Chapter 59
Viewers 32k

🌍Chapter 59




အနက်​ရောင်ကုတ်ကို၀တ်ထားခဲ့​သောနျဲ့​ဖေးကို သူမှတ်မိပါသည်။ ထန်​မော့ မာရီယို၏ မိုနိုပိုလီဂိမ်းမှ ထွက်လာစဥ်က ပထမဆုံး ​တွေ့ခဲ့ရ​သော သူပင်။ ထို့အပြင် နျဲ့​ဖေးမှာ တိုက်အဖွဲ့အစည်းမှ သူ့ထံပထမဆုံး ကမ်းလှမ်းချက်နှင့် သူတို့၏ ဌာနချုပ်ကို ​ခေါ်သွား​ပေးဖူးသူလည်းဖြစ်သည်။ ထန်​မော့မှာထိုလူနှင့် စကားအနည်းငယ်မျှသာ​ပြောဖူးခဲ့​သော်လည်း ကျန်အဖွဲ့သားနှစ်​ယောက်နှင့်အတူရှိလျှင် ၄င်းမှာ​ခေါင်း​တောင်တစ်ဦး၏ခံစားမှု​မျိုး​ပေး​လေသည်။


ထန်​မော့ ခတ္တမျှ တိတ်ဆိတ်​နေခဲ့မိသည်။ 


"သူ့စွမ်းရည်က တိုက်ခိုက်စွမ်းရည်မဟုတ်ဘူးလား" 


​လော့ဖုန်းချန်း သူဆိုလိုသည်ကို နားလည်​လေသည်။


"နျဲ့​ဖေးမှာ တိုက်ခိုက်စွမ်းရည်ရှိပါတယ် သူကအရင်တုန်းက ​ကောလိပ်​ကျောင်းသား​လေးပဲ​လေ သူ့စွမ်းရည်နိုးထလာပြီးတဲ့​နောက်မှ သူ့ရဲ့အား​ကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပျံသန်းစွမ်းရည်ကို ​လေ့ကျင့်ခဲ့တာ.. ခိုး၀င်သူအုပ်စုနဲ့တိုး​တော့ သူကထန်​ရှောင်းကို အရင်ဆုံး​ပြေးခိုင်းခဲ့တယ် ထန်​ရှောင်းကျန်တဲ့သူ​တွေ​ခေါ်ပြီး ပြန်လာတဲ့အချိန် သူ့နှလုံးကမရှိ​တော့ဘူး။"


"အဲဒီခိုး၀င်သူ​တွေက ဘယ်က​ရောက်လာတာလဲ ဘာလို့လူနှလုံး​တွေကိုစားတာလဲ သူတို့စွမ်းရည်​တွေက​ရော"


ထန်​မော့ ​မေးခွန်း၃ခုကိုဆက်တိုက်​မေးလိုက်သည်။


​လော့ဖုန်းချန်းစိတ်ရှည်လက်ရှည် ပြန်​ဖြေ​ပေးခဲ့သည်။ 


"ဘာလို့နှလုံး​တွေစားတာလဲ ​ကောက်ချက်မချနိုင်​သေးဘူး... ငါမှန်းနိုင်သ​လောက်က​တော့ သူတို့ရဲ့စွမ်းရည်နဲ့ ပတ်သက်နေမယ်ထင်တယ် ဒါ​ပေမယ့် ​လော​လောဆယ်ငါရှာ​တွေ့ထားသ​လောက်အထိ ​သေတဲ့သူ​တွေကစွမ်းရည်​တွေက အမျိုးအစား​တွေတခြားစီပါပဲ.. သူတို့ကလူ​တွေရဲ့နှလုံးကို အရူးအမူးလိုအပ်နေကြတာ တရား၀င်ကစားသမားမှမဟုတ်ဘူး သာမာန်လူ​တွေနဲ့ ခိုး၀င်သူ​တွေကိုလည်း စားတာပဲ သူတို့ဘာလို့ဒီလိုမျိုး လူ​တွေရဲ့နှလုံးကို အသည်းအသန်စား​နေရတာလဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်​ချေနှစ်မျိုးရှိတယ် ပထမတစ်ခုက​တော့ သူတို့ကအစကတည်းက လူသားစားတဲ့သူ​တွေ၊ အခုအစိုးရလည်းမရှိ​တော့ဘူး  လူ့ကျင့်၀တ်​တွေကိုလည်း ထိန်းသိမ်း​နေဖို့မလို​​တော့ဘူးဆို​တော့ သူတို့ဆန္ဒအတိုင်းလုပ်ခွင့်ရသွားတာ"


ထန်​မော့က​မေးလိုက်သည်။


"သူတို့​တွေစုစု​ပေါင်း ဘယ်နှ​ယောက်ရှိလဲ"


"အနည်းဆုံး ၇​ယောက်ပဲ ငါတို့အဲဒီ၇​ယောက်ကိုပဲ ​တွေ့ဖူး​သေးတယ်"


"သူတို့လူသားစားတဲ့သူ​တွေဖြစ်နိုင်​ချေက အ​တော်နိမ့်တယ်။"


ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။


"ပုံမှန်မဟုတ်တဲ့စား​သောက်ချင်စိတ်ရှိတဲ့ စိတ်​ရောဂါမျိုးရှိတဲ့သူ​တွေ အဲ​လောက်ထိမများဘူး

 á‡â€‹á€šá€ąá€Źá€€á€şá€œá€Żá€śá€¸á€Ąá€á€°á€…ုမိဖိုအဆိုတဏ ပို​တောင်မဖြစ်နိုင်ဘူး"


​လော့ဖုန်းချန်းကဆိုလိုက်သည်။


"ဒါဆို​နောက်ထပ်ဖြစ်နိုင်​ချေတစ်ခုရှိ​သေးတယ်" 


ထန်​မော့ ​လော့ဖုန်းချန်းအားကြည့်လျက် အ​ဖြေကို​တွေး​တော​နေခဲ့သည်။


"လူ​တွေရဲ့နှလုံးကိုစားတာက သူတို့ကိုပိုပြီး သန်မာလာ​စေတာ"


*****


ရှန်ဟိုင်း ဖုန်းရှန်း ခရိုင်။


စူးရှ​သော ​အော်သံတစ်ခု လမ်းတစ်​လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ ဆံပင်တိုတိုနှင့် မိန်းက​လေးမှာ သူမအသင်း​ဖော်၏ ပါးစပ်ကိုပိတ်လိုက်သည်။


"​ဖေး​ဖေး မ​အော်နဲ့ ငါတို့ကိုရှာ​တွေ့သွားလိမ့်မယ်"


ဖြူ​ဖျော့​နေ​သောမျက်နှာနှင့်​ကြောက်ရွံ့​နေ​သော မိန်းက​လေးက ​ခေါင်းကပြာကပြာညိတ်လိုက်သည်။ ချန်ရှန်းရှန်းသည်လည်း သူမပါးစပ်ကို ကာထား​သော လက်ကို လွှတ်​ပေးလိုက်​လေသည်။ 


​ရှောင်​ဖေး​ဖေးမှာ ထိုအ​လောင်းကို မကြည့်ပဲမ​နေနိုင်ခဲ့​ချေ။ သူမမှာ ထိုဆိုးရွား​သော အ​လောင်းကိုမမြင်ချင်​သော်လည်း ခဏခဏပြန်လှည့်ကြည့်​နေမိသည်။ တတိယအကြိမ်​မြောက်လှည့်ကြည့်မိပြီး​နောက် သူမ​သစ်ပင်ကိုလက်​ထောက်လျက် အန်ချလိုက်မိ​တော့သည်။


ချန်ရှန်းရှန်းမှာ သူမကိုတစ်ချက်ကြည့်လျက် ထိုအ​လောင်း​ဘေးသို့​လျှောက်သွားကာ စူးစမ်းလိုက်သည်။


လူသတ်သမားမှာ နှလုံးအားဆွဲထုတ်ရာတွင် အနည်းငယ်မျှ ညှာတာခဲ့ပုံမ​ပေါ်​ချေ။ အသတ်ခံရသည်၏ ကိုယ်တွင်းအင်္ဂါများမှာလည်း ထွက်ကျလျက် ​မြေကြီး​ပေါ်တွင်ပြန့်ကျဲ​နေခဲ့သည်။ ​ရှောင်​ဖေး​ဖေးမှာ ထိုကဲ့သို့အ​လောင်းများကို မြင်ဖူးခဲ့​သော်လည်း သူမလွန်ခဲ့​သော နှစ်ရက်အတွင်းစားထားသမျှကို ပြန်မအန်ထုတ်ပဲ မ​နေနိုင်ခဲ့​​ချေ၊


သူ၏အစာအိမ်ထဲတွင် အန်ထုတ်စရာဘာမျှ မကျန်​တော့မှ ​ရှောင်​ဖေး​ဖေးမှာ သူမ၏မျက်လုံးများကို ဖုံးကွယ်လျက် ချန်ရှန်းရှန်းအနီးသို့ ​လျှောက်သွားလိုက်သည်။ ထို့​နောက်သူမ တုန်လှုပ်စွာဆိုလိုက်သည်။


"ရှန်း..ရှန်းရှန်း အမြန်သွားရ​အောင်.. ငါတို့ဒါနဲ့ဆို ဒီလိုအ​လောင်း​တွေ့တာ ၂ခါရှိ​နေပြီ.. ငါတို့နယ်ကိုအမြန်ပြန်ပြီး ​ရှောင်​နေကြရ​အောင်ပါ.. အဲလိုဆို ဒီလူ​တွေငါတို့ကိုလည်း ရှာ​တွေ့​တော့မှာ မဟုတ်ဘူး"


ချန်ရှန်းရှန်းမှာမူ ထိုအ​လောင်းကို စစ်​ဆေး​နေဆဲပင်။


၁၅နှစ်အရွယ်မိန်းက​လေးမှာ ပိန်ပိန်ပါးပါးနှင့် ​သေးငယ်ကာ က​လေးဆန်​သေး​သော်လည်း ​လော​လောဆယ်တွင် သူမသည် အ​လောင်း၏ဒဏ်ရာ​ပေါ် ဖုံးကွယ်​နေသည်တို့ကို ဖယ်ရှားလျက် ဂရုတစိုက် စစ်​ဆေး​နေခဲ့သည်။ သူမ၏အသံမှာမူ ဆိုးရွား​သောအရာကိုလုပ်​နေခြင်းမရှိသလို ပကတိ​​တည်ငြိမ်လျက်


"ငါတို့ရိက္ခာ​တွေပိုရှာဖို့လို​သေးတယ်.. မျိုး​စေ့တချို့ရရင်ပို​ကောင်းတယ်..နယ်ဘက်မှာ စိုက်ပျိုးပြီး​နေလို့ရတာ​ပေါ့...မဟုတ်ရင် ​တောင်​ပေါ်ကဟာ​တွေလည်း ငါတို့စားရင်ကုန်မှာပဲ"


​ရှောင်​ဖေး​ဖေးကအလျင်အမြန်ဆိုလိုက်သည်။


"ဒါဆိုငါတို့အမြန်သွားကြစို့​လေ"


ချန်ရှန်းရှန်း ထရပ်လိုက်သည်။ 


"မ​နေ့ကလူနှစ်​ယောက်​ပြောတာ ဒီလူသတ်သမား​တွေက အ​နောက်ဘက်ကဆို"


​ရှောင်​ဖေး​ဖေးမှာ ချန်ရှန်းရှန်း၏​မေးခွန်းကိုနားမလည်​ချေ။ သူမကခတ္တမျှ​တွေး​တောလျက် ဆိုလာသည်။


"အင်း အဲလိုထင်တာပဲ.. အဲဒီလူ​တွေက အ​နောက်ဘက်က​နေ​ပြေးလာကြတာ အ​နောက်ဘက်ကလူ​တွေ ​တော်​တော်များများ အ​ရှေ့ဘက်ကို ​ပြေးလာကြတယ်..သူတို့​ပြောတာ​တော့ အဲဒီလူသတ်သမား​တွေက စုကျိုးက​နေလာတာတဲ့"


"​ကျောက်ကျန်းနဲ့ လျိုချန်းက အ​နောက်ဘက်ကို သွား​နေတာ"


​ရှောင်​ဖေး​ဖေးက ​ရေရွတ်လိုက်သည်။


"မ​တွေးတတ်တာပဲ..ငါတို့​တောင်ဒီလူသတ်သမား​တွေအ​ကြောင်းသိရင် ​ကျောက်ကျန်းတို့လည်းသိမှာပဲ​လေ... ကျန်တဲ့သူ​တွေလိုပဲ သူတို့လွတ်လာမှာပါ"


ချန်ရှန်းရှန်း ​ခေါင်းကိုလှည့်လျက် သူမ၏အ​ဖော်ကို ကြည့်လိုက်သည်။ 


"မ​ကောင်းတဲ့အရာတစ်ခုကဖြစ်နိုင်​ချေရှိတယ်ဆိုရင်

ဖြစ်နိုင်​ချေဘယ်​လောက်နည်းနည်း ဖြစ်ကိုဖြစ်မှာ"


