Chapter 91
Viewers 23k

Chapter 91


ထိုသက်တော်စောင့် ထိခိုက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ ထုံကျဉ်သွားသည်။ သူပြန်ထနိုင်ဖို့ အချိန်တော်တော်ယူလိုက်ရပြီး အခြားလူတစ်ယောက်က သူ့အရှေ့ကနေ ပြေးသွားပြီဖြစ်သည်။ အသက်အလယ်အလတ်နဲ့လူဟာ ရွှီဇီယန်နဲ့ ဘာပြောနေလဲဆိုတာ သူမကြားရပေမယ့် ယွီနျန့်ပိုင် နာကျင်ခံစားနေရတာကို သူမြင်နေရသည်။


"မင်းတို့ကောင်တွေ လုပ်ရဲတယ်လား?!" ထိုသက်တော်စောင့်ဟာ အသက်၅၀ကျော်သည့်ပုံပေါက်ပြီး ယွီနျန့်ပိုင် ခွေးလိုဝက်လို အရိုက်ခံနေရတာ မြင်လိုက်ရတော့ သူမျက်လုံးတွေချက်ချင်းနီရဲသွားသည်။ သွေးနီရောင်နွယ်ပင်ကို ကိုင်ထားသည့် ရွှီဇီရုန်အား စူးစူးစိုက်စိုက် သူကြည့်လိုက်ရင်း သူ့ကိုသေလောက်အောင် ကိုက်သတ်ပစ်ချင်သည်။


သူ၏အပြုအမူကြောင့် ရွှီဇီယန် အလွန်မကျေမနပ်ဖြစ်နေသည်။ သူကရွှီဇီရုန်ကို အသာလေးထိလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို အနည်းငယ်မြှောက်လိုက်ကာ သွေးရောင်နွယ်ပင်ကို ပိုပြီးတင်းကျပ်အောင်ပြုလုပ်လိုက်ပြီး ယွီနျန့်ပိုင်၏ခန္ဓာကိုယ်ဟာ နာကျင်သွားကာ ရုတ်တရက် အသံအကျယ်ကြီးထွက်လာတော့သည်။


"သခင်လေး!!!"


"ငါမင်းတို့အားလုံးကိုသတ်ပစ်မယ်!" ထိုအဖိုးကြီးဟာ အလွန်ရူးနှမ်းလာပြီး တိုက်ခိုက်ဖို့အတွက် သူ၏လက်ကိုမြှောက်လိုက်သည်။


"လောင်လျှို ရပ်လိုက်!" အသက်အလယ်အလတ်နဲ့လူဟာ ချက်ချင်း အော်ပြောလိုက်သည်။ သူကလောင်လျှိုလောက်တော့ မသန်မာပေမယ့် သူကအမြင်ပိုကျယ်သည်။


အခုလေးတင် ရွှီဇီယန်က လောင်လျှိုကို လွင့်ထွက်သွားအောင် ပြုလိုက်ပြီးဖြစ်သည်။ လောင်လျှိုဟာ ဘာကြောင့်များ သူ၏ရန်သူကို အထင်သေးနေတာလဲဆိုတာ အကြောင်းပြချက်များစွာရှိနိုင်ပေမယ့် လောင်လျှိုဟာ သူ၏ကျင့်ကြံခြင်းအဆင့်ဟာ ဒီလူနှစ်ယောက်နဲ့ ညီမျှနေလိမ့်မယ်လို့ ထင်နေခြင်းဖြစ်လိမ့်မည်။


လက်ရှိအချိန်၌ သခင်လေးက အခြားလူတွေလက်ထဲ၌သာ ရှိနေသေးပြီး သူမတော်တဆ သူတို့တွေကို ဒေါသထွက်အောင်လုပ်မိပြီး သခင်လေးကိုသတ်သွားကာ သူတို့တွေထွက်ပြေးသွားပါက ခေါင်းဆောင်၏ဒေါသကို သူခံရလိမ့်မည်…


