Chapter 96
Viewers 23k

Chapter 96


နက်နက်ရှိုင်းရှိုင်း အမုန်းတရားတွေသာ မရှိလျှင် ဘယ်သူမှ စွမ်းရည်ရှိကျင့်ကြံတစ်ယောက်ကို အပြစ်မလုပ်ရဲပေ။ ကျန်ထျန်းရှင်က ဉာဏ်အမြော်အမြင်ရှိသူဖြစ်တာကြောင့် ရွှီဇီယန်ပေါ် ကောင်းမွန်စွာဆက်ဆံသည်။


ရွှီဇီယန်ပြုံးကာ "ဘာမှမရှိပါဘူး ကျင့်ကြံသူကျန်ဆီမှာ ထူးခြားတဲ့အစီအစဉ်များရှိထားလို့လား?"


ကျန်ထျန်းရှင်ပြုံးကာ ခေါင်းခါလိုက်သည်။

"သိပ်ပြီးတော့ အရေးမကြီးပါဘူး ဒါပေမယ့် မနက်ဖြန်ကျရင် ထျန်းယွီဂိုဏ်းကနေ ဧည့်သည်လာမယ်လို့ ငါပြောခဲ့တယ်လေ အဲ့ဒါကငါမင်းနဲ့တွေ့ပေးချင်လို့ပါ မင်းငါနဲ့အတူ လိုက်လာချင်ရဲ့လား?"


"ထျန်းယွီဂိုဏ်း?" ရွှီဇီယန် ထိုစကားသုံးလုံးကို ဖြေးညင်းစွာပြောလိုက်ပြီး သူ၏မျက်နှာအမူအရာဟာ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ သူ့အနောက်က ရွှီဇီရုန်ကတော့ အေးစက်အကြည့်တွေရှိနေပေမယ့် သူ၏မျက်လုံးတွေက လင်းလက်သွားသည်။


"ဘာဖြစ်လို့လဲ? ပြဿနာတစ်ခုခုရှိလို့လား?" ကျန်ထျန်းရှင်၏အရည်အချင်းဟာ လူတွေကို လေ့လာရာတွင် အတော်လေးကောင်းမွန်ပြီး လော့ယွင်တောက်ကျွင်း၏တပည့်ဖြစ်သူက ထျန်းယွီဂိုဏ်းနဲ့ ပြဿနာဖြစ်ထားပုံကို သူချက်ချင်းသဘောပေါက်လိုက်တာကြောင့် ထိုအရာက သူ့ကိုခါးသက်သက်ဖြစ်သွားစေသည်။


လော့ယွင်တောက်ကျွင်း၏တပည့်ဖြစ်သူအား ဖန့်မိသားစုနဲ့ တွေ့ဆုံပေးချင်တာကြောင့် ကျန်မိသားစုကလည်း နောက်ဆုတ်လို့မရတော့ဘူး။ ဖန့်ထျန်းယွင်ကို ကျန်ရင်း(မ)ကရွေးတာ မှန်ပေမယ့် ကျန်မိသားစု၏ခေါင်းဆောင်အနေနဲ့ မိသားစုတစ်ခုလုံး၏ရှုထောင့်ကနေ ကိစ္စအဝဝကို သူတွေးပေးရမည်။


ဖန့်မိသားစုက ထျန်းယွီဂိုဏ်း၏အထောက်အပံ့ကို ကျန်မိသားစုအား ရယူစေချင်လားဆိုတာတော့ သူသေချာမသိပေမယ့် လော့ယွင်တောက်ကျွင်း၏တပည့်‌ကို သူဖိတ်ကြားကာ ဒီဖြစ်နိုင်ချေကို သူတတ်နိုင်ဆုံးရှောင်ချင်သည်။


အစတုန်းကတော့ လျှိုကွမ်းဂိုဏ်း၏နာမည်ဖြင့် ထျန်းယွီဂိုဏ်းကို ဆန့်ကျင်ချင်တယ်ဆိုပေမယ့် အကယ်၍ သူတို့တွေဘက်ကနေ ဆန့်ကျင်လိုက်တာက 'ပြဿနာရှာသူ'ဆိုသည့်နာမည်ဖြင့် သူ့အတွက် ဘာအကျိုးအမြတ်မှ ရလိမ့်မည်မဟုတ်ပေ။ 


