Chapter 64
Viewers 7k

🌍Chapter 64




​လော့ဖုန်းချန်းက ရှန်ဟိုင်း​မြေပုံကို ထုတ်လိုက်ပြီး နန်ကျင်းလမ်း​ဘေးမှ အ​ဆောက်အဦးတစ်ခုကို လက်ညိုးထိုးပြလိုက်သည်။ 


ထန်​မော့ ထို​နေရာကို​ကောင်း​ကောင်းသိသဖြင့် ထိတ်လန့်သွားခဲ့ရသည်။ 


"ဖ​ယောင်းရုပ်ထုပြတိုက် အ​ပေါ်ထပ်လား" 


​လော့ဖုန်းချန်း​ ခေါင်းငြိမ့်ပြလာခဲ့သည်။ 


"အင်း အဲဒီမှာ ရုပ်ရှင်ရုံတစ်ခုရှိတယ် လွန်ခဲ့တဲ့၂ရက်က ဂျက်နဲ့ထန်​ရှောင်းတို့​တွေ လျှပ်စစ်လူသားနဲ့တိုးပြီး အဲ​ဒီလူ​တော်​တော်အထိနာသွားတယ် သူ​နောက်ကို ​နောက်​ယောင်ခံလိုက်​တော့ လျှပ်စစ်လူသားက အဲဒီ​နေရာကို၀င်သွားပြီး ပြန်ထွက်မလာ​တော့ဘူး​လေ...အဲဒီ​နေရာမှာ ထွက်​ပေါက်​တွေအများကြီးရှိ​ပေမယ့်လည်း ဒီ​နေရာကလျှပ်စစ်လူသား၀င်သွားတဲ့ ပထမဆုံး​သော​နေရာပဲ ဒီ​နေရာကသူတို့ ပုန်း​နေတဲ့​နေရာဆိုတာ ၉၀ရာခိုင်နှုန်း​လောက် ​သေချာတယ်"


ထန်​မော့ ​ခေါင်းငြိမ့်လိုက်သည်။


"ရုပ်ရှင်ရုံက တကယ်ပုန်းလို့​ကောင်းတဲ့​နေရာပါပဲ" 


​လောဖုန်းချန်းကဆိုလိုက်တယ်။


"​ခိုး၀င်လို့လဲ ​ကောင်းတဲ့​နေရာပဲ​လေ" 


လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။

ထို့​နောက် ထန်​မော့က​မေးလိုက်သည်။ 


"ခင်များတို့ဘယ်​တော့စမှာလဲ"


"​နောက်သုံးရက်​နေရင်" 


​လော့ဖုန်းချန်းက ရှင်းပြလိုက်သည်။ 


"​နောက်၃ရက်​နေပြီးလို့ ည​နေခင်းမှာ ရှန်ဟိုင်းမှာ မိုးသက်မုန်တိုင်းကြီးတစ်ခုတိုက်လိမ့်မယ် ဒီဇင်ဘာမှာ ဒီလိုမိုးကြီးဖို့ဆိုတာ အ​တော်ရှားရှားပါးပါးပဲ မိုးကြိုး​တွေ​တောင်ပစ်နိုင်တယ် ငါတို့ခိုး၀င်ဖို့ အခွင့်​ကောင်းပဲ" 


ထိုစဥ် တံခါး​ခေါက်သံကို ကြားလိုက်ရသဖြင့် ထန်​မော့နှင့် ​လော့ဖုန်းချန်းမှာ လှည့်ကြည့်လိုက်မိကြသည်။ 


ထန်​ရှောင်းက တံခါး၀တွင် ရပ်​နေခဲ့သည်။


"ရှင့်ကို​တွေ့ချင်နေတဲ့တစ်​ယောက်ရှိတယ်"


သူမကထန်​မော့ကိုရည်ညွှန်းခြင်းပင်။ 


ထန်​မော့က​​သေချာ​အောင်မေးလိုက်မိသည်။


"ကျွန်​တော့်ကိုလား"


ထန်​ရှောင်း​​ခေါင်းငြိမ့်လျက် သူမကိုယ်အား တဖက်သို့ဖယ်​ပေးလိုက်ကာ ​နောက်မှ မိန်းက​လေး၂ဦးကို​ဖော်ပြလာခဲ့သည်။


ထန်​မော့မှာ အံအားသင့်သွားခဲ့သည်။


"ချန်ရှန်းရှန်း"


၄င်းမှာ ချန်ရှန်းရှန်းနှင့် ​​ရှောင်​ဖေး​ဖေးတို့ဖြစ်​လေသည်။


***


ကြီးမား​သော ​မောလ်ကြီးအနီး စုကျိုးပန်းခြံ...


ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ဦး စတိုးဆိုင်များအကြားသို့ လျှင်မြန်စွာ ​ပြေးလာခဲ့သည်။ သူမ၏ညာလက်မှာ တိပစွာ ဖြတ်ခြင်းခံထားရပြီး ထို​နေရာမှ ​သွေးများ ဒလ​ဟောစီးကျ​နေခဲ့သည်။ ​ပြေးလွှား​နေရင်း သူမ၏အ​ကောင်းအတိုင်းကျန်ရှိ​နေ​သေး​သော ဘယ်လက်ကိုမူ ​လေထဲသို့ အဆက်မပြတ်​ဝေ့ယမ်း​နေခဲ့သည်။ ထိုသို့​ဝေ့ယမ့်လိုက်တိုင်း ဆိုင်အတွင်းရှိ စားပွဲနှင့် ထိုင်ခုံများမှာ လွင့်ပျံသွားပြီး သူမ၏​​နောက်ဘက်တွင် အရှိန်ပြင်းပြင်းနှင့် ၀င်​​​ဆောင့်သွားကြသည်။


ဘန်း...ဘန်း...


အနက်​ရောင်ဒုချွန်ပုံသဏ္ဍာန်လက်နက်တစ်ခုမှ လျှင်မြန်စွာလှုပ်ရှားလိုက်လျက် ​လေထဲမှပစ္စည်းမှန်သမျှကို အသာအယာပင် နှစ်ပိုင်းပိုင်းပစ်လိုက်​လေသည်။


အနက်​ရောင်၀တ်အမျိုးသားတစ်ဦးမှာ သူမ​နောက်မှ အလွန်လျင်မြန်စွာလိုက်​နေခဲ့ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီး၏ မျက်လုံးများမှာ ရူးသွပ်မှူများ ဖုံးလွှမ်း​နေခဲ့သည်။ သူမသည်​ဒေါသတကြီး​အော်ဟစ်ရင်း သူမ၏စွမ်းရည်ကို အသုံးပြုရင်း ဖူ၀မ်သော်ရှိရာသို့ ပစ္စည်းများ အလုံးအရင်းလိုက်ပစ်​ပေါက်​နေခဲ့သည်။ သူမသည်စွမ်းရည်ကို တစ်ကြိမ်သုံးလိုက်တိုင်း သူမ၏မျက်နှာမှာ ​ပေါက်ကွဲ​တော့မည့် ​ဘောလုံးတစ်လုံးလို ပိုပိုနီရဲလာခဲ့သည်။


လူနှစ်ဦးမှာ အရှိန်ပြင်းပြင်းနှင့် ​ပြေးလွှား​နေကြရင်း စူပါမားကတ်၏ ​မြေ​အောက်ထပ်ကို​ရောက်ရှိလာပြီး ​စျေးဆိုင်တန်းများကြား ​ပြေးလွှား​နေခဲ့​လေသည်။


သူမနှင့်မနီးမ​ဝေးတွင် ချွန်ထက်​သောမီးဖို​ချောင်သုံးဓါးများကို မြင်လျှင်သူမ၏ မျက်လုံးများ တမဟုတ်ချင်း​တောက်ပသွားခဲ့ကာ ထိုဓါးများအားထိန်းချုပ်လျက် သူမ၏​နောက်မှ​ယောကျာ်းထံသို့ ချိန်ရွယ်ကာ ပစ်လိုက်​တော့သည်။


ဖူ၀မ်​သော်မှာ အမူအယာပင်တစ်ချက်မျှမ​ပြောင်းပဲထိုဓါးများကို​ရှောင်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်၏ အလိုအ​လျောက်တုန့်ပြန်မှုမှာ အလွန်မြန်လှ၏။ တခါတရံတွင် ကိုယ်ကို​စောင်းကာဓါးကို​ရှောင်လိုက်ပြီး တခါတရံတွင် လက်ဖြင့်ခါထုတ်ပစ်လိုက်သည်။ သို့​​သော်ဓါးများမှာ အများကြီးရှိ​နေဆဲပင်။ သစ်သီးလှီးဓါးတစ်​ချောင်းမှာ သူ့မျက်နှာ၏ညာဖက်အ​ရေပြားကို ရှပ်ထိသွားလျက် ​လေထုထဲမှ ​သွေးတစ်စက် စီးကျလာခဲ့သည်။


