Chapter 217
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 217 (ဂီတဆိုင်ရာတေးသွား ၀၃)


"Flight of Bumble-Bee " သီချင်းကို ယွဲ့ရှင်းဝမ် အရင်က မကြားခဲ့ဖူးဘူး။ သူနားထောင်လေ့ရှိသော သီချင်းက အတော်လေးကို ငြိမ့်ညောင်းသည်။ ဤကဲ့သို့ "အားကောင်းသော" သီချင်းကို သူ ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ တေးဂီတသံနှင့်အတူ သူသည် တောရိုင်းတောင်ပေါ်မှ လွတ်မြောက်ရန် ပျားကောင်များထံမှ ပြေးလွှားနေသည့် တောအုပ်ထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။


အလွန်လျင်မြန်သော စည်းချက်သည် လူတို့အား ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို ခံစားရစေသည်။ ထို့အပြင် တေးဂီတတီးမှုတ်ရာတွင် သိပ်သည်းသော နုတ်များသည် လေထဲမှ ပြုတ်ကျလာသည်။ ယွဲ့ရှင်းဝမ်သည် အလင်းတန်းတိုင်အဖြူရောင်ပေါ်တွင် မတ်တပ်ရပ်ကာ ‌လေထဲမှ အဖြူရောင်နုတ်များကို မျှော်ကြည့်ရင်း ကြွေကျလာသော ငန်းမွှေးနှင်းများကဲ့သို့ တေးဂီတနုတ်များကို မရေတွက်နိုင်ပေ။


ပထမသီချင်းသည် 2-3 စက္ကန့်အတွင်း နုတ်တစ်ခုသာ ကျဆင်းသွားခဲ့ပြီး ဒုတိယသီချင်း၏ စည်းချက်သည် အကြိမ်များစွာ ချက်ချင်း အရှိန်မြင့်သွားခဲ့သည်။


ပိုးချည်မျှင်ကဲ့သို့ ပါးလွှာသော မျဉ်းကြောင်းတစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး ယွဲ့ရှင်းဝမ်က လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ နုတ်သည် ပိုးချည်မျှင်နှင့် ထိလိုက်သည့်အခိုက် ဂီတ၏ စည်းချက်အမှတ်ဖြစ်ပြီး အမှတ်များရရှိရန် သူတို့‌တွေ တိကျစွာနှိပ်ရမည်။ သူတို့တွေ လျင်မြန်စွာ နှိပ်မိတာ၊ နှေးကွေးစွာ နှိပ်မိပါက သူတို့တွေ combo မလုပ်နိုင်တော့ပေ။


ပြီးတော့ ဒီဂိမ်း၏ စည်းမျဉ်းများအရ အဖွဲ့တစ်ခုအနေနဲ့ စုစုပေါင်းအမှား 20 ထက်မပိုရဘူး၊ တစ်ယောက်စီက အမှား 3 ခုထက်မပိုရဘူး။


ထိုသို့သော သိပ်သည်းသော နုတ်များ တစ်ခုပြီးတစ်ခု ကျဆင်းသွားသဖြင့် နုတ်တစ်ခုစီကို တိကျစွာ ဖော်ထုတ်ရန်နှင့် နုတ်တစ်ခုစီကို ဖယ်ရှားရန် ခက်ခဲသည်။ ထို့အပြင် "Flight of Bumble-bee"၏တေးသွားသည် လူအများကို အလွယ်တကူ စိတ်ရှုပ်စေနိုင်သည်။ သူတို့တွေ စိတ်လှုပ်ရှားပြီး အမှားလုပ်မိသည်နှင့်တစ်ပြိုင်နက် ဆက်တိုက်အမှားများပြုလုပ်နိုင်ဖွယ်ရှိပြီး နုတ်စာတန်းတစ်ခုလုံးကို တိုက်ရိုက်လွတ်သွားကာ အခု 20 ကျော်ပါက သူတို့တွေ တိုက်ရိုက်ဖယ်ရှားခံရမည်ဖြစ်သည်။


