Chapter 69
Viewers 7k

🌍Chapter 69




ထန်​မော့လန့်သွားမိသည်။


ဤအဖြူ​ရောင်ကမ္ဘာကြီးထဲတွင် ကျန်လူ ၆​ယောက်တို့မှာ မိမိတို့​ရှေ့မှ ကတ်များကို ကိုယ်စီ​လေ့လာ​နေခဲ့ကြသည်။ ထန်​မော့နှင့် ထိုအနက်၀တ်အမျိုးသားတို့မှာမူ ၁၀ကီလိုမီတာခန့်အကွာအ​ဝေးမှ တစ်ဦးကိုတစ်ဦး တိတ်တဆိတ်စိုက်ကြည့်​နေခဲ့ကြ​လေသည်။


လူနှစ်ဦး၏အကြည့်များမှာ ​လေထုထဲတွင် ဆုံ​တွေ့သွားခဲ့ကြသည်။ သူတို့ထိုအတိုင်း တစ်ဦးကိုတစ်ဦးစိုက်ကြ​နေခဲ့ကြ​လေသည်။


ထန်​မော့ မသိလိုက်ခင်တွင် သူ၏လက်​ကောက်၀တ်မှ မီးခြစ်ဆံတက်တူးကို အသာပွတ်သပ်လိုက်မိသည်။ 


ထိုစဥ်မှာပင် မြူးကြွ​သော​တေးသံတစ်ခုကို ကြားလိုက်ရ​လေသည်။ ၎င်းမှာလည်း ခရစ်စမတ်သီချင်းတစ်ပုဒ်ပင်။


 ထန်​မော့လည်းချက်ချင်းဆိုသလို အကြည့်ကိုပြန်ရုတ်လိုက်လျက် အသံထွက်​ပေါ်လာရာဆီသို့ကြည့်လိုက်မိ​လေသည်။ အနက်​ရောင်၀တ်အမျိုးသားမှာလည်း ထန်​မော့ကို ဆက်၍စိုက်ကြည့်​နေခြင်းမရှိ​တော့​ချေ။


ကစားသမား၈ဦးမှာ အဖြူ​ရောင်ကမ္ဘာကြီး၏ အစွန်းတစ်ဖက်ကို အတူတကွစိုက်ကြည့်​နေခဲ့ကြသည်။


သူတို့သည် အခြားတစ်ဖက်မှ ကီး​ကြောင်​နေ​သောအသံတစ်ခု၏ သီဆို​နေသံကို ကြား​နေခဲ့ရသည်။


"မယ်ရီခရစ်စမတ်ပါကွယ် မယ်ရီခရစ်စမတ်ပါလို့ ဆု​တောင်း​ပေးပါတယ်"


ထို့​နောက်အဖြူ​​ရောင်ကမ္ဘာကြီး၏ အစွန်အဖျားတစ်ဖက်တွင် အနက်​ရောင်အစက်​လေးတစ်စက်က တဖြည်းဖြည်း​ပေါ်လာခဲ့​သည်ကို ​တွေ့လိုက်ကြရသည်။


ထိုအစက်​လေးမှာတဖြည်းဖြည်းနီးကပ်သထက် နီးကပ်လာခဲ့သည်။ သီဆိုသံမှာလည်း အဖြူ​ရောင်ကမ္ဘာကြီးတစ်ခုလုံးအနှံ့ပဲ့တင်ထပ်​နေလျက် သူတို့သည်​နောက်ဆုံး၌ အသံပိုင်ရှင်ကို ​တွေ့လိုက်ရ​တော့သည်။


၄င်းမှာ အပြာ​ရောင်အနားသတ်နှင့် ငှက်​မွှေးနီတစ်ခုကိုပါရှိသည့် အ၀ါ​ရောင်ဦးထုပ်ကို ​ဆောင်းထား​သောရုပ်​သေးရုပ်တစ်ခုပင်။ ၄င်းက မယ်ရီခရစ်စမတ်သီချင်းကို ကီး​ချော်လျက် အားပြည့်အင်ပြည့်သီဆို​နေခဲ့သည်။ သူ၏ခါးတွင် အို​ဟောင်းပျက်စီး​နေ​သော ​ရေဒီယိုတစ်လုံးကို ချိတ်ဆွဲထားခဲ့​လေသည်။ သီချင်းသံမှာ ထို​ရေဒီယိုထဲမှ ထွက်​ပေါ်လာ​နေခြင်းပင်။


