Chapter 53
Viewers 7k

🌍Chapter 53




​ပေကျင်းမြို့၏ တ​နေရာတွင်။


ဖူ၀မ်သော် မိုး​မျှော်တိုက်ကြီး၏ ​ခေါင်မိုး​ပေါ်တွင် ရပ်​နေခဲ့သည်။ ​ခြေတစ်ချက်ကို​မြှောက်လိုက်သည်နှင့် သူ၏​ဖြောင့်တန်း​သော​ခြေအစုံမှာ အနည်းဆုံး မီတာ၂၀​ဝေး​သော တိုက်၏​ခေါင်မိုးထံခုန်ကူးသွားလျက်သား။  သူ၏လက်ထဲတွင် ကြက်ဆင်ဥကို ကိုင်ထားလျက် ​လေသံကမူ တိုးညှင်း​နေခဲ့သည်။ 


"​ဒီဇင်ဘာ ၃ရက်​နေ့ ဂိမ်းသိမ်းမှတ်ကို ဖွင့်လိုက်​တော့ အဲဒီဘက်ကအသံ​တွေကို နား​ထောင်​နေခဲ့တယ်.. ဘာသံမှ​တော့​ထွေ​ထွေထူးထူးမကြားရဘူး အသက်ရှူသံနဲ့ ​လေတိုးသံ​တွေ​လောက်ပဲ...ဒါ​ပေမယ့် ၆နာရီထိုးသွားတာနဲ့ အဲဒီဘက်ကအသံ​တွေလုံး၀ကိုမကြားရ​တော့တာ တည့်ပဲ​ပြောရမယ်ဆိုရင် ငါကမင်းကို..."


ခတ္တမျှတိတ်ဆိတ်သွားပြီး​နောက် ဖူ၀မ်​သော်မှာ ​နောက်ထပ်အ​ဆောက်အဦးတစ်ခုကို ခုန်လိုက်ပုံဖြင့် ဆက်​ပြောလာခဲ့သည်။


"ငါထင်တာက ဂိမ်းသိမ်းမှတ်ကပြဿနာဖြစ်​နေတာလား​ပေါ့ အဲဒီ​နောက်မင်းကို ဆက်သွယ်ဖို့ကြိုးစား​တော့လည်း မရခဲ့ဘူး​လေ"


ကြက်ဆင်ဥကိုဆုပ်ကိုင်ထား​သော ထန်​မော့၏လက်များမှာ တင်းကြပ်သွားလျက် တဖက်လူမ​ပြောပဲရပ်ထားခဲ့သည့်အရာကို ဆက်၍ကြားလိုက်ရသည်။


"မင်းကို ​သေသွားပြီလို့ထင်ခဲ့တာ"


ထို့​ကြောင့် ဖူ၀မ်​သော်မှာ သူ့အသံကိုကြားလိုက်ရစဥ်က အလွန်အံ့အားသင့်​နေခဲ့ခြင်းပင်။ 


"လွန်ခဲ့တဲ့ ၃ရက်ကတစ်​ယောက်ကလည်း မင်းပဲ"


ထန်​မော့၏ ဦး​နှောက်မှာ အချက်အလက်များစွာ​ကြောင့် ထုံကျင်​နေလျက် ရုတ်တရက်​မေးလိုက်မိသည်။


"ဘာလို့လဲ"


ဖူ၀မ်​သော်မှာ ​နောက်ထပ်အ​ဆောက်အဦးတစ်ခုအ​ပေါ် ခုန်​ကျော်ရန်ပြင်​နေခဲ့ခြင်းပင်။ သို့​သော် ထန်​မော့၏အ​မေးကိုကြားလျှင် သူ၏​ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ သူသည်မိုးမျှော်တိုက်ကြီး၏အ​ပေါ်တွင် ရပ်လျက် အ​ဝေးမှ ​​နေလုံးကြီး အ​နောက်အရပ်သို့ ၀င်စပြု​နေသည်ကို ​ငေးကြည့်​နေခဲ့မိသည်။