အလင်းတန်းတိုင်ပေါ်တွင် ရပ်နေသော ကျောင်းသားခြောက်ယောက်သည် တင်းမာသွားကာ သူတို့၏မျက်နှာများက ရုတ်တရက် လေးနက်လာသည်။


စင်မြင့်အလယ်တွင် ချီလော့ရန် ဤမြင်ကွင်းကိုမြင်ပြီး ချက်ချင်းသတိပေးသည်။ "ပြီးပြည့်စုံတဲ့ရှင်းလင်းရေးတစ်ခုပြုလုပ်ဖို့ စည်းချက်အမှတ်ကို တမင်ရိုက်ဖို့ မလိုဘူး။ နုတ်တွေက အလျားလိုက်မျဉ်းပေါ် မပြုတ်ကျမီ ရိုက်လိုက်ရုံပဲ။"


ရွှီယိရှန်းကလည်း ဆိုသည်။ "အားလုံး စိတ်အေးအေးထားကြ၊ အခြေအနေအရ ငါကူညီမယ်။"


သူတို့နှစ်ယောက် စကားပြောပြီးတာနဲ့ ပထမနုတ်က အလျားလိုက်မျဉ်းနားကို ပြုတ်ကျနေပြီး ယွဲ့ရှင်းဝမ်သည် သူ့စိတ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ လက်ကိုဆန့်ပြီး နုတ်များကို အမြန်ရိုက်ချလိုက်သည်။ အခြားကျောင်းသားတွေကလည်း သူတို့ဘဝမှာ အမြန်ဆုံးလက်အမြန်နှုန်းကို အသုံးပြုခဲ့သည်။ ဒီအချိန်မှာ အလင်းတန်းတိုင်ခြောက်ခုပေါ်ရှိ ကျောင်းသားများသည် "နတ်ဆိုးများနှင့်ကခုန်"နေသကဲ့သို့ ဆင်တူသည်။ စက္ကန့်အနည်းငယ်အတွင်း COMBOx180 ဟူသော စကားလုံးများသည် ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာသည်။


ဆိုလိုသည်မှာ စက္ကန့်အနည်းငယ်အတွင်း သူတို့ခြောက်ယောက်က တစ်ယောက်စီ နုတ် 30 ကျော်ရိုက်ခဲ့သည်။


စိတ်လှုပ်ရှားစရာ အမြန်နှုန်းပါပဲ။


ရွှီယိရှန်းသည် အလင်းတန်းတိုင်ပေါ်ရှိ တိုက်ပွဲအခြေအနေကို စိုက်ကြည့်ရင်း မျက်လုံးများကို ကျဉ်းမြောင်းထားသည်။


ကျန်းဖျင်စစ်ဘက်က အတည်ငြိမ်ဆုံးပါပဲ။ ကျန်းဖျင်စစ်သည် ဂီတကို မကျွမ်းကျင်သော်လည်း သူ့မျက်လုံးထဲတွင် သူ့ရှေ့ရှိ အလျားလိုက်မျဉ်းသည် x-ကိုဩဒီနိတ် ဝင်ရိုးနှင့်တူပြီး ကျသွားသောနုတ်များသည် xy-ကိုဩဒီနိတ် ဝင်ရိုးတွင် ကိုဩဒီနိတ်အမှတ်များနှင့်တူသည်။ အပေါ်ယံအကြည့်ဖြင့် သူသည် ထိုနုတ်များကြား အကွာအဝေးနှင့် နုတ်များ x-axis ပေါ်ကျသည့်အချိန်ကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်သည်။