ထန်​မော့ ဤရုပ်​သေးရုပ်အား အလွန်ရင်းနှီး​နေသည်ဟု ခံစားလိုက်ရ​သော်လည်း မည်သည့်​နေရာတွင် မြင်ဖူးမှန်း စဥ်းစားမရ​ချေ။


သို့​သော် သူ၏​ဘေးတွင်ရပ်​နေ​သော အထက်တန်း​ကျောင်းသူ​လေးက ရုတ်ချည်းအံ့အားသင့်လျက်​အော်ဟစ်လာခဲ့သည်။


"ပီနိုကီယို"


ထန်​မော့ ၄င်းကိုကြားလျှင် ​ရုပ်​သေးရုပ်ထံတဖန်ပြန်ကြည့်လိုက်မိ​​လေသည်။


ရုပ်​သေးရုပ်မှာ သီချင်းအားလိုက်ညည်း​နေခြင်း ရပ်တန့်သွားလျက် ထိုက​လေးမ​လေးထံလှည့်ကြည့်လာခဲ့သည်။ သူသည် ဂုဏ်ယူ​နေဟန်ဖြင့် ခါးတွင်လက်​ထောက်လျက် ဆိုလိုက်သည်။


"ဟုတ်တာ​ပေါ့...ငါကချစ်စရာလည်း​ကောင်း ​ချောလည်း​​ချော အားလုံးချစ်တဲ့ ပီနိုကီယိုပဲ​လေ"


"ပြူး..."


ထူးခြား​သော ​နောက်ခံအသံတစ်ခုနှင့်အတူ ထိုရုပ်​သေးရုပ်၏ နှာ​ခေါင်းမှာ ရုပ်ချည်းရှည်ထွက်လာခဲ့သည်။


ပီနိုကီယို၏အမူအယာမှာ ပြောင်းလဲသွားလျက် လျှင်မြန်စွာဆိုလိုက်ရသည်။


"ဟုတ်ပါတယ် ဘယ်သူမှ ငါ့ကို မချစ်ပါဘူး"


"ပြူး..."


ပီနိုကီယို၏နှာ​ခေါင်းမှာ မီတာ၀က်အထိ ရှည်လျားလာခဲ့ပြန်သည်။


"ငါကချစ်ဖို့ပဲ​ကောင်းတာ လုံး၀မ​ချောဘူး"


"ပြူး....."


ပီနိုကီယို​လေ​လျော့သွား​သော ​ဘောလုံးတစ်လုံးနှယ် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်ရသည်။


"ဟုတ်ပါတယ် ငါကချစ်ဖို့လည်းမ​ကောင်းဘူး ချောလည်းမ​ချောပါဘူး ဘယ်သူကမှလည်းငါ့ကို မကြိုက်ပါဘူး"


သူ၏နှာ​ခေါင်းမှာ ရုတ်တရက်ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။


ပီနိုကီယိုက ခါးတွင်ချိတ်ထား​သော ​ရေဒီယိုအိုကြီးကို လက်ဖြင့်တစ်ချက်ပုတ်လိုက်လျှင် တဂျစ်ဂျစ်အသံများနှင့်အတူ ခရစ်စမတ်သီချင်းသံမှာရပ်တန့်သွားခဲ့သည်။ သူကသူ၏အမည်ကို​ခေါ်ခဲ့​သော အထက်တန်း​ကျောင်းသူထံကြည့်လိုက်လျှင် ထို​ကျောင်းသူမိန်းက​လေးမှာ ​ကြောက်လန့်စွာ ​ခြေတစ်လှမ်းခန့်ဆုတ်သွားခဲ့​လေသည်။ ပင်နိုကီယိုမှာ အလယ်တွင်တွဲလွဲခို​နေ​သော ​ရွှေ​​ရောင်ကြယ်ထံ​လျှောက်သွားလိုက်ပြီး ၄င်း၏​ဘေးတွင်​ရပ်​နေလိုက်သည်။


"မယ်ရီခရစ်စမတ် ဘာမယ်ရီခရစ်စမတ်လဲ သောက်စန်တာ  ဒီခရစ်စမတ်ကဘာမှ​​ပျော်ဖို့​ကောင်းမ​နေဘူး"


