း ၃ပုံ ၁ပုံအဖြစ် တိုးသွားမှာ"

🪩🌍Chapter 71

🪩