Chapter 123
လူသားနဲ့တောကောင်တွေကြားက တိုက်ပွဲတွေ၌ သူပါဝင်ပြီး အကျဉ်းသားတွေ ရွေးချယ်လေ့ရှိသည်။ ဒီတစ်ကြိမ်မှာတော့ ငရဲမီးလျှံမိစ္ဆာနယ်မြေ၌ သူပစ္စည်းတစ်ခုလာရှာတာဖြစ်ပြီး ဒီကျင့်ကြံသူကိုတွေ့လိုက်ရတာက တကယ့်ကိုအံ့အားသင့်သွားစေသည်။ ဒီကျင့်ကြံသူက ပိုင်ရှင်ရှိထားမှတော့ သူလက်လျော့ဖို့သာဆုံးဖြတ်လိုက်တော့သည်။
ဤကဲ့သို့သောသွေးအစေခံတွေဟာ လူသားနယ်မြေတွေ၌ တောကောင်တွေဟာ သူလျှိုအဖြစ်နေရာချထားလေ့ရှိပြီး ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးဟာ သူ၏မူလအစီအစဉ်တွေကို ထိခိုက်ရန်မလိုလားဘူး။
ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးဟာ မြန်မြန်လာပြီး မြန်မြန်သာပြန်ထွက်သွားတော့သည်။ သူမထွက်သွားခင် ရွှီဇီယန်၏ခန္ဓာကိုယ်အား အဆိပ်ဖြေပေးဖို့ သူမမေ့သွားပေ။ အဆိပ်သာမဖြေပေးပါက သူသာတစ်နာရီထက်အကြာ မေ့မြောနေရင် သေသွားနိုင်သည်။
ဆွဲဆောင်မှုရှိသည့်ယောင်္ကျားလေးထွက်သွားပြီးနောက် ရွှီဇီယန်ဖြည်းဖြည်းချင်း နိုးလာတော့သည်။
သူကထိုနေရာ၌သာရှိနေသေးပြီး သူ့အားရစ်ပတ်ထားသည့်နွယ်ပင်တွေ ပျောက်သွားတာကို သတိထားမိလိုက်ပြီးနောက် ရွှီဇီယန်တစ်ခဏလောက်အံ့အားသင့်သွားသည်။
သူနားမလည်နိုင်သေးတာက ဘာလို့များအဲ့ဒီအဆင့်မြင့်တောကောင်က…မဟုတ်သေးဘူး၊ ဘာလို့များအဲ့ဒီမိစ္ဆာကျင့်ကြံသူက သူ့အားလွတ်ပေးလိုက်တာလဲ။ ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် သူကအလားအလာရှိသည့်ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် ရန်သူတွေ၏အမြင်၌ သူကအသတ်ခံရမည့်ပစ်မှတ်ဖြစ်နိုင်သည်။
"ကိုကို!" ရွှီဇီရုန်ကစိုးရိမ်သည့်အကြည့်တွေဖြင့် လေထဲကနေအောက်သို့ခုန်ချလာပြီး ရွှီဇီယန်အားဖက်လိုက်ရင်း သူ့အားခေါင်းအစခြေအဆုံး ဂရုတစိုက်စစ်ဆေးလေသည်။
ရွှီဇီယန်သူ၏ပခုံးအားပုတ်လိုက်ပြီး "ငါအခုအဆင်ပြေသွားပါပြီ" သူစကားပြောမည့်အချိန်၌ ဇီရုန်ကိုသံသယဖြစ်စွာကြည့်လိုက်ရင်း "မင်းဘယ်လိုလုပ်ပြီး ဒီနေရာကိုမြန်မြန်ကြီးရောက်လာတာလဲ?"
ရွှီဇီရုန်ခဏရပ်လိုက်ပြီး စိတ်သန့်သန့်ဖြင့် တည်ငြိမ်စွာပြောလေသည်။
"ကျွန်တော် ကိုကို့,ကိုစိတ်ပူတာကြောင့် ကိုကို့အနောက်ကနေ နောက်ယောင်ခံလိုက်လာတာ၊ အဲ့ဒီနောက်မှာ ကိုကိုကချောက်နက်ထဲကို သွားပုန်းတယ်လေ၊ ကျွန်တော်လည်း ကိုကို့ဆီလိုက်မလို့လုပ်နေချိန်မှာ ချောက်နက်တစ်ခုလုံးကို အကာအရံတွေနဲ့ပိတ်ချသွားတယ်၊ ထိုအကာအရံကို ချိုးဖျက်ဖို့ ကျွန်တော်စွမ်းအား တော်တော်များများအသုံးပြုလိုက်ရတယ်၊ အဲ့ဒီနောက် ကိုကိုမြေပြင်ပေါ်မှာလဲနေတာ ကျွန်တော်မြင်လိုက်ရတာပဲ၊ ဘာဖြစ်သွားသေးလဲ?"
