Chapter 103
Viewers 23k

Chapter 103


ပြီးတော့ ဝတ္ထုထဲကအရဆိုရင် ဇီရုန်က အဓိကဇာတ်လိုက်၏ဆွဲဆောင်မှုကိုတောင် ခံနိုင်ရည်ရှိတဲ့သူဖြစ်သည်။ သူသာမိန်းမတွေကို ကြိုက်တယ်ဆိုတာ သိသာတာကြောင့် သူ့အကိုဖြစ်သူကို ထူးဆန်းတဲ့အရာတွေပြုမူမှာမဟုတ်ဘူး!

ဒီအချက်နှစ်ချက်ကြောင့် ရွှီဇီယန်ဟာ ဇီရုန်အပေါ် သံသယရှိမှုတွေကို ပြန်ရုပ်သိမ်းလိုက်ပြီး သူကိုယ်သူအတွေးလွန်နေတယ်လို့သာ မှတ်ယူလိုက်သည်။

သူထိုအကြောင်းကို ဂရုတစိုက်တွေးတောပြီးနောက် ဇီရုန်ကအခု ဘာမှမလုပ်ရသေးဘူးလေ။ တစ်နည်းဆိုရရင် သူကပဲစိတ်ပူလွန်နေတာမလား?

သူ့ရင်ထဲကအကြောက်တရားက တဝဲလည်လည်ဖြစ်နေတာကို သူခံစားနေရပြီး ရွှီဇီရုန်က လူ‌သတ်နိုင်လောက်သည့် မျက်နှာမျိုးကိုပိုင်ဆိုင်တယ်ဆိုတာ ရွှီဇီယန်ဝန်ခံသည်။ နီးကပ်သည့်အချိန်တုန်းကဆိုရင် ထိုမျက်နှာက အပြစ်အနာအဆာတောင်မရှိပဲ ချော‌မွတ်ကလှသည်။

ဒီလိုပြီးပြည့်စုံတဲ့ အသားအရေမျိုးနဲ့ ယောင်္ကျားဖြစ်တာ နှာမြောစရာပင်။ ဒါပေမယ့် ဇီရုန်ရဲ့အလွန်လှပတဲ့မျက်နှာမျိုးနဲ့ဆိုရင် သူ့ရဲ့အနာဂတ်မိန်းမက ဘယ်လောက်တောင် စိတ်ပူရမလဲမသိဘူး?

ဇီရုန်၏အနာဂတ်မိန်းမအတွက် ဝမ်းနည်းပူဆွေးပေးပြီးနောက် သူ၏ထိတ်လန့်နေတာတွေကို တစ်ချို့သော ရှုပ်ထွေးနေသည့်အတွေးတွေဖြင့် ရွှီဇီယန် ပြန်လည်ဖုံးကွယ်နိုင်သည်။

သူ၏ပုံစံကို အလိုက်သင့်ပြုမူနိုင်အောင် အချိန်အနည်းငယ်ယူလိုက်ရသည်။ ရွှီဇီယန် လမ်းထွက်လျှောက်ချိန်၌ သူ၏မတည်ငြိမ်မှုတွေကို ပြန်လည်ဖုံးကွယ်နိုင်လိုက်ပြီး သူ့ညီလေးကို ဂရုစိုက်သည့် အကိုကောင်းတစ်ယောက်အဖြစ်သို့ ပြန်လည်ဖြစ်သွားပြန်သည်။ 

ဒါပေမယ့်…ဘယ်အချိန်ထိ သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်မလဲဆိုတာကတော့ ဘယ်သူမှမသိနိုင်ပေ→. →

