Chapter 218
Viewers 22k

Volume 10 : အနုပညာဌာန


Chapter 218 (ဂီတဆိုင်ရာတေးသွား ၀၄)


ရှည်လျားသောသံစဉ်၊ ကီးသည် နှိပ်ခြင်းနှင့် လွတ်ခြင်း နှစ်ကြိမ်တည်ရှိသည်။ နုတ်ဘား၏ "ဦးခေါင်း"ကိုထိသောအခါ ဖိထားပြီး နုတ်ဘား၏ "အမြီး" ထိသောအခါ ၎င်းကို လွတ်ပေးရမည်။


ဘယ်နှင့် ညာလက် နုတ်များသည် အလျား တူညီပြီး တစ်ချိန်တည်းတွင် ဖိကာ လွတ်ပါက လွယ်ကူပါသည်။ သို့သော် ဘယ်လက်နှင့် ညာလက်သည် မတူညီသောနုတ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်နှင့်အမျှ ရည်ရွယ်ချက်နှစ်ခုနှင့် ညီမျှသော အမှားများပြုလုပ်ရန် လွယ်ကူသည်။


ဂျူနီယာညီလေး၏ အမိန့်အရ ယွဲ့ရှင်းဝမ်သည် အစပိုင်းတွင် ပြုတ်ကျလာသော ရှည်လျားနုတ်များကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။


သို့သော် ဒီသီချင်း၏အခက်အခဲက ရှည်လျားနုတ်တွေကို စီစဥ်ရုံတင်မကဘဲ ရှည်လျားနုတ်တွေကျနေချိန်မှာ အပိုင်းအစနုတ်တွေနဲ့ရောပြီး လက်တစ်ဖက်က ရှည်လျားနုတ်တွေကို အမြန်ဖိထားရပြီး ကျန်တစ်ဖက်က အပိုင်းအစနုတ်တွေကို မြန်မြန်ရိုက်ချဖို့ လိုအပ်ကြောင်း သူတွေ့ရှိခဲ့ကာ ဘယ်ညာလက်များက အလှည့်ကျသွားနေသည်။ တစ်မိနစ်အတွင်းမှာပင် သူ လျင်မြန်စွာ ချွေးတွေ တသွင်သွင် စီးကျလာသည်။


ကံကောင်းထောက်မစွာ သူ၏ "တတိယလက်" နှင့်ညီမျှသော စိတ်ထိန်းချုပ်မှုကို အသုံးပြု၍ ကူညီဖို့ အဘိဓာန်တစ်ခုရှိသေးသည်။


အခြားကျောင်းသားများကလည်း နီကျားကဲ့သို့ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းတို့ ဖြစ်လာစေရန် ဆန္ဒပြုရင်း အစွမ်းကုန် ကြိုးစားခဲ့ကြသည်။


ဤသီချင်းသည် 8 မိနစ်ရှည်သော်လည်း နုတ်အရေအတွက်သည် ယခင်ကထက် သိသိသာသာလျော့နည်းသွားပြီး ကျသွားသည့်နှုန်းမှာလည်း အတော်လေးနှေးကွေးပါသည်။ အာရုံစူးစိုက်ရုံဖြင့် စည်းချက်အတိုင်း ရှည်လျားနုတ်များ စုစည်းမှုကို အာရုံစိုက်ပြီး ရှည်လျားနုတ်များကြားတွင် ရောစပ်နေသော နုတ်တိုများကို ရိုက်ရန် ကြိုးစားကြသည်။ နုတ်တိုများတွင် အမှားအယွင်းများစွာမရှိခဲ့ပါ။ အနည်းဆုံး ယွဲ့ရှင်းဝမ်သည် နုတ်တိုတစ်ခုသာ လွတ်သွားခဲ့ပြီး ကျန်းဖျင်စစ်က ပေါင်းစပ်မှုအပြည့် ထပ်မံရခဲ့သည်။ 


သီချင်းအဆုံးမှာတော့ လူတိုင်း မောပန်းပြီး ချွေးစေးတွေထွက်ကာ အလင်းတန်းတိုင်ပေါ်မှာ ထိုင်နေကြသည်။


