Chapter 95
Viewers 23k

Chapter 95


ရွှီဇီယန်ခဏလောက် တွေးတောလိုက်ပြီး ရွှီဇီရုန်အား လှည့်ကြည့်လိုက်သည်။

ရွှီဇီရုန်က သူ့အနောက်မှာသာရပ်နေပြီး အစကတည်းက သူဘာတစ်ခွန်းမှဝင်မပြောပေ။ သူ့သခင်လေး အန္တရာယ်ကင်းဖို့အတွက် တိတ်ဆိတ်သည့် သက်တော်စောင့်ပုံစံအဖြစ်သာ စောင့်ရှောက်ဖို့ ဆုံးဖြတ်ထားသည်။ 

ရွှီဇီယန်သက်ပြင်းတစ်ချက်ချကာ လေရှူရှိုက်လိုက်ရင်း ပြန်လှည့်ကာ ကျန်ရင်းအားကြည့်လိုက်သည်။
"ငါ့မှာထူးခြားတဲ့စွမ်းရည်ရှိပြီးတော့ တခါတရံ အဲ့ဒါကိုအသက်သွင်းလို့ရတယ် အဲ့ဒါကိုတစ်ခါအသက်သွင်းရင် ငါ့အနီးနားပတ်ဝန်းကျင်က လူတွေအန္တရာယ်ကင်း,မကင်းကို ငါအာရုံခံနိုင်တယ်"

"ဖန့်ထျန်းရွေ့အပါအဝင်လား?" ကျန်ရင်းစောင်းကြည့်ကာ မေးလိုက်သည်။

ဖန်ထျန်းရွေ့ဆိုတာ ဖန့်သခင်လေးကိုပြောမှန်း ရွှီဇီယန် သဘောပေါက်တာကြောင့် သူခေါင်းညိတ်လိုက်သည်။

"ထျန်းရွေ့နဲ့မင်းက ဘယ်လိုပတ်သက်မှုရှိတာလဲ?" ကျန်ရင်းမေးလိုက်သည်။

"ငါတို့ကအချိန်အထိတော့ ဘယ်လိုပတ်သက်မှုမှ မရှိသေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ပတ်သက်မှုတွေရှိလာနိုင်တယ်လို့ ငါဆုံးဖြတ်ချက်မချခင် မင်းဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်လားဆိုတဲ့အပေါ် မူတည်တယ်။" 

ကျန်ရင်းခေါင်းငုံ့ကာ သူလေးနက်စွာ တွေးတောလေသည်။ ထို့နောက် သူကခေါင်းပြန်မော့ကာ ရွှီဇီယန်အား ပြန်မေးလိုက်သည်။
"မင်းဘာလို့ ငါတို့ကို ကူညီရတာလဲ?"

ရွှီဇီယန် အကူအညီမဲ့စွာ ကြည့်လိုက်ပြီး
"ငါမင်းကို ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား? ငါ့အနီးနားပတ်ဝန်းကျင်ကလူတွေ အန္တရာယ်ကင်း,မကင်းကို ငါအာရုံခံနိုင်ပါတယ်ဆို ပြောရရင်တော့ မင်းနဲ့ဖန့်ထျန်းရွေ့က အနာဂတ်မှာ ငါ့ကိုအကူအညီပေးကောင်း ပေးနိုင်တယ်လေ ဒီတော့အခုက ငါ့ကိုယ်ငါပြန်ကူညီရုံပါ"