ရွှီဇီယန်မှင်တက်သွားရသည်။ ဇီရုန်ဟာသူငယ်စဉ်ကတည်းက သူ့အားစိတ်မချမှန်းသူသိထားသလို ထိုအကြောင်းပြချက်ကြောင့် ဇီရုန်ဟာသူ့အနားကို ကပ်ရတာအရမ်းသဘောကျသည်။ မထင်ထားတာက သူအရွယ်ရောက်လာပြီးနောက် အဲ့ဒီအရိပ်လက္ခဏာဟာ ပိုမိုပြင်းထန်လာပြီး သူကနောက်ယောင်ခံလိုက်သူတောင်ဖြစ်လာသည်။
ကံကောင်းစွာ ဒီလူကသူ့ညီလေးဖြစ်နေတာကြောင့် နောက်ယောင်ခံလိုက်တာနဲ့ပတ်သက်ပြီး သူဂရုမစိုက်ပါ။ အကယ်၍ သူသာအခြားသူတစ်ယောက်ဖြစ်ခဲ့ပါက…အင်း…အကယ်၍ သူသာဇီရုန်ရဲ့အကိုမဖြစ်နေပါက သူဟာရွှီဇီရုန်၏လှပသည့်မျက်နှာကြောင့် ချက်ချင်းဆွဲဆောင်ခံရနိုင်ပြီး သူကလည်းဘယ်တော့မှရှောင်ရှားခြင်း ပုန်းကွယ်ခြင်းလည်းပြုလုပ်မှာမဟုတ်ဘူး။
"အင်းပါ အင်းပါ ငါအခုအဆင်ပြေသွားပါပြီ" ရွှီဇီယန်အနည်းငယ်ထုံထိုင်းနေဆဲဖြစ်ပြီး သူ၏ဒူးတွေအားနည်းနေသလို ခံစားနေရသည်။ အဲ့ဒီအပန်းရောင်ပန်းပင်က သိပ်ပြီးမပြင်းထန်ပေမယ့် ထိုပန်းကတကယ့်ကိုအဆိပ်ရှိပြီး သူအခုချိန်အားနည်းနေဆဲဖြစ်သည်။
တကယ်တော့ ရွှီဇီရုန်က အမှန်တရားတစ်ခုလုံးကို မပြောခဲ့ပါ။ သူကသူ့ကိုကို၏အနောက်မှာ တကယ်ရှိနေတယ်ဆိုပေမယ့် သူတို့တွေ၏သွေးစာချုပ်ကြောင့်သာမဟုတ်ရင် သူဘယ်တော့မှပေါ်လာမှာမဟုတ်ဘူး။ ချီစွမ်းအင်စုဆောင်းမှုတောကောင်နဲ့ရင်ဆိုင်ရာတွင် ရွှီဇီယန်က ထိုတောကောင်အားမသတ်နိုင်ရင်တောင် အနည်းဆုံးတော့ သူလွတ်မြောက်အောင်ပြုလုပ်နိုင်သည်။ ပြီးတော့ သူ့ကိုကိုဆီ၌ သူ့ဆီကနေတောင်ဖုံးကွယ်ထားနိုင်သည့် ရတနာတစ်မျိုးလည်းရှိထားတာကြောင့် သူ့ကိုကိုကသူ့ကိုယ်သူတော့ ကာကွယ်နိုင်မယ်ဆိုတာ သူသိထားသည်။
အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရွှီဇီယန်သူ့အားပြောပြလိုက်ပြီးနောက် ရွှီဇီယန်ကံကောင်းသွားတယ်လို့ ရွှီဇီရုန်တွေးလိုက်မိသည်။ အဲ့ဒီမိစ္ဆာကျင့်ကြံသူက သူတို့တွေ၏သွေးစာချုပ်အမှတ်အသားကို အခြားမိစ္ဆာကျင့်ကြံသူပြုလုပ်ထားသည့် အမှတ်အသားနဲ့ အကြည့်မှားသွားတာဖြစ်သည်။ သွေးစာချုပ်အမှတ်အသားနဲ့ သွေးအစေခံအမှတ်အသားက ဆင်တူတယ်ဆိုပေမယ့် နှစ်ခုစလုံး၏သဘာဝက လုံးဝကိုခြားနားသည်။
သူတို့တွေ၏ရန်သူက ရွှီဇီယန်အား အခြားသောမိစ္ဆာကျင့်ကြံသူ၏သွေးအစေခံဖြစ်တယ်လို့ မှတ်ယူသွားတာ သူတို့တွေကံကောင်းသွားတယ်လို့ယူဆရမည်။ မဟုတ်ရင် အမတဝိညာဉ်အခြေတည်စအဆင့် မိစ္ဆာကျင့်ကြံသူကို သူတို့တွေဘယ်တော့မှချေမှုန်းနိုင်မှာမဟုတ်ဘူး။
သူတို့တွေအင်အားကွာခြားချက်က နှိုင်းယှဉ်လို့မရအောင်ကိုကွာခြားလှသည်။ အကယ်၍ သူတို့တွေ၏စိတ်ဝိညာဉ်အမြုတေကို ပေါက်ကွဲအောင်ပြုလုပ်ပြီး ကြိုးစားမယ်ဆိုရင်တောင် ရန်သူအားဘာထိခိုက်မှုမှဖြစ်စေမှာမဟုတ်ဘူး။