၎င်းမှာ ဖူ၀မ်​သော်၏ ပထမဆုံးဒဏ်ရာပင်။ ၄င်းကိုမြင်လျှင် သက်လတ်ပိုင်းအမျိုးသမီးကြီးမှာ ၀မ်းသာအားရနှင့် စွမ်းရည်ကိုအားကုန်သုံးကာ စူပါမားကတ်၏​ကောင်တာကြီးကို ​မြှောက်ရန်ပြင်လိုက်သည်။ သူမ ​ကောင်တာကြီးအား ​ကိုင်​မြှောက်ရန် ကြိုးစား​နေစဥ်မှာပင် ထို​ယောကျာ်းမှာ သူမအနားသို့ မျက်စိတမှိတ်အတွင်းမှာပင် ​ရောက်လာခဲ့​လေသည်။


"နင်..."


ထိုအမျိုးသား၏လက်နက်က သူမအား စကား​ပြောရန်အခွင့်အ​​ရေးတစ်ချက်မှ မ​ပေး​တော့ပဲ သူမလည်​ချောင်းကိုတိုက်ရိုက်ထိုး​ဖောက်သွားခဲ့​လေသည်။ သူမအား မျက်စိတမှိတ်အတွင်းမှာ သတ်လိုက်​သော လူကိုကြည့်​နေရင်း သူမ၏ပါးစပ်မှာ ပွင့်ဟ​နေခဲ့သည်။ သူမသည် ထိုလူအဘယ်​ကြောင့် ဤမျှလျှင်မြန်​လွန်းရသည်ကို နားမလည်နိုင်ဖြစ်​နေပုံပင်။ ၄င်းမှာ ရှန်ဟိုင်းကိုထွက်သွား​သော သူမ၏အ​ဖွဲ့၀င်တစ်ဦးအတိုင်း ထိုလူ၏ လှုပ်ရှားမှုအား သူမ၏ ဗလာမျက်စိဖြင့် မမြင်နိုင်လုနီးနီးပင်။


သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးမှာ ချက်ချင်းအ​ရေးနိမ့်သွားခဲ့ကာ သူမ၏ဟ​နေ​သော ပါးစပ်မှ သွားကြားထဲတွင် ​​နီရဲရဲ​သွေးစများနှင့် လူ့အသားဖတ်များရှိ​နေခဲ့​လေသည်။


ဖူ၀မ်​သော် သူ၏ညာလက်ကိုခါလိုက်သည်နှင့် ထိုချွန်ထက်​သောလက်နက်မှာ သာမာန်လက်တစ်​​ချောင်းအဖြစ်ပြန်​ပြောင်းသွားခဲ့သည်။ ထိုအမျိုးသမီး​သေဆုံးသွားမှန်း အတည်ပြုပြီး​နောက် ​ဘေးပတ်ပတ်လည်ကိုကြည့်ကာ စူပါမားကတ်ထဲမှ ထွက်သွားလိုက်သည်။ ထို့​နောက်တွင်သူ၏ကားဆီပြန်သွားလျက် ​မောင်းထွက်သွားခဲ့​လေသည်။


ဤရက်ပိုင်းတွင် ​ကောင်းကင်​ပေါ်၌ ထူထဲ​သောတိမ်မည်းများဖုံးအုပ်​နေခဲ့သည်။ ဖူ၀မ်​သော် စတီယာတိုင်အား လက်တစ်ဖက်ဖြင့်ထိန်းလျက် ကျန်လက်တစ်ဖက်မှာ ​မြေပုံကို ဖွင့်လိုက်ကာ လမ်း​ကြောင်းကို ကြည့်လိုက်သည်။ သူ၏ညာဖက်ပါး​ပေါ်မှ ​လော​လောလတ်လတ်ရရှိခဲ့​သော ပြတ်ရှဒဏ်ရာမှာ မျက်စိဖြင့် မြင်နိုင်​သောအလျင်နှုန်းဖြင့် ပြန်လည်သက်သာ​နေခဲ့သည်။ မိနစ်အနည်းငယ်​ကျော်လွန်သွားပြီး​နောက်တွင် ထိုဒဏ်ရာမှာ ဘယ်တုန်းကမှမရှိခဲ့သလို ​ပျောက်ကွယ်သွားလျက် သူ၏အ​ရေပြားမှာ ပြန်လည်​ချော​မွေ့သွားခဲ့​လေသည်။


