Chapter 124
ထိုအက်ကွဲကြောင်းဟာ မိုင်ပေါင်းဒါဇင်လောက်ကျယ်ပြီး အတွင်းထဲမှာလည်း အလွန်မှောင်မည်းနေတာကြောင့် အောက်ခြေကိုဘယ်သူမှမမြင်ရပေ။ ဇီရုန်ဖြတ်သန်းသွားစဉ်တုန်းက မီးခိုးရောင်တိရိစ္ဆာန်တစ်ကောင်အား ထိုနေရာ၌သူတစ်ခါမြင်ဖူးခဲ့သည်။ ထိုအကောင်ဘာလဲဆိုတာ သူသေသေချာချာမသိခဲ့ပေမယ့် ထိုအကောင်၏အသက်ရှူနှုန်းအရ ခန့်မှန်းကြည့်မည်ဆိုရင် ထိုအကောင်ဟာ ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ထိရှိထားနိုင်သည်။
ရွှီဇီယန် ထိုအကောင်အားစူးစမ်းလေ့လာရန် သွားရောက်ဖို့ရည်ရွယ်လိုက်သည်။ အကယ်၍ အဲ့ဒီအဆင့်နဲ့တောကောင်ကို သူရှာတွေ့သွားပါက ထိုတောကောင်ကသူကျော်ဖြတ်ဖို့အတွက် အခွင့်အလမ်းကောင်းပင်ဖြစ်လိမ့်မည်။ ထို့အပြင် မီးလိပ်ကြီးနဲ့ဆင်တူသည့် တောကောင်အားရှာဖွေရန် အလွန်ခက်ခဲလှပြီး ဒီအနီးအနား၌ အဲ့ဒီလိုဒုတိယတစ်ကောင်ရှိမရှိဆိုတာ သူလည်းသေချာမပြောနိုင်ပေ။
ဂူထဲကနေထွက်သွားပြီး ရွှီဇီယန်တောင်ဘက်သို့ ပျံသန်းသွားသည်။ ရွှီဇီရုန်ပြောပြချက်အရတော့ အဲ့ဒီအက်ကွဲကြောင်းက သိပ်တော့မဝေးပေမယ့် သူထိုနေရာသို့ရောက်အောင် ပျံသန်းတာကအချိန်သုံးနာရီနီးပါးပေးရသည်။
သူကခပ်မြင့်မြင့်လေထုအလယ်၌ရပ်နေပြီး အက်ကွဲကြောင်း၏အောက်ဘက်သို့ ရွှီဇီယန်ကြည့်လိုက်သည့်အချိန်၌ အသူတစ်ရာချောက်နက်၏ဝင်ပေါက်လိုမျိုး အန္တရာယ်ရှိသည့်အငွေ့အသက်ကို သူရုတ်တရက်ခံစားလိုက်ရသည်။ လက်ရှိမှာသူတောကောင်အား မတွေ့သေးပေမယ့် သူ၏မသိစိတ်ကတော့ မလွယ်ကူလောက်ဘူးဆိုသည့်ခံစားချက်မျိုး ပေးနေသည်။
အချိန်ခဏလောက်တွန့်ဆုတ်နေပြီးနောက် ရွှီဇီယန်အောက်သို့ဆင်းပြီး တစ်ချက်လောက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အန္တရာယ်ကျရောက်လာတယ်ဆိုရင်တောင် လွတ်မြောက်ဖို့အခွင့်အရေးကတော့ ရှိနေလိမ့်မည်။ ထို့အပြင် အန္တရာယ်ကိုကြောက်ရွံ့ပြီး သူနောက်ဆုတ်သွားပါက ကျင့်ကြံသူတစ်ယောက်အဖြစ်ကိုလည်း သူစွန့်လွှတ်ရလိမ့်မည်။