ကျန်ရင်းမျက်မှောင်ကြုတ်လိုက်ပြီး ရွှီဇီယန်၏လက်ခံနိုင်စွမ်းရှိသည့် စကားလုံးတွေကို ကောင်းစွာစိစစ်နေသည်။ သူကဒီလိုအရူးကြောင်ကြောင်အရာတွေကို မယုံကြည်ဘူးဆိုပေမယ့် ငယ်စဉ်အရွယ်တည်းက ကျန်အိမ်တော်ထဲ၌သာ ထိန်းသိမ်းခံထားရပြီး အပြင်ကိုလည်း အချိန်ခဏလောက်သာ ထွက်လို့ရတာကြောင့် ဒီလိုဆန်းကျယ်တဲ့စွမ်းရည်က လောကကြီးထဲမှာ တကယ်ရှိ,မရှိဆိုတာ သူသေချာမသိဘူး။ အကယ်၍ ထိုပြဿနာက သူတစ်ယောက်တည်းအတွက်သာဆိုရင် သူကြိုးစားပြီးတိုက်ခိုက်လို့ရပေမယ့် အဲ့ဒီပြဿနာထဲမှာက ဖန့်ထျန်းရွေ့ပါဝင်နေသည်…

သူဘယ်လိုစွန့်စားမှုကိုမှ မလုပ်ရဲဘူး!

"မင်းကငါ့ကိုဘာလုပ်ခိုင်းစေချင်လို့လဲ?" ကျန်ရင်းမေးလိုက်သည်။

"သိပ်မများပါဘူး ပထမဆုံးအနေနဲ့ ငါ့ရဲ့စွမ်းရည်နဲ့ပတ်သတ်ပြီး ဘယ်သူမှသိသွားတာကို ငါမလိုချင်လို့ မင်းလျှို့ဝှက်ထားရမယ်"

"ကောင်းပြီ" ကျန်ရင်းခေါင်းညိတ်ကာ ဒီဆန်းကျယ်တဲ့အရာကို ဖော်ထုတ်လိုက်လို့လည်း သူ့အတွက် ဘာအကျိုးအမြတ်မှ မရနိုင်တာကြောင့် သူလည်းမစွန့်စားချင်ပါ။

"ဒုတိယအချက်အနေနဲ့ ကျန်မိသားစုမှာ မင်းရဲ့တည်ရှိမှုကို မပြဘူးဆိုပေမယ့် မင်းရဲ့အစွမ်းအစနဲ့သာဆိုရင် မင်းမိသားစုနဲ့ပတ်သက်တာတွေ တစ်ခုခုကို မင်းသေချာပေါက် သိနေလိမ့်မယ်လို့ ငါယုံကြည်တယ် မင်းမိသားစုထဲက ဘယ်တစ်ယောက်ဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ လျှို့ဝှက်ကြံစည်နေလဲဆိုတာ ငါသိချင်တယ်" 

"နတ်ဆိုးကျင့်ကြံသူတွေ?" ကျန်ရင်းမျက်လုံးအိမ်တွေ ပြူးကျယ်သွားသည်။

သူကလျှို့ဝှက်ခန်းထဲမှာ ပိတ်ခံထားရကတည်းက ရွှမ်းယွိနယ်မြေ၏ ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကြားက ‌ရှည်ကြာလှတဲ့လေထုအခြေအနေထဲက ရုန်းကန်လှုပ်ရှားမှုတွေကို ဘယ်သူမှမသိကြဘူး။

တရားမျှတသည့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေဟာ တစ်ဖက်နဲ့တစ်ဖက် အမြဲတိုက်ခိုက်နေကြသည်။ ဒါပေမယ့် သူတို့နှစ်ဖွဲ့စလုံးဟာ နတ်ဆိုးကျင့်ကြံသူကို တွေ့သွားပါက သူတို့တွေက နတ်ဆိုးကျင့်ကြံသူအား အတူတူတိုက်ခိုက်ကြမည်မှာ သူတို့နှစ်ဖွဲ့လုံး၏ စွဲမြဲနေသည့် ခံစားချက်ပင်ဖြစ်သည်။ 