ရွှီဇီရုန်သူ၏လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူ၏မျက်လုံးတွေကမည်းနက်နေသည်။ တစ်ချိန်က သူ့ကိုကိုနဲ့ဆိုရင် သူ၏ကျင့်ကြံခြင်းကနှေးကွေးမှန်း ခံစားခဲ့ဖူးပေမယ့် ဒီနေ့အတွေ့အကြုံက သူ၏စွမ်းအားတွေလုံလောက်မှုမရှိသေးမှန်း သတိပေးလို့နေသည်။ သူသာအဆင့်မြင့်ကျင့်ကြံသူတစ်ယောက်နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပါက သူ့ကိုကိုအားကာကွယ်ပေးရမယ်ဆိုသည့်စကားဟာ ဘာမှအသုံးဝင်မှာမဟုတ်ဘူး။
"ဇီရုန်? မင်းဘာဖြစ်နေတာလဲ?"
"ဟင် ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း ကျွန်တော်တို့တွေအရမ်းကံကောင်းတာပဲလို့ ကျွန်တော်တွေးမိသွားလို့ပါ၊ ကိုကိုပြန်ကြစို့လေ" ရွှီဇီရုန်သူ၏ခေါင်းကိုမော့ပြီး နူးညံ့စွာပြုံးလိုက်သည်။
"အင်း သွားကြစို့" ရွှီဇီယန်ကလည်းသဘောတူလေသည်။ သူ၏ခန္ဓာကိုယ်အတွင်းထဲကအဆိပ်ဟာ တဖြည်းဖြည်းလျော့ပါးလာပြီးဖြစ်သည်။ အကယ်၍ မီးလိပ်ကြီးကရှိနေသေးတယ်ဆိုရင်တောင် သူ၏လက်ရှိအခြေအနေနဲ့ ထိုတောကောင်အား သွားစိန်ခေါ်လို့ရမှာမဟုတ်ဘူး။
သူ့ကိုကို၏ဓားကိုယူဆောင်လာပြီး ရွှီဇီရုန်ဟာ သူတို့နေထိုင်ရာဂူဆီသို့ပြန်လာခဲ့တော့သည်။
ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့ကတော့ သူတို့ဘေးနားကဂူထဲမှာ စကားများနေကြဆဲဖြစ်သည်။ ပိုပြီးတော့အတိအကျပြောရရင် ကျန်ရင်းကထေ့ငေါ့ပြောဆိုနေပြီး ဖန့်ထျန်းရွေ့ကတော့ ဘာမှပြောဆိုခြင်းမရှိပေ။
ရွှီဇီရုန်ကတော့ဖန့်ထျန်းရွေ့အား အထင်ကြီးသည်။ သူကတည်ကြည်ပြီးမှန်ကန်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် အနည်းငယ်ခေါင်းမာပြီး သူ၏ဇွဲလုံ့လဟာ ကြီးမားသည့်ဖိအားတွေကို ကြံ့ကြံ့ခံနိုင်စေသည်။
သူကသာမန်စွမ်းရည်တွေသာရှိတယ်ဆိုပေမယ့် တခါတရံ၌ စိတ်ဓာတ်မာကျောသည့်လူတွေဟာ အောင်မြင်မှုတွေရအောင်ပြုလုပ်နိုင်သည်။ လက်ရှိမှာတော့ အခြေခံကျင့်ကြံခြင်းအဆင့်ကို စွန့်စားလိုက်နိုင်ပြီး သန္ဓေပြောင်းစိတ်ဝိညာဉ်သွေးကြောတွေလည်းရှိထားတာကြောင့် သူ၏အနာဂတ်ကတော့ သေချာပေါက်တောက်ပနေတော့မည်။
"ဟင်?" အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ရွှီဇီရုန်က အားနည်းနေသည့်ရွှီဇီယန်အား ကျောက်တုံးတစ်ခုပေါ်၌ထိုင်ခိုင်းလိုက်သည်။ ကျန်ရင်းတူးထားသည့်ဂူအပေါက်ဝ၌ အသက်သွင်းထားသည့်အသံလုံမန္တန်အား သူကဘာသဲလွန်စမှမကျန်စေရန်ဖွင့်လိုက်သည်။
"ဟင်း…"
"အား!"