စင်မြင့်အလယ်မှာ ကြီးကြပ်နေသော ချီလော့ရန်လည်း လက်မောင်း နာကျင်နေသည်။ သူ လှည့်ကြည့်လိုက်ပြီး ဖန်သားပြင်ကြီးကို ကြည့်လိုက်သည်။ ဂဏန်းတွေ ခဏလောက်ခုန်တက်သွားပြီးနောက် တတိယသီချင်းအတွက် ရမှတ်ပေါ်လာသည်—


["The Blue Danube" သီချင်းတွင် စုစုပေါင်းနုတ်အရေအတွက်မှာ 2,400 ဖြစ်ပြီး 2,390 ကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ပြီး အမြင့်ဆုံးပေါင်းစပ်မှု 1288 နှင့် နောက်ဆုံးအဆင့်: A]


[ပထမအဆင့် "စည်းချက်" သည် ချောမွေ့စွာ အောင်မြင်သွားပါသည်။]


[ဒုတိယအဆင့် "တေးသွား" စတင်တော့မည်၊ ၅ မိနစ်လောက် အနားယူပါ။]


သတိပေးချက်ကိုတွေ့တော့ လူတိုင်းစိတ်သက်သာရာရသွားသည်။


ချီလော့ရန်က သူ့လက်မောင်းတွေကို ပွတ်သပ်ရင်း ပြုံးရင်း ဆိုသည်။ "နောက်ဆုံးတော့ ပြီးသွားပြီ၊ ဒါက ကျွန်တော်မြင်ဖူးသမျှ အခက်ခဲဆုံး ဂီတဂိမ်းပဲ။"


လန်ယာရုန်: "ဒီ 8 မိနစ်က 8 နာရီထက် ပိုခက်တယ်။ ငါ့နှလုံးက လည်ချောင်းထဲမှာ ရှိနေပြီး လွတ်လိုက်ဖို့ အချိန်ကိုက်မှားသွားမှာကို ငါကြောက်နေတာ၊ တစ်ခါမှားတာနဲ့ နုတ်တွေအများကြီး တစ်ခါတည်းလွတ်သွားမှာ။"


ချီလော့ရန်သည် လူခြောက်ဦး၏ ပေါင်းစပ်မှုအရေအတွက် စာရင်းဇယားကို ကြည့်ပြီး ကျန်းဖျင်စစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "စီနီယာအစ်ကိုကျန်းက ပေါင်းစပ်မှုမှာ အပြည့်ရပြန်ပြီ။ ဘယ်လိုလုပ်လိုက်တာလဲ။ ဂီတကို အတိအကျ လေ့လာထားတာလား။"


ကျန်းဖျင်စစ်က ပြန်မဖြေသေးခင် ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလာသည်။ "ဖျင်စစ်က ဂီတကို တစ်ခါမှ မလေ့လာဖူးပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒီနုတ်တိုနဲ့ နုတ်ရှည်တွေကို ကိုသြဒီနိတ်အမှတ်အဖြစ် ပြောင်းလဲနိုင်ပြီး သူ့ရှေ့က အလျားလိုက်မျဉ်းက သူ့ရဲ့ X-ဝင်ရိုးဖြစ်ပြီး နုတ်က X-ဝင်ရိုးကို ရောက်ရှိတဲ့အချိန်နဲ့ ဘယ်လောက်မြန်သလဲဆိုတာ သိရှိနိုင်ပြီး အဲဒါကိုနှိပ်လိုက်ရုံပဲ။"


ချီလော့ရန်က အံ့အားသင့်သွားသော်လည်း ကျန်းဖျင်းစစ်က အလွန်တည်ငြိမ်နေသည်။ သူက အဝေးမှ ယွဲ့ရှင်းဝမ်ကို မော့ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားပြီး ပြောသည်။ "ရှင်းဝမ်ပြောတာမှန်တယ်။ မင်းက သီချင်းရဲ့စည်းချက်အတိုင်း နုတ်တွေကို နှိပ်တာ၊ ငါက သူတို့နဲ့ အလျားလိုက်ဝင်ရိုးကြားက အကွာအဝေးအရ နှိပ်တာ။"


