Chapter 133
ရွှီဇီရုန်၏မျက်နှာကအရမ်းကိုဆွဲဆောင်မှုရှိတာကြောင့် ပြဿနာကိုရှောင်ရှားရန်အတွက် ရွှီဇီရုန်၏မျက်နှာကိုဖုံးအုပ်ထားဖို့ ခမောက်ကိုရှာရန်ရွှီဇီယန်ဆုံးဖြတ်လိုက်သည်။ ရွှီဇီရုန်အတွက်မကောင်းဘူးဆိုပေမယ့် လက်ရှိမှာသူကမသန်မစွမ်းဖြစ်နေပြီးတော့ တစ်စုံတစ်ယောက်ကသာ ရွှီဇီရုန်၏ရုပ်ရည်ကိုစိတ်ဝင်စားသွားပါက သူတို့ထံပြဿနာတွေယူဆောင်လာလိမ့်မည်။
ရွှီဇီရုန်ကတော့ကန့်ကွက်ခြင်းမရှိ။ သူ့ကိုကိုက သူ့မျက်နှာအားမဖော်ပြစေချင်တာကိုသိရတော့ သူအရမ်းကိုပျော်ရွှင်မိတာကြောင့် ဘာလို့ဝမ်းနည်းသလိုသူကခံစားနေရမှာလဲ?
သူ့မျက်နှာရဲ့အလှအပတွေက အခြားသူတွေအတွက်မဟုတ်ဘဲ သူ့ကိုကိုစိတ်ချမ်းသာဖို့ပဲလို့ သူခံစားခဲ့ရတာကြာလှပြီ။
ရွှီဇီယန်ကိုသယ်ဆောင်လာစဉ် သူတို့လေးဦးသည် လမ်းတစ်လျှောက်ရှိ လူအများ၏အကြည့်များကိုဆွဲဆောင်ခဲ့သည်။
မြို့တံခါးမှာဝင်ကြေးပေးဆောင်ပြီး မကြာခင်မှာပဲ သူတို့နေထိုင်ဖို့ အတော်လေးငြိမ်သက်သည့် တည်းခိုခန်းတစ်ခုကိုတွေ့ရှိခဲ့သည်။
သူတို့နှစ်ယောက်ဝင်လာပြီး မကြာခင်မှာပဲ အဖြူရောင်အဝတ်အစားနဲ့လူငယ်လေးတစ်ယောက်ကလည်း တစ်ပုံစံတည်း ချောမောလှပပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ဒီတည်းခိုခန်းထဲကို ၀င်သွားသည်။
ဒီမိန်းကလေးနှစ်ယောက်က အသက်ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်ပဲရှိသေးသည်။ သူတို့ကြည့်ရတာနုပျိုပြီးတက်ကြွသည်။ သူတို့သည် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသောထိုလူဘေးတွင် စကားများပြောနေကြသည်။ အဖြူရောင်အဝတ်အစားများဝတ်ထားသည့် အမျိုးသားက စိတ်မရှည်ပုံပေါ်သော်လည်း သူကသူတို့တွေကို တစ္ဆေမြို့ငါးမြို့၏အခြေအနေကိုရှင်းပြနေပြီး သူ့မျက်နှာပေါ်တွင် ကြင်နာသောအပြုံးတစ်ခုရှိနေသေးသည်။
" အကို၊ အကို၊ ဆရာသခင်က ညီမတို့ကို ဒီကိုခေါ်လာစေချင်တဲ့ရည်ရွယ်ချက်က ဘာလို့ထင်မိလဲ? " အဝါရောင်အဝတ်အစားနဲ့ မိန်းကလေးက မေးစေ့ထောက်ပြီးပြောလိုက်သည်။
အစိမ်းရောင်အဝတ်အစားနဲ့မိန်းကလေးက လျှာထုတ်ပြကာ
" ဂရုမစိုက်ဘူး၊ ငါကတော့ပျော်ချင်တာပဲသိတယ် "
အဝါရောင်အဝတ်အစားနဲ့မိန်းကလေးက အစိမ်းရောင်အဝတ်အစားနဲ့မိန်းကလေးကို မုန်းတီးတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်ပြီး " တုံးလိုက်တဲ့အာရွဲ့၊ ဆရာသခင်က သူမရဲ့တာဝန်ကိုပြီးမြောက်စေချင်တာ၊ ဒါကပျော်စရာမဟုတ်ဘူး။ နင်ဒီအတိုင်းဆက်လုပ်နေမယ်ဆိုရင် … "
" အင်းပါ၊ ငါသိပါပြီ " အစိမ်းရောင်အဝတ်အစားနဲ့မိန်းကလေးက နောက်ပြန်ဆုတ်သွားပြီး အဝါရောင်အဝတ်အစားနဲ့မိန်းကလေးရဲ့ ရင်ခွင်ထဲကိုပြေးဝင်သွားသည်။
အဖြူရောင်အဝတ်အစားနဲ့လူငယ်၏မျက်လုံးတွေ မည်းမှောင်သွားပြီး သူတွေးတောနေသည်က ' အကယ်၍များ သူမသာအသက်ရှင်နေအုန်းမယ်ဆိုရင် သူမလည်းဒီလိုပဲ ငါ့အချစ်တွေကိုတောင်းမှာ … '
" ကိုကို၊ ကိုကို၊ ကြည့်ကြည့် … ဟိုမှာပုရစ်အကြီးကြီးပဲ! "
" ကိုကိုကအရမ်းစိတ်တိုစရာကောင်းတာပဲ၊ လင်လင် ကိုကို့,ကိုမချစ်တော့ဘူး! "
" ကိုကို … အရမ်းနာတယ် … တကယ်နာတယ် … လင်လင်ရဲ့ကိုယ်ပေါ်မှာ ပိုးကောင်သေးသေးလေးတွေအများကြီးပဲ! အရမ်းကြောက်စရာကောင်းတယ်! အဲ့ဒီလူကြီးက လင်လင်ရဲ့ကိုယ်ထဲကို ဒီပိုးကောင်သေးသေးလေးတွေကို ဘာလို့ထည့်သွားရတာလဲ? "
…………
…………
" အကို? အကို? ဘာဖြစ်နေတာလဲ? " အဝါရောင်အဝတ်အစားနဲ့မိန်းကလေးစုရွဲ့က အဖြူရောင်အဝတ်အစားနဲ့လူငယ်အား လက်ယမ်းပြကာ သူ၏အတိတ်ကမှတ်ဉာဏ်တွေထဲကနေ နိုးထလာခဲ့သည်။
အဖြူရောင်အဝတ်အစားနဲ့လူငယ်က နူးညံ့စွာပြုံးကာ " ဘာမှမဟုတ်ပါဘူး၊ ဒီတစ်ခါ ဆရာသခင်ပေးလိုက်တဲ့တာဝန်က အတော်လေးဒုက္ခရောက်တာကို ငါသတိရလိုက်ပါ "
" အမှန်ပဲ " အာရွဲ့ကသူမ၏နှာခေါင်းကိုပွတ်ကာ " မျက်နှာသစ်မလား? မျက်နှာသစ် ဟုတ်၊မဟုတ် ဘယ်လိုကြည့်ရမှာလဲ? ညီမနဲ့ညီမရဲ့အမက တစ္ဆေမြို့ငါးမြို့ကို အခုမှပထမဆုံးအကြိမ်ရောက်ဖူးတာကို၊ ဘယ်သူတွေ မကြာခဏဒီမှာရှိနေတယ်ဆိုတာ ညီမတို့ကဘယ်လိုလုပ်သိမှာလဲ? "
အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းခေါင်းဆောင်၏ တပည့်တစ်ဦးလည်းဖြစ်သည့် အဖြူရောင်အဝတ်အစားနဲ့လူငယ်က " လူစိမ်းတွေရှာဖို့က စိတ်ပူနေစရာမလိုပါဘူး။ မြို့တံခါးလေးခု၏ အစောင့်တွေအားလုံးက ရုပ်သေးရုပ်ဂိုဏ်းကတွေပဲလေ။ သူတို့ရဲ့တင်ပြချက်တွေ နားထောင်ဖို့ပဲလိုတာ။ မသင်္ကာစရာလူရှိရင် စုံစမ်းမယ် "
" စကားမစပ် စုရွဲ့၊အာရွဲ့၊ မင်းနှစ်ယောက်က မင်းတို့ရဲ့ကိုယ်ပိုင်ဖုတ်ကောင်တွေကို ရှာနေတာလား? "
" ဟုတ်တယ် အကို၊ ဘယ်လိုလူမျိုးကို ညီမတို့တွေ ရှာသင့်တယ်လို့ထင်လဲ? " အာရွဲ့ခေါင်းငုံ့ကာခဏလောက်စဉ်းစားပြီး " အစတုန်းကတော့ အကို့လို ချောမောတဲ့လူတစ်ယောက်ကို ရှာချင်ခဲ့တာ၊ ဒါပေမယ့် တစ်နေ့လုံး ယောက်ျားအလောင်းနဲ့နေရတာက ကောင်းတဲ့အကြံမဟုတ်ဘူးလို့ ညီမတွေးလိုက်မိတာ၊ ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကို မွမ်းမံလိုက်ရင်ရောဘယ်လိုလဲ? "
စုရွဲ့ကမျက်မှောင်ကြုတ်လိုက်ပြီး " အာရွဲ့ နင်ဘာတွေလျှောက်ပြောနေတာလဲ? တစုံတယောက်ကိုရှာတာများ အဲ့ဒီတစုံတယောက်နဲ့ ဘာလို့အကိုနဲ့သွားနှိုင်းယှဉ်ရတာလဲ? " ထိုစကားပြောပြီးနောက် သူမက ဖန်ကျစ်ကျီးဘက်လှည့်ကာ " အကို ကျေးဇူးပြုပြီး ညီမလေးကိုခွင့်လွှတ်ပေးပါ၊ သူမအဲ့ဒီလိုအဓိပ္ပါယ်မျိုး ဆိုလိုတာမဟုတ်ပါဘူး "
ဖန်ကျစ်ကျီးက ခေါင်းကိုညင်သာစွာခါလိုက်ပြီး " အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒီတစ္ဆေမြို့ငါးမြို့မှာ မင်းတို့လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သတိထားပါ။ အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းရဲ့ နာမည်ကိုပျက်ပြားစေလိမ့်မယ် "
စုရွဲ့ကခေါင်းညိတ်ကာ " ညီမနားလည်ပါပြီ၊ သင့်တော်တဲ့လူကိုရှာတွေ့ရင် မြို့ပြင်ကိုခေါ်ထုတ်ဖို့ နည်းလမ်းစဥ်းစားပါ့မယ် "
ဖန်ကျစ်ကျီးကတခစ်ခစ်ရယ်လိုက်ပြီး နက်နဲသောရွံရှာစိတ်က သူ၏ရင်ထဲမှထွက်ပေါ်လာသည်။ ထို့နောက် သူ့ကိုယ်သူရယ်မောကာ မည်မျှပင်ရွံရှာနေပါစေ သူ့အတွက်အလောင်းကို ရှာတွေ့တော့မည်မဟုတ်ပါလား …
" ဟင်? အဲဒီလူက တော်တော်ကြည့်ကောင်းတယ် " အာရွဲ့ကအော်လိုက်သည်။
လှေကားပေါ်ရှိကျန်ရင်းက ခန်းမဆောင်ထောင့်ရှိ လူသုံးယောက်ကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးအိမ်များအနည်းငယ်စူးရှသွားသည်။
ဖန်ကျစ်ကျီးက၎င်းကိုမြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အာရွဲ့ပြောသလိုပဲ၊ လှေကားပေါ်ကလူက အတော်လေးကြည့်ကောင်းသည်။ သူ၏ရုပ်ရည်ဟာအနည်းငယ် မိန်းမဆန်နေပေမယ့် သူ၏ပုံစံကတော့ယောင်္ကျားဆန်နေစမြဲဖြစ်သည်။ သို့သော် အာရွဲ့ကပေါ့ပေါ့တန်တန်ပြောခဲ့သော်လည်း သူမ၏မှတ်ချက်ပေးသည့်လေသံက မကျေမနပ်ဖြစ်ပုံပေါ်သည်။
တစ္ဆေမြို့ငါးမြို့ကဲ့သို့နေရာမျိုးတွင် အထူးသဖြင့် ပြိုင်ဘက်၏ကျင့်ကြံခြင်းအဆင့်ဟာ မိမိထက်မြင့်မားနေသောအခါတွင် တစ်ဖက်သောကျင့်ကြံသူတွေကို ဝေဖန်ခြင်းကအရမ်းကိုသိက္ခာမဲ့လွန်းသည်။
" အာရွဲ့! " ဖန်ကျစ်ကျီးနဲ့ စုရွဲ့တို့သည် တစ်ချိန်တည်းအော်လိုက်ကြပြီး အာရွဲ့လည်း ကျန်ရင်းကိုထပ်မံမကြည့်ဝံ့တော့ပဲ လျင်မြန်စွာဆုတ်ခွာသွားသည်။
ကျန်ရင်းကလည်း ဘာပြဿနာမှမဖြစ်ချင်ဘူး။ အဲ့ဒါကစကားလာပြောသော ကလေးမလေးတစ်ယောက်သာဖြစ်သည်။ သူကတည့်တည့်မတ်မတ်ထွက်ခွာသွား၏။
အခိုက်အတန့်လေးပဲ၊ တစ်ဖက်ကလည်းဂရုမစိုက်တော့ပေ။ မထွက်ခွာမီစုရွဲ့က ကျန်ရင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများတွင် ထိတ်လန့်မှုကိုဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။
" အကို၊ အခန်းပြန်ရအောင် " စုရွဲ့ကရုတ်တရက်ခေါင်းမော့ပြီး အကြံပေးသည်။
ဖန်ကျစ်ကျီးက မျက်ခုံးပင့်ကာ ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