ကျန်မိသားစုက ဝေးလံလှသည့်မြို့၌ တည်ရှိတယ်ဆိုပေမယ့် အလယ်အလတ်မိသားစုအဖြစ် အရင်ကတည်းက ပါဝင်နေခြင်းဖြစ်သည်။ မိသားစု၏အဆင့်မြင့်ကျင့်ကြံသူတွေဟာ နတ်ဆိုးကျင့်ကြံသူတွေတိုက်ခိုက်တာကြောင့် အဆင့်အတန်းတွေကျဆင်းသွားပြီးနောက် သူတို့တွေဟာ အားနည်းတဲ့မြို့ငယ်လေးတွေ၌သာ စတင်နေထိုင်ခဲ့ကြသည်။

အကယ်၍ သူတို့တွေ၏ဘိုးဘေးတွေသာ လော့ယွင်တောက်ကျွင်းနဲ့သာ တိုက်ပွဲမှာ မဆုံခဲ့ပါက သူတို့တွေ အခုချိန်အထိ အကာအကွယ်ပေးခံရမည်မဟုတ်ပေ။

ကျန်ရင်းဟာ အရင်ကတည်းက နတ်ဆိုးကျင့်ကြံသူတွေကို အူအသည်းထဲကနေ မုန်းတီးနေတာဖြစ်ပြီး သူ၏မိသားစုကို လုပ်ကြံဖို့ နတ်ဆိုးကျင့်ကြံသူတွေ လျှို့ဝှက်ကြံစည်နေတာကို ကြားလိုက်ပြီးနောက် သူဒေါသထွက်လာတော့သည်။

သူ၏နတ်ဆိုးခန္ဓာကိုယ်ကြောင့်မို့ သူကမှန်ကန်သည့်လမ်းစဉ်ကို ကျင့်ကြံလို့မရဘူးဆိုပေမယ့် သူကနတ်ဆိုးပုံစံလုပ်ဆောင်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး။ အဲ့လိုသာမဟုတ်ရင် သူအပြင်သို့ထွက်ချိန်၌ သူ၏တည်ရှိမှုကို ဖုံးကွယ်ထားကာ ပုံစံပြောင်းပြီးတော့ ထွက်နေမည်မဟုတ်ပေ။ သူက ကျန်ထျန်းရှင်နဲ့ကျန်ရင်း(မ)အပေါ်၌ အချစ်ရော အမုန်းရော ရောထွေးနေပေမယ့် မိသားစုခံစားချက်က ပိုအလေးသာသည်။

ကျန်ရင်း၏မျက်နှာအမူအရာဟာ မခန့်မှန်းနိုင်လောက်အောင် အကျည်းတန်နေသည်။ ရွှီဇီယန်က ဘေးနားမှာသာ တိတ်တဆိတ် စောင့်နေသည်။ ကျန်ရင်းက သူ၏စကားကို မယုံကြည်မှာအတွက် သူစိတ်မပူပေ။ ထို့အပြင် ဘယ်လိုရှုထောင့်ကနေမှ ရွှီဇီယန် သူ့ကိုဆုံးဖြတ်နေစရာမလိုဘူး။ 

ထို့အပြင် တရားမျှတသည့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ၏ စိတ်အာရုံထင်မြင်ချက်ဟာ အတိုင်းအတာတစ်ခုထိ စွမ်းရည်ရှိတယ်ဆိုတာ သူယုံကြည်သည်။

"အကယ်၍ ကျန်မိသားစုထဲက တစုံတယောက်သာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ လျှို့ဝှက်ကြံစည်တယ်ဆိုရင် အဲ့ဒီလူက ငါ့ရဲ့ဒုတိယဦးလေးပဲ ဖြစ်နိုင်လိမ့်မယ်" ကျန်ရင်းထပ်ပြီးတည်ငြိမ်သွားသည်။

"မင်းရဲ့ဒုတိယဦးလေးလား?" ရွှီဇီယန်ခေါင်းညိတ်ကာ ကျန်ရင်းကို အပြုံးလေးဖြင့် ကြည့်လိုက်ရင်း
"မင်းကိုငါလိမ်လိုက်မှာကို မင်းမစိုးရိမ်ဘူးလား?"