*****

နှစ်ရက်ကြာပြီးနောက် ကျန်ရင်း(မ)၏ လက်ထပ်ပွဲသို့ ရောက်ရှိလာတော့သည်။

ဝူတျီမြို့တစ်ခုလုံးဟာ လက်ထပ်ပွဲကြောင့် အသက်ဝင်လာတော့သည်။

အဲ့ဒါကဖန့်မိသားစုကပဲဖြစ်ဖြစ် ကျန်မိသားစုကပဲဖြစ်ဖြစ် သူတို့တွေက ဒီမြို့၏အကြီးဆုံး မိသားစုတွေထဲမှာပါဝင်သည်။ အပြင်လောက,က မျက်စိတွေနဲ့ကြည့်မယ်ဆိုရင်တော့ သူတို့မိသားစုတွေက အလွန်သေးငယ်ပေမယ့် ဒီမြို့ကဒေသခံတွေကတော့ သူတို့တွေကို ပြန်လည်မော့ကြည့်ရသည်။

ဖန့်မိသားစုနဲ့ကျန်မိသားစုဟာ ပစ္စည်းတွေကိုထောက်ပံ့ဖို့ စည်းလုံးညီညွတ်ကြပြီး လမ်းတိုင်းကိုတန်ဆာဆင်ထားသည်။ နှစ်ရက်အတွင်း အလယ်အလတ်ကျင့်ကြံသူတွေ၏လက်အောက်က အဆင့်နိမ့်ကျင့်ကြံသူတွေဟာ များပြားသည့်တန်ဆာဆင်သည့် အလုပ်တွေကို ပြီးဆုံးအောင်ပြုလုပ်ခဲ့ကြပြီး ထိုအလုပ်က အတော်လေးကို အဓိပ္ပါယ်မရှိလှပေ။

သူတို့အလုပ်တွေပြီးဆုံးသွားပြီးနောက် ချီစွမ်းအင်စုဆောင်းမှုအဆင့်ထက်မြင့်သည့် ကျင့်ကြံသူအတော်များများဟာ တိတ်တဆိတ် ထိုတန်ဆာဆင်ထားသည့်အောက်က နေရာအတော်များများမှာ ဆုံမှတ်တစ်ချို့ကို တိတ်တဆိတ် သတ်မှတ်လိုက်ပြီး အခင်းအကျင်းတစ်ခုလုံးကို အနေအထားပြင်ဆင်လိုက်ကြသည်။ 

"အဖေ ကျွန်တော် လက်ထပ်ပွဲကို သွားတော့မယ်" ဖန့်ထျန်းယွင်က တောက်ပနေသည့်အနီရောင်ဝတ်စုံဖြင့် သူ့အဖေနဲ့ဦးလေးကို ပျော်ရွှင်စွာပြောလိုက်သည်။

"ကောင်းပြီ သွားတော့ လမ်းခရီးမှာလည်း ဂရုစိုက်ဦး" ဖန့်ချင်ကအပြုံးလေးဖြင့် ပြောလိုက်သည်။ "မြန်မြန်သွားပြီး ငါ့ချွေးမလောင်းလေးကို ခေါ်လာခဲ့ မင်းကအရမ်းကံကောင်းတယ် ကျန်ရင်းကလိမ်မာတဲ့မိန်းကလေးပဲ အစတုန်းကတော့ မင်းဦးလေးက သူမကိုမင်းအကိုနဲ့ လက်ထပ်စေချင်တာ ဒါပေမယ့် မင်းကပိုမြန်သွားတယ် ဟားဟား…"
『K- ညီမကညီနဲ့ရ၊ အကိုကအကိုနဲ့ပြန်ရ very good!』

ဖန့်ထျန်းယွင်က ရုတ်တရက် မှင်တက်သွားပြီး
"အဖေ ကျွန်တော်က ကျွန်တော့်အကိုရဲ့မိန်းမကို လုသလိုပုံစံကြီး မပြောပါနဲ့…"

ဖန့်မျန့်၏မျက်နှာကတော့ ခက်ထန်လျက်ရှိပြီး ဖန့်ချင်၏စကားကို သူဘာမှမတုံ့ပြန်ပေ။ သူ့ဦးလေး၏ပုံစံက အမြဲလိုလိုဒီလိုအနေအထားသာဖြစ်ပြီး ထိုစကားကြောင့် သူဒေါသထွက်မှာမဟုတ်ပါ။

"သွားတော့" ဖန့်မျန့်ကလေးနက်သည့် အသံဖြင့်ပြောလိုက်ပြီး ထို့နောက် ထပ်ပေါင်းပြောဆိုလိုက်သည် "မင်းရဲ့လျှင်ယွိကျာကိုလည်းယူသွား"

ထိုစကားကို ကြားပြီးနောက် ဖန့်ထျန်းယွင် မှင်တက်သွားပြီး ဖန့်ချင်ကအနည်းငယ် မျက်မှောင်ကြုတ်ကာ
"အဲ့ဒါကလိုအပ်လို့လား?"