ရွှီယိရှန်းသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ကျန်းဖျင်စစ်၏ ဦးတည်ရာဘက်သို့ ကြည့်လိုက်ပြီး စနောက်သည်။ "ဂျူနီယာညီလေးကျန်းရဲ့မျက်လုံးထဲမှာ သင်္ချာပဲရှိတယ်၊ မင်းမျက်လုံးထဲမှာ ငါတို့လူတွေက ကိုဩဒီနိတ်တွေ ရွေ့နေတယ်လို့ပဲ ထင်တာလား။"


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒါက မမှန်ဘူး။"


ယွဲ့ရှင်းဝမ်သည် ဒီအကြည့်က ဘာကိုဆိုလိုသည်ကို မသိချေ။ သူက တစ်ဖက်လူကို ပြုံးပြပြီး ပြောခဲ့သည်။ "ဒုတိယအဆင့်ကို ပြင်ဆင်ကြပါ။ ဒုတိယအဆင့်က တေးသွားဆိုတာကို မှတ်မိတယ်။ ဘယ်လိုတီးရမှန်း ငါမသိဘူး။"


ချီလော့ရန်က ခန့်မှန်းပြီး ပြောသည်။ "တေးသွားက ဂီတရဲ့ အရမ်းအရေးကြီးသော ဒြပ်စင်တစ်ခုဖြစ်တယ်။ ယေဘုယျအားဖြင့် အဲဒါက စနစ်တကျနဲ့ စည်းချက်ညီအောင် ရည်ညွန်းတယ်… အဟန့်… စီနီယာအစ်ကိုကျန်းရဲ့ နားလည်မှုအရ အဲဒါက သင်္ချာအစဉ်နဲ့ အတူတူပဲ။"


"အစဉ်လား။" ကျန်းဖျင်စစ်က ရှင်းလင်းစွာပြောခဲ့သည်။"ဆိုလိုတာက နုတ်တွေကို အစဉ်တစ်ခုအဖြစ် စီစဉ်ဖို့နဲ့ မတူညီတဲ့ အပိုင်းတွေကို ဂီတတစ်ခုလုံးကို ဖန်တီးဖို့ အတူတကွ ချိတ်ဆက်ထားတယ်။ တေးသွားတစ်ခုစီမှာ အဓိကအပိုင်းကို အပိုဒ်တစ်ပိုဒ်၊ သံပြိုင်ဆိုတဲ့သီချင်းလိုမျိုး ကိုယ်ပိုင်စည်းမျဉ်းတွေရှိတာလား။"


ချီလော့ရန်: "ဟုတ်တယ်။"


နားလည်လွယ်သော ရှင်းပြချက်ကို လူတိုင်းက မြန်မြန်ဆန်ဆန် သဘောပေါက်သွားကြသည်။ လန်ယာရုန်က ပြောလာသည်။ "ဒုတိယအဆင့်က တေးသွားဆိုရင် သီချင်းတချို့ရဲ့တေးသွားကို အနှောင့်အယှက်ပေးပြီး ငါတို့က ပြန်စီစဉ်ရမှာလား။"


ချင်လုက စိတ်ထက်သန်စွာ ဆိုသည်။ "အဲဒါက အခုလေးတင် ဂီတဂိမ်းထက် ပိုပျော်ဖို့ကောင်းမဲ့ပုံပဲ။"


ချီလော့ရန်သည် သူ့ဆံပင်တွေကို ကုတ်လိုက်ပြီး ပြောသည်။ "ဂိမ်းရဲ့ စည်းမျဉ်းတွေကို အတိအကျ မခန့်မှန်းနိုင်ပေမဲ့ အဲဒါက တေးသွားဖြစ်လို့ စီနီယာအစ်ကိုအစ်မတွေရဲ့ ပြောသလိုမျိုး စီစဉ်ပေးတာမျိုးနဲ့ သက်ဆိုင်နိုင်တယ်။"


5 မိနစ် အနားယူချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရင်းနှီးသော စက်အသံက သူတို့နားထဲတွင် ထွက်ပေါ်လာပြန်သည်။


