Chapter 136
Viewers 23k

Chapter 136


ချီလျန်မိသားစု၏ပါးနပ်သောအသိပညာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သည် မိစ္ဆာဂိုဏ်း၏နယ်မြေ (သို့မဟုတ်) တရားမျှတသောဂိုဏ်း၏နယ်မြေများတွင် ဤမိသားစုကထိန်းချုပ်ထားသောမြို့များရှိသည်။ သို့သော်လည်း ဤမြို့များသည် အရင်းအမြစ်များ သိုလှောင်ရန်အတွက် အများစုဖြစ်ပြီး ၎င်းတို့သည်စစ်ဗျူဟာနဲ့ နည်းနည်းလေးမျှမပတ်သက်ပေ။

ဤကိစ္စနှင့်ပတ်သက်၍ ချီလျန်မိသားစုသည် သံသယကိုရှောင်ရှားရန် အလွန်အာရုံစိုက်ခဲ့သည်။

ဤအခြေအနေတွင် ချီလျန်မိသားစုမှထိန်းချုပ်ထားသည့် နေရောင်မရှိသောမြို့သည် မိစ္ဆာကျင့်ကြံသူများ၏နယ်မြေအတွင်း ရုတ်တရက်ကြားနေဖြစ်လာခဲ့သည်။ ဤမြို့၌ တရားမျှတသောကျင့်ကြံသူများ ဖွင့်လှစ်ထားသော ဈေးဆိုင်များစွာကို တွေ့မြင်ရပြီး ရွှီဇီယန်သည် လျှိုကွမ်းဂိုဏ်းမှ ဖွင့်လှစ်ထားသောဆိုင်ကို ပုံမှန်အတိုင်းရှာဖွေလိုသည်။

တရားမျှတသောဂိုဏ်း၏ခေါင်းဆောင်တစ်ဦးအနေဖြင့် လျှိုကွမ်းဂိုဏ်း၏နေ့စဉ်စားသုံးမှုသည် အရင်းအမြစ်များစွာလိုအပ်သည်။ မိစ္ဆာကျင့်ကြံသူများ ထိန်းချုပ်ထားသောနယ်မြေတွင် တရားမျှတသည့်ကျင့်ကြံသူများလည်း လိုအပ်သည့် အရင်းအမြစ်များစွာရှိသည်။ ထို့ကြောင့် ချီလျန်မိသားစု၏အကာအကွယ်အောက်တွင် လျှိုကွမ်းဂိုဏ်းသည်လည်း ဝယ်ယူရန်အတွက်ဆိုင်တစ်ခုကို တည်ထောင်ခဲ့သည်။

ရွှီဇီရုန်၏သတိပေးချက်အောက်တွင် ဤအကြောင်းကို ရွှီဇီယန်လည်း လေ့လာခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏မူလခန္ဓာကိုယ်ဟာ မိစ္ဆာကျင့်ကြံသူသူများ၏နယ်မြေတွင် တစ်ခါမျှမရှိခဲ့ဘဲ၊ လျှိုကွမ်းဂိုဏ်းက ၎င်းတို့၏နယ်မြေတွင် ဈေးဆိုင်ဖွင့်ထားကြောင်းသူမသိခဲ့ပေ။

ရွှီဇီယန်သည် ပြင်းထန်စွာ မသန်မစွမ်းဖြစ်နေဆဲဖြစ်ပြီး သူ၏ပျိုမြစ်နုနယ်ခြင်းနယ်ပယ်ထဲက စိတ်ဝိညာဉ်စွမ်းအင် ငါးပုံတစ်ပုံကိုသာ ဝါးမြိုနိုင်ခဲ့သည်။ 

သတင်းကောင်းကတော့ အစိမ်းရောင်မိုးကြိုးသွားသည် ခရမ်းရောင်မိုးကြိုးသွားကို ဝါးမျိုပြီးနောက် နိုးထနေပြီဖြစ်သော်လည်း အားနည်းချက်ကတော့ “အလွန်အကျွံစားခြင်း” ကြောင့် ခရမ်းရောင်မိုးကြိုးသွားအချို့ကို အခါအားလျော်စွာ ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။

ရွှီဇီယန်၏တန်းထျန်(ချီပင်လယ်)က ထိခိုက်မှုသိပ်မရှိပေမယ့် မိုးကြိုးသွားက သူ၏ပျိုမြစ်နုနယ်ခြင်းနယ်ပယ်တစ်လျှောက် သူ့ခန္ဓာကိုယ်အတွင်း ရွေ့လျားသွားနေပြီးနောက် သူ၏အထိအတွေ့အာရုံဟာ အလွန်ကိုအထိမခံနိုင်အောင်ဖြစ်လာပြီး သူ၏ကိုယ်ပိုင်အစိတ်အပိုင်းကို သူ့အဝတ်နဲ့ပွတ်မိပြီးနောက် ရှက်စရာကောင်းသည့်တုံပြန်မှုများရှိခဲ့သည်။

"ကိုကို အနားယူပြီး၊ မနက်ဖြန်မှ ဆိုင်ကိုသွားကြည့်ရအောင်" ရွှီဇီရုန်၏မျက်နှာလည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏ထိန်းချုပ်မှုအောက်မှ အမြန်ဆုံးလွတ်မြောက်ရန် ချွမ်းယွင်စောကို နေ့ရောညပါ အသုံးပြုခဲ့ကြသည်။ အချိန်အကြာကြီး ထိန်းချုပ်ထားရပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အကြာကြီးအသုံးပြုပြီးနောက် ရွှီဇီရုန်မောပန်းနွမ်းနယ်နေခဲ့သည်။

"ကောင်းပြီ" ရွှီဇီယန်လည်း မောပန်းနေပြီဖြစ်ပေမယ့် သူသည်စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံအသုံးပြုခြင်းကြောင့်မဟုတ်ဘဲ အမှန်တကယ်က စိတ်ပိုင်းဆိုင်ရာပင်ပန်းနေခြင်းကြောင့်ဖြစ်သည်။

သူ၏အစိမ်းရောင်မိုးကြိုးသွား နိုးထလာပြီးနောက် သူ့ရဲ့အာရုံခံနိုင်စွမ်းကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရပြီး မတောင်လာစေရန် သူတစ်ချိန်လုံးထိန်းချုပ်ခဲ့ရပြီး သည်းမခံနိုင်တော့ပေ။