"ရှန်းရှန်း နင်ဘာ​တွေ​ပြော​နေတာလဲ"


ချန်ရှန်းရှန်းသူမ၏​အောက်နှုတ်ခမ်းကို ကိုက်လျက် ​ခေါင်းကိုငုံ့ကာ စဥ်းစား​နေခဲ့သည်။


"ပြန်သွားပြီး ​ကျောက်ကျန်းတို့ကိုသွားရှာရ​အောင်" 


*****


ပူဒုန်ခရိုင် ​မြေ​အောက်ကားပါကင် တတိယထပ်တွင်


ထန်​မော့၏အမူအယာမှာ အလွန်​ကျော့​မော့လျက်ပင်။ 


"မ​နေ့ညက ကုန်တိုက်တစ်ခုမှာ ပုန်း​နေတုန်း ခိုး၀င်သူ​တွေစားထားတဲ့ အ​လောင်းတစ်​လောင်းကို ​တွေ့ခဲ့တယ် ကျွန်​တော်ကုန်တိုက်ထဲ​ရောက်​ရောက်ချင်းတုန်းက အဲဒီလူကြီးကမ​သေ​သေးဘူး.. အဲဒီညကခဏအိပ်ပြီး​နောက်တစ်​နေ့မနက်နိုးလာတယ်..အဲဒီစုစု​ပေါင်း ၆နာရီ​လောက်အတွင်းမှာပဲ ကျွန်​တော်နဲ့ မီတာ၁၀၀​လောက် အကွာအ​​ဝေး​လေးမှာ ​သေသွားတာ"


​လော့ဖုန်းချန်းကဆိုလိုက်သည်။ 


"ဒီခိုး၀င်သူ​တွေက အရမ်းသန်မာတယ်.. သာမာန်အရံကစားသမား​တွေကို အသာ​လေးသတ်လို့ရတယ် အသံလည်းထွက်လိုက်မှာမဟုတ်ဘူး"


ထန်​မော့​ခေါင်းကို ယမ်းလိုက်သည်။


"ဒါ​ပေမယ့် သူ​သေတုန်းက မီတာ၁၀၀အကွာအ​ဝေးအတွင်း​လေးထဲမှာပဲ​လေ" 


ထန်​မော့ဘာတစ်ခုကိုမှမကြားလိုက်ရသည်မှာ 

မဖြစ်သင့်။


​လော့ဖုန်းချန်းမှာ ထန်​မော့​လော​​လောဆယ်မည်မျှ သန်မာ​လာခဲ့သည်ကို မသိ​သော်လည်း ထန်​မော့၏စကားကိုကြားလျှင် သူ၏အမူအယာမှာ ပို၍တည်တံ့လာခဲ့သည်။ 


လူနှစ်ဦးမှာ ထိုအ​ကြောင်းကို​တွေး​နေပြီး စကားတစ်ခွန်းမှ မဆိုကြ​ချေ။ သို့​သော် အချိန်သိပ်မကြာခင်မှာပင် တံခါးမှာတွန်းဖွင့်ခံလိုက်ရသည်။ ထန်​မော့လည်း လှည့်ကြည့်လိုက်သည်။


၄င်းမှာ ဂျက်ပင်။


မည်သည့်အချိန်ကပင်လဲ မဆိုနိုင် ထိုနိုင်ငံခြားသား၏ မျက်နှာတွင် ကန့်လန့်ဖြတ်အမာရွတ်တစ်ခုရှိ​နေခဲ့သည်။ ထိုလူမှာ ထန်​မော့ကိုမြင်ချိန်တွင် အံအားသင့်သွားခဲ့​သော်လည်း နှုတ်ဆက်​နေဖို့အချိန်မရှိပုံနှင့် ​လော့ဖုန်းချန်းအား အမြန်​ပြောလိုက်သည်။


"​​ဒေါက်တာ​လော့ ကျွန်​​တော်တို့ အဲဒီမျိုးမစစ်​တွေကိုရှာနေတဲ့လမ်းမှာ ​ကျောင်းသား​လေးနှစ်​ယောက်ကို ကယ်လာတယ် တစ်​ယောက်က တရား၀င်ကစားသမားပဲ.. သူ့စွမ်းရည်ကအ​တော်​ကောင်းပြီး အလားအလာရှိတယ် ခင်များလိုက်​တွေ့ချင်လား"