"လုံခြုံဖို့အဓိကပဲ"

"ငါသဘောတူတယ်" ဖန့်ချင်ခေါင်းညိတ်လိုက်ပြီး အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက မြို့ထဲကိုဝင်ပြီး သူ့ကိုလာသတ်လို့မရပေမယ့် သူ့သားရဲ့လက်ထပ်ပွဲနေ့မှာ အကာအကွယ်ကြိုလုပ်ထားတာက ပိုကောင်းလိမ့်မည်။

"သွားတော့ ယွင်အာ လျှင်ယွိကျာနှစ်ခုယူသွား…" သူခဏလောက်ရပ်ပြီး အပြုံးဖြင့် "ကျန်ထျန်းရှင်ကလည်း သူ့သမီးအတွက် လျှင်ယွိကျာပြင်ထားမယ်ဆိုတာ သေချာတယ် ပြီးတော့ ဒီလျှင်ယွိကျာက ငါတို့တွေရဲ့သဘောထားကို ကိုယ်စားပြုတယ်…ယွင်အာ မင်းအဲ့ဒီနေရာကို ရောက်သွားတဲ့အခါ မင်းရဲ့ယောက္ခထီးဆီကို အဲ့ဒါပေးလိုက်"

ဖန့်ထျန်းယွင်က သူ့အဖေနဲ့ဦးလေးဖြစ်သူကို နားမလည်စွာ ကြည့်နေသည်။

မြို့ကတိုက်ခိုက်ခံရမယ်ဆိုသည့် သတင်းတွေဟာ ဝူတျီမြို့က မိသားစုလေးစု၏ခေါင်းဆောင်တွေကိုသာ ရောက်ရှိထားပြီး သူတို့တွေကလည်း ယုံကြည်ကြသည်။

ကျန်ခေါင်းဆောင်ဟာ ဝူတျီမြို့၏ဂိတ်လေးခုကို တိတ်တဆိတ် စစ်ဆေးလိုက်ပြီး နေရာတိုင်းလိုလိုဟာ ပြုပြင်ခံထားရသည့် လက္ခဏာတွေရှိနေသည်။ အနောက်ဘက်ဂိတ်က ပိုပြီးတော့ပျက်စီးမှုများပြီး ကျန်ထျန်းရှင်၏စိစစ်ချက်အရ ကျန်ဂိတ်သုံးခုကို တူညီတဲ့ဖွဲ့တစ်ဖွဲ့၏လူတွေသာ ဖျက်ဆီးထားကြောင့် တွေ့ရသည်။ ထိုအကြောင်းအရာတွေက နတ်ဆိုးကျင့်ကြံသူတွေဟာ မြို့ကိုချောင်းမြောင်းတိုက်ခိုက်ချင်နေမှန်း သိသာလှသည်။ အနောက်ဘက်ဂိတ်ကိုတော့ အဖွဲ့နှစ်ဖွဲ့၏လူတွေက ဖျက်ဆီးထားတာဖြစ်ပြီး ထိုအရာက သူ့ကိုဝမ်းနည်းမှုရော ဒေါသထွက်မှုရော ဖြစ်ပေါ်စေသည်။

