Chapter 90
ယွီနျန့်ပိုင်ဟာ သာမန်လူတွေက ပိုပြီးတော့ အင်အားကြီးသည်။ သူကစိတ်ဝိညာဉ်သွေးကြောတော့မရှိတာကြောင့် ကျင့်ကြံခြင်းလုပ်ဆောင်လို့မရပေမယ့် သူ့အဖေကသူ့ကို သာမန်လူတွေအတွက် အထူးပြုလုပ်ထားသည့် ဆေးလုံးတွေပေးသည်။
လက်ရှိမှာ သူ၏စွမ်းအင်ဟာ တတိယချီစွမ်းအင်စုဆောင်းမှုအထိ ရှိထားပြီး သူ၏အသက်သွေးကြောထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေမရှိတာကြောင့် စွမ်းအားအသုံးပြုလို့မရရုံသာရှိသည်။
ယွီနျန့်ပိုင်ဟာ ရွှီဇီယန်ကို တိုက်ခိုက်ရန် ဟာသတစ်ခုလိုသာမြင်ထားပြီး ရွှီဇီယန်အား တကယ်သတ်ရန် သူရည်ရွယ်လိုက်သည်။
ရွှီဇီယန်ကလည်း သူတော်စင်မဟုတ်သလို ကောင်းမွန်စွာငြင်းဆန်ပြီး ယွီနျန့်ပိုင်နဲ့ သူအချိန်မဖြုန်းချင်ပေ။ ဒါကြောင့်လည်း သူပြန်လည်တိုက်ခိုက်လေသည်…ဒါပေမယ့် သူ၏မိုးကြိုးသွားကို မလွတ်ရသေးခင် သူ၏အရှေ့ကနေ သွေးနီရောင်အရိပ်ဟာ ဖြတ်သွားသည်။ ထို့နောက်မှာတော့ ယွီနျန့်ပိုင်ဟာ ဘန်းခနဲဆိုသည့်အသံဖြင့် အဝေးသို့လွင့်သွားသည်…
"ကိုကိုကလည်း…ဒီလိုလူတစ်ယောက်အတွက်နဲ့များ ဘာလို့စိတ်အနှောင့်အယှက်အဖြစ်ခံနေရတာလဲ? ကိုကို့ကိုယ်စား ကျွန်တော်ပဲ ဒီကိစ္စကိုရှင်းပေးလိုက်မယ်လေ" ရွှီဇီရုန်သိမ်မွေ့စွာပြုံးလိုက်ပြီး ရွှီဇီယန်၏လက်ကိုကိုင်ကာ ညင်သာစွာပွတ်လိုက်သည်။
ရွှီဇီယန် သူ၏လက်ထဲက မိုးကြိုးသွားကို ပြန်သိမ်းလိုက်ပြီး ရွှီဇီရုန်အခုလေးတင် သူ့အားပွတ်သပ်သွားတာက လေပြင်းတွေတိုက်ခတ်သလို ဘာအရိပ်အယောင်မှ ရှိမနေပဲ ရေပေါ်မှာ လှိုင်းဂယက်ကလေး ထသွားသလိုသာဖြစ်နေသည်။
ထူးဆန်းစွာ…ရွှီဇီယန် တစ်ခုခုမှားနေတယ်လို့ သူခံစားမိလိုက်သည်။
ရွှီဇီယန် နားမလည်နိုင်လောက်အောင် ထပ်ပြီးရုန်းကန်နေရပြီး သူဘာကိုရုန်းကန်နေရလဲဆိုတာကိုလည်း သူမသိပေ သူ့အပေါ်မှာထားတဲ့ ရွှီဇီရုန်၏သဘောထားတွေဟာ ပြောင်းလဲသွားတယ်လို့ သူခံစားနေရပေမယ့် ပုံစံကတော့ အရင်တုန်းကနဲ့ အတူတူပဲမဟုတ်ဘူးလား?
သူက,ကလေးလို မပြုမူတော့တာရယ် သူ၏ချစ်စရာကောင်းပုံစံ မပြတော့တာရယ်ကလွဲရင် ရွှီဇီရုန်၏အရွယ်ရောက်နေသည့်ပုံစံက သူ၏၁၂အရွယ်တုန်းကနဲ့ တစ်ပုံစံတည်းဖြစ်သည်!