"ကောင်းပြီလေ ကျွန်တော်တို့ တစ်ချက်လောက် သွားကြည့်ကြတာပေါ့" ရွှီဇီယန် အချိန်တော်တော်ကြာ တွေးတောလိုက်ပေမယ့် ထျန်းယွီဂိုဏ်းကတပည့်ဟာ ပိုင်ဟွဖြစ်နိုင်ချေ ပိုများသည်။ ပိုင်ဟွနဲ့ ခပ်ဝေးဝေးနေရမယ်လို့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချထားပေမယ့် ပိုင်ဟွ၏ပုံစံကိုတော့ သူအတည်ပြုဦးမည်။ အကယ်၍ ပိုင်ဟွက ဘယ်လိုပုံစံလဲဆိုတာ သူမသိထားပါက အနာဂတ်မှာ အမှားတွေရှိလာနိုင်သည်။ 


"အမ်…" ရွှီဇီယန်က သဘောတူလိုက်ပြီဖြစ်ပေမယ့် ကျန်ထျန်းရှင်ကတော့ တွန့်ဆုတ်နေကာ

"ကျင့်ကြံသူရွှီက ထျန်းယွီဂိုဏ်းကတပည့်နဲ့ တစ်ချို့သော ပဋိပက္ခတွေ ဖြစ်ထားလို့လား?"


နောက်ဆုံးတော့ သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေသည့် မေးခွန်းကို မေးလိုက်တော့သည်။ အကယ်၍ သူတို့တွေက တကယ်ပဲ ပဋိပက္ခတွေဖြစ်ထားကြတယ်ဆိုရင် သူတို့တွေကို မတွေ့ခိုင်းဖို့ သူစိတ်ထဲမှာဆုံးဖြတ်လိုက်ပြီး ရ‌ွှီဇီယန် သူ့အားကူညီပေးမည့် အကြံကို သူ‌လက်လျော့ဖို့ ဆုံးဖြတ်လိုက်မည်။


"ပဋိပက္ခ?" ရွှီဇီယန်မှင်တက်သွားပြီး သူရယ်မောလိုက်ကာ

"မဟုတ်ပါဘူး ကျွန်တော် ထျန်းယွီဂိုဏ်းက တပည့်တစ်ယောက်နဲ့ တစ်ခါဆုံဖူးလို့ပါ ပြီးတော့ အခုလူကလည်း သူပဲဟုတ်ရဲ့လားဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး"


ရွှီဇီယန်တကယ်ဆုံခဲ့ပါသည်။ သူကထျန်းယွီဂိုဏ်း၏တပည့်ဖြစ်သူ လင်ရှောင်ထျန်နဲ့ ဆုံဖူးခဲ့ပြီး လင်ရှောင်ထျန်၏ပုံစံအရဆိုရင် အပြင်ဂိုဏ်း၏မိသားစုက လက်ထပ်ပွဲအခမ်းအနားကို တက်မှာမဟုတ်ပေ။ ဒါပေမယ့် ဝတ္ထုထဲမှာ ပြောထားသည့် အကြောင်းအရာတွေကို သူသေချာစိစစ်ပြီးနောက် ဖြစ်နိုင်သည့်လူက ပိုင်ဟွသာဖြစ်သည်။


ဒီဘဝမှာတော့ ပိုင်ဟွနဲ့သူနဲ့က ဘာဆက်ဆံရေးမှမရှိထားတာကြောင့် ရွှီဇီယန် မြင်မြင်ချင်း ချစ်သွားမှာတွေ ဘာတွေကို စိတ်မပူပေ။ သူ၏မူလခန္ဓာကိုယ်ကတော့ ပိုင်ဟွကို မြင်မြင်ချင်းချစ်သွားခဲ့ပြီး သူကတော့ ဝိညာဉ်ကူးပြောင်းပြီးတာတောင် သူ၏လိင်(ယောင်္ကျားချင်းမကြိုက်တာ)က ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို သူသိသည်။


ယောင်္ကျားတစ်ယောက်ကို ချစ်ရမယ်တဲ့လား? ဟားဟား…အဲ့ဒါတွေက ဟာသတွေပဲ!


ရွှီဇီယန်ကတော့ ကျန်ထျန်းရှင်ကို အရူးလုပ်ဖို့ ကြိုးစားလိုက်ပေမယ့် သူ့အနောက်က ရွှီဇီရုန်၏မျက်လုံးတွေကတော့ စူးရှလို့နေသည်။


ကိုကိုကလိမ်တယ်!