ဖူ၀မ်​သော်ထွက်သွားပြီး​နောက် စူပါမားကတ်၏အပြင်ဘက်တွင် ​ယောကျာ်း​လေး၂ဦးနှင့် မိန်းက​လေး၁ဦးမှာ ​တုန်လှုပ်​နေ​သောလက်များနှင့် တစ်ဦးကိုတစ်ဦးဆုပ်ကိုင်ကာ ၀မ်းသာအားရ​အော်ဟစ်လိုက်ကြ​သည်။


"အဲဒီလူက လူသတ်သမား​တွေအကုန်လုံးကို သတ်​ပေးမယ်တဲ့  သူတကယ် သတ်ခဲ့ပြီ​နေမှာ"


"ဟုတ်တယ် သူထွက်သွားပြီပဲ အဲဒီလူသတ်သမား​တွေ ​သေပြီ​နေမှာ"


လူ၃ဦးက ထိုစကားကို အထပ်ထပ်ရွတ်ဆိုရင်း စူပါမားကတ်ထဲသို့ ​ကြောက်ရွံ့စွာ၀င်သွားလိုက်ကြသည်။ သူတို့သည် စူပါမားကတ်၏စင်များကြားမှ ​လျှောက်လာ​နေရင်း သူတို့၏​ခြေ​ထောက်များမှာ တုန်ယင်​နေခဲ့​လေသည်။ ထို့​နောက် မျက်စိ​ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ထိုသူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့​လေသည်။


စိတ်လှုပ်ရှားမှု အံ့အားသင့်မှုများ​နောက်တွင် ​ပျော်ရွှင်မှု၏ မျက်ရည်များ ကျဆင်းလာခဲ့​တော့သည်။ လူ၃​ယောက်မှာ တစ်ဦးကိုတစ်ဦးတင်းတင်းကြပ်ကြပ်ဖက်လိုက်မိကြသည်။


"သူ​သေသွားပြီ..သူတကယ်​သေသွားပြီ လုလုအတွက် လက်စား​ချေနိုင်ပြီ..."


*****


ရှန်ဟိုင်း ပူဒုန်ခရိုင်အသစ်တွင်...


ထန်​မော့ ထိုက​လေးမကို ဤမျှမြန်မြန်ပြန်​တွေ့ရရန် မ​မျှော်လင့်ထားခဲ့​ချေ။ 


လွန်ခဲ့​သော ဆယ်ရက်ခန့်က ထန်​မော့မှာ ရှီ​ပေ့အလယ်တန်း​ကျောင်း၏ စတိတ်စင်​အောက်တွင် စာတစ်​စောင်ကို ချန်ထားခဲ့သည်။ ၁၀ရက်ကြာပြီး​နောက် ချန်ရှန်းရှန်းမှာ ထန်​မော့အား လာရှာခဲ့​လေသည်။


ထန်​မော့က​မေးလိုက်သည်။ 


"ငါထားခဲ့တဲ့စာကို​တွေ့လို့ ငါ့ကိုလာရှာတာလား"


ဆံပင်တိုတိုနှင့်က​လေးမ​လေးက အလွန်တည်ငြိမ်စွာပြန်​ဖြေလာခဲ့သည်။ 


"ဟုတ်တယ် လွန်ခဲ့တဲ့၃ရက်က ကျွန်မ​ဖေး​​​ဖေးနဲ့ ​ကျောင်းကိုပြန်သွားကြည့်ခဲ့တယ်​လေ.. ပြီး​တော့အစ်ကိုထန်ချန်ခဲ့တဲ့စာကို ​တွေ့ခဲ့တယ်...ဒါ​ပေမယ့်လည်း ဒီ​မောလ်ကိုရှာရတာ ခက်လို့... ရှန်ဟိုင်းမှာက ​လော​လောဆယ် ခိုး၀င်သူ​တွေကလည်း ​သောင်းကျန်း​နေတယ်​လေ အစ်ကိုနဲ့ အဲဒီခိုး၀င်သူအုပ်စုကလည်း ရန်ဘက်​တွေဆို​တော့ ဒီကိုတိုက်ရိုက်လာလို့မရဘူး...အချိန်နည်းနည်းယူခဲ့ရတယ် အဲဒါ​ကြောင့် ကြာသွားတာ"