[ဂိမ်း၏ဒုတိယအဆင့်စတင်ပါပြီ။]


[ဖြေဆိုသူ 8 ဦးစလုံး စင်မြင့်ပေါ်သို့လာပြီး စင်မြင့်အလယ်ရှိ ဖန်သားပြင်ပေါ်တွင် နုတ်များ ဆက်တိုက်ပေါ်လာမည်ဖြစ်ပြီး နုတ်များ ပေါ်လာသည့်အခါ သက်ဆိုင်ရာ တေးသီချင်းကို တစ်ချိန်တည်းတွင် တီးခတ်မည်ဖြစ်ကာ နုတ်ကြိုးတစ်ကြောင်းစီကို တစ်ကြိမ်သာ တီးမည်ဖြစ်သည်။ သေချာနားထောင်ပါ။]


[နုတ်တစ်ခုပေါ်လာသောအခါ သက်ဆိုင်ရာနုတ်အုပ်စုအမှတ်အသားတစ်ခု ပေါ်လာလိမ့်မည်။ သင်လုပ်ဆောင်ရမည့်အရာမှာ ပြီးပြည့်စုံသောဂီတအပိုင်းတစ်ခုဖြစ်လာစေရန် နုတ် 8 အုပ်စုကို ပြန်လည်စီစဉ်ရန်ဖြစ်သည်။ စုစုပေါင်း သီချင်းသုံးပုဒ် ရှိပါသည်။]


[မှန်ကန်သောအကဲဖြတ်မှုအားလုံးက S ဖြစ်သည်၊ မှားယွင်းသောအစီအစဉ်နှစ်အုပ်စုကို A အဖြစ်အကဲဖြတ်ပြီး သုံးအုပ်စု သို့မဟုတ် ထို့ထက်ပိုသောအုပ်စုများကို စာမေးပွဲကျရှုံးမှုအဖြစ် အကဲဖြတ်မည်။] 


ထိုသတိပေးချက်ကို နားထောင်ပြီးနောက် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ "ဟုတ်တယ်၊ ဒါက နံပါတ်စီစဉ်မှုတစ်ခုပဲ။"


ရွှီယိရှန်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပြောသည်။ "တစ်နည်းပြောရရင် သီချင်းတစ်ပုဒ်ကို ဘားပေါင်းများစွာ ခွဲလိုက်ပြီး မူရင်းတေးသွားကို နှောင့်ယှက်မယ်၊ ငါတို့အတွက် ဖွင့်ပေးပြီး ငါတို့ကို ပြန်စီစဉ်ပေးဖို့ တောင်းဆိုခိုင်းမယ်။"


 လန်ယာရုန်က အကူအညီမဲ့စွာ ညည်းညူသည်။ "ငါတို့နဲ့ရင်းနှီးပြီးသား သီချင်းတစ်ပုဒ်ကို တွေ့ရင် စီစဉ်တာက အရမ်းရိုးရှင်းပေမဲ့ တစ်ခါမှ မကြားဖူးတဲ့ သီချင်းဆိုရင် ဘယ်လို စီစဉ်မလဲ။ အရှေ့တစ်လုံးကဘာ၊ နောက်တစ်လုံးကဘာဆိုတာ ဘယ်သူသိမှာလဲ။"


ချင်လု: "စာကြည့်တိုက်က ငါတို့ကို ရိုးရှင်းတဲ့ ပေါ့ပ်သီချင်းတွေနဲ့ သေချာပေါက် စမ်းသပ်မှာ မဟုတ်ဘူး။ ကမ္ဘာကျော်သီချင်းအမျိုးမျိုးတွေ ဖြစ်သင့်တယ် မဟုတ်လား၊ ငါက အဲဒီစန္ဒရားသီချင်းတွေအကြောင်း သိပ်မသိဘူး၊ ဒါကြောင့် ဂျူနီယာမောင်လေးချီကိုပဲ အားကိုးလို့ရတယ်။"