ထုံးစံအတိုင်း၊ ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့သည်လည်း ရွှီဇီရုန်၏အကြံပြုချက်ကို ငြင်းဆန်မည်မဟုတ်ပါ။ သူတို့အတွက်ကတော့ လျှိုကွမ်းဂိုဏ်းက သူတို့နဲ့ ဘာမှမဆိုင်ပါဘူး။ တစ်ရက်လောက်နောက်ကျသွားတာနဲ့ စောရောက်သွားတာသည့်ကြားတွင် ခြားနားမှုမရှိပါ။

သူတို့သည် ချီလျန်မိသားစုမှဖွင့်ထားသည့် တည်းခိုရန်နေရာတစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။

ချီလျန်မိသားစုသည် အမှန်တကယ် စီးပွားရေးအတွက် မိသားစုဖြစ်သည်။ သူတို့ဖွင့်ထားသည့် တည်းခိုခန်းအဆင့်က တစ္ဆေမြို့ငါးမြို့ကထက် အနည်းငယ်ပိုမြင့်သည်။ 

ရွှီဇီရုန်သည် သီးခြားခြံဝင်းတစ်ခုအား တမင်တကာ တောင်းဆိုခဲ့ပြီး ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့ကို အခြားအခန်းဆီသို့ စေလွှတ်လိုက်သည်။ ရွှီဇီယန်သည် ရွှီဇီရုန် စိတ်ဝိညာဉ်ကျောက်တုံးများကို ဘာကြောင့် ဖြုန်းတီးခဲ့သည်ကို နားမလည်သော်လည်း ရွှီဇီရုန်ကသူ့အား အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုသာပေးခဲ့သည်။

ရွှီဇီယန်: ' _(:3∠)_ အမလေး၊ ငါအစားခံရတော့မယ်လို့ ဘာကြောင့်ခံစားမိနေရတာလဲ? ငါပဲအမြင်မှားတာလား?!!! '

သူ့ကိုကိုအား ကောင်းမွန်စွာ ထိုင်ခိုင်းပြီးနောက် ရွှီဇီရုန်သည် သူ့ကိုကို၏မလုံခြုံသောအကြည့်အောက်တွင် ဖြည်းညင်းစွာထွက်ခွာသွားသည်။

ရွှီဇီယန်ရုတ်တရက် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း ဇီရုန်၏တည်ရှိမှုသည် သူ့အားဖိအားများစွာပေးခဲ့ပြီး လွတ်မြောက်လိုခြင်းပင်ဖြစ်စေခဲ့သည်။

သို့သော်…

——ပထမဆုံးအနေနဲ့ သူသည် အကြောသေနေပြီဖြစ်ပြီး သူထွက်ပြေးချင်သည့်အချိန်တိုင်း၊ သူ၏မသိစိတ်က ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး အဘယ်အရာကများ အဆတစ်သန်းလောက် ဆိုးဝါးသည့်အရာမျိုး ဖြစ်လာစေမည်နည်း!

လွတ်မြောက်စရာနေရာမရှိတော့တဲ့ ဒီခံစားချက်က သူ့အားတကယ်ကို ကြောက်စရာကောင်းအောင် ခံစားရစေသည်။ ကံကောင်းထောက်မစွာ ဇီရုန်သည် ခေတ္တထွက်ခွာသွားခဲ့ပြီး နောက်ဆုံးတွင် သူအသက်ရှူပေါက်ရသွားသည်။

ဇီရုန်ကအေးအေးဆေးဆေး လုပ်ပြနေတာကို ရွှီဇီယန် ကံကောင်းနေတုန်းပဲလို့ ထင်နေပေမယ့် ဇီရုန်က အဲ့ဒီညမှာ ကြီးကြီးကျယ်ကျယ် စားသောက်ဖို့ ပြင်ဆင်နေမှန်း မသိခဲ့ဘူး။

တစ်နာရီခန့်အကြာတွင် ရွှီဇီရုန်ပြန်ရောက်လာသည်။ သူဘာကြောင့် ထွက်သွားခဲ့တာလဲဆိုတာတော့မပြောဘူး။ ရွှီဇီယန်လည်း မျက်လုံးမှိတ်ကာ တရားထိုင်နေပြီး မမေးဝံ့ပေ။

ရွှီဇီရုန်က သူ့ကိုကိုတရားထိုင်နေသည်ကိုမြင်ပြီးနောက် စိတ်မပူဘဲ သူ၏ချန်ခွင်အိတ်ထဲမှ အနီရောင် စောင်တစ်ထည်ကိုထုတ်ကာ အခန်းကိုစတင်အလှဆင်လိုက်သည်။

ရွှီဇီယန်သည် တရားထိုင်နေပုံရသော်လည်း ထိုပတ်ဝန်းကျင်တွင်ရှိနေသောအခါတွင် ရွှီဇီရုန်၏လုပ်ရပ်ကို လုံးလုံးလျားလျား မည်သို့လျစ်လျူရှုနိုင်မည်နည်း။

ရွှီဇီရုန် အခန်းအလှဆင်ခြင်း ပြီးသောအခါမှသာ သူ့မျက်လုံးများဖွင့်ဝံ့လေသည်။ အခန်းထဲမှာအရာအားလုံး နီရဲနေတာကိုမြင်လိုက်ရတော့ သူစကားမပြောနိုင်ဖြစ်သွားသည်။

ချီးပဲ!!! အခန်းတစ်ခုလုံး ဘာကြောင့် အနီရောင်တွေဖြစ်နေရတာလဲ??? ဘာလို့ ငါ့ကို xxx ခိုင်းသလို ငါခံစားနေရတာလဲ???

"ကိုကို၊ တရားထိုင်လို့ပြီးပြီးလား?" ရွှီဇီရုန်သည် သူ့ကိုကို၏ခါးကိုဖက်လိုက်ပြီး နားနားသို့တိုးတိုးပြောလိုက်၏။

ရွှီဇီယန်ငြင်းချင်ပေမယ့် ရွှီဇီရုန်ပြုံးနေသော်လည်း ပုံမှန်မဟုတ်သည့် တင်းမာသောမျက်လုံးတွေကိုကြည့်ပြီး စကားမပြောနိုင်ခဲ့ပါ။

"ကျွန်တော် ကိုကို့ကို ရေချိုးပေးမယ်" ရွှီဇီရုန်သည် သူ့ကိုကို၏တိတ်ဆိတ်မှုကို စိတ်မဝင်စားဘဲ ရွှီဇီယန်အား သူ့ဘာသာသူ အင်္ကျီစချွတ်လေတော့သည်။

ရွှီဇီယန်ထိတ်လန့်သွားပြီး အလိုလိုခုခံချင်လာသည်။ သူသည်လွန်ခဲ့သောရက်အနည်းငယ်က ချွမ်းယွင်စောနဲ့ကြောင့် ရေမချိုးနိုင်ခဲ့ဘဲ သူတောင်နေတာကို သူ့အဝတ်အစားဖြင့် ဖုံးကွယ်ထားနိုင်သေးသည်။ ဒါပေမယ့် ရွှီဇီရုန်က သူ့ကိုယ်လုံးတီးကို မြင်လိုက်ရင် သူဘယ်လိုဖုံးကွယ်ရမလဲ?

