Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 33 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၄၊ မေပယ်တောအုပ်၏လျှို့ဝှက်ချက်)
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် မေပယ်တောအုပ်ကို လှည့်ပတ်ကြည့်ရာ ဘာမှမှားယွင်းတာမရှိပေ။
ထိုကဲ့သို့ မေပယ်တောအုပ်ကြီးမှာ ညဉ့်နက်သန်းခေါင်တွင် တူးဖော်လို့လည်းမရချေ။
ယွီဟန်ကျန်းက ပြတ်ပြတ်သားသားပြောခဲ့သည်။
"မေပယ်တောအုပ်ရဲ့ သဲလွန်စက မနက်ဖြန်အထိ မပေါ်လောက်သေးဘူး... လွန်ခဲ့တဲ့နှစ်တွေက ပျောက်ဆုံးသွားသူတွေကို စုံစမ်းစစ်ဆေးဖို့ စာကြည့်တိုက်ကို ပြန်သွားရအောင်"
မနေ့ညက လူနှစ်ဦးသည် လွန်ခဲ့သောငါးနှစ်က ပြုတ်ကျမှုကို စုံစမ်းစစ်ဆေးရန် ရှန်းရှူးအဆောက်အဦး၏ ငါးထပ်ရှိ အချက်အလက်စင်တာသို့ ခိုးဝင်ခဲ့သည်။ သေဆုံးသူမှာ စစ်းဟန်ဟုခေါ်သော အထက်တန်းကျောင်းသူဖြစ်ပြီး ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်ရှိကြောင်း တွေ့ရှိခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်း ကျောင်းမှ ပျောက်ဆုံးသွားသူများ၏ အချက်အလက်ကို စစ်ဆေးရန် ယနေ့ညတွင် စာကြည့်တိုက်သို့ ထပ်မံသွားကြသည်။
လုံခြုံရေးသည် ရှန်းရှူးအဆောက်အဦးကို သော့ခတ်ထားသော်လည်း ယွီဟန်ကျန်း၏ရှေ့တွင် သာမန်သံသော့ခလောက်များက မထိရောက်ပါ။ သူက တံခါးသော့ကို ဖြည်းညှင်းစွာဖွင့်ပြီး ရှောက်လုံကို ငါးထပ်မြောက်သို့ ခေါ်သွားသည်။ ဓာတ်မီးမဖွင့်ခင် ပြတင်းပေါက် ကန့်လန့်ကာများကို ပိတ်လိုက်သည်။
ဤနေရာတွင် အချက်အလက်တွေ အလွန်များပါသည်။ ကံကောင်းထောက်မစွာ ဖိုင်တွဲအားလုံးတွင် အညွှန်းများပါရှိသည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် 'ဝန်ထမ်းအပြောင်းအလဲများ' နှင့် 'အစီရင်ခံအချက်အလက်များ' ကို စစ်ဆေးရန် အာရုံစိုက်ခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်အတွင်း ဆက်စပ်အချက်အလက်များအားလုံးကို စုဆောင်းပြီး သီးခြားစီကြည့်ရှုခဲ့သည်။
အချက်အလက်များစွာဖြင့် ပစ်မှတ်များကို ဘောင်ခတ်ရန် သူတို့က တစ်နာရီကျော် အချိန်ယူခဲ့ရသည်။
ပထမဆုံးပျောက်ဆုံးသူမှာ ကျောင်း၏ စိတ်ပညာအကြံပေးဌာနမှ အသက် 25 နှစ်အရွယ် ဆရာဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်က နုတ်ထွက်စာတင်ပြီး ကျောင်းမှထွက်ခဲ့သည်။ သို့သော် သူဘယ်မှာရှိနေသည်ကို ရုတ်တရက် မသိရတော့ပေ။ သူ့မိသားစုက ရဲကို ဖုန်းဆက်ပြီး စုံစမ်းဖို့ ကျောင်းကို ရဲများ ရောက်လာသည်။ ကျောင်းခေါင်းဆောင်များက သူကျောင်းမှထွက်သွားပြီဖြစ်ကြောင်းနှင့် စောင့်ကြည့်ရေးကင်မရာများက သူ ကျောင်းမှထွက်သွားကြောင်းပြသခဲ့သည်။ အစီရင်ခံစာအရ ဒီဆရာ ပျောက်ဆုံးမှုမှာ မေပယ်တောအုပ်အထက်တန်းကျောင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ဆိုပါသည်။
ဒုတိယတစ်ယောက်မှာ ကျောင်းလုံခြုံရေးအစောင့်ဖြစ်သည်။ အသက် 45 နှစ်ရှိပြီဖြစ်ပြီး သူ အလုပ်လုပ်နေစဉ် ညဘက်တွင် အလုပ်မှ ထွက်သွားခဲ့သည်။ ကျောင်းတံခါးကနေ ခိုးထွက်ပြီး ဘာဖြစ်သွားမှန်းမသိပေမဲ့ သူပြန်မလာတော့ဘူး။ ပျောက်ဆုံးသွားသော လုံခြုံရေးအစောင့်သည် ကျောင်းနှင့် မသက်ဆိုင်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။
တတိယတစ်ယောက်မှာ အသက် 45 နှစ်အရွယ် ကျိုးအမည်ရသော ဘာသာစကားဆရာဖြစ်သည်။
အထက်တန်းပြဆရာသည် လွန်ခဲ့သော ခြောက်လခန့်က ပျောက်ဆုံးသွားခဲ့ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ကင်မရာအများအပြား ပျက်စီးသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှု မအောင်မြင်ခဲ့ပေ။ ၎င်းက မဖြေရှင်းနိုင်သော အမှုဖြစ်လာသည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် လွန်ခဲ့သောငါးနှစ်က အဓိကဝိဇ္ဇာအတန်းအတွက် ဆရာ၏အမည်ကို ချက်ချင်းစစ်ဆေးခဲ့သည်။ ဤဆရာကျိုးက စစ်းဟန်၏ အတန်းပိုင်ဆရာဖြစ်သည်။
စိန်ခေါ်သူနှစ်ဦး၏ 'လက်စားချေခြင်း' သီအိုရီသည် မှန်ကန်ကြောင်း သက်သေပြခဲ့ကာ သူက စစ်းဟန်သေဆုံးမှုနှင့် ဆက်စပ်မှုရှိခဲ့သည်။
ရှောက်လုံက ယွီဟန်ကျန်းကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"မွန်တီခရစ်တိုမြို့စားစာအုပ်ထဲက ဇာတ်လိုက်မှာ ရန်သူသုံးယောက်ရှိတယ်... လွန်ခဲ့တဲ့နှစ်တွေအတွင်း မေပယ်တောအုပ်အထက်တန်းကျောင်းကနေ လူသုံးယောက် ပျောက်ဆုံးသွားတာက တိုက်ဆိုင်တာမဟုတ်ဘူး"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"ကိုယ့်ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီလျှို့ဝှက်ခန်းရဲ့ ဇာတ်ကွက်က လက်စားချေတာပဲ... ပျောက်ဆုံးနေသူသုံးယောက်ကို မေပယ်သစ်ပင်တွေအောက်မှာ မြုပ်ထားလောက်တယ်"
ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ လျှပ်စီးလက်နေပြီး မှောင်မိုက်နေသော ညကောင်းကင်ကို ခွဲလိုက်သည်။ ယင်းနောက်တွင် သူတို့၏ နားထဲမှာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
မိုးခြိမ်းသံက ပေါက်ကွဲပြီး မိုးရွာချလာသည်။
ရှောက်လုံသည် အဝေးမှ မေပယ်တောအုပ်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ သွေးများဆေးချသကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောအုပ်တစ်ခုလုံးကို ရေလွှမ်းသွားခဲ့သည်။
မနေ့ညက မိုးအကြီးအကျယ်ရွာခဲ့ပြီး ဒီညလည်း ထပ်ရွာပြန်သည်။ လျှို့ဝှက်ခန်းရှိ ရာသီဥတုသည် အမှုကိစ္စနှင့် ဆက်စပ်နေရမည်။ သူတို့၏ ဆင်ခြင်တုံတရား မှန်ကန်ရင် မနက်ဖြန် အဖြေကို ဖော်ထုတ်လိမ့်မည်။
***
3 of Hearts လျှို့ဝှက်ခန်း၊ တတိယနေ့။
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ကျောင်းတံခါးဆီသို့ ရောက်ရှိလာပြီး အဓိကကျသော ပုဂ္ဂိုလ်များ ပေါ်ထွက်လာခြင်းကို စောင့်ဆိုင်းနေခဲ့သည်။
ယွီဟွေး၊ ယိရူနှင့် ရှဲ့ရှင်းဟယ်တို့ ကျောင်းသားသုံးယောက်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ခေါင်းငုံ့ကာ စာသင်ခန်းဆီသို့ အမြန်လျှောက်လာကြသည်။
ဘာသာစကားဆရာမ လင်ယွဲ့လန်က ပြုံးပြီး တံခါးနားမှာ လုံခြုံရေးအစောင့်ကို ဖော်ရွေစွာ နှုတ်ဆက်သည်။
အင်္ဂလိပ်စာဆရာမက ဒီနေ့ ဝတ်စုံမဝတ်ထားဘူး။ သူမသည် ဒေါက်မြင့်ဖိနပ်၊ ဂျင်းဘောင်းဘီနှင့် ပါးလွှာသော ဆွယ်တာအင်္ကျီကို ဝတ်ထားသည်။ ၎င်းသည် သူမ၏လည်ပင်းတစ်ဝိုက်တွင် နူးညံ့သောလည်ဆွဲကိုပြသထားသည့် အနီရောင် V ပုံသဏ္ဌာန် လည်ပင်းဆွယ်တာအင်္ကျီဖြစ်သည်။ သူမသည် စမတ်ကျပြီး ပြေပြစ်သောပုံရှိသည်။
ရုံးခန်းထဲသို့ လျှောက်သွားရင်း အေးစက်သော အမူအရာ ရှိသည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ဆရာများအဖြစ် ဟန်ဆောင်ကာ သင်ကြားရေး အဆောက်အဦးထဲသို့ ဝင်ရောက်လာစဉ် စကားစမြည်ပြောဆိုကြသည်။
ယွီဟန်ကျန်းက တိုးတိုးလေးပြောသည်။
"ဒီနေ့ ရဲတွေလာလိမ့်မယ်... သူတို့ပြန်သွားပြီးနောက် ဓာတုဗေဒဆရာမကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး ဓာတုဗေဒဆရာမကို ပြစ်မှုကျူးလွန်တဲ့ဖြစ်စဉ်ကနေ ဖယ်ထုတ်ခဲ့တယ်"
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ရဲများထက် ခြေတစ်လှမ်းစောနေခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း ပျောက်ဆုံးသွားသူ သုံးဦးသည် စစ်းဟန်ပြုတ်ကျခြင်းကိစ္စနှင့် ဆက်စပ်နေနိုင်တာကို သူတို့ သိရှိခဲ့ကြသည်။
အဓိကပုဂ္ဂိုလ် စစ်းဟန်နှင့် သံသယရှိသူအများအပြားနှင့် သူမ၏ဆက်ဆံရေးသည် အမှု၏တိုးတက်မှုကို များစွာတွန်းအားပေးမည်ဖြစ်သည်။
မနက် 8:30 မှာ ရဲများရောက်လာသည်။
သက်သေမခိုင်လုံသောကြောင့် ဓာတုဗေဒဆရာမကိုတော့ မလွတ်ပေးသေးပေ။
ရဲများသည် ကျောင်းအုပ်ကြီးကို ရှာရန် ခြောက်ထပ်သို့သွားကာ ယွီဟန်ကျန်းသည် ချက်ချင်းပင် ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြု၍ နောက်သို့လိုက်ခဲ့သည်။
ရဲအရာရှိများသည် ကျောင်းအုပ်ကြီး၏ရုံးခန်းထဲကို ဝင်ပြီး တိုက်ရိုက်မေးခဲ့သည်။
"မနေ့က ဆရာမချင်ကို စစ်ဆေးမေးမြန်းတဲ့အခါ ကျောင်းတစ်ဝိုက်မှာ ကျိန်စာတိုက်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတယ်လို့ သူမက ပြောတယ်... လွန်ခဲ့တဲ့ငါးနှစ်က စစ်းဟန်လို့ခေါ်တဲ့ ကျောင်းသူတစ်ယောက်က အဆောက်အဦးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့တယ်... လွန်ခဲ့တဲ့နှစ်တွေအတွင်း လူသုံးယောက်က ပျောက်ဆုံးသွားပြီး တစ်နေ့ကလည်း ရင့်ရှောင်ယာက အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တယ်... ဒါတွေအားလုံးက တိုက်ဆိုင်မှုလို့ မဆိုနိုင်ဘူး"
ကျောင်းအုပ်ကြီးက လေးလေးနက်နက်ကြည့်နေသည်။
"ရဲအရာရှိတို့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က လတ်တလော ပျောက်ဆုံးမှုတွေကို စုံစမ်းစစ်ဆေးပြီးပြီလေ... အဲဒါတွေက ‘လူလုပ်တယ်’ဆိုတဲ့ သက်သေကို ခင်ဗျားတို့မှ မတွေ့ခဲ့တာ... ဘာလို့ ရုတ်တရက်ကြီး..."
"တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုပဲ... ဒီလောက်များတဲ့ ကိစ္စတွေကို တိုက်ဆိုင်မှုဆိုပြီး ရှင်းပြနိုင်မယ်လို့ ခင်ဗျားထင်နေလား"
ကျောင်းအုပ်ကြီးက နှုတ်ဆိတ်နေသည်။
ရဲအရာရှိက ထပ်ပြောသည်။
"ဆရာမချင်က ကျွန်တော်တို့ကို အဓိကမက်ဆေ့ခ်ျတစ်ခု ပြောပြခဲ့တယ်... ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒအတန်း ပြီးဆုံးခဲ့ပြီး သူမနဲ့ ရှဲ့ရှင်းဟယ်တို့က ဓာတ်ခွဲခန်းကို အတူတကွ စစ်ဆေးခဲ့တယ်... အဲဒီချိန်တုန်းက အဆိပ်ပုလင်းမှာ ပြည့်နေပြီး ယူသွားတာမျိုးမရှိဘူး... သူမမှာ သော့ရှိထားပြီး တစ်ယောက်ယောက် တံခါးသော့ကိုဖွင့်ဖို့ ဓာတ်ခွဲခန်းကို ပြန်လာပြီးတော့ သော့ကိုကလော်ဖွင့်ထားတဲ့ အရိပ်အယောင်တွေရှိနေတယ်"
ကျောင်းအုပ်ကြီးက အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်သွားသည်။
"ခင်ဗျားက ရှဲ့ရှင်းဟယ်ကို သံသယရှိနေတာလား... ဒီကျောင်းသားက အထက်တန်းကျောင်းစတက်ကတည်းက ရလဒ်ကောင်းတွေ ရရှိခဲ့တာ... စာမေးပွဲတိုင်းမှာ သူက အတန်းရဲ့ထိပ်ဆုံး 3 နေရာမှာရှိတယ်... သူက ဘယ်လိုလုပ် သူ့အတန်းဖော်ကို အဆိပ်ခတ်ရမှာလဲ"
"နောက်ထပ် အဓိကမက်ဆေ့ခ်ျတစ်ခုရှိသေးတယ်... ကျောင်းဆင်းချိန် ညနေ 6 လောက်မှာ ရှဲ့ရှင်းဟယ်က ဓာတ်ခွဲခန်းကို သော့ခတ်ခဲ့တယ်လို့ ဆရာမချင်က ပြောတယ်... ကြာသပတေးနဲ့ သောကြာနေ့က တတိယတန်းအတွက် လစဉ်စာမေးပွဲရက်ဖြစ်တာကြောင့် သင်ကြားရေးအဆောက်အဦးကို ဖြတ်သွားရာမှာ သူမက အတန်း 3 က လူတစ်ယောက်ကို တွေ့ခဲ့တယ်... သူမ သွားကြည့်တော့ ရင့်ရှောင်ယာကို တွေ့လိုက်တယ်... ရင့်ရှောက်ယာက သူမမှတ်စုစာအုပ်ထဲမှာ ‘ငါဘာလုပ်ရမလဲ’ဆိုတာကိုပဲ ထပ်ခါထပ်ခါရေးနေခဲ့တယ်"
ကျောင်းအုပ်ကြီးက လန့်သွားသည်။
"ဘာကိုဆိုလိုတာလဲ?"