ရွှီဇီယန် နားမလည်နိုင်ဖြစ်နေပြီး သူ့အတွေးထဲမှာ ဖျက်ခနဲတွေးလိုက်မိသည်က—လူကြီးတစ်ယောက်ပုံစံအနေနဲ့ ဇီရုန်ကဒီလိုမပြုမူသင့်ဘူးမလား?
ကံမကောင်းစွာ ထိုအပြုအမူကို သူနားမလည်သေးခင်မှာပင် အခြေအနေက ပြန်ပြီးပြောင်းသွားပြန်သည်။ ဒီမရေရာတဲ့အတွေးကို သူစိတ်ထဲကနေ ထုတ်လိုက်ပြီး သူဘယ်တော့မှ ပြန်လည်မတွေးတော့ပေ။
ယွီနျန့်ပိုင်က သာမန်တဲ့ခန္ဓာကိုယ်ရှိပြီး ရွှီဇီရုန်ကလည်း အခုချက်ချင်း သူ့ကိုမသတ်ချင်သေးပေ။ သူ၏အရင်ဘဝတုန်းကဆိုရင် သူ၏အလှကိုကြောင့် ဆွဲဆောင်ခံရသည့် ဒီလူတွေဟာ သူ့ကိုလာသိမ်းပိုက်တိုင်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန်မသေရပေ။ သူ့ကို'သွေးမိစ္ဆာ'လို့နာမည်ပေးထားတာ သွေးပင်လယ်နှလုံးကျင့်စဉ်ကို သူကျင့်ကြံလို့ဆိုသည့် အချက်ကြောင့်ပဲမဟုတ်ပေ။
သူလွင့်သွားသည့်အချိန်၌ ယွီနျန့်ပိုင်ဟာ တစ်ခုခုတော့မှားနေမှန်း သူသဘောပေါက်သွားသည်။ သွေးနွယ်ပင် သူ၏ခန္ဓာကိုယ်အား လာထိသည့်အချိန်၌ သူ့ခန္ဓာကိုယ်ပေါ်က ကျောက်စိမ်းပြားထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို အလွန်ကြီးမားသည့်အလင်းရောင်ဖြင့် ချက်ချင်းရစ်ပတ်သွားသည်။
"အဲ့ဒါက ကာကွယ်ခြင်းကျောက်စိမ်းပြား မလား?" ရွှီဇီရုန် ထိုအရာကို ဂရုတစိုက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်က လှောင်ပြုံးပြုံးလိုက်သည်။ သူ၏လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီး သုံးခုထက်ပိုသည့်အစေ့တွေ ထွက်ပေါ်လာသည်။
စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လှုံဆော်လိုက်တာကြောင့် ကြီးမားသည့်သွေးရောင် နွယ်ပင်လေးပင်ဟာ ယွီနျန့်ပိုင်ကို အရှေ့ရော အနောက်ရော ရိုက်ပုတ်ကြပြီး အကာအကွယ်ပုံစံပြုလုပ်ထားသည့် ကျောက်စိမ်းပြားကလည်း တဖြည်းဖြည်း မှေးမှိန်လာသည်။
ယွီနျန့်ပိုင်လို့ခေါ်သည့် လူငယ်လေးဟာ အရမ်းကိုအံ့ဩသင့်နေသည်။ သူဟာထိတ်လန့်စွာ မြေပြင်ပေါ်မှာလဲနေပြီး သူ၏ဘောင်းဘီတွေတောင် စိုရွှဲကုန်ပြီဖြစ်သည်။