ထိုအကြောင်းကိုတွေးပြီးနောက် အသက်အလယ်အလတ်နဲ့လူဟာ တုန်ယင်သွားသည်။ လောင်လျှို၏စိတ်လိုက်မာန်ပါ ပြုလုပ်မှာကို ရပ်တန့်ဖို့အတွက် သူဆုံးဖြတ်လိုက်သည်။


လောင်လျှို တိုက်ခိုက်လာမှာနဲ့ ပတ်သက်ပြီးတော့လည်း ရွှီဇီယန် စိုးရိမ်ခြင်းမရှိပေ။ လောင်လျှိုက အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်သာရှိသေးပြီး သူကအခြေခံကျင့်ကြံခြင်းကို နောက်ဆုံးအဆင့်ရောက်ရှိထားသူဖြစ်ကာ သူ၏အရင်ဘဝက နည်းပရိယာယ်တွေကိုလည်း သင်ယူထားတာကြောင့် ချီစွမ်းအင်စုဆောင်းမှုကို နောက်ဆုံးအဆင့်ရောက်ထားသည့် ယွီမိသားစု၏ခေါင်းဆောင် ကိုယ်တိုင်လာရင်တောင် သူမကြောက်ပေ။


လောင်လျှိုက တိုက်ခိုက်ရန် ကြိုးပမ်းလာတာကြောင့် သူချက်ချင်း နွယ်ပင်တွေဖြင့် သူ့ကိုယ်သူကာကွယ်လိုက်သည်။ 'မင်းသာငါ့ကိုတိုက်ခိုက်လာမယ်ဆိုရင် မင်းတို့ရဲ့သခင်လေးကို အရင်ထိလိမ့်မယ်'လို့ဆိုသည့် စကားမျိုးကို ထိုအဖိုးကြီးအား တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 


ပထမဆုံး တိုက်ခိုက်ဖို့ကြိုးစားတာကို အသက်အလယ်အလတ်နဲ့လူက လောင်လျှိုအား တားဆီးလိုက်သည်။ အချိန်မှီတားဆီးလိုက်တာ ကောင်းသွားသည် မဟုတ်ရင် ပထမဆုံး တိုက်ခိုက်မှုက ယွီနျန့်ပိုင်ကို ထိသွားလိမ့်မည်။


သတိမေ့နေသည့် ယွီနျန့်ပိုင်သာ ဒီတိုက်ခိုက်မှုကို ခံလိုက်ရပါက ဘာဖြစ်သွားမလဲဆိုတာ အားလုံးကပုံဖော်ကြည့်နေကြသည်။ အဲ့လိုမျိုးဖြစ်မသွားသည့်အတွက် လောင်လျှိုစိတ်သက်သာရာရရှိသွားကာ အသက်အလယ်အလတ်နဲ့လူကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


"ချီးပဲ! မင်းနှစ်ယောက်စလုံး ငါတို့ရဲ့သခင်လေးကို အမြန်ဆုံးပြန်ချပေးစမ်း!" ခေါင်းကိုလှည့်လိုက်ပြီးနောက် လောင်လျှိုဟာ ရွှီညီအကိုနှစ်ယောက်အား ဒေါသထွက်စွာ အော်ပြောလိုက်သည်။


ဒီလောင်လျှိုအား အသက်အလယ်အလတ်နဲ့လူဟာ တိတ်တဆိတ် အပြစ်တင်နေတော့သည်! ဘယ်လိုပြုမူရမယ်ဆိုတာ သူအခုထိသဘောမပေါက်သေးဘူးပဲ။


သူကသခင်လေး ကြီးပြင်းလာသည်အထိ သူပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပြီး သူ့မှာလည်းကလေးမရှိတာကြောင့် ယွီနျန့်ပိုင်ကို သူ့သားတစ်ယောက်လို အမြဲတမ်းဆက်ဆံတယ်ဆိုပေမယ့်…ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူကဘယ်လိုလူလဲဆိုတာ သိဖို့‌လိုသေးတယ်မဟုတ်ဘူးလား?