"ရင့်ရှောင်ယာက ဆိုးရွားတဲ့ပြဿနာတစ်ခု ကြုံတွေ့နေခဲ့တာ ဖြစ်နိုင်တယ်... ရင့်ရှောင်ယာက နောက်နေ့စာမေးပွဲအတွက် စိတ်ပူနေတယ်လို့ ဆရာမချင်ကထင်ပြီး သိပ်ပြီးစိတ်မပူဖို့ စကားအနည်းငယ်နဲ့ နှစ်သိမ့်ပေးခဲ့တယ်... ဆရာမချင်က သင်ကြားရေးအဆောက်အဦးကနေ ထွက်သွားပြီးတော့ ရင့်ရှောင်ယာနဲ့ ရှဲ့ရှင်းဟယ်တို့နှစ်ယောက်စလုံးက စာသင်ခန်းထဲမှာ ရှိနေတုန်းပဲ... ဗုဒ္ဓဟူးနေ့ညမှာ သူတို့နှစ်ယောက်က ကျောင်းကနေ နောက်ဆုံးမှထွက်လာခဲ့တယ်"
ရဲအရာရှိက ထပ်ပေါင်းပြောသည်။
"ကြာသပတေးနဲ့သောကြာနေ့တွေက စာမေးပွဲရက်တွေဖြစ်ပြီး ကျောင်းသားတွေရဲ့ ထိုင်ခုံတွေ ရှုပ်ထွေးနေမှာဖြစ်တယ်... ရင့်ရှောင်ယာရဲ့စာမေးပွဲခန်းက အတန်း 7 မှာရှိနေတယ်... စာမေးပွဲအပြီးမှာ ဆရာတွေက စာမေးပွဲစာရွက်တွေကို စစ်နေစဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ထားတယ်... ဒီကာလအတွင်း လူသတ်သမားက ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေးမရှိဘူး... လူသတ်သမားက ရင့်ရှောင်ယာကို တနင်္လာနေ့ရောက်မှ ချက်ချင်း သတ်ပစ်လိုက်တာ"
ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"ရဲအရာရှိ... ခင်ဗျားမှာ သံသယရှိတဲ့သူရှိလား"
အရာရှိက ပြန်ဖြေသည်။
"ချောကလက်တွေထဲကို အဆိပ်ခတ်ခဲ့တဲ့သူက ဗုဒ္ဓဟူးနေ့မှာ ဓာတ်ခွဲခန်းကို အဆိပ်ယူဖို့ ပြန်လာတဲ့သူပဲ... ရင့်ရှောင်ယာကို အဆောက်အဦးပေါ်ကနေ တွန်းချခဲ့တဲ့သူက အခြားတစ်ယောက်ပဲ... ခေါင်မိုးပေါ်က ခြေရာတွေကို ထောက်လှမ်းဖို့ ကိရိယာကို အသုံးပြုခဲ့ပြီး ဒုတိယလူတစ်ယောက်ရှိနေတယ်... အဆောက်အဦးရဲ့ထိပ်မှာ ပဝါစလေးကျန်ခဲ့ပြီး ရန်ပွဲဖြစ်ခဲ့တယ်ဆိုတာ ညွှန်ပြနေတယ်"
ရဲအရာရှိက ကောက်ချက်ချသည်။
"ခင်ဗျားရဲ့ကျောင်းမှာ ပုန်းကွယ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ရှိနေနိုင်တယ်... ကျောင်းတစ်ခုလုံးကို ပိတ်ဆို့ပြီး ဆရာအားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်တယ်... ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်"
ကျောင်းအုပ်ကြီးက ခေါင်းကိုက်ပြီး သူ့နားထင်ကို ဖိလိုက်သည်။
"ကျွန်တော် သေချာပေါက် ပူးပေါင်းဆောင်ရွက်သွားမှာပါ... ဒါပေမဲ့ သက်ရောက်မှုကိုတော့ လျှော့ချနိုင်မယ်လို့ မျှော်လင့်ပါတယ်... တတိယတန်း ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေချိန်မှာ ဒီရက်ပိုင်း ကျောင်းက ထိတ်လန့်တကြားကိစ္စတွေ ဖြစ်နေတယ်... သူတို့ရဲ့ လေ့လာမှုတွေကို နှောင့်နှေးစေလို့ မဖြစ်ဘူး"
ရဲအရာရှိက ခေါင်းငြိမ့်ပြီး အောက်ထပ်ကိုဆင်းကာ သူ၏နောက်လိုက် ရဲအရာရှိများကို ကျောင်းအား ပိတ်ဆို့ခိုင်းလိုက်သည်။
ယွီဟန်ကျန်းက ရုံးခန်းမှထွက်လာခဲ့သည်။ နောက်ဆုံးတော့ လျှို့ဝှက်ခန်းထဲက ရဲများသည် နှစ်ပိုင်းကွဲနေသော ဒီအမှုကို လွန်ခဲ့သောငါးနှစ်က ပြုတ်ကျမှုနှင့် ဆက်စပ်ခဲ့သည်။ မကြာမီ သူတို့သည် ဆရာများ၏စားပွဲကို ရှာဖွေပြီး ကျန်းချင်၏အံဆွဲထဲက စာအုပ်နှင့် လင်ယွဲ့လန်၏အံဆွဲထဲက စာများအပါအဝင် အချက်အလက်များစွာကို ရယူတော့မည်ဖြစ်သည်။ ဒီသံသယရှိသူများကို မကြာခင် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းသွားမှာ ဖြစ်သည်။
ရှဲ့ရှင်းဟယ်၏ သံသယသည် အလွန်ကြီးမားသည်။ သူသည် organic phosphates နှင့် ရင်းနှီးပြီး ဆေးပမာဏကို ကောင်းစွာဆုပ်ကိုင်ထားသည်။ ဆရာမချင်သည် ဓာတုဗေဒအတန်းတွင် ဤအကြောင်းကို ပြောခဲ့ပြီး ရှဲ့ရှင်းဟယ်သည် ထိပ်တန်းကျောင်းသားဖြစ်သည်။ ကြားတာနဲ့ ချက်ချင်း နားလည်နိုင်သည်။ သူသည် ဆရာမနဲ့အတူ ထွက်သွားရင် organic phosphates ကို အလွယ်တကူ ပြန်ယူနိုင်သော အခွင့်အရေးကို ရှာတွေ့နိုင်ပါသည်။