ဗဟုသုတအများကြီးမရှိပေမယ့် သာမန်လူတွေက ဒီလိုသွေးရောင်နွယ်ပင်မျိုး အသုံးမပြုနိုင်တာကိုတော့ သူသိသည်။ သူဘာလို့များ ကျင့်ကြံသူနှစ်ယောက်အရှေ့မှာ လှည့်စားဖို့ကြိုးစားလိုက်ရတာလဲ သူ့အတော်တုံးပါလားလို့ သူ့ကိုယ်သူတွေးနေမိသည်။
ထူလှသည့်သွေးနွယ်ပင်လေးပင်ဟာ လေးပေါ်မှာကနေကြပြီး ယွီနျန့်ပိုင်၏ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို အရှေ့နဲ့အနောက်သို့ ပုတ်ရိုက်နေကြသည်။ အဲ့ဒီနေရာကလူတွေအားလုံးဟာ ကမောက်ကမအခြေအနေဖြစ်ကုန်သည်။ အဲ့ဒီနေရာက ကိုယ်လုပ်တော်တွေဘေးနားက ဧည့်သည်တွေကလည်း လေးဘက်ကုန်းပြီး အဝေးသို့သွားတဲ့သူတွေနဲ့ ကြမ်းပြင်၌ အော်ဟစ်နေကြတဲ့သူတွေနဲ့ ရှုပ်ယှက်ခတ်နေကြသည်။
ဝူတျီမြို့၌ ကျင့်ကြံသူတွေနဲ့ သာမန်လူတွေဟာ အတူတူယှဥ်တွဲနေထိုင်ကြပေမယ့် နေရာအများစုမှာက သူတို့တွေကို ခွဲခြားပြီးဆက်ဆံလေ့ရှိကြသည်။ ဝူတျီမြို့၌ သာမန်လူတွေနဲ့ ကျင့်ကြံသူတွေ၏တည်ရှိမှုကို သိထားကြပေမယ့် ဒီလိုမျိုးအနီးကပ်ကြီး နွယ်ပင်တွေနဲ့ လူကိုအရှင်လတ်လတ်ရိုက်နေတာကို မြင်ရတာက အရမ်းကိုထိတ်လန့်သွားစေသည်။
ရှုပ်ယှက်ခတ်နေသည့်မြင်ကွင်းနဲ့ အသံတွေဟာ လန်ယွဲ့ယွမ်နေရာ၏ အစောင့်ကိုသတိပေးလိုက်သလို ဖြစ်သွားသည်။ အလွန်လှပသည့်မိန်းကလေးဟာ ထိုဦးတည်ရာကို ကြည့်လိုက်ရင်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ နွယ်ပင်လေးပင်က အရှေ့ရော အနောက်ရော ရိုက်ပုတ်နေတာကြောင့် သူမအနီးကပ်တောင် သွားမကြည့်ရဲပေ။ သူမကအစေခံတစ်ယောက်ကို အမြန်ခေါ်ကာ လန်ယွဲ့ယွမ်က ပြဿနာကိုဖြေရှင်းဖို့အတွက် တစုံတယောက်အားသွားရှာရန် သူမကိုပို့ခိုင်းလေသည်။
"အဲ့ဒါက…"
"သူ့ရဲ့ပုံစံကိုကြည့်ရတာ ယွီသခင်လေးနဲ့တော့တူတယ်…"
စင်မြင့်နားက ဧည့်သည်တွေကလည်း ဘာကိုယ်ခံပညာမှမရှိတာကြောင့် သူတို့တွေက ဆွေးနွေးရုံသာတတ်နိုင်သည်။ သို့ပေမယ့် ကျင့်ကြံသူတွေကို တစ်ခါတစ်ရံမှသာ အနီးကပ်မြင်ရတာပြီး သူတို့တွေ၏တိုက်ခိုက်ပုံတွေကို ပထမဆုံးမြင်ဖူးတာကြောင့် သူတို့တွေဟာ တကယ့်ကိုသိချင်စိတ်ပြင်းပြနေကြသည်။
"ဘာ? အရိုက်ခံနေရတဲ့တစ်ယောက်က ယွီသခင်လေးလား?"
"ကျွတ် ကျွတ် ဒီနှစ်ယောက်က အရမ်းကိုသတ္တိရှိတာပဲ သူတို့တွေက ယွီသခင်လေးကိုတိုက်ခိုက်တယ် သူတို့တွေအသက်မရှင်ကြတော့ဘူးလား?"