ထိုကိစ္စထဲမှာ ကျန်မိသားစု၏အတွင်းလူပါဝင်နေမှန်း သေချာပေမယ့် အခြားမိသားစုကလူတွေက မပါဘူးဆိုတာကတော့ အာမ,မခံနိုင်ဘူး။ ကြံရာမရဖြစ်တာကြောင့် ဒီခေါင်းဆောင်တွေဟာ အတိုင်းအတာတစ်ခုအတွင်း ဒီသတင်းတွေပျံနှံ့သွားမှာကို ထိန်းချုပ်ထားရုံသာတတ်နိုင်ပြီး သူတို့တွေဟာ ကာကွယ်ရေးအစီအစဉ်တွေကို ကြိုတင်အသေးစိတ်ပြင်ဆင်နေသည့်အချိန်၌ သူတို့တွေအားဟန့်တားထားသလို ခံစားစေရသည်။

ကံကောင်းစွာ ဖန့်မိသားစုနဲ့ကျန်မိသားစု၏ လက်ထပ်ပွဲကို အကြောင်းပြကာ သူတို့တွေ တိတ်တဆိတ် များပြားသည့်အခင်းအကျင်းတွေကို ကြိုတင်အသေးစိတ်စီစဉ်ထားသည်။ တစုံတယောက်သာ ဒီအခင်းအကျင်းတွေထဲကို ဦးဆောင်ရောက်ရှိလာပါက သူတို့တွေက နတ်ဆိုးကျင့်ကြံသူတွေကို အကြီးစားအံ့ဩမှုကြီး ပြန်လည်ပေးလိုက်မည်ဖြစ်သည်။

"ယွင်အာ"

"ဟုတ်ကဲ့ ဦးလေး"

"လမ်းခရီးမှာဂရုစိုက်"

"ကျွန်တော်နားလည်ပါပြီ" ဖန့်ထျန်းယွင်စိတ်လှုပ်ရှားနေပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဖော်ပြထားခြင်းမရှိပေ။

သူ့အဖေနဲ့ဦးလေးဖြစ်သူကို နှုတ်ဆက်ပြီးနောက် ကျန်မိသားစုဆီသွားကာ သူ၏သတို့သမီးလောင်းကို သွားကြိုရန် ပျော်ရွှင်စွာထွက်သွားတော့သည်။ 

"ထျန်းယွင်ကလိမ်မာတဲ့ကလေးပဲ" ဖန့်မျန့်ချီးမွမ်းလိုက်၏။

"ဟား တကယ်လား…အင်းပေါ့ သူ့အဖေဖြစ်သူက ဘယ်သူလဲဆိုတာပဲကြည့်လိုက်လေ" ဖန့်ချင်ကကျေနပ်အားရစွာ ပြောလိုက်သည်။

"အင်း" ဖန့်မျန့်ခေါင်းညိတ်ကာ "ငါ့ရဲ့ခယ်မလေးက လိမ်မာတဲ့တူလေးကို မွေးပေးခဲ့တာပဲ"

ဖန့်ချင်: "…"

ဖန့်မျန့်၏နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားတာကို ဘယ်သူမှမမြင်လိုက်ပေ။

ဒီနေ့မှာတော့ မင်္ဂလာပွဲကို တက်ရောက်ကြသည့်လူတွေနဲ့ ဝူတျီမြို့ စည်ကားနေတော့သည်။

လမ်းတွေများမှာ တန်ဆာဆင်ထားသည့် အရာတွေကိုကြည့်လိုက်ရင်း ဂုဏ်ပြုဖို့ရောက်လာသည့် ဂိုဏ်း‌ငယ်လေးတွေက တချို့သောကျင့်ကြံသူတွေဟာ သူတို့‌မေးရိုးတွေ ပြုတ်ကျမလိုတောင်ဖြစ်သွားရသည်။ ဖန့်မိသားစုနဲ့ကျန်မိသားစုဟာ အလွန်ကိုရက်ရောတာမို့ ဒီလိုပစ္စည်းတွေ တန်ဆာဆင်ထားတာက သာမန်ဖြစ်စဉ်သာဖြစ်သည်။