လူတိုင်းသည် ယာယီ X အဖွဲ့ဝင်ဖြစ်သော ချီလော့ရန်ကို အာရုံစိုက်လာကြသည်။


ချီလော့ရန်သည် ဖိအားကို ခံစားခဲ့ရပြီး တောင့်တင်းစွာ ပြောလိုက်သည်။ "ကျွန်တော်က စန္ဒရားသီချင်း တော်တော်များများ သိပေမဲ့ ဒါက စန္ဒရားသီချင်းတွေပဲဖြစ်မယ်လို့ မဆိုလိုဘူး၊ ကူကျိမ်းနဲ့ pipa သီချင်းတွေကို တွေ့ရင် ကျွန်တော် အဲဒါကို မရင်းနှီးဘူး။"


သူက ခေတ္တရပ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ဂီတစီစဉ်မှုမှာ အများအားဖြင့် သတ်မှတ်ထားတဲ့ ပုံစံ၊ နိဒါန်း၊ အကူးအပြောင်း၊ အထွတ်အထိပ်နဲ့ နိဂုံးတွေ ရှိတယ်။ အရင်က ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ သီချင်းတစ်ပုဒ်နဲ့ ကြုံရရင် ဒီပုံစံအတိုင်းပဲ ကြိုးစားလို့ရတယ်။"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ဖန်သားပြင်ကြီးကို ကြည့်လိုက်သည်။ "ရှင်းလင်းရေးစည်းမျဉ်းက အုပ်စုနှစ်ခုမှားတာပဲ၊ ဆိုလိုတာက နုတ်ရှစ်အုပ်စုရှိရင် မူလစီစဉ်မှုက ABCDEFGH ဖြစ်ပြီး အဲဒါတွေအနက်မီ တစ်ခုမှားရင် အကဲဖြတ်မှုက A ဖြစ်လိမ့်မယ်။"


ချီလော့ရန်: "ကံကောင်းလိုဘ အမှားလုပ်ဖို့ အခွင့်အရေးရှိတယ်။ နိဒါန်းနဲ့ နိဂုံးက ယေဘုယျအားဖြင့် ကျွန်တော်တို့ မှားလို့မဖြစ်ဘူး။ အလယ်မှာ ဆင်တူတဲ့ တေးသွားတွေတွေ့ရင် စီစဉ်မှုကို သွားရင်တောင် အဆင့်ကို ကျော်သွားနိုင်တယ်။"


ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်းပြောလိုက်သည်။ "လူတိုင်း အဆင်သင့်ပြင်ထားကြပါ၊ မကြာခင် စတင်တော့မယ်။"


10 စက္ကန့်ကြာ ရေတွက်ချိန်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး လူတိုင်းက အသက်ရှုကြပ်ကာ ဂရုတစိုက် နားထောင်ရန် သူတို့နားရွက်ကို နားစွင်ထားကြသည်။


မကြာမီတွင် "A" ဖြင့် အမှတ်အသားပြုထားသော နုတ်များအတန်းသည် ဖန်သားပြင်ပေါ်တွင် လျှောကျလာကာ ထူးဆန်းသော တေးသံတစ်ခု သူ့နားထဲတွင် ထွက်ပေါ်လာသည်။ ယွဲ့ရှင်းဝမ်သည် ကြောင်နေပြီး အဲဒါကို တစ်ခါမှ မကြားဖူးဘူး။


ဤနုတ်များအတန်းပြီးဆုံးပြီးနောက် ၎င်းသည် "B" ဟု အမှတ်အသားပြုထားသော ဒုတိယအတန်းဖြစ်သည်။ အခြားကျောင်းသားများသည် ကြောင်တောင်တောင်ဖြင့် ဆက်လက်ကြည့်နေကြသော်လည်း ချီလော့ရန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကို အရိပ်အမြွက်ပြသွားသည်။ သူက ခေါင်းညိတ်ပြသော ရွှီယိရှန်းကိုကြည့်လိုက်သည်။ 


မကြာမီ တတိယအတန်း၊ စတုတ္ထအတန်း...