ပီနိုကီယိုမှာ ​ရွှေ​ရောင်ကြယ်ကိုကန်လျက် ​အော်ဟစ်လိုက်သည်။  


ထို့​နောက်သူ၏​ခြေ​ထောက်ကိုစိုက်ကြည့်လျက် ​မြေကြီး​ပေါ်ပြန်​ဆောင့်ချလိုက်သည်။ ၄င်းမှာ နာကျင်ခြင်းမရှိမှန်း​သေချာ​တော့မှ သူသည်​ခေါင်းကိုလှည့်လျက် ကစားသမား ၈​ယောက်ကိုကြည့်လာခဲ့သည်။


ရုပ်​သေးရုပ်မှာ မ​ကျေမနပ်အသံကြီးဖြင့် ဆိုသည်။


"မင်းတို့က စန်တာဆီကအဖိတ်ခံရတဲ့ ကစားသမား​တွေလား"


ထန်​မော့မှာ ပီနိုကီယိုအားတည်ငြိမ်စွာကြည့်​နေခဲ့ပြီး လူ၈​ယောက်မှာလည်း ပြန်မ​ဖြေခဲ့​ချေ။


"​သောက်ကျိုးနည်း ဒီ​ခေတ်က​လေး​တွေက​တော့ အကြီး​တွေကို ဘယ်လို​လေးစားရမလဲမသိကြ​တော့ဘူးပဲဟမ် ငါ​မေး​နေတယ်​လေ မင်းတို့ကဒီ​နေ့ကတ်ဂိမ်းကိုကစားဖို့လာတဲ့သူ​တွေလားလို့"


ပီနိုကီယိုမှာ သူ၏ခါးမှာ ​ရေဒီယိုအားဆွဲဖြုတ်ကာ ​ဒေါသတကြီး​ပေါက်ခွဲပစ်လိုက်သည်။ ​​ရေဒီယိုအ​ဟောင်း​လေးမှာ ကွဲ​ကြေလျက်​နေရာအနှံ့ပြန်ကြဲသွားခဲ့သည်။ ထိုထဲမှအစိတ်အပိုင်းတချို့မှာ ​ကျောင်းသူ​လေး​ရှေ့ပြန့်ကျဲသွားလျှင် ပီနိုကီယိုမှာဖြစ်ပျက်သွားသည်တို့​ကြောင့် စိတ်ဆိုး​နေဆဲဟုထင်မှတ်ကာ ​နောက်သို့​ကြောက်လန့်တကြားဆုတ်လိုက်​မိ​လေသည်။ သို့သော်သူမရပ်​နေ​သောအကွက်၏ အစွန်ကို​ရောက်လျှင် မမြင်ရ​သောနံရံတစ်ခုနှင့် ကာထားသည့်နှယ် ထပ်၍ဆုတ်မရ​တော့​ချေ။


ပီနိုကီယိုက သူမအားမျက်လုံးများ​မှေးကျဥ်းလျက်ကြည့်​နေပြီးမှ ​လှောင်ပြုံးတစ်ခုဖြင့်


"ဂိမ်းကစ​တောင်မစရ​သေးတာကို မင်းက​ပြေးချင်​နေပြီ​ပေါ့"


ထန်​မော့လက်ဆန့်လျက် ထိုအစွန်ကိုလှမ်းလိုက်​သော်လည်း ​ကျောင်းသူ​လေးကဲ့သို့ပင် မမြင်ရ​သော နံရံတစ်ခု၏ ​လှောင်ပိတ်ခြင်းကိုခံထားရမှန်း သိလိုက်ရ​လေသည်။ ကျန်လူများစမ်းသပ်ကြည့်ကြ​သော်လည်း ရလဒ်မှာအတူတူပင်။ မိမိတို့သက်ဆိုင်ရာအကွက်မှ ​ရွေ့လျားခွင့်မရှိကြ​ချေ။


"ပီနိုကီယိုကလိမ်ညာတတ်တဲ့ ရုပ်​သေးရုပ်လို့​ပြောကြတယ် ငါက​တော့မင်းတို့လူ​သား​တွေကပဲ ပိုလိမ်ညာတတ်တာလို့ထင်တယ် ကြည့်စမ်းအခု​တောင် ခိုး၀င်သူနံ့ကိုရ​နေပြီ ဘယ်​လောက်​တောင်ရွံစရာ​ကောင်းလိုက်လဲ"


ခိုး၀င်သူဟူ​သောစကားလုံးကို ကြားသည်နှင့် လူတိုင်း၏အမူအယာမှာ​ပြောင်းလဲသွားခဲ့သည်။ ထန်​မော့သည်လည်း မသိစိတ်ဖြင့်ပင် သူနှင့်​ထောင့်ဖြတ်တွင်ရပ်​နေ​သော အနက်​ရောင်၀တ်အမျိုးသားကို လှည့်ကြည့်လိုက်မိ​လေသည်။ ထန်​မော့ထိုလူကိုကြည့်လိုက်မိချိန်မှာပင် ထိုအမျိုးသားမှာ သူ့အားတည်ငြိမ်စွာ ပြန်ကြည့်လာခဲ့သည်။


ပီနိုကီယိုက ထိုထက်ပိုထူးဆန်း​သောစကားများကို ဆိုလာခဲ့သည်။


"အမ​လေး ဒီအနံ့ ခိုး၀င်သူတစ်​ယောက်​တောင်မကဘူးပဲ အီးတွင်းကြီးကျ​​နေတာပဲ ခိုး၀င်သူအနည်းဆုံး၂​ယောက်​တောင်ရှိ​နေတာပဲ သောက်စန်တာ ငါ့ကိုဘာလို့ဒီခိုး၀င်သူ​တွေကို မစားခိုင်းလိုက်ရတာလဲ ဒီအံ့အားသင့်ဖွယ် ခရစ်စမတ်ဂိမ်းက​ရောဘာမို့လို့လဲ ​သေတဲ့လူမရှိပဲ ဘယ်လိုလုပ်အံ့အားသင့်ဖွယ်​ကောင်း​တော့မှာလဲ"


ထန်​မော့အနီးတွင်ရပ်​​နေ​သော လူရွယ်​လေးမှာ ထိုအဓိက​သော့ချက်ကိုဖမ်းဆုပ်လျက် ​မေးလိုက်သည်။


"ဒီဂိမ်းမှာ ​သေတဲ့သူမရှိဘူးလို့​ပြောလိုက်တာလား"


ပီနိုကီယို ထိုလူရွယ်​လေးကို လှည့်ကြည့်လာပြီး


"ဟုတ်ပါ့ ဒါကအံ့အားသင့်ဖွယ် ခရစ်စမတ်ဂိမ်း​လေးပဲ​လေ မင်းကဘယ်လို​သေဦးမှာလဲ သောက်ကျိုးနဲ ဘာလို့အရမ်းစပ်စု​နေတာလဲ မင်းကခိုး၀င်သူလား"


လူရွယ်​လေးမှာ ချက်ချင်းငြင်းဆန်လိုက်သည်။ 


"ငါကလူ​တွေကိုသတ်လို့မရဘူး" 


ပီနိုကီယိုကတိုးညှင်းစွာဆိုလိုက်သည်။ ထို့​နောက်တစ်ခုခုကိုမှတ်မိသွားဟန်ဖြင့် ပြုံးလိုက်သည်။ 


"အာ..စန်တာငါ့ကို​ပြောထားတာကို​မေ့​တော့မလို့"


ပီနိုကီယိုက ကွဲ​ကြေ​နေ​သော​ရေဒီယိုကို​ကောက်လျက် ခပ်ပြင်းပြင်းထုလိုက်သည်။


ဂျစ်...


အစိတ်စိတ်အမွှာမွှာကွဲ​ကြေ​နေ​သော ​ရေဒီယိုမှာ ​မှော်ဆန်စွာ အသံထပ်မံထွက်​ပေါ်လာခဲ့သည်။ ပီနိုကီယို ရေဒီယိုအား ညာလက်ဖြင့်ကိုင်လျက် ဘယ်လက်ကို​မြှောက်လိုက်သည်။ ထို့​နောက်လူ၈ဦး၏အလယ်တွင် ၁ပတ်လည်လျက် ကျယ်​လောင်စွာ ​ကြေညာလာခဲ့​လေသည်။


"ချစ်ရတဲ့ လူသား​သူငယ်ချင်းလေးတို့ ပီနိုကီယိုရဲ့ ရိုးသားမှုကတ်ဂိမ်းက​နေကြိုဆိုပါတယ် ငါကလူသား​လေး​​တွေရဲ့ အ​ကောင်းဆုံးသူငယ်ချင်း ပီနိုကီယိုပါ"


"ပြူး..."


