Chapter 93
Viewers 23k

Chapter 93


ရွှီဇီယန်ဖြေလိုက်သည်က
"ငါမျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရတဲ့ ယွီနျန့်ပိုင်က ယွီရှစ်တိနဲ့ အတော်လေးဆင်တယ်လို့ ငါတွေးမိတယ် ပြီးတော့ သူတို့မျိုးရိုးနာမည်တွေကလည်း ယွီပဲလေ အဲ့ဒါကြောင့် ငါတွေးမိလိုက်တာ၊ အိုး ဒါနဲ့ မင်းမှတ်မိသေးရဲ့လား ငါတို့တွေ ပထမစာမေးပွဲတုန်းက ယွီဟော်ဆီကနေ အနီရောင်ကျောက်စိမ်းဆွဲပြား ခြောက်ခုကိုလုယူခဲ့တာလေ?"

ရွှီဇီရုန် သူ၏မျက်ခုံးတွေ ပင့်တက်သွားကာ
"ကိုကို, ကိုကိုပြောနေတာမှားနေပြီ ကျွန်တော်တို့ယူခဲ့တာလေးခုပါ"

"အိုး? ဟားဟား ဒါဆို ငါမှတ်တာမှားသွားလို့ဖြစ်မယ်" ရွှီဇီယန် တိတ်တဆိတ် သက်ပြင်းရှည်ခြင်းချလိုက်သည်။ အရွယ်ရောက်လာတဲ့ ရွှီဇီရုန်က သူ့ကိုအနည်းငယ် ဖိအားပေးပြီး သူတံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဇီရုန်ကိုယ်ထဲကို တစ်ယောက်ယောက်များ ဝင်သွားတာလားဆိုတာက သူ့ကိုမသင်္ကာဖွယ်ဖြစ်စေသည်။

‌ထို့အပြင် သူတို့တွေ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာတုန်းကလည်း ဇီရုန်ကိုယ်ထဲကို တစ်ယောက်ယောက်ဝင်သွားမလို ဖြစ်သွားတာကိုလည်း သူမမေ့သေးပေ။ ကံကောင်းစွာ သူအတည်ပြုပြီးနောက် ရွှီဇီရုန်ဘေးကင်းသွားမှန်း သူသိလိုက်သည်။ အကယ်၍ ကျင့်ကြံသူတွေ၏ကိုယ်ထဲကို တစ်ယောက်ယောက်က ဝင်ရောက်ထားပါက မူလခန္ဓာကိုယ်၏မှတ်ဉာဏ်တွေကိုတော့ သူ‌တို့တွေမရပေ။ ဒါကြောင့် ရွှီဇီယန်အခုတော့ အတော်လေး သံသယပျောက်သွားသည်။

အိုး ဒါပေမယ့် ဝိညာဉ်ကူးပြောင်းလာတယ်ဆိုရင်ရော?

ရွှီဇီယန်ထပ်ပြီး ထိတ်လန့်သွားပြန်သည်။ ဝိညာဉ်ကူးပြောင်းလာရင်တော့ မူလခန္ဓာကိုယ်၏မှတ်ဉာဏ်တွေကို ရရှိနိုင်တာကြောင့် ရွှီဇီရုန်ကလည်း အဲ့လိုများဖြစ်နေမလား…

သူခဏလောက်တွန့်ဆုတ်နေပြီးနောက် အနည်းငယ်တုံးအသည့်ပုံစံမျိုးဖြင့် — သူကရွှီဇီရုန်အား ကြောင်တောင်တောင်ကြည့်လိုက်ကာ လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
"ဘုရင်က ကျားသားရေအောက်မှာ ‌ပုန်းနေတယ်!"

ရွှီဇီရုန်ကြောင်သွားကာ: "???"