တံခါးနှင့် ဗီရိုကို မူလက သူသော့ခတ်ထားသောကြောင့် ကောင်းကောင်းသော့မခတ်ခဲ့တာလည်း ဖြစ်နိုင်သည်။
အင်္ဂလိပ်ဆရာမနှင့် ဘာသာစကားဆရာမတို့သည် အဆိပ်သင့်မှုကိစ္စနှင့် မသက်ဆိုင်ပါ။ သူတို့တွင် ဓာတုဗေဒဆိုင်ရာ အသိပညာ အလုံအလောက်မရှိသည့်အပြင် အဆိုပါလူနှစ်ဦးနှင့်ပတ်သက်သည့် သက်သေများသည် လက်စားချေခြင်းနှင့် သေကြောင်းကြံစည်မှုမှတ်စုကို အတုလုပ်ခြင်းတို့နှင့် ဆက်စပ်နေပါသည်။ သူတို့သည် ရင့်ရှောင်ယာကို အဆောက်အဦးမှတွန်းချခဲ့သော လူသတ်သမားနှင့် ပိုတူသည်။
မူလက အမည်မသိသော ရည်းစားစာကိုလည်း ရှဲ့ရှင်းဟယ်မှ ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။
ယွီဟန်ကျန်းသည် ရှောက်လုံကို ရှာတွေ့ပြီး သူ၏ကျိုးကြောင်းဆင်ခြင်မှုကို တစ်ဖက်လူအား ပြောပြလိုက်သည်။
"အဆိပ်ခတ်သူက ရှဲ့ရှင်းဟယ်ဆိုတာ သေချာတယ်... သူက ဒါကို သတိပေးသလို လုပ်လိုက်တာ ဖြစ်နိုင်သလို ယွီဟွေးနဲ့ ရင့်ရှောင်ယာက အဆိပ်ခတ်ခံရရင်တောင် အရေးမကြီးဘူး... တစ်ယောက်ယောက်က အဆိပ်မိရင် အခြားတစ်ယောက်ကလည်း အဖော်ပြုပေးဖို့ ဆေးရုံကို သေချာပေါက် လိုက်သွားလိမ့်မယ်... သူတို့တွေ ကျောင်းကထွက်သွားနိုင်သ၍ အသက်မခံရတော့ဘူး... ဒါ့အပြင် အဆိပ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တကယ့်လူသတ်သမားကို ရှောင်မထွက်အောင် တားဆီးနိုင်လိမ့်မယ်"
ရှောက်လုံက အံ့ဩသွားသည်။
"ဒါဆို ရှဲ့ရှင်းဟယ်က ရင့်ရှောင်ယာကို ကယ်ခဲ့တာလား"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"ရည်းစားစာကိုလည်း သူရေးခဲ့တာဖြစ်နိုင်တယ်... ရည်းစားစာထဲမှာ လျှို့ဝှက်ဖုံးကွယ်ထားတာမျိုး ရှိကောင်းရှိနိုင်တယ်... ကိုယ်တို့တွေ အဲဒါကို ထပ်ပြီးစစ်ဆေးကြည့်သင့်တယ်"
ရှောက်လုံး၏ မှတ်ဉာဏ်သည် အထူးကောင်းမွန်ပြီး စာကိုပြန်သတိရရန် မျက်လုံးမှိတ်လိုက်သည်။
ရှောင်ယာ:
လွန်ခဲ့တဲ့ သုံးနှစ်လောက်က မင်းကို စတွေ့ကတည်းက ငါမင်းကို သဘောကျခဲ့တာ။
ငါမင်းအကြောင်း နေ့တိုင်းတွေးတယ်။
ငါ့နှလုံးသားက မင်းရဲ့အရိပ်နဲ့ ပြည့်နေတယ်။
ငါ မင်းကို ဘယ်တော့မှ ထားမသွားဘဲ မင်းအနားမှာ တစ်သက်လုံးနေဖို့ ဆန္ဒရှိတယ်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ပါစေ။
[TK:
自从“三”年前看见你的那一刻我就喜欢你。
每一“天”都想着你。
我的“内”心深处全是你的影子。
愿不“离”不弃,与你生死相依。
愿你“开”开心心,快快乐乐的活下去,长命百岁。
“三天内离开= သုံးရက်အတွင်းထွက်သွားပါ”]
အစပိုင်းတွင် သူ့ရည်းစားစာကို ချိုမြသည်ဟုသာ ရှောက်လုံထင်ခဲ့သည်။ အခု သူ အနီးကပ် ကြည့်လိုက်တော့...
သူ့နောက်ကျောက ရုတ်တရက် အေးခဲသွားသည်။
"စာကြောင်းတစ်ခုစီရဲ့ တတိယစကားလုံးက ဆက်စပ်နေတယ်... ‘သုံးရက်အတွင်းထွက်သွားပါ’"
ယွီဟန်ကျန်းက ရည်းစားစာကို ဒေါင်လိုက်ဖတ်သည်။ စာကြောင်းတစ်ခုစီ၏ တတိယစကားလုံးမှာ 'သုံးရက်အတွင်း ထွက်သွားပါ' ဟု အမှန်ပင် စာလုံးပေါင်းထားသည်။ နောက်ဆုံးစာကြောင်းတွင် ‘အသက်ရှည်ရှည်နေထိုင်နိုင်ပါစေ’ကိုလည်း ဖော်ပြထားသည်။ သူမ၏အသက်အန္တရာယ် ကျရောက်နေပြီဆိုတာကို ဤစကားလုံးဖြင့် အလေးပေးဖော်ပြခဲ့သည်။
စာရေးထားသောနေ့က သောကြာနေ့ဖြစ်သည်။ ရင့်ရှောင်ယာသည် တနင်္လာနေ့မှာ ကျောင်းမသွားရဘဲ သုံးရက်အတွင်း ထွက်သွားရမည်ဟု ဆိုလိုသည်။
ဒါက ရင့်ရှောင်ယာသည် တနင်္လာနေ့မှာ အဆိပ်ပါသော ချောကလက်များကို ဘာကြောင့်စားခဲ့တာလဲဆိုတာနဲ့ ဆက်စပ်လို့ရလောက်သည်...