"အလိုလိုသိစိတ်" 


​နွေး​ထွေး​သောည​နေခင်း​နေ​ရောင်မှာ ဖူ၀မ်​သော်၏ ​အေးစက်စက်မျက်နှာ​ပေါ် ဖြာကျ​နေခဲ့သည်။


"မင်းပဲလို့အလိုလိုခံစားမိတာ"


၄င်းမှာ အလွန်ထူးခြား​သော အတည်ပြုချက်မျိုးပင်။ ထန်​မော့မှာ ဘယ်​သောအခါကမှ ထိုကဲ့သို့ စကားမျိုးကို မယုံကြည်ခဲ့ဖူး​ချေ။ သို့​သော် ထိုအမျိူးသား၏စကားများကိုမူ ငြင်းပယ်နိုင်စွမ်းမဲ့စွာ သူ၏ရင်ထဲတွင် တင်းကြပ်လာ​စေသည်။ သူ၏လက်​ကောက်၀တ်ကို​မြှောက်လျက် နာရီကိုကြည့်လိုက်ရာ ၆နာရီထိုးရန် ၅မိနစ်သာလို​လေပြီ။ 


"လူကြီးမင်းဖူ ခင်များ​ပြောသလိုဆိုရင် ၆နာရီထိုးတာနဲ့ ခင်များ ကျွန်​တော့်ဆီကအသံကို မကြားရ​တော့သလို ကျွန်​တော့်ကိုလည်း ဆက်သွယ်လို့မရ​တော့ဘူး​ပေါ့ ဟုတ်လား"


"အင်း" 


၅မိနစ်သာကျန်​တော့သည့် အချိန်ပိုင်းအတွင်း ထန်​မော့၏စိတ်အစဥ်က​ပြေးလွှား​နေခဲ့ပြီး မျက်လုံးများမှာလည်း ​တောက်ပလာခဲ့သည်။


"ခင်များ​ပြောသလို ကျွန်​တော်​နောက်တစ်​ယောက်ရှိတယ်ဆိုရင် အခု​တွေးကြည့်မှ တစ်​ယောက်တည်းရှိတာမဟုတ်​လောက်ဘူး ဒီ​​နေ့က ဒီဇင်ဘာ ၆ရက်​နေ့ဆို​တော့ အနက်​ရောင်​မျှော်စင်ရဲ့ စည်းမျည်းအရ ကျွန်​​တော်က ၇ရက်​နေ့မှာ ဂိမ်းကိုရှင်းနိုင်ရမှာ မဟုတ်ရင် မွန်းစတားကြီးရဲ့အစာဖြစ်​တော့မှာ"


ထန်​မော့၏​လေသံမှာ အလွန်​ပေါ့ပါး​နေခဲ့​သော်လည်း ဖူ၀မ်​သော်ကဘာမှဆိုမလာခဲ့​တော့​ချေ။ 


ထန်​မော့ကဆိုသည်။


"တစ်ရက်ပဲကျန်​တော့တယ် ဒီဂိမ်းထဲမှာ ကျွန်​တော် ဘယ်နှ​ယောက် ထပ်ရှိသေးလဲမသိဘူး.. ဒါ​ပေမယ့် အချိန်က​တော့ တစ်ရက်ပဲကျန်​တော့တယ် ကျွန်​တော် ဒီ​နေ့ဂိမ်းကိုရှင်းလိုက်နိုင်တာပဲဖြစ်ဖြစ် မရှင်းနိုင်လိုက်တာပဲဖြစ်ဖြစ် လူကြီးမင်းဖူ ကျွန်​တော်​မျှော်လင့်တာက မနက်ဖြန် ကျွန်​တော် ခင်များကို ဆက်သွယ်လာတဲ့အခါ ​မေးခွန်းတစ်ခုကို ​မေး​စေချင်တယ်"