ကျန်ရင်း သူ့အားတည်ငြိမ်စွာ ကြည့်လိုက်ရင်း သူ့မျက်နှာထက်၌ အပြုံးခပ်ရေးရေးလေးရှိနေကာ
"မင်းငါ့ကိုလိမ်လိုက်လို့လည်း ဘာအကျိုးအမြတ်မှရမယ်လို့ ငါမထင်ဘူး ပြီးတော့…ပိုအရေးကြီးတာက အခုငါကမင်းလက်ထဲမှာလေ မင်းငါ့ကိုသတ်ချင်တာပဲဖြစ်ဖြစ် ဖမ်းထားချင်တာပဲဖြစ်ဖြစ် မင်းကြိုက်သလို ဆုံးဖြတ်လို့ရတာပဲကို ဒီတော့အခုချိန်မှာ မင်းနဲ့အငြင်းအခုံဖြစ်နေဖို့က အကြံကောင်းမှမဟုတ်တာ" 

ရွှီဇီယန်ပြုံးလိုက်သည်။ ကျန်ရင်းက သူ့ကိုလုံးဝမယုံကြည်သေးပဲ သူ့စိတ်ထဲမှာ သံသယ‌တွေတော့ ရှိနေဦးမယ်ဆိုတာ သူသိသည်။ ဉာဏ်ကောင်းတဲ့လူတွေနဲ့ အပေးအယူလုပ်ရတာက အ‌ဆင်ပြေပြီး အတော်လေး လွယ်ကူလှသည်။

"အဲ့ဒါဆိုအဆင်ပြေပြီ မင်းနဲ့ဖန့်သခင်လေးက ကြီးမားတဲ့အန္တရာယ် ကျရောက်လာနိုင်တယ်လို့ ငါခံစားမိနေတယ် ဘာလို့လဲဆိုတော့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ အဲ့ဒီသစ္စာဖောက်က ပူးပေါင်းပြီးနောက် ဖန့်သခင်လေးက သူ့ရဲ့လက်မောင်းကို ဆုံးရှုံးရလိမ့်မယ် အဲ့ဒီအရာကိုပြောင်းလဲဖို့ကတော့ မင်းအပေါ်မှာပဲမူတည်တာပေါ့" အဲ့ဒီနောက်မှာတော့ သူထွက်သွားတော့သည်။

ရွှီဇီရုန်က သူ့အနောက်ကနေ နီးကပ်စွာလိုက်လာပေမယ့် မထွက်သွားခင် သူကကျန်ရင်းကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သွားသည်။

ထိုအကြည့်ဟာ ကျန်ရင်းကို သေရေးရှင်ရေးကြား၌ ရင်ဆိုင်နေရသလို ခံစားသွားရစေပြီး သူ၏နဖူးပေါ်ကနေ ချွေးတွေထွက်လာသည်။ သူ၏နတ်ဆိုးခန္ဓာကိုယ်က တစ်ဖက်လူဟာ မိစ္ဆာကျင့်ကြံခြင်းကို တတ်မြောက်ထားမှန်း သတိပေးနေပြီး မိစ္ဆာကျင့်ကြံသူ၏အဆင့်နဲ့ပတ်သက်ပြီး သူခပ်ရေးရေးမျှသာ ခန့်မှန်းနိုင်သည်။

သူ၏ပင်ကိုအသိစိတ်ကနေ ဒီလူဟာ အလွန်ကြောက်စရာကောင်းသည့် လေ့ကျင့်ရေးကို ကျင့်ကြံခဲ့မှန်း သူသိနိုင်သည်။ သူကအခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားတယ်ဆိုပေမယ့် သူ၏ထိတ်လန့်ဖွယ်ကောင်းသည့် မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းကို အခြေခံကြည့်ပါက ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ရောက်ရှိထားသည့်သူတောင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