ရည်းစားစာက ရှဲ့ရှင်းဟယ်ရေးခဲ့တာဆိုရင် အားလုံးကအဓိပ္ပါယ်ရှိသွားပြီ။
အတွင်းသတင်းများစွာကို သူသိပြီး ရင့်ရှောင်ယာ အသတ်ခံရမည်ဟု မျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် သူသည် တနင်္လာနေ့တွင် ကျောင်းမတက်ရန် သတိပေးကာ ကျောင်းလွယ်အိတ်ထဲတွင် စာရိုက်ထားသော ရည်းစားစာတစ်စောင် ထည့်ပေးခဲ့သည်။ သို့သော် ရင့်ရှောင်ယာက နားမလည်ဘဲ တနင်္လာနေ့တွင် ကျောင်းလာခဲ့သေးသည်။ ရှဲ့ရှင်းဟယ်မှာ ရွေးချယ်စရာမရှိဘဲ ချောကလက်များထဲ အဆိပ်ခတ်ခဲ့သည်။ ယွီဟွေးနှင့် ရင့်ရှောင်ယာတို့သည် အဆိပ်မိပြီး အရေးပေါ်ကုသမှုခံယူရန် ဆေးရုံသို့သွားရပါက လူသတ်သမားက ရင့်ရှောင်ယာက်ုသတ်ရန် အခွင့်အရေးမရှိတော့ပေ။
ကံမကောင်းစွာဖြင့် ဒီအရာက အလုပ်မဖြစ်ခဲ့ဘူး။ ဓာတုဗေဒဆရာမနှင့် PE ဆရာတို့က အတန်းပြောင်းသွားမည်ဟု ရှဲ့ရှင်းဟယ် မထင်ထားခဲ့ပေ။ ရင့်ရှောင်ယာက သူ့မျက်စိအောက်ကနေ ပျောက်သွားပြီး အချိန်ကြာမြင့်စွာ စီစဉ်ထားခဲ့သော လူသတ်သမားသည် ရင့်ရှောင်ယာကို လှည့်စားရန် အခွင့်အရေးကို တွေ့ရှိခဲ့ပြီး သူမကို တွန်းချဖို့ ခေါင်မိုးပေါ်ခေါ်သွားခဲ့သည်။
ရှဲ့ရှင်းဟယ်သည် သူ့လက်မောင်းတွင် အနက်ရောင်အဝတ်စကို ဝတ်ဆင်ထားတာက ရင့်ရှောင်ယာအတွက် အမှန်တကယ်ပင် ဝမ်းနည်းလို့ပဲဖြစ်သည်။
အကြောင်းတစ်ခုခုကြောင့် ရင့်ရှောင်ယာ အသတ်ခံရတော့မယ်ဆိုတာကို သူ တိုက်ရိုက်မပြောနိုင်ခဲ့ဘူး။ ရည်းစားစာနဲ့ အရိပ်အမြွတ်ပြပြီး ချောကလက်နဲ့ အဆိပ်ခတ်ခဲ့ပေမဲ့... ဒီမိန်းကလေးကို သူမကယ်နိုင်ခဲ့ဘူး။
***
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ထိုကိစ္စအား ဆွေးနွေးနေကြစဉ် ပြတင်းပေါက်အပြင်ဘက်မှ ကျယ်လောင်စွာအော်သံထွက်ပေါ်လာသည်။
အော်ဟစ်ခြင်း၏ အရင်းအမြစ်မှာ ကျောင်း၏ မေပယ်တောအုပ်မှဖြစ်သည်။
ရှောက်လုံသည် ဒါကိုကြားပြီး သူ့အရှိန်မြင့်ဖိနပ်ကို အပြေးအလွှားသုံးဖို့ တွန့်ဆုတ်မနေခဲ့ဘူး။
နှစ်ညဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေပယ်ရွက် အများအပြား ကြွေကျခဲ့ပြီး ကျောင်းမှ သန့်ရှင်းရေးသမားများကို သန့်ရှင်းရေးလုပ်ရန် တောင်းဆိုခဲ့သည်။ ရှောက်လုံသည် အော်သံကိုကြားပြီး ရောက်သွားသောအခါ ဖြူဖျော့သောမျက်နှာနှင့် ဆောင့်ကြောင့်ထိုင်နေသော သန့်ရှင်းရေးအန်တီနှစ်ယောက်ကို တွေ့လိုက်ရသည်။
ရှောက်လုံက ငုံ့ကြည့်သည်။
မိုးရေစိုထားစော မေပယ်တောအုပ်၏ မြေပြင်မှ လက်တစ်ချောင်းကို သူလှမ်းမြင်လိုက်ရသည်။
အရိုးဖြူများက ထိတ်လန့်စရာကောင်းသည်။
အော်သံကြားပြီး ပြေးကြည့်ဖို့ ရောက်လာသော ဆရာတွေ အများကြီးရှိသည်။ မြင်ကွင်းကြောင့် သူတို့ ထိတ်လန့်သွားပြီး တစ်စုံတစ်ယောက်က အော်လိုက်သည်။
"ရဲခေါ်လိုက်"
"ရဲတွေက ကျောင်းထဲမှာရှိပုံရတယ်... ငါခေါ်လိုက်မယ်"
ရဲတွေက အမြန်ရောက်လာပြီး ယွီဟန်ကျန်းက သူတို့နောက်ကနေ အေးအေးဆေးဆေး လိုက်သွားခဲ့သည်။
သူသည် လူအုပ်ထဲတွင် ရှောက်လုံနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
လူသေအလောင်းများ၏ အရိုးများက မေပယ်တောအုပ်ထဲမှာ ပေါ်လာသည်။ ဒီသတင်းက ကျောင်းခေါင်းဆောင်အားလုံးကို ထိတ်လန့်စေခဲ့သည်။ ရဲများသည် မေပယ်တောအုပ်တစ်ခုလုံးကို ကြိုးများဖြင့် အမြန်ဝိုင်းထားသည်။ သူတို့သည် ဂေါ်ပြားများဖြင့် အလျင်အမြန် အရိုးဖြူများ ပေါ်လာသည့် နေရာတွင် တူးကြသည်။
မေပယ်တောအုပ်တစ်ခွင် ပြန့်ကျဲနေသော 'ကောင်းကင်ပန်းများ' ကဲ့သို့ လူသားအရိုးတစ်ပိုင်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
မေပယ်တောအုပ်ထဲမှာ ဂေါ်ပြားများဖြင့် ပိုနက်နက်တူးလေ အရိုးတွေ အများကြီးပေါ်လာလေဖြစ်သည်။
ကျောင်းခေါင်းဆောင်များ၏ မျက်နှာများသည် ကျောက်မီးသွေးတူးထားသည့်အတိုင်း မည်းမှောင်နေသည်။ သန့်ရှင်းရေး အမျိုးသမီး နှစ်ယောက်က ထွက်ဆိုချက်ပြုလုပ်သောအခါ ရဲများက လေးနက်သောအပြုအမူများရှိနေခဲ့သည်။ တောအုပ်ထဲက မေပယ်ရွက်များသည် ကြွေကျနေဆဲဖြစ်သလို အရိုးဖြူများကလည်း တူးဖော်လို့ရနေဆဲဖြစ်သည်...