ထို့ကြောင့် သူသည် နုတ်များကို ရိုက်ချရန် သူ၏လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သောအခါ မြန်ဆန်တိကျရုံသာမက စည်းချက်အမှတ်အားလုံးကိုလည်း ဖမ်းဆုပ်နိုင်ခဲ့သည်။ ကျန်းဖျင်စစ် ရိုက်သော နုတ်တိုင်းနီးပါးကို ပြီးပြည့်စုံသောအဖြစ် သတ်မှတ်သည်။ အနက်ရောင်နုတ်များကို အဆက်မပြတ် ရိုက်ခတ်နေပြီး စဉ်ဆက်မပြတ် ပြီးပြည့်စုံသော ရှင်းလင်းရေး၏ ရွှေရောင်အလင်းတန်းသက်ရောက်မှုသည် သူ့ခေါင်းထက်တွင်ပင် ပေါ်နေသည်။


စင်မြင့်ပေါ်ရှိ ချီလော့ရန် အံ့အားသင့်သွားကာ ရွှီယိရှန်းသည် ကျန်းဖျင်စစ်၏အရည်အချင်းကို ကျင့်သားရနေပြီဖြစ်ကာ အခြားနေရာကို ချက်ချင်းလှည့်ကြည့်လိုက်သည်။


စီနီယာအစ်မလန်သည် အခက်အခဲများ ကြုံတွေ့ရကြောင်း မကြာမီ သူတွေ့ရှိခဲ့သည်။


စီနီယာအစ်မလန်သည် ခပ်ပုပုဖြစ်ပြီး အလျားလိုက်မျဉ်းသည် သူမ၏ဦးခေါင်းထက်တွင် ရှိနေသောကြောင့် နုတ်များကို ပစ်ချရန် သူမ၏လက်များကို ဆန့်ထုတ်ဖို့ အနည်းငယ်ခက်ခဲသည်။ အခုလေးတင် ဂီတ၏ စည်းချက်က ရုတ်တရက် ပြောင်းလဲသွားကာ နုတ်တွေ ဆက်တိုက် ပြုတ်ကျပြီး သူမ လွတ်တော့မည်။ ရွှီယိရှန်းသည် mitosis ကို ပြတ်ပြတ်သားသား ဖွင့်လိုက်ပြီး လန်ယာရုန်ရှိသည့် အလင်းတန်းဆီသို့ လှမ်းပို့ကာ သူမကို နုတ် 5 ခု ဆက်တိုက်ရရှိစေရန် ကူညီပေးခဲ့သည်။


လန်ယာရုန်သည် သက်ပြင်းတစ်ချက်ချကာ ကျေးဇူးတင်ကြောင်းပြောရန် အချိန်မရှိဘဲ သူမသည် နောက်ထပ်နုတ်များကို အလျင်အမြန် အာရုံစိုက်ခဲ့သည်။


"Flight of Bumble-Bee"၏တေးသွားသည် ပို၍ပို၍ အရေးတကြီးဖြစ်လာပြီး နုတ်များ ပြုတ်ကျသည့်အရှိန်မှာလည်း ပို၍မြန်လာသည်။ ဖန်သားပြင်ကြီးတွင် ပေါင်းစပ်ရေတွက်မှုသည် 1,231 သို့ရောက်ရှိသောအခါ ၎င်းသည် ရုတ်တရက် ပြတ်တောက်သွားပြီး 1 မှ ထပ်မံရေတွက်သည်။


ဆိုလိုသည်မှာ ကျောင်းသားတစ်ဦးသည် နုတ်လွတ်သွားကာ ပေါင်းစပ်မှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။


ပေါင်းစပ်မှု၏ ချိုးဖျက်မှုသည် လူတိုင်းမျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။ နုတ်များ အလွန်ထူထပ်သောကြောင့် အလင်းတန်းတိုင်ပေါ်တွင် ရပ်နေသော ကျောင်းသားများသည် သူတို့လွတ်သွားသလားတောင် မသိတော့ပေ။ ဖန်သားပြင်ပေါ်ရှိ ရေတွက်မှုကို မြင်ရန် သူတို့မှာ အာရုံပျံ့လွင့်နိုင်သည့် စွမ်းအင်မရှိသည့်အပြင် လက်များကို မြန်မြန်ဆန်ဆန် နှိပ်ဖို့အတွက် တောင့်ခံထားဆဲဖြစ်သည်။