ဇီရုန်ရဲ့ရည်ရွယ်ချက်တွေကို သူအခန်းအလှဆင်ပုံနဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ပြထားပြီးသားပါ၊ အဲဒီအချိန်မှာ သူဒီလိုတုံ့ပြန်မှုမျိုးဖြစ်ခဲ့ရင် ရွှီဇီရုန်အတွက် လှပစွာနားလည်မှုလွဲသွားလိမ့်မည်...

"ခ … ခဏလေး!" ရွှီဇီယန်သာ ယုန်တစ်ကောင်ဖြစ်ခဲ့လျှင် သူ့တစ်ကိုယ်လုံးရှိအမွှေးများ ထောင်မတ်နေပေလိမ့်မည်။ သူထိတ်လန့်ပြီး ဇီရုန်ကိုငြင်းချင်ပေမယ့် ဇီရုန်က ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ?

အံ့သြစရာကောင်းတာက အဝတ်တစ်စစီ မြေပြင်ပေါ်ပြုတ်ကျပြီး မကြာခင်မှာပဲ ရွှီဇီယန်ဟာ သူ့တစ်ကိုယ်လုံးကို ရွှီဇီရုန်ရှေ့မှာ ဖော်ထုတ်ပြသလိုက်ပါတော့သည်။

အခုက နိဂုံးချုပ်သွားတာဖြစ်နိုင်သလို ရွှီဇီယန်ကတော့ ရုန်းကန်နေရုံနဲ့ ရပ်သွားသည်။ ရွှီဇီရုန်က သူ့ကိုပွေ့ဖက်ပြီး ရေချိုးကန်ထဲ ထည့်ထားလိုက်သည်။

တစ်ဖန် သူသည် ချီလျန်မိသားစု၏ ကြွယ်ဝမှုကို သဘောကျ၏ - ၎င်းတို့က ရေချိုးခန်းများပင် တပ်ဆင်ထားသည့် တည်းခိုခန်းအတွင်းရှိ သေးငယ်သော ခြံဝင်းတစ်ခုဖြစ်သည်။

ရွှီဇီယန်သည် ရေချိုးကန်ထဲက ပန်းပွင့်လေးတွေကို တိတ်တဆိတ်ကြည့်ရင်း သူ့ကိုယ်သူ နစ်မြှုပ်ချင်နေသည်...

"ကိုကို၊ အဲဒါတွေကို မကြိုက်ဘူးလား?" ရွှီဇီရုန်သည် သူ့ကိုကို၏မျက်နှာထက်က ရှက်ရွံ့သောအကြည့်ကို သတိပြုမိပြီး တွေးတောစဉ်းစားကာမေးလိုက်သည်။

'ကြိုက်တယ်ဟေ့၊ သေလောက်အောက် ကြိုက်တယ်ဟ!'

ရွှီဇီယန်သည် ရွှီဇီရုန်ကို ကွက်ကွက်ကွင်းကွင်းကြည့်ပြီးနောက် ခက်ခက်ခဲခဲ ခေါင်းခါလိုက်၏။

အမှန်တော့၊ ရွှီဇီရုန် သူ့ကို ရေချိုးဖို့ ကူညီပေးပြီးသည့်နောက် သူ့မှာတုံ့ပြန်မှုရှိပြီးသားပါ။ ကံကောင်းစွာပဲ၊ သူ့ကိုယ်သူဖုံးထားဖို့ ဒီပန်းပွင့်တွေ ရှိနေသေးသည်၊ မဟုတ်ရင်တော့...

"ကိုကို …" ရွှီဇီရုန်၏အသံသည် အနည်းငယ်ဩရှနေသည်။ သူကရွှီဇီယန်ကို အနောက်ကနေ ပွေ့ဖက်ပြီး သူ၏နားရွက်တွေကိုနမ်းလိုက်သည်။

ရွှီဇီယန် လျင်မြန်စွာ တုံ့ပြန်လာပြီး၊ သူသည် ရွှီဇီရုန်၏ပူနွေးသောခန္ဓာကိုယ်ကို သူ့နောက်ကျောကနေခံစားနိုင်ပြီး သူသည်ယခုအခါအပြည့်အဝ သတိရှိနေပြီဖြစ်သည်။

"မင်း…မင်း…မင်း…" ရွှီဇီယန်စကားထစ်နေသည်။ အရင်က (ဒါမှမဟုတ်) ဝိညာဉ်ကူးပြောင်းမှုအပြီးမှာပဲဖြစ်ဖြစ်၊ သူဘယ်တုန်းကမှ အရမ်းစိတ်မပူခဲ့ဘူးလို့ သူခံစားရသည်။

သူ့အားရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ရွှီဇီရုန်သည် အကာအကွယ်လိုအပ်သော ကလေးမဟုတ်တော့ဘဲ အရွယ်ရောက်ပြီးသူဖြစ်နေသည်။

"ကျွန်တော်အရမ်းပျော်တယ်" ရွှီဇီရုန်က အနည်းငယ် စိတ်လှုပ်ရှားဟန်ဖြင့် "နောက်ဆုံးတော့ ကျွန်တော် ကိုကို့ကို တကယ်ပိုင်ဆိုင်နိုင်လိုက်ပြီ"

"အဟမ်း ဇီရုန်၊ မင်းကိုကိုက အမြဲတမ်း မင်းရဲ့အပိုင်ပါ" ရွှီဇီယန်သည် ဇီရုန်ကို ပို၍ညင်သာစွာဆွဲဆောင်ရန် ကြိုးစားခဲ့ပြီး သူ့အောက်ခြေတွင် ဖိထားသည့်အရာအား လျစ်လျူရှုရန် ကြိုးစားခဲ့သည်။

"မဟုတ်ဘူး … ကိုကိုက ကျွန်တော့်အပိုင်မဟုတ်သေးဘူး" ရွှီဇီရုန်ကပြုံးရင်း ရွှီဇီယန်၏ပခုံးကိုကိုက်လိုက်ပြီး "ကျွန်တော် ကိုကို့အပေါ်မှာ သွေးစာချုပ်ထားခဲ့ပေမယ့် မလုံလောက်သေးဘူး။ ကျွန်တော်တို့တွေသာ ပေါင်းစပ်သွားမယ်ဆိုရင် ကိုကိုက ကျွန်တော်အပိုင်ဖြစ်လာလိမ့်မယ်"

ရွှီဇီယန်အံ့အားသင့်သွားသည်။ 'ချီးပဲ… ! မင်းဘာလုပ်တော့မလဲဆိုတာ ငါသိနေတယ် … နေပါဦး၊ မင်းဘယ်အချိန်တုန်းက ငါ့ဆီမှာသွေးစာချုပ်ထားခဲ့တာလဲ?'