သူတို့မှာထားတဲ့ဟင်းပွဲတွေအကုန်လုံးကို သူတို့အခန်းတွေဆီလိုက်ပို့ပေးဖို့ အစေခံကိုမှာကြားပြီးနောက် သုံးယောက်သားငှားထားသည့်အခန်းထဲကိုဝင်လိုက်ပြီး တားမြစ်ခလုတ်ကိုဖွင့်လိုက်သည်။
ဖန်ကျစ်ကျီးဝင်လာပြီးတာနဲ့ စုရွဲ့ကစိတ်လှုပ်ရှားလွန်းလို့ သူ၏အင်္ကျီလက်ကိုချက်ချင်းဖမ်းဆွဲလိုက်သည်။
" အကို၊ ညီမကိုကူညီရမယ်! " စုရွဲ့က သူမ၏မျက်နှာထက်က အံ့အားသင့်နေသည့်ပုံစံကို မဖုံးကွယ်နိုင်ပဲ ဖန်ကျစ်ကျီးအား တောင်းပန်နေသည့်အကြည့်ဖြင့် ကြည့်နေလေသည်။
ဖန်ကျစ်ကျီးကမျက်မှောင်ကြုတ်ပြီး သူမကိုတွန်းထုတ်ကာ သူ၏အင်္ကျီလက်ကိုပြန်ဆွဲယူလိုက်သည်။ " ဘာဖြစ်တာလဲ ပြော "
ဒါကိုမြင်တော့စုရွဲ့က မျက်မှောင်ကြုတ်သွားပေမယ့် သူမကမသန်မာတာကြောင့် အဲ့ဒီလူကိုလိုချင်ရင် သူ့အကို,ကိုအကူအညီတောင်းရုံသာရှိသည်။
" အကို၊ ခုနလေးတင်ကလူကို ညီမလိုချင်တယ်! " စုရွဲ့တည့်တိုးဆိုလိုက်သည်။
ဖန်ကျစ်ကျီးကပိုမိုတင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး " ဘာလို့လဲ၊ သူကအခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ပဲရောက်သေးတာ၊ သူ့ကိုဖုတ်ကောင်အဖြစ်မွမ်းမံဖို့ မင်းအများကြီးအားစိုက်ထုတ်ရလိမ့်မယ် မဟုတ်ဘူးလား? သူကထူးခြားတာတစ်ခုခုရှိလို့လား? "
စုရွဲ့က သူမ၏အောက်နှုတ်ခမ်းကို အသာအယာကိုက်လိုက်သည်။ သူမ၏လှပသောမျက်လုံးများက တောက်ပနေပြီး သူမငိုချင်နေသလိုလိုပင်။
" ရှစ်ရှုန်း၊ ညီမ အမရဲ့တောင်းဆိုမှုကို လက်ခံပေးပါ။ အကိုမြင်လား၊ အမငိုတော့မယ် " အာရွဲ့လည်း သူမ၏နှုတ်ခမ်းကိုစူလိုက်ပြီး ဖန်ကျစ်ကျီး၏အင်္ကျီလက်ကို လှုပ်ယမ်းလိုက်သည်။
ဖန်ကျစ်ကျီးကတော့ တုံ့ပြန်မှုမရှိပေ။ အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းမှ ဒီအမျိုးသမီးတပည့်တွေဟာ ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့်အမျိုးအစားထဲမပါဝင်ချေ။ စုရွဲ့နဲ့အာရွဲ့က အပြစ်ကင်းစင်တဲ့ပုံပေါက်ပေမယ့် အနိုင်ကျင့်ခံရနိုင်တယ်လို့ထင်ရင် မှားသွားလိမ့်မည်။
အကိုကဘာမှမတုံ့ပြန်တာကိုမြင်တော့ သူမရဲ့လှည့်ကွက်ကအလုပ်မဖြစ်ဘူးဆိုတာ စုရွဲ့သိလိုက်သည်။ အကိုက ယေဘူယျအားဖြင့် နူးညံ့သိမ်မွေ့ပြီး ပွင့်လင်းမြင်သာတဲ့ပုံပေါက်ပေမယ့် သူ၏လုံခြုံရေးအတွက်သာဆိုရင် သူကတခြားသူတွေထက်ပိုသွေးအေးသည်။
" အဲ့ဒီလူက … သူ့မှာနတ်ဆိုးခန္ဓာကိုယ်ရှိထားတယ် " စုရွဲ့အံကြိတ်ကာပြောလိုက်သည်။
" ဘယ်လို? " ဖန်ကျစ်ကျီးကမထိန်းနိုင်ပဲ အော်ပြောလိုက်သည်။
" အဲဒါအမှန်ပါပဲ " စုရွဲ့ကဖန်ကျစ်ကျီးမယုံမှာစိုးရိမ်နေပြီး အလျင်အမြန်ရှင်းပြသည်။ " ညီမ သူ့ကို ခန္ဓာကိုယ်စစ်ဆေးခြင်းအတတ်ပညာနဲ့ အခုလေးတင်ပဲ မတော်တဆစစ်ဆေးကြည့်တော့ ရုတ်တရက် သူရဲ့နတ်ဆိုးခန္ဓာကိုယ်ကိုတွေ့လိုက်ရတယ် "
" နတ်ဆိုးခန္ဓာကိုယ် … " ဖန်ကျစ်ကျီးလည်း အလွန်တုန်လှုပ်သွားသလို ခံစားလိုက်ရသဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။ မိစ္ဆာကျင့်ကြံခြင်းနယ်ပယ်တွင် နတ်ဆိုးခန္ဓာကိုယ်ကိုတွေ့ရခဲပြီး အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းအတွက်၊ သူတို့၏ဖုတ်ကောင်များကို မွမ်းမံရန်အတွက် နတ်ဆိုးခန္ဓာကိုယ်ကို အသုံးပြုခြင်းသည် သူတို့၏စွမ်းအားကိုတိုးတက်စေရုံသာမက အမတဝိညာဉ်အခြေတည်စအဆင့်သို့ရောက်ရှိရန်လည်း လွယ်ကူချောမွေ့စေမည်ဖြစ်သည်။ သူတို့သည် ဖုတ်ကောင်များကိုအသုံးပြု၍ နှလုံးသားကိုဒဏ်ဖြစ်စေမည့်အရာမှန်သမျှကို ကာကွယ်ရန်ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ နှလုံးသားကိုဒဏ်ဖြစ်စေခြင်းပင်ဖြစ်သည်။ အကယ်၍ သူတို့ကိုယ်စား တစုံတယောက်မှ ယူဆောင်သွားနိုင်ခဲ့ပါက အမတဝိညာဉ်အခြေတည်စအဆင့်တက်ရန်အတွက် အလွန်ချောမွေ့သောလမ်းဖြစ်ပေလိမ့်မည်။
စုရွဲ့ကသူ့ကိုယူဖို့ အရမ်းကိုစိတ်ပိုင်းဖြတ်ထားခဲ့တာ မအံ့ဩတော့ပေ။ ဒါပဲရှိတယ် - သူမကိုယ်တိုင်လုပ်ရမှာကို သူမကြောက်နေတာမဟုတ်ဘူးလား?