ဤထူးဆန်းသောရုပ်ပုံက ရှောက်လုံ၏ဆံပင်ကို ထောင်မိတ်သွားစေခဲ့သည်။
ယွီဟန်ကျန်းက သူ့နားထဲတွင် တိုးတိုးလေးပြောခဲ့သည်။
"ကိုယ်တို့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုက အမှန်တရားနဲ့ အရမ်းနီးစပ်နေပြီ... ပျောက်ဆုံးနေသူတွေကို မေပယ်တောအုပ်ထဲမှာ တကယ်ပဲ မြုပ်နှံထားတယ်... ပရော်ဖက်ဆာရှောက်... နောက်ပိုင်းမှာ သူတို့ရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့အတွက် လူ့အရိုးတွေကို စစ်ဆေးဖို့ ကူညီပေးပါဦး"
မှုခင်းဆရာဝန်သည် အမြန်ရောက်လာပြီး ရှောက်လုံက ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုခဲ့သည်။
အခင်းဖြစ်ပွားရာနေရာရှိ ပြန့်ကျဲနေသော အရိုးများကို အလျင်အမြန် ပေါင်းစည်းကာ ရုပ်ပုံသုံးခုဖြစ်လာသည်။
အမျိုးသားနဲ့ အမျိုးသမီး၏ တင်ပါးဆုံရိုးမှာ သိသိသာသာ ကွာခြားမှု ရှိခဲ့သည်။ ရှောက်လုံသည် ခန္ဓာကိုယ်သုံးခုစလုံး ယောင်္ကျားဖြစ်ကြောင်း မြင်နိုင်သည်။ အရိုးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အခြေခံ၍ တစ်ဦးက အသက် 25 နှစ်ဝန်းကျင် လူငယ်တစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးမှာ အသက် 40 ဝန်းကျင် လူလတ်ပိုင်း အမျိုးသားများ ဖြစ်သည်။ ဤသည်မှာ ပျောက်ဆုံးနေသော အသက်အရွယ်နှင့် ကိုက်ညီပါသည်။
အရိုးများ ယိုယွင်းမှု အတိုင်းအတာ နှင့် ပုံသဏ္ဌာန် ပြောင်းလဲမှု ပေါ်မူတည်၍ သေဆုံးချိန်သည် သူတို့ ပျောက်ကွယ်သွားသည့် အချိန်နှင့် ကိုက်ညီသည်ဟု အကြမ်းဖျင်း ကောက်ချက်ချနိုင်သည်။ ထို့အပြင် လူသုံးဦးက မသေဆုံးမီ အကြမ်းဖက်ခံခဲ့ရသည်။
ပထမက အသက် 25 နှစ်ဝန်းကျင် လူငယ်ဖြစ်သည်။ သူ၏ ဦးခေါင်းခွံတွင် တုံးသောလက်နက်ဖြင့် ထိမှန်မှုကြောင့် သိသိသာသာ ထိခိုက်ထားသည်။ မျက်လုံးအိမ်တစ်ခုလုံး ပျက်စီးသွားသော်လည်း ကျန်အရိုးများတွင် ထင်ရှားသော အမာရွတ်များ မရှိပေ။ သေဆုံးရခြင်းအကြောင်းရင်းမှာ ဦးခေါင်းခွံကို တုံးသောအရာဝတ္ထုဖြင့် ထိမှန်ခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်း ဖြစ်ရမည်။
ဒုတိယက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ ဘယ်ဘက်ရင်အုံတွင် သိသိသာသာ ချွန်ထက်သော သဲလွန်စများ ရှိသည်။ နံရိုးနှစ်ချောင်းတွင် တူညီပြီး ချွန်ထက်သော ဒဏ်ရာများ ရှိသည်။ ရင်ဘတ်ကို ဓားနဲ့ထိုးတာ သုံးကြိမ်ထိုးခဲ့တာ ဖြစ်နိုင်သည်။ ဓားက နှလုံးကိုထိသွားပြီး နှလုံးခုန်ရပ်ကာ သေဆုံးခဲ့ရသည်။
တတိယ လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏လည်ပင်း လည်ပင်းတွင် ဖိအားဒဏ်ခံရသည်ဟု ညွှန်ပြထားပြီး သိသိသာသာ လည်ပင်းအရိုးကျိုးသွားကာ သေဆုံးရသည့် အကြောင်းရင်းကို တွန်းအားပေးအသက်ရှုကြပ်ခြင်းကနေ ဖယ်ထုတ်လို့မရဘဲ လည်ပင်းညှစ်ခံရခြင်း ဖြစ်နိုင်သည်။
လူ 3 ယောက်မှာ သေဆုံးရသော အကြောင်းအရင်း မတူကြပေမဲ့ တူညီသော အချက်တစ်ခုတော့ ရှိကြပါသည်။
သေပြီးနောက် သူတို့သည် အပိုင်းပိုင်းဖြတ်တောက်ခံထားရသည်။
အလောင်းများကို အပိုင်းပိုင်းဖြတ်တောက်ထားပြီး မေပယ်တောအုပ်ထဲတွင် မြုပ်နှံထားသောကြောင့် တူးဖော်ထားသော အရိုးများသည် နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ မှုခင်းဆရာဝန်သည် အလုပ်ကြိုးစားသော်လည်း လူပုံသဏ္ဌာန်ကို ပုံဖော်ရန် ရုန်းကန်ခဲ့ရသည်။
ရဲတပ်ဖွဲ့ခေါင်းဆောင်က တည်ငြိမ်စွာ မေးသည်။
"ရလဒ်ကဘာလဲ"
မှုခင်းဆရာဝန်က mask တပ်ထားပြီး တိုးတိုးပြောသည်။