စင်ပေါ်မှာရပ်ပြီး ဖန်သားပြင်ပေါ်က ရေတွက်မှုကို ကြည့်နေသည့် ချီလော့ရန်ကသာ သူ့လက်သီးတွေကို ထိတ်လန့်တကြား ဆုပ်ထားရင်း သူ့လက်ဖဝါးမှာ အေးစက်နေသော ချွေးတွေနဲ့ ပြည့်နေသည်။


ဒုတိယ အကြိမ်ရေတွက်မှု 300 ပြည့်သွားသောအခါတွင် ထပ်မံပြတ်တောက်သွားကာ ယခုအကြိမ် 3 ခု လွတ်သွားသည်...


ချီလော့ရန်သည် သူ့ခေါင်းကို မော့ပြီး ရွှီယိရှန်းက ချင်လုကိုကူညီဖို့ ကိုယ်ပွားတစ်ခုခွဲသွားတာကို တွေ့လိုက်သည်။ အလင်းတန်းတိုင်ပေါ်ရှိ ကျောင်းသားများအားလုံး စိတ်လှုပ်ရှားနေကြပြီး စင်မြင့်အလယ်တွင် ရပ်နေသော ချီလော့ရန်သည် စင်မြင့်ပေါ်တွင် ရပ်နေသောကြောင့် သူ၏စီနီယာအစ်ကို၊အစ်မများ ဖြစ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ကောင်းကင်မှ ပြုတ်ကျလာသော နုတ်အရေအတွက်သည် ယခုအချိန်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးလာကာ လက်နှစ်ဖက်စလုံး အလုပ်များလွန်းလှသည်။


နုတ်များအားလုံးကို ဆက်တိုက် ပြုတ်ကျပြီး တစ်ခုလွတ်သွားပါက ဆက်တိုက် လွဲချော်ဖွယ်ရှိသည်။


ဒီလိုခက်ခဲသော ဂီတဂိမ်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး။


သင်တန်းအစမှာ စက်အသံကလည်း ပြောခဲ့သည်။ 'ကျောင်းသားတွေက အရင်သင်တန်းမှာ အရင်သင်တန်းမှာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတယ်၊ ဒါကြောင့် ဒီသင်တန်းရဲ့ စာမေးပွဲတွေဟာ အတော်လေး ပေါ့ပါးပါတယ်။'… ပေါ့ပါးတယ်တဲ့လား။ စာကြည့်တိုက်စနစ်သည် အဓိပ္ပါယ်မရှိဘဲ သေချာပေါက် ယုံလို့မရပေ။


ထိုအချိန်တွင် အဖြူရောင်နုတ်သုံးခုသည် ယွဲ့ရှင်းဝမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် တစ်ချိန်တည်းကျလာသည်။ သူ့လက်နှစ်ဖက်က တစ်ချိန်တည်းမှာ နုတ်သုံးခုကို မနှိပ်နိုင်ဘဲ ချီလော့ရန် အကူအညီပေးဖို့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။


ရွှီယိရှန်းသည် စီနီယာအစ်မလန်နှင့် ချင်လုတို့ကို တစ်ပြိုင်နက် ကူညီပေးခဲ့ပြီး ရှင်းဝမ်ကို လုံးဝဂရုမစိုက်နိုင်ခဲ့ဘူး။


ရလဒ်အနေနဲ့ နောက်အခိုက်အတန့်မှာ အဘိဓာန်ထူထူကြီးက ရုတ်တရက် လေထဲမှာ ပေါ်လာသည်။ ယွဲ့ရှင်းဝမ်သည် နