Chapter 102
Viewers 23k

Chapter 102


ပြန်လည်တွေးကြည့်လိုက်ပြီးနောက် သူတို့တွေက အန္တရာယ်တွေ တွေ့ကြုံခဲ့ရပေမယ့် သူတို့အသက်တွေကိုတော့ စွန့်စားခဲ့ရခြင်းမရှိပေ။ သူတို့တွေက အလွန်ကံကောင်းတာပဲလို့ ခံစားခဲ့ရပေမယ့် ရတနာမြေပုံက ထောင်ချောက်လည်းဖြစ်နေနိုင်သည်။


"ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ?" နတ်ဆိုးကျန်ရင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူကရွှီဇီရုန်ကို သဘောမကျပေမယ့် လက်ရှိမှာက ရွှီဇီရုန်ဟာ အမြင့်၌တည်ရှိနေတာကြောင့် သူ့အားဆန့်ကျင် တိုက်ခိုက်မှုကို ပြုလုပ်ဖို့ သူအဲ့လောက်ထိမတုံးသေးဘူး။


"သူ့ရဲ့ဖိတ်ကြားချက်ကိုရော မင်းဘယ်လိုသဘောရလဲ?" နူးညံ့သည့်ကျန်ရင်းက နတ်ဆိုးကျန်ရင်းမေးတာကို မဖြေပေ။ ထိုအစား သူကရွှီဇီရုန်၏အကြံပြုချက်နဲ့ပတ်သက်ပြီး သူတွေးမိတာကိုမေးလိုက်သည်။


"ငါဘာပြောနိုင်ဦးမှာလဲ? ငါသူ့ကိုမုန်းပေမယ့်လည်း သူကအရမ်းစွမ်းအားကြီးလွန်းတယ် ပြီးတော့ သူ့ခန္ဓာကိုယ်က သွေးနံ့ကအရမ်းပြင်းထန်လွန်းတယ် မင်းနှာခေါင်းကနေ ပုံမှန်ရ‌တဲ့အနံ့မျိုးမဟုတ်ဘူး ဒါပေမယ့်…ငါသူ့ကို ရှီးဟွမ်ကျင့်စဉ် သုံးလိုက်တဲ့အချိန်မှာ အဲ့ဒီကျင့်စဉ်က ငါ့ကိုပဲပြန်လာထိတာမို့ ငါတို့တွေသူ့ကိုတိုက်ခိုက်နိုင်ဖို့ နည်းလမ်းမရှိဘူး" နတ်ဆိုးကျန်ရင်းက စိတ်ပျက်စွာကြည့်လိုက်ပေမယ့် သူတတ်နိုင်တာဘာတစ်ခုမှမရှိဘူး။


"ငါတွေးမိတာကတော့ သူ့အနောက်ကို လိုက်ဖို့ရွေးချယ်လိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်" နူးညံ့သည့်ကျန်ရင်းက စဉ်းစားချင့်ချိန်ပြီး ပြောလိုက်သည်။


"ဘာလို့လဲ?"


"သူကသာမန်ပုံစံမျိုးပဲလေ သူ့အနောက်ကိုသာလိုက်မယ်ဆိုရင် ငါတို့တွေက ငါတို့ရဲ့နတ်ဆိုးကိုယ်ကိုလည်း ပိုပြီးကာကွယ်လို့ရတာပေါ့ ပြီးတော့ လျှိုကွမ်းဂိုဏ်းကလည်း အတော်လေး လွတ်လပ်တာကြောင့် ငါတို့တွေကို ကန့်သတ်ချုပ်ချယ်တာတွေ လုပ်မှာမဟုတ်သလို သူသာငါတို့ကို လိုလိုလားလား ကာကွယ်ပေးမယ်ဆိုရင် သူ့ရဲ့အထက်လူတွေကလည်း ငါတို့ရဲ့ကာကွယ်သူတွေဖြစ်လာမှာပေါ့ အကယ်၍ ငါတို့တွေသာ သူ့အနောက်ကိုလိုက်မယ်ဆိုရင် ငါတို့ကိုသတ်ချင်ကြတဲ့ ဘယ်သူမဆို နှစ်ကြိမ်လောက်တွေးတောရလိမ့်မယ် အမတဝိညာဉ်အခြေတည်စအဆင့်ကို လေးစားတဲ့အနေနဲ့ ပေါ့ပေါ့တန်တန် အမှားမျိုးဘယ်တော့မှ လုပ်ကြမှာမဟုတ်ဘူးလေ"


"အင်း…အဓိပ္ပါယ်ရှိသားပဲ" နတ်ဆိုးကျန်ရင်းကလည်း နူးညံ့သည့်ကျန်ရင်းပြောတာကို သဘောတူလေသည်။


"အဲ့ဒီမှာ နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်ရှိသေးတယ်" နူးညံ့သည့်ကျန်ရင်းက ထပ်ပေါင်းပြောဆိုလိုက်သည်။


"ဘာကြီးလဲ?"


"ငါတို့တွေသူ့ကိုမနိုင်ဘူးလေ" နူးညံ့သည့်ကျန်ရင်းက သူ့လက်တွေကို ဆန့်ထုတ်လိုက်သည်။


"ချီးပဲ!" နတ်ဆိုးကျန်ရင်းက အထင်သေးစွာ ကြည့်လိုက်သည်။


"ဒီတော့…ဆွေးနွေးတာပြီးပြီလား?"


နတ်ဆိုးကျန်ရင်းက သူ့အား အထင်အမြင်သေးစွာဖြင့် "ငါတို့တွေ သူ့ကိုမနိုင်ဘူးလို့ မင်းပဲပြောခဲ့တာလေ ငါတို့တွေသူ့ကိုမနိုင်ဘူးဆိုတဲ့အချက်ကို ငါတို့တွေ လက်ခံရမှာဖြစ်ပေမယ့် ငါတို့တွေသူနဲ့ ရှင်းလင်းအောင် ဆွေးနွေးရမယ် ငါတို့တွေကခြွင်းချက်မရှိပဲနဲ့တော့ သူ့အနောက်ကိုမလိုက်နိုင်ဘူးလေ ဟုတ်တယ်မလား? ငါတို့တွေရဲ့ရှီးဟွမ်ကျင့်စဉ်ကို တန်ဖိုးအဖြစ်ရရှိမယ်ဆိုရင်တောင် အနည်းဆုံးတော့ စည်းတစ်ခုရှိတာပေါ့ ပြီးတော့ ဒီဆွေးနွေးပွဲအပိုင်းကို ငါမင်းနဲ့ထားခဲ့လိုက်ပြီ!" ထို့နောက်မှာတော့ နတ်ဆိုးကျန်ရင်းက ပျောက်သွားတော့သည်။


အရင်ညတုန်းက ကျန်ရင်းဟာ ပထမဆုံးအကြိမ်မလို့ ဖန့်ထျန်းရွေ့နာကျင်မှာစိုးရိမ်တာကြောင့် နတ်ဆိုးကျန်ရင်းကိုအနားပေးထားပြီး နူးညံ့သည့်ကျန်ရင်းကသာ ဦးဆောင်လိုက်သည်။ ဒီလိုတာဝန်မျိုးကို အလှည့်အပြောင်းလုပ်ဖို့က သူတို့တွေအတွက် အတော်လေးလွယ်ကူလှသည်။ ဒီလိုရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းက တစ်ဖက်လူ၏ခုခံမှုကိုလည်း စွမ်းအားသုံးပြီး ဖိနှိပ်ထားရတာကြောင့် အတော်လေးပင်ပန်းလှသည်။


နတ်ဆိုးကျန်ရင်းအနားယူသွားပြီးနောက် နူးညံ့သည့်ကျန်ရင်းဟာ စိတ်ညစ်စွာ သူ၏နားထင်ကိုပွတ်နေသည်။ ရွှီဇီရုန်နဲ့အပေးအယူလုပ်လိုက်လို့ သူ့အတွက် ဘာအကျိုးအမြတ်မှ ရှိမည်မဟုတ်ပါ။ သို့ပေမယ့် အဲ့ဒါကသူ့အတွက် ကြီးမားသည့်ထွက်ပေါက်ဖြစ်သည်။ ဘာစွမ်းအားမှမရှိဘူးဆိုရင် ရွှီဇီရုန်နဲ့ ပူပေါင်းဖို့ကလွဲရင် အခြားဘာနည်းလမ်းမှမရှိတော့ဘူး။