ပီနိုကီယိုမှာလွန်စွာစိတ်တိုသွားလျက် သူ၏စကားလုံးများကို အမြန်ပြင်လိုက်ရသည်။


"ဟုတ်ပါပြီ ငါကလူသား​တွေရဲ့အ​ကောင်းဆုံးသူငယ်ချင်းမဟုတ်ဘူး ဒီတိုင်း ပီနိုကီယိုပဲ"


နှာ​​ခေါင်းမှာပြန်တို၀င်သွားပြီး ပီနိုကီယို၏အနီးမှ ​​ရွှေ​ရောင်ကြယ်ပွင့်​လေးမှာ သူ၏စကားကို​ထောက်ခံသည့်ဟန် ပို၍တလက်လက်​တောက်ပလာခဲ့သည်။ 


ပီနိုကီယိုက ထိုကြယ်ကို ​ကျောခိုင်းလျက် ထန်​မော့တို့၄ဦးဘက်သို့လှည့်လာခဲ့သည်။ သူ၏အ၀ါ​ရောင်ဦးထုပ်ကိုချွတ်လိုက် လက်တစ်ဖက်ကို​နောက်ပစ်ကာ အရိုအ​သေ​ပေးသည့်ဟန်ပြုလုပ်လိုက်သည်။ ထို့​နောက်တွင် ​ကျောဖက်မှ လူ၄​ယောက်အားလှည့်ကြည့်လိုက်ပြန်သည်။ ထို့​နောက်​ ​နောက်တစ်ကြိမ်အရိုအ​သေ​ပြုဟန်လုပ်လိုက်ပြန်သည်။


ထန်​မော့မှာ ဂိမ်း၏အမည်ကိုပြန်​တွေးရင်း သူ၏အကြည့်များမှာ ပီနိုကီယို၏ကိုယ်​ပေါ်တွင်မြဲမြံ​နေခဲ့​လေသည်၎


'ပီနိုကီယိုရဲ့ ရိုးသားမှုကတ်ဂိမ်း'


ပီနိုကီယိုလည်း အခမ်းအနားပြီး​မြောက်သည်နှင့် ​ရေဒီယိုအပျက်ကို ပစ်ထုတ်လိုက်​တော့သည်။ သူ၏လက်နှစ်ဖက်ကိုပိုက်လျက် ထန်​မော့ရှိရာ မျက်​တောင်တခတ်အတွင်းမှာပင် ​ပြေးလာခဲ့သည်။ ထန်​မော့ရင်ထဲမှ တင်းကြပ်သွားမှုနှင့်အတူ မီးခြစ်ဆံကြးကို ဆွဲထုတ်လိုက်​​လေသည်။ ပီနိုကီယိုက မျက်​တောင်ခတ်လျက် ​မေးလာခဲ့သည်။


"ဒီကညီ​လေး လိမ်ရတာကြိုက်လား"


လူတိုင်း၏အကြည့်များမှာ ထန်​မော့ထံစွဲကပ်လာခဲ့သည်။ 


ထန်​မော့လည်း ​မေးခွန်း၏အဓိပ္ပါယ်ကိုအမြန်စဥ်းစားလိုက်မိသည်၊ ယခု​လေးတင်ပင် ပီနိုကီယို အလိမ်အညာတစ်ခုကိုဆိုလိုက်တိုင်း ၄င်း၏ နှာ​ခေါင်းမှာရှည်ထွက်လာခဲ့သည်။ ထို့​နောက်သူ၏​ခေါင်းထဲတွင် အ​ဖြေ​ပေါင်းများစွာက်ိုစဥ်းစား​နေခဲ့​လေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထန်​မော့အမူအယာမဲ့စွာပြန်​ဖြေလာခဲ့သည်။


"မကြိုက်ဘူး ဒါ​ပေမယ့် လူ​တွေကအမြဲလိမ်တတ်တာပဲ"


ပီနိုကီယိုက သူ့အားတစ်ချက်ကြည့်လျက် ​လေ​ပွေတစ်ခုနှယ် သူ၏​ဘေးမှလူရွယ်​လေးထံ​ပြေးသွားခဲ့ပြန်သည်။


"က​လေး မင်းက​ရော ခရစ်စမတ်ကိုကြိုက်လား" 


လူရွယ်​လေးမှာ ရုတ်တရက်​မေးခွန်း​ကြောင့် တံ​တွေးကို အသာမြိုချလိုက်ကာ 


"မ...မဆိုးပါဘူး"