​လော့ဖုန်းချန်း​​ရှေ့သို့ထွက်လာခဲ့သည်။ သူ့အ​နေနှင့် အဖွဲ့၀င်​ကောင်းများကို လက်ခံဖို့ဘယ်တုန်းကမှ တွန့်ဆုတ်မ​နေခဲ့။ 


"သူတို့​တွေဘယ်မှာလဲ"


ဂျက်ကတွန့်ဆုတ်​နေပြီးမှ 


"ခဏ​လေး​တော့​စောင့်ရမယ်​ ​ဒေါက်တာ..သူ့သူငယ်ချင်းက ​သေ​တော့မယ်ထင်တယ်...ထန်​ရှောင်းနဲ့ လစ်ဇ်က ကယ်ဖို့အစွမ်းကုန်ကြိုးစား​နေတာပဲ..ဒါ​ပေမယ့် ရှင်နိုင်​ချေကအ​တော်​လေးနည်း​နေပြီ အဲဒီဖက်တီး​လေးကို သူ့သူငယ်ချင်းကို နှုတ်ဆက်ဖို့အချိန်နည်းနည်း​ပေးပြီးမှ သွား​တွေ့ရင်​ကောင်းမလားပဲ"


ထန်​မော့ လိုက်၍ ​ရေရွတ်လိုက်မိသည်။


"ဖက်တီး​လေး..." 


​လော့ဖုန်းချန်းက​မေးလိုက်သည်။


"အဲဒီ​ကောင်​လေးရဲ့ စွမ်းရည်ကဘာလဲ"


ဂျက်၏မျက်လုံးတို့​တောက်ပသွားခဲ့သည်။


"အရမ်းစွမ်းတယ် ကျွန်​တော်​တို့သူတို့ကို​တွေ့​တော့ သူတို့ အဲဒီလျှပ်စစ်လူသားဆီက​နေ ၂နာရီဆက်တိုက်အလိုက်ခံ​နေရတာ... အဲဒီလျှပ်စစ်လူသားက ဖက်တီး​လေးရဲ့စွမ်းရည်အ​​တော်​ကောင်းတာကို ​တွေ့​တော့ သူ့နှလုံးကို စားချင်​​နေတာ​လေ...သူ့ကိုမကယ်နိုင်​လုနီးပါးပဲ... ကံ​ကောင်းချင်​​တော့ ဖက်တီး​လေးက သူ့စွမ်းရည်နဲ့ ဓါးတစ်​ချောင်းကို ​ရွေ့ပြီးပြီး လျှပ်စစ်လူသားရဲ့ လက်​မောင်းကိုခုတ်လိုက်လို့ ကယ်ဖို့အချိန်မီသွားတာ...သူ့စွမ်းရည်ကအ​တော်​ကောင်းတယ်...ပစ္စည်း​တွေကို​ရွေ့နိုင်ပြီး​တော့ အရှိန်လည်း မြန်တယ်"


​လော့ဖုန်းချန်းမှာ အံအားသင့်သွားခဲ့သည်။


"​နေရာလွတ်​ရွေ့ရှားမှုမျိုးလား"


ထန်​မော့ရုတ်တရက် ​ရှေ့သို့တစ်လှမ်းတိုးလျက် ဂျက်ကိုကြည့်လိုက်သည်။


"အဲဒီဖက်တီး​လေးက ၁.၆မီတာ​လောက်ရှိလား ဆံပင်တိုတိုနဲ့ သူ့ဘယ်မျက်လုံး​အောက်မှ ​အနီမှတ်တစ်ခုနဲ့​လေ"


ဂျက်မှာအံ့သြတကြီးဖြင့် ဆိုလာသည်။


"မင်းဘယ်လိုသိတာလဲ" 


ထန်​မော့ အမူအယာပျက်ယွင်းသွားခဲ့သည်။


"သူတို့နဲ့​တွေ့ရ​​​အောင် ​​ခေါ်သွား​ပေး"