ဒီလိုထိတ်လန့်ဖွယ်အရာမျိုးကို ဖန်တီးပြီးဖိနှိပ်လိုက်တာက လော့ယွင်တောက်ကျွင်းဟာ ရွှီဇီရုန်၏ရင်ထဲကို အကြောက်တရားမျိုးစေ့ချသွားသည့် နည်းလမ်းနဲ့ဆင်တူသည်။ ဒါပေမယ့် ကျန်ရင်းက ပြဿနာရှာမှာစိုး၍ ရွှီဇီရုန်က သတိပေးသည့်အကြည့်ဖြင့်သာ ကြည့်လိုက်ပြီး အကယ်၍ သူသာရွှီဇီရုန်၏ ကန့်သတ်ချက်မျဉ်းကို မကျော်ပါက သူလည်းအန္တရာယ်ရှိမည်မဟုတ်ပေ။

ရွှီဇီရုန်က ကျန်ရင်းအား တိတ်တဆိတ် ခြိမ်းခြောက်လိုက်တာကို ရွှီဇီယန်မသိပေ။ ကျန်ရင်းဟာ ရွှီဇီရုန်ကို ကြောက်လန့်သွားတာကြောင့် ရွှီဇီယန်၏အဓိပ္ပါယ်မရှိသည့်စကားတွေကိုလည်း ပိုယုံကြည်သွားတော့သည်။

ထို့အပြင် ကျန်ရင်းက သူတို့တွေအကြောင်းကို မသိပေမယ့် တစုံတယောက်သာ ဒီလိုစွမ်းအားမျိုးတွေသာရှိနေရင် ကျန်မိသားစုက အစကတည်းက ရှင်းပစ်ခံရလောက်ပြီးလို့ သူတွေးလိုက်သည်။ တစ်ယောက်ယောက်သာ ဒီလောက်အထိ စွမ်းအားကြီးနေမယ်ဆိုရင် ဘာဇာတ်လမ်းမှ ထွင်နေစရာအကြောင်းမရှိပေ။ 

သူတို့၏ရည်ရွယ်ချက်က ကျန်မိသားစုကိုဆိုရင် သူတို့တွေ အချိန်ဆွဲပြီး လှည့်စားမနေတော့ပဲ မိသားစုတစ်ခုလုံးကို ရှင်းပစ်ပြီးဖြစ်သည်။

ထွက်လာပြီးနောက် ရွှီဇီယန် သူ၏အဆောင်ထဲသို့ တိတ်တဆိတ်လျှောက်လာကာ သူတို့တွေ ဥယျာဉ်ထဲကို ‌လမ်းလျှောက်သွားခဲ့မှန်း ကျန်မိသားစုက ဘယ်သူမှမသိပေ။

သူထွက်သွားပြီးနောက် သွေးနွယ်ပင်တွေက လျင်မြန်စွာ ညှိုးခြောက်သွားကာ ကျန်ရင်းကို အောက်ချပေးလိုက်သည်။

နတ်ဆိုးကျန်ရင်းက ဝင်ပေါက်အဆုံးကိုကြည့်ကာ သူ၏မျက်လုံးတွေ ကျဉ်းမြောင်းနေပြီး
"သူပြောတာကို မင်းယုံလား?"

နူးညံ့သည့်ကျန်ရင်းက မြေပြင်ပေါ်မှာ ကျန်ရှိနေသေးသည့် သွေးနွယ်ပင်တွေကို သူ၏လက်မနဲ့လက်ညိုးကိုသုံးတာ ကိုင်လိုက်ရင်း ဖြေလိုက်သည်က
"လက်ဆတ်တဲ့သွေးနဲ့ပေါင်းစပ်ထားတဲ့ သစ်သားဒြပ်စင်ကျင့်စဉ်လား?" 

"ဟေး!" နတ်ဆိုးကျန်ရင်းက ရုတ်တရက် ဒေါသထွက်သွားပြီး
"ငါမင်းကို စကားပြောနေတယ်လေ"

နူးညံ့သည့်ကျန်ရင်းက သူ့လက်ထဲက သွေးနွယ်ပင်တွေကို လွင့်ပစ်လိုက်ရင်း သူ၏လက်ပေါ်က ဖုန်တွေကို သုတ်လိုက်ကာ စိတ်မဝင်စားဟန်ဖြင့်
"အရေးကြီးလို့လား? ဖန်ထျန်းရွေ့ကလည်း ဒီကိစ္စထဲပါဝင်နေတာဆိုတော့ ငါတို့တွေ ဒီပြဿနာကို လျစ်လျူရှုလို့မှမရတာ"

နတ်ဆိုးကျန်ရင်း ရုတ်တရက် မှင်တက်သွားပြီး သူကဒေါသထွက်စွာ ကျန်ရှိနေသေးသည့် သွေးနွယ်ပင်တွေကို တက်နင်းလိုက်သည်။

နူးညံ့သည့်ကျန်ရင်းကတော့ သူ၏ကလေးဆန်တဲ့ အပြုအမူကို ခွင့်ပြုထားလိုက်ပြီး 
"ဘာလိုပဲဖြစ်ဖြစ် ငါတို့တွေ ဖန်ထျန်းရွေ့ကို တွေ့ရင်ကောင်းမယ်လို့တော့ ငါထင်တယ် မင်းရောဘယ်လိုတွေးမိလဲ?"

"ငါကဘာသွားပြောရမှာလဲ?!" နတ်ဆိုးကျန်ရင်းက မြေပြင်ပေါ်မှာ ကျန်ရှိနေသေးသည့် သွေးနွယ်ပင်တွေကို ကန်လိုက်ရင်း အော်ပြောလေသည်။
"အဲ့ဒီစောက်ငတုံးကောင်က ငါ့ကိုမိန်းကလေးဆိုပြီးတော့ တွေးနေတုန်းလေ! ပြီးတော့ အခုချိန်လောက်ဆို သူဝမ်းနည်းပက်လက်ဖြစ်နေလောက်ပြီ! သူကငါတို့ကိုတွေ့ချင်ပါ့ဦးမလား?!" 

နူးညံ့တဲ့ကျန်ရင်းက ခပ်ရေးရေးပြုံးကာ
"ဟုတ်ပါတယ်လေ ပြီးတော့ သူ့ကိုနှစ်သိမ့်ပေးဖို့ ငါတို့အတွက် အခွင့်အရေးကောင်းလည်း မဖြစ်နိုင်ဘူးလား?" 

"ဒါပေမယ့်…" နတ်ဆိုးကျန်ရင်း တွန့်ဆုတ်သွားကာ
"အကယ်၍ အခုချိန် ငါတို့တွေ ဖန့်အိမ်တော်ထဲ ဝင်လို့မရဘူးဆိုရင် ငါတို့တွေသူ့ကိုသွားရှာတာက ငါတို့ကိုယ်ငါတို့ ဖော်ထုတ်နေသလိုဖြစ်မနေဘူးလား?"

နူးညံ့သည့်ကျန်ရင်းက သဘောမတူစွာဖြင့်
"အခုတောင် လူတွေက ငါတို့ကို ရှာတွေ့သွားပြီလေ အဖေနဲ့ညီမလေးဆီကနေ ငါတို့တွေ ဆက်ပြီးလျှို့ဝှက်ထားလို့ရမယ်လို့ မင်းထင်နေတာလား? ဒါပေမယ့် မင်းပြောတာလည်းမှန်ပါတယ်လေ သူအပြင်ထွက်လာအောင် ငါတို့တွေမျှားခေါ်ရမယ်"

နတ်ဆိုးကျန်ရင်းဟာ ဒေါသထွက်စွာ သူ၏မျက်နှာကို ပွတ်လိုက်ရင်း
"ငါတို့တွေအပြင်မထွက်တာ ရက်အနည်းငယ်တောင်ရှိသွားပြီ သူဘယ်လိုနေလဲဆိုတာ မိုးနတ်မင်းကြီးပဲ သိလိမ့်မယ်!" 