အဲ့ဒီလူတွေကတော့ ဘာပြဿနာပဲဖြစ်ဖြစ် ကြည့်ရှုဖို့မကြောက်ရွံပဲ ယွီသခင်လေးကလည်း ဝူတျီမြို့မှာ အရမ်းကြီးကျော်ကြားသူမဟုတ်ပေ။ သူကသေမျိုးဆိုပေမယ့် သူ့အဖေဖြစ်သူက ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် ထိုနာမည်ဂုဏ်သတင်းဖြင့် အခြားလူတွေကို ဘယ်တော့မှလေးစားမှုမရှိဘူး။ အဲ့ဒီလိုအပြုအမူတွေက အင်အားမရှိသည့်လူတွေကို မကျေမနပ်ဖြစ်စေသည်။
ကျင့်ကြံသူတွေကလည်း သူ့ကိုအထင်အမြင်သေးစွာ ကြည့်နေကြပြီး မသေမျိုးတွေကလည်း သူနဲ့အချိန်မဖြုန်းချင်ပေ။ ယွီသခင်လေးက ဝူတျီမြို့မှာ ငကြောင်တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူကဒုက္ခရောက်နေပေမယ့် သူ၏သက်တော်စောင့်ကို သတင်းသွားပေးဖို့ ဘယ်သူမှမတွေးကြပေ။
"ဘယ်ကောင်က ငါတို့သခင်လေးကို အကြောင်းပြချက်မရှိ ပြဿနာရှာရဲတာလဲ?!"
အားလုံးတွေးဆနေစဉ်မှာပင် ယွီသခင်လေး၏သက်တော်စောင့်ဟာ အသံကျယ်ကျယ်ဖြင့် ပေါ်ထွက်လာသည်။
ရွှီဇီရုန်သူ၏မျက်ခုံးတွေကို အနည်းငယ်ပင့်တင်လိုက်သည်။ သူနှာမှုတ်လိုက်ကာ သွေးရောင်နွယ်ပင်တွေကို ရုတ်တရက် ဖိအားပေးလိုက်တာကြောင့် ယွီနျန့်ပိုင်၏ခန္ဓာကိုယ်ပေါ်က အကာအကွယ်ဟာ ပျောက်သွားတော့သည်။ နွယ်ပင်နှစ်ပင်ဟာ အခွင့်ကောင်းယူကာ သူ့ကိုရိုက်လေတော့သည်။ သူချက်ချင်း သွေးတွေအန်ထွက်လာပြီး သူ၏လက်မောင်းတွေကို ဆုပ်ကိုင်ထားကာ မြေပြင်ပေါ်၌ နာကျင်စွာ လှိမ့်နေတော့သည်။
"မင်းလုပ်ရဲတယ်!" အမဲရောင်အရိပ်ဟာ ဒေါသထွက်စွာ အော်လိုက်သည်။ လန်ယွဲ့ယွမ်၏ဝင်ပေါက်ကို ဖြတ်ပြီးနောက် ထောင့်နားမှာရှိနေသည့် ရွှီဇီရုန်နဲ့အခြားလူတွေကို မြင်လိုက်သည်။
"ငါ့ရဲ့သခင်လေးကိုများ မင်းကနာကျင်အောင် လုပ်ရဲတယ် သေစမ်း!"
ထို့နောက်မှာတော့ အမဲရောင်အရိပ်ဟာ မန္တန်တစ်ခုကိုပုံဖော်လိုက်ပြီး အပြာရောင်အလင်းတန်းဟာ ရွှီဇီရုန် အရှေ့တည့်တည့်သို့ ပြေးသွားသည်။
ရွှီဇီယန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လက်မလောက်ထူသည့် မိုးကြိုးသွားအလင်းတန်းကို ပစ်လွင့်လိုက်ကာ အပြာရောင်အလင်တန်းကို ထိသွားပြီး ပေါက်ကွဲသွားသည်။ ထို့အပြင် 'ဘုန်း'ဆိုသည့်အသံနဲ့အတူ အပြာရောင်အလင်းတန်းပျောက်သွားရုံသာမက အမဲရောင်၏ပုံရိပ်ဟာလည်း အဝေးသို့လွင့်သွားတော့သည်။
"ဝိုး—"
ရွှီဇီရုန်က ယွီနျန့်ပိုင်ကို သွေးရောင်နွယ်ပင်နဲ့ထိန်းချုပ်ကာ ရိုက်နှက်နေတာကို အခြားလူတွေက ထိတ်လန့်မှုတောင် မရှိပဲကြည့်နေကြသည်။ ဘာလို့လဲဆိုတော့ ယွီနျန့်ပိုင်ဟာ သာမန်လူဖြစ်သည်။ သူကကျင့်ကြံသူတစ်ယောက်ကို မနိုင်ဘူးဆိုတာ သာမန်ဖြစ်စဉ်သာဖြစ်သည်။