"ထျန်းရွေ့…"
"ခွေး…ကောင်…လွတ်စမ်း…အား!"
ဆွဲငင်နေသည့်အသံတွေ၊ရုန်းကန်နေသည့်အသံတွေနဲ့ အဝတ်အစားတွေအားဆွဲဖြဲနေသည့်အသံတွေဟာ သူတို့ဘေးနားကဂူဆီကနေ ထွက်ပေါ်လာတော့သည်။
ကျင့်ကြံသူအားလုံးဟာ အာရုံငါးပါးစလုံးကောင်းမွန်ကြသည်။ ထိုသို့မကြားသင့်သောအသံတွေကို ရွှီဇီယန်နားတွေက ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။
သူ၏မျက်နှာကရှက်ရွံ့မှုဖြင့်နီမြန်းပေမယ့် ရှက်စရာကောင်းသည့်အသံတွေအား အသံလုံအကာအရံဖြင့် သူလျင်မြန်စွာတုံ့ပြန်လိုက်ပြီး အပြင်ဘက်ကနေပိတ်ဆို့လိုက်သည်။
"ကိုကို…"
ရွှီဇီရုန်ကသူ၏နား,နား၌ တိုးတိုးလေးကပ်ကာခေါ်လိုက်သည်။
ရွှီဇီယန်အတွေးများဖြင့် အနောက်ဘက်သို့ဆုတ်သွားပြီး မတော်တဆမြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူကရှက်ကိုးရှက်ကန်းဖြင့် မြေပြင်ပေါ်ကနေထလိုက်ပြီး အကူအညီမဲ့စွာ သူ၏စိတ်ထဲ၌တီးတိုးပြောနေတော့သည် 'ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့က ချစ်သူတွေဆိုပေမယ့် သူတို့တွေကပိုပြီးတော့ သတိထားပြီးတိတ်တိတ်ဆိတ်ဆိတ်နေရမှာမဟုတ်ဘူးလား? သူတို့တွေက မကောင်းတဲ့လှုံ့ဆော်မှုတွေ ပေးနေတယ်ဆိုတာ သူတို့ကိုယ်တိုင်မသိကြဘူးလား?'