သူ့အဖေဆီကနေ အကူအညီတောင်းကြည့်လိုက်ရမလား? ထိုအကြောင်းကို ကျန်ရင်း ဘယ်တော့မှ ပြန်မတွေးတော့ပေ။ သူငယ်ရွယ်စဉ်ထဲက ဒီအခန်းကျဉ်းထဲမှာ အကျဉ်းချထားတာကြောင့် အရာအားလုံးဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်‌အပေါ်၌သာ မူတည်သည်။ ထို့အပြင် လက်ရှိမှာ အမတဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူကို ဆန့်ကျင်ဖို့ဆိုတာ အတော်လေးရူးနှမ်းသည့် အကြံဖြစ်တာကြောင့် သူ့အဖေဖြစ်သူကို ပြဿနာတွေဖြစ်အောင် သူမလုပ်ချင်ဘူး။


ကျန်ရင်းကိုနှုတ်ဆက်ပြီးနောက် ရွှီဇီရုန် သူ၏အခန်းထဲသို့ ပြန်လာခဲ့သည်။ ရွှီဇီယန်က ကျန်ထျန်းရှင်နဲ့ အပြင်သို့ထွက်သွားတာကို အစေခံဆီကနေ သူကြားလိုက်ရသည်။ ရွှီဇီယန်က သူ့အား ထိုကိစ္စ၏ဖြစ်နိုင်ချေတွေ ပြောပြထားပေမယ့် ရွှီဇီရုန်စိတ်ထဲ၌ သဘောမကျသလို ခံစားနေရဆဲဖြစ်သည်။


အကယ်၍ သူသာစောစောသိခဲ့ပါက သူကျန်ရင်းကို သွားရှာ‌နေမှာမဟုတ်ဘဲ သူ့ကိုကိုနဲ့အတူအပြင်ကို ထွက်သွားလို့ရသည်! အဲ့ဒါအားလုံးက ကျန်ရင်းရဲ့အပြစ်ပဲ!


ရွှီဇီရုန်က ဒီကိစ္စအတွက်နဲ့ အကြောင်းပြချက်မရှိ ကျန်ရင်းအား အပြစ်တင်လိုက်ကာ သူ၏စိတ်ထဲက မှတ်စုစာအုပ်ထဲ၌ ‌ရေးမှတ်လိုက်သည်။


သနားစရာကျန်ရင်းလေးကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမသိသေးပေ။ သူကဘာမှမလုပ်တာတောင် ရွှီဇီရုန်အပေါ်၌ သူ၏အပြစ်တွေ ရှိနေပြီးဖြစ်သည်…


(ခင်မင်စွာသတိပေးချက်: သူ့အနောက်သာလိုက်မယ်ဆိုရင် မင်းအမြဲတမ်း အသက်အန္တရာယ်နဲ့စွန့်စားနေရမှာဖြစ်တာကြောင့် မင်းရဲ့သခင်ကို ဉာဏ်ရှိရှိရွေးပါ!)


ကျန်ထျန်းရှင်နဲ့ရွှီဇီယန် ပြန်ရောက်လာပြီး အဲ့ဒီမှာ သူတို့တွေ ဘာမှမဖြစ်ခဲ့သလို သူတို့တွေက အတော်လေးတည်ငြိမ်နေပေမယ့် ကျန်ထျန်းရှင်ဟာ သာမန်လူမဟုတ်ဘူးဆိုတာ ရွှီဇီရုန်သိတာကြောင့် သူကကျန်မိသားစုကိုသာ တိုးတက်စေချင်တယ်ဆိုရင် လက်ဆုပ်လက်ကိုင်ပြစရာတွေကို သူပိပိရိရိဖုံးထားလိမ့်မည်။


"ကျန်ခေါင်းဆောင်က ဘာပြောလဲ?" ရွှီဇီယန် အခန်းထဲသို့ ရောက်လာပြီးနောက် ရွှီဇီရုန်က သူ့ကိုကို၏အပေါ်ဝတ်ရုံကို ဂရုတစိုက်ချွတ်ပေးလေသည်။


"ပြောရတော့ခက်တယ် ၅၀-၅၀စီပဲ" ရွှီဇီယန်ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။ သူကအမှတ်မထင် ဇီရုန်၏အင်္ကျီလက်တွေ တွန့်ကြေနေတာမြင်လိုက်တာကြောင့် သူကပြန့်ပြူးအောင် ပြုလုပ်ပေးလေသည်။


"သူကကိုကို့,ကိုမယုံဘူးလား?" 