ဒါပေမယ့် ရွှီဇီယန်၏ဦးဆောင်မှုကြောင့် အခြေအနေဟာ လုံးဝပြောင်းလဲသွားတော့သည်။ ယွီသခင်လေး၏အနောက်မှာ စွမ်းအားကြီးသည့် ကျင့်ကြံသူနှစ်ယောက်ကသက်တော်စောင့်အဖြစ် အမြဲလိုက်ပါနေမှန်း အားလုံးကသိထားကြသည်။ ယွီမော့ရန်က သူ့သားကိုအလိုလိုက်တာကြောင့် သူ့အတွက် အကောင်းဆုံး သက်တော်စောင့်တွေ ထားထားမှာသေချာသည်။
ယွီနျန့်ပိုင်နဲ့ ခရီးသွားချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ရန်ပွဲဖြစ်ဖူးသည်လို့ ပြောကြသည်။ ထိုသူကယွီနျန့်ပိုင်ကို သတ်ဖို့လုပ်ပေမယ့် နောက်ဆုံးမှာတော့ ယွီနျန့်ပိုင်၏သက်တော်စောင့်တစ်ယောက် သတ်တာခံလိုက်ရသည်။ ထို့နောက်မှာတော့ ဝူတျီမြို့က ဒေသခံတွေဟာ အဲ့ဒီသက်တော်စောင့်နှစ်ယောက်၏စွမ်းအားကို အနည်းနဲ့အများတော့သိထားကြသည်။
လက်ရှိမှာတော့ အဲ့ဒီအရမ်းကိုစွမ်းအားကြီးလှပါတယ်ဆိုသည့် သက်တော်စောင့်က ဒီချောမောတဲ့လူငယ်လေး တိုက်ခိုက်တာခံလိုက်ရသည်။ အဲ့ဒီလူတွေက ကျင့်ကြံခြင်းအဆင့်တွေကိုတော့ မခန့်မှန်းနိုင်ပေမယ့် ဒီတိုက်ခိုက်သွားတာကို ကြည့်လိုက်ပြီးနောက် သူတို့တွေဟာ လွယ်ကူစွာနှိုင်းယှဉ်နိုင်သည်။
"ကျွတ် ကျွတ် ယွီနျန့်ပိုင်ကတော့ သံပြားလို အကန်ခံနေရပါလား" ဧည့်သည်တွေထဲကတစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဟန့် ယွီနျန့်ပိုင်က အရင်ကတည်းက ဒီလိုသင်ခန်းစာပေးခံရသင့်တာ"
"ဘယ်သူကလဲ သဘောမတူဘဲရှိမလဲ? ဒါပေမယ့် ဒီကောင်ယွီနျန့်ပိုင်က အတော်လေးဉာဏ်ပြေးပေမယ့် ဘယ်လိုလုပ်များ သူကကျင့်ကြံသူတွေကို အပြစ်သွားလုပ်မိလိုက်တာလဲ? ခဏလေး မဟုတ်သေးဘူး အဲ့ဒီကျင့်ကြံသူနှစ်ယောက်က ဘယ်လို့များ တျိန်ရှင်းလုံဆီမသွားတာလဲ?"
"ဘယ်သူသိမှာလဲ? ဒါပေမယ့် ဒီကိစ္စက ငါတို့နဲ့မဆိုင်တာ ပျော်ပျော်ကြီးသာ ကြည့်ကြတာပေါ့"
"မင်းပြောတာမှန်တယ် ဟား ဟား…အဲ့ဒါက တကယ့်ကို ပြဿနာကြီးတော့မှာပဲ…"
လုံခြုံတဲ့ထောင့်နားမှာ ပုန်းနေကြပြီးနောက် ဧည့်သည်အများစုဟာ အသံတိုးတိုးဖြင့် သူတို့ဟာသူတို့ ဆွေးနွေးပြောဆိုနေကြသည်။ ယွီနျန့်ပိုင်၏ခန္ဓာကိုယ်ကနေ သွေးတွေတစ်စက်စက်ကျနေတာကို ကြည့်နေကြပြီး အဲ့ဒီလူတွေဟာ သနားကရုဏာသက်မှုတွေ မရှိရုံတင်မကဘူး သူတို့တွေက သူ့အားလှောင်ပြောင်နေကြတော့သည်။
"ကျင့်ကြံသူတွေ ကျေးဇူးပြုပြီး သက်ညှာပေးပါ!"