ရွှီဇီရုန်က သူ့ကိုကို၏အမူအရာကို မြင်လိုက်သောအခါ အသံတိုးတိုးဖြင့်ရယ်လိုက်ကာ "ကိုကို စိတ်မဆိုးပါနဲ့။ ဒီနေ့ပြီးလို့ ကိုကိုက ကျွန်တော့်အပိုင်ဖြစ်လာရင် ကျွန်တော် ကိုကိုပြောသမျှကို နာခံပါ့မယ်လို့ ကတိပေးပါတယ်…"

ရွှီဇီယန်သည် ရွှီဇီရုန်အား မည်ကဲ့သို့မျက်နှာအမူအရာပြရမလဲဆိုတာကို အမှန်တကယ်မသိတော့ပါ။ 'မင်းနာခံဖို့ကောင်းတယ်၊ ဒါပေမယ့် အခန်းအလှဆင်တာမျိုးကို မင်းအများကြီးမလုပ်လို့မရဘူးလား? နောက်ပြီးတော့ ငါ့ကိုဖိထားဖို့ မင်းရဲ့ဟာကြီးကို မသုံးတော့ရင် ပိုကောင်းလိမ့်မယ်!'

"ကိုကို အဆင်ပြေရဲ့လား?" ရေချိုးကန်ထဲတွင် ပန်းပွင့်များစွာရှိသော်လည်း ရေစည်၏မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်ထားရန် မလုံလောက်တော့သည်မှာ သိသာထင်ရှားလှသည်။ အထူးသဖြင့် ရွှီဇီရုန်သည် ရွှီဇီယန်၏ခန္ဓာကိုယ်ကို ဆေးကြောနေဆဲဖြစ်ပြီး ထိုနေရာတွင်တုံ့ပြန်မှုဖြစ်နေသည်ကို သိမြင်ရန်မှာအလွန်လွယ်ကူပါသည်။

ရွှီဇီယန်ငိုချင်လာ၏။ သူသည် ခရမ်းရောင်မိုးကြိုးသွားကို မျိုချလိုက်ခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ကြောင်း ရွှီဇီရုန်အားပြောပြချင်ပေမယ့် ထိုကိစ္စကသူနဲ့ဘာမှမဆိုင်ပါ။ သို့သော် ထိုအချိန်တွင် အမျိုးသားတစ်ဦးက မိမိကိုယ်ရဲ့လေးစားမှုကို မစော်ကားသင့်။ သို့မဟုတ်ရင် အလွန်ဆိုးရွားသော အကျိုးဆက်များရှိလာမည်ကို သူလည်းနားလည်ခဲ့သည်။

ဇီရုန်၏လက်ချောင်းများသည် အလွန်ပျော့ပျောင်းပြီး ရွှီဇီယန်သည် ယနေ့အချိန်အထိ ထိုအတွေ့အကြုံမျိုးကို အပြည့်အဝ မခံစားခဲ့ဖူးပေ။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူဟစ်အော်ကာ နောက်ဆုံးတွင်ဇီရုန်၏လက်ထဲသို့ သူ့ကိုယ်သူလွှတ်ပေးလိုက်တော့သည်။

ရွှီဇီယန်သည် မျက်လုံးများကို တင်းတင်းကြပ်ကြပ်မှိတ်ထားပြီး ဖွင့်ကြည့်ရန်ငြင်းဆန်နေသည်။ ဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်ပြီး ဖြေရှင်းလို့မရတော့ဘူး...

စကားလုံးပဲဖြစ်ဖြစ်၊ လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် ဇီရုန်ကအရမ်းကိုတည်ငြိမ်သည်။ ရွှီဇီယန် သူဘယ်လိုနေလဲဆိုတာ သိပြီးကတည်းက သူနဲ့ပြောဆိုရန်လက်လျော့လိုက်တော့သည်။

ရွှီဇီယန်သည် ဇီရုန် သူ့အားသန့်ရှင်းပေးပြီး သူ့အားလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်တော့သည်။ ဇီရုန်လုပ်နေသမျှတွေကို သူလုံးဝလက်လျော့လိုက်သည်။

ရွှီဇီရုန်၏လှုပ်ရှားမှုများသည် အလွန်နူးညံ့သိမ်မွေ့ပြီး ဖြေလျော့ပေးရာတွင်လည်း အလွန်ကောင်းမွန်သည်။ သူဝင်လာချိန်မှာတော့ ရွှီဇီယန် နာကျင်မှု သိပ်မခံစားရဘဲ ခဏတာတောင် သက်သာရာရခဲ့သည်။

သူတွေးနေသည်က 'ငါစိုးရိမ်နေတာ နောက်ဆုံးတော့ ဖြစ်သွားပြီ။ အဲ့ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပေမယ့် အနည်းဆုံးတော့ သူအဲ့ဒါနဲ့ပတ်သတ်ပြီး ဆက်လက်စိတ်ပူနေစရာမလိုတော့ဘူး။'

အရာအားလုံးပြီးသွားပြီးနောက် ရွှီဇီယန် မျက်နှာကျက်ကို တိတ်တဆိတ်ကြည့်ကာ သူ့စိတ်အခြေအနေကိုတွေးနေသည်။

သူဒေါသထွက်နေတာလား? အဲဒါ သေချာသည်။ တစ်ညလုံး သူ့ညီငယ်၏ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီးနောက် သူဒေါသထွက်လာမှာသေချာသည်။

ဒါပေမယ့် ... သူ ဇီရုန်ကို စိတ်ဆိုးသင့်သလား? ဒါမှမဟုတ် သူ့ကို ရန်သူအဖြစ် ဆက်ဆံသင့်သလား? မလိုအပ်ဘူးထင်သည်။