အဲ့ဒါကရွှီဇီရုန်၏အကြံမှန်းသူမသိတာကြောင့် ကျန်ရင်းကိုသာ သူအပြစ်တင်နေတော့သည်။
"ကိုကို" ရွှီဇီရုန်ကရွှီဇီယန်အား ဝမ်းနည်းသည့်အကြည့်တွေဖြင့် ကြည့်နေသည်။ သူ၏မျက်နှာထက်က ဝမ်းနည်းကြေကွဲနေမှုဟာ သူ၏ခေါင်းပေါ်ထက်၌ အမဲရောင်တိမ်တိုက်အဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်သွားတော့သည်။
ရွှီဇီယန်အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်ပြီး အဝေးသို့အကြည့်လွဲလိုက်သည်။ ဇီရုန်ကသူ့ကိုသဘောကျနေမှန်း သိထားတာဖြစ်ပြီး အဲ့ဒီအသံတွေကိုကြားပြီးနောက် သူ၏အမူအရာတွေကို ပုံမှန်အတိုင်းဖြစ်အောင် ဖုံးကွယ်ထားရသည်။
"ဘာဖြစ်တာလဲဆိုတော့လေ…ငါနည်းနည်းပင်ပန်းနေလို့ အရင်ဆုံးနားတော့မယ်!" အဲ့ဒီနောက်မှာတော့ ရွှီဇီရုန်ဘယ်လိုဖြစ်နေလဲဆိုတာ ရွှီဇီယန်မကြည့်ခဲ့တော့ဘူး။ လျင်မြန်စွာ သူ၏ချန်ခွင်အိတ်ထဲကနေ စောင်ထုတ်လိုက်ပြီး သူ့ကိုယ်သူလွှမ်းခြုံလိုက်တော့သည်။
ရွှီဇီရုန်ကကြီးမားသည့်စောင်အား အပြုံးဖြင့်ကြည့်လိုက်ပြီး တမင်တကာ သူ့ကိုကိုကြားနိုင်လောက်သည့်လေသံမျိုးဖြင့် "ကိုကို အနှေးနဲ့အမြန်တော့…"
အနှေးနဲ့အမြန်ဘာဖြစ်လဲ?
စောင်ကအနည်းငယ်လှုပ်ရှားသွားပြီး ထပ်မံပြန်ငြိမ်သွားလေသည်။
သူထွက်သွားပြီးနောက် ရွှီဇီယန်စောင်ထဲကနေ ခေါင်းလေးပြူထွက်လာပြီး တံခါးဘက်ကိုကြည့်ကာ ခါးသပ်သပ်ပြုံးနေသည်။
ဇီရုန်ကသွေးပင်လယ်နှလုံးကျင့်စဉ်အား ကျင့်ကြံနေတာကို သူတွေ့ရှိသွားပြီးနောက် ဇီရုန်ဟာပိုပိုပြီးရန်လိုတတ်လာသည်။ ဖြူစင်ပြီးနူးညံ့သည့် ၁၂နှစ်အရွယ်ပုံရိပ်ဟာ လှပပြီးရန်လိုတတ်သည့် လူငယ်အဖြစ်သို့ အစားထိုးသွားသည်။ အကယ်၍ ရွှီဇီရုန်သာ သူ့မှတ်ဉာဏ်ထဲကအတိုင်း အေးစက်သည့်လူတစ်ယောက်ဖြစ်နေပါက သွေးမိစ္ဆာကဝိညာဉ်ကူးပြောင်းလာတယ်လို့တောင် သူတွေးမိလိမ့်မည်။
သူ၏နားထင်အား,အားပါပါပွတ်လိုက်ရင်း ဘာလုပ်ရမလဲဆိုတာ ရွှီဇီယန်မတွေးတတ်တော့ဘူး။ ဇီရုန်ကအမျိုးသမီးကျင့်ကြံသူတွေကို ပြန်ပြီးစိတ်ဝင်စားသွားနိုင်တယ်လို့ သူတစ်ခါဆုံးဖြတ်ချက်ချခဲ့ဖူးပေမယ့် ထိုအတွေးက ပျောက်လုနီးပါးပင်ဖြစ်လာသည်။
ထို့အပြင် အဲ့ဒီစိတ်ကူးမျိုးကို သူရွှီဇီရုန်အားအကြံဉာဏ်မပေးရဲဘူး။ သူအဲ့ဒီလိုလုပ်ဖို့ရည်ရွယ်လိုက်သည့်အချိန်တိုင်း သူ၏မသိစိတ်က သူသာအဲ့ဒီလိုပြုလုပ်လိုက်ပါက ပြင်းထန်သည့်အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ သူ့ကိုသတိပေးလျက်ရှိသည်။