ရွှီဇီယန်နဲ့ တွေ့ဆုံခဲ့သည့် ထျန်းယွီဂိုဏ်းကတပည့်ဖြစ်သူဟာ လင်ရှောင်ထျန်မှန်း သူသေချာသိပြီး လင်ရှောင်ထျန်လို ထျန်းယွီဂိုဏ်းကတပည့်အနေနဲ့ သေးငယ်တဲ့မိသားစု၏ လက်ထပ်ပွဲအခမ်းအနားကို မတတ်‌ဘူးဆိုတာကိုလည်း သူသေချာသိသည်။ 


ဒါပေမယ့် ကိုကိုက ဘာလို့လိမ်လိုက်တာလဲ?


ရွှီဇီရုန်မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး သူ၏နှုတ်ခမ်းက တန်းသွားသည်။ သူ့အပြုံးတွေက တစ်စက္ကန့်လောက် ပျောက်ကွယ်သွားသည်။ ထိုအမူအရာက လျင်မြန်စွာဖြစ်သွားတာကြောင့် ကျန်ရင်း(မ)ဟာ ကြည့်လိုက်ရင်း တစ်ခုခုတော့မှားနေတယ်လို့ တွေးမိမလိုတောင်ဖြစ်သွားသည်။


ပျော်ရွှင်တဲ့ခံစားချက်တွေ တိတ်တဆိတ်ဖြစ်ပေါ်လာပြီး ရွှီဇီရုန် မရည်ရွယ်လိုက်ပဲ နှုတ်ခမ်းကိုသပ်လိုက်မိသည်။ သူ့ကိုကို၏လျှို့ဝှက်ချက်တွေက သူ့ကိုအတော်လေး အံ့ဩစေသည်။ သူ့ကိုကို၏လျှို့ဝှက်ချက်တွေ အားလုံးပေါ်မည့် ထိုနေ့ကို မြင်ရဖို့ သူမစောင့်နိုင်တော့ပေ။ သူ့ကိုကို ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သူတွေးဆမိသည်။ ထိုအရာကို တွေးကြည့်တာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေမယ်ဆိုတာ သူသိသည်။


ရွှီဇီယန်နဲ့ ထျန်းယွီဂိုဏ်း၏တပည့်တွေဟာ ပဋိပက္ခတွေ ဘာမှမဖြစ်ထားဘူးဆိုတာ သိလိုက်ပြီးနောက် ကျန်ထျန်းရှင်ဟာ သူတို့တွေကို ဖန့်အိမ်တော်ဆီ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။


ရွှီညီအကိုနှစ်ယောက်အပြင် ကျန်ရင်း(မ)၏ဝမ်းကွဲနှစ်ယောက်ကလည်း အတူတူသွားကြပြီး သူတို့တွေ၏အဆင့်ကတော့ အတော်လေးနိမ့်ကျသည်။ သူတို့တွေက ရွှီဇီယန်ထက် အနည်းငယ်အသက်ကြီးတယ်ဆိုပေမယ့် သူတို့တွေက အခုမှ အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့်ထိသာ ရောက်ရှိထားသူများဖြစ်ကြသည်။ 


ဒါပေမယ့် သူတို့တွေက ဝူတျီမြို့၏စွမ်းရည်ရှိသည့် လူငယ်တွေထဲမှာတော့ ပါဝင်နေဆဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ရွှီညီအကိုနှစ်ယောက်နဲ့တော့ နှိုင်းယှဉ်လို့မရပေ။


ကျန်ပင်းဟာ ကျန်ထျန်းရှင်နဲ့ အဆင်ပြေစွာ စကားပြောနေသည့် ရွှီဇီယန်ကိုကြည့်လိုက်ရင်း သူအလွန်ကိုအားကျ‌နေသည်။ ရွှီဇီယန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူဖြစ်ပြီး သူနဲ့လုံးဝမတူပေ။ သူကတော့ ခေါင်းဆောင်နဲ့စကားပြောသည့် အချိန်တိုင်း အလွန်ကြီးမားသည့် ဖိအားမျိုးကို သူခံစားရသည်။