ဖန်ကျစ်ကျီးက စုရွဲ့ကို သံသယဖြင့် ကြည့်လိုက်သည်။ စုရွဲ့က မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်များကကွေးညွတ်သွားကာ " အကိုက ဘယ်တုန်းကမှ ဖုတ်ကောင်တွေကို မမွမ်းမံဖူးဘူးလေ၊ ဒါကြောင့် ဖုတ်ကောင်တွေကိုမွမ်းမံဖို့ အထူးနတ်ဆိုးခန္ဓာကိုယ်ကို သုံးတာနဲ့ပတ်သက်ပြီး မသိဘူးထင်တယ် ဟုတ်တယ်မလား? "
ဖန်ကျစ်ကျီးက နှုတ်ဆိတ်နေသည်။ သူကအလောင်းကောင်ရုပ်သေးဂိုဏ်းသို့ ဝင်ခဲ့သော်လည်း အလောင်းကိုမွမ်းမံရန်စိတ်ကူးကို အလွန်သည်းခံခဲ့သည်။ ထို့ကြောင့် အလောင်းကောင်ရုပ်သေးများကို ထိန်းချုပ်ရန် အခြေခံအကျဆုံးနည်းလမ်းများမှလွဲ၍ ထိုအရာများကို စေ့စေ့စပ်စပ် လေ့လာစူးစမ်းမှုများစွာ မပြုလုပ်ခဲ့ပေ။
စုရွဲ့ကနှုတ်ခမ်းကိုကာ၍ပြုံးလိုက်ပြီး " အလောင်းတွေကိုမွမ်းမံဖို့ ဒီနတ်ဆိုးကောင်ကို ညီမအသုံးပြုပြီးရင် ညီမဆရာသခင်ရဲ့နှလုံးသားကို ခိုးယူခံရခြင်းမှ ကာကွယ်ချင်ရင် ညီမအတွက် အကောင်းဆုံးနည်းလမ်းက မွမ်းမံသူနဲ့ အသက်ရှုဖလှယ်ဖို့ပါပဲ။ အသက်ရှုဖလှယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ ... ရင်းနှီးမှုနဲ့လေ သိတယ်မလား။ အကိုသူ့ကိုသွေးဆောင်ပြီး အကို သူနဲ့အတူလုပ်မယ်ဆိုရင် သူ့ရဲ့နတ်ဆိုးခန္ဓာကိုယ်ကို အကို့ကို လက်ဆောင်အဖြစ်ပေးလို့ရတယ်။ ဘယ်လိုလဲ? "
ဖန်ကျစ်ကျီးက သူမစကားကိုကြားသောအခါ ခဏတာအထိတ်တလန့်ဖြစ်ကာ သူ့မျက်နှာမှာမည်းမှောင်သွားသည်။ အမတဝိညာဉ်အခြေတည်စအဆင့်ကိုရောက်အောင် ယောက်ျားတစ်ယောက်နဲ့ ဒီလိုအရာတွေလုပ်မလားဆိုတာ ဆွေးနွေးဖို့ကအရမ်းများနေပြီ။ ပြီးတော့ တစ်ယောက်ယောက်က အဲဒါကိုစိတ်လိုလက်ရလုပ်ပေးဖို့က ပိုလို့တောင်မဖြစ်နိုင်သေးပေ။
ယောင်္ကျားလေးအချင်ချင်း စိတ်ဝင်စားတဲ့သူတွေရှိကြပေမယ့် နတ်ဆိုးခန္ဓာကိုယ်အဲ့ဒီလူနဲ့လုပ်ဖို့ကိစ္စကိုတော့ သူမစွန့်စားရဲဘူး။
သူခဏလောက် ငြိမ်သက်သွားပြီး စုရွဲ့ကိုမော့ကြည့်လိုက်ရင်း " ညီမလေး၊ ငါ မင်းကို ဒီကိစ္စကို ကူညီပေးနိုင်တယ်၊ ဒါပေမယ့် အပေးအယူအနေနဲ့ မင်းရဲ့လူသေခေါင်းလောင်းကိုရချင်တယ် "
" ဘာ! " စုရွဲ့ကအော်လိုက်ရင်း သူမမျက်နှာက မသေချာမရေရာ ဖြစ်နေသည်။
ဖန်ကျစ်ကျီးကသရော်လိုက်ရင်း
" ညီမလေး၊ ငါကအခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ထိရောက်ထားပြီဆိုပေမယ့် သူကလည်းမပျော့ညံ့ဘူးဆိုတာ သေချာတယ်။ ဒါ့အပြင် သူ့ကို မင်းရဲ့ဖုတ်ကောင်အဖြစ်ထားပြီးရင် မင်းရဲ့လူသေခေါင်းလောင်းကို လိုနေသေးတယ်လို့မင်းထင်လား။ အဲဒီအခါမှာ လူသေခေါင်းလောင်းက မင်းအတွက် အသုံးမဝင်တော့ဘူးဆိုတာ ငါသေချာသိပါတယ် "
စုရွဲ့ကဒါကိုစဉ်းစားရင်း အံကြိတ်ကာ ခေါင်းညိတ်ပြပြီး " ကောင်းပြီ၊ ညီမ အကို့ကို လူသေခေါင်းလောင်း ပေးလို့ရတယ်၊ ဒါပေမယ့်... ဒီနေ့ ဒီကိစ္စကို ဆရာသခင်ဆီ မပြောနိုင်ဘူး "
ဖန်ကျစ်ကျီးကမျက်ခုံးပင့်လိုက်ပြီး " ညီမလေး၊ မင်းကငါ့ကိုငတုံးလို့များထင်နေတာလား? မင်းရဲ့လူသေခေါင်းလောင်းရထားတာကို ဆရာသခင်ဆီမပြောဘူးဆိုရင် သူမငါ့ကိုမသတ်ဘူးလို့ မင်းတကယ်ထင်နေလား? "
စုရွဲ့က,ကတိပေးလေသည်။
" လူသေခေါင်းလောင်းကြောင့်နဲ့ အကို့ကို မဆန့်ကျင်ပါဘူးလို့ ညီမကတိပေးပါတယ် "
ဖန်ကျစ်ကျီးက အနည်းငယ် မျက်မှောင်ကြုတ်ကာ