​မြေ​အောက်ကားပါကင် ဒုတိယထပ်၏ အ​နောက်ဘက်တွင် မိန်းက​လေးတစ်ဦးမှာ ​ကောင်​လေးတစ်ဦး၏ ရင်ဘတ်ကို ပိတ်ကျဲစနှင့် ဖိရန်ကြိုးစား​နေခဲ့သည်။ ​စီးကျလာ​သော ​သွေးများက ပိတ်ကျဲစကို စက္ကန့်ပိုင်းအတွင်း နီရဲသွား​စေသည်။ သူမသည်ပိတ်ကျဲစအသစ်နှင့်ဆက်တိုက်ဖိထားခဲ့သည့်တိုင် ​သွေးများက ရပ်တန့်သွားခြင်းမရှိ​ချေ။ ​ကောင်​လေးရင်ရင်ဘတ်တွင် အ​ပေါက်ကြီးရှိ​နေပြီး နရိုးများကျိုး​ကြေလျက် နှလုံးအ​ပေါ်ယံလွှာမှာ ချွန်ထက်​သောအရာဖြစ်ခြစ်ခြင်းခံထားရသည်။


နှလုံးမှာ လုံး၀ကြီးရပ်မသွား​သေး​သော်လည်း ဒဏ်ရာမှာ ကြီးမားလွန်း၍ ကမ္ဘာကြီးအွန်လိုင်း​ပေါ်သို့ မတက်ခင်ကဆိုလျှင် အသက်ရှင်ရန်မဖြစ်နိုင်​တော့​ချေ။


"အသုံးမ၀င်ဘူး... သူကအရံကစားသမား သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းကလည်း တရား၀င်ကစားသမား​တွေလို မသန်မာဘူး... လျှပ်စစ်လူသားကအ​တော်​လေး နက်နက်ထိုးခဲ့တာ..ငါဆိုလည်း ​သေရုံပဲရှိမှာ...ဂျက်လိုသန်မာတဲ့သူမျိုးမှ ဒီလိုဒဏ်ရာမျိုးက​နေ ပြန်ရှင်သန်နိုင်မှာ"


ဖက်တီး​လေးမှာ ​ငိုယိုလျက် ဆိုသည်။


"ကျွန်​တော်ဘာလုပ်ရမလဲ လျိုချန်း...လျိုချန်း​သေ​တော့မှာလား"


နိုင်ငံခြားသူမှာ ​သွေးကိုတိတ်​အောင်ဆက်တိုက်ကြိုးစား​နေခဲ့ပြီး ပြန်မ​ဖြေခဲ့​ချေ။


ရင်ဘတ်မှ ​သွေး​တော်​​တော်များများကို သန့်ရှင်းပြီးလျှင် သူမဒဏ်ရာကိုမြင်လိုက်ရ​လေသည်။


နိုင်ငံခြားသူမှာ ချက်ချင်းဆိုလိုက်သည်။


"ထန်​​ရှောင်း အပ်"


ထန်​​​ရှောင်းမှာ ​ဆေးဘက်ဆိုင်ရာသုံးအပ်ကို ၂စက္ကန့်အတွင်းပြင်ဆင်လိုက်ပြီး ကမ်း​ပေးလိုက်သည်။ နိုင်ငံခြားသူမှာ ထို​ကောင်​လေး၏ ရင်ဘတ်မှဒဏ်ရာကို ချက်ချင်းစပြီးချုပ်လိုက်သည်။ သူမ၏မျက်လုံးများက အလွန်အမင်းအာရုံစိုက်ထားပြီး လက်မှာလည်း မြန်ဆန်​နေခဲ့သည်။ သို့​သော် ထို​ကောင်​လေး၏အသက်ရှူနှုန်းမှာ ​နှေးသထက်​နှေးလာပြီး မျက်နှာမှာလည်း ပို၍ ဖြူ​ဖျော့လာခဲ့​လေသည်။


ဂျက်၏ဦး​ဆောင်မှု​နောက်မှ ထန်​မော့နှင့် ​လော့ဖုန်းချန်းမှာ ​မြေ​အောက်ကားပါကင် ဒုတိယထပ်သို့ ​ရောက်ရှိလာခဲ့သည်။


ဂျက်ကဆိုလိုက်သည်။ 


"အဲဒီ​ကောင်​လေးရဲ့ ဒဏ်ရာအ​တော်​လေးပြင်းတယ်..သူကတရား၀င်ကစားသမားလဲ မဟုတ်သလို အရမ်းလည်းမသန်မာဘူး..သူ့ကို ဒီကို ရ​အောင်သယ်လာတာ...ခု​တော့ လစ်ဇ်ကသူ့ကို ​သွေးတိတ်​အောင် လုပ်​ပေး​နေတယ်...လစ်ဇ်က ဖူဒန်တက္ကသိုလ်က ဆရာ၀န်ပဲ... ငါတို့​ဘေ့စ်မှာလည်း ​ဆေးပစ္စည်း​တော်​တော်များများရှိပါတယ်..ဒါ​ပေမယ့် လစ်ဇ်က​တော့ အသုံးမ၀င်ဘူးတဲ့..လျှပ်စစ်လူသားက သူ့နှလုံးကို နှိုက်ထုတ်ခါနီး​​လေးဖြစ်သွားတာ"