ရွှီဇီရုန်မျက်နှာပေါ်မှာ မူမမှန်တာ ဘာမှရှာမတွေ့ပြန်တာကြောင့် ရွှီဇီယန် ဒုတိယအကြိမ် သက်ပြင်းရှည်ချလိုက်ပြန်သည်။ ဒီစာသားကိုကြားတာတောင် သူကတုံ့ပြန်မှုနည်းနည်းတောင် မပြဘူးဆိုတော့ ရွှီဇီရုန် ဝိညာဉ်မကူးပြောင်းအချိန်တုန်းက အရမ်းတော်တယ် သရုပ်ဆောင်များဖြစ်ခဲ့လိမ့်မည်။

(သရုပ်ဆောင်ရွှီ: …)

"ကိုကို ဘာတွေပြောနေတာလဲ? အဲ့ဒါကမန္တန်တစ်မျိုးလား?" ရွှီဇီရုန် တည်ငြိမ်စွာမေးလိုက်ပေမယ့် ထိုစာသားကို သူ၏မှတ်စုစာအုပ်ထဲက မှတ်သားလိုက်သည်။ သူ့ကိုကိုက ဘာလို့အဲ့စကားကို ရုတ်တရက်ပြောလိုက်တာလဲ ‌ဆိုတာနဲ့ပတ်သက်ပြီး အကြောင်းအရင်းရှိလိမ့်မယ်ဆိုတာ သူယုံကြည်သည်။ သူကတစ်ခုခုကိုများ သံသယဖြစ်နေတာလား? 

"အိုး ဘာမှမဟုတ်ပါဘူး ငါအဲ့စကားကို ဒီအတိုင်းသတိရလိုက်လို့ပါ အိုး ဒါနဲ့ ဇီရုန် မင်းအခုလေးတင် ဘာပြောလိုက်တာလဲ?" သူအရမ်းကိုတုံးတာပဲလို့ ရွှီဇီယန် သူ့ကိုယ်သူတွေးလိုက်မိပြီး သူကခပ်မာမာဖြင့် စကားလမ်းကြောင်းလွဲလိုက်သည်။ 

ကံကောင်းစွာ သူ၏'ချစ်စရာကောင်းတဲ့ညီလေး'က သူ့ကိုကို့,ကို ဘယ်တော့မှ ခက်ခဲအောင်မလုပ်ပဲ သူကအလိုက်သင့်လေးပြုမူကာ
"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ကျွန်တော်က ကိုကိုရဲ့ပြဿနာကို မမျှဝေပေးနိုင်လို့ ဝမ်းနည်းရုံပါ" ထို့နောက် သူကရွှီဇီယန်အရှေ့မှာ သက်ပြင်းချလိုက်သည်။

ရွှီဇီရုန်က သူနဲ့ပတ်သက်ပြီး ဘယ်လောက်ဂရုစိုက်လဲဆိုတာ သူအမြဲတမ်းသိခဲ့တာကြောင့် ရွှီဇီယန် ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဇီရုန်ကို သူဝိညာဉ်ကူးပြောင်းခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မထုတ်ပြောနိုင်ဘူး။

သူအပြစ်ရှိသလိုဖြစ်နေပေမယ့် ရွှီဇီယန် သူ၏ပါးစပ်ကိုပိတ်လိုက်ကာ ဘာအကြောင်းမှ ထပ်မပြောတော့ပေ။

ရွှီဇီရုန်ကလည်း ဒီအချိန်မှာ သူ့အားဖိအားပေးဖို့ ရည်ရွယ်ချက်မရှိတာကြောင့် သူကလည်းဘာမှဆက်ပြောမလာတော့ပေ။ သူကအခန်းထဲကနေ လိမ်မာစွာ ထွက်သွားပေးပြီး ရွှီဇီယန်အတွက် တွေးတောဖို့ သီးသန့်အချိန်ပေးလိုက်သည်။

အပေါ်ယံအမြင်မှာတော့ ရွှီဇီရုန်ဟာ ရွှီဇီယန်ကို လုံးဝယုံကြည်နေပေမယ့် သူပိုပြီးလိမ်မာလေ၊ပိုပြီးယဉ်ကျေးပျူငှာလေ ရွှီဇီယန် ပိုပြီးအပြစ်ရှိသလို ခံစားရလေဆိုတာ သူသေချာပေါက်နားလည်ထားသည်။ သူ့အကိုတော်ရဲ့လျှို့ဝှက်ချက်တွေ ဖော်ထုတ်ဖို့အတွက် အခြားနည်းလမ်းနဲ့လည်း လုပ်ဆောင်လို့ရတယ်ဆိုတာ သူတွေးမိသည်။ ပြီးတော့ အခုလေးတင် သူ့ကိုကို,ကို နောက်တစ်ကြိမ် ဝိုင်ပြန်တိုက်လိုက်ရင်ကောင်းမလားလို့ သူစတင်တွေးတောနေမိသည်။