အသက်အလယ်အလတ်နဲ့လူဟာ ယွီမိသားစု၏သက်တော်စောင့်ဆိုပေမယ့် သူကကျင့်ကြံခြင်းကို သာမန်ကာလျှံကာလေးဟာ ပြီး‌ဆုံးထားသူဖြစ်သည်။ ဗဟုသုတအရဆိုရင်တော့ သူကလောင်လျှိုထက် ပိုပြီးတိုးတက်မှုရှိသည်။


ဒီညီအကိုနှစ်ယောက်ဟာ အသက်၂၀အရွယ်လောက်နဲ့ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့် ရောက်ရှိထားတာကြောင့် သာမန်လူတွေတော့မဟုတ်လောက်ဘူး။ ဒီလိုစွမ်းအားမျိုးနဲ့သာဆိုရင် သူတို့‌တွေက အလွန်ကျော်ကြားသည့် ဂိုဏ်းကြီးတွေထဲက ဖြစ်လိမ့်မည်။


သူတို့တွေက ဝူတျီမြို့က ယွီမိသားစု၏အဆင့်အတန်းကို သိနေတာတောင် ခုခံဖို့အတွက် ယုံကြည်ချက်ရှိရှိ ရပ်နေဆဲဖြစ်တာကြောင့် သူတို့တွေ၏နောက်ခံ၌ စွမ်းအားကြီးသည့်ဆရာသခင် ဒါမှမဟုတ် စွမ်းအားကြီးသည့်ဂိုဏ်း ရှိနေလိမ့်မည်။ အကယ်၍ တစုံတယောက်သာ သူတို့လိုလူမျိုးကို အမှားလုပ်မိပါက မိသားစုတစ်ခုလုံး ပျက်ကိန်းဆိုက်သွားလိမ့်မည်!


"ပါးစပ်ပိတ်ထား! ငါတို့သခင်လေးက အခြားလူတွေလက်ထဲရောက်နေတာ မင်းမမြင်ဘူးလား?!" အသက်အလယ်အလတ်နဲ့လူဟာ ဒေါသထွက်စွာ အော်လိုက်တော့သည်။ ‌ဒီလောင်လျှိုဟာ အထက်စီးဆန်စွာပြုမူလေ့ရှိပြီး ယွီမိသားစု၌ အရေးပါသည့်အစေခံအဖြစ် သူ့ကိုယ်သူထင်မှတ်ထားကာ အခြားလူတွေကို အထင်သေးလေ့ရှိသည်။ အရင်တုန်းက အသက်အလယ်အလတ်နဲ့လူက ဘာမှမပြောခဲ့ဘူးဆိုပေမယ့် လက်ရှိမှာတော့ ဘယ်လိုလှုပ်ရှားမှုမဆို သူ၏အနာဂတ်အတွက် အကျိုးသက်ရောက်မှုရှိနိုင်တာကြောင့် ဒီလူနှစ်ယောက်အား လောင်လျှိုအမှားလုပ်မိမှာကို သူမလိုချင်ပေ။


လောင်လျှိုဟာ အသက်အလယ်အလတ်နဲ့လူက သူ့အားအော်ရဲလိမ့်မယ်လို့ ထင်မထားတာကြောင့် သူ၏မျက်လုံးတွေက ချက်ချင်း ဒေါသတွေနဲ့ပြည့်နက်သွားသည်။ သူ၏မုတ်ဆိတ်မွေးတွေက တုန်ခါလာပြီး ဘာမှမပြောပဲ အသက်အလယ်အလတ်နဲ့လူအား သူလက်ညှိုးလိုက်သည်။


"သခင်လေးက အခုချိန်မှာ ပိုအရေးကြီးတယ်!" အသက်အလယ်အလတ်နဲ့လူဟာ လောင်လျှို၏ဗဟုသုတနည်းမှုတွေကို ဂရုမစိုက်နိုင်တော့ပေ။ သူ့စိတ်ထဲ၌ သူဆုံးဖြတ်ချက်ချလိုက်သည်။ အိမ်တော်သို့ပြန်ရောက်တာနဲ့ ယွီမိသားစုရဲ့သခင်ကြီးကို သူနှုတ်ဆက်ကာထွက်ခွာတော့မည်။ ဒီလိုအသုံးမကျတဲ့အဖိုးကြီးနဲ့ စိတ်မချရတဲ့သခင်လေးနဲ့ဆိုရင် မိသားစုဟာ တစုံတယောက်ကို အမှားလုပ်မိပြီး အနှေးနဲ့အမြန် ဒုက္ခရောက်ပေတော့မည်။


