Chapter 135
တစ်ချိန်တည်းမှာပင်၊ အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းဝင် အမွှာညီအမနှစ်ယောက်သည် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော လွတ်မြောက်ရေးခရီးဖြစ်ခဲ့သည်။ လိုက်ဖမ်းသူတွေရဲ့ ၉၀% နီးပါးဟာ သူတို့လက်ထဲမှာ သေဆုံးသွားသည်။ ထို့အပြင် သူတို့လက်ထဲတွင်သေဆုံးသွားသော ကျင့်ကြံသူများလေလေ သူတို့၏ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူပင်လျှင် ခံစားခဲ့ရပြီး သူတို့ကို လိုက်ဖမ်းသူများဟာ ထိုအချိန်မှသာ ပြန်လည်ဆုတ်ခွာသွားကြသည်။
ရွှီဇီရုန်က အကန့်အသတ်မရှိ ယုတ်မာသူများကိုမုန်းတီသည်။ သူ၏အရင်ဘဝတုန်းက အမွှာညီမများအနက် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းက အမြတ်နိုးဆုံးသူမှာ ညီမငယ်ဖြစ်သည်။ သူမညီမ ဆုံးပါးသွားပြီးနောက် အမဖြစ်သူဟာ ထိန်းချုပ်လို့မရတော့ပဲ ရူးနှမ်းသွားသည်။
သာမာန်လူကိုရန်စပါက အကျိုးခံစားခွင့်များနှင့် ညှိနှိုင်းရန် သို့မဟုတ် ဖိနှိပ်ရန် သူ၏ခွန်အားကို အသုံးပြုနိုင်သည်။ သို့သော် သူသာ အရူးတစ်ဦးနှင့် ကြုံတွေ့ရပါက သူမကိုသတ်ပစ်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိ။
ယခုကျေးဇူးတင်ရမည့် တစ်ခုတည်းသောအရာမှာ အလောင်းကောင်ရုပ်သေးဂိုဏ်းမှ အမျိုးသမီးဟာ ရူးသွပ်ခြင်းမရှိသောကြောင့် ထိုအတွေးကို စွန့်လွှတ်ရန် နည်းလမ်းရှိကောင်းရှိနိုင်ပေလိမ့်မည်။
ကျန်ရင်း၏ပါးနပ်မှုသည် ရွှီဇီရုန်အားကျေနပ်စေခဲ့ပြီး ထိုကဲ့သို့ချစ်စရာကောင်းသော လက်အောက်ငယ်သားကိုမဆုံးရှုံးချင်ပါ။
Ba Ji!
တိတ်ဆိတ်သောအခန်းထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။ ရွှီဇီရုန်ကသူ့ခေါင်းကိုလှည့်ကြည့်လိုက်တော့ ဖန်မောင်က သူ့ရဲ့ခြေသည်းတွေကို မြေပြင်ပေါ်မှဖြည်းညှင်းစွာ မြှောက်တင်နေတာကို တွေ့လိုက်ရသည်...
ဖန်မောင်၏လက်သည်းတွေအောက်မှာ အနက်ရောင်ပိုးကောင်တစ်ကောင် ကြေမွနေပြီ...
ရွှီဇီရုန်: " … "
အစားကြူးသူ: " … "
ဖန်မောင်: " Ka cha, မုန်လာဥကိုဆက်စားမယ်! "
သူ၏နားထင်ကိုညင်သာစွာ ပွတ်လိုက်ပြီးနောက် ဖန်မောင်နှင့်ရင်းနှီးရန်စိတ်ကူးကို ရွှီဇီရုန်လက်လျော့လိုက်တော့သည်။
ရွှီဇီရုန်သည် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ညီမငယ် ဘယ်အချိန်သေဆုံးသွားသည်ကို မသိသော်လည်း ပြောင်းလဲမှုများစွာမရှိခဲ့လျှင်တောင် အမြွှာများ၏ရူးသွပ်မှုမှ သူရုန်းထွက်နိုင်မည်မဟုတ်။ သူတို့ကိုသတ်ပစ်ပြီး ဒီဒုက္ခကိုတစ်ကြိမ်တစ်ခါလောက် ဖယ်ရှားလိုက်တာကပိုကောင်းလိမ့်မည်။
ရွှီဇီရုန်၏အကြည့်များမှေးမှိန်သွားကာ သူ့မျက်လုံးထဲတွင်လူသတ်ရန်ရည်ရွယ်ချက်ရှိနေသည်။ သူ့ကိုကိုက သူ့ကိုယ်သူမကာကွယ်နိုင်သေးတာကြောင့် အကယ်၍ သူကအဲ့ဒီမိန်းမကိုသတ်ချင်ရင်တောင် သူမရဲ့လှုပ်ရှားမှုတွေကို သတိထားရမည်။
သူ့အိတ်ကပ်ထဲက ကျောက်စိမ်းဆွဲသီးအပိုင်းအစလေးကိုထုတ်လိုက်ပြီး ချေလိုက်ပြီးနောက် သိပ်မကြာခင်မှာပင် ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့တို့ ခြံဝင်းထဲကိုပြန်ရောက်လာသည်။
သူ့ကိုသွေးဆောင်ဖို့ကြိုးစားတဲ့ အမျိုးသမီးဟာ ရုပ်သေးရုပ်ဂိုဏ်းရဲ့တပည့်တစ်ဦးဖြစ်ကြောင်း သိပြီးနောက် ကျန်ရင်းဟာ ကြောက်လန့်စပြုလာပါတော့သည်။