ဟိုနားကတံစက်မြိတ်က သတ္တုပန်းနဲ့တူလှပြီး သာမန်သံတွေကို အသုံးပြုရင်လည်း တူညီသည့် အကျိုးသက်ရောက်မှုရနိုင်ပေမယ့် ဒီနေရာကတွဲလောင်းချိတ်ထားသည့်အရာက အကောင်းဆုံးသံမျိုးနဲ့ပြုလုပ်ထားသည်။ 

သာမန်သံနဲ့ အကောင်းဆုံးသံဟာ အစပေါင်းထောင်ချီကွာခြားမှုရှိပြီး အဆင့်နိမ့်ကျင့်ကြံခြင်းအများစုက သူတို့တွေ ထိုပန်းကိုတိတ်တဆိတ်ခိုးယူရန် တီးတိုးပြောဆိုနေကြသည်။

အဲ့ဒါတွေကအတွေးသက်သက်သာဖြစ်သည်။ အဲ့ဒီလိုတန်ဖိုးကြီးသည့် ပစ္စည်းတွေရှိထားမှတော့ ဖန့်မိသားစုနဲ့ကျန်မိသားစုက ဧည့်သည်တွေကိုကြိုဆိုဖို့ ကျင့်ကြံသူတွေလည်း ရှိနေလိမ့်မည်။ ဒီလူတွေက ဧည့်သည်တွေကို ဖန့်မိသားစုဆီသို့ လမ်းညွှန်ပေးလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏တာဝန်နေရာကနေ ထွက်သွားပါက အခြားသောကျင့်ကြံသူတစ်ယောက်က ထိုနေရာ၌ ချက်ချင်းအစားထိုးဝင်ရောက်လိမ့်မည်။

မြို့၏စားသောက်ဆိုင်တစ်ဆိုင်က ဒုတိယမြောက်အထပ် ပြတင်းပေါက်နားမှာ ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရှိနေသည်။ ယောင်္ကျားလေးက ချောမောလှပြီး မိန်းကလေးက နူးညံ့သိမ့်မွေ့သည်။ ထိုနေရာမှာ တိတ်တဆိတ်ထိုင်နေပြီး သူတို့တွေက အရာအားလုံးကို အာရုံစူးစိုက်ကြည့်ရှုနေသည်။

"အကို တစ်ခုခုမှားနေတယ်လို့ ထင်မိလား?" ဆွဲဆောင်မှုရှိသည့်မိန်းကလေးက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက‌ ယောင်္ကျားလေးဘေးနားမှာ ထိုင်နေပြီး အောက်ကလူအုပ်ကြီးကိုကြည့်ပြီး စဉ်းစား၍မရစွာ ပြောလိုက်သည်။

"အင်း ဝူတျီမြို့ကလူတွေက တစ်ခုခုကို သိထားပုံပေါ်တယ်" ယောင်္ကျားလေးက သူ၏လက်ချောင်းဖြင့် စားပွဲခုံကိုတောက်ကာ သူ၏မျက်လုံးတွေက အရမ်းကို‌လေးနက်နေသည်။

မိန်းကလေးက သူမ၏မျက်ခုံးတွေ ပင့်တက်သွားပြီး
"သူတို့တွေက ထျယ်ရှီးရဲ့အစီအစဉ်ကို ရှာတွေ့သွားပြီလို့ အကိုတွေးမိလား?"

ယောင်္ကျားလေးက သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး
"သူတို့တွေ အားလုံးသိသွားပြီလို့တော့ ငါမထင်မိပေမယ့် ဒီရက်တွေအတွင်း အဆင့်မြင့်ကျင့်ကြံသူတွေက အများကြီးဟာ ဒီမြို့ထဲကနေ ထွက်သွားကြတယ်"

"သူတို့တွေက အနီးနားကမြို့တွေကို ဖိတ်ကြားဖို့ သွားတာမဟုတ်ဘူးလား?" မိန်းကလေးက နားမလည်နိုင်စွာ မေးလိုက်သည်။