သူ့ကိုယ်သူကုဗတုံးဖြင့် အကာအကွယ်ယူကာ ဂရုတစိုက်ဖြင့် တိတ်တဆိတ်အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။
သူဝင်သွားပြီမကြာခင်မှာပင် သူစတင်ပြီးကျောချမ်းလာတော့သည်။ အက်ကွဲကြောင်းအတွင်းနဲ့အပြင်ဘက်ဟာ မတူညီသည့်ကမ္ဘာနှစ်ခုလို့တောင် ယူဆလို့ရသည်။ အပြင်ဘက်ကပူနွေးခြောက်သွေ့ပြီး အတွင်းထဲမှာကတော့ အေးစိမ့်ပြီးကျောချမ်းစရာကောင်းတာကြောင့် အောက်သို့တဖြည်းဖြည်းရောက်ရှိလာလေ ရွှီဇီယန်အနားက ချောက်ချားဖွယ်ရာ လေထုကြီးဟာ တစ်ဟုန်ထိုးကြီးမားလာလေဖြစ်သည်။
ချောက်ချားဖွယ်လေထုကြီး ရွှီဇီယန်ဆီသို့ တိုက်ခတ်လာသည့်အချိန်တိုင်း သူရုတ်တရက်အေးစိမ့်သလိုဖြစ်ဖြစ်သွားပြီး ထိုလေထုဟာ အာရုံဖြန့်ကျက်ခြင်းစွမ်းအားလိုပဲ တစုံတယောက်က သူ့အားစောင့်ကြည့်နေသလိုမျိုးခံစားနေရသည်။
အက်ကွဲကြောင်းထဲသို့ ရွှီဇီယန်ဝင်ပြီးမကြာခင်မှာပင် ရှည်လျားပြီးသေးသွယ်သည့်ပုံရိပ်တစ်ခုဟာပေါ်လာသည်။
ရွှီဇီရုန်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ အခုလေးတင် သူ့ကိုကိုဟာ သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားကနေ ပျောက်ကွယ်သွားသည်။ အကယ်၍ သွေးစာချုပ်ကနေတစ်ဆင့် သူ့ကိုကို၏တည်နေရာကို သူမရှာနိုင်ပါက သူသေချာပေါက်ရပ်ကြည့်နေမည်မဟုတ်ပေ။
"ဝေါ်!"
ပြင်းထန်သောဟိန်းသံက ရွှီဇီရုန်၏မျက်နှာအမူအရာကို ချက်ချင်းပြောင်းလဲသွားစေသည်။ အဲ့ဒီအသံမျိုးက သူအရင်ကတွေ့ဖူးခဲ့သည့် မီးခိုးရောင်တောကောင်ပြုလုပ်တာလုံးဝမဟုတ်ပေ။ သူသွေးမိစ္ဆာဖြစ်လာပြီးနောက် အဲ့ဒီလိုစွမ်းအားကြီးပြီး အရှိန်အဟုန်မျိုးနဲ့ဟိန်းသံကို သူတစ်ခါမှမမြင်ဖူးပေ။
ချီးပဲ! ကိုကိုအန္တရာယ်ရှိနေပြီ!