ကံကောင်းထောက်မစွာ ဤအမျိုးသမီးဟာ လောဘကြီးပြီး နတ်ဆိုးအမြုတေဖြင့် ဖုတ်ကောင်ကို ပြုပြင်လိုသည်။ မဟုတ်ပါက သူမဟာ အခြားသူတစ်ဦးအား သတင်းပို့ပြီး ရွှေအမြုတေ သို့မဟုတ် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူသာပေါ်လာပါက ရွှီဇီယန်နှင့်အခြားသူတွေ အန္တရာယ်ဖြစ်မှာသေချာသည်။
" ဒါဆို … ငါတို့အတွက် အရေးကြီးတာက သူမရဲ့ဆရာသခင်ဆီ အချက်ပြမှာကို တားဖို့ပဲ " ရွှီဇီရုန်က ကျန်ရင်းအားပြောလိုက်သည်။
" ဟုတ်တယ်! " နူးညံ့သိမ်မွေ့သည့်ကျန်ရင်းက ညင်သာစွာပြုံးနေသော်လည်း သူ့မျက်လုံးတွေထဲတွင် လူသတ်ချင်သည့်အရိပ်အယောင်တွေရှိနေသည်။
အကယ်၍ တစုံတယောက်က သူ၏နတ်ဆိုးအမြုတေကို လိုချင်ပါက၊ ထိုလူဟာ ဦးစွာရှင်သန်နိုင်မလားဟူသည့်ပေါ်တွင်မူတည်သည်။
တစ်ဖက်တွင် စုရွဲ့က သူမ၏အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်နှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် သူမသည်ထိတ်လန့်လာသည်။ သူမက ပိုးကောင်ကိုကောင်းစွာဖုံးကွယ်ထားသည်ဟု အမြဲတွေးထားပြီး ဖန်မောင်က၎င်းကို အသေသတ်ပစ်မည်ဟု ဘယ်သောအခါမှမမျှော်လင့်ထားမိပေ။
စုရွဲ့ကအလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်အား တွန်းထုတ်လိုက်တာကြောင့် ပိုးကောင်အသက်ရှင်၊မရှင်ဆိုတာကို သူမ,မခံစားနိုင်တော့ပေ။ ပိုးကောင်နှင့်အဆက်အသွယ်ပြတ်တောက်ရသည့် အကြောင်းရင်းများစွာလည်းရှိသည်။ ထိုအကြောင်းရင်းများစွာထဲမှတစ်ခုက ချန်ခွင်အိတ်ထဲထည့်ထားခြင်းဖြစ်သည်။
စုရွဲ့က အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ဟာ အမှန်တကယ်သက်ရှိမဟုတ်သော်လည်း ၎င်းက အသေကောင်မဟုတ်ပေ။ ၎င်းဟာအချိန်အတော်ကြာအောင် အသက်ရှင်နိုင်ပေမယ့် ချန်ခွင်အိတ်ထဲမှာဆိုရင်တော့ ရှင်သန်နိုင်မှာမဟုတ်။
သူမ၏စိတ်လှုပ်ရှားနေသောခံစားချက်က အလွန်ကိုပြင်းထန်နေသည်။ ဖန်ကျစ်ကျီးက စုရွဲ့အလွန်စိတ်လှုပ်ရှားနေတာကို မြင်လိုက်ရသောအခါ တစ်ခုခုကိုတွေးလိုက်မိသည်။
" မမ စိတ်မပူပါနဲ့၊ သူတို့ ထောက်ချောက်ထဲကျသွားမှာ သေချာပါတယ် " အာရွဲ့က သူမအမကို ပေါ့ပေါ့ပါးပါးနှစ်သိမ့်လိုက်သည်။ စုရွဲ့ကခေါင်းညိတ်ပြီး သူမကုတင်ဘေးမှာ ငြိမ်နေလိုက်သည်။
ဖန်ကျစ်ကျီးက ဘေးကနေ အေးစက်စက်ကြည့်နေပေမယ့် သူ၏ရင်ထဲတွင် သံသယစိတ်များပေါ်လာသည်။ စုရွဲ့က ထိုလူကို မြို့ပြင်သို့ဆွဲဆောင်ရန် နည်းလမ်းများရှိသည်ဟုဆိုသော်လည်း သူမကအတိအကျပြောခြင်းမရှိ။ ယေဘူယျအားဖြင့်ပြောရရင် သူတို့အားလုံးက တစ်လှေတည်းစီးနေကြသည့်သူတွေမလို့ သူမဖုံးကွယ်ထားစရာအကြောင်းမရှိဘူး။ သို့သော် စုရွဲ့က ဘယ်တော့မှ အမှန်တရားကိုမပြောပြတာကြောင့် စုရွဲ့တွင် အခြားရည်ရွယ်ချက်တွေရှိ၊မရှိကို ဖန်ကျစ်ကျီးသံသယဝင်လာသည်။
ရုပ်သေးရုပ်ဂိုဏ်းတွင် အသက်ရှင်နေထိုင်ရန် ထိုကဲ့သို့ဖြစ်သင့်သောကြောင့် သူသံသယဖြစ်ရန် သင့်လျော်ပါသည်။ မဟုတ်ရင် သူကအရင်ဆုံး တခြားတစ်ယောက်ရဲ့ ဖုတ်ကောင်ဖြစ်သွားလိမ့်မည်။ သူကနှစ်အနည်းငယ်အတွင်း ဆရာသခင်၏အချစ်ဆုံးတပည့်ဖြစ်လာသောကြောင့် အရည်အချင်းရှိခြင်းသည်ကမလုံလောက်ပါ။
သူ့နှလုံးသားထဲက အမုန်းတရားတွေကို နှိမ့်ချနိုင်ပြီး ရန်သူရဲ့ဂိုဏ်းမှာ ချောမွေ့စွာတိုးတက်လာတာကြောင့် သူ့မှာစိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး အလွန်မြင့်မားကြောင်း သက်သေပြနေသည်။
" မမ၊ သူတို့နှစ်ယောက်ရန်ဖြစ်ပြီးတော့ အဲ့ဒီလူကတစ်ယောက်တည်းထွက်သွားပြီ! " အာရွဲ့က ပြတင်းပေါက်ဘေးတွင် ရပ်ကာ အောက်ဘက်မြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဘာ? " စုရွဲ့ကရုတ်တရက်ထရပ်ပြီး ပြတင်းပေါက်ဆီသို့ ပြေးသွားသည်။
မဝေးသော ပြတင်းပေါက်အပြင်ဘက်တွင် နတ်ဆိုးအမြုတေရှိသူအား ဒေါသတကြီးဖြင့် တစုံတခုအားပြောနေသည့် သူ့အနောက်က ယောင်္ကျားတစ်ယောက်ကို မြင်ရသည်။ တခြားလူကတော့ အေးစက်နေပုံရပြီး ဘာတုံ့ပြန်မှုမှမရှိဘူး။
နှစ်ယောက်ကြားက ရန်ဖြစ်စကားတွေ သိပ်မရှိခဲ့ဘူး၊ နတ်ဆိုးအမြုတေနဲ့လူက တစ်ဖက်လူအား ရင်ဖွင့်နေသည့်ပုံစံနဲ့ပို၍တူသည်။ နောက်ဆုံးတွင် နှစ်ယောက်သား မပျော်ရွှင်စွာ လမ်းခွဲလိုက်ကြပြီး နတ်ဆိုးအမြုတေရှိသူက တည်ခိုးခန်းမှ တိတ်တဆိတ်ထွက်ခွာသွားသည်။
သူတို့နှစ်ယောက်ရန်ဖြစ်နေစဉ်တွင် သူတို့တွေဟာအလွန်ကိုသတိထားကြသည်။ သူတို့ကဖြစ်နိုင်ချေရှိသော စစ်ဆေးမှုမှန်သမျှကို ပိတ်ဆို့ရန် မန္တန်တစ်ခုကိုထုတ်လွှတ်ထားပြီး ထို့ကြောင့် စုရွဲ့နဲ့အာရွဲ့တို့ဟာ သူတို့၏ပြောဆိုမှုတွေကို နားမထောင်နိုင်ခဲ့ပေ။
ဒါပေမယ့် အခုလေးတင် သူတို့နှစ်ယောက်၏မျက်နှာအမူအရာက လင်မယားနှစ်ယောက် ရန်ဖြစ်နေသည့်ပုံနဲ့တောင် ဆင်တူသေးသည်…
စုရွဲ့က အလောင်းကောင်ရုပ်သေးရုပ်ပိုးကောင်ကို လွှတ်လိုက်ပြီး သူ၏ပြုမူပုံကိုတွေးလိုက်သောအခါတွင် ပို၍လေးနက်စွာတွေးတောနေမိတော့သည်။ ပိုးကောင်ဟာ အစတုန်းကထင်ထားသလောက် အသုံးမဝင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဆက်သွယ်ရေးအဆောင်က သူမကိုတခြားနည်းနဲ့ကူညီပေးခဲ့သည်။
" မြန်မြန်လုပ်! " ဖန်ကျစ်ကျီးကအော်လိုက်ပြီး သုံးယောက်သား ကျန်ရင်းနောက်ကို အမြန်လိုက်သွားသည်။
ကျန်ရင်းက ဒေါသထွက်နေသည့်မျက်နှာဖြင့် ဂိတ်ပေါက်ဆီသို့ဦးတည်ကာ သူ၏ဒေါသထွက်ဖွင့်ထုတ်ဖို့ နေရာရှာနေဟန်တူသည်။
စုရွဲ့အလွန်ပျော်နေပြီး အာရွဲ့ကလည်းသူမအမအတွက် ပျော်ရွှင်နေကာ ဖန်ကျစ်ကျီးကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။ ရုပ်ရည်ချောမောသော ဒီရှစ်ရှုန်းအား သူမတိတ်တဆိတ် သဘောကျနေမိသည်။ သို့သော် သူမအမဖြစ်သူက ယောင်္ကျားတွေဟာ သူတို့၏အဖေလိုမျိုး ကျင့်ကြံသူအမျိုးသမီးပေါင်းစုံနဲ့ ပွေရှုပ်တတ်တာကြောင့် ယောင်္ကျားတွေကသစ္စာမရှိကြောင်း သူမကိုတစ်ခါသတိပေးဖူးသည်။
သို့သော် သူမ၏ရှစ်ရှုန်းကို သူမ၏ဖုတ်ကောင်အဖြစ်မွမ်းမံနိုင်တဲ့အခါတွင်၊ သူမကသူ့ကို အပြီးအပိုင်,ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး၊ ရှစ်ရှုန်းသွေးဆောင်ဖြားယောင်းခံရမည်ကို စိုးရိမ်နေစရာမလိုတော့ပါ။
ဒီလိုပါပဲ ... ဖုတ်ကောင်တစ်ကောင်က ဘယ်လောက်မှိုင်းပြီး အေးစက်နေတဲ့ပုံကို အာရွဲ့တွေးကြည့်လိုက်တော့၊ သူမ နည်းနည်းတော့ ဝမ်းနည်းမိသည်။ သူမကနူးညံ့သိမ်မွေ့ပြီး ပြုံးပြုံးရွှင်ရွှင်ရှိသော သူမ၏ရှစ်ရှုန်းကို နှစ်သက်ခဲ့ပြီး ဖုတ်ကောင်အဖြစ်မွမ်းမံခံရပြီးနောက် သူက ဒီလိုပုံစံမျိုးထပ်တူဖြစ်နိုင်ဦးမလားဆိုတာ သူမသေချာမသိပေ။
ဖန်ကျစ်ကျီးရဲ့ မျက်နှာအမူအရာက မပြောင်းလဲပဒ စုရွဲ့ရဲ့နောက်ကနေလိုက်ကာ ကျန်ရင်းကိုလိုက်ရှာနေပုံရပေမယ့် အာရွဲ့ရဲ့မျက်နှာအမူအရာကို သူတကယ် အာရုံစိုက်နေသည်။
အမြွှာများဖြစ်သောကြောင့် စုရွဲ့ကအာရွဲ့ကို ကောင်းမွန်စွာစောင့်ရှောက်ထားသည်။ မကြာခဏဆိုသလို သူမက သူမ၏ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်မထားနိုင်ပေ။
ဖန်ကျစ်ကျီးက တစ်ချိန်တည်းတွင် အာရွဲ့၏သနားစရာကောင်းပြီး စိတ်လှုပ်ရှားနေသည်ကို သတိပြုမိသောအခါတွင် သူ၏နှလုံးခုန်သံကို ခံစားလိုက်ရသည်။