"သေဆုံးသူသုံးယောက်က အမျိုးသားတွေပဲ... ကနဦးစစ်ဆေးချက်အရ သေဆုံးရတဲ့အကြောင်းရင်းက တုံးတဲ့လက်နက်နဲ့ ဦးခေါင်းခွံရိုးကျိုးသွားတာ၊ ချွန်ထက်တဲ့လက်နက်နဲ့ ရင်ဘတ်ကိုထိုးပြီး နှလုံးရပ်သွားတာ၊ တွန်းအားပေးအသက်ရှူကြပ်ခြင်းလို့ ပြောနိုင်တယ်"
တရားဝင်မှုခင်းဆိုင်ရာ ဆုံးဖြတ်ချက်က ရှောက်လုံနှင့် ကိုက်ညီသည်။
ရှောက်လုံသည် အခင်းဖြစ်ပွားရာနေရာမှ လျင်မြန်စွာ ထွက်သွားကာ သူ လေ့လာခဲ့သည့် အချက်အလက်ကို ယွီဟန်ကျန်းအား ပြောပြသည်။
ယွီဟန်ကျန်း၏ မျက်နှာက တည်ငြိမ်နေသည်။
"ဒီသုံးယောက်က စစ်းဟန်ကို သတ်ခဲ့တဲ့သူတွေပဲ"
ရှောက်လုံက ခေါင်းငြိမ့် သဘောတူလိုက်သည်။
"လက်စားချေတဲ့သူက စစ်းဟန်ကိုသတ်ခဲ့တဲ့ ရန်သူတွေကို ဖြေရှင်းလိုက်တာပဲ"
ယွီဟန်ကျန်းသည် လေဝင်စင်္ကြံ၏ တတိယထပ်တွင် ရပ်နေကာ အဝေးက မေပယ်တောအုပ်ကို စူးစူးရဲရဲ ကြည့်ရင်း သဲလွန်စများကို တစ်ခုပြီးတစ်ခုသွားကာ သူ့အတွေးများကို ရှင်းထုတ်လိုက်သည်။
သူက တိုးတိုးပြောသည်။
"ဒါက ရင့်ရှောင်ယာပြုတ်ကျတဲ့ အဖြစ်အပျက်ဆိုပေမဲ့ ဒီလျှို့ဝှက်ခန်းရဲ့ အဓိက ဇာတ်ကွက်ကတော့ စစ်းဟန်ပြုတ်ကျခဲ့တာပဲ... လွန်ခဲ့တဲ့ငါးနှစ်က စစ်းဟန်ကို ဒီလူသုံးယောက်က သတ်ပစ်ခဲ့တယ်... သူတို့က စစ်းဟန်ကို ခေါင်မိုးပေါ်ကနေတွန်းချပြီး သေကြောင်းကြံစည်မှုမှတ်စုအတုကို ပြုလုပ်ပြီးတော့ ကျောင်းဝင်းထဲမှာ ‘လက်စားချေဝိညာဉ်’နဲ့ ‘သေခြင်းကျိန်စာ’ဆိုတဲ့ ကောလဟာလတွေကို ဖြန့်ခဲ့တယ်"
"သူတို့လုပ်ဆောင်တာ အရမ်းကောင်းပြီး စစ်းဟန်က အဆောက်အဦးကနေ ခုန်ချခဲ့တာကို တစ်ကျောင်းလုံးက သံသယမရှိခဲ့ကြဘူး... ရဲတွေက သဲလွန်စတွေ ရှာမတွေ့သလို စစ်းဟန်က စိတ်ပိုင်းဆိုင်ရာ ယိုယွင်းနေပြီး သူမရဲ့ စာမေးပွဲတွေမှာ ဆိုးဆိုးရွားရွား ဖြေဆိုပြီး ကောင်းကောင်းမလုပ်ဆောင်နိုင်ဘူးလို့ ကျောင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်"
"ဒီအဖြစ်အပျက်က မြန်မြန်ပြီးသွားပြီး ကျောင်းသားတွေကို ကျိန်စာဆိုပြီး ဖြေရှင်းခဲ့တယ်"
"ဒါပေမဲ့ စစ်းဟန်မှာ ဆွေမျိုးတစ်ယောက်ရှိတယ်... အဲဒီလူက စစ်းဟန်ကို အရမ်းစိတ်ပူပြီး သတ်သေမယ်လို့ မယုံကြည်ဘူး... ဒါကြောင့် အဲဒီဆွေမျိုးက စုံစမ်းဖို့ မေပယ်တောအုပ်အထက်တန်းကျောင်းကို ပြန်လာခဲ့တယ်... အဲဒီလူက အရမ်းထက်မြက်ပြီး စစ်းဟန်ရဲ့ ဖြစ်ရပ်မှန်ကို သိလိုက်တယ်... သူမက လူသတ်သမားသုံးယောက်ကို တွေ့ရှိပြီး ဦးခေါင်းခွံကိုရိုက်ခွဲတာ၊ နှလုံးကိုထိုးတာ၊ လည်ပင်းညှစ်သတ်တာ... အဲဒီလိုရက်စက်ကြမ်းကြုတဲ့နည်းတွေနဲ့ သတ်ပစ်ခဲ့တယ်..."
"ကြီးမားတဲ့အမုန်းတရားက သူတို့ကို သတ်ပစ်ခဲ့ပြီး အလောင်းတွေကို အပိုင်းပိုင်းဖြတ်တောက်ပြီးတော့ မေပယ်တောအုပ်ထဲမှာ မြုပ်နှံထားခဲ့တယ်... ဒီမေပယ်တောအုပ်က စစ်းဟန်ပြုတ်ကျခဲ့ ရုံးခန်းအဆောက်အဦးနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး သွေးယစ်ပူဇော်လိုက်သလိုပဲ"
သူမသည် သူတို့ကို သတ်ပစ်ပြီးနောက် အလောင်းများကို မည်သည့်နေရာတွင်မဆို မြုပ်နှံနိုင်သည်။ သူတို့ကို ကျောင်းရှိမေပယ်တောအုပ်ထဲမှာ ဘာကြောင့် မြုပ်ထားရတာလဲ။ စစ်းဟန်အတွက် အထိမ်းအမှတ်အဖြစ် မဟုတ်ပါလား။
ရှောက်လုံသည် ဤနေရာအထိ ကြားလိုက်ရပြီး အေးခဲသွားသည်။
ဒါက ကျိန်စာသင့်ကျောင်းပဲဖြစ်သည်။ မေပယ်ပင်များသည် သွေးအလွန်အကျွံစုပ်ယူသောကြောင့် မေပယ်ရွက်များက အလွန်နီသည်ဟု ဆိုကြသည်။
သူတို့ လျှို့ဝှက်ခန်းထဲသို့ ဝင်လာသောအခါ နောက်ဆုံး ပေါ်လာသော အရိပ်အမြွက်မှာ အဆိုးဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်။
မေပယ်တောအုပ်၏လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ဖော်ထုတ်ခဲ့သည်။
အမှန်တရားက ထွက်လာတော့မယ်...
#TK