ပုံရိပ်တစ်ခုဟာလွင့်ပျံသွားပြီးနောက် အခြားသောလူတစ်ယောက်ဟာ လျင်မြန်စွာ ပြေးလာကာ ဒီတစ်ကြိမ်မှာတော့ ဒီလူကသင်ခန်းစာရထားပြီး ဖြစ်တာကြောင့် ဘာလှုပ်ရှားမှုကို အရင်မလုပ်ရဲပေ။
ဒီတစ်ကြိမ်မှာတော့ ရွှီဇီယန်ကလည်း ဘာမှမလှုပ်ရှားသေးပဲ သူတို့နားကိုပြေးလာသည့် ထိုလူအား သူအေးစက်စက်ကြည့်လိုက်တာကြောင့် သူတို့နဲ့အဝေးမှာ ရပ်လိုက်ကာ မဆင်မခြင်အပြုအမူတွေ မလုပ်ရဲပေ။
အသက်အလယ်အလတ်နဲ့လူဟာ ကျင့်ကြံခြင်းကို အစောပိုင်းအဆင့်ထိသာ တည်ဆောက်ရသေးပြီး ဝူတျီလိုမြို့မှာဆိုရင်တော့ အရမ်းကိုအစွမ်းထက်တယ်လို့ ထင်ကြတာကြောင့် သာမန်လူဘေး၌ သက်တော်စောင့်လုပ်ကာ အချိန်ဖြုန်းနေခြင်းဖြစ်သည်။
အသက်အလယ်အလတ်နဲ့လူဟာ နွယ်ပင်ပေါ်ကနေ ဇောက်ထိုးဆွဲချခံထားရသည့် ယွီနျန့်ပိုင်အား ကြည့်လိုက်ရင်း သူအကူအညီမဲ့စွာ လေအေးတွေကိုရှူရှိုက်လိုက်သည်။ သွေးရဲရဲတွေနဲ့ ဖူးရောင်နေတဲ့မျက်နှာက သူ့သခင်လေးတဲ့လား? ဘုရားရေ…သူ့အမေကတော့ သူ့သားကို မှတ်မိမဲ့ပုံတောင် မပေါ်တော့ဘူး…
"ဒီကကျင့်ကြံသူကို ကျွန်တော်ရဲ့သခင်လေးက ဘာအမှားလုပ်လိုက်မိလဲဆိုတာတော့ ကျွန်တော်လဲမသိပေမယ့် ယွီမိသားစုရဲ့မျက်နှာကိုထောက်ပြီး သခင်လေးကိုလွတ်ပေးပါလား" ဒီအသက်အလယ်အလတ်နဲ့လူက အတော်လေး ဉာဏ်ပြေးသည်။ သခင်လေးယွီ ဘေးနားမှာ အချိန်အကြာကြီး အတူတူရှိနေပြီးနောက် ယွီနျန့်ပိုင်၏စရိုက်ကို သူကောင်းကောင်းကြီး သိထားသည်။ ရွှီဇီရုန်၏အလွန်လှပသည့် မျက်နှာကို ကြည့်လိုက်ပြီးနောက် ဘာကြောင့်တိုက်ခိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက်က အလွန်သိသာလှသည်။
ထို့အပြင် သူ့သခင်လေးက မသက်မသာ အရိုက်ခံထားရတယ်ဆိုပေမယ့် သူ၏အသက်ရှူနှုန်းတွေက ပုံမှန်အတိုင်းသာဖြစ်နေသေးသည်။ ထိုကျင့်ကြံသူဟာ လောင်လျှိုကို အလွယ်တကူ တိုက်ခိုက်နိုင်လိုက်တာကြောင့် အကယ်၍ သူတို့တွေသာသတ်ချင်ရင် သူ၏သခင်လေးက အလောင်းဖြစ်နေလောက်ပြီဖြစ်သည်။ သူတို့တွေက သတ်ပစ်မည့်ပုံမပေါ်တာကြောင့် ဆွေးနွေးဖို့အတွက် အချိန်ပေးတယ်လို့ ဆိုလိုခြင်းဖြစ်လိမ့်မည်။