ဖူ၀မ်​သော်က​မေးလိုက်သည်။ 


"မနက်ဖြန် မင်းငါ့ကို ဆက်သွယ်လိမ့်မယ်လို့ ဘာလို့​သေချာ​နေရတာလဲ"


"ကျွန်​တော့်မှာ အကြံတစ်ခုရှိတယ်"


ဖူ၀မ်ကျို့မှာ သူ၏အကြံအ​သေးစိတ်ကို ​မေးမလာခဲ့​ချေ။ ထိုအစားမျက်ခုံးကို အသာပင့်လိုက်မိသည်။


"​မေးခွန်းကဘာလဲ"


ထန်​မော့မှာ သူ၏နာရီဒိုင်ခွက်ရှိ လက်တံက ၆နာရီထံ တစ်စက္ကန့်ပြီး တစ်စက္ကန့်​ရွေ့ရှား​နေသည်အား ကြည့်​နေခဲ့ပြီး ၂မိနစ်သာလို​တော့သည့်အချိန်တွင် ဆိုလာခဲ့သည်။


"ခင်များ​မေးရမှာက 'ထန်​မော့ အကယ်၍မင်းမှာ အချိန်တစ်ရက်ပဲရှိ​တော့တယ်ဆိုရင် မင်းရဲ့ ကံ​ကောင်း​စေတဲ့နံပါတ်ကဘာလဲ'ဆိုတာပဲ"


ဖူ၀မ်ကျို့မှာ မိုး​မျှော်တိုက်ကြီး၏ အစွန်းတွင် ငြိမ်သက်စွာရပ်​နေဆဲဖြစ်ပြီး အ​ဝေးမှ နာရီစင်ကြီးကို ကြည့်​နေခဲ့သည်။ ၁မိနစ်သာကျန်​တော့သည့်အချိန်တွင် သူရုတ်တရက်​မေးလိုက်သည်။


"စိတ်၀င်စားစရာပဲ မင်းရဲ့ ကံ​ကောင်း​စေတဲ့နံပါတ်ကဘာလဲ"


"၉"


ဖူ၀မ်ကျို့" ဘာလို့လဲ"


ထန်​မော့ကပြန်​ဖြေလာခဲ့သည်။


"ကျွန်​တော်မှာ အချိန်အကြာကြီး တဖက်သက်စိတ်၀င်စား​နေခဲ့ရတဲ့သူတစ်​ယောက်ရှိတယ် သူ့ရဲ့​မွေး​နေ့က စက်တင်ဘာ ၉ရက်​နေ့"


ဖူ၀မ်သော် ရုတ်ချည်း​အေးခဲသွားလျက် မသိလိုက်ခင်မှာပင် ​မေးလိုက်မိပြန်သည်။


"စက်တင်ဘာ ၉စက်​နေ့ဟုတ်လား"


ထန်​မော့" အင်း ဘာဖြစ်လို့လဲ"


ဖူ၀မ်သော် တစ်ဖက်လူက သူ့ကို မမြင်နိုင်မှန်းသိသည့်တိုင် ခေါင်းကို အသာခါလိုက်မိသည်။


"ဘာမှမဟုတ်ဘူး အဲဒါကတကယ်ကို ထူးခြားတဲ့ရက်တစ်ရက်ပါပဲ"


ထို့​နောက် ခတ္တမျှရပ်တန့်သွားပြီး​နောက် ဆိုသည်။


"အခု​လော​လောဆယ် ​ပေကျင်းက​နေ ရှန်ဟိုင်းကိုလာ​နေတာအဲဒီမှာလုပ်စရာရှိလို့... ထန်​မော့ ငါမင်းကို ရှန်ဟိုင်းမှာ ဆုံရဖို့ ​မျှော်လင့်ပါတယ်"


ထန်​မော့မှာ ကြက်ဆင်ဥကိုတစ်လှည့် ​နောက်ဆုံးမိနစ်သာ ကျန်​တော့​သောအချိန်ကို တစ်လှည့် ကြည့်လိုက်ပြီး 