ရွှီဇီရုန်သူ၏လုံခြုံရေးကိုတွေးတောမနေတော့ပဲ သူ့ကိုကိုရှိသည့်ဦးတည်ရာသို့သာ သူတည့်တည့်မတ်မတ်ပျံသန်းသွားသည်။ သူ့ကိုကိုအား သွေးစာချုပ်ကတစ်ဆင့် ဆက်သွယ်ရန်သူကြိုးစားပေမယ့် သူကရွှီဇီရုန်၏အရှေ့၌ ပေါ်လာခြင်းမရှိပေ။
သူတို့တွေကတူညီသည့်အမြန်နှုန်းနဲ့ဆက်လက်သွားနေသလိုပင်။
အဲ့ဒီအခြေအနေကသိသိသာသာကိုမှားယွင်းနေပြီး ရွှီဇီရုန်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး အက်ကွဲကြောင်းတစ်လျှောက်ကို ဂရုတစိုက်စစ်ဆေးလေသည်။
သူ့ကိုကိုလုံခြုံဖို့အတွက်သာဆိုရင် သူအန္တရာယ်ထဲဝင်ရောက်သွားဖို့လည်း ဝန်မလေးပေမယ့် အကယ်၍ သူတို့တွေ၏ရန်သူက သူ့ကိုကိုအပေါ်၌ထားသည့် သူ၏စိုးရိမ်မှုတွေကို ထောင်ချောက်အဖြစ်အသုံးချထားတယ်ဆိုရင်…ရွှီဇီရုန်၏ရင်ထဲရုတ်တရက်တုန်ခါသွားသည်။ သွေးစာချုပ်က သူနဲ့သူ့ကိုကိုအား ဆက်သွယ်လို့ရအောင်ပြုလုပ်နိုင်ပြီး အကယ်၍ သူတို့တွေက မတူညီသည့်နေရာတွေ၌ ရှိနေရင်တောင် သူတို့တွေက တစ်ယောက်ကိုတစ်ယောက်တော့ ဝိုးတိုးဝါးတားခံစားမိနိုင်သည်။
အကယ်၍ သူ့ကိုကိုဘက်၏တုံ့ပြန်မှုတစ်ဝက်ကို သူပိတ်ပင်ခံထားရပါက သွေးစာချုပ်၏သက်ရောက်မှုဟာ အားနည်းသွားမည်ဖြစ်ပြီး ထိုအရာကိုဘယ်တော့မှ လွယ်ကူစွာချိုးချက်နိုင်လိမ့်မည်မဟုတ်ပေ။
ဆိုလိုသည်က — သူ့ကိုကိုကသူသွားမည့်လမ်းကြောင်းအတိုင်းသွားနေပေမယ့် သူထင်ထားနေသလိုမျိုးအရှေ့သို့ဆက်သွားလို့မရပေ။
ထင်ယောင်ထင်မှားအခင်းအကျင်းပဲ!
ရွှီဇီရုန်အနည်းငယ်သက်ပြင်းချလိုက်သည်။ အဲ့ဒီရန်သူက အခင်းအကျင်းနဲ့ပတ်သက်ပြီး အလွန်ကိုပိရိသာ ကြိုတင်အသေးစိတ်စီစဉ်ထားဖြစ်လိမ့်မည်။ အဲ့ဒီအဆင့်မြင့်ရန်သူအား သူမတိုက်ခိုက်နိုင်ဘူးဆိုတာ သေချာလောက်ရှိသည်။ အဲ့ဒီရန်သူက သူတို့တွေ၏သွေးစာချုပ်ကိုလည်း သတိပြုမိထားသည်။ အကယ်၍ တစ်ဖက်ရန်သူကသာမသိထားဘူးဆိုရင် သူကသူ့ကိုကိုအနောက်သို့ ဘယ်တော့မှအမှီလိုက်နိုင်မှာမဟုတ်ဘူးလို့သာ ထိုသူကတွေးထားလိမ့်မည်။