ယောင်္ကျားလေးကနှစ်ကြိမ်လောက် ရယ်မောလိုက်ကာ မိန်းကလေး၏ခေါင်းကို ပုတ်လိုက်ပြီး
"လူသားတွေက ‌ကောက်ကျစ်တတ်တဲ့ သတ္တဝါတွေပဲ သူတို့တွေကို ဖိတ်ကြားဖို့အတွက် သွားခိုင်းတယ်ဆိုပေမယ့် သူတို့တွေကမြို့ကနေ ထွက်သွားတိုင်း သူတို့တွေက တမင်တကာ တောအုပ်တွေကို ဖြတ်သွားလေ့ရှိမှန်း ငါသိထားတယ်"

"အဲ့ဒီတော့ဘာဖြစ်လဲ? တောအုပ်တွေကနေ ဖြတ်သွားတော့ ပိုမနီးသွားဘူးလား?" မိန်းကလေးက အခုထိနားမလည်နိုင်သေးပေ။

ယောင်္ကျားလေးက မိန်းကလေး၏နဖူးကို အသာအယာပုတ်လိုက်ပြီး "ငတုံးမလေး တောအုပ်ကနေဖြတ်သွားတာက ခရီးတိုပေမယ့် အဲ့ဒီနေရာမှာက တောကောင်တွေအများကြီးရှိတယ်လေ အကယ်၍ သူတို့တွေကို တောကောင်တွေက တားလိုက်တယ်ဆိုရင် သူတို့တွေက တိုက်ခိုက်ပြီးမှ ထွက်သွားလို့ရမှာလေ ဒီတော့အချိန်ကပိုမကြာသွားဘူးလား"

မိန်းကလေးကနှုတ်ခမ်းစူကာ "အကိုကအရမ်းတုံးတာပဲ ထျယ်ရှီးက အဲ့ဒီတောကောင်တွေကို အဝေးပို့လိုက်ပြီမဟုတ်ဘူးလား?"

ယောင်္ကျားလေးကမှင်တက်စွာ သူ၏မျက်လုံးတွေကို လည်လိုက်ရင်း မိန်းကလေး၏နဖူးကို အသာအယာထပ်ပုတ်လိုက်ပြီး "မင်းတုံးတယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ ငတုံးမလေးရဲ့ မင်းပဲတောကောင်တွေကို အဝေးသို့ပို့လိုက်ပြီလို့မပြောခဲ့ဘူးလား ဒါဆို မင်းကဒီမြို့ရဲ့အရှင်သခင်လို့ ပုံဖော်ကြည့်လိုက်ပြီး တောအုပ်တွေထဲက တောကောင်တွေအားလုံးပျောက်သွားရင် မင်းကသံသယဝင်လာမှာပဲမဟုတ်ဘူးလား?"

"အိုး အဲ့ဒီလိုကို" မိန်းကလေးဟာ ရုတ်တရက် နားလည်သွားတော့သည်။

ယောင်္ကျားလေးဟာ ကောင်းကင်ကို အကူအညီမဲ့စွာ ကြည့်လိုက်ပြီး ကျောင်းလုံရိဇူ၏စွမ်းအားက တကယ့်ကိုသန်မာလှသည်။ ကျောင်းလုံရိဇူကလူတိုင်း အသံပြုလုပ်နိုင်ဖို့ အစောပိုင်း ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိထားရမည်ဖြစ်သည်။ သူတို့တွေ လူကြီးအရွယ်ကို ရောက်ရှိသည့်အချိန်၌ သူတို့တွေက ရွှေအမြုတေကျင့်ကြံသူလောက်ရှိသည့် စွမ်းအားကို တိုက်ရိုက်ပိုင်ဆိုင်နိုင်ကြသည်။ ဘယ်အရာက စိတ်ပျက်စရာအကောင်းဆုံးလည်းဆိုတော့…သူတို့တွေက ကြီးမားသည့်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပေမယ့် သူတို့တွေ၏ဉာဏ်ရည်တွေကတော့ ဒီအတိုင်းသာဖြစ်သည်…