ဝူတျီမြို့၌ သူကစွမ်းရည်အရှိဆုံးဆိုပြီး တစ်ခါက သူ့ကိုယ်သူတွေးခဲ့ဖူးပေမယ့် ရွှီညီအကိုနှစ်ယောက်ကို မြင်လိုက်ပြီးနောက် 'ရေတွင်းကိုကျော်ပြီး ကောင်းကင်ကိုကြည့်လိုက်'ဆိုသည့် စကား၏အဓိပ္ပါယ်ကို သူနောက်ဆုံးတော့ နားလည်သွားသည်။


မင်းကအသက်၂၀အရွယ်နဲ့ အခြေခံကျင့်ကြံခြင်းကို အစောပိုင်းအဆင့်ထိ ရောက်ထားတော့ရော ဂုဏ်ကျက်သရေရှိလို့လား? ရွှီညီအကိုနှစ်ယောက်ကို ကြည့်ပါလား ညီဖြစ်သူဆိုရင် အသက်၂၀အောက် အရွယ်လေးနဲ့ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားသူဖြစ်သည်။ သူကအရမ်းကို တိုးတက်နေပြီလို့ သူအမြဲတမ်းထင်နေခဲ့မိတာက ရယ်စရာသက်သက်သာဖြစ်သည်။ လက်ရှိမှာတော့ အများစုသော ကြက်တွေထဲမှာမှ သူကအကောင်းပိုကြီးပေမယ့် ကြိုးကြာဖြစ်ဖို့ကတော့ ခရီးအရှည်ကြီး လျှောက်လမ်းရအုန်းမည်။


သူ၏စိတ်ပျက်နေသည့် ခံစားချက်က သူ၏မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။ သူ၏ခြေလှမ်းတွေက ပိုပြီးနှေးကွေးလာတာကြောင့် သူ၏ဝမ်းကွဲဖြစ်သူက သူ့ကိုတွန်းလာပြီး

"မင်းဘာတွေတွေးနေတာလဲ?"


ကျန်ပင်းနဲ့ကျန်လင်ဟာ အတော်လေး ရင်းနှီးကြသည်။ သူတို့‌နှစ်ယောက်ဟာ ပုံမှန်အချိန်တွေဆိုရင် ပြိုင်ဘက်ဆက်ဆံရေးသာ ရှိကြပေမယ့် ကောင်းမွန်သည့် ‌ပြိုင်ဘက်တွေ ဖြစ်ကြသည်။ ဒါပေမယ့် သူတို့အရှေ့က ရွှီညီအကိုနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ဘယ်လိုမှမယှဉ်နိုင်ဘူးလို့ ကျန်ပင်းဟာခံစားလိုက်မိသည်။ 


"ဘာဖြစ်နေတာလဲ?" ကျန်ပင်း၏ထူးဆန်းစွာ စိတ်ပျက်နေသည့် အကြည့်တွေကြောင့် ကြည့်လိုက်ရင်း ကျန်လင်ကမေးလိုက်သည်။


ကျန်ပင်းက သူ့အရှေ့က ရွှီညီအကိုနှစ်ယောက်အား မေးငေါ့ပြလိုက်ပြီး

"မင်းနှိုင်းယှဉ်မယ်ဆိုရင် သေသွားနိုင်တယ်…"


ကျန်ထျန်းရှင်က သူတို့ဖက်ကိုလှည့်ပြီး စိုက်ကြည့်လာတာကို ကျန်လင်မြင်လိုက်ရသည်။ သူချက်ချင်း ကျန်ပင်းအနောက်၌ ကွယ်လိုက်ပြီး

"မင်းဘာတွေလျှောက်နေတာလဲ? မင်းအသံကိုတိုးထားစမ်း"


"ဘာလို့လဲ?" ကျန်ပင်းကို သူ့ကိုနားမလည်စွာကြည့်လိုက်သည်။


ကျန်လင်‌ပြောစရာ စကားမဲ့သွားပြီး သူကကျန်ပင်း၏ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်ကာ

"ခေါင်းဆောင်က ငါတို့ကိုကြည့်နေတယ်"


"ဟမ်?" ကျန်ပင်းရုတ်တရက် အံ့ဩသွားကာ သူကြည့်လိုက်သည့်အချိန်က ကျန်ထျန်းရှင်က အရှေ့သို့ပြန်လှည့်သွားပြီမို့ သူဘာမှမမြင်လိုက်ရတော့ပေ။


သူကကျန်လင်ကို သံသယဖြစ်စွာကြည့်လိုက်ပြီး ကျန်လင်က ချက်ချင်းမှင်တင်သွားကာ

"ထားလိုက်ပါတော့လေ မင်းဘာတွေကို နှိုင်းယှဉ်နေတာလဲ? သူ့မှာ‌အကောင်းဆုံး စိတ်ဝိညာဉ်သွေးကြောရှိတယ် ပြီးတော့ သူကအရမ်းလည်းစွမ်းရည်ထက်တယ် အဲ့လိုအရာတွေကို မင်းမနာလိုနေတော့ရော ဘာအသုံးဝင်မှာလဲ? သိပ်ပြီးအတွေးများမနေနဲ့ ငါ‌တို့စွမ်းရည်တွေပိုပိုပြီးထက်လာဖို့ကာ ငါတို့တွေ ပိုပြီးကြိုးစားဖို့ပဲလိုတယ် အနာဂတ်မှာ ဘယ်လိုအခွင့်အရေးမျိုးတွေ ငါတို့ရလာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ? မင်းပုံစံကိုပဲကြည့်လေ တစ်ချိန်လုံး အဖိုးကြီးလိုပဲ‌လုပ်နေတာ မင်းကအမြဲတမ်း အဆိုးမြင်လွန်းတယ် အဲ့ဒီအရာကို မင်းရဲ့တွန်းအားအဖြစ်မှတ်ယူပြီးတော့ ပိုပြီးကြိုးစားပေါ့"


ကျန်လင်၏နှစ်သိမ့်တဲ့ နည်းလမ်းက အနည်းငယ်တော့ အသုံးဝင်မှန်း ကျန်ပင်းခံစားမိပေမယ့် သူအစတုန်းက အတွေးလွန်သွားတာထက်စာရင်တော့ ပို‌ကောင်းသည်။ သူတကယ်အတွေးလွန်နေမှန်း ကျန်လင်သိသွားခဲ့သည်။ စွမ်ရည်းကအရေးကြီးတယ်ဆိုပေမယ့် ကြိုးစားပြီးလုပ်ဆောင်ဖို့နဲ့ အခွင့်အရေးတွေရရှိဖို့က ပိုအရေးကြီးသည်။ ရွှီညီအကိုနှစ်ယောက်က အသက်၂၀အရွယ်တောင် မရောက်သေးခင် အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိရောက်ရှိထားတယ်ဆိုပေမယ့် သူတို့တွေ ဘယ်လောက်ထိ လုံ့လစိုက်ထုတ်ခဲ့ရလည်းဆိုတာ ဘယ်သူသိနိုင်မှာလဲ? သူပိုပြီးတော့ကြိုးစားရင် ပိုပြီးတော့တိုးတင်လာလိမ့်မည်။ 


သေချာတွက်ချက်ပြီးနောက် ကျန်ပင်းဟာ ပိုပြီးသက်သာသလို ခံစားသွားရမှန်း သူ၏မျက်နှာထက်၌ ပေါ်လွင်နေသည်။


ရွှီဇီယန် အမှတ်တမဲ့ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ခေါင်းကိုပြန်လှည့်လိုက်ကာ ကျန်ထျန်းရှင်အား ပြုံးပြလိုက်ရင်း

"ကျန်မိသားစုက ငယ်ရွယ်တဲ့မျိုးဆက် ကျင့်ကြံသူတွေက အတော်လေး စွမ်းရည်ရှိတာပဲ"


ကျန်ထျန်းရှင်ရယ်မောလိုက်သည်။ သူကတမင်တကာ ရွှီဇီယန်အား ငယ်ရွယ်တဲ့မျိုးဆက်တွေကို စိတ်ဝင်စားသွားစေရန်—သူ၏ထိုလှည့်ကွက်ကို ရွှီဇီယန်သိသွားမှန်း သူသိလိုက်သည်။ ဒါပေမယ့် ရွှီဇီယန်ကတော့ ဒီအကြောင်းအရာလေးနဲ့ အပြစ်မမြင်ပေ။


နှစ်ယောက်သားဟာ ဖန့်အိမ်တော်သို့ လာနေရင်း ရယ်မောကာ စကားပြောနေကြပြီး ဒီအဖြစ်အပျက်လေးကို မကြာခင်မေ့သွားကြတော့သည်။


အနာဂတ်မှာမိသားစုဝင်တွေက သူတို့သားဆီ လာလှည့်ကြမည်ဆိုတာကို သိတာကြောင့် ဖန့်မိသားစုဟာ ပြင်ဆင်တာတွေနဲ့ အလုပ်ရှုပ်နေကြသည်။ မူလကြိုဆိုရမည့်တာဝန်က ဖန့်ထျန်းရွေ့ဖြစ်ပေမယ့် နောက်တော့ ဖန့်ထျန်းယွင်ကိုသာ တာဝန်ပေးလိုက်တော့သည်။ ကံမကောင်းစွာဖြင့် ဖန့်ထျန်းရွေ့ဟာ ဒီရက်တွေအတွင်း ပျော်ရွှင်ခြင်းသိပ်မရှိပဲ တစ်နေ့တုန်းကလည်း ညလုံးပေါက်အပြင်ထွက်သွားတာကြောင့် ဖန့်မျန့်ဟာအလွန်ဒေါသထွက်ပြီး စားပွဲခုံကို ရိုက်ခွဲပစ်လိုက်သည်။


"ဟားဟား အကိုကျန် ရောက်လာပြီကို" အခန်းထဲကနေ ပျော်ရွှင်နေသည့်အသံနဲ့အတူ လောင်ကျွမ်းနေသည့်မီးလုံးဟာလိုက်ပါလာတော့သည်။


ကျန်ထျန်းရှင်မျက်ခုံးပင့်သွားပြီး အနီရောင်အလင်းရောင်ဟာ သူ့အနားကိုချဉ်းကပ်လာတာကို မြင်လိုက်ရတာကြောင့် သူပြန်တိုက်ခိုက်ရင်ပြင်ဆင်လိုက်သည်။ 


သူကတိတ်တဆိတ်ဆဲရေးလိုက်ပြီး အနီရောင်အလင်းရောင်ကို ရှောင်သိမ်းလိုက်ပြီးနောက် ထိုအရာဟာ ရွှီဇီယန်တည့်တည့်ဆီသို့ ပျံသွားတာကို သူမတားလိုက်နိုင်ပဲ ကြည့်နေရုံသာတတ်နိုင်သည်။


ထိုမီးလုံး၏စွမ်းအားဟာ အတော်လေးမမြင့်တာကြောင့် ရွှီဇီယန် သူ့ဟာနဲ့သူ ထိုအရာကို ခုခံနိုင်သည်။ ဒါပေမယ့် သူသာကြိုတင်မပြင်ဆင်ထားပါက သူပြာမှုန်ဖြစ်သွားလိမ့်မည်။


"ဟန့်!" ပျော်ရွှင်စွာရယ်မောနေသည့် လူဟာ ကျန်ထျန်းရှင်နဲ့ အပြင်းအထန်တိုက်ခိုက်နေပေမယ့် ပတ်ဝန်းကျင်ကိုလည်း လေ့လာနေသည်။ ထိုမြင်ကွင်းက သူ့ကိုအတော်လေး အံ့ဩသွားစေပြီး သူပိုပြီးထိတ်လန့်သွားစေသည်။ ထို့နောက် သူကကျန်ထျန်းရှင်ကို မြေပြင်ပေါ်သို့လဲကျအောင် ရိုက်လိုက်သည်။


ရုတ်တရက်တိုက်ခိုက်လာတာကြောင့် ရွှီဇီယန် အတော်လေး အံ့ဩသွားပေမယ့် ဘယ်လိုခုခံရမလဲဆိုတာကိုတော့ သူသိသည်။ သူကပြန်တိုက်ခိုက်ရင် သူ၏လက်ကောက်ဝတ်ကို အသင့်ပြင်ထားသည့်အချိန်၌ ရုတ်တရက် သွေးရောင်အရိပ်ဟာ မီးလုံးကိုချက်ချင်း အခြားဦးတည်ရာသို့ ပြောင်းအောင်ကိုင်တွယ်လိုက်သည်…


အနီရောင်အလင်းတန်းဟာ ကောင်းကင်ပေါ်မှာ ပျောက်ကွယ်သွားတာကို သူကြည့်လိုက်ရင်း နူးညံ့သည့် သွေးရောင်နွယ်ပင်တွေဟာ သူတို့အားချီးကျူးပေးရန်ပုံစံဖြင့် ဝေ့ယှမ်းနေကြပြီး ရွှီဇီယန် ကောင်းကင်ထက်သို့ကြည့်ကာ ဝမ်းနည်းသွားသည်။ 


ရွှီဇီရုန်က သူ့အကိုအား ကာကွယ်နိုင်သည်အထိတောင် သန်မာလာသည်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမှားယွင်းတာမရှိပေမယ့် ရွှီဇီယန် အနည်းငယ်တော့ မပျော်မရွှင်ဖြစ်သွားရသည်။


ဒီလိုပြောင်းလဲသွားသည့်စွမ်းအင်က သူ့ကိုရှုပ်ထွေးသလို ခံစားသွားရစေသည်။ ဒီလိုသာဆက်သွားမယ်ဆိုရင် တစ်ချိန်ချိန်ကျရင် သူ့ညီနဲ့ သူဘယ်လိုမှ ခွဲခွာနိုင်တော့မှာ မဟုတ်ဘူးလို့ သူခံစားနေရသည်။ ပြီးတော့ ထိုအရာက သူ၏အကိုတစ်ယောက်၏ပုံရိပ်ကို ဆန့်ကျင်တဲ့လက္ခဏာမျိုး သက်ရောက်စေသည်။


"ကိုကို အဆင်ပြေရဲ့လား?" ရွှီဇီရုန် အရှေ့သို့လျှောက်လာကာ သူဒဏ်ရာရ,မရကို ရွှီဇီယန်အား နှံ့နှံ့စပ်စပ်ကြည့်ရှုစစ်ဆေးလေသည်။


ရွှီဇီယန် သူ့အားမှင်တက်စွာကြည့်လိုက်ပြီး မီးလုံးက သူနဲ့၅မီတာလောက် အကွာအဝေးမှာတင် ရွှီဇီရုန်၏နွယ်ပင်ဖြင့် ဖယ်ရှားခံလိုက်ရသည်။ ဒီတော့ ထိုအရာက သူ့အားဒဏ်ရာရအောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။


ရွှီဇီရုန် သူ့ကိုကို၏ဝမ်းနည်းနေသည့် မျက်လုံးတွေကို ကြည့်လိုက်ရင်း သူ့မျက်ခုံးတွေပင့်တက်သွားသည်။ သူကနွေးထွေးတဲ့အပြုံးမျိုး ပြုံးပြလိုက်ရင်း

"ကိုကိုအဆင်ပြေရင် ရပါပြီ"


Si…


သူတို့အနီးနားကနေ ဆူညံသံတွေထွက်ပေါ်လာသည်။ သူတို့တွေဟာ ရွှီဇီရုန်၏အပြုံးကို မှင်တက်စွာ ကြည့်နေသည်။


ရွှီဇီရုန်ဆီမှာ နူးညံ့ပြီးအလွန်လှပတဲ့ အကြည့်တွေရှိမှန်း သူတို့လက်ခံနိုင်ပေမယ့် သူ့အကိုကလွဲရင် ကျန်တဲ့လူတွေကို အေးစက်စက်နဲ့တည်ငြိမ်စွာ ကြည့်ရှုလေ့ရှိသည်။ ဒါပေမယ့် လက်ရှိမှာတော့ ရေခဲတုံးအလှလေးဟာ စက္ကန့်ပိုင်းလောက် ပြုံးသွားသည်။ ထိုအပြုံးက သူတို့တွေကို ပြုံးတာမဟုတ်မှန်း သိပေမယ့် လူများစွာက သူပြုံးလာအောင် ဘာကြောင့်ဒီလောက် အပြင်းအထန်ရုန်းကန်နေလဲဆိုတာ သူတို့တွေ နောက်ဆုံးမှာတော့ သဘောပေါက်သွားတော့သည်။ 


လူများစွာ တွေးတောနေကြသည်က သူတို့တွေသာ ရွှီဇီရုန်ကို ပြုံးအောင်လုပ်နိုင်ပါက သူတို့တွေ လုပ်နိုင်သမျှ အားလုံးလုပ်ပေးမည်ဖြစ်ပြီး သူတို့၏စည်းစိမ်တွေ အားလုံးကိုတောင် အကုန်ခံရဲကြသည်…


"ဟေး မင်းကကျန်မိသားစုက မဟုတ်ဘူးမလား?" 

အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏မျက်နှာက ကြီးမားသည့်မုတ်ဆိတ်မွေးတွေနဲ့ ကာရံထားပြီး ထိုလူဟာ ရွှီညီအကိုနှစ်ယောက်ကို မေးလိုက်သည်။


#TK