" ညီမလေး၊ ဒီအကြောင်းကို ဆရာသခင်ဆီမပြောဖို့ ဘာကြောင့် တင်းတင်းကြပ်ကြပ်တားနေရတာလဲ? မင်းရဲ့ဖုတ်ကောင်ကို သူခိုးသွားမှာ မင်းကြောက်နေတာလား? "
စုရွဲ့ကသူမအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားပြောရန်ငြင်းဆန်နေသည်။ ဖန်ကျစ်ကျီး ထိုအရာကိုမြင်သောအခါ ထိတ်လန့်သွားပြီး " ဒါဆိုဘာလဲ? မင်းမွမ်းမံထားတဲ့ဖုတ်ကောင်တွေက အမှန်တကယ်ပဲ လုယူသွားခြင်းခံလိုက်ရတာလား? ထိန်းချုပ်ဖို့အတွက် အသက်ရှုဖလှယ်ရမယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား? "
ထိုစကားကိုကြားလိုက်ရသောအခါတွင် စုရွဲ့၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားကာ တစ်ခုခုကို သတိရနေသလိုမျိုးပင်။ ခဏတာ တိတ်ဆိတ်နေခဲ့သော အာရွဲ့က ရုတ်တရက် နှုတ်ခမ်းကော့တက်သွားပြီး " အသက်ရှုဖလှယ်တဲ့အခါ အသက်ရှင်နေတဲ့လူနဲ့ပဲ လုပ်စရာမလိုဘူး၊ သေတဲ့လူနဲ့လည်း လုပ်လို့ရတယ်။ ဆရာသခင်ရဲ့ဖုတ်ကောင်က လုပ်ဆောင်ချက်များစွာရှိပြီး ညီမတို့ကဆရာသခင်အတွက် တိုက်ပွဲဝင်ရုံသက်သက်မဟုတ်ဘူး "
စုရွဲ့ကအကူအညီမဲ့စွာ ရွံရှာမှုကိုပြလိုက်ပြီး အာရွဲ့ကိုစူးစူးစိုက်စိုက်ကြည့်ကာ " ပါးစပ်ပိတ်ထား! နင်ဘာတွေလျှောက်ပြောနေတာလဲ? နင်အသက်မရှင်ချင်တော့ဘူးလား? "
အာရွဲ့ကနှုတ်ခမ်းစူကာ အော်ဟစ်ပြီး အလွန်စိတ်မချမ်းသာဟန်ဖြင့် တစ်ဖက်သို့လှည့်သွားသည်။
အာရွဲ့၏စကားကိုကြားပြီးနောက် ဖန်ကျစ်ကျီးက အမှန်တကယ်ဆိုလိုသည်ကို ချက်ချင်းသဘောပေါက်သွားပြီး ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။
စုရွဲ့ကလက်ကိုမြှောက်လိုက်ပြီး ဆံပင်တွေကိုပွတ်သပ်ရင်း ဖန်ကျစ်ကျီးရဲ့မျက်နှာကို တည်တည်ငြိမ်ငြိမ်နဲ့ကြည့်ကာ " အကို ညီမဆိုလိုချင်တာကို နားလည်ပြီးသားဖြစ်မှာပါ "
ဖန်ကျစ်ကျီးက အသံတိတ် ခေါင်းညိတ်လိုက်သည်။
စုရွဲ့က သူမစကတ်၏ချည်သားကို ချိန်ညှိကာနွေးထွေးစွာပြောလိုက်သည်။ " ဆရာသခင်က ညီမတို့အပေါ်ကောင်းပါတယ်၊ ဒါပေမယ့် ဒီမိစ္ဆာဂိုဏ်းမှာ သူမအတွက်ချည်းပဲလို့ ဘယ်သူကတွေးပေးနိုင်မှာလဲ? ညီမမှာလည်း ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် … " သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ပြုလုပ်ပြီး " အကို၊ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားဖို့ အကြံပြုချင်ပါတယ်၊ ညီမတို့ဂိုဏ်းမှာ ညီမတို့ဆရာသခင်လို လူမျိုးတစ်ယောက်ထက်မက ရှိတယ်။ ညီမမှန်းဆချက်သာမှန်ကန်မယ်ဆိုရင် ဦးလေးဇီကျင့် အမတဝိညာဉ်အခြေတည်စအဆင့် ဖြစ်လာရတဲ့အကြောင်းရင်းက အဲဒီအမျိုးသမီးအလောင်းနဲ့ အသက်ရှုဖလှယ်လိုက်လို့ပဲ … "
ဖန်ကျစ်ကျီးက သူ့စိတ်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးကွဲကြေသွားသလိုခံစားလိုက်ရသည်။
သူ့ညီမလေးအသတ်ခံရပြီးနောက် သူမအလောင်းကို ဖုတ်ကောင်တစ်ကောင်လိုမွမ်းမံပြီး သေပြီးတာတောင် နှိပ်စက်ခံနေရလိမ့်မယ်လို့ သူဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး …
သူခေါင်းငုံ့ကာ မျက်လုံးများနီရဲနေသော်လည်း သူ့လေသံမှာ မထင်မှတ်ပဲငြိမ်သက်သွားကာ " ဒါကို မင်းဘယ်လိုသိတာလဲ? "
စုရွဲ့၏နှလုံးခုန်သံများမြန်လာကာ ဖန်ကျစ်ကျီးကို လျင်မြန်စွာ ကြည့်လိုက်သော်လည်း ဖန်ကျစ်ကျီးက ခေါင်းကိုငုံ့ထားကာ သူ့လေသံမှာအလွန်ငြိမ်သက်နေသည်။ သူမသည် သံသယဖြစ်ဖွယ် တစုံတရာကို မတွေ့ခဲ့ရပေ။