"အဲ့လိုမျိုးတော့မဟုတ်ပေမယ့် ဒီကိစ္စမှာသူ့ညီဖြစ်သူက ပါဝင်နေတော့ သူကမရက်စက်ချင်ဘူးလို့ ငါတွေးဆမိတယ်" ဒီကိစ္စကယုံကြည်ဖို့ ခက်ခဲတာကြောင့် ကျန်ထျန်းရှင်အား ရွှီဇီယန်နားလည်ပေးနိုင်သည်။


သူ့အနေနဲ့လည်း တစ်ယောက်ယောက်က ဇီရုန်ဟာ အပြစ်မဲ့တဲ့လူတွေကို သတ်နေတယ်လို့ လာပြောပါက အထောက်အထားမပြနိုင်ပဲနဲ့ ထိုသူအား သူယုံကြည်လိမ့်မည်မဟုတ်ပေ။


အဲ့ဒီပုံစံက'မယုံဘူး'ဆိုတဲ့စကားလုံးထက် 'မယုံချင်ဘူး'ဆိုသည့် စကားလုံးနဲ့ ပိုတူလိမ့်မည်။


ရွှီဇီယန်တွေးနေတာက သူကကြီးမြတ်တဲ့သူရဲကောင်းမဟုတ်ပေမယ့် တရားမျှတမှုအတွက်နဲ့ မိသားစုတစ်ခုကိုတရားခံဖြစ်သွားအောင်လည်း သူမလုပ်ချင်ဘူး။ သူကရွှီဇီရုန်အား ကြည့်လိုက်ပြီး — ထိုမျက်နှာက အရမ်းကိုသိမ်မွေ့လာပေမယ့် ကလေးဆန်သည့်အမူအရာမျိုးတွေတော့ ရှိနေသေးသည်။


သူ၏ညီလေးက သူ့လက်ထဲမှာပင် ကြီးပျင်းလာခဲ့သည်။ အကယ်၍ တစ်နေ့မှာ သူ့ညီလေးဟာ တစ်လောကလုံး၏ရန်သူဖြစ်သွားရင်တောင် ရွှီဇီယန် သူ့ကိုဘယ်တော့မှ သတ်နိုင်မှာမဟုတ်ဘူး။


ရွှီဇီယန် သူ့ကိုယ်သူရယ်မောလိုက်သည်။ ကျန်ထျန်းရှင်အား သူ့ညီဖြစ်သူက နတ်ဆိုးကျင့်ကြံသူတွေနဲ့ လျှို့ဝှက်ကြံစည်နေတယ်လို့ သူပြောလိုက်သည့်အချိန်၌ ကျန်ထျန်းရှင်၏နာကျင်သွားရသည့် အမူအရာတွေကို မြင်ပြီးနောက် သူထူးဆန်သလို ခံစားသွားရတာဖြစ်လိမ့်မည်။ ထိုအကြောင်းပြချက်ကြောင့် သူအကူအညီမဲ့စွာ ဇီရုန်ကတစ်နေ့မှာ မိစ္ဆာသခင်ဖြစ်လာရင်ဆိုသည့် အတွေးကို တွေးမိလိုက်ခြင်းဖြစ်သည်။ 


အရမ်းကိုစိတ်ပူလွန်းတာပဲလို့ ရွှီဇီယန် သူ့ကိုယ်သူတွေးလိုက်မိသည်။ ဇီရုန်ရဲ့ပုံစံက တိုးတက်ဖို့ လိုသေးတယ်ဆိုပေမယ့် သူကအဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေလို လူမဆန်သည့်လုပ်ရပ်မျိုးတွေ ပြုလုပ်မှာမဟုတ်ဘူး။ သူဘယ်လိုလုပ်ပြီး ဒီလိုအသုံးမဝင်တဲ့အရာတွေကို တွေးမိသွားတာလဲ?


အဲ့ဒီလိုအတွေးမျိုး မတွေးရန် သူ့ကိုယ်သူပြောနေပေမယ့် သူ၏စိတ်က မထိန်းချုပ်နိုင်ပဲ ထိုဦးတည်ချက်ကိုသာ သွားလို့နေသည်။ အဲ့ဒီနောက်မှာ သူ၏ထင်မြင်ချက်အတိုင်းသာဖြစ်လာပြီး — ဇီရုန်ဟာတကယ်ကြီး မိစ္ဆာဖြစ်သွားကာ ကန့်သတ်ချက်အားလုံးကို ကျော်သွားပါက ဇီရုန်နဲ့အတူ သူပါလိုက်သေလိုက်တော့မည်။ 


ထို့အပြင် သူ၏အမြင်အရဆိုရင် ဇီရုန်တကယ်လမ်းမှားရောက်သွားတယ်ဆိုရင်တောင် အဲ့ဒီအရာတွေအားလုံးရဲ့တရားခံကသူသာဖြစ်ပြီး အကိုဖြစ်တဲ့သူ့ရဲ့တာဝန်မကျေပွန်လို့ပဲ မဟုတ်ဘူးလား!