ဝူတျီမြို့မှာ စိတ်ဝိညာဉ်ဝိုင် ဝယ်ဖို့ဆိုတာ အလွယ်လေးဖြစ်သလို တစ်နာရီအတွင်း သူ့ကိုမူးအောင်တိုက်ဖို့ဆိုတာ ပိုတောင်လွယ်ကူသေးသည်…

ရွှီဇီရုန်မျက်နှာပေါ်မှာ အပြုံးခပ်ရေးရေးရှိနေပြီး သူကပျော်ရွှင်နေသည့် အမူအရာဖြင့် အဆောင်ဝန်းကျင်တစ်လျှောက် လမ်းထွက်လျှောက်နေသည်။

အခန်းထဲမှာတော့ ရွှီဇီရုန်ထင်ထားသည့်အတိုင်း ရွှီဇီယန်ဟာ ထွက်သွားသည့်ဇီရုန်ကို အပြစ်မကင်းစွာစိုက်ကြည့်လို့နေသည်။ ရွှီဇီရုန်ကို အမှန်တရားပြောပြလိုက်ဖို့ကလွဲရင် အခြားဘာနည်းလမ်းမှ မရှိဘူးလို့ သူ့ကိုယ်သူပြောနေမိသည်။ ဒါပေမယ့် ဇီရုန်ကသာ အခြားသောလိုအပ်ချက်တွေကို တောင်းဆိုလာပါက အကိုတစ်ယောက်အနေနဲ့ သူကျေနပ်အောင် အကောင်းဆုံး ကြိုးစားပေးမှာဖြစ်သည်။ 

"မင်းကဘယ်သူလဲ?" ရွှီဇီရုန် ကျန်အိမ်တော်၏‌ဥယျာဉ်က သဘာဝရှုခင်းတွေကို ကြည့်ကာပျော်ရွှင်နေစဉ် စူးရှသည့် အမျိုးသမီးအသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှီဇီရုန်နောက်လှည့်လိုက်သည့်အချိန်၌ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လှပတဲ့မိန်းကလေးက သူ့ကိုမျက်မှောင်ကြုတ်ကာ ကြည့်လို့နေသည်။

သူမကကျန်မိသားစုကဆိုတာ သူသိပေမယ့် သူမစကားပြောဖို့ သူစိတ်မဝင်စားပေ။ သူမ၏မှင်တက်နေတဲ့ ပုံစံကိုကြည့်လိုက်ပြီးနောက် သူ၏အတွေ့အကြုံတွေအရ ဒီမိန်းမက သူ့ဆီကို ပြဿနာတွေပဲ ယူဆောင်လာလိမ့်မယ်ဆိုတာ သေချာသလောက်ရှိသည်။ 

သူအသက်ရှင်နေသည့်နှစ်ဘဝလုံးမှာ ရွှီဇီရုန်က ဖြောင့်မတ်သည့်ယောင်္ကျားတစ်ယောက်လဲမဟုတ်ခဲ့သလို သူ့အရှေ့ကဒီလိုလူတွေအတွက်လည်း ခြွင်းချက်ဆိုတာမျိုးမရှိပေ။ 

သူမကိုစိုက်ကြည့်ကာ ချောမောသည့်ယောင်္ကျားလေး ထွက်သွားတာကို မြင်လိုက်ပြီးနောက် အနည်းငယ်သက်သာသွားကာ ကျန်ထင်၏မျက်နှာ အမူအရာပြောင်းသွားတော့သည်။

အခုလေးတင် သူမအမေနဲ့သူမ စကားများလာတာကြောင့် ဥယျာဉ်ထဲကို ဒေါသထွက်စွာ ပြေးလာခြင်းဖြစ်သည်။ သူမကနဂိုကတည်းက ဒေါသထွက်နေတာကြောင့် သူမတစ်ခါမှမမြင်ဖူးသည့် ထိုလူအား ဒီမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

မမျှော်လင့်ပဲ ရွှီဇီရုန်ခေါင်းကိုလှည့်လိုက်သည့်အချိန်၌ သူ၏အလွန်လှပသိမ်မွေ့လှသည့် ရုပ်ရည်ဟာ သူမကိုရုတ်တရက် တုန်လှုပ်သွားစေသည်။ ဝူတျီမြို့တစ်ခုလုံးမှာတောင် သူ့လောက်ကြည့်ကောင်းတဲ့သူမျိုး ရှိမှာမဟုတ်ဘူး!