အဲ့ဒီစိတ်ကူးအားဇီရုန်ကို သူမပြောရဲဘူး။ ဘာကြောင့်လည်းဆိုတော့ သူတမင်တကာ ထိုခေါင်းစဉ်ဆီသို့ ကူးပြောင်းသွားသည့်အချိန်တိုင်း အဲ့ဒီစိတ်ကူးအားသူပြောလိုက်တာနဲ့ အလွန်မကောင်းတဲ့အရာတွေဖြစ်သွားနိုင်တယ်လို့ သူ၏မသိစိတ်ကသတိပေးနေသည်။
"ဟူး…" ရွှီဇီယန်အသာလေးသက်ပြင်းချလိုက်သည်။ ဘာလုပ်ရမလဲဆိုတာ သူတကယ်ကိုမသိတော့ဘူး။ သူတို့တွေက ဒီလိုအန္တရာယ်များသည့်နယ်မြေ၌ အချိန်အကြာကြီးပိတ်မိနေပြီး သူတို့တွေ၏သွားလာလှုပ်ရှားမှုတွေကလည်း ကျဉ်းမြောင်းသည့်ဂူထဲ၌သာဖြစ်သည်။
သူတို့တွေတတ်နိုင်သမျှမြန်မြန် ဒီနေရာကထွက်သွားချင်ပေမယ့် အဲ့ဒီအဆင့်မြင့်တောကောင်တွေ၏ပိုင်နက်ထဲသို့ ခြေချတာက သေဖို့လမ်းကိုသွားရှာတာနဲ့အတူတူပင်ဖြစ်သည်။ ဘယ်အရာကပိုပြီးစိတ်ပျက်စရာအကောင်းဆုံးလည်းဆိုတော့ မိစ္ဆာကျင့်ကြံသူတွေ၏အရိပ်အယောင်ကို သူရှာတွေ့ခြင်းကြောင့်ပင်ဖြစ်သည်။ အကယ်၍ ဒီနေရာမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်ရှိလျှင် အဲ့ထက်တောင်ပိုများနိုင်တယ်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ အမတဝိညာဉ်အခြေတည်စအဆင့် မိစ္ဆာကျင့်ကြံသူတွေနဲ့တွေ့ရန် အတော်လေးရှားပါးတယ်ဆိုပေမယ့် ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်တည်းကပင် ကြီးမားသည့်ခြိမ်းခြောက်မှုကြီးဖြစ်နိုင်သည်။
ရွှေရောင်တောကောင်ကလည်း သူလိုအပ်သည့်အချိန်အတိုင်း ထုတ်သုံးလို့မရဘူးဆိုတာ မမေ့ဘူး။ ထို့အပြင် အသက်ကယ်ဖို့ဒိုင်းဆိုရင်တောင် ရွှေရောင်တောကောင်က အကြိမ်ဘယ်လောက်ထိများ သူတို့ကိုကာကွယ်နိုင်မှာလဲ?
သူ၏ကုဗတုံးကလည်းအချိန်တိုအတွင်း သူတို့အတွက်ပုန်းခိုလို့ရသည့်နေရာဖြစ်ပေမယ့် သူကုဗတုံးထဲသို့ဝင်ရောက်ပြီးတာနဲ့ ထိုအရာကလှုပ်ရှားခြင်းမရှိတော့ဘူး။ ဒါ့အပြင် ကုဗတုံးကရွှီဇီယန်ကလွဲရင် အခြားသောသက်ရှိသတ္တဝါတွေကို ဝင်ရောက်ဖို့လက်မခံဘူး။
အကယ်၍သူကအန္တရာယ်ထဲကျရောက်နေတယ်ဆိုရင်တောင် ရွှီဇီရုန်မပါဘဲ သူဘယ်လိုလုပ်တစ်ယောက်တည်း ထွက်ပြေးနိုင်မှာလဲ? အဲ့ဒီအကြောင်းပြချက်ကြောင့် ကုဗတုံး၏အသုံးပြုပုံက အနည်းငယ်သာအသုံးဝင်သည်။
"ဟူး…အရမ်းစိတ်အနှောင့်အယှက်ဖြစ်တာပဲ!" ရွှီဇီယန်သူ၏ခေါင်းအားကုတ်လိုက်သည်။ သူနားမလည်နိုင်သေးတာက — ခေတ်ဘက်မှာတုန်းက သူ၏နေ့ရက်တွေဟာ အဆင်ပြေပြေချောမွေ့စွာဖြတ်သန်းနေခဲ့ရပြီး သူဟာအရမ်းကြီးကံကောင်းတာမျိုးမရှိပေမယ့် အများကြီးလည်းရုန်းကန်ရတာမျိုးမရှိဘူး။ ကျင့်ကြံခြင်းလောကမှာမှ ဒီလောက်ပြဿနာတွေအများကြီး ဘယ်လိုလုပ်ရောက်လာတာလဲ?