နုတ်များအတန်းရှစ်ခုသည် ဖန်သားပြင်ကို ဆက်တိုက်ဖြတ်ကျော်သွားကာ တေးသွားသည် သူတို့နားထဲတွင် စည်းမဲ့ကမ်းမဲ့ ဖြစ်သွားသည်။ အကယ်၍ ၎င်းသည် ဂီတကျောင်း၏ စာမေးပွဲခန်းအတွက်မဟုတ်ပါက ယွဲ့ရှင်းဝမ်သည် ဤတေးသွားများကို သီချင်းအဖြစ်သို့ပင် ချိတ်ဆက်၍မရပါ။ ပုံစံပြောင်းသွားတယ်လို့ ခံစားရသည်။


သို့သော် ချီလော့ရန်နှင့် ရွှီယိရှန်းတို့၏ အမူအရာများကိုကြည့်လျှင် ဤသီချင်းကို သိပုံရသည်။


တေးဂီတကိုတီးခတ်ပြီးနောက် ချီလော့ရန်က အစပြု၍ ပြောလာသည်။ "စီနီယာအစ်ကို စီစဉ်မှုအကြောင်း အတူတူဆွေးနွေးပြီး စစ်ဆေးကြည့်ရအောင်။"


ရွှီယိရှန်းက ပြုံးပြီး ပြောသည်။ "ကောင်းပြီ။"


ချီလော့ရန်: "D, C, H, G, A, B, E, F"


ရွှီယိရှန်းက ခေါင်းငြိမ့်လိုက်သည်။ "ဒါက ငါဆုံးဖြတ်ခဲ့တာနဲ့ အတူတူပဲ။"


ချီလော့ရန်၏ မျက်လုံးများ တောက်ပလာသည်။ "မှန်ပါတယ်၊ ဒါက စန္ဒရားစာမေးပွဲရဲ့ ဆယ်တန်းအတွက် အပိုင်းပဲ၊ "Scarlatti" အပိုင်းပဲ။ ကျွန်တော်တို့အတူတူ စာမေးပွဲသွားဖြေတုန်းက စီနီယာအစ်ကို ဒီသီချင်းကို တီးခဲ့တာကို မှတ်မိတယ်။"


ရွှီယိရှန်းက ပြုံးပြီး ပြောသည်။ "အဲဒါက ကြာသွားပြီဆိုတော့ ငါမေ့လုနီးပါပဲ၊ ဒါပေမဲ့ အခုလေးတင် ငါကြားလိုက်ရတော့ စန္ဒရားတီးဖို့ ဖိအားပေးခံရတဲ့ ငါ့ရဲ့ဝမ်းနည်းစရာနေ့ရက်တွေကို ပြန်သတိရသွားပြီ။"


ရွှီယိရှန်းအတွက် စန္ဒရားသင်ယူခြင်းက နာကျင်မှုတစ်ခုဖြစ်သည်။ တကယ်တော့ သူက စိတ်လှုပ်ရှားစရာကောင်းသော ကားပြိုင်ပွဲလို အားကစားကို ပိုနှစ်သက်ပါသည်။ တိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီး စန္ဒရားတီးဖို့ သူ့စရိုက်က မသင့်တော်ဘူး။ သို့သော် ချီလော့ရန်ကတော့ မတူပါဘူး။ သူသည် ဂီတကို နှစ်သက်သောကြောင့် စန္ဒရားကို သင်ယူခြင်းသည် ချီလော့ရန်အတွက် ပျော်ရွှင်မှုတစ်မျိုးဖြစ်သည်။


ရွှီယိရှန်းက ဂျူနီယာညီလေး၏ ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။ "မင်းအတွက် တေးသွားအဆင့်က မခက်ဘူးထင်တယ်။" 


ချီလော့ရန်သည် ရှက်ရွံ့စွာ ပြုံးပြီး အဖြေများကို အစဥ်အတိုင်းတင်လိုက်သည်။ 1 မိနစ် ရေတွက်ချိန်လုပ်ပြီးနောက် ဒုတိယသီချင်း၏ တေးသွားကို စတင်တီးခတ်သည်။ ချီလော့ရန်သည် ဤအချိန်တွင် အမှန်တကယ် ငြိမ့်ညောင်းသော ဗျတ်စောင်းသံဖြစ်နေတာကို အံ့သြသွားသည်။