နောက်ဆုံးတော့ ရွှီဇီယန်ဟာ ရွှီဇီရုန်ကို ခရီးအစကတည်းက အလိုလိုက်ခဲ့သည်။ နှစ်များစွာကြာပြီးနောက် သူသည် အလေ့အကျင့်တစ်ခုဖြစ်နေပြီး သူ၏သည်းခံနိုင်သည့်စည်းကိုပင် ဆက်လက်၍ ကျောခိုင်းနေခဲ့သည်။

ရွှီဇီယန်သည် မျက်ခုံးများကို ညင်သာစွာပွတ်သပ်ကာ လှုပ်ရှားနိုင်သော လက်မောင်းကို ကြည့်ကာ သူ့နှုတ်ခမ်းတွေကော့တက်သွားသည်။ ကောင်းပြီ၊ ဒီညနေ … အဟွတ်၊ အဲ့ဒါက ဘာအကျိုးကျေးဇူးမှ မရှိတာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ ဇီရုန်၏သွေးစာချုပ်ရဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းက သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို သုံးပုံတစ်ပုံလောက်သန့်စင်ပေးသွားနိုင်သည်။ အဲ့ဒါက လွန်ခဲ့သည့် ခုနစ်ရက်လုံးလုံး သူ၏ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်ပါသည်။

တိတ်တဆိတ် သက်ပြင်းချရင်း ရွှီဇီယန်သည် သူ့ကိုယ်သူ အနည်းငယ်မျှစကားမပြောနိုင်တော့။ ဇီရုန်နှင့် သူ၏ဆက်ဆံရေးသည် ဤကဲ့သို့ဖြစ်လာပြီး ဇီရုန်ကို တစ်ချိန်လုံးအလိုလိုက်ခဲ့သည့် သူနှင့်လည်း သက်ဆိုင်ပါသည်။ မဟုတ်ရင် ဇီရုန်က သူလိုချင်တာမှန်သမျှကို ဘယ်လိုလုပ် လုပ်ရဲတဲ့သတ္တိရှိမှာလဲ?

ဇီရုန်ကိုအစကတည်းက သူ၏မူလလူပုံစံအတိုင်း ဆက်ဆံခဲ့မယ်ဆိုရင် ရွှီဇီယန်၏အုတ်ဂူပေါ်ရှိ မြက်ပင်တွေ ကြီးထွားလာမည်...『K: ရွှီဇီယန်သေလောက်ပြီလို့ ဆိုလိုခြင်းဖြစ်ပါသည်』

အရင်နေ့တွေတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေကိုတွေ့ကြုံပြီးနောက် သူ့ညီလေး ပြောင်းလဲသွားတာကို သူမမြင်သေးပါက သူအသက်ရှင်နေတာဟာ အချည်းနှီးသာဖြစ်သွားလိမ့်မည်။

နောက်ဆုံးတော့ ဝိညာဉ်ကူးပြောင်းသည့် ကိစ္စမျိုးတောင် ဖြစ်ခဲ့သေးတာပဲ၊ ဇီရုန်ကလည်း ဝိညာဉ်ကူးပြောင်းတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?

ခေတ်ဘက်မှာတုန်းက ဝိညာဉ်ကူးပြောင်းခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းဆိုတာ ဝတ္ထုတွေမှာ ရေပန်းအစားဆုံး အကြောင်းအရာနှစ်ခုမှန်း သူသိထားသည်…

"ကိုကို …" ဖြူဖွေးပြီးသွယ်လျသောလက်က ရွှီဇီယန်၏ကျယ်ပြန့်သောရင်ဘတ်ကို အနောက်ကနေပွေ့ဖက်လိုက်ပြီး သူ့အောက်ပိုင်းဝမ်းဗိုက်ကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်။ ရွှီဇီယန်သည် အသက်ကို ချောမွေ့စွာ မရှူသွင်းနိုင်တော့ပဲ "ကိုကို ဘာတွေတွေးနေတာလဲ?"

ရွှီဇီရုန်၏ခပ်ဩဩအသံက ထူးခြားသော ဆွဲဆောင်မှုရှိသည်။ အကယ်၍ သူတို့သည် ပို၍သင့်လျော်သော အခြေအနေတွင် ရှိနေပါက၊ ရွှီဇီယန် အနည်းငယ် စွဲလမ်းသွားနိုင်သည်။

သို့သော် တစ်ညလုံး ဤအသံဖြင့်ခေါ်ဝေါ်ခြင်းခံရပြီး၊ မတူညီသော အနေအထားမျိုးစုံနှင့်အတူ ရွှီဇီယန် နှိပ်စက်ခံရပြီးနောက်၊ သူ့အား ပါးရိုက်ချင်သော်လည်း အားအင်ကုန်ခန်းသွားသောကြောင့် မတတ်နိုင်တော့ပါ…

"ပါးစပ်ပိတ်ထား! အခု မင်းနဲ့ စကားမပြောချင်ဘူး။" ရွှီဇီယန်အံကြိတ်ကာ ပြောလိုက်၏။

ရွှီဇီရုန် တစ်ခဏမျှ တိတ်ဆိတ်နေပြီး သူ့ကိုကိုဖြစ်သူအား ကိုင်ထားသည့် သူ့လက်သည် သိသိသာသာ လျော့ကျသွားသော်လည်း သူ့လည်ချောင်းထဲမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ဒီနေ့မနက်အိပ်ရာကနိုးထလာမည့် မြင်ကွင်းများစွာကို သူမှန်းဆကြည့်ခဲ့သော်လည်း သူ့ကိုကို၏တုံ့ပြန်မှုက သူမျှော်လင့်ထားသည်ထက် များစွာပိုကောင်းခဲ့သည်..။

"ဒါဆို ကိုကိုက ကျွန်တော့်ကို အခုအချိန်ပဲ စကားမပြောချင်သေးတာပေါ့?"

ရွှီဇီရုန်သည် ရွှီဇီယန်၏ကျယ်ပြန့်သော နောက်ကျောကို ပွတ်သပ်လိုက်ပြီး "ကိုကို… ဒါဆို ကိုကိုက ကျွန်တော့်ကို လက်ခံလိုက်ပြီလို့ … ဆိုလိုတာလား?" 