သူတို့တွေရဲ့ခြေလက်အင်္ဂါတွေကတော့ ကောင်းမွန်စွာ ကြီးထွားလာပေမယ့် သူတို့တွေ၏ဉာဏ်ရည်တွေကတော့ သာမန်သာဖြစ်သည်။ ကံကောင်းစွာ ကျောင်းလုံရိဇူဟာ ပေးဟိုင်မှာပဲ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး သူတို့တွေက မြေပြန့်ဒေသက တိုက်ပွဲတွေ၌ ပါဝင်ခြင်းမရှိပေ။ တစ်နည်း‌ဆိုရရင် မြေပြန့်ဒေသက ကျင့်ကြံသူတေ‌ွဟာ နည်းပရိယာသုံးရာမှာ အရမ်းကောင်းမွန်တာကြောင့် ကျောင်းလုံရိဇူအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ ပြောပြဖို့ရန် ခက်ခဲလှ‌သည်။

"အကို ညီမ‌တို့တွေ နတ်ဆိုးကျင့်ကြံသူတွေကို ကူညီကြမလား?" မိန်းကလေးဟာ အသင့်ပြင်ကာ ပြောလိုက်သည်။

ယောင်္ကျားလေးလေးက အလွန်လေးနက်စွာကြည့်လိုက်ပြီး ပြင်းထန်စွာအော်လိုက်သည်။
"ငါတို့တွေ ဒီနေရာကိုလာစဉ်က ငါဘာပြောခဲ့လဲ? ငါတို့တွေက ဒီနေရာကို ပျော်ဖို့အတွက်ပဲလာတာ လူသားတွေကိုရော၊ နတ်ဆိုးကျင့်ကြံသူတွေကိုရော ကူညီဖို့ ငါတို့လာတာမဟုတ်ဘူး!"

"ဒါပေမယ့်…အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက ညီမတို့နဲ့တူညီတယ်လို့ မှတ်ယူလို့ရတာပဲလေ" မိန်းကလေးက သူမ၏လျှာကိုထုတ်ကာ ပြောလိုက်သည်။

ယောင်္ကျားလေးက သူမအား စူးရှစွာကြည့်လိုက်ပြီး
"ငါတွေးမိတာကတော့ မင်းအရွယ်ရောက်တဲ့အခမ်းအနားကိုတော့ မကျော်သွားဘူးမလား? ငါတို့တွေကပေးဟိုင်က အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေနဲ့ ငါတို့တွေက ဘာသွားလုပ်ရမှာလဲ? ပြီးတော့ အဲ့ဒီလူတွေကို လူကောင်းတွေလို့ မင်းထင်မနေနဲ့ သူတို့တွေက ငါတို့လူတွေကို ဘယ်လောက်တောင် သတ်ပစ်ခဲ့လည်းပြန်စဉ်းစားကြည့်လိုက်!"

မိန်းကလေးဟာ ယောင်္ကျားလေး၏ပြင်းထန်လှသည့် စကားလုံးတွေမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူမဘာစကားမှ မပြောရဲတော့ပေ။ သူမအကိုက စစ်လုံရိဇူကဖြစ်ပြီး ကျောင်းလုံရိဇူနဲ့ စစ်လုံရိဇူဟာ အရမ်းကိုကွဲပြားသည့်မျိုးနွယ်စုတွေ ဖြစ်ကြသည်။

ကျောင်းလုံရိဇူက ခြေလက်အင်္ဂါတွေ သန်မာစွာကြီးထွားကြပြီး ဉာဏ်ရည်ကတော့သာမန်သာ ဖြစ်ပေမယ့် စစ်လုံရိဇူကတော့ ဆန့်ကျင်ဘက်အနေနဲ့ — သူတို့တွေက ရုပ်ပိုင်းဆိုင်ရာစွမ်းအား သိပ်မမြင့်ကြပေမယ့် သူတို့တွေက ဉာဏ်ကောင်းကြသည်။