သူကဘယ်သူလဲ?

ကျန်ထင်ရုတ်တရက် ထူးဆန်းစွာတွေးတောလိုက်သည်။ သူမတစ်ခါမှမမြင်ဖူးသည့် ဒီလူငယ်လေးက သူမရင်ကိုအနည်းငယ်တုန်လှုပ်သွားစေသည်။ 

သူကသူမကို စက္ကန့်ပိုင်းလောက်သာကြည့်သွားပြီး ဘာအမူအရာတောင်မပြသွားပဲ ထွက်သွားတာ ဝမ်းနည်းစရာပင်။ ကျန်ထင်၏ရင်ထဲ စိတ်ပျက်ရှက်ရွံမှုတွေနဲ့ ပြည့်သွားပေမယ့် အဲ့ဒီလှပတဲ့လူအကြောင်းကို သူမဒီထက်ပိုပြီးသိချင်သေးသည်။

ရွှီဇီရုန်ကို သူမ,မတားလိုက်တာ ကံကောင်းသွားသည်။ မဟုတ်ရင် သူ့ကိုကိုကလည်း ဒီနေရာမှာမရှိတာကြောင့် ရွှီဇီရုန် ဒီပြဿနာကို အမြန်ဆုံးနည်းသုံးကာ ဖြေရှင်းမိလိမ့်မည်။(သတ်ပစ်မယ်လို့ပြောတာပါ)

ကျန်ထင်က ဦးနှောက်မရှိတဲ့ မိန်းမမျိုးတော့မဟုတ်ပေ။ ကျန်မိသားစုက အခုမှဝူတျီမြို့၏ ဒုတိယအဆင့်သာရှိသေးသည်။ ကျန်မိသားစု၏ဘိုးဘွားပိုင်အိမ်တော်မှာတော့ ကြီးမားသည့် အကာအကွယ်အခင်းအကျင်းတွေ အပြည့်အစုံတပ်ဆင်ထားသည်။ ဒီလိုနေရာမျိုးမှာတော့ ကျန်မိသားစုဝင်တွေရော ဧည့်သည်တွေပါ ဘယ်သူမဆို လွတ်လပ်စွာသွားလာလို့ရသည်။ ဒီရက်အနည်းငယ်အတွင်း ကျန်ရင်းနဲ့ဖန့်ထျန်းယွင်တို့၏ လက်ထပ်ပွဲရှိထားတာကြောင့် ကျန်မိသားစုနဲ့ ရင်းနှီးသည့်မိတ်ဆွေ၊သူငယ်ချင်းအများစုဟာ ဒီမှာသာနေထိုင်ကြသည်။

ကျန်ထင်ဟာ သူမနှုတ်ခမ်းကို အသာလေးကိုက်လိုက်သည်။ ရွှီဇီရုန်ထွက်သွားကို ကြည့်လိုက်ရင်း သူမဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်မိသားစုက ဖိတ်ကြားထားသည့် ဧည့်သည်တိုင်းဟာ ကျန်မိသားစုနဲ့ အဆင့်အတန်းခြင်း တူညီမှုရှိနေမည်ဖြစ်ပြီး မိသားစုအတွက် အဓိကအရေးကြီးဆုံးက လက်ထပ်ပွဲပင်ဖြစ်သည်။ 

စေ့စပ်ကြောင်းလမ်းတယ်ဆိုတာ မိသားစုနှစ်စုအတွင်း ခိုင်မြဲသည့်ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အမြဲတမ်း မရှိမဖြစ်လိုအပ်သည်။ ကျန်မိသားစု၏လက်ထပ်ပွဲက အကျိုးအမြတ်အများကြီးရစေတယ်ဆိုတာ ကြည့်လိုက်ရုံနဲ့ လူတိုင်းနားလည်နိုင်သည်။

ကျန်ထင်က ဒီလူကို အရင်တုန်းက တစ်ခါမှမမြင်ဖူးတာကြောင့် သူကကျန်မိသားစုကို မနက်ပိုင်း ဒါမှမဟုတ် နေ့လည်ပိုင်းလောက်မှ ရောက်လာခြင်းဖြစ်လိမ့်မည်။ ကျန်ထျန်းရှင်က လက်ထပ်ပွဲနေ့မှသာ ထိတ်လန့်စေသည့် မြင်ကွင်းမျိုးကိုဖန်တီးကာ ရွှီဇီယန်၏အကြောင်း‌ကို ရှင်းပြချင်တာကြောင့် ရွှီညီအကိုနှစ်ယောက်၏အကြောင်းကို အနည်းငယ်ကလွဲရင် ဘယ်သူမှမသိကြပေ။