သူစိတ်ထဲ၌ ထိုအကြောင်းကိုတွေးတောလိုက်ပေမယ့် ရွှီညီအကိုနှစ်ယောက်နဲ့ သူအပေးအယူလုပ်ရဦးမည်ဆိုတာ အသက်အလယ်အလတ်နဲ့လူကသိသည်။ မဟုတ်ရင် သခင်လေးသာ တစ်ခုခုဖြစ်သွားပါက သူနောက်တစ်နေ့အထိတောင် အသက်ရှင်လိမ့်မည်မဟုတ်ပေ။


"ဒီကျင့်ကြံသူနှစ်ယောက်ခင်ဗျာ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး မျက်နှာသာလေးပေးပါ ကျွန်တော်တို့ရဲ့သခင်လေးက သေမျိုးကလေးတစ်ယောက်ပါ ကျင့်ကြံသူတွေရဲ့သင်ကြားပေးမှုကို သူခံနိုင်‌ရည်မရှိသေးပါဘူး" အသက်အလယ်အလတ်နဲ့လူဟာ လိမ်မာပါးနပ်စွာ 'သင်ကြားပေးမှု'ဆိုသည့် စကားလုံးကိုသုံးလိုက်သည်။ ထိုစကားလုံးဟာ အပေါ်ယံသာလှပေမယ့် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ လူတိုင်းသိကြသည်။


ရွှီဇီယန် အသတ်အလယ်အလတ်နဲ့လူအား ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်ဟာ တွန့်သွားသည်။ ဒီအသက်အလယ်အလတ်နဲ့လူက အတော်လေး ဉာဏ်ကောင်းသည်။ သူအခုမှဒီကိုရောက်ဖူးတာကြောင့် ကျန်မိသားစုအား ဘာပြဿနာမှမဖြစ်စေချင်ဘူး။ သူတို့တွေက လျှိုကွမ်းဂိုဏ်း၏နာမည်ဖြင့် ပျော်ပါးလို့ရပြီး သူတို့တွေ ယွီနျန့်ပိုင်ကို သတ်လိုက်ရင်တောင် ယွီမိသားစုက ကလဲ့စားချေနိုင်လိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် နောက်နှစ်ရက်နေရင် ကျန်မိသားစု၏လက်ထပ်ပွဲ အခမ်းအနားကို သူတို့တွေသွားရလိမ့်မည်။ သူတို့တွေက အချိန်မရွေးထွက်သွားလို့ရပေမယ့် သူတို့ထွက်သွားပြီးရင် ယွီမိသားစုက ကျန်မိသားစုကို ‌ကလဲ့စားချေလိမ့်မည်။


သူတို့တွေ ဒီနေရာကိုလာတာက ကျန်မိသားစုကို ကူညီဖို့သာဖြစ်သည် ပြဿနာဖြစ်စေဖို့ မဟုတ်ပေ။ ဒါကြောင့် ရွှီဇီရုန်အား ရွှီဇီယန် တစ်ချက်ကြည့်လိုက်သည်။ ရွှီဇီရုန် မန္တန်ကိုပုံဖော်လိုက်ပြီးနောက် သွေးရောင်နွယ်ပင်တွေဟာ လှုပ်ရှားသွားပြီး ယွီသခင်လေးက အပေါ်ကနေပြုတ်ကျသွားသည်။


အသက်အလယ်အလတ်နဲ့လူက စကားပြောပြီးနောက် သူကလည်း တစ်ဖက်လူတွေကို အာရုံစိုက်နေသည်။ ရွှီဇီယန်၏အမူအရာကို မြင်လိုက်ပြီးနောက် သူကချက်ချင်း သခင်လေးကို ပြန်လည်ရယူလိုက်သည်။