အခန်းသည် တိတ်ဆိတ်သွား၏။ ရွှီဇီယန်အနည်းငယ်လှုပ်သွားပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းမှ နွေးထွေးသည့်အရာတစ်ခုခု စိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။

ရွှီဇီယန်၏မျက်နှာသည် ချက်ချင်းပင် အစိမ်းရောင်ပြောင်းသွားပြီး ရွှီဇီရုန်အား လူသတ်တော့မည့်အတိုင်းပင် ကြည့်နေသည်…

ရွှီဇီရုန်သည် သူ၏ရုတ်တရက်ဒေါသကြောင့် အံ့ဩသွားသော်လည်း မကြာမီမှာပင် သူတို့သည်အလွန်နီးကပ်နေသောကြောင့် သူလည်းစိမ့်ထွက်လာသလို ခံစားလိုက်ရသည်...

ရွှီဇီရုန်: "..."

ရွှီဇီယန်: (ရွှီဇီရုန်ကို စိုက်ကြည့်နေသည်)

"ကိုကို့အတွက် သန့်ရှင်းရေးလုပ်ပေးပါ" ရွှီဇီရုန်သည် ရှက်ရွံ့သောအကြည့်ဖြင့်ကြည့်ကာ အစိမ်းရောင်နဲ့ ခရမ်းရောင်အမှတ်အသားတို့ဖြင့် ဖုံးလွှမ်းနေသော ရွှီဇီယန်ကိုရေချိုးကန်ထဲသို့ မချီသွားသည်။

ရွှီဇီယန်သည် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အရည်များ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသည်ကို ခံစားရနိုင်သည်။ အစ်ကိုတစ်ယောက်အနေနဲ့ သူ့ကိုယ်သူလေးစားမှု လုံးဝပျောက်ဆုံးသွားခဲ့သည်...

"အဟမ်း ... ကျွန်တော် တောင်းပန်ပါတယ် ကိုကို၊ နောက်တစ်ကြိမ် ကျွန်တော် ပိုပြီးညင်သာပါ့မယ်။" ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသောကြောင့် ရွှီဇီရုန်သည် သူ့ကိုကို၏ခန္ဓာကိုယ်အတွင်းမှ ဒေါသကိုခံစားရပြီး လျှင်မြန်စွာနှစ်သိမ့်ပေးခဲ့သည်။

'နောက်တစ်ကြိမ်?!!! “နောက်တစ်ကြိမ်” ရှိအုန်းမယ်လို့ မင်းထင်နေသေးတာလား???'

ရွှီဇီယန်ထိတ်လန့်သွားသည်။

ချီးပဲ! ရွှီဇီရုန်က သူ့အပေါ်လုပ်သွားပြီးပြီဆိုတာကို သူမေ့သွားတယ်။ ဒါဆို သူဘယ်လိုလုပ်ဆက်ပြီး လိင်ကိစ္စကို ရှောင်ရှားလို့ရတော့မှာလဲ? ယောင်္ကျားတစ်ယောက်အနေနဲ့ ပိုပြီးလိုချင်လာတာက သာမာန်ပဲမဟုတ်ဘူးလား?

အဲဒါကိုပြောရမယ်ဆိုရင် ကိုယ့်ချစ်သူအနားမှာနေပြီး ဘာမှမလုပ်ရဘူးဆိုရင် ခံစားချက်ကြီးက ကြောက်စရာကောင်းမှာပဲမဟုတ်ဘူးလား?

ခဏလေး! သူကဘာလို့ ရွှီဇီရုန်အတွက် စဉ်းစားပေးနေရတာလဲ? သူပုံမှန်ပြန်ဖြစ်အောင် သူ့ကိုရိုက်နှက်သင့်တာမဟုတ်ဘူးလား? ရွှီဇီရုန်က လိင်ကိစ္စနဲ့ပတ်သက်ပြီး ရှောင်ကြဉ်ရန်လိုအပ်နေမယ်ဆိုရင်လည်း သူဘာကြောင့်စိုးရိမ်နေရမှာလဲ?

သူ့ညီလေး၏ အတင်းအကြပ် ဖိနှိပ်ခံရပြီးနောက်မှာတောင် သူ့ညီလေးအတွက်သာ စိုးရိမ်နေရဆဲဖြစ်တာကြောင့် ရွှီဇီယန်သည် သူ့ကိုယ်သူ မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။

သူ့ကိုသန့်စင်ပြီးနောက် ရွှီဇီယန်ဟာ ရှက်စရာကောင်းသည့် ခံစားချက်တွေ အားလုံးကို ဆုံးရှုံးသွားခဲ့သည်...

ရွှီဇီရုန်သည် မနေ့ညကသူ့အပေါ်တွင် ဖြစ်နိုင်သမျှ အကုန်လုပ်ထားပြီးသားမို့ ရှက်စရာကလည်း ဘာများအသုံးဝင်တော့မှာလဲ? သူသည်အချိန်ကို သူ့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်သန့်စင်ရန်နှင့် ပြန်လည်ကောင်းမွန်လာပြီးနောက် ဒီကလေးကို ရိုက်နှက်ရန်လည်း အသုံးပြုနိုင်သည်။

ထို့ကြောင့် သူ့ကိုကိုခိုင်းသည့်အတိုင်း ရွှီဇီရုန်သည် နောက်နှစ်ရက်အတွင်း သူ့ကိုအပြည့်အဝပံ့ပိုးပေးခဲ့သည်…

(ရွှီဇီယန်: လီးပဲ! ဘယ်သူက မင်းရဲ့အထောက်အပံ့ကို လိုအပ်နေလို့လဲ?)

ရွှီဇီရုန်ပြုလုပ်ထားသည့် သွေးစာချုပ်ဟာ ကျန်ရင်း၏နှစ်ကိုယ်တူသွေးစာချုပ်ထက် ပို၍အဆင့်မြင့်သည်။ "ကျင့်ကြံခြင်း" နှစ်ရက်ကြာရုံဖြင့် ရွှီဇီယန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ကို အောင်မြင်စွာသန့်စင်ပေးနိုင်ရုံသာမက ရွှီဇီရုန်လည်း ထိုအခွင့်အရေးကိုယူကာ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို တက်ရောက်နိုင်သွားသည်။

နောက်ဆုံးတွင် သူ၏အင်အားကိုပြန်လည်ရရှိပြီးနောက် ရွှီဇီယန်သည် ရွှီဇီရုန်အား နေရောင်မရှိသောမြို့၏ လေ့ကျင့်ရေးကွင်းသို့ စိတ်အားထက်သန်စွာ ဆွဲခေါ်သွားပြီး ကျင့်ကြံခြင်းအတွက် လျှို့ဝှက်သီးသန့်ခန်းအတွင်း၌ ရွှီဇီရုန်အား ပြင်းထန်စွာရိုက်နှက်လေတော့သည်။ 

စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုဘဲ နှိပ်စက်ညှဉ်းပန်းခြင်းသက်သက်သာဖြစ်သည်။ ထိုလှပသောမျက်နှာသည် ဝက်တစ်ကောင်လို အရိုက်ခံနေရသည်ကိုမြင်လိုက်ရတော့ ရွှီဇီယန် နားမလည်နိုင်သော အောင်မြင်မှုလို ခံစားခဲ့ရသည်။

"ပြန်တိုက်စမ်း!" ရွှီဇီယန်သည် ဝက်တစ်ကောင်နှင့်တူနေသော ရွှီဇီရုန်ကိုကြည့်ရင်း အော်ဟစ်လိုက်၏။ သူကအခုမြေပြင်ပေါ်မှာ လဲလျောင်းနေပြီး ထဖို့ငြင်းဆန်နေသည်။

"မတိုက်ဘူး!" ရွှီဇီရုန်က သူ့ကိုကိုရဲ့ဒေါသတွေကို တစ်ကြိမ်လောက် လွှတ်ထားဖို့ စိတ်ဆုံးဖြတ်ထားမို့ ပုံမှန်အတိုင်းပဲ သူပြန်မတိုက်ပေ။

"ငါ့ကိုပြောစမ်း! နောင်ကျရင် မင်းငါ့ကို ဒီလိုလုပ်အုန်းမှာလား?" ဒီစကားဟာ အဓိပ္ပါယ်မရှိမှန်း ရွှီဇီယန်သေချာသိပေမယ့် မျှော်လင့်ထားသည့်အတိုင်း ရွှီဇီရုန် ပြန်လည်တုံ့ပြန်လာသည်။ "သေချာတာပေါ့! အခု ကိုကိုက ကျွန်တော့်အပိုင်ဖြစ်နေပြီပဲကို!"

ရွှီဇီယန်: " … "

ချီးပဲ၊ သူ့မှာ ဘာကြောင့် ဒီလို နောင်တကင်းမဲ့တဲ့ စရိုက်မျိုး ရှိနေရတာလဲ? အဲ့ဒါ သူ့အမှားတော့မဟုတ်ဘူးမလား?

"ကိုကို ကျွန်တော့်ကို သေအောင်ရိုက်မယ်ဆိုရင်တောင် ကိုကို့ကို လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်နောင်တမရဘူး! အကယ်၍ ကျွန်တော်သာမလုပ်ဘူးဆိုရင် အနှေးနဲ့အမြန် ကိုကို့ကို ဘယ်ကပေါ်လာမှန်းမသိတဲ့လူတွေက လုယူသွားလိမ့်မယ်။" ရွှီဇီရုန်သည် သူ့နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လိုက်ပြီး အေးစက်စွာပြောလိုက်၏။

ရွှီဇီယန် ခဏတာ စကားမပြောနိုင်ဖြစ်သွားရသည်။ တကယ်တော့ ရွှီဇီရုန်သာ ရွှီဇီယန်အား သူ့ချစ်သူအဖြစ် မတွေးဆခဲ့ဖူးဆိုရင် ဒီလိုမျိုးတွေတောင်လုပ်ခဲ့ရင်တောင် ရွှီဇီရုန်အတွက် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သည့်အမျိုးသမီးကျင့်ကြံသူကိုရှာပြီး နှစ်ယောက်သား နှစ်ကိုယ်တူကျင့်ကြံခြင်းစုံတွဲဖြစ်အောင် ပြုလုပ်ပေးလိမ့်မည်။ 

"ကျွန်တော့်မှာ ဘာမှမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကိုကိုက အခု ကျွန်တော့်အပိုင်ဖြစ်သွားပြီဆိုတော့ ကိုကို့ကို အခြားလူတွေလာလုသွားမှာကို ကျွန်တော်ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး!" ရွှီဇီရုန်က စိတ်ပိုင်းဖြတ်ကာ ပြောလိုက်ပြီး သူ၏ပြတ်ပြတ်သားသားလေသံကြောင့် ရွှီဇီယန်ထိတ်လန့်သွားသည်။

သူသည် မြေပြင်မှဖြည်းညှင်းစွာထကာ ရွှီဇီယန်၏လက်များကို ဆုပ်ကိုင်လိုက်ပြီး "ကိုကိုက ကျွန်တော့်ကို သေအောင်ရိုက်မယ်ဆိုရင်တောင် ကျွန်တော်ဘယ်တော့မှ ပြန်တိုက်ခိုက်မှာမဟုတ်ဘူး။"

ရွှီဇီယန် သူ့နဖူးသူ ကူကယ်ရာမဲ့စွာ ကိုင်လိုက်သည်။ ချစ်စရာကောင်းပြီးနာခံမှုရှိသည့် ညီလေးကို မွေးဖွားပေးမယ်လို့ အမြဲတွေးထားခဲ့တာ အခုတော့ အားလုံးက အတုအယောင်တွေလိုပါပဲလား။

'ရွှီ ဇီ ရုန် ! တော်ပါပေတယ်! မင်းက အော်စကာဆုတောင် ရသွားနိုင်တယ်!'

သရုပ်ဆောင်ရွှီဇီရုန်လေးသည် သူ့ကိုကိုဟာ လွန်ခဲ့သည့်နှစ်များစွာတုန်းက သူ၏သရုပ်ဆောင်မှုတွေ အားလုံးကို တွေးတောနေမှန်း မသိခဲ့ပဲ သူသိတာတစ်ခုကတော့ သူ့ကိုကိုအား လက်မလွှတ်နိုင်တာကိုပင်။

သူ့ကိုကိုရဲ့ရင်ခွင်ထဲကိုဝင်လိုက်ပြီး ခါးဖက်ထားဖို့ အစပြုလိုက်သည်။ ရွှီဇီယန် နှစ်ကြိမ်လောက်တွန်းထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် ရွှီဇီရုန်ကိုလွှတ်ထားလိုက်တော့သည်။ 

"ကိုကို … နောင်တစ်ချိန်ကျရင် ကျွန်တော် အရမ်းနာခံပြီး အရမ်းလည်းလိမ္မာပါ့မယ်နော်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မငြင်းလိုက်ပါနဲ့။" ရွှီဇီရုန်ခေါင်းလေးငုံ့ပြီး သူ့ကိုကို,ကို တောင်းပန်လိုက်၏။