စိတ်ညစ်စရာအကောင်းဆုံးအပိုင်းကတော့ ရွှီဇီရုန်ကသူ့အားချစ်နေတာပင်ဖြစ်သည်။
ဘဝကအသက်အန္တရာယ်ရှိသည့် သေမလား၊ရှင်မလားဆိုသည့် အကျဉ်းအကျပ်ထဲသို့ရောက်ရှိနေပြီး အကျိုးဆက်ကနှစ်ခုထဲကတစ်ခုသာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည်နူးစရာကောင်းသည့်အချစ်ရေးတွေက သူ့အားအမြဲတမ်း ဒုက္ခများစွာယူဆောင်ပေးလေ့ရှိပြီး အထူးသဖြင့် ရွှီဇီရုန်က လိမ်ညာထားပြီးသူ၏ပုံစံကို ဖုံးကွယ်ထားသူဖြစ်နေခဲ့သည်။ ဒီပြဿနာကိုသူမကိုင်တွယ်နိုင်မှာစိတ်ပူမိသည်။ အကယ်၍သူမကိုင်တွယ်နိုင်ခဲ့ပါက ရွှီဇီရုန်ကနောက်ထပ်တစ်ကြိမ် သွေးမိစ္ဆာပြန်ဖြစ်သွားရင် သူဘာလုပ်ရမလဲ?
"ဟူး…" သုံးမိနစ်အတွင်း ရွှီဇီယန်သက်ပြင်းချတာ သုံးခါရှိပြီဖြစ်ပေမယ့် သူဘယ်ပြဿနာကိုမှ မဖြေရှင်းနိုင်သေးဘူး။
သူကစောင်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်း အရမ်းဒေါသထွက်သလိုခံစားနေရသည်။ နောက်ဆုံးမှာတော့ အရင်ဆုံးအိပ်ရန်သာ သူဆုံးဖြတ်လိုက်တော့သည်။ အခြေခံကျင့်ကြံခြင်းအဆင့်ကိုရောက်သွားပြီးနောက် အိပ်ဖို့အစားသူတရားထိုင်လို့ရပေမယ့် အရမ်းစိတ်ညစ်နေတာကြောင့် လက်တွေ့အဖြစ်အပျက်တွေကနေရှောင်ရှားဖို့လိုအပ်တာမို့ အိပ်လိုက်တော့သည်…
သုံးရက်အကြာမှာတော့ ရွှီဇီယန်ကထပ်မံ သူ၏ထိပ်ဆုံးအခြေအနေသို့ပြန်လည်ရောက်ရှိလာသည်။ သူကကျော်ဖြတ်ဖို့အခွင့်အရေးရှာရန်ဆုံးဖြတ်လိုက်သည်။
အင်အားကသာလျှင်အရေးကြီးဆုံးဖြစ်ပြီး အခြားအရာတွေအားလုံးက အသုံးမဝင်ဘူး!
အကယ်၍ သူတို့တွေသာအနည်းငယ်လောက် ပိုပြီးသန်မာလာပါက ဒီဂူထဲမှာ သူတို့တွေလုံးဝအဆုံးသတ်မှာမဟုတ်ဘူး။
ဒီရက်တွေအတွင်း ရွှီဇီယန်ကအတော်လေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ဇီရုန်ကလည်း သူ့ကိုယ်သူ လိမ်မာသည့်ပုံစံအနေအထားသာရှိနေသည်(သူဟန်ဆောင်နေတယ်ဆိုရင်တောင်မှပေါ့)။
ရွှီဇီရုန်ဘက်ကသူ့ကို ပြတ်ပြတ်သားသားဒါမှမဟုတ် ဖိအားပေးတုံ့ပြန်တာတွေ မလုပ်သေးသ၍ ရွှီဇီယန်ကလည်း ဘာမှပြန်မလုပ်ဖို့ဆုံးဖြတ်ထားသည်။ အခြားသောကိစ္စတွေအတွက်ကတော့…သူတို့တွေမိစ္ဆာနယ်မြေထဲကနေ ထွက်သွားနိုင်သည့်အချိန်အထိ သူစောင့်ရမည်။
ရွှီဇီယန်ကဒီရက်တွေအတွင်း အမဲလိုက်ရာ၌ပါဝင်ခြင်းမရှိခဲ့ပေမယ့် သူတို့တွေနဲ့သိပ်မဝေးလှသည့် တောင်ဘက်၌ ကြီးမားသည့်အက်ကွဲကြောင်းရှိနေမှန်း ဇီရုန်သတိထားမိခဲ့သည်။
#TK