ထန်​မော့​ခြေလှမ်းများကို အရှိန်တင်လိုက်သည်။


"သူဒဏ်ရာရ​နေတာ ဘယ်​လောက်ကြာပြီလဲ"


ဂျက်ကပြန်​ဖြေလိုက်သည်။


"ငါသယ်လာပြီးတည်းကဆိုရင် မိနစ်၄၀နီးပါးပဲ  ငါလည်းတတ်နိုင်သမျှ အမြန်ပြန်လာတာ"


ဂျက်၏ခွန်အားမှာ ​မေးခွန်းထုတ်ရန်မလိုအပ်​ချေ။ 

သူသည်ဒဏ်ရာကိုမထိခိုက်​စေပဲ မြန်နိုင်သမျှ မြန်မြန်​ပြေးလာခဲ့လိမ့်မည်။


လူသုံး​ယောက်မှာ တိုက်ဌာနချုပ်၏ ယာယီအခန်းတစ်ခု​ရှေ့သို့​ရောက်လာခဲ့ကြသည်။ သူတို့​ရောက်​ရောက်ချင်းပင် ကျိန်ဆဲသံတစ်ခုကို ကြားလိုက်ရ​လေသည်။


"​သေစမ်း"


အရပ်ရှည်ရှည် ​ရွှေအို​ရောင်ဆံပင်ဖြင့် အမျိုးသမီးမှာ လျိုချန်း၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန်ဖိထားခဲ့သည်။


ထန်​ရှောင်းမှာ လစ်ဇ်၏နဖူးမှ ​ချွေးတို့ကို သုတ်​ပေးလိုက်ချိန်တွင် ဖက်တီး​လေးမှာ ငိုယို​နေခဲ့ပြီဖြစ်သည်။ 


စားပွဲ​ပေါ်မှ ပိန်ပိန်ပါးပါ​​ကောင်​လေးမှာ 

ပြာနှမ်း​နေခဲ့ပြီ။ ​


ရွှေအို​ရောင်ဆံပင်နှင့် ဆရာ၀န်အမျိုးသမီးက သူ၏နှလုံးကိုလှုပ်နှိုး​နေ​သော်လည်း သူကမူ ငြိမ်သက်လျက်ပင်။ အသက်ရှူခြင်းက ပြန်လည် မြန်ဆန်မလာခဲ့။


ထန်​မော့​ရှေ့သို့အမြန်​လျှောက်သွားလျက် ထန်​​ချောင်းနှင့် လစ်ဇ်ကိုတွန်းဖယ်ပစ်လိုက်သည်။


ဖက်တီး​လေး သူ့အား​မော့ကြည့်လျက် ​အော်ဟစ်လိုက်သည်။


"အစ်ကို ​မော့"


လူသုံး​ယောက် သူ့အား ထိတ်လန့်စွာ ကြည့်​နေခဲ့ကြသည်။ 


ထန်​မော့တွင်ရှင်းပြ​နေရန် အချိန်မရှိခဲ့​ချေ။ သူ၏အိတ်ထဲမှ မျက်ရည်စက်ပုံသဏ္ဍာန် ​ကျောက်မျက်တုံး​လေးတစ်ခုကိုထုတ်ယူလျက် လျိုချန်း၏ရင်ဘတ်မှ ဒဏ်ရာအား ဖိချလိုက်လျှင် ​သွေးများက ထို​ကျောက်မျက်တုံး​လေးထဲ စုပ်ယူခံလိုက်ရသည့်နှယ်။ ထို့​နောက် ​နွေး​ထွေး​သော အလင်း​ရောင်တစ်ခုက ထိုတီ​ကောင်မျက်ရည်​ကျောက်မျက်​လေးထံမှ ထွက်​ပေါ်လာပြီး လျိုချန်း၏ရင်ဘတ်ထဲသို့ ၀င်​​ရောက်သွားခဲ့သည်။



🪩