သူ့ကိုကိုလုံခြုံဖို့နဲ့ပတ်သက်ပြီး သူစိတ်ပူနေပေမယ့် ရွှီဇီရုန်အကောင်းဆုံး သူ့ကိုယ်သူတည်ငြိမ်ဖို့ကြိုးစားနေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့သာဆိုရင် ထင်ယောင်ထင်မှားအခင်းအကျင်းကို လွယ်ကူစွာချိုးဖျက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအခင်းအကျင်းက ဘယ်လောက်ပဲခက်ခဲနေပါစေ အပြင်ဘက်၌ သူ့ကိုကိုကတစ်ယောက်တည်း အန္တရာယ်နဲ့ရင်ဆိုင်နေရတာကို သူလုံဝခွင့်မပြုနိုင်ဘူး။
ရွှီဇီရုန်ဖြည်းညင်းစွာ ကြာပန်းပုံစံထိုင်လိုက်ပြီး သူ၏မျက်လုံးတွေကိုမှိတ်လိုက်ရင်း သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားဖြင့် ထင်ယောင်ထင်မှားအခင်းအကျင်းတစ်ခုလုံးအနီးနားဆီသို့ ရွေ့လျားသွားသည်။ အဲ့ဒါကအခင်းအကျင်းတစ်ခုဖြစ်နေသရွေ့ ဆုံမှတ်တွေနဲ့အမြဲတမ်းဖွဲ့စည်းထားရမည်ဖြစ်ပြီး အကယ်၍ အဲ့ဒီဆုံမှတ်တွေအားဖုံးကွယ်ထားတယ်ဆိုရင် ထိုအခင်းအကျင်းဟာ အခြားသောအခင်းအကျင်းတွေကဲ့သို့ အားနည်းချက်ရှိမည်မဟုတ်တော့ပေ။
လက်ရှိမှာတော့ ရွှီဇီရုန်က သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားကိုအသုံးပြုပြီး ဆုံမှတ်တွေ၏အားနည်းချက်ကို ရှာဖွေနေသည်။ ဆုံမှတ်တစ်ခုစီ၏အခင်းအကျင်းတွေကိုဖွင့်သည့် ဒီနည်းလမ်းတစ်ခုတည်းကပင် အခင်းအကျင်းတစ်ခုလုံးကို ချိုးဖျက်နိုင်လိမ့်မည်။
*********
ရွှီဇီရုန်တွေးတောနေတာနဲ့ကွဲပြားနေသည်က အက်ကွဲကြောင်းအတွင်းသို့ဆင်းသက်နေသည့် ရွှီဇီယန်ဟာ ဘာအန္တရာယ်မျိုးနဲ့မှတွေ့မနေပေ။
တခါတရံအေးစိမ့်သည့်လေတွေက သူ့အားစိတ်မသက်မသာဖြစ်စေပြီး တခါတရံကျရင်လည်း ထူးဆန်းသည့်ထိုလေတွေထက် အက်ကွဲကြောင်းအတွင်းက ပတ်ဝန်းကျင်အနေအထားဟာ သူ့အပေါ်သို့အနည်းငယ်ဖိအားပေးသလိုခံစားနေရသည်။
သူအနည်းငယ်တုန်ရီနေပေမယ့် ရွှီဇီယန်၏လက်ရှိအဆင့်နဲ့သာဆိုရင် အေးစိမ့်သည့်လေထုအားအံတုနိုင်ဖို့ စိတ်ဝိညာဉ်အကာအရံကိုသူဖွင့်ရလိမ့်မည်။
ကျောက်နံရံနှစ်ဖက်စလုံးကို ရေခဲအလွှာများဖြင့်ဖုံးအုပ်ထားသည်။ ရံဖန်ရံခါစိမ်းလန်းစိုပြေသောအရိပ်အယောင်ကိုမြင်နိုင်သော်လည်း ထိုအရာအားလုံးကိုရေခဲလွှာဖြင့် နက်ရှိုင်းစွာဖုံးလွှမ်းထားသည်။