"ယွီမိသားစု?" ရွှီဇီယန်၏မျက်ခုံး အနည်းငယ် ကျုံ့သွားပြီး ဝူတျီမြို့က ယွီမိသားစု? ဒီနာမည်ကို အတော်လေး ရင်းနှီးနေပေမယ့် သူဘယ်မှာကြားဖူးလည်းဆိုတာ ပြန်လည်တွေးတောလို့မရပေ။
"ဟုတ်ပါတယ် သူကဝူတျီမြို့က ယွီမိသားစုရဲ့အကြီးဆုံး သခင်လေးဖြစ်ပြီးတော့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့သားပါ" အသက်အလယ်အလတ်နဲ့ကျင့်ကြံသူက ဒီမိသားစု၏အဆင့်အတန်းကို အရမ်းဂုဏ်ယူစရာဖြစ်မိသည်ဆိုသည့်ပုံစံဖြင့် ခေါင်းကိုမော့ကာပြောလိုက်သည်။ ဒါပေမယ့် သူစကားပြောလို့ပြီးသွားပြီး မကြာခင်မှာပင် တစ်ခုခုမှားသွားမှန်း သူသဘောပေါက်လိုက်တာကြောင့် သူအမြန်ထပ်ပေါင်းပြောဆိုလိုက်သည်။
"သူကကျွန်တော်တို့ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသားပါ"
"ယွီမိသားစု? စွမ်းအားကြီးလို့လား?" ရွှီဇီယန် ဟန်ဆောင်ပန်ဆောင်ဖြင့် မေးလိုက်၏။
"ဝူတျီမြို့မှာ အဆင့်သုံးပဲချိတ်တယ်" ရွှီဇီရုန်ကလည်း အေးစက်စက်ပြောလာသည်။
"အိုး…အဆင့်သုံးကို…" ရွှီဇီယန်က တစုံတခုအား ရည်ညွှန်းချင်သည့်ပုံစံဖြင့် ပြောလိုက်သည်။
အသက်အလယ်အလတ်နဲ့လူဟာ ရုတ်တရက် မျက်နှာပူသွားပေမယ့် သူငြင်းလိုက်လို့လည်းမရပေ။ ဖန့်မိသားစုဟာ ဝူတျီမြို့၌ အင်အားအကြီးဆုံးဖြစ်သည်။ အစတုန်းကတော့ ယွီမိသားစုဟာ ဒုတိယနေရာမှာရှိနေခဲ့ပေမယ့် ကျန်မိသားစုကမိန်းကလေးနဲ့ ဖန့်မိသားစုကဒုတိယသခင်လေးတို့ဟာ လက်ထပ်ကြလိမ့်မယ်လို့ ဘယ်သူမှမတွေးထားခဲ့မိတာကြောင့် ထိုမိသားစုနှစ်စုကို နှိုင်းယှဉ်လိုက်ရင် ကျန်မိသားစုက ယွီမိသားစုထက် အနည်းငယ်ပိုသာသွားတာကြောင့် ဝူတျီမြို့မှာ ကျန်မိသားစုဟာ ဒုတိယအင်အားအကြီးဆုံးဖြစ်သွားတော့သည်။
"သခင်လေး!"
ရွှီဇီယန် အသက်အလယ်အလတ်နဲ့လူအရှေ့သို့ ပြေးသွားသည့်အချိန်၌ တိုက်ခိုက်ခံလိုက်ရသည့် သက်တော်စောင့်ဟာ ပြန်၍ပြေးလာသည်။ ရွှီဇီယန်ကလည်း ထပ်ပြီးညင်ညင်သာသာ ဆက်ဆံမနေတော့ပေ။ ရွှီဇီရုန်ကို ထိဖို့ကြိုးစားတဲ့ လူတိုင်း သူ့ရဲ့မိုးကြိုးသွားကိုပဲ ရရှိလိမ့်မည်။
တကယ့်မိုးကြိုးသွားအစစ်ကိုပြောတာ!
#TK