သူ့မျက်လုံးများကို လျှို့ဝှက်စွာငုံ့ထားသော်လည်း ခပ်မြန်မြန် လျှောက်လှမ်းနေ၏။ သူ့စိတ်ထဲမှာတော့ နောက်ထပ် အစီအစဉ်တစ်ခုရှိနေပြီလေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူကအလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းတစ်ခုလုံးနှင့် လုံးဝပတ်သက်မှုမရှိကြောင်း၊ သူ့ကိုမြတ်နိုးပုံပေါက်သည့် သူ၏ဆရာသခင်ကပင် သူ့ကိုနာခံမှုကိရိယာတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
စုရွဲ့နှင့် အာရွဲ့ကဲ့သို့ ညီအစ်မများသည်လည်း သူ့အတွက် ဘာမှအဓိပ္ပါယ်မရှိဘူး။ အမှန်မှာ မိစ္ဆာကျင့်ကြံခြင်း၏ဂိုဏ်းအများစုတွင် သူနဲ့တစ်ဂိုဏ်းတည်းရှိ ညီအမများနဲ့ညီအကိုများကိုသာ အာရုံစိုက်ရန်လိုအပ်သည်။
စုရွဲ့က ကျန်ရင်း၏နောက်ကျောကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမမျှော်လင့်ထားသလို ဖြစ်သွားခဲ့ပေမယ့်၊ သူတစ္တေမြို့ငါးမြို့ကနေ ထွက်သွားလာတာဟာ အရာအားလုံးက ချောမွေ့လွန်းနေပုံရပြီး သူမကို အနည်းငယ် စိတ်ပူသွားစေခဲ့သည်။
သို့သော် နတ်ဆိုးအမြုတေက သူမလက်လွတ်မခံနိုင်သည့်အရာဖြစ်ပြီး ထောင်ချောက်တစ်ခုရှိနေလျှင်ပင် သူမဤစွန့်စားခန်းကို ခံယူရမည်ဖြစ်သည်။
ကျန်ရင်းက ဒေါသတကြီးဖြစ်ကာ သူ၏နာကြည်းသည့်အမူအရာမှာ အတုအယောင်များမဟုတ်။ သူကတစ္ဆေမြို့ငါးမြို့မှ ထွက်ခွာသွားသောအခါ အတော်လေးကျယ်ပြောသောလမ်းကို ဂရုတစိုက်ရွေးချယ်ခဲ့သည်။
တစ္ဆေမြို့ငါးမြို့သို့ ရံဖန်ရံခါ ခရီးသွားလာခဲ့ကြသော ကျင့်ကြံသူအများအပြားသည် ဤလမ်းကို ဖြတ်သွားကြပြီး၊ အနီးနားပတ်ဝန်းကျင်မြို့များမှ နေထိုင်သူများသည်လည်း တစ္ဆေမြို့ငါးမြို့တွင် သူတို့၏ကုန်ပစ္စည်းများကို ရောင်းချရန် ဤလမ်းကို အသုံးပြုကြသည်။
စုရွဲ့က ထိုသေမျိုးတွေ၏အသက်တွေကို စိတ်မဝင်စားသော်လည်း ဖြတ်သန်းသွားသော ကျင့်ကြံသူများကို သတိထားရမည်ဖြစ်သည်။
သူမ ဤမျှလောက် ကြိုးစားအားထုတ်ခဲ့သော ဤနတ်ဆိုးအမြုတေကို အခြားသူများ လက်ဝယ်ပိုင်ဆိုင်မှာကို သူမ,မလိုလားပေ။
ကျန်ရင်းက လမ်းမပေါ်တွင် ခဏမျှလျှောက်သွားပြီးနောက် ထောင့်တစ်ဖက်သို့လှည့်ကာ တောအုပ်ထဲသို့လျှောက်သွားသည်။
စုရွဲ့ကသူ့နောက်ကိုလိုက်သွားပေမယ့် အရမ်းမနီးကပ်ခဲ့ပါဘူး။ ယင်းအစား သူမက အရှိန်လျှော့ကာ ဖန်ကျစ်ကျီး၏နံဘေးသို့ ချဉ်းကပ်လာသည်။
" ဘာလဲ? " ဖန်ကျစ်ကျီးက သူ့မျက်လုံးတွေကိုပင့်ကာ သူမကို စိုက်ကြည့်လိုက်သည်။
" တစ်ခုခုတော့မှားနေပြီထင်တယ် " စုရွဲ့ကစူးစူးရဲရဲပြောလိုက်သည်။ ဤသစ်တောက တစ္တေမြို့ငါးမြို့နှင့် အနည်းငယ်အကွာအဝေးရှိနေပြီဖြစ်သည်။ ချောင်းမြောင်းတိုက်ခိုက်ရန် အကောင်းဆုံးနေရာဟု ယူဆရန် ယုတ္တိရှိသော်လည်း သူမစိတ်မသက်မသာဖြစ်နေဆဲဖြစ်သည်။
ဖန်ကျစ်ကျီးက အံ့ဩသောအကြည့်ဖြင့် မျက်တောင်ခတ်လိုက်ပြီး " သူ ငါတို့ကို ချုံခိုတိုက်ခိုက်မှာကို မင်းကစိုးရိမ်နေတာလား? "
စုရွဲ့ခေါင်းညိတ်လိုက်သည်။
ဖန်ကျစ်ကျီး၏ အေးစက်စက် မျက်လုံးများမှ အလင်းရောင်တစ်ခု လင်းလက်သွားသော်လည်း နောက်ပိုင်းတွင် သူ့မျက်နှာပေါ်၌ အထင်အမြင်သေးသည့် အကြည့်တစ်ခု ပေါ်လာသည် " မင်း သဲလွန်စမပြဘဲနဲ့ သူက မင်းကို ဘယ်လို ချုံခိုတိုက်ခိုက်မှာလဲ? ဒါဖြစ်နိုင်ပါ့မလား … " သူကစောင်းကြည့်လိုက်ပြီး သူ့လေသံက ပိုအေးစက်လာကာ " မင်း ငါ့နောက်ကွယ်မှာ တစ်ခုခုလုပ်ထားပြီး သူက အဲ့ဒါကို သိသွားလို့လား? "
" ဘယ်ဟုတ်မလဲ? " စုရွဲ့က သူမရင်ထဲက လိပ်ပြာမလုံမှုကို ဖုံးကွယ်ဖို့ကြိုးစားပြီး အေးစက်စွာ ပြောလိုက်သည်။ အခုချိန်ထိတော့ သူမရဲ့ပိုးကောင်နဲ့ ဆက်သွယ်လို့မရသေးဘူး။ ပိုးကောင်တွေ့သွားပြီဆိုလျှင် သူမစိတ်ပူမှာသေချာသည်။
သို့သော် ဤရုပ်သေးရုပ်ပိုးကောင်တည်ရှိမှုက ရုပ်သေးရုပ်ဂိုဏ်း၏လျှို့ဝှက်ချက်ဖြစ်သည်။ စိတ်ဝိညာဉ်စီးဆင်းမှုလုံးဝမရှိသည့်အခါ ဖြတ်သန်းသွားသောကျင့်ကြံသူက အဆောင်အတွင်းရှိပိုးကောင်းကို ဖျက်စီးနိုင်လိမ့်မယ်လို့တော့ သူမ,မထင်ထားပါ။
" ဒီလိုမျိုးပဲဖြစ်နေရင် ပိုကောင်းမယ် " ဖန်ကျစ်ကျီးက သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။ အရင်တုန်းကတော့ စုရွဲ့ဟာသူ့နောက်ကွယ်မှာ တစ်ခုခုလုပ်ခဲ့သလားလို့ သံသယဖြစ်ခဲ့ပြီး အခုတော့ သူသေချာနေပြီလေ။
စုရွဲ့ကဘယ်လောက်ပဲ တွက်ချက်နေပါစေ သူမဟာ ဆယ်ကျော်သက်ပဲ ရှိပါသေးသည်။ တခြားသူတွေရဲ့ အပြုအမူနဲ့ အမူအရာတွေကို မှတ်သားထားရာမှာ သူမဟာ ဂိုဏ်းထဲမှာ ငါးနှစ်တာ ဖြတ်သန်းခဲ့ရတဲ့ ဖန်ကျစ်ကျီးကို သူမအနိုင်မယူနိုင်သေးပါဘူး။
ဖန်ကျစ်ကျီးက သူမ မည်မျှ မသက်မသာ ခံစားနေရသည်ကို သတိပြုမိခဲ့ပြီး ယခုအခါတွင် သူမဟာ သူ့နောက်ကွယ်တွင် တစ်ခုခုလုပ်မိကြောင်း သေချာနေပြီဖြစ်သည်။
သို့သော် စုရွဲ့က အခြားသူများကို ကြောက်လန့်စေရန် ပြုလုပ်သည့်ကိစ္စ သို့မဟုတ် ကျန်ရင်းကိုတစ်ခုခုပြုလုပ်ရန်ပဲဖြစ်ပါစေ၊ ဖန်ကျစ်ကျီး လုံးဝဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိပေ။
အစတုန်းက သူက ဖုတ်ကောင်များကို မွမ်းမံရန် စိတ်မဝင်စားပါ။ သူ့အတွက် အရေးကြီးဆုံးဖြစ်သည့် ဝိညာဉ်ခေါ်ခေါင်းလောင်းကို ရှာရန် မလိုအပ်ပါက စုရွဲ့၏တောင်းဆိုမှုကို လုံးဝလက်ခံမည်မဟုတ်ပါ။ တစ်ခုခုမှားနေပြီဆိုတာသိပြီးတာတောင် သူဆက်လက်ပါဝင်နေဦးမယ်ဆိုရင်က သူကအကြီးမားဆုံးအရူးပင်ဖြစ်သွားလိမ့်မည်။
" သူဝင်သွားပြီ၊ ငါတို့ဆက်မသွားဘူးဆိုရင် သူထွက်ပြေးသွားလိမ့်မယ်၊ မင်းကြောက်ရင်လည်း ငါတို့နောက်ထပ်အခွင့်အရေးတစ်ခုကို ရှာလိုက်မယ် " ဖန်ကျစ်ကျီးက ကျန်ရင်းပျောက်ကွယ်သွားသည့် လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောသည်။
စုရွဲ့တစ်ချက်ကြည့်လိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်၊ သူမ၏ရုန်းကန်မှု အနည်းငယ်ကို ပြသခဲ့သော်လည်း ပြတ်ပြတ်သားသား အရိပ်အမြွတ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
" သွားကြရအောင်! " သူမ အသံတိုးတိုးလေးပြောပြီး ပြေးလိုက်ကြသည်။
အာရွဲ့ကအနီးကပ်လိုက်လာပြီး သူမ,မသွားခင် ဖန်ကျစ်ကျီးကို စစ်ဆေးဖို့ မမေ့ဘူး။ သူ့မျက်လုံးများက အနည်းငယ် ထူးဆန်းနေပုံရပြီး သက်ပြင်းချကာ မျက်လုံးတွေက အနည်းငယ်ဝမ်းနည်းနေပုံရသည်...
ဖန်ကျစ်ကျီး၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူနောက်မှ လိုက်ခဲ့သေးသည်။ သူ၏အနေအထားက အနည်းငယ် အတိအကျပဲ - စုရွဲ့နဲ့ သိပ်မဝေးဘူး။ ဤအကွာအဝေးနဲ့ တိုက်ပွဲတွင်ပါဝင်ရန်မှာ လွယ်ကူပြီး ထွက်ပြေးရပါကလည်း ဒီနေရာကနေ လွတ်မြောက်နိုင်သည်။
ကျန်ရင်း၏ပုံသဏ္ဍာန်က အရိပ်တစ်ခုကဲ့သို့ ချုံပုတ်များအတွင်း လင်းလက်သွားသည်။ စုရွဲ့က သူမလိုချင်နေရင် အပြောင်းအလဲတွေဖြစ်လာမှာကို စိုးရိမ်နေသည်။ သူမ ဓားမြှောင်ကိုထုတ်ပြီး ကျန်ရင်းဆီသို့ ပစ်ရန်ဆုံးဖြတ်လိုက်သည်။
" အား! " ကျန်ရင်းအော်ဟစ်လိုက်သည်။ သူ့နောက်ကျောကို ဓားနဲ့ထိုးမိပြီး လဲကျသွားသည်။
စုရွဲ့အံ့အားသင့်သွားပြီး အာရွဲ့မှာလည်း မယုံကြည်နိုင်လောက်သော အကြည့်ဖြစ်သွားသည်။
သူ နောက်နေတာလား?