ရွှီဇီယန်၏နှလုံးသားသည် ပျော့ပျောင်းသွားပြီး အရင်ဘဝတုန်းက ရွှီဇီရုန်၏အတွေ့အကြုံတွေကို ကူရာမဲ့စွာ ပြန်လည်တွေးတောနေမိသည်။ 

သူ့မှာ တကယ်ကို ဘာမှမရှိခဲ့ဘူး…

"ကိုကို … ကျွန်တော်ကို မငြင်းလိုက်ပါနဲ့ … ကျွန်တော့်ကို ထားမသွားပါနဲ့ …" ရွှီဇီရုန်သည် သူ့ကိုကိုရင်ခွင်ထဲ၌ သူ့မျက်နှာကို နက်ရှိုင်းစွာမြှုပ်ထားပြီး သူ့အသံများပင်ဆို့နင့်လာသည်။

ရွှီဇီယန်အကြာကြီး တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးချလိုက်တော့သည် --- မဖြစ်သင့်ပေမယ့် ဖြစ်သွားပြီးပြီ။ ရွှီဇီရုန်က သူမလုပ်သင့်တာကို လုပ်ထားပြီးသား။ ရွှီဇီယန် သဘောမတူရင်တောင် ရွှီဇီရုန်က သူ့ကိုကို,ကို လက်ထပ်ပြီးကလေးယူခွင့် ဘယ်တော့မှပေးမှာမဟုတ်ဘူး။ 

ဇီရုန်၏စရိုက်တွင် ဖုံးကွယ်ထားသော ရက်စက်ကြမ်းကြုတ်မှုမှာ ဘယ်သောအခါမှ ပျောက်ကွယ်မသွားဘဲ ရွှီဇီယန်အတွက်သာ ဖုံးကွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှီဇီရုန်ကို ငြင်းပယ်လိုက်ပါက သူသည် သူ၏လမ်းဟောင်းကို နောက်တစ်ကြိမ် လျှောက်လှမ်းတော့မည် မဟုတ်ပါလား?

နှစ်ပေါင်းရာချီကြာအောင် ယန်ကိုးခုအမှောင်မီးနဲ့ လောင်ကျွမ်းခံခဲ့ရသည့် ဝိညာဉ်ကို ပြန်လည်သတိရလိုက်ပြီးနောက် ရွှီဇီယန် မခံမရပ်နိုင်အောင် နာကျင်လာပြီး အဲ့ဒါကို‌တွေးကြည့်ရုံနဲ့ပင် ဘယ်လိုမှလက်မခံနိုင်ဘူး။

ရွှီဇီရုန်ကိုငြင်းဆိုတာ အချည်းနှီးဖြစ်သွားပြီးနောက် ရွှီဇီယန်၏လက်များသည် တွဲလျားကျလာသည်။ သူ့လက်တွေက ရွှီဇီရုန်၏ခေါင်းပေါ်သို့ ဖြည်းဖြည်းချင်းရွေ့သွားပြီး သူ၏ချော့မွေ့သည့်ဆံပင်တွေကို ညင်သာစွာပွတ်သပ်လိုက်သည်။ ရွှီဇီယန်သက်ပြင်းချလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အရင်ဘဝတုန်းက ဇီရုန်အား သူကိုယ်တိုင်မီးလောင်တိုက်သွင်းခဲ့သည့် အဖြစ်မျိုး သူလုံးဝမလိုချင်ပါ။

သူ့ကိုကိုဖြစ်သူ၏နှစ်သိမ့်မှုကို ခံစားလိုက်ရသော ဇီရုန်သည် အလွန်ဝမ်းသာအားရဖြင့် ခေါင်းကိုမော့ကြည့်လိုက်သည်။ ရွှီဇီယန်၏ရှုပ်ထွေးသော မျက်နှာအမူအရာကို သူမြင်လိုက်ရ၏။

"ကိုကို …" ရွှီဇီရုန်သည် ဤအခိုက်အတန့်၌ သူ့နှလုံးသားထဲက အံ့အားသင့်မှုကို စကားလုံးများနဲ့ပင် မဖော်ပြနိုင်တော့ပါ။ သူသည်ခေါင်းကိုငုံ့ကာ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားပြီး သူ့ကိုကိုဖြစ်သူ၏ခါးကို ဖြည်းညှင်းစွာ တင်းတင်းကြပ်ကြပ် ဖက်ထားကာ ရွှီဇီယန်အားအသက်ရှူကြပ်သည့်ခံစားချက်ကိုပေးလေသည်။

သုံးစက္ကန့်လောက် အရှက်ကွဲပြီးနောက် ရွှီဇီယန်သည် နှစ်ကြိမ်လောက် ချောင်းဟန့်ကာ မလိုအပ်သည့်အရှက်တရားကို ဖယ်ပစ်လိုက်သည်။ သူတို့ကပိုရှက်စရာကောင်းသည့် ကိစ္စတွေကိုတောင် လုပ်ထားပြီးသားဆိုတော့ ဒီအနမ်းက သူ့အတွက်ဘာမှမဟုတ်တော့ပါ။

ထို့အပြင် ရွှီဇီယန်သည် ရုန်းကန်နေရတာကို နှစ်သက်သူမဟုတ်ဘူး။ ဇီရုန်ဒုက္ခရောက်တာကိုလည်း သူမမြင်ချင်ဘူးဆိုတာ သူကိုယ်သူသိသည်။ ဒီအပြင် ဇီရုန်အပေါ်သူ၏ခံစားချက်များသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်သည်။

ဒါတွေက ရွှီဇီရုန်မျှော်မှန်းထားသလို ကြည်နူးစရာကောင်းသည့် ခံစားချက်မျိုးမဟုတ်ပေမယ့် သူတို့ကို ညီအစ်ကိုလိုချစ်ခြင်းကနေ ချစ်သူလိုချစ်ခြင်းဆီသို့ ပြောင်းလဲရန် အချိန်အတော်ကြာမှာ မဟုတ်ပါဘူး။

TK: နောက်ဆုံးတော့ အဖြောင့်ကြီး အစားခံလိုက်ရပါပြီ(≧▽≦) warning ခန်းဘာလို့မပါတာလဲ လာမမေးနဲ့နော်။ မူရင်းအာသာကိုယ်တိုင်က မထည့်ပေးတာပါಥ‿ಥ

#TK