"ကိုကို ဘာဖြစ်နေတာလဲ?" ရွှီဇီရုန်က သူ့ကိုကိုအား စိုးရိမ်စွာစိုက်ကြည့်နေပေမယ့် တိတ်တဆိတ် အံ့ဩနေသည်။ အခုလေးတင် သူ့ကိုကိုကရုတ်တရက်ကြီး စေ့စေ့စပ်စပ်စစ်ဆေးသည့် အကြည့်တွေဖြင့် ကြည့်လာပြီး ထိုအကြည့်တွေက အလွန်စူးရှကာ သူ့ကိုကို သူ့အားဒီလိုမျိုးကြည့်တာကို သူတစ်ခါမှမမြင်ဖူးဘူး။


"ဟမ်? ဘာမှမဟုတ်ပါဘူး ကျန်ခေါင်းဆောင်က အတော်လေးသနားစရာကောင်းတာပဲလို့ ငါတွေးမိလိုက်လို့ပါ"


"ကိုကိုက ဘာလို့များအဲ့လိုထင်ရတာလဲ?"


"ငါ့ရဲ့ညီဖြစ်သူကလည်း အဲ့လိုမျိုးသာ သစ္စာဖောက်ခဲ့မယ်ဆိုရင် ဝမ်းနည်းသလိုခံစားရမှာပေါ့"


ထိုစကားကိုသူကြားပြီးနောက် ရွှီဇီရုန်၏ရင်ထဲတုန်လှုပ်သွားပြီး သူချက်ချင်း ရွှီဇီယန်၏လက်တွေကို ဆုပ်ကိုင်လိုက်ကာ အလွန်လေးနက်စွာပြောလိုက်သည်။

"ကိုကို ကျွန်တော်ဘယ်တော့မှ ကိုကို,ကို သစ္စာမဖောက်ပါဘူး"


ရွှီဇီယန်မှင်တက်သွားပြီး ရုတ်တရက်ရယ်လိုက်သည်။ သူကရွှီဇီရုန်၏ခေါင်းကို အသာလေးပုတ်လိုက်ကာ "စိတ်မပူပါနဲ့ ကိုကိုမင်းကိုယုံပါတယ် မင်းကငါ့ကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့ညီလေးပဲလေ…အမ် ငါအကိုတာဝန်ကို ၅နှစ်လောက် မလုပ်ခဲ့ရဘူးဆိုပေမယ့် မင်းရဲ့အကျင့်စရိုက်ကို ငါသိပါတယ်"


သူကရွှီဇီရုန်အား ထိုင်ခိုင်းလိုက်ပြီး သူ၏မျက်လုံးတွေ‌ထဲ၌ နူးညံ့သည့်အပြုံးရှိနေပြီး

"ဇီရုန်က တစ်ခါတစ်လေ ဒေါသထွက်တယ်ဆိုပေမယ့် မင်းကလိမ်မာတဲ့ကလေးမှန်း ငါသိပါတယ်"


ရွှီဇီရုန် သူ၏ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်ကာ သူ၏ရှည်လျားသည့် မျက်တောင်မွှေးတွေအောက်၌ သူ့မျက်လုံးထဲက စိတ်ဆိုးမှုတွေကို ဖုံးကွယ်လိုက်သည်။


ကလေး ကလေး!!! ကျွန်တော်က ကလေးမဟုတ်တော့ဘူး!!


ကိုကိုဘယ်တော့မှ ကျွန်တော့်ကို ယောင်္ကျားလေးတစ်ယောက်လိုမြင်မှာလဲ? ကိုကိုက ကျွန်တော့်အပေါ်ခံစားချက်ရှိလာအောင် ကျွန်တော့်ဘက်ကနေ ထူးခြားတဲ့တစုံတခုလုပ်တာကို ကိုကိုတကယ်ပဲ လိုချင်လို့လား?


သူဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး လူတွေအားစွဲညို့နိုင်သလို သူ၏မဲနက်သည့်မျက်လုံးတွေက ရေလိုမျိုးနက်ရှိုင်းနေသည်။ 


"ကိုကို ကျွန်တော်က အရွယ်ရောက်နေပြီ" သူကအလွန်အရေးကြီးသည့် တစုံတရာကို သတိပေးသည့်ပုံစံဖြင့် ရွှီဇီရုန်၏အသံက လေးနက်နေသည်။


သူ၏မဲနက်သည့်မျက်လုံးတွေကို ရွှီဇီယန် ဆွဲဆောင်ခံလိုက်ရပြီး တစ်ခဏလောက် မှင်တက်သွားသည်။ အချိန်တော်တော် ကြားသွားပြီးနောက် သူထိတ်လန့်စွာ အဝေးသို့အကြည့်လွဲလိုက်သည်။

"ဟားဟားဟား ဇီရုန်ကအရွယ်ရောက်ပြီဆိုတာ ငါသေချာသိတာပေါ့ မင်းကလအနည်းငယ်ဆိုရင် ၁၈နှစ်ပြည့်တော့မှာဆိုတော့ အရွယ်ရောက်တော့မှာပေါ့"


"၁၈နှစ်?" ရွှီဇီရုန်ရေရွတ်လိုက်ပြီး ရွှီဇီယန်အား ပြုံးပြီးကြည့်ကာ "ကျွန်တော်၁၈နှစ်ပြည့်တာနဲ့ အရွယ်ရောက်ပြီလား?"


"အမ်…ဟုတ်တယ် မင်းကအသက်၁၈ပြည့်ပြီဆိုတာနဲ့ မင်းအရင်တုန်းက လုပ်လို့မရတဲ့အရာတွေအားလုံး လုပ်လို့ရပြီ" ရွှီဇီယန်ဟာ သူ့ညီမျက်လုံးတွေကြောင့် ပျာယာခတ်နေပြီး အဆက်အစပ်မရှိပြောလိုက်သည်။


ရွှီဇီရုန်၏နှုတ်ခမ်းထောင့်ဟာ ပိုပိုပြီးကျယ်လာတော့သည်။ သူကရုတ်တရက် ရွှီဇီယန်ဆီသို့ ချဉ်းကပ်လိုက်သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုပြီးနီးကပ်သွားတာကြောင့် ရွှီဇီရုန်၏အသက်ရှုသံကို ရွှီဇီယန်ခံစားမိနေသည်။


"ကိုကို…ကျွန်တော်မကြာခင် အရွယ်ရောက်တော့မယ်"


ရွှီဇီယန်၏နှလုံးခုန်နှုန်းဟာ ခဏလေးအတွင်း အကြိမ်နှစ်ရာလောက် လှုပ်ခတ်သွားပြီး တစ်ခုခုတော့မှားနေမှန်း သူခံစား‌မိလိုက်သည်။ ဇီရုန်သူ့အနားကို အရမ်းကြီးနီးကပ်နေတာက သူဟာအရမ်းဆိုးတဲ့ခလုတ်အား ဖွင့်လိုက်မိသလို ခံစားလိုက်ရပြီး သူ့အတွေးတွေက ဗလာကျင်းဖြစ်နေကာပုံမှန်အတိုင်း ဘာမှတွေးတောလို့မရတော့ဘူး။


"ကိုကို, ကိုကို့မျက်နှာက ဘာလို့နီမြန်းနေရတာလဲ? ကိုကိုပူနေလို့လား?"


ရွှီဇီယန်ဟာ ရွှီဇီရုန်နဲ့ အတော်လေးနီးကပ်နေတာကြောင့် အနောက်သို့ဆုတ်လိုက်ပြီးနောက် ရွှီဇီရုန်က သူနဲ့ပြန်နီးကပ်လာပြန်ကာ သူနောက်တစ်ကြိမ် အဝေးသို့ပြန်ဆုတ်ရင်း ရွှီဇီရုန်အား နားမလည်စွာကြည့်လိုက်သည်။


ရွှီဇီယန်မရည်ရွယ်ပဲ သူ၏ပါးကိုကိုင်လိုက်ကာ ထူးဆန်းလိုက်တာ…သူဘာမှလည်းမလုပ်ထားပါဘူး ဘာလို့များဒီလောက်ထိပူနေရတာလဲ?