​လော့ဖုန်းချန်း ထန်​မော့ကို ကြည့်လိုက်သည်။ 


"မင်းဒီက​လေး​တွေကို တိုက်အဖွဲ့အစည်းနဲ့ ခိုး၀င်သူ​တွေအ​ကြောင်း​ပြောပြခဲ့တာလား"


ထန်​မော့​ခေါင်းကို ခါလိုက်သည်။ 


"ဟင့်အင်း ဖက်တီး​လေးက ကျွန်​​တော်နဲ့အတူ အဖွဲ့တစ်ခုတည်းမှာ ရှိ​နေတယ်လို့ပဲ​ပြောခဲ့တာ"


​လော့ဖုန်းချန်းက​အသံတိုးတိုးပြုလျက် ချန်ရှန်းရှန်းအား စိတ်၀င်စားမှုတို့ပါ၀င်​​သော မျက်လုံးတို့ဖြင့် ကြည့်လိုက်မိ​လေသည်။


​ရှောင်​ဖေး​ဖေးက ​ကျောက်ကျန်းကိုရှာရန် အရင်ဆုံးထွက်သွားခဲ့ပြီး ထန်​မော့နှင့်ချန်ရှန်းရှန်းမှာမူ ​မြေ​အောက်ကားပါကင်၏ ​ထောင့်တစ်​နေရာတွင် စကား​ပြောရန် ကျန်​နေရစ်ခဲ့​လေသည်။


"အစ်ကို ​ကျောက်ကျန်းနဲ့ လျိုချန်းကို ကယ်ခဲ့တာလား" 


ချန်ရှန်းရှန်းက​မေးလိုက်သည်။


ထန်​မော့ကပြန်​ဖြေလာခဲ့သည်။ 


"အင်း လွန်ခဲ့တဲ့ လ၀က်​လောက်က ငါဒီအဖွဲ့အစည်းက လူတစ်​ယောက်နဲ့အတူဒီကို​ ခိုး၀င်သူ​တွေအကြောင်း စနည်းနာဖို့​ရောက်လာခဲ့တာ ဖက်တီး​လေးက အဲဒီခိုး၀င်သူ​တွေနဲ့ တိုးသွား​တော့ သူတို့ဆီကအကယ်ခံလိုက်ရတာပဲ"


ချန်းရှန်းရှန်း ​ခေါင်းငြိမ့်လိုက်သည်။


မ​တွေ့ရသည်မှာ လ၀က်မျှသာရှိ​သေး​သော်လည်း ဤက​လေးမ​လေးမှာ ဥာဏ်ပိုပို ထက်လာခဲ့သလိုပင်။

ထန်​မော့ ချန်ရှန်းရှန်း၏ စွမ်းရည်မှာ လက်ရှိ မည်သည့်အဆင့်ကို​ရောက်​နေခဲ့ပြီလဲ မသိနိုင်​တော့​ချေ၊ သို့​သော်လည်း လွန်ခဲ့​သော လကထက် ပို၍ ထက်မြက်လာခဲ့သည်မှာ အ​သေအချာပင်။


ထန်​မော့က သူနှင့်​ကျောက်ကျန်းတို့ စွမ်းရည်အဖွဲ့အစည်းတစ်ခုတွင် ရှိသည်ဟုသာ​ပြောထားခဲ့သည်။

အကယ်၍ချန်ရှန်းရှန်းသာ သူတို့ကိုရှာ​ဖွေလိုပါက အလွယ်တကူရှာ​တွေ့မည်ဖြစ်ကာ ဤမျှအချက်အလက်ဖြင့်ပင် မိမိတို့နှင့် ခိုး၀င်သူတို့အုပ်စုမှာ ရန်သူများဖြစ်​ကြောင်း ခန့်မှန်းနိုင်လိမ့်မည်ပင်။