ပီနိုကီယိုမှာ ​နောက်လူတစ်ဦးထံ​ပြေးသွားခဲ့ပြန်သည်။


"မင်း​ရော ပီနိုကီယိုကိုကြိုက်လား" 


"စန်တာက​လော့ဆီက လက်​ဆောင်ရဖူးလား"


……


လူ၇​ယောက်အား​မေးခွန်းထုတ်ပြီး​နောက် အနက်​​ရောင်၀တ်လူထံ​ပြေးသွားခဲ့ပြန်သည်။


ပီနိုကီယို ကြင်နာစွာပြုံးလိုက်ပြီး


"က​လေး မင်းက​ရော ဘုရင်ရဲ့​ရွှေဒင်္ဂါးဆိုတာကို ကြားဖူးလား"


ထန်​မော့၏မျက်လုံးများပြူးကျယ်သွားလျက် သူချက်ချင်းပင် ပီနိုကီယိုအားလှည့်ကြည့်လိုက်မိ​လေသည်။


အနက်​ရောင်၀တ်လူမှာ ပီနိုကီယိုအား စိုက်ကြည့်လျက် အနိမ့်အမြင့်မရှိ​သော​လေသံဖြင့်​ဖြေလာခဲ့သည်။


"မကြားဖူးဘူး"


ပီနိုကီယို လက်ခုပ်တီးလျက် အနက်​ရောင်၀တ်လူ​ရှေ့ စက္ကန့်တချို့စာကခုန်လိုက်သည်။ ထို့​နောက်သူသည် ၀ှစ်ခနဲ ​ရွှေ​ရောင်ကြယ်ပွင့်အနားပြန်​ရောက်သွားလျက် သက်ပြင်းချလိုက်သည်။


"မင်းကမလိမ်ဘူးပဲ ရိုးသားတဲ့က​လေး ရိုးသားတဲ့က​​လေးလေး​​တွေကပဲပင်နိုကီယိုရဲ့ ရိုးသားမှုကတ်ဂိမ်းထဲမှာ ပါလို့ရမယ်...ခရစ်စမတ်လည်း​ရောက်ပြီ...မ​နေ့ညက စန်တာကငါ့ကို​ခေါ်​တွေ့ပြီး ကမ္ဘာ​ပေါ်ကရိုးသားပြီးလိမ္မာတဲ့က​လေး​တွေကို စပရိုက်တစ်ခုလုပ်​ပေးဖို့​ပြောလာတယ်​လေ။"


ပီနိုကီယိုမှာ သူ၏​ဘေးမှ ​ရွှေ​ရောင်ကြယ်ပွင့်ကိုကြည့်လိုက်ကာ လက်ကိုပိုက်လျက် သူ၏ကိုယ်​နောက်ခံသီချင်းသံကို ပြုလုပ်လိုက်သည်။


"ဒန် ဒန် ဒန်...ဒါ​ပေါ့ ဒီဟာကစန်တာက​လော့ရဲ့ ​ရွှေကြယ်​လေး​လေ" 


ထန်​မော့၏ မျက်နှာချင်းဆိုင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ သတိလက်လွတ်​ရေရွတ်လာခဲ့သည်။


"စန်တာက​လော့ရဲ့ ​ရွှေကြယ်"


"ဒါ​ပေါ့" 


စက္ကန့်ပိုင်းအတွင်းမှာပင် ပီနိုကီယိုမှာ ထိုအမျိုးသမီးကြီး​ရှေ့၀ှစ်ခနဲ​ရောက်ရှိသွားပြီး သူမမှာထိတ်လန့်မှုကြောင့် လဲကျမတက်ပင်။


ပီနိုကီယိုမှာ သစ်သားလက်​​ချောင်းဖြင့် သူမကိုဆွဲထူလိုက်ပြီး


"ငါ့​ကြောင့်လန့်သွားတာလား ရိုးသားတဲ့သူငယ်ချင်း​လေး"


သို့​သော်သူ၏မျက်နှာ​ပေါ်မှ နတ်ဆိုးဆန်ဆန်အပြုံးကိုမူမဖုံးကွယ်ထားခဲ့​ချေ။ သူကလက်ခုပ်တီးလျက် ​ရွှေကြယ်ဆီပြန်​လျှောက်သွားလိုက်သည်။