ရွှီဇီယန် သူ့ကိုပြောသွားသည့်အရာက အတော်လေး ဂနာမငြိမ်ဖြစ်သွားစေပြီး နူးညံ့သည့်ကျန်ရင်းဟာ အနည်းငယ် စိတ်ပူနေသည်။

လက်မောင်းကို ဆုံးရှုံးရမယ်တဲ့လား…

နူးညံ့သည့်ကျန်ရင်းဟာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ 'ကျန်ရင်း(မ)ပုံစံအဖြစ် ဖန်ထျန်းရွေ့နဲ့သူရှိနေစဉ်အချိန်တုန်းက ဖန်ထျန်းရွေ့ဟာ ဓားရေးကျင့်ကြံသူဖြစ်ချင်တယ်လို့ သူ့ကိုတစ်ခါပြောဖူးသည်။ အကယ်၍ သူသာလက်မောင်းကို ဆုံးရှုံးလိုက်ရပါက ဓားရေးကျင့်ကြံသူ ဖြစ်လာနိုင်ပါ့ဦးမလား? သူ၏ချစ်သူက ဒီ‌လိုဆိုးရွားတဲ့ပုံစံဖြစ်သွားမှာကို သူဘယ်တော့မှခွင့်မပြုနိုင်ဘူး။

သူ၏အခန်းထဲသို့ ဖြေးညင်းစွာပြန်လာပြီး ကျန်ရင်းဟာ သူ့အံဆွဲထဲကနေ သော့ကိုထုတ်ကာ သူ၏ခြေချင်းဝတ်က သံကြိုးကိုဖွင့်လိုက်သည်။

ဒီသံကြိုးက နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည့် သံမျိုးနဲ့ပြုလုပ်ထားတာ ဖြစ်ပေမယ့် ထိုအရာကိုဖွင့်ဖို့ ဘာစွမ်းအားမလိုအပ်ပေ။ 

သူခပ်ရေးရေးပြုံးလိုက်ပြီး အိပ်ပျော်နေသည့် ပုံရိပ်ယောင်ကို ဖန်တီးလိုက်သည်။ တစ်ခဏအတွင်း သူ၏ခန္ဓာကိုယ်ဟာ အပြာရောင်အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ပြတင်းပေါက်ကနေ လွင့်ပျံထွက်သွားတော့သည်…

ကျန်ရင်း(မ)၏လက်ထပ်ပွဲက နှစ်ရက်လောက်သာလိုတော့ပြီး ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ ကျန်ထျန်းရှင်၏မိတ်ဆက်ပေးမှုကြောင့် ကျန်မိသားစု၏အကြီးအကဲ တစ်ချို့နဲ့တွေ့ဆုံပြီးဖြစ်သည်။ ဒီအကြီးအကဲတွေအားလုံးက ကျန်ထျန်းရှင်ကို အကူအညီပေးကြသည့် သူများသာဖြစ်ပြီး မကြာသေးခင်ကမှ သူနဲ့အငြင်းပွားထားသည့် အကြီးအကဲတစ်ချို့ကတော့ ပေါ်မလာကြပေ။

ရွှီဇီယန်က ကျန်ထျန်းရှင်ကို လေးလေးနက်နက် ကြည့်လိုက်ကာ "လျှိုကွမ်းဂိုဏ်းရဲ့ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏ အချစ်ဆုံးတပည့်"လို့ တစ်ချို့သော အကြီးအကဲတွေကို မိတ်ဆက်ပေးလိုက်သည့်အချိန်၌ သူတို့တွေဟာ အလွန်အံ့ဩသွားပြီး ကျေနပ်‌သွားကြသည်။

"ကျန်ထျန်းရှင်က တစ်ခုခုကို သိနေပုံရတယ်" ရွှီဇီယန်တိုးတိုးပြောကာ သူ၏မေးစေ့ကိုထိလိုက်သည်။

ရွှီဇီရုန်က သူ့ဘေး၌ရှိနေတာကြောင့် ချက်ချင်း ပြန်မေးလိုက်သည်။
"ကိုကိုက ဘာများရှာတွေ့ထားလို့လဲ?"