"ချီးပဲ ဘာလို့ဒီလောက်ထိအေးနေရတာလဲ?" ရွှီဇီယန်နှာချေလိုက်ပြီး သူ၏ခန္ဓာကိုယ်ကအင်္ကျီတွေအား တင်းကျပ်စေလိုက်သည်။
အခြေခံကျင့်ကြံခြင်းအဆင့်ရောက်ရှိသွားတာနဲ့ ကျင့်ကြံသူတွေ၏အပူ၊အအေးခုခံနိုင်မှုက ပိုမိုတိုးတက်လာပေမယ့် အတိုင်းအတာတစ်ခုအထိသာရှိသည်။ လက်ရှိမှာတော့ စိတ်ဝိညာဉ်အကာအရံ၏အပြင်ဘက်က အပူချိန်ဟာသုညအောက်သို့ရောက်ရှိနေသည်။ အကယ်၍သူသာစိတ်ဝိညာဉ်အကာအရံကိုဖွင့်လိုက်ပါက အေးခဲပြီးသေသွားမလားလို့တောင် ရွှီဇီယန်သံသယဖြစ်မိသည်။
စိတ်ဝိညာဉ်အကာအရံ၏ခုခံမှုစွမ်းအားက အရမ်းကြီးမကောင်းပေမယ့် နိမ့်ကျနေသည့်အပူချိန်ကနေတော့ ခွဲထုတ်ပေးဖို့အသုံးဝင်သည်။ တစ်ခုတည်းသောအားနည်းချက်ကတော့ အချိန်ပြည့် ထိုအရာကိုထုတ်လွတ်ထားနိုင်ဖို့ စိတ်ဝိညာဉ်စွမ်းအင်ကိုအထောက်အပံ့ပြုထားရသည်။ ကံကောင်းစွာ စိတ်ဝိညာဉ်စွမ်းအင်တွေကို ရွှီဇီယန်အများကြီးအသုံးပြုစရာမလိုပေ။ သူ၏ကျင့်ကြံခြင်းအဆင့်အရ ၃ရက်ကနေ၅ရက်လောက်အထိ သူထိန်းထားနိုင်သည်။
— ဘာတိုက်ခိုက်မှုမှမရှိပဲနဲ့ပေါ့။
အောက်ဘက်သို့ရောက်လာသည့်အခါ အက်ကွဲကြောင်းအဝဟာပိုမိုကျယ်လာပြီး ဘေးနှစ်ဖက်ကကျောက်နံရံတွေဟာ အမှောင်ထုထဲ၌ပျောက်ကွယ်သွားတော့သည်။ အပေါ်ဘက်ကအလင်းရောင်ဟာလည်း ဆက်ပြီးအလုပ်မလုပ်နိုင်တော့ဘူး။ ပတ်ဝန်းကျင်အနေအထားကိုမြင်နိုင်ဖို့ ရွှီဇီယန် သူ၏အလင်းရောင်ကျောက်တုံးလေးကိုသာအမှီပြုလိုက်တော့သည်။
ပတ်ဝန်းကျင်ကအမှောင်ထုဟာ အလင်းရောင်ကျောက်တုံး၏အလင်းတန်းကို စုပ်ယူနိုင်ပုံပေါ်တာကြောင့် ထိုအလင်းတန်းလေးဟာ ရွှီဇီယန်၏ခန္ဓာကိုယ်က သေးငယ်သည့်အစိတ်အပိုင်းတွေလောက်ကိုသာ ရှင်းလင်းစွာမြင်ရစေသည်။
ရွှီဇီယန်ရပ်လိုက်ပြီး အောက်ဘက်ကအမှောင်ထုကိုကြည့်လိုက်ရင်း အနည်းငယ်တုံ့ဆိုင်းသွားသည်။ ဇီရုန်ပြောပြခဲ့သည့်တောကောင်က တကယ်တော့ အက်ကွဲကြောင်းအပေါ်မှာပေါ်လာတာဖြစ်သည်။ အကယ်၍ ဇီရုန်ကအပျင်းပြေလမ်းလျှောက်ထွက်တယ်ဆိုရင်တောင် သူကဒီေလာက်အနက်ကြီးအထိတော့ ဆင်းလာမှာမဟုတ်ပေ။
တောကောင်တွေဟာ သူတို့တွေ၏ကိုယ်ပိုင်နယ်မြေ၌သာ နေထိုင်သည့်အကျင့်ရှိသည်။ သူမြေပြင်ပေါ်ကနေဆင်းလာတာ ကီလိုမီတာအတော်
များနေပြီဖြစ်ပေမယ့် အခုချိန်ထိအောက်ခြေကိုမမြင်ရသေးဘူးဆိုတာကိုတော့ ရွှီဇီယန်လက်ခံသည်။
"ဟမ်?" ရွှီဇီယန် ပြန်လှည့်ရန်ကောင်းမလား၊မကောင်းဘူးလားဆိုတာ တွန့်ဆုတ်နေစဉ် အဝေး၌
အရိပ်အယောင်တစ်ခုကို သူတွေ့ရှိလိုက်ရသည်။
သူကမျက်လုံးအနည်းငယ်ကျုံ့လိုက်ပြီး အကွာအဝေးကိုအနည်းငယ်ဆွဲယူလိုက်သည်။ အလင်းရောင်ဟာမပျောက်သွားပဲ အကွာအဝေးကြောင့်ပိုတောက်ပလာသည်။
ရွှီဇီယန်သတိရှိစွာအနားသို့ချဉ်းကပ်သွားပြီး သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအားကိုလည်း ပိုမိုကျယ်ပြန့်သွားအောင်ပြုလုပ်လိုက်သည်။ မီတာ၁၀၀အတွင်း မူမမှန်တာဘာမှမရှိပေ။ ထိုအလင်းရောင်လေးဟာ သူ၏အာရုံဖြန့်ကျက်ခြင်း၌ ဝိုးတိုးဝါးတားပေါ်လာပြီး ဖြစ်နိုင်တာက…
—— ထိုအရာကဒီလောကကြီးနဲ့ မသက်ဆိုင်တာလား!
"ဆုံမှတ်ပဲ!!!" ရွှီဇီယန်အံ့ဩစွာအော်ပြောလိုက်သည်။
သူတို့တွေခက်ခက်ခဲခဲရှာဖွေနေသည့်ဆုံမှတ်က အလွန်ကိုနီးကပ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး!
သူတို့နေထိုင်သည့်ဂူတစ်လျှောက်ကနေ ဖြန့်ကျက်နေသည့် တောကောင်တွေကိုတွက်ချက်ရာတွင် အန္တရာယ်များသည့်ရန်သူတွေမရှိမှန်း သူတို့တွေသိထားကြသည်။ သူတို့လေးယောက်၏စွမ်းအားနဲ့သာဆိုရင် ဒီနေရာကိုလုံခြုံစွာရောက်လာရှိနိုင်ဖို့ကာ လွယ်ကူလွန်းလှသည်။
"ကောင်းလိုက်တာ!" မမျှော်လင့်ထားသည့်အရာကို ရှာဖွေတွေ့ရှိသွားတာကြောင့် ရွှီဇီယန်အလွန်ပျော်နေပြီး ရွှီဇီရုန်နဲ့အခြားသူတွေကို အသိပေးရမယ်လို့ သူတွေးတောနေစဉ်မှာပင် သူ၏ခန္ဓာကိုယ်အောက်ဘက်မှ ကြီးမားသည့်ဆွဲအားတစ်ခုပေါ်လာသည်။
ဒီဆွဲအားက အမတဝိညာဉ်အခြေတည်စအဆင့် နတ်ဆိုးကျင့်ကြံသူ၏ဆွဲအားထက်တောင် ပိုမိုအားပြင်းသည်။ သူ၏ခြေထောက်အောက်က ဓားပျံဟာ ဆွဲငင်အားအောက်တွင် အပိုင်းပိုင်းဖြစ်သွားတော့သည်။
"အား!"