ထန်​မော့ ရှီ​ပေ့အလယ်တန်း​ကျောင်းမှ မထွက်ခွာခင်ကပင် သူ၏သူငယ်ချင်းကိုသွားရှာပြီး​နောက် စုကျိုးကို ပြန်မည်ဟု ​ပြောထားခဲ့တာဖြစ်သည်။ ယခုထန်​မော့မှာ ရှန်ဟိုင်းတွင်ဆက်ရှိ​နေ​သေးပုံ​ထောက်လျှင် သူ့တွင် လုပ်စရာတစ်ခုခုရှိ​နေ၍သာဖြစ်နိုင်​လေသည်။ ၄င်းမှာ ခိုး၀င်သူအုပ်စုကို ရှင်းပစ်လိုခြင်းဖြစ်​ပေလိမ့်မည်။


ထပ်​ဆောင်းဆိုလျှင် ဖက်တီးက​​လေးမှာ အ​နောက်အရပ်သို့ထွက်သွားခြင်းဖြစ်ကာ ချန်ရှန်းရှန်းပြန်လာရသည့်အ​ကြောင်းမှာလည်း ဖက်တီး​​လေးကို စိတ်ပူ၍ပင်။ ချန်ရှန်းရှန်း၏ သတိ​ပေးစကားအရ ​ကျောက်ကျန်းမှာ တခြားသူများနှင့် ဆက်သွယ်လိမ့်မည်မဟုတ်ရာ စွမ်းရည်အဖွဲ့အစည်းတွင် ​ရောက်ရှိ​နေစရာအ​ကြောင်းလည်း မရှိ​ပေ။ ထို့​ကြောင့် ၁၀ပုံပုံလျှင် ၉ပုံမှာ ​ကျောက်ကျန်းဒုက္ခ​ရောက်ခဲ့သဖြင့် ထိုအဖွဲ့အစည်းက ကယ်တင်လိုက်ခြင်းဖြစ်​ပေလိမ့်မည်။


ရှန်ဟိုင်းတွင် လက်ရှိအန္တရာယ်အကြီးဆုံးမှာ ခိုး၀င်သူအဖွဲ့အစည်းဖြစ်သည်။ စွမ်းရည်အဖွဲ့အစည်းမှာ ခိုး၀င်သူအဖွဲ့အစည်းနှင့် ဆန့်ကျင်ဘက်​ပေမို့ ရန်သူများဖြစ်လာမည်မှာ ​သဘာ၀ပင်။


ထန်​မော့​တွေး​တောလိုက်မိသည်။ 


"မင်းမှာ တခြားအ​ဖော်တစ်​ယောက်ရှိ​သေးတယ် မဟုတ်ဘူးလား ဘာလို့၂​ယောက်တည်းဖြစ်​နေတာလဲ"


"သူ့အိမ်က ​ကျောင်းက​နေဆိုမ​ဝေးဘူး​လေ သူ့မိဘ​တွေကမရှိ​တော့​ပေမယ့် သူ့အိမ်ကိုသွား​တော့ သူ့ဦး​လေးနဲ့​တွေ့ခဲ့တယ်​လေ သူ့ဦး​လေးကအသက်ရှင်​သေးတာမို့လို့ ကျွန်မတို့နဲ့ လူခွဲလိုက်တာ " 


ချန်ရှန်းရှန်းက​​မေးလိုက်သည်။


"အစ်ကိုထန်က ဘာလို့အဲဒီခိုး၀င်သူ​တွေကို သတ်ချင်ရတာလဲ"


ထန်​မော့ကရှင်းပြလိုက်သည်။


"ငါသူတို့ကို မသတ်ရင် သူတို့ကရှန်ဟိုင်းမှာ လူ​တွေပိုပိုပြီးသတ်လာမယ် ငါတို့အပါအ၀င်​ပေါ့"


"​ကျောင်း​လှေကားထစ်မှာ ​တွေ့ခဲ့တဲ့ မီးကျွမ်း​နေတဲ့ အ​လောင်းက ခိုး၀င်သူလား"


"အင်း သူငါ့​နောက်က​နေ ​ကျောင်းကို လိုက်လာတာ"


"ခိုး၀င်သူ ဘယ်နှ​ယောက်ကျန်​သေးလဲ" 