ကျန်ရင်းက အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ကိုရောက်ရှိနေသည့် ကျင့်ကြံသူဖြစ်သည်။ သူမရဲ့ဓားမြှောင်ဟာ ထက်တဲ့လက်နက်ဖြစ်ပေမယ့် တစ်ချက်တည်းနဲ့ သူ့ကိုမသတ်နိုင်ပါဘူး။
ညီအစ်မတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့မျက်လုံးတွေက မယုံနိုင်စရာတွေနဲ့ ပြည့်နေသည်။ သို့သော်လည်း အမှန်မှာ ကျန်ရင်းက သူတို့ရှေ့တွင် အမှန်တကယ် သေဆုံးသွားခဲ့သည်။ ခြုံခိုတိုက်ခိုက်တာမျိုးလည်း မကြုံခဲ့ဘူး။
" ဒါကဘာလဲ...အကို? " စုရွဲ့က ဖန်ကျစ်ကျီးကို မေးလိုက်ပေမယ့် သူမခေါင်းကို လှည့်ကြည့်လိုက်တော့ ရှစ်ရှုန်းမရှိတော့တာကို တွေ့လိုက်ရသည်။
တကယ်တော့ စုရွဲ့က ကျန်ရင်းကို ဓားမြှောင်ကို ပစ်လိုက်တဲ့အခါ ဖန်ကျစ်ကျီးဟာ တစ်ခုခုမှားနေပြီဆိုတာ သတိထားမိခဲ့သည်။ သူက အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူဖြစ်ပြီး သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားက ညီအမနှစ်ယောက်ထက် များစွာကြီးမားသည်။
သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားတွင် ဤတောအုပ်ထဲ၌ သက်ရှိသတ္တဝါတစ်ကောင်မျှမရှိပေ။ ထိုအရာက အလွန်ပုံမှန်မဟုတ်သောအရာဖြစ်သည်။
သူက ဂိုဏ်းထဲကတစ်ခါမှမထွက်ဖူးတဲ့ ညီအစ်မနှစ်ယောက်လို တိုက်ပွဲအတွေ့အကြုံမရှိတဲ့သူနဲ့ မတူဘူး။ ဂိုဏ်းအတွင်းတွင် ညီအစ်ကိုများကြား ရန်ဖြစ်ကြသည့်အခါတိုင်း အချင်းချင်း သတ်ပြစ်ကြရန်ရည်ရွယ်ချက်မရှိကြပါ။
သို့သော် အပြင်တွင်ရှိသောအခါ၌ ကျင့်ကြံသူများကြားတွင် တိုက်ခိုက်ရန် နည်းလမ်းမျိုးစုံရှိသည်။ တစ်ခုခုမှားသွားပြီဆိုရင် ကျင့်ကြံသူတွေဟာ ပိုပြီးသတိထားလာပါလိမ့်မည်။
ဖန်ကျစ်ကျီးဟာ ဒီကိစ္စမှာ အတွေ့အကြုံရှိပြီးသားဖြစ်ပြီး၊ သူက ညီအစ်မနှစ်ယောက်လို ထောင်ချောက်ထဲကို လွယ်လွယ်နဲ့ ကျသွားမှာ မဟုတ်ဘူး။ သို့သော် ဤညီအစ်မနှစ်ယောက်က သူ့အပေါ်မကောင်းသော ရည်ရွယ်ချက်ရှိနေကြောင်း သူသိသောကြောင့် ကြင်ကြင်နာနာ သတိပေးမည်မဟုတ်ပါ။
ဝိညာဉ်ခေါ်ခေါင်းလောင်ကို ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ဤညီအစ်မနှစ်ယောက် ဘယ်တော့မှ ပြန်မလာရင်တောင် သူ့အားထိခိုက်နစ်နာစေမှာမဟုတ်ဘူး။ ထိုအခြေအနေမျိုးမှာ သူ့ဆီမှာခေါင်းလောင်းရှိနေပြီကို မည်သူမျှသိကြမှာမဟုတ်ပေ။
ဖန်ကျစ်ကျီး အချိန်မီ နောက်ဆုတ်သွားသည်နှင့် ရွှီဇီရုန်သိလိုက်ပေမယ့် ဤချောမောသောလူကို ယောင်ဝါးဝါး မှတ်မိသွားကာ သူ့ကိုတားရန်ရည်ရွယ်ချက်တော့မရှိပေ။
သူ၏မှတ်ဉာဏ်ထဲမှာတော့ ဒီလူငယ်လေးကို သူ့အရင်ဘဝက တွေ့ခဲ့ဖူးပုံရသည်။ ထိုအချိန်တုန်းက သူ့နောက်တွင် အလောင်းကောင်ရုပ်သေးရုပ်မိန်းကလေးရှိနေပြီး ထိုလူငယ်က သူမအားညင်သာစွာအစာကျွေးနေပြီး ပါးစပ်ထောင့်နားမှသွေးများကို သုတ်ပေးနေသည်။
မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေနဲ့ ရွှီဇီရုန်ဟာ ဤလူငယ်ကို အထင်ကြီးလေးစားခဲ့သည်။ ယခုသူတို့အချင်းချင်း ပြန်တွေ့တော့ ရွှီဇီရုန် သူ့ကို လွှတ်ပေးလိုက်ချင်သည်။
ဖန်ကျစ်ကျီးဆုတ်ခွာသွားပြီး စုရွဲ့နှင့်အာရွဲ့တို့ကို ဒုက္ခရောက်စေခဲ့သည်။
သေရေးရှင်ရေးတိုက်များနဲ့ အတွေ့အကြုံမရှိသော အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်အနေနဲ့ ရွှီဇီရုန်၊ ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် မခုခံနိုင်ခဲ့ကြပေ။
အစကတော့ ဖန့်ထျန်းရွေ့ဟာ စုရွဲ့နဲ့အာရွဲ့တို့ တောင်းပန်တဲ့အခါ ဒီလောက်ရက်စက်ချင်သေးတာမဟုတ်ပါ။ သို့သော် ဒီညီအစ်မများက ကျန်ရင်းကို သူတို့၏ဖုတ်ကောင်အဖြစ် မွမ်းမံရန်ရည်ရွယ်ထားကြောင်း ရွှီဇီရုန်ကအေးစက်စွာပြောပြီးနောက် သူပြတ်ပြတ်သားသားတုံ့ပြန်လိုက်သည်။
သူကအနည်းငယ်အစဉ်အလာရှိပြီး မာကျောသော်လည်း မှန်ကန်သောအခိုက်အတန့်တွင် သူဘာလုပ်ရမည်ကို သိနေသေးသည်။ ထို့အပြင် ကျန်ရင်းက သူ၏ကယ်တင်ရှင် ဒါမှမဟုတ် သူ၏ကံကြမ္မာအရချစ်သူဖြစ်ပါစေ၊ ကျင်ရင်းက သူ့အတွက်အရေးအကြီးဆုံးပင်ဖြစ်သည်။ ပြတ်ပြတ်သားသား ပြုမူတာက သူတို့၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ရန်သူများကိုရက်စက်စွာပြုမူရန် သူ့အတွက် လုံလောက်ပေလိမ့်မည်။
လွန်ခဲ့သည့်မိနစ်အနည်းငယ်က စုရွဲ့နှင့်အာရွဲ့တို့က ဆယ်ကျော်သက်အရွယ်တွင် ထက်မြက်သောမိန်းကလေးများ ဖြစ်ခဲ့သော်လည်း ရုတ်တရက် အလောင်းနှစ်လောင်း ဖြစ်သွားကြသည်...