ယွီသခင်လေးကို ပြန်ယူပြီးနောက် အသက်အလယ်အလတ်နဲ့လူက သူ့ကိုဆေးတိုက်လိုက်သည်။ ဒဏ်ရာတွေရနေသည့် ယွီနျန့်ပိုင်ဟာ ခဏလေးအတွင်း ဒဏ်ရာတွေပျောက်လုနီးနီးဖြစ်သွားသည်။


"ကျေးဇူးတင်ပါတယ် ဒီကကျင့်ကြံသူနှစ်ယောက်စလုံးကို ကျွန်တော့်သခင်လေး ကိုယ်စား ကျွန်တော်ကလည်း တောင်းပန်ပါတယ် ကျင့်ကြံသူနှစ်ယောက်နဲ့ သခင်လေးနဲ့ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ကြရင်း အချင်းချင်းသိသွားကြပြီလို့ ပြောလို့ရတာပေါ့ ကျွန်တော်ရဲ့အိမ်တော်ကို ဧည့်သည်အဖြစ် ဒီကကျင့်ကြံသူနှစ်ယောက်ကို ဖိတ်ကြားပါရစေ" အသက်အလယ်အလတ်နဲ့လူဟာ ဆေး၏အကျိုးသက်ရောင်မှုကြောင့် သူ့သခင်လေး သက်သာသွားပြီဆိုတာ သူသိလိုက်တာမို့ လျင်မြန်စွာတုံ့ပြန်လိုက်သည်။


ကျင့်ကြံသူတစ်ယောက်ဟာ သူ၏ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားပြီး သူ့အားအမှားပြုလုပ်သည့် သေမျိုးတွေကို သတ်ပစ်တာကြောင့် ဘယ်သူမှစိန်မခေါ်ရဲကြပေ။ သူ၏သခင်လေးက ဒဏ်ရာကြီးကြီးမားမား မရသွားတာကြောင့် အသက်အလယ်အလတ်နဲ့လူက အတော်လေးကို ကျေးဇူးတင်မိသည်။


ဒဏ်ရာတွေက ကြီးကြီးမားမားမရသွားတာကြောင့် ဆွေးနွေးဖို့အတွက် အချိန်ပိုရသွားသည်။ ထို့အပြင် ဒီနှစ်ယောက်က အထင်ကြီးလောက်သည့် လု‌ပ်ဆောင်ချက်တွေ ရှိထားတာကြောင့် ယွီမိသားစု၌ နေခိုင်းလိုက်ပါက သူတို့တွေနဲ့ပိုပြီးသိလာနိုင်ဖို့ သူကြိုးစားနိုင်ပြီး သူ့အတွက်ကြီးမားတဲ့ အကျိုးအမြတ်တွေရလာနိုင်သည်။ 


အသက်အလယ်အလတ်နဲ့လူဟာ ထိုအကြောင်းကို တိတ်တဆိတ်တွေးလိုက်ပြီး သူတို့နှစ်ယောက်အား ယွီမိသားစုကို ဖိတ်ကြားဖို့ အကြောင်းပြချက်ကို သူတွေးတောလိုက်သည်။ လောင်လျှိုဟာ သခင်လေးကို ဖမ်းယူပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို သက်သာသွားအောင် ပွတ်သပ်နေကာ ရွှီဇီရုန်အား ခါးခါးသီးသီးစိုက်ကြည့်နေသည်။ 


"ဟဟ ယွီမိသားစုက ကျွန်တော်ညီအကိုနှစ်ယောက်ကို မကြိုဆိုချင်ကြတဲ့ပုံပဲနော်" ရွှီဇီယန်က အပြုံးလေးနဲ့ပြောလိုက်ပေမယ့် သူမျက်လုံးတွေကတော့ အေးစက်နေသည်။


အသက်အလယ်အလတ်နဲ့လူဟာ လောင်လျှိုအား လှည့်ကြည့်လိုက်ပြီး သူစိတ်ထဲ၌ ကျိန်ဆဲနေတော့သည်။ ဒီငတုံးကောင်ကတော့! ကျင့်ကြံသူအများစုဟာ စွမ်အားကြီးတဲ့သူတွေကို လေးစားမှုရှိကြသည်။ ဒါပေမယ့် မင်းကတော့ မင်းကိုယ်မင်းလည်းပြန်ကြည့်လိုက်ဦး! မင်းသာအသတ်ခံလိုက်ရင် အရမ်းကောင်းမှာပဲလို့ ခေါင်းဆောင်တွေးနေမိလိမ့်မည်! သူကအသက်ကြီးနေတာပဲရှိတာ သုံးစားလို့ကိုမရဘူး လျှိုကွမ်းဂိုဏ်းကတပည့်တွေနဲ့တောင် နှိုင်းယှဉ်လို့မရဘူး!


ခဏလေးအတွင်း အကဲခတ်ကြည့်လိုက်ပြီးနောက် ရွှီဇီယန်၏လက်ရှည်အင်္ကျီလက်အနားက အခေါက်‌လေး၌ လျှိုကွမ်းဂိုဏ်း၏အမှတ်တံဆိပ်ပုံကို ချုပ်ထားမှန်း အသက်အလယ်အလတ်နဲ့လူက သတိထားမိလိုက်သည်။ သာမန်မဟုတ်သည့်ကျင့်ကြံသူတွေအနေနဲ့ သူတို့တွေက အဲ့ဒီလိုအမှတ်တံဆိပ်တွေကို အလွန်သတိထားမိကြသည်။ ထို့အပြင် သူတို့တွေမှာ ဘာနောက်ခံအဆင့်အတန်းမှမရှိပါက ဂိုဏ်းကြီးကလာသည့် တပည့်တွေအား သူတို့တွေဟာ ရန်မစရဲကြပေ။ ဒါကြောင့် သူတို့တွေက အဲ့ဒီလိုလူတွေနဲ့ အမှတ်မထင်တွေ့လာရရင်တောင် သူတို့တွေက ယဉ်ကျေးစွာဖြင့် အပြောအဆိုအပြုအမူတွေကို အကောင်းဆုံးဆင်ခြင်လေ့ရှိသည်။


ရွှမ်းယွိနယ်မြေ၌ လျှိုကွမ်းဂိုဏ်းဟာ နံပါတ်တစ်အကျော်ကြားဆုံးဖြစ်သည်။ သူတို့မြို့ဟာ ထျန်းယွီဂိုဏ်းနဲ့ နီးကပ်တယ်ဆိုပေမယ့် ထျန်းယွီဂိုဏ်းက တပည့်တွေဟာ ဝူတျီမြို့၌ ပေါ်လာခြင်းမရှိပေ။ အကယ်၍ သူတို့တွေ ပေါ်လာရင်တောင် ဒီလိုသေးငယ်တဲ့မိသားစုအတွက်နဲ့ သူတို့တွေက စိတ်အနှောင့်အယှက်အဖြစ်ခံပြီး စကားပြောနေမှာမဟုတ်ဘူး


"ဒီကကျင့်ကြံသူနှစ်ယောက်ခင်ဗျာ…ကျွန်တော့်ရဲ့သွေးသောက်ညီအကိုက ကျွန်တော်တို့သခင်လေး ကလေးအရွယ်တည်းက ကာကွယ်ပေးခဲ့တာပါ သူကကျွန်တော်တို့သခင်လေး ဒဏ်ရာရသွားတာကို မြင်လိုက်တာကြောင့် သူအတော်လေးစိုးရိမ်သွားလို့ပါ ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲမထားပါနဲ့" အသက်အလယ်အလတ်နဲ့လူဟာ လေးစားတစ်မှုဖြင့် ပြောလိုက်သည်။ 


အစတုန်းကတော့ ရွှီဇီယန် ဒီလူနှစ်ယောက်နဲ့ စိတ်အရှုပ်ခံပြီး စကားမပြောချင်တော့ပေမယ့် သူရုတ်တရက် ဝူတျီမြို့က ယွီမိသားစုကို ကြားလိုက်ပြီးနောက် သူ၏နှလုံးရပ်တန့်သွားတော့မလို ဖြစ်သွားကာ တစုံတခုတော့ ဖြစ်သွားတယ်ဆိုတာ သူသဘောပေါက်လိုက်သည်။


အသက်အလယ်အလတ်နဲ့လူ၏ ဖိတ်ကြားမှုကို ရွှီဇီယန် ပြန်လည်တုံ့ပြန်လိုက်ပြီးနောက် သူ၏မူလခန္ဓာကိုယ်ထဲက မှတ်ဉာဏ်တွေထဲ၌ ကြိုးစားရှာဖွေနေလေသည်။ အချိန်တော်တော်ကြာသွားပြီးနောက် သူ၏ခန္ဓာကိုယ်တုန်လှုပ်သွားပြီး သူ၏မျက်လုံးတွေကို အောက်ဖက်သို့ကြည့်လိုက်ကာ သူ၏တုန်လှုပ်နေသည့်အကြည့်တွေကို ဖုံးကွယ်ဖို့ကြိုးစားလိုက်သည်။ 


သေစမ်း! 


ဝူတျီမြို့! ယွီမိသားစု!


အဲ့ဒါကယွီဟော်ရဲ့ ဇာတိမြို့မဟုတ်ဘူးလား?!!


သူ၏မူလခန္ဓာကိုယ်၏ဆရာသခင်က မှတ်ဉာဏ်ထဲမှာ အဖြစ်အပျက်အားလုံးကို ပြောပြထားသည်။ ထိုမှတ်ဉာဏ်ထဲမှာပြောထားတာက ထိုအချိန်က ဝူတျီမြို့ဟာ မိစ္ဆာကျင့်ကြံသူတွေနဲ့ မိသားစုထဲကလူတွေပူပေါင်းပြီး ဒီမြို့ကို များပြားသည့် မိစ္ဆာတွေလာရောက်တိုက်ခိုက်ကြသည်။ ဝူတျီမြို့က မိသားစုလေးစုကလည်း သိပ်ပြီးတော့သင့်မြတ်မှုမရှိတာကြောင့် မိသားစုလေးစုကို ဂိတ်လေးခုအဖြစ် ပိုင်းခြားထားသည်။ ရလဒ်အနေနဲ့ ဂိတ်တစ်ခုက မိသားစုဝင်တစ်ယောက်ဟာ မိစ္ဆာတွေနဲ့အပေးအယူလုပ်ထားတာကြောင့် ညသန်းခေါင်ကြီး ဂိတ်ကြီးကျိုးပျက်သွားသည်။ အနီးနားက ဒေသခံအများအပြား သတ်ဖြတ်ခံလိုက်ရသည်။ ကံကောင်းစွာ အခြားသော မိသားစုသုံးစု ကျန်ရှိနေသေးတာကြောင့် သူတို့တွေအကောင်းဆုံး မိစ္ဆာတွေကိုတိုက်ထုတ်လိုက်ကြပြီး ကျန်ရှိနေသည့်လူဦးရေ တစ်ဝက်၏အသက်တွေကိုတော့ ကယ်တင်နိုင်လိုက်သည်။


နောက်ပိုင်းမှာတော့ မြို့ကိုဝိုင်းတိုက်သည့် မိစ္ဆာတွေရှုံးနိမ့်သွားပြီး အခြားသောမိသားစုသုံးစုဟာ မိစ္ဆာကျင့်ကြံသူတွေဖြင့် အပေးအယူလုပ်ခဲ့သည့် မိသားစုအား ဖိနှိပ်လိုက်ကြသည်။ ထိုအကြောင်းအရာတွေကြောင့် တချို့လူတွေကို ကွပ်မျက်လိုက်ကြပြီး မိစ္ဆာကျင့်ကြံသူတွေကို သွေးဆောင်နိုင်သည့် နတ်ဆိုးခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့်လူအား သူတို့တွေရှာတွေ့သွားသည်။