အဲ့ဒီအကြောင်းပြချက်တွေကြောင့် ကျောင်းလုံရိဇူနဲ့စစ်လုံရိဇူက ခေါင်းဆောင်တွေဟာ မျိုးနွယ်စုနှစ်စုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဟာဗျူဟာချက်မှတ်လိုက်သည်။ ကျောင်းလုံရိဇူက စစ်လုံရိဇူကလူတွေ အန္တရာယ်ကင်းစေဖို့ရန် တာဝန်ယူရပြီး စစ်လုံရိဇူက သူတို့တွေရဲ့ဉာဏ်ရည်တွေကို အသုံးပြုကာ ကျောင်းလုံရိဇူကလူတွေ တိုက်ခိုက်ရာတွင် အကျိုးအမြတ်များများရဖို့ တာဝန်ယူရသည်။

ကျောင်းလုံရိဇူကလူတွေ အရွယ်ရောက်လာသည့်အခါ ပြည်မကြီးမှာ ကျင့်ကြံဖို့အတွက်သွားရာတွင် စစ်လုံရိဇူကလူတွေက အတူလိုက်ပါရသည်။ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ကြည့်လိုက်တာနဲ့ သူမဘေးနားက ယောင်္ကျားလေး‌ကို တိုက်ခိုက်နိုင်သည့် စွမ်းအားလုံလောက်မှုရှိပေမယ့် သူမက သူ၏ဝေဖန်ချက်တွေကို ကျိုးနွံစွာ‌နားထောင်ရသည်။

"ငါမင်းကိုသတိပေးထားမယ်နော် ဒီမြို့မှာ မင်းလှုပ်ရှားရဲရင် လှုပ်ရှားကြည့်လိုက် ငါပြန်ရောက်တာနဲ့ အကြီးအကဲဆီတင်ပြမှာ ပြီးတော့ ငါသူတို့တွေကို မင်းရဲ့အရွယ်ရောက်တဲ့အခမ်းအနားက မပြီးမြောက်ဘူးလို့ပြောမှာ အဲ့ဒီလိုသာဖြစ်သွားရင် မင်းနောက်တစ်ခါ အပြင်ထွက်ပြီးကျင့်ကြံဖို့ မင်းနှစ်ပေါင်းတစ်ရာစောင့်ရလိမ့်မယ်" ယောင်္ကျားလေးဟာ မိန်းကလေးဖြစ်သူက မဆင်မခြင်ပြုလုပ်မှာ စိုးရိမ်တာကြောင့် သူကချက်ချင်း သူမအား ဖြစ်လာနိုင်သည့်အကျိုးသက်ရောက်မှုဖြင့် သတိပေးလိုက်သည်။

မိန်းကလေးကပခုံးတွန့်သွားသည်။ သူမငယ်ငယ်လေးထဲက ပေးဟိုင်မှာ နှစ်ပေါင်းသုံးရာကျော်လောက် နေခဲ့ရပြီးဖြစ်ကာ သူမကအပြင်ထွက်လာဖို့ဆိုတာက အဖိုးတန်လှသည့် အခွင့်အရေးပင်ဖြစ်သည်။ အကယ်၍ သူမပြန်ပို့ခံရပြီး အဲ့ဒီနေရာမှာ ထိန်းသိမ်းခံထားရပါက အလွန်ကိုစိတ်ပျက်စရာပင်ဖြစ်ပေလိမ့်မည်။

『TK: ကျောင်းလုံရိဇူ-ကလူတွေက ဉာဏ်‌ရည်နိမ့်ပါတယ်၊ ဥပမာပြောရရင် သူတို့‌အသက်တွေက ၂၀လောက်ရှိနေရင်တောင် သူတို့ဉာဏ်ရည်က ၁၀နှစ်သားအရွယ်လောက်သာ ရှိပါတယ်၊ သူတို့တွေက ဉာဏ်ရည်ဆက်ပြီးမဖွံ့ဖြိုးပါဘူး၊ မိန်းကလေးဖြစ်သူက ကျောင်းလုံရိဇူကဖြစ်တာကြောင့် ယောင်္ကျားလေးက သူမကိုနားလည်အောင် မနည်းရှင်းပြနေရတာပါ』


#TK