" သူတို့ကိုမီးရှို့လိုက် " ရွှီဇီရုန်ကအလောင်းများကို အေးစက်စွာကြည့်လိုက်သည်။ သူတို့သေသွားကြောင်း သေချာပြီးနောက် သူကကျန်ရင်းကိုပြောလိုက်သည်။
ကျန်ရင်းက အနက်ရောင်မီးလျှံကို ထွန်းညှိပြီး ညီအစ်မနှစ်ယောက်၏အလောင်းများကို မီးရှို့လိုက်သည်။
ဤအနက်ရောင်မီးလျှံက ရှီးဟွမ်ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူပေါင်းစည်းထားသော ဝိညာဉ်မီးလျှံဖြစ်သည်။ ၎င်းသည်အရွယ်အစားမကြီးမားပဲ အစွမ်းထက်ပုံမပေါ်သော်လည်း၊ ၎င်းဟာစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေရန် အထူးပုံဖော်ထားခြင်းဖြစ်သည်။
ရွှီဇီရုန်က ရှီးဟွမ်ကျင့်စဉ်အသုံးပြုနည်းကို သင်ကြားပေးခဲ့ပြီး ဤဝိညာဉ်မီးလျှံ၏ အသုံးပြုမှုကို သူသိခဲ့သည်။ ရွှီဇီရုန်က ကျန်ရင်းကို မီးရှို့ဖို့ ပြောခဲ့ပြီး ဒါဟာ သူတို့ရဲ့စိတ်ဝိညာဉ်တွေကို ဖယ်ရှားပစ်ချင်တာကြောင့်ဖြစ်သည်။
ရွှီဇီရုန်ရက်စက်လွန်းသည့်အတွက် ဘယ်သူမှအပြစ်မတင်နိုင်ပေ။ သူကမိစ္ဆာလမ်းစဉ်ကျင့်ကြံနေသည်မှာ ကြာပြီဖြစ်သောကြောင့် လူတစ်ဦးကို ပြန်လည်ရှင်သန်ထမြောက်စေမည့် နည်းလမ်းများစွာရှိကြောင်း သူကောင်းကောင်းသိသည်။ သေချာပါတယ်၊ ပြန်လည်ရှင်သန်ထမြောက်နိုင်သူတွေဟာ သာမန်လူတွေမဟုတ်တော့ပဲ၊ ဘာအကျိုးဆက်ကိုမှစိတ်မ၀င်စားတော့တာကြောင့် အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ အမြွှာတွေနဲ့ရင်ဆိုင်ရသောအခါ သူတို့တွေကပြဿနာမရှိပေမယ့် အန္တရာယ်တစုံတရာကိုတော့မဖြစ်ချင်ဘူး။
အလောင်းနှစ်လောင်းကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရွှီဇီရုန်ဟာ သူအရင်သတ်မှတ်ထားသည့် အခင်းအကျင်းကိုလည်း ဖယ်ရှားခဲ့သည်။
နောက်ဆုံးတွင် သူတို့တွေက အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ နယ်မြေတွင်ရှိနေကြပြီး အနည်းဆုံးတော့ အခုအချိန်တွင် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူသတိထားမိသွားမှာကို သူမလိုချင်ဘူး။
သူတည်းခိုရာနေရာကို ပြန်ရောက်ပြီးနောက် ရွှီဇီရုန်က မျက်လုံးများကိုမှိတ်လိုက်ပြီး ဖန်မောင်နဲ့ရွှယ်ထွမ်ဆီသို့ ဖြည်းညှင်းစွာ လက်ကိုဆန့်တန်းလိုက်သည်။
ရုတ်တရက် ထိတ်လန့်တကြားဖြစ်သွားသည်။
သူ့လက်တွေက တောကောင်ရဲ့ပါးစပ်ထဲကို တက်ကြွစွာ အစာကျွေးနေသလိုမျိုး သူ့လှုပ်ရှားမှုနဲ့အတူ သူ့လက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
သူ၏မသိစိတ်နဲ့ခဏလောက် အာရုံခံပြီးနောက်၊ ရွှီဇီရုန်က တစ်ခုခုကို ဆုပ်ကိုင်ထားပုံရပြီး သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ယူလိုက်သည်။
သူ၏လှုပ်ရှားမှုနှင့်အတူ သွယ်လျသော အသွင်အပြင်ပုံရိပ်က တဖြည်းဖြည်းပေါ်လာသည်။ ဤပုံရိပ်က ကျယ်ကျယ်ဖွင့်ထားသောအင်္ကျီ၊ ဒေါသအကြည့်ဖြင့် နီမြန်းနေသောမျက်နှာနဲ့ ရွှီဇီရုန်၏ရိုးရိုးရှင်းရှင်း အေးဆေးသောမျက်နှာနဲ့ လုံးဝ မလိုက်ဖက်ပေ…
" တောင်းပန်ပါတယ် ကျွန်တော်က ကိုကို့ကိုရှာဖို့ မကျွမ်းကျင်သေးလို့ပါ " ရွှီဇီရုန်ကတောင်းပန်ပြီး ပြုံးလိုက်သော်လည်း ရွှီဇီယန်က သူ့မျက်ဝန်းနက်နက်များမှ ရွှီဇီရုန်ဘယ်လောက်တောင်မှ မဆင်မခြင် ဖြစ်နေသည်ကို သတိပြုမိသည်...