နောက်ပိုင်းဘာဆက်ဖြစ်လဲဆိုတာ ပိုပြီးတော့တောင် အံ့ဩစရာကောင်းသေးသည်။ သူတို့တွေ ထိုမိစ္ဆာကျင့်ကြံသူအား ကွပ်မျက်မည့်အချိန်၌ ဖန့်မိသားစုက သခင်လေးဟာ မကွပ်မျက်ခင်ည၌ ထိုမိစ္ဆာကျင့်ကြံသူကို ကယ်ထုတ်သွားသည်…


ဒီလိုထူးဆန်းလှသည့်အကြောင်းအရာဟာ လူများစွာကို ဟာသတစ်ခုလိုဖြစ်သွားစေပြီး တိုက်ပွဲမှာကျော်ကြားခဲ့သည့် ဖန့်မိသားစုကသခင်လေးဟာ မိစ္ဆာကျင့်ကြံသူနဲ့ ဒီလိုညစ်ညမ်းတဲ့အဆက်အသွယ်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ဘူး။


မူလရွှီဇီယန်ဟာ သူ၏ဆရာသခင်ဖြစ်သူနဲ့ ထိုအကြောင်းအရာအား ပြောဆိုသည့်အခါ၌ ထိုကိစ္စဟာ သူ့အတွက်ဘယ်လိုမှလည်း မခံစားသွားရသလို ဂရုလည်းမစိုက်ပေ။ သူထိုအဖြစ်တစ်ခုလုံးကို ပြန်လည်ခေါ်ယူလိုက်ပြီး ရွှီဇီယန် ခဏလောက် တွေးတောလိုက်သည်။


ယွီဟော်ဟာ ဝူတျီမြို့က ယွီမိသားစုမှာ မွေးဖွားခဲ့ပေမယ့် သူကအဆင့်အတန်းမြင့်မြင့် မနေခဲ့ရပေ။ သူကယွီမိသားစု၏အိမ်ထောင်စုခွဲက တပည့်တစ်ယောက်သာဖြစ်ပြီး သူ၏အမေကလည်း သူ့အဖေ၏ကိုယ်‌လုပ်တော် သက်သက်သာဖြစ်ပြီး ဂရုစိုက်ခြင်းမရှိတာကြောင့် ကလေးဘဝတည်းက သူအနိုင်ကျင့်ခံခဲ့ရသည်။ ထိုအကြောင်းကိုတွေးတောကြည့်လိုက်ရင် သူ၏ကံကြမ္မာက ရွှီဇီရုန်နဲ့ အလွန်တူလှသည်။


နောက်ပိုင်းမှာတော့ တစ်ချို့သောတိုက်ဆိုင်မှုတွေကြောင့် သူက‌တစ်ချို့သော ကောင်းမွန်သည့် အမွေအနှစ်တွေရရှိသွားပေမယ့် သူကထိုအချက်တွေကို ဖော်ပြဖို့ ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူကယွီမိသားစုက ထွက်သွားပြီး လျှိုကွမ်းဂိုဏ်းကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့သည်။


မိစ္ဆာတွေဒီမြို့ကို တိုက်ခိုက်သည့်အချိန်၌ ထိုဂိတ်ပျက်စီးသွားသည့်နေရာဟာ ယွီအိမ်တော်နဲ့နီးကပ်ကာ ယွီမိသားစုတွေ ဘေးကင်းရာသို့ ရွေ့ပြောင်းသည့်အချိန်၌ သူ၏အမေကို ပုပ်သိုးသွားအောင် ထိုနေရာမှာသာ ပစ်ထားခဲ့သည်။ ကံကောင်းစွာ ထျန်းယွီဂိုဏ်း၏တပည့်တစ်ယောက်ဟာ ဖြတ်သန်းသွားလာရင်း သူ၏အမေကိုကယ်တင်သွားသည်။ မဟုတ်ရင် သူ၏အမေဖြစ်သူကို လွန်ခဲ့တဲ့၆နှစ်က နှုတ်ဆက်ခဲ့တာဟာ တစ်သက်လုံးဖြစ်သွားပေလိမ့်မည်။


#TK