ရွှီဇီယန်အော်ဟစ်လိုက်ပြီး သူ၏လေးကိုထုတ်ကာ အောက်ဘက်သို့ပစ်လိုက်သည်။ အပြာရောင်မိုးကြိုးသွားနဲ့ပေါင်းစပ်ထားသည့်မြှားဟာ လေထဲကနေပြင်းထန်းစွာအောက်သို့လွှင့်ပျံသွားပေမယ့် အဝေးသို့မရောက်ခင်မှာပင် ထိုမြှားဟာအမှောင်ထု၏ဝါးမျိုခြင်းကိုခံလိုက်ရတော့သည်။
ရွှီဇီယန်ကပြုတ်ကျနေဆဲဖြစ်ပေမယ့် မြှားပျောက်ကွယ်သွားပြီး မည်သည့်အတားအဆီးကိုမှ ထိသွားပုံမပေါ်ပေ။
မြှားကအတားအဆီးတစ်ခုတောင် မထိသွားတာကြောင့် သူ၏ရင်ထဲတုန်လှုပ်သွားသည်။ ပထမအချက်အနေနဲ့ တစုံတယောက်က သူ၏တိုက်ခိုက်မှုကို တိတ်တဆိတ်ဖယ်ရှားလိုက်တာဖြစ်နိုင်သည်။ ဒုတိယအချက်အနေနဲ့ ချောက်ကြီးကအလွန်ကိုနက်ရှိုင်းလွန်းတာကြောင့် သူ၏မြှားကအောက်ခြေအထိသို့ မရောက်သွားတာဖြစ်လိမ့်မည်။
ဘယ်အချက်ပဲဖြစ်ဖြစ် ထိုအရာကပျော်ရွှင်စရာတော့မဟုတ်တာကြောင့် ရွှီဇီယန်ခါးသက်သက်သာပြုံးလိုက်တော့သည်။
သူရွှမ်းယွိနယ်မြေမှာတုန်းက သူကအောင်မြင်မှုအသေးအဖွဲ့လေးတွေကိုသာ ပြုလုပ်နိုင်တယ်လို့ သူ့ကိုယ်သူအမြဲတမ်းခံစားခဲ့ရပေမယ့် နှစ်ကြိမ်ဆက်တိုက်,ရိုက်ခတ်မှုများဟာ သူ၏အသေးအဖွဲ့ဂုဏ်ယူစရာတွေက ရယ်စရာသက်သက်သာဖြစ်မှန်း သူ့အားသဘောပေါက်သွားစေသည်။ သူ၏ကျင့်ကြံခြင်းနှုန်းက မှတ်ဉာဏ်ထဲကရွှီဇီယန်ထက် ပိုမြန်တယ်ဆိုတော့ရောဘာဖြစ်လဲ? သူအမတဝိညာဉ်အခြေတည်စအဆင့်ရောက်သည့်အထိ အသက်ရှင်နေရမယ်လို့သူရည်မှန်းထားပေမယ့် ဒီနေရာမှာတင်သူသေလုနီးပါးဖြစ်နေသည်။
လူတွေကသူတို့မသေခင်မှာ အကြောင်းအရာတွေအများကြီးကို စဉ်းစားကြလေ့ရှိပြီး ရွှီဇီယန်မှာတော့ခြွင်းချက်မရှိပေ။ ဒါပေမယ့် သူ၏စိတ်ထဲ၌ပထမဆုံးပေါ်လာသည့်အရာက သူသေတော့မယ်ဆိုတာသိနေခဲ့ရင် ဇီရုန်၏တောင်းဆိုမှုကိုလက်ခံလိုက်ပြီး သူဖြစ်ချင်တာကိုလုပ်ခွင့်ပေးလိုက်ပြီလို့ ကတိပေးခဲ့တာပိုကောင်းသည်။
ဒါပေမယ့် ထိုအရာစဉ်းစားပြီးနောက် သူပြန်လည်ငြင်းဆန်လိုက်သည်။ ဇီရုန်၏ကြောက်စရာကောင်းသည့်ပုံစံမျိုးသာနဲ့ဆိုရင် သူမသေသွားခင်ဇီရုန်၏တောင်းဆိုချက်ကိုလက်ခံလိုက်ပြီး သူသေသွားပါက ဇီရုန်ရူးသွားလိမ့်မည်…ရွှီမိသားစုတစ်ခုလုံးအား သူသတ်ဖြတ်ခဲ့သည့်အချိန်တုန်းကလိုမျိုး — သူနဲ့ဘာဆက်ဆံရေးမှမရှိတာကြောင့် အရာအားလုံးကိုဖျက်ဆီးလိမ့်မည်!