ချင်လုနှင့် ချင်မြောင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ချင်လုက စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ "ဒါက "တောင်တန်းကြီးနဲ့ စီးဆင်းနေသောမြစ်"ဖြစ်မယ်ထင်တယ်။"


ချင်မြောင်က ငြိမ်သက်စွာကြည့်ရင်း ပြောသည်။ "အင်း၊ သေချာနားထောင်ကြည့်"


ချီလော့ရန်သည် ၎င်းက ကူကျိမ်းဖြင့်တီးခတ်သော အသံဖြစ်ကြောင်းကိုလည်း ကြားသိခဲ့ရသည်။ သူအကြိုက်ဆုံး တူရိယာက စန္ဒရား၊ တယောဖြစ်ပြီး သူသည် ကျေးလက်ဂီတနှင့် အဆက်အသွယ် သိပ်မရှိသော်လည်း ကျော်ကြားသော "တောင်တန်းကြီးနှင့် စီးဆင်းနေသောမြစ်" သီချင်းကို သူကြားဖူးဆဲဖြစ်သည်။ ချီလော့ရန်က ချက်ချင်းပဲ အာရုံစူးစိုက်ပြီး နုတ်တစ်ခုစီကို ဂရုတစိုက် နားထောင်လိုက်သည်။


ခဏအကြာတွင် နုတ်ရှစ်ခုပြီးဆုံးသွားသောအခါ ချင်လုက သူမစိတ်ထဲရှိ မှတ်ဥာဏ်ကို အသေအချာရှင်းထုတ်ပြီး ပြောလိုက်သည်။ "အဲဒါက ABCDEGFH ဖြစ်နိုင်တယ်။" 


ချင်လုက အဖွဲ့ဝင်တွေကို ကြည့်ပြီး ပြောလိုက်သည်။ "အားလုံးကော ဘယ်လိုထင်ကြလဲ။"


ယွဲ့ရှင်းဝမ်က သူ့နားထင်ကိုပွတ်သပ်ရင်း ပြောလိုက်သည်။ "ငါက အဲဒါနဲ့ မရင်းနှီးဘူး။ ချင်လု၊ မင်းက ဒီသီချင်းကို လေ့ကျင့်ထားရင် အဖြေကို ဆုံးဖြတ်နိုင်တယ်။"


ချင်လုက အနည်းငယ် စိုးရိမ်သွားသည်။ "ဒါပေမဲ့ 100% ‌မှန်သလားဆိုတာ ငါမသေချာဘူး…"


ချင်မြောင်က ရိုးရိုးရှင်းရှင်းပြောလိုက်သည်။ "နင်မသေချာရင် အခြားလူတွေက ပိုလို့တောင်မသေချာဘူး။ နင် ဒီသီချင်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာကို ငါမှတ်မိတယ်။ နင့်ရဲ့မှတ်ဉာဏ်က ဒီအတိုင်းအတာအထိ မပျက်စီးသေးဘူးလို့ ငါယုံကြည်တယ်။"


ချင်လုက ခေါင်းငြိမ့်ပြပြီး အဖြေကိုထည့်ဖို့ ရှေ့ကို တိုးသွားသည်။


ဒုတိယသီချင်းသည် ချောမွေ့စွာ ကျော်ဖြတ်ခဲ့ပြီး စီစဥ်မှုအားလုံး မှန်ကန်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြောလိုက်သည်။ "ကောင်းလိုက်တာ။ ငါတို့ကံကောင်းပုံရတယ်၊ လူတိုင်းလေ့ကျင့်ထားတဲ့ သီချင်းနှစ်ပုဒ်နဲ့ တွေ့ခဲ့တယ်။"


ချီလော့ရန်က ပြောသည်။ "ဒါက လွယ်လွန်းတယ်၊ တတိယသီချင်းက ကျွန်တော်တို့ အရင်ကမကြားဖူးတဲ့ စာကြည့်တိုက်ရဲ့ မူရင်းသီချင်း မဟုတ်လောက်ဘူးမလား။"


ရွှီယိရှန်းက အလျင်စလို ချောင်းဟန့်လိုက်သည်။ "တော်တော့၊ ကျီးကန်းပါးစပ်မလုပ်နဲ့။"


#TK