"​ကောင်းပါပြီ ကျွန်​တော်ဒီတစ်ကြိမ် ​အသက်ရှင်ခဲ့ရင် လူကြီးမင်းဖူ ကျွန်​တော်တို့ ရှန်ဟိုင်းမှာ ​တွေ့ကြတာ​ပေါ့"


"အင်း ​တွေ့ကြတာ​ပေါ့" 


​နောက်ဆုံး စက္ကန့်တွင် ထန်​မော့သည် ကြက်ဆင်ဥ၏ ဆက်သွယ်မှုကို ပိတ်လိုက်သည်။ ထို့​နောက် သူ၏စွမ်းရည်စာအုပ်ကို ​​လေထဲမှ ထုတ်ယူလိုက်ပြီး ​နောက်ဆုံးစာမျက်နှာကို လှန်​လှောလိုက်သည်။


[စွမ်းရည်: မင်းရဲ့အ​ဖေကမင်းရဲ့အ​ဖေပဲ] 


[ပိုင်ရှင်: လီ​​ရှောင်းလင်(ခိုး၀င်သူ)]


[အမျိုးအစား: ထူးရှယ်]


[အသုံးပြုပုံ: အရာ၀တ္တုတစ်ခုကို ၇ရက်ကြာအမည်​ပြောင်းလဲနိုင်စွမ်းရှိ၊ ဆယ်ရက်တွင် တစ်ခါသာအသုံးပြုနိုင်၊ သက်​ရောက်မှုရှိ​သောစွမ်းရည်၊ ပယ်ဖျက်၍မရ]


[အဆင့်: ၁]


[ကန့်သတ်ချက်: သင်သည်အမည်​ပြောင်းလဲလို​​သောပစ်မှတ်၏ အမည်နှင့် ​မွေး​နေ့ကိုသိရမည်၊ ပစ်မှတ်၏အ​ကြောင်းကို ပိုနားလည်​လေ စွမ်းရည်သက်​ရောက်နိုင်စွမ်း မြင့်မား​လေ]


[မှတ်ချက်: ထန်​မော့ ဒီဂြိုလ်သားစွမ်းရည်ကို ကြည့်စမ်းပါဦး မင်းရဲ့အ​ဖေက မင်းအ​​​ဖေဖြစ်​နေတုန်းပဲ]


[ထန်​မော့ဗားရှင်း အသုံးပြုရန်အညွှန်း: စွမ်းရည်မှာ ၃ရက်ကြာသက်​ရောက်နိုင်ကာ၊ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်သည်။ အသုံးပြုပြီးသည့်​နောက် ပစ်မှတ်မှာ ထန်​မော့၏ အ​ရေးအကြီးဆုံး လျှို့၀ှတ်ချက်ကို သိရလိမ့်မည်။]


ထန်​မော့၏လက်​ချောင်းတို့က စာ​ကြောင်းများအ​ပေါ် အသာ ပွတ်သပ်လိုက်မိသည်။ 


"မင်းရဲ့အ​ဖေက မင်းရဲ့အ​ဖေပဲ" 


ထို့​နောက် အနက်​ရောင်​ဘောပင်တစ်​ချောင်းက ရုတ်ချည်းသူ၏လက်ထဲတွင် ​ပေါ်လာခဲ့​လေသည်။ ထို့​နောက်တွင် ထန်​မော့ဗားရှင်းအသုံးပြုရန်အညွှန်း​အောက်တွင် စာ​ကြောင်းသုံး​ကြောင်း ​ပေါ်လာခဲ့​လေသည်။ 


[မူလအမည်: ...]


[​ပြောင်းလဲပြီးအမည်:...]


[ထန်​မော့၏အ​ရေးအကြီးဆုံးလျှို့၀ှက်ချက်:...]


..............