ရွှီဇီယန်ကလည်း ကျန်ထျန်းရှင်၏အကြံပြုချက်ကို သဘောတူလေသည်။ လျှိုကွမ်းဂိုဏ်းရဲ့ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်တွေအနေနဲ့ အကယ်၍ ကျန်ထျန်းရှင်သာ ခပ်စောစော သူတို့အကြောင်းကို ကြေညာထားပါက ဝူတျီမြို့၌ သူတို့တွေ ကြီးမားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်သည်။ 

ဥယျာဉ်ထဲကထွက်သွားပြီးနောက် ကျန်ထင်ဟာချက်ချင်း သူမလူတွေကိုရှာကာ ဒီနေ့ကျန်မိသားစုကို ရောက်လာသည့် လူစာရင်းကိုရှာခိုင်းလေသည်…

ဥယျာဉ်ထဲ၌လမ်းလျှောက်နေပြီးနောက် ရွှီဇီရုန်ဟာ အလေ့အကျင့်ဖြစ်ကာ တစ်ချို့သော သွေးလုံးလေးတွေကို ပတ်ဝန်းကျင်တစ်ခုလုံးဆီ လွတ်လိုက်ပြီး စူးစမ်းရှာဖွေလေသည်။ ဒီအကျင့်က သူ၏အရင်ဘဝကတည်းကဖြစ်ပြီး လူအများကြီးကို သူသတ်လိုက်လို့ ‌စွမ်းအားနည်းသွားသည့်ရက်တွေဆိုရင် လုံခြုံဖို့အတွက် သူအလွန်အာရုံစိုက်လေ့ရှိသည်။ သူရှာဖွေဖို့လိုအပ်တယ်လို့ တွေးမိတိုင်း သူကပတ်ဝန်းကျင်ကိုစစ်ဆေးဖို့ သွေးလုံးတွေကို သူအသုံးပြုလေ့ရှိသည်။ ဒီသေးငယ်တဲ့သွေးလုံးရုပ်သေးရုပ်တွေက တိုက်ခိုက်စွမ်းအားမရှိပဲ ခုခံစွမ်းအားကလည်း အနည်းငယ်သာကောင်းမွန်သည်။ သန်မာတဲ့သေမျိုးတွေတောင် ထိုအရာကို သတ်ပစ်လို့ရပေမယ့် ထိုအရာတွေက များပြားသည့် အဆင့်နိမ့် စိတ်ဝိညာဉ်စွမ်းအင်တွေကို ဝါးမျိုထားတာကြောင့် သူတို့တွေ အခင်းအကျင်းတွေနဲ့ပတ်သက်ပြီး အလွန်သတိရှိကာ ချက်ချင်းတုံ့ပြန်လေ့ရှိသည်။ 

သူ၏အရင်ဘဝတုန်းက သွေးလုံးတွေကို အသုံးပြုခဲ့တာထက် လျှို့ဝှက်နယ်မြေထဲမှာတောင် ရွှီဇီရုန် ထိုအရာတွေကို ကြီးမားသည့်ဧရိယာအထိ ဖြန့်ကျက်ထားခဲ့သည်။ လျှို့ဝှက်နယ်မြေထဲမှာ ထူးဆန်းသည့် အခင်းအကျင်းတွေရှိတာကြောင့် သူတို့တွေက ကောင်းမွန်သည့် အခွင့်အရေးပင်ဖြစ်သည်။

"ဟမ်?" ရွှီဇီရုန် မျက်ခုံးပင့်သွားသည်။ ဒီအလေ့အကျင့်ကို အသုံးပြုပြီး ဖုံးကွယ်ထားသည့် အခင်းအကျင်းကို သူရှာတွေ့သွားသည်။