အကယ်၍သူသာဒီနေရာမှာသေဆုံးသွားပါက ဇီရုန်တော့အရမ်းကိုယူကျုံးမရဖြစ်နေတော့မည်။ ထို့အပြင် ဒီအကြောင်းအရာက သူ့ကိုယ်သူပြောနေတာဖြစ်တာကြောင့် အကယ်၍ သူသာဇီရုန်ကိုလက်ခံလိုက်ပါက ဇီရုန်ဘဝတစ်လျှောက်လုံးခံစားနေရလိမ့်မည်။ အဲ့ဒီအကြောင်းအရာက ဇီရုန်အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်သွားမှာကို ရွှီဇီယန်မလိုချင်ဘူး။ ဖြစ်နိုင်လျှင် ဇီရုန်ကသူ့ကိုမေ့သွားပြီး ပျော်ရွှင်မှုအသစ်ကိုရှာနိုင်ပါစေလို့သာ သူမျှော်လင့်သည်။
ရွှီဇီယန်သူ၏ခေါင်းကိုဒေါသတကြီးကုတ်လိုက်သည်။ သူကဒီလောက်အမြင့်ပေါ်ကနေပြုတ်ကျရင် အသားတွေတစ်စစီဖြစ်သွားပြီး သူ၏အလောင်းကိုတောင်ရှာလို့ရမှာမဟုတ်ဘူး။
ဒါပေမယ့် စိတ်ဝိညာဉ်ကနေကျင့်ကြံသည့် ဒီလိုလောကကြီး၌ စိတ်ဝိညာဉ်ကျင့်ကြံခြင်းအမျိုးအစားလည်းရှိပုံရသည်။ အကယ်၍ရွှီဇီယန်ကံကောင်းသွားပါက သူမသေနိုင်ဘူးမလား…?
သူ၏စိတ်ထဲ၌အတွေးတွေရှုပ်ယှက်ခက်နေပြီး အောက်သို့ကျတဲ့အချိန်ကပဲနှေးနေတာလား၊ သူ၏အတွေးတွေကပဲမြန်နေတာလားဆိုတာ ရွှီဇီယန်မသိတော့ဘူး။
တိုတိုပြောရရင် အချိန်အကြာကြီး သူကပြုတ်ကျပြီးသေဆုံးခြင်းအဖြစ်သို့မရောက်ရှိသေးပဲ — ပြုတ်ကျနေဆဲသာဖြစ်သည်။
"ငါရောက်နေတာက Alice in Wonderlandများလား?" ရွှီဇီယန်အကူအညီမဲ့စွာ သူ့ကိုယ်သူပြောလိုက်သည်။
ဘုန်း!
သူအတွေးတွေလွန်နေမှန်းသိလိုက်ရသည်။ ဘယ်နေရာကနေပျံလာမှန်းမသိသည့်ကျောက်တုံးဟာ သူ၏ခေါင်းကိုထိမှန်ပြီးသတိလစ်သွားတော့သည်။
သူ၏မျက်လုံးတွေကိုနောက်တစ်ကြိမ်ဖွင့်လိုက်သည့်အချိန်၌ သူကအမှောင်ထုထဲ၌ရှိနေဆဲဖြစ်သည်။ သူ၏အနီးနား၌ဘာအလင်းရောင်မှာရှိမနေဘဲ သူ၏ဘေးနားကအလင်းရောင်ကျောက်တုံးသာ ခပ်မှိန်မှိန်လေးလင်းနေသည်။
#TK