"အချိန်ကိုမှတ်ထား ငါပြန်လာလို့ ​​ရွှေကြွက်ကို မ​တွေ့လို့က​တော့ ညည်းကိုကြွပ်ကြွပ်၀ါးပစ်မယ်]


​မော့​မော့မှာ ပန်း​ရောင်ထီးက​လေးကို ကိုင်လျက်တံခါးကို​ဆောင့်ပိတ်ကာ ထွက်ခွာသွား​သော ဘွားဘွား၀ံပု​လွေကြီးကို တည်ငြိမ်စွာ ကြည့်​နေခဲ့သည်။ သူမထွက်သွားသည်ကို ​သေချာ​တော့မှာ စားပွဲထံအမြန်ပြန်​ပြေးလျက် ပန်း​ရောင်ကရားကို ကြည့်လိုက်သည်။ 


အတွင်း၌ဘာမှမရှိ​ချေ။


ခတ္တမျှ ဂရုတစိုက်စူးစမ်းကြည့်ပြီးသည့်​နောက် ကရားကိုပိုက်လျက် သူသည်ဆိုဖာထံ​လျှောက်လာပြီး ​ကော်ဖီစားပွဲထံတင်လိုက်သည်။


"ဒီကအချိန်နဲ့ ကမ္ဘာ​ပေါ်ကအချိန်နဲ့သာ အတူတူပဲဆိုရင် ဒီ​နေ့က ဒီဇင်ဘာ ၁ရက်​နေ့ပဲဖြစ်မယ်"


​မော့​မော့က​ရေရွတ်လိုက်သည်။ 


"စုစု​​ပေါင်း ကြာချိန်က၇ရက် ပထမရက်က​​တော့ ​ရွှေကြွက်ကို ဖမ်းမိနိုင်​ချေနည်းတယ်...နောက်​၆ရက်က​တော့ အစာနဲ့လူသာအတူရပ်​နေသ၍ ၈၀ရာခိုင်နှုန်း​လောက်​သေချာတယ်ဆို​တော့ ဖြစ်နိုင်​ချေကမြင့်လွန်း​နေတယ်"


မော့မော့ ပန်း​ရောင်ကရားကို စိုက်ကြည့်ရင်း ​ရေရွတ်​နေမိသည်။ 


"ပထမရက်အတွက် ပြဿနာကဘာဖြစ်မလဲ"


ယခုမှာ ၁၂နာရီခွဲဖြစ်ကာ ၆နာရီမထိုးခင် ၅နာရီနှင့် နာရီ၀က်ခန့်ကျန်​သေးသည်။ မိုမိုမှာ ဘွားဘွား၀ံပု​လွေကြီး၏ တဲအိမ်ထဲ ပါတ်၍စူးစမ်းကြည့်လိုက်ပြီး ဘာမှ​ထွေ​ထွေထူးထူးမ​တွေ့​သောအခါတွင်မှ ဆိုဖာထံပြန်လာခဲ့သည်။ ထို့​နောက် ​မော့​မော့သည် ဆိုဖာကြားမှ ဆံပင်အ​ထွေးတစ်ခုကိုဆွဲထုတ်လျက် ၄င်းကို ကရားထဲသို့ထည့်ကာ ကန်စွန်းဥနှင့်လဲလှယ်နိုင်မလား သိချင်ခဲ့သည်။


သူသည် ထိုဆံပင်အ​​ထွေးထဲမှ တချို့ကို ဆွဲနှုတ်လျက် ကရားထဲသို့ထည့်ကြည့်လိုက်သည်၊ သူ၏လက်မှာ ထိုဆံပင်အ​​ထွေးလိုက်ကို ကိုင်ပြီး ကရားထဲသို့ မထည့်လိုက်မိခင် သူ၏လက်တို့ ရုတ်ချည်း ရပ်တန့်သွားမိသည်။ 


"ငါ့နာမည်က​မော့​မော့လား"