သူ၏သွေးလုံးဟာ ကျန်အိမ်တော်၏အပြင်ဘက်က အကာအကွယ်အခင်အကျင်းကို ရှာတွေ့သွားပြီး ကျောက်ပုံကြီးကို စိတ်အာရုံလှည့်စားသည့် အခင်းအကျင်းဖြင့် ဖုံးကွယ်ထားတာက သူ့အားသိချင်စိတ်ဖြစ်အောင် ပြုလုပ်‌ေပးသည်။

အကယ်၍ ထိုအရာက ပုံမှန်အကာအကွယ်အခင်းအကျင်းသာဆိုရင် ကျန်မိသားစုက ကျူးကျော်လာသူတွေကို နှင်ထုတ်ချင်ရုံသာဖြစ်လိမ့်မယ်ဆိုတာ သူသေချာသည်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် ဒီလိုအခင်းအကျင်းတွေက ကျင့်စဉ်အဆောက်အအုံနဲ့ အဖိုးတန်ရတနာအဆောက်အအုံတွေမှာသာ ထားရှိကြသည်။ ဒါပေမယ့် ဒီအခင်းအကျင်းက အတွင်းထဲကို ရည်ရွယ်ထားတာဆိုတော့ အဲ့ဒါက အကျဉ်းထောင်အခင်းအကျင်းလို့ ဆိုလိုရလိမ့်မည်။

"စိတ်ဝင်စားစရာပဲ" ရွှီဇီရုန် သူ၏နှုတ်ခမ်းထောင့် ကော့တက်သွားပြီး ထွက်သွားလေသည်။

ကျန်မိသားစု‌အိမ်တော်အတွင်း၌ အကျဉ်းချခံထားရတဲ့ လူတစ်ယောက်ကို သူဘာကိစ္စကြောင့် ဂရုစိုက်နေရမှာလဲ? သူဒီနေရာကိုရောက်နေတာက ကျန်မိသားစုကို ကူညီဖို့သာဖြစ်ပြီး သူတို့တွေ၏လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ သူလုံးဝစိတ်မဝင်စားဘူး။

သူ့အခန်းထဲသို့ ပြန်ရောက်သည့်အခါ၌ သူကရွှီဇီယန်အား ထိုဖြစ်ရပ်ကို ဟာသအနေဖြင့်ပြောပြလိုက်သည်။ လက်ရှိမှာတော့ သူသွေးလုံးကို အသုံးပြုခဲ့တယ်ဆိုသည့် အကြောင်းကို ဖုံးကွယ်ထားပြီး သူကသစ်သားမန္တန်တစ်မျိုးကို အသုံးပြုခဲ့တယ်လို့သာ ပြောလိုက်သည်။

မမျှော်လင့်ပဲ…

"အကျဉ်းထောင်?" ရွှီဇီယန်မျက်လုံးတွေ ရုတ်တရက် လင်းလက်သွားသည်။ လက်ရှိအချိန်၌ မိစ္ဆာကျင့်ကြံသူနဲ့ လျှို့ဝှက်ကြံစည်နေသည့် ကျန်မိသားစုက သစ္စာဖောက်ကို ဘယ်လိုဖမ်းရမလဲဆိုတာ သူစိုးရိမ်နေပြီး မိုးနတ်မင်းကြီးက သူ့ကိုဒီလောက်လွယ်ကူလှသည့် အဖြေမျိုးပေးခဲ့လိမ့်မယ်လို့ မထင်ထားပေ။

အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့သူက ဘယ်သူလဲဆိုတာ သူ့ကိုဘယ်သူပြောပြဖို့ လိုသေးလို့လဲ? နတ်ဆိုးခန္ဓာကိုယ်နဲ့လူဖြစ်ပြီး — ကျန်ထျန်းရှင် ဖုံးကွယ်ထားသည့် အကြီးဆုံးသခင်လေးပေါ့!!!

"ဟမ်? ကိုကိုက အဲ့ဒီအထဲကတစ်ယောက်ကို စိတ်ဝင်စားလို့လား?" ရွှီဇီရုန်ပြုံးလိုက်ကာ
"ဒါဆိုလည်း သူ့ကိုကယ်ဖို့ ကျွန်တော် ကိုကို,ကို ကူညီပေးပါ့မယ်" 

ရွှီဇီယန်ရုတ်တရက် ချွေးထွက်လာတော့သည်။ သူကကျန်မိသားစုက သခင်လေးနဲ့ပဲ အဆက်အသွယ်လုပ်ဖို့ စီစဉ်ချင်ရုံပါ။ ဒါပေမယ့် ဇီရုန် အကျဉ်းထောင်ထဲကနေ တစုံတယောက်ကို ခိုးထုတ်တာက အဆင်ပြေလိမ့်မယ်လို့ မင်းတွေးနေတာလား? 