သူမကအကြည့်တွေကိုနိမ့်လိုက်ပြီး " ဒါက အကိုပဲကံကောင်းတာလား၊ ညီမပဲကံဆိုးတာလားတော့ မပြောတတ်ဘူး။ အကို ဂိုဏ်းကိုစစချင်းဝင်တုန်းက ညီမတို့ရဲ့ဆရာသခင်က ဦးလေးဇီကျင့်ဆီ စိတ်ဝိညာဉ်ကျောက်တုံးပို့ပေးဖို့ အကို့ကိုတာဝန်ပေးခဲ့ပေမယ့် မမျှော်လင့်ပဲ အကိုက အဲ့ဒီအချိန်မှာ အခြေခံကျင့်ကြံခြင်းကိုရောက်သွားပြီလေ။ အဲ့ဒီအခါမှာ ညီမတို့ရဲ့ဆရာသခင်က အဲ့ဒီတာဝန်ကို ညီမလက်ထဲအပ်လိုက်တယ် "
" ဦးလေးဇီကျင့် ကျင့်ကြံနေတဲ့လှိုဏ်ဂူက လုံး၀အလုံပိတ်ထားတာ မဟုတ်ဘူး။ ညီမက သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ လတိုင်းပေးခဲ့ရပြီး သုံးကြာအောင်ပြုလုပ်ခဲ့ရတယ်။ သူ့ဘေးမှာ ကိုယ်လုံးတီးလဲလျောင်းနေတဲ့ အမျိုးသမီးအလောင်းကို မကြာခဏတွေ့ခဲ့ရပြီး ဦးလေးဇီကျင့်ကလည်း သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်မှုမရှိဘူး။ တခါတလေ သူကိုကြည့်ရတာ ပိုတက်လာကြွလာတာကို မြင်လိုက်ရတော့ ဘာဖြစ်နေတာလဲဆိုတာ သိရဖို့ တော်တော်လေးလွယ်ပါတယ်။ နောက်ပြီးတော့ … " သူမရုတ်တရက်သရော်လိုက်ရင်း " နောက်ပြီးတော့ အကိုက အလောင်းတွေကို မွမ်းမံတာနဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးမဖတ်ဖူးပေမယ့်၊ အလောင်းတွေကို ထူးဆန်းတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ပတ်သက်ပြီး မွမ်းမံတာတွေကို ညီမဖတ်ဖူးတယ်၊ အဲ့ဒီလိုမျိုးအပါအဝင် … "
သူမဆက်ပြောရန် အနည်းငယ်ရှက်လာတာကြောင့် ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သည်။
ဖန်ကျစ်ကျီးက အချိန်အကြာကြီး အသံမထွက်ဘဲ နောက်ဆုံးတွင် စကားတစ်ခွန်းကိုသာချန်သွားသည်။ " ဒီကိစ္စကိုမြန်မြန်လုပ်ပါ၊ မင်း သူ့ကို မြို့ပြင်ဆီ ခေါ်ထုတ်လာနိုင်ခဲ့ရင် သူ့ကိုဖမ်းဖို့ ငါမင်းကိုကူညီပေးမယ် " ထို့နောက် သူထွက်သွားတော့သည်။
သူထွက်သွားပြီး မကြာခင်မှာပဲ အာရွဲ့က ရုတ်တရက် ခေါင်းမော့လာပြီး စုရွဲ့ကိုကြည့်ကာ " မမ၊ နင်ဘာလို့ ဒါတွေကို သူ့ကိုပြောလိုက်ရတာလဲ? "
စုရွဲ့ကအေးစက်စက်ရယ်လိုက်ပြီး " ဟန့်၊ သူကခပ်တန်းတန်းနဲ့ မာနကြီးတဲ့ပုံစံကြီးကို ငါအရမ်းမုန်းတယ်။ ငါတို့အားလုံးက မိစ္ဆာကျင့်ကြံသူတွေပဲကို သူဘာကြောင့်မို့ တရားမျှတသလိုဟန်ဆောင်နေရတာလဲ? သူ့ကိုယ်သူ အဖြူစင်ဆုံးလို့များ ထင်နေတာလား? ဒီအလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းမှာ လူတိုင်းက မိမိကိုယ်ကို အဆင့်မြင့်တင်လိုကြပြီး အမြန်ဆုံးနည်းလမ်းကတော့ မိမိဖုတ်ကောင်နဲ့ လိင်ဆက်ဆံဖို့ပဲ၊ တချို့ကတော့လက်ခံနိုင်ပေမယ့် တချို့ကတော့လက်မခံနိုင်ကြဘူး။ ဖန်ကျစ်ကျီးက ဘယ်လောက်ကောင်းနိုင်လို့လဲ? ရောက်တာဖြင့်ငါးနှစ်ပဲရှိသေးတာကို ငါတို့ဆရာသခင်ရဲ့ အချစ်ဆုံးတပည့်ဖြစ်နေပြီ။ သူသာမရှိရင် ငါတို့တွေက ဝေစုတွေပိုရမှာ "
အာရွဲ့ကအနည်းငယ်နားလည်သလိုလိုဖြင့် ခေါင်းညိတ်ပြပြီး " ဒါဆို မမက အဲ့ဒီနတ်ဆိုးခန္ဓာကိုယ်နဲ့လူကို ဖမ်းဖို့ ဘာကြောင့် သူ့ရဲ့အကူအညီလိုအပ်ရတာလဲ? မမရဲ့စွမ်းအားနဲ့ ဆရာသခင်ပေးထားတဲ့ မှော်လက်နက်တွေနဲ့ဆိုရင် အခြေခံကျင့်ကြံခြင်းတစ်ယောက်ကိုတော့ ဖမ်းဖို့ ပြဿနာမရှိဘူး မဟုတ်ဘူးလား?"