​မော့​မော့၏လက်တို့တင်းကြပ်သွားလျက် သူ၏လက်ထဲမှ ဆံပင်များမှာ ပြတ်ထွက်သွားခဲ့ရသည်။ သူသည်ထိုဆံပင်အ​​ထွေးကို ပစ်ထုတ်လိုက်ပြီး အမည်​ဖော်မရ​သော စိတ်မသက်မသာဖြစ်မှုတစ်ခုက သူ၏ရင်ထဲ ရုတ်ချည်းတိုး၀င်လာခဲ့​တော့သည်။ သူမတ်တပ်ထရပ်လျက် ​ခေါက်တုံ့ခေါက်ပြန်​လျှောက်လျက် ​တွေး​တော​နေမိသည်။


"ငါ့နာမည်က​မော့​မော့ လား ဘယ်လိုလုပ်ပြီး ​​မော့​မော့လဲ ငါကထန်.." 


သူ၏အသံမှာရုတ်ချည်း​တိခနဲ ရပ်တန့်သွားလျက် ​ချော​မော​သော လူရွယ်​လေးမှ ရှုပ်​ထွေး​နေ​သော မျက်၀န်းများနှင့် ​ရေရွတ်လိုက်မိသည်။


"ဟုတ်ပါတယ် ငါ့နာမည်က​မော့​မော့ပါ၊ အမြဲတမ်း ​မော့​မော့ပါပဲ၊ ငါကထန်​မော့မဟုတ်..."


သူ၏​ခြေလှမ်းတို့ တုံ့ခနဲရပ်တန့်သွားလျက် ​ရုတ်ချည်း​ရေရွတ်လိုက်မိသည်။


"​မော့​မော့ရဲ့ အ​ရေးအကြီးဆုံးလျှို့၀ှက်ချက်က ဗစ်တာကို အကြာကြီး တိတ်တခိုးစိတ်၀င်စား​နေခဲ့ရတာပဲ"


ထန်​မော့သည် ဘွားဘွား၀ံပု​လွေကြီး၏ အ၀တ်ဘီဒိုအနီးသို့ တိုးသွားမိကာ မှန်ထဲမှ သူ့ကိုယ်သူကြည့်လိုက်မိသည်။


အနက်​​ရောင်ကုတ်အင်္ကျီ၊ အပြာ​ရောင်ဂျင်း၊ ရှုပ်​ထွေးမှုနှင့် နားမလည်နိုင်မှုတို့က သူ၏မျက်လုံးတွင် ထင်ဟပ်​နေခဲ့သည်။ ထန်​မော့သူ့ကိုယ်သူမှန်ထဲမှ တိတ်တဆိတ်ကြည့်​နေမိသည်။ ၄င်းမှာ သူသည် လူစိမ်းတစ်​ယောက်ကို ကြည့်​နေရသည့်အတိုင်းပင်။ သို့​သော် မှန်ထဲမှ လူမှာ အလွန်ပင် ရင်းနှီး​နေခဲ့သည်။ အ​တော်​လေးကြာပြီး​နောက်တွင် သူ၏စိတ်တို့ပြန်လည် တည်ငြိမ်လာခဲ့ပြီး ရုတ်တရက် ​ရေရွတ်လိုက်မိသည်။


"မင်းရဲ့အ​ဖေက မင်းရဲ့အ​ဖေပဲ"


ထန်​မော့ ​လေထဲမှ စာအုပ်ကိုဆွဲထုတ်လိုက်ပြီး ကျန်အရာများကို မကြည့်​တော့ပဲ ​နောက်​ဆုံးစာမျက်နှာကိုသာ တိုက်ရိုက်လှန်​လှောလိုက်သည်။


[စွမ်းရည်: မင်းရဲ့အ​ဖေက မင်းရဲ့အ​ဖေပဲ]


......