ရွှီဇီယန်တန့်သွားပြီး သူ၏ခေါင်းကိုလှည့်လိုက်ကာ ရွှီဇီရုန်၏နားနားကို ကပ်လိုက်သည်။ သူကအသံတိုးတိုးလေးဖြင့်
"စစ်ပွဲတိမ်တိုက်တွေက ဝူတျီမြို့၏လေထုအထက်ကိုမှာလို့ ငါခံစားမိတယ်" 

ရွှီဇီရုန်မှင်တက်သွားသည်။ သူ့ကိုကိုက လူတတ်ကြီးလုပ်ဖို့များ အကျင့်ပါသွားတာလား?

"မင်းမယုံဘူးလား?" ရွှီဇီယန် မျက်ခုံးပင့်လိုက်သည်။

ရွှီဇီရုန်ကဖြေးညင်းစွာ ခေါင်းညိတ်လိုက်ရင်း လေးနက်စွာ‌ပြန်ပြောလိုက်သည်။
"ကိုကိုပြောတာမှန်သမျှ ကျွန်တော်ယုံပါတယ်"

ရွှီဇီယန်၏မျက်နှာသာ ငြိမ်သက်သွားသည်။ ဘယ်လိုတောင် လိမ်မာလိုက်တဲ့ ညီလေးမျိုးကို သူရထားတာလဲလို့ သူ့ကိုယ်သူတွေးနေမိသည်။ သူ့မျက်လုံးတွေဖွင့်ပြီးတော့ လိမ်ရတာကြောင့် သူအနည်း‌ငယ်တော့ ရှက်မိသည်။ သူ့ညီလေးက သူဘာပြောပြော သူ့ကိုယုံတယ်လို့ ပြောလိုက်ချိန်၌ အလွန်ချစ်ဖို့ကောင်းတာပဲလို့ တွေးလိုက်မိသည်။ ရွှီဇီယန် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ရွှီဇီရုန်အား သူ့လက်မောင်းတွေထဲ၌ တင်းကျပ်စွာဖက်လိုက်ရင်း သူ၏ခေါင်းကိုပွတ်ပေးနေသည်။

သူ့ညီလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ?!

"ကျင့်ကြံသူရွှီ ဒီနေ့မင်းဘာလုပ်မလဲဆိုတာ ငါတွေးဆမိတယ်" ကျန်ထျန်းရှင်က အကြီးအကဲတစ်ချို့နဲ့ စကားပြောတာကို အဆုံးသတ်လိုက်ပြီး ရွှီဇီယန်ကို မေးလိုက်သည်။

သူကချီစွမ်းအင်စုဆောင်းမှုအဆင့် နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားပြီးဖြစ်ပေမယ့် သူကရွှီဇီယန်ကို အထက်စီးဆန်စွာ ပြုမူလေ့မရှိပဲ သူတို့တွေကို သူနဲ့တန်းတူသာ ဆက်ဆံသည်။ အမတဝိညာဉ်အခြေတည်စအဆင့်လောက် စွမ်းအားမရှိပေမယ့် ရွှီဇီယန်က အသက်၂၀အရွယ်တည်းနဲ့ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိနိုင်တာက အတော်လေး အထင်ကြီးစရာကောင်းလှသည်။ 

Original Author's Note:
ကျန်ရင်း(က)နဲ့ ဖန့်ထျန်းရွေ့တွေ့တာတော့ မပါတော့ပါဘူး၊ ဒါပေမယ့် သူတို့နှစ်ယောက်သာ တွေ့သွားရင် ဘာဖြစ်သွားမလဲဆိုတာကတော့ ကိုယ့်ဟာကိုယ် ပုံဖော်ကြည့်လိုက်ကြပါ…

#TK