စုရွဲ့က အာရွဲ့၏နဖူးကိုခေါက်လိုက်ပြီး " ငတုံးမလေး! နင့်အတွက် ငါလုပ်ပေးနေတာ နင်မသိဘူးလား? "
အာရွဲ့: " ??? "
စုရွဲ့ကသက်ပြင်းချလိုက်ပြီး " အရူးမလေး၊ နင်ဒီအကြောင်းကို မသိသေးဘူးလို့ ငါထင်ပါတယ်။ ငါတို့ရဲ့ရှစ်ရှုန်းဆီမှာ စစ်မှန်တဲ့ တစ္ဆေကိုးမျိုးနတ်ဆိုးခန္ဓာကိုယ်ရှိတယ်။ တစုံတယောက်က သူ့ခန္ဓာကိုယ်ပေါ်မှာ တားမြစ်ခလုတ်ကိုဖွင့်ထားလို့ လူအများကအဲ့ဒါကိုမတွေ့ရတာ။ ကံကောင်းစွာပဲ၊ ငါ့မျက်လုံးတွေက အဲ့ဒါကို ရှာတွေ့အောင် ကူညီပေးခဲ့တယ် "
အာရွဲ့ကအံ့အားသင့်သွားပြီး " တစ္ဆေကိုးမျိုးနတ်ဆိုးခန္ဓာကိုယ်? အမှန်ပဲလား … "
" ဒါအမှန်ပဲ! အဲဒါက မင်းရဲ့ဖုတ်ကောင်တွေကို မွမ်းမံဖို့ အကောင်းဆုံးနတ်ဆိုးခန္ဓာကိုယ်ပဲ " စုရွဲ့က သက်ပြင်းချလိုက်ပြီး " အဲ့ဒါကို သူလည်း မသိသေးတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ငါတို့ဆရာသခင်က သူ့ကိုသင်ပေးခဲ့တဲ့ ယင်ငရဲခေါ်မန္တန်ကို သူမကျင့်ကြံတာလည်း ဖြစ်လိမ့်မယ် "
" အာ! " အာရွဲ့ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်ပြီး အံ့သြနေသောမျက်နှာဖြင့် " သူက ယင်ငရဲခေါ်မန္တန်ကို ကျင့်ကြံနေတာလား? ဒါပေမယ့် သူကတစ္ဆေကိုးမျိုးနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ် မဟုတ်ဘူးလား? သူ့ကိုယ်သူ အသက်ရှိအလောင်းရုပ်သေးရုပ်အဖြစ် ကျင့်ကြံချင်နေတာလို့ ဆိုတာလား? "
" ဟုတ်တယ်၊ အဲဒါကြောင့် သူ့အပေါ်ချုပ်နှောင်ထားတဲ့သူက ဆရာသခင်ပဲလို့ ငါထင်တယ်၊ အဲ့ဒါမှ တခြားသူတွေက သူ့ရဲ့တစ္တေကိုးမျိုးနတ်ဆိုးခန္ဓာကိုယ်ကို မမြင်နိုင်မှာလေ။ ပြီးတော့ သူမက ယင်ငရဲခေါ်မန္တန်ကို သင်ပေးနေတယ် … သူရွှေအမြုတေအဆင့်ကိုရောက်သွားတဲ့အခါ ငါတို့ရဲ့ဆရာသခင်က ပြင်းပြင်းထန်ထန် အားထုတ်စရာမလိုဘဲ အင်အားကြီးတဲ့အလောင်းကိုရလိမ့်မယ် " သူမကသရော်လိုက်ရင်း " သူ့ကိုယ်သူ အလောင်းရုပ်သေးရုပ်အဖြစ် ကျင့်ကြံနေတာလည်း ဖြစ်နိုင်တယ် "
" ဒါပေမယ့်... ငါနဲ့ဘာဆိုင်လို့လဲ? " အာရွဲ့စိတ်ရှုပ်သွားသည်။
စုရွဲ့က အာရွဲ့ရဲ့ခေါင်းကို အားကိုးရာမဲ့ ပွတ်သပ်ရင်း " ငါ့မှာ ညီမလေးတစ်ယောက်ပဲရှိတာ နင့်အတွက်အကောင်းဆုံးဆိုတာတွေပဲ ငါမျှော်လင့်တာပေါ့။ ငါတို့ရဲ့ရှစ်ရှုန်းက ကျင့်ကြံခြင်းအဆင့်မြင့်မားပေမယ့် သူ့မှာကိုယ်ပိုင်ဖုတ်ကောင်မရှိတာကြောင့် မန္တန်များစွာကိုမသုံးမိစေရန် တားမြစ်ထားတယ်။ ငါက နတ်ဆိုးခန္ဓာကိုယ်နဲ့ကျင့်ကြံသူကို မြို့ပြင်ဆီဆွဲဆောင်ပြီး သူတို့နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ ငါစီစဉ်ထားတယ် "
" ရှစ်ရှုန်းကိုသတ်မယ်? ဒါဆိုဆရာသခင်က … " အာရွဲ့အံ့ဩသွားသည်။
" ဘာကိုဆရာသခင်လဲ? " စုရွဲ့ကမျက်မှောင်ကြုတ်ကာ " အရူးမလေး၊ ငါတို့မှာ တစ္ဆေကိုးမျိုးနတ်ဆိုးခန္ဓာကိုယ်နဲ့ နတ်ဆိုးခန္ဓာကိုယ်ဖုတ်ကောင်ရှိထားရင် ငါတို့တွေ လုံခြုံတဲ့နေရာတစ်ခုကိုရှာပြီး သုံးနှစ်လောက်ကျင့်ကြံပြီးရင် ငါတို့တွေ ရွှေအမြုတေအဆင့်ကို တက်ရောက်သွားနိုင်တယ် "
" ဒါပေမယ့်… " အာရွဲ့တုံ့ဆိုင်းသွားပုံရသည်။
စုရွဲ့က အာရွဲ့ရဲ့ ခေါင်းကိုခေါက်လိုက်ပြီး " ဒါပေမယ့် ဆိုတာတွေ မရှိဘူး။ ငါနင့်ကိုထိခိုက်အောင် မလုပ်ဘူး၊ ဒါကြောင့် နင်အမရဲ့စကားကိုပဲ နင်နားထောင်ဖို့လိုတယ်! အဲ့ဒီဆရာသခင်က မကြာခင် ရူးသွားတော့မယ်လို့ ငါထင်မိတယ်၊ တကယ်တော့ သူမကိုငါနောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းက — အရမ်းကိုရူးသွပ်နေပြီး ဆင်ခြင်တုံတရားတောင်မရှိတော့ဘူး။ သူမကလုံးဝကို ပုံမှန်မဟုတ်တော့သလိုပဲ " စုရွဲ့တုန်လှုပ်သွားသည်။
" အိုး၊ ကောင်းပြီ " အာရွဲ့ခေါင်းညိတ်လိုက်သည်။ သူမက သူမဆရာသခင်၏ စိတ်အားထက်သန်မှုနှင့် လူသားမဟုတ်သည့်ဘက်ကိုလည်း မြင်တွေ့ခဲ့ရပြီး တကယ်ကို ကြောက်စရာကောင်းလှသည်။