ရွှီဇီယန်ဟာ သူ့အဝတ်အစားတွေကို ဂရုစိုက်နေသည့် ရွှီဇီရုန်ကို ဒေါသတကြီးစိုက်ကြည့်နေပြီး သူ့ရဲ့ခါးသီးတဲ့ခံစားချက်တွေကို ထုတ်မပြနိုင်ခဲ့ဘူး။ အားလုံးကို ခြုံပြောရရင် ကုဗတုံးဟာ အထူးတည်ရှိနေခဲ့သည်။ ဖန်မောင်နှင့်ရွှယ်ထွမ်တို့က သူ့အားနေရာယူရန် ကူညီပေးသော်လည်း ရွှီဇီရုန်က ကုဗတုံးရှိရာနေရာကိုသာ ရှာဖွေခဲ့သည်။ အဲဒါက သူ့ကိုကို,ကို ထိဖို့ အခွင့်အရေးပေးလိုက်ခြင်းပင်ဖြစ်သွားသည်။ သူသာရွှီဇီယန်ကို မမြင်နိုင်ခဲ့ရင် သူတတ်နိုင်သလောက် နေရာတိုင်းကိုထိတွေ့လိုက်ခြင်းဖြင့် သူ့ကိုတွေ့နိုင်သလို ရွှီဇီယန်အားအထိမခံသင့်တဲ့နေရာကို သူမတော်တဆ ထိမိခဲ့မယ်ဆိုရင် ရွှီဇီယန်ကံဆိုးတာဖြစ်လိမ့်မည်…
ဤခြုံခိုတိုက်ခိုက်မှုအောင်မြင်ရန်အတွက် ရွှီဇီယန်က ကုဗတုံးရှိကြောင်း ဝန်ခံခဲ့သည်။ နောက်ဆုံးအကြိမ်တုန်းကလည်း သူထိုအရာကိုထုတ်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီထက်ပိုပြီး ထုတ်ပြလိုက်လို့လည်း ပြဿနာမရှိပေ…
သူ့ကိုကိုဘေးကင်းကြောင်းသေချာပြီးနောက် ရွှီဇီရုန်စိတ်ပူစရာမလိုဘဲ ထိုနေရာတွင် ထောင်ချောက်ချကာ ရုပ်သေးရုပ်ဂိုဏ်း၏အမြွှာညီအစ်မကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
သူဒီအစီအစဉ်ကို ချမှတ်လိုက်တဲ့အခါ သူတို့က တစ္ဆေမြို့ငါးမြို့ကနေထွက်ခွာဖို့ ပြင်ဆင်မှုတွေလုပ်နေပါပြီ။ အချုပ်အားဖြင့်ဆိုရသော် သူတို့က အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ နယ်မြေတွင်ရှိ၍ ထိုကိစ္စကိုမသိမသာပြုလုပ်ခဲ့သော်လည်း သူတို့၏တပည့်တစ်ဦးကိုထွက်ပြေးစေခဲ့သေးသည်။
ထိုအချိန်တွင် ရွှီဇီရုန်နှင့်ကျန်ရင်းက ဖန်ကျစ်ကျီးကိုလိုက်လံရှာဖွေရန် ခွန်အားမရှိခဲ့ပဲ၊ အခြေအနေအရ ရွှီဇီရုန်က စုရွဲ့သေသွားကြောင်းသေချာစေရန်အတွက်လိုအပ်ပြီး ထိုနေရာမှမထွက်ခွာနိုင်တော့ပေ။
ဖန်ကျစ်ကျီး၏အင်အားဖြင့် ကျန်ရင်းကသူ့ကိုလိုက်နိုင်လျှင်ပင် ကောင်းမွန်သည့် အကျိုးဆက်များ ရှိမည်မဟုတ်ပေ။ အလောင်းကောင်ရုပ်သေးရုပ်မိန်းကလေးကို ကိုင်ဆောင်ထားသည့် အမျိုးသားက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏ဖုတ်ကောင်ကို လုယူသွားသော ပုန်ကန်သည့်တပည့်ဖြစ်မည်ဟုလည်း သူတို့တွေဖြစ်နိုင်ချေကို တွေးရလိမ့်မည်။
တစ္ဆေမြို့ငါးမြို့မှထွက်ခွာပြီးနောက် ရွှီဇီရုန်က ချွမ်းယွင်စောကိုလမ်းပြရန် စတင်အသုံးပြုခဲ့သည်။ အရင်တုန်း တောကောင်တွေရှိသည့် တောအုပ်ကြီးထဲမှာ နေခဲ့ခြင်းဖြစ်သည်။ ချွမ်းယွင်စောကို အသုံးပြု၍ ပျံသန်းနေပါက တောကောင်အများအပြားကို ဆွဲဆောင်နိုင်မလားဆိုတာ ဘယ်သူမှအတိအကျမပြောနိုင်ပါ။
သို့သော် ဤမြေပြန့်ဒေသတွင် ၎င်းကိုအသုံးပြုရန် အကြံကောင်းဖြစ်မည်။ နှစ်ရက်အတွင်း သူတို့က တစ္ဆေမြို့ငါးမြို့နှင့် အလွန်နီးကပ်သော မြို့နှစ်မြို့ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နေရောင်မရှိသောမြို့ဟုခေါ်သော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာကြသည်။
ဤနေရောင်မရှိသောမြို့ကို ချီလျန်မိသားစုမှ ထိန်းချုပ်ထားပြီး ဤချီလျန်မိသားစုဟာ မျိုးဆက်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်ခဲ့သော ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်သည်။
ထူးဆန်းသည်မှာ ချီလျန်မိသားစုမှ အဖွဲ့ဝင်အများစုဟာ စီးပွားဖြစ်လုပ်ငန်းများကို စိတ်ဝင်စားကြပြီး ကျင့်ကြံခြင်းကို စိတ်ဝင်စားသူများ အားလုံးမှာလည်း အောင်မြင်မှုများရရှိကြသည်။
အနည်းဆုံးတော့ အခုအချိန်မှာတော့ ချီလျန်မိသားစုမှာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူလေးဦးနေပြီဖြစ်ပြီး ဒါဟာ ကျင့်ကြံခြင်းမိသားစုတွေအားလုံးထဲမှာ ထိပ်တန်းပင်။
ဤကဲ့သို့သောအင်အားဖြင့် အလယ်အလတ်အဆင့်ဂိုဏ်းတစ်ခုကို တည်ထောင်ရန်လုံလောက်မည်ဖြစ်သော်လည်း ချီလျန်မိသားစုဟာ ကူးသန်းရောင်းဝယ်ရေးတွင်သာပါဝင်လေ့ရှိပြီး ရန်ပွဲတွေမှာ တစ်ခါမှမပါဝင်ဘူး။
ထိုသို့သော ကြားနေမိသားစုက တရားမျှတခြင်းနှင့် မိစ္ဆာဂိုဏ်းများတွင် ကောင်းစွာစီမံခန့်ခွဲနိုင်သည်။ နောက်ဆုံးတွင် မိစ္ဆာ သို့မဟုတ် တရားမျှတသောကျင့်ကြံသူများ ထိန်းချုပ်ထားသော နယ်မြေများအတွက် အရင်းအမြစ်များ ဖလှယ်ရန် လိုအပ်ပါသည်။ ချီလျန်မိသားစုဟာ ၎င်းတို့နှစ်ဦးနှစ်ဖက်အကြားတွင် အကောင်းဆုံးသော အလယ်တန်းသမားဖြစ်လာခဲ့သည်။
#TK