"၆​ယောက်​လောက်ပဲကျန်​တော့မယ် သူတို့ထဲက တစ်​ယောက်ရဲ့ စွမ်းရည်ကိုပဲ ​ကောင်း​ကောင်းသိရတယ် ကျန်တဲ့၅​ယောက်က​တော့ အခုထိ ဘာမှအတည်မပြုနိုင်​သေးဘူး"


ထန်​မော့က ချန်ရှန်းရှန်းအား လက်ရှိအ​ခြေအ​နေကို ​ပြောပြလိုက်သည်။ သို့​သော် သိပ်ကြာကြာမ​ပြောလိုက်ရခင်မှာပင် ဖက်တီး​လေးမှာ သူ၏သူငယ်ချင်း၂ဦး​​ရောက်လာသည်ဟု ကြားလျှင် ၀မ်းသာအားရ​ပြေးလာ​တော့သည်။ က​လေး၄​ဦးမှာ တိုက်အဖွဲ့အစည်း၏ အ​ရေး​ပေါ်အခန်းတွင် စု​ဝေးလျက် မိမိတို့၏ကိုယ်စီအ​တွေ့အကြုံများကို အာ​ပေါင်အာရင်းသန်သန် မျှ​ဝေ​နေကြ​တော့သည်။


ထန်​မော့လည်း အ​ရေး​ပေါ်ခန်းမှ ထွက်သွားလိုက်ပြီး ဂျက်နှင့်အတူ S4ဂိမ်းတစ်ခုထံ ထွက်လာခဲ့​လေသည်။


လွန်ခဲ့​သော​လေးရက်ကလည်း သူတို့ S4ဂိမ်းတစ်ခုကိုရှင်းခဲ့ပြီး ဆုကိုယ်စီရရှိခဲ့သည်။ ကံမ​ကောင်းသည်မှာ ဆုကသိပ်ကြီးကြီးမားမားမဟုတ်ခဲ့ပဲ ခိုး၀င်သူများနှင့် ရင်ဆိုင်ရာတွင်လည်း အသုံးမ၀င်​ချေ။ ယ​နေ့အဖို့ သူတို့ နောက်ထပ် S4ဂိမ်းကို ရှင်းပစ်လို​လေသည်။


ည​နေခင်းတွင် ထန်​မော့ ကားပါကင်သို့ ပြန်​ရောက်လာ​သောအခါတွင်မူ ဖက်တီးက​လေးမှာ သူ၏ဒဏ်ရာရရှိထား​သော လက်​မောင်းကို ဂုဏ်စွာ​မြှောက်လျက် ​ကျောင်းသူနှစ်ဦးအား မည်သို့ သူရဲ​ကောင်းဆန်ဆန်ကယ်တင်ခဲ့​ကြောင်းကို ကြွား၀ါ​နေခဲ့​လေသည်။ ​ရှောင်​ဖေး​ဖေးမှာ ဆွံ့အ​နေပြီး ချန်ရှန်းရှန်းမှာမူ တည်ငြိမ်စွာနှင့် လျိုချန်း၏ဒဏ်ရာအ​ကြောင်းကို ​မေးမြန်း​နေခဲ့သည်။


​ကောင်းကင်ကြီးမှာ ပိုပိုပြီး ​မှောင်မည်းလာခဲ့​လေသည်။


လွန်ခဲ့​သောရက်ပိုင်းအတွင်း ရာသီဥတုမှာ ပိုပို​အေးလာခဲ့ပြီး ​​မြောက်အရပ်မှ ​လေ​အေးတို့လည်း တိုက်ခတ်လာခဲ့သည်။ ​အေးစက်လွန်း​သော​လေများမှာ မျက်နှာအ​ရေပြား​ပေါ် အပ်​သေး​သေး​လေးများ ဖြတ်သွားသည့်နှယ်။


သို့​သော် အရံကစားသမားများသည်ပင် ဤမျှအ​အေးဒဏ်ကိုခံနိုင်ရည်ရှိ​လေသည်။ ကမ္ဘာကြီးအွန်လိုင်း​​ပေါ်တက်လာပြီးသည့်​နောက် လူများမှာ ရာသီဥတုအ​ပြောင်းအလဲကို ဂရုမစိုက်ကြ​တော့​ချေ။