တစ်ခုခုတော့မှားယွင်းနေသလို ရွှီဇီယန်ခံစားလိုက်ရသည်။

ဇီရုန် ငါမင်းကို ဘယ်ဟာအမှန်၊ ဘယ်အမှားသင်ပေးခဲ့တယ်လေ! မင်းအဲ့ဒါတွေအားလုံးကို မေ့ပစ်လိုက်တာလား?

ရွှီဇီယန်က လေးနက်သည့်အမူအရာဖြင့် ရွှီဇီရုန်အား အပြစ်ရှာနေပြီး မှန်ကန်သည့်ကိုယ်ကျင့်တရားကို ထိန်းသိမ်းဖို့ အလွန်အရေးကြီးတယ်လို့ သူကအလေးပေးမှတ်ယူထားသည်။ အကိုတစ်ယောက်အနေနဲ့ အမှားလိုက်မိရင်တောင် ဇီရုန်အနေနဲ့ အမှားလား အမှန်လားဆိုတာ ဆုံးဖြတ်ပြီး သူ၏အကိုပြောသမျှကို မျက်စိမှိတ်မနားဖို့ အရေးကြီးသည်။

"မင်းမှတ်မိထားဖို့လိုတယ် ဒီလိုကျင့်ကြံခြင်းလောကကြီးမှာ ငါ့လိုပုံစံမျိုး တစုံတယောက်က ဟန်ဆောင်ဖို့ မရေမတွက်နိုင်တဲ့ နည်းလမ်းများစွာရှိတယ် ဇီရုန် အကယ်၍ ကိုကို‌ကမင်းကို တစုံတယောက်အား သတ်ဖို့ပြောရင် မင်းသူ့ကိုသတ်မှာလား?"

ရွှီဇီရုန်တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ရွှီဇီယန်: _(:з」∠)_

"ဘယ်လိုကိစ္စမျိုးတွေပဲဖြစ်ဖြစ် ဘယ်သူက ကျွန်တော့်ကိုကိုလည်းဆိုတာ ကျွန်တော်သိပါတယ် အကယ်၍ကိုကို,ကို တစုံတယောက်က ထိန်းချုပ်ထားတယ်ဆိုရင်တောင် ကျွန်တော်ချက်ချင်း သိနိုင်တယ် ဒီအခြေအနေနှစ်ရပ်ကလွဲရင် ကိုကိုပြောသမျှ မှန်တယ်လို့ ကျွန်တော်ယူဆတယ်" ရွှီဇီရုန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။

ရွှီဇီယန် အကူအညီမဲ့စွာ သူ၏နှာဖူးကို ထိလိုက်သည်။ ရွှီဇီရုန်အား မှန်ကန်တဲ့ကိုယ်ကျင့်တရားတွေကို သူကြိုးကြိုးစားစား သင်ကြားပေးတာကို ဘာလို့များ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ…

ဘာအရာကများမှားသွားလို့လဲ?!

ရွှီဇီယန်ဟာ သူ၏မိုးကြိုးသွားဖြင့် ရိုက်ချင်လာသည် ဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်တာကြောင့် ရွှီဇီရုန်၏မျက်ခုံးတွေ ပင့်သွားသည်။ သူ၏အရင်ဘဝတုန်းက သူဟာမိစ္ဆာကျင့်ကြံသူဖြစ်ခဲ့တာကြောင့် လူတွေကိုသတ်ရတာက ပုံမှန်ပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနဲ့ သူ၏ကိုကိုက အလွန်ကြင်နာသနားတတ်ပြီး သူ့ကိုကို၏'မှန်ကန်တဲ့ကိုယ်ကျင့်တရားတွေ'‌ကို သူသာမလိုက်နာခဲ့ဘူးဆိုရင် ဟိုကောင်စုတ်လဲ့ဟူနဲ့ဝေ့ချင်တို့ကို ရှင်းပစ်တာ ကြာလှပြီ။ ဒါပေမယ့် သူ့ကိုကိုအတွက်နဲ့ ထိုအရာတွေကို သူဆက်ပြီးသည်းခံနေဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

#TK