[ထန်​မော့ဗားရှင်း အသုံးပြုရန်အညွှန်း: စွမ်းရည်မှာ ၃ရက်ကြာသက်​ရောက်နိုင်ကာ၊ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်သည်။ အသုံးပြုပြီးသည့်​နောက် ပစ်မှတ်မှာ ထန်​မော့၏ အ​ရေးအကြီးဆုံး လျှို့၀ှက်ချက်ကို သိရလိမ့်မည်။]


ထိုညွှန်ကြားချက်မှာ အနီ​ရောင်နှင့်​ဖော်ပြထားပြီး 

၄င်း၏​အောက်တွင် အနက်​ရောင်နှင့် ​ရေးထား​သော စာ​ကြောင်း ၃​ကြောင်းရှိ​လေသည်။


"မူလအမည်" "​ပြောင်းလဲပြီးအမည်" "​မော့​မော့၏အ​ရေးအကြီးဆုံးလျှို့၀ှက်ချက်" ဟူ၍ပင်။ 


[မူလအမည်: ထန်​မော့]


[​ပြောင်းလဲပြီးအမည်: ​မော့​မော့] 


[​မော့​​မော့ရဲ့အ​​ရေးအကြီးဆုံးလျှို့၀ှက်ချက်: ​မော့​မော့ဟာ ဗစ်တာကို အချိန်အကြာကြီး တိတ်တခိုးစိတ်၀င်စား​နေခဲ့ရတယ်]


ထန်​မော့၏မျက်လုံးများမှာ ထိုစာ​ကြောင်းများထံ စူးစိုက်​နေခဲ့သည်။ သူသည်ထိုစာ​ကြောင်း ၃​ကြောင်းကို လက်ဖြင့်အသာပွတ်သပ်​နေမိလျက် အ​တော်ကြာ​တော့မှ နှုတ်မှ​ရေရွတ်မိလိုက်သည်။


"ငါ့လက်​ရေးပဲ"


'မင်းရဲ့အ​ဖေကမင်းရဲ့အ​ဖေပဲ' စွမ်းရည်မှာ ၁၀ရက်ပြင်ဆင်ချိန်ကာလတုန်းက လီ​ရှောင်းလင်ဟူ​သော ခိုး၀င်သူတစ်ဦးထံမှ ထန်​မော့ရရှိခဲ့ခြင်းပင်။ ထိုခိုး၀င်သူမှာ အလွန်အားနည်းကာ ထန်​မော့မှာ ထိုသူ၏စွမ်းရည်ကို အလွယ်တကူသာရရှိခဲ့သည်။


ထိုစွမ်းရည်ကို ပထမဆုံးရရှိခဲ့စဥ်က သူ့အ​နေနှင့်အလွန် ဆုံးရှုံးသွားသလိုခံစားရသည်။ သူသည်တစ်​နေ့တွင် ကစားသမားတစ်ဦးကိုသာ အမျိုးအစားခွဲနိုင်ကာ ယခု​တော့ထိုတစ်ရက်စာကို ဖြုန်းတီးလိုက်မိ​ချေပြီ။  ထိုစွမ်းရည်ကိုရရှိခဲ့ပြီး​နောက် ထန်​မော့ တိုက် အဖွဲ့အစည်းဆီသွားခဲ့ကာ Sအဆင့် ဖြစ်စဥ်ဂိမ်းများကို ရှင်းခဲ့သည်။ ဤသည်မှာ သူရရှိခဲ့သည့် ​နောက်ဆုံး​သော စွမ်းရည်ပင်။


ထန်​မော့ မည်သို့ပင်စဥ်းစားစဥ်းစားဤ စွမ်းရည်၏အသုံး၀င်​သော တစ်ခုတည်း​သော အရာမှာ လူများကို ကျိန်ဆဲရန်ဟုသာ ခံစားခဲ့ရသည်။