"လိမ္မာတဲ့က​လေးတိုင်းက လက်​ဆောင်ရသင့်တယ်လို့ စန်တာက​လော့က ​ပြောတယ် ငါက​တော့သိပ်လက်မခံချင်ဘူး"


သစ်သားရုပ်​သေးရုပ်မှာ ခါးတွင်လက်​ထောက်လိုက်သည်။ 


"ငါစန်တာကို​မေးခဲ့တာ​ပေါ့ လိမ္မာတဲ့က​လေးနဲ့ မလိမ္မာတဲ့က​လေးနဲ့ဘယ်လိုခွဲမလဲလို့ လိမ္မာတဲ့က​လေးဆိုတာဘာလဲ"


ပီနိုကီယိုမှာ ​ကျောင်းသူ​လေးကို လက်ညှိုးထိုးပြလိုက်သည်။ 


​ကျောင်းသူ​လေးမှာ ဖြူ​ဖျော့သွားလျက် ခတ္တမျှ​တွေးလိုက်ပြီးမှ ထစ်ထစ်အအဖြင့်ဆိုလိုက်သည်။


"ညင်သာပြီး ကြင်နာတတ်ပြီး​တော့ ကူညီတတ်တဲ့ လူ​ကောင်းလား"


ပီနိုကီယိုက ​ကျေနပ်​သေးပုံမ​ပေါ်​ချေ။


"ဘာရှိ​သေးလဲ"


​ကျောင်းသူ​လေးမှာ သူမ၏​ခေါင်းအားအ​ငွေ့ထွက်မတက်အလုပ်​ပေးလျက် စကားလုံးတချို့ကို​ရေရွတ်​နေခဲ့သည်။ သို့​သော် ပီနိုကီယို၏အမူအယာမှာမူ ပိုပိုပြီးဆိုရွားလာခဲ့​လေသည်။ ​ကျောင်းသူ​​လေးမှာ ​ကြောက်လွန်း၍ မျက်ရည်များပင်ကျလာခဲ့သည်။ ထန်​မော့သူမကိုကြည့်လိုက်​ပြောလိုက်သည်။ 


"ရိုးသားတဲ့လူက လိမ္မာတဲ့က​လေးပဲ"


လူတိုင်းမှာ သူ့အားကြည့်လိုက်ကြသည်။


ပီနိုကီယို သူ့အားလက်မ​ထောင်ပြလာသည်။


"မှန်လိုက်တာ ရိုးသားတဲ့က​လေးက လိမ္မာတဲ့က​လေးပဲ"


​ကျောင်းသူ​လေးမှာ ထန်​မော့ကို​ကျေးဇူးတင်လိုက်ပြီး ကျန်လူများမှာ ပီနိုကီယိုအား ပြန်ကြည့်လိုက်ကြသည်။ အနက်​ရောင်၀တ်​အမျိုးသားကသာလျှင် ထန်​မော့အား စက္ကန့်အနည်းငယ်ကြာစိုက်ကြည့် ​နေခဲ့​လေသည်။ ထန်​မော့ဤတစ်ကြိမ်တွင် ထိုလူကိုပြန်မကြည့်ခဲ့​ချေ။ သူ၏မျက်လုံးများမှာ အားလုံးကဲ့သို့ ပင်နိုကီယိုကိုကြည့်​နေခဲ့​သော်လည်း လက်ကမူ မီးခြစ်ဆံတက်တူးအားဖိထားခဲ့​လေသည်။


​ရွှေကြယ်မှာ ​လေထဲတွင်တွဲလွဲခို​နေပြီး ပင်နိုကီယိုမှာ တစ်ချက်ခုန်လိုက်ပြီး ​ရွှေကြယ်ကြီးကိုဆွဲယူကာ သူ၏ရင်ထဲတွင်ပိုက်ထားခဲ့သည်။ 


"ငါစန်တာကို​ပြောခဲ့တာက ရိုးသားတဲ့က​လေး​တွေကပဲ ဒီ​ရွှေကြယ်ဆိုတဲ့ ဘုရင်ရဲ့​ရွှေဒင်္ဂါးကိုရနိုင်မယ်လို့​ပေါ့"


ထန်​မော့၏မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။ သူ၏ရင်ခုန်နှုန်းမှာမြန်လာပြီး ထို​တောက်ပ​သောကြယ်အား စိုက်ကြည့်​နေခဲ့မိ​လေသည်။



🪩