သို့​သော် ဤ​လေ​အေးမှာ သာမာန်မဟုတ်ပဲ ပြင်းထန်​သော မိုးကိုပါ သယ်​ဆောင်လာခဲ့​လေသည်။


​လော့ဖုန်းချန်းက လာမည့်၃ရက်တွင် မိုးသည်းမည်ဖြစ်ကာ ၄င်းမှာခိုး၀င်သူများကို ၀င်တိုက်ရန် အ​ကောင်းဆုံးအချိန်ဟုဆိုခဲ့သည်။ ထန်​မော့က ထိုနေ့တွင် အဘယ်​ကြောင့် မိုးရွာမည်ကို နားမလည်ခဲ့​ချေ။ မတိုင်ခင်ညက သူသည်​လော့ဖုန်းချန်းအား ​မေးကြည့်ခဲ့​လေသည်။


"ဘယ်လို၀င်တိုက်ဖို့ စီစဥ်ထားလဲ"


​လော့ဖုန်းချန်းက သူကိုယ်တိုင်ဆွဲထား​သော အ​ဆောက်အဦး ပုံကြမ်းကို ထုတ်ယူလာခဲ့သည်။


"အဲဒီ​မောလ်ထဲမှ မှန်ဓါတ်​လှေကား ၃ခုရှိတယ် ​တောင်ဘက်စွန်းစွန်းကတစ်ခု ​မြောက်ဘက်စွန်းစွန်းကတစ်ခုနဲ့ ​မောလ်ရဲ့အလယ်တည့်တည့်ကတစ်ခု ရုပ်ရှင်ရုံက ၁၂ထပ်မှာရှိတယ်"


တိုက်အဖွဲ့အစည်းတွင်အဖွဲ့၀င် စုစု​ပေါင်း ၂၅​ယောက်ရှိ​လေသည်။ သို့​သော် ထိုအထဲမှ ဒဏ်ရာရထား​သော ဖက်တီး​လေး အပါအ၀င် ၁၀​ယောက်ကသာ သန်မာ​သောတိုက်ခိုက်စွမ်းရည်မျိုးကိုပိုင်ဆိုင်​လေသည်။


ထန်​မော့က ​လော့ဖုန်းချန်း၏ အစီအစဥ်ကိုနား​ထောင်ပြီး​နောက် သ​​ဘောတူလျက် ​ခေါင်းငြိမ့်လိုက်သည်။ ​နောက်ဆုံးတွင် သူကမှတ်ချက်​ပေးလာခဲ့သည်။


"အဲဒီမျက်နှာဖြူ​လေးဆိုတာက သူတို့ထဲက အသန်မာဆုံးတစ်​ယောက်မဟုတ်ရင် အ​ရေးအကြီးဆုံးတစ်​ယောက်ပဲ ဖြစ်လိမ့်မယ် လော့ဖုန်းချန်း ခင်များက​ရော ဘယ်လိုထင်လဲ"


​လော့ဖုန်းချန်း ခတ္တမျှ​တွေး​တောသွားပုံပင်။


"ခါးပတ်နက်ဖြစ်နိုင်​​ချေက ၄၀ရာခိုင်နှုန်း ​နောက်တစ်​ယောက်ဖြစ်နိုင်​ချေက ၆၀ရာခိုင်နှုန်းလို့ထင်တယ်"


ထန်​မော့တွင် ကန့်ကွက်စရာမရှိခဲ့​ချေ။


သူ​လော့ဖုန်းချန်းရုံးခန်းထဲမှ ထွက်လာခဲ့သည်။


လူတိုင်းမှာ အနားယူရန်၀င်သွားကြ​ချေပြီ။ ​နောက်​နေ့ညတွင် မိမိတို့၁၀ဦးမှာ ပုရှီသို့ ခိုး၀င်သူများကို ၀င်တိုက်ရန် သွားရ​ပေ​တော့မည်။


ထန်​မော့ သူ၏ကားထံသို့ ချက်ချင်းပြန်မသွားခဲ့​ချေ။ သူသည်အ​ရေး​ပေါ်ခန်း၏ အပြင်ဘက်တွင် ချန်ရှန်းရှန်းကို တစ်ဦးတည်း​ရပ်လျက်တွေ့လိုက်ရ​လေသည်။


🪩