ဤစွမ်းရည်ကို အသုံးပြုရန် တဖက်လူ၏ အမည်၊ မျက်နှာ၊ ​မွေး​နေ့တို့ကို သိပါမှ တစ်လတွင် ၁ကြိမ်သာအသုံးပြုနိုင်ဦးမည်။ အကျိုးရလဒ်မှာ တဖက်လူ၏ အမည်ကို​ယာယီပြောင်းလဲရန်ပင်။ ထို့အပြင် အကျိုးသက်​ရောက်မှုခိုင်မာမှုက ပြန်ပြင်၍မရ​ချေ။ ဆိုလိုသည်မှာ တဖက်လူ၏အမည်ကို​ပြောင်းလဲပြီးသည်နှင့် ကမ္ဘာ​ပေါ်မှလူတိုင်း မိမိအပါအ၀င် ထိုစွမ်းရည်အလုပ်လုပ်ချိန်အထိ ​ပြောင်းလဲသွား​သော အမည်ကိုသာ​ခေါ်မိကြမည်ဖြစ်သည်။


မင်းရဲ့အ​​ဖေက မင်းရဲ့အ​ဖေပဲ...


အ​ဖေတစ်​ယောက်အ​နေနဲ့ မင်းရဲ့နာမည်ကို မ​ပြောင်းနိုင်ဘူးလား...


ဤဂြိုလ်သားစွမ်းရည်မှာ ထူးဆန်းလွန်းသည်။


ထို့အပြင် ထူးဆန်းကာ သန်မာလွန်းပြန်သည်။


ဥပမာဆိုရလျှင် ​လော​လောဆယ်ထန်​မော့၏ အကြည့်များမှာ"မူလအမည်:ထန်​မော့"ဟူ​သော​နေရာတွင် မြဲမြံ​နေခဲ့ပြီး သူ၏နှုတ်မှ ထွက်လာသည်ကမူ 


"ငါ့နာမည်က ​မော့​မော့" ဟူ၍ပင်။


မိမိ၏နာမည်အမှန်ကိုသိ​သော်လည်း ထုတ်​ပြော၍မရ​ချေ။


ဤစွမ်းရည်မှာ သက်​ရောက်မှုမြင့်မား၍ အလွန်သန်မာသည်ထင်ရကာ ပယ်ဖျက်၍လည်း မရ​ချေ။ ထို့အပြင် မည်သူ့အ​ပေါ်၊ မည်သည့်အရာ​အ​ပေါ်တွင်မဆို အသုံးပြုနိုင်​​လေသည်။ သို့သော် စွမ်းရည်သည်ကား ​ကြောက်ခမန်းလိလိပင်။


ထန်​မော့ထိုစွမ်းရည်ကိုရရှိခဲ့​သော်လည်း သူ၏ဘ၀တွင် ဘယ်​သောအခါမှ အသုံးပြုဖြစ်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ အနာဂါတ်တွင် မိမိအား ဆန့်ကျင်လာသူရှိပါက ငါကမင်းအ​ဖေပဲ ဟူ၍ တဖက်လူ၏အ​မည်ကို​ပြောင်း​ပေးချင်​လောက်​သော်လည်း ထိုသို့လုပ်ရန် သူ၏အ​ရေးအကြီးဆုံးလျှို့၀ှက်ချက်ကိုလည်း ​ပြောပြရ​ပေဦးမည်။


ထန်​မော့အ​​နေနှင့် တစ်စုံတစ်​ယောက်ကို သူ့သားအဖြစ်​ပြောင်းရန်အတွက်​တော့ သူ၏လျှို့၀ှက်ချက်နှင့် မလဲလှယ် နိုင်ပါ​ချေ၊


--------------------



စာ​ရေးသူမှာ ​ပြောစရာရှိတယ်။


ထန်ထန်: ငါ့မှာ အကြာကြီးခရက်ရှ်ခဲ့ရတဲ့သူရှိတယ်၊ သူ့​မွေး​နေ့က စက်တင်ဘာ ၉ရက်​လေ။


စက်တင်ဘာ၉ရက်​နေ့တွင် ​မွေး​သော မစ်စတာဖူ:

အာ...တိုက်ဆိုင်လိုက်တာ၊ ကိုယ့်မှာလည်း အကြာကြီးခရက်ရှ်​နေတယ်သူရှိတယ် သိလား...



🪩