"ကိုကို?" ရွှီဇီရုန်က သူ့အား စိုးရိမ်နေသည့် အမူအရာဖြင့် သူ၏လက်ကိုထုတ်လိုက်ကာ ရွှီဇီယန်မျက်နှာအား ထိကြည့်လိုက်ရင်း "ကိုကို, ကိုကို့မျက်နှာက အရမ်းပူနေတာပဲရော"


"အာ? တကယ်လား? အမ်…ဖြစ်နိုင်တာက ရာသီဥတုအရမ်းပူနေလို့ဖြစ်မယ်…ငါ…ငါလမ်းသွားလျှောက်လိုက်ဦးမယ်" ရွှီဇီယန်စကားထစ်သွားပြီး ထွက်ပြေးလေတော့သည်။ မြန်မြန်ထွက်သွားပြီးနောက် သူတံခါးဆီလှမ်းလျှောက်ဖို့ အချိန်မရှိတော့တာကြောင့် ပြတင်းပေါက်ကနေသာ ခုန်ချလိုက်တော့သည်။


ပုံရိပ်ကလေးပျောက်ကွယ်သွားပြီးနောက် ရွှီဇီရုန်၏စိုးရိမ်နေသည့်အကြည့်တွေ ပျောက်ကွယ်သွားတော့သည်။ ဆန့်ကျင်ဘက်အနေနဲ့ သူက‌ရွှင်မြူးသည့် အပြုံးမျိုးကို ထုတ်ဖော်ထားသည်။


သူတစ်ချိန်တုန်းက စက်ဆုပ်ရွံရှာခဲ့သည့် နည်းလမ်းတွေဟာ သူ့ကိုကိုအား အသုံးချသည့်အချိန်၌ အတော်လေး အကျိုးသက်ရောက်မှုရှိသည်။ ထိုနည်းလမ်းနဲ့ အာရုံစိုက်ခံရအောင် သူလုပ်လိုက်ခြင်းဖြစ်ပြီး အနာဂတ်မှာ ဒီနည်းလမ်းကို အသုံးပြုနိုင်မည့် အခွင့်အရေးကို အခြားလူတွေအားသူပေးမှာမဟုတ်ဘူး! 


အခန်းထဲကနေလျင်မြန်စွာထွက်လာပြီးနောက် ရွှီဇီယန် ချောင်ကျသည့် ထောင့်နား‌ကိုရှာတွေ့လိုက်ပြီး ထိတ်လန့်စွာ ဝင်ပုန်းလိုက်သည်။


ရွှီဇီရုန်၏အနှောင့်အယှက်မရှိတာကြောင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်နေ‌ပြီး နောက်ဆုံးတော့ ရွှီဇီယန်မှာ ရှက်ကိုးရှက်ကန်းအခြေအနေကနေ လွတ်မြောက်လာတော့သည်။


သူ့ကိုယ်သူအထင်သေးကာ နံရံကိုကုတ်ခြစ်နေလိုက်ပြီး ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲ မင်းကဘာအတွက်ရှက်နေရတာလဲ?


ထိုအခြေအနေကို သူနောက်တစ်ကြိမ် ပြန်လည်တွေးကြည့်လိုက်သည့်အချိန်၌ သူရှက်ကိုးရှက်ကန်းဖြစ်မှုကို မခံစားရတော့ပေ။


သူဟာ သူ့ကိုယ်သူ ထပ်ခါတလဲလဲပြန်ပြောနေမိသည်၊ ဇီရုန်က အရင်တုန်းကလည်း သူနဲ့မနီးကပ်ခဲ့လို့လား? ဒီတော့ဘာလို့များ သူ့မျက်နှာကနီမြန်းလာရတာလဲ? 


ရွှီဇီယန် သူ့ကိုယ်သူ လိမ်ညာဖို့ကြိုးစားလိုက်ပြီး ဇီရုန်ဟာ ကသိကအောက်ဖြစ်စေသည့် လေထုအခြေအနေကို ဖန်တီးတာမဟုတ်ဘူးလို့ သူ့ကိုယ်သူပြောနေမိသည်။ သူ့အတွက်ကတော့ ဇီရုန်က သူ့ညီလေးဖြစ်တာကြောင့် ဘယ်သူကဒီလိုအရာတွေကို သူ့ညီဖြစ်သူနဲ့လုပ်ရမှာလဲ? 


#TK