ညီအစ်မနှစ်ယောက် ဆွေးနွေးပြီးနောက်တွင် နတ်ဆိုးခန္ဓာကိုယ်နဲ့ ကျင့်ကြံသူအား မည်ကဲ့သို့ သွေးဆောင်ရမည်ကို စတင်စီစဉ်ခဲ့ကြသည်။ များသောအားဖြင့် အများစုမှာရမ်းကားပြီး အဲ့ဒီမှာအမျိုးသမီးကျင့်ကြံသူသာရှိပါက သူတို့က မငြင်းဆန်ကြပေ။ သူ့နောက်ကြောင်းကို သူတို့မသိသေးခင် ရက်စက်ကြမ်းကြုတ်စွာ မပြုမူရဲကြပါ။ ခြုံပြောရလျှင် ထိုကျင့်ကြံသူမှာ အခြားသောအဆင့်မြင့်ကျင့်ကြံခြင်း အဖော်တွေရှိနေပါက ဒုက္ခဖြစ်လိမ့်မည်။
ညီအစ်မတွေ၏အခန်းမှထွက်သွားပြီးနောက် ဖန်ကျစ်ကျီးက သူ့စိတ်နှလုံးထဲက ပူဆွေးသောကတွေကို တောင့်ခံထားရင်း ပုန်းအောင်းရန် လျှို့ဝှက်အခန်းကို ငှားရမ်းခဲ့သည်။
ထိုသို့သောလျှို့ဝှက်အခန်းကို မည်သည့်တည်းခိုခန်းကမဆို ပံ့ပိုးပေးနိုင်ပြီး အဓိကအားဖြင့် ဧည့်သည်များကို အနှောက်အယှက်မဖြစ်ဘဲ သီးသန့်နေထိုင်ရန်ခွင့်ပြုထားခြင်းဖြစ်သည်။
လေးလံသောကျောက်တံခါးက ဖြည်းညှင်းစွာပွင့်လာသောအခါ မိုးလင်းနေပြီဖြစ်သည်။ ဖန်ကျစ်ကျီးက သူ့အခန်းထဲသို့ အေးအေးဆေးဆေး ပြန်လာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ၀တ်ရုံဖြင့်ဖုံးထားသော သူ၏လက်များက သွေးစွန်းနေပြီဖြစ်၍ သူ၏ဒဏ်ရာများက အရိုးများပင်မြင်နေရသည်။
သူ့အား ပြင်းထန်သော နာကျင်စေသော ဒဏ်ရာများ လုံးဝမရှိသကဲ့သို့ ကုသရန်အတွက် ဆေးပြားကို အေးအေးဆေးဆေး မျိုချလိုက်သည်။ ဒီလိုဒဏ်ရာမျိုးဟာ ဆေးပြားရဲ့လုပ်ဆောင်ချက်အောက်မှာ မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းသွားသည်။ ဖန်ကျစ်ကျီးက သူ၏သွယ်လျသောလက်ချောင်းများကိုကြည့်ကာ အကျည်းတန်လှသည့်အပြုံးမျိုး အပြုံးလိုက်သည်။
ကျန်ရင်းကတော့ သူ့တွင်နတ်ဆိုးခန္ဓာကိုယ်ရှိနေသည်ကို တစုံတယောက်မှသိထားပြီးဖြစ်တာကို မသိသေးပေ။ အမှန်တော့ သူက ဤမျှလောက် အံ့ဩဖွယ်မျက်လုံးမျိုးနဲ့ တစုံတယောက်ရှိမည်ကို မမျှော်လင့်ခဲ့ပဲ၊ ထိုမျက်လုံးတွေပါသည့် ထိုလူက သူ့အားမြင်သွားခဲ့သည်။
ငယ်ရွယ်စဉ်ကတည်းက သူ၏နတ်ဆိုးအမြုတေက သူ့ကိုအဆုံးမဲ့ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်ဆိုတာ သူသိထားပြီးသားပင်။ သို့သော် သူကကျန်မိသားစုတွင် အမြဲတမ်း အကျဉ်းချခံထားရပြီး၊ ဤလျှို့ဝှက်ချက်ကို ကောင်းစွာ ထိန်းသိမ်းထားခဲ့သည်။
ထို့နောက် သူ့ကိုယ်သူ ရွှီဇီရုန်ထံရောင်းစားခဲ့ပြီး သူ့ဆန္ဒ၏တစ်ဝက်မျှသာရှိသော်လည်း သူ့ကိုအမြဲချုပ်နှောင်ထားခဲ့သော ကျန်မိသားစုမှထွက်ခွာနိုင်ခဲ့သည်။
လွတ်လပ်မှုကိုပြန်ရဖို့အတွက် သူပီတိဖြစ်ခဲ့ပေမယ့် သူ့ကိုပိုလို့တောင်ပျော်ရွှင်စေခဲ့တာကတော့ သူထွက်ခွာသွားတဲ့အခါ ဖန့်ထျန်းရွေ့ကိုတောင် ခေါ်ဆောင်သွားနိုင်ခဲ့တာပါပဲ။ ချစ်သူနဲ့အပျော်ခရီးထွက်ရတာ အံ့သြစရာပါပင်။
ထို့အတွက်ကြောင့် သူက နူးညံ့သိမ်မွေ့သောကျန်ရင်း၏ဉာဏ်ပညာကို လေးလေးနက်နက် သဘောကျခဲ့သည်။ ပထမဆုံးအကြိမ်နှီးနှောတဲ့အခါတုန်းက နှစ်ကိုယ်တူကျင့်ကြံခြင်း သွေးစာချုပ်သို့ရောက်ရှိရန် သူ၏ကျင့်ကြံခြင်းအဆင့်ကို အသုံးချခဲ့သည်။
တကယ်ကို ပြောမပြတတ်အောင် အံ့သြစရာပဲ!!! o(≧v≦)o~~
အဲဒီနောက်မှာတော့ သူနဲ့ဖန့်ထျန်းရွေ့တို့ဟာ မီးလျှံမိစ္ဆာနယ်မြေထဲမှာ ပိတ်မိနေခဲ့ပါသည်။ ပတ်ဝန်းကျင်က အနည်းငယ်အန္တရာယ်များသော်လည်း၊ ဤကဲ့သို့ကြမ်းတမ်းသောနေရာတွင် သူတို့၏ဆက်ဆံရေးက အလွန်လျင်မြန်စွာ တိုးတက်လာသည်။
နောက်ပိုင်းတွင် သူတို့ဟာ မိစ္ဆာနယ်မြေမှ ချောမွေ့စွာလွတ်မြောက်ခဲ့ပြီး ရွှမ်းယွိနယ်မြေသို့ ပြန်ခဲ့ကြသည်။ သူ့အစ်ကိုကို ဘာမှမလုပ်ဘဲ စောင့်ကြည့်နေနိုင်သည့် သူ့သခင်နဲ့ နှိုင်းယှဉ်လိုက်ရင် ဖန့်ထျန်းရွေ့နဲ့ သူလိုချင်တာမှန်သမျှ လုပ်နိုင်တဲ့အခါ ဘဝမှာ အောင်နိုင်သူတစ်ယောက်ဖြစ်လာသလို ကျန်ရင်းခံစားရသည်။
ဒါမှမဟုတ် သူကအရမ်းကိုပျော်ရွှင်ထားပြီးပြီဆိုတော့ အခုက ကံဆိုးတဲ့အလှည့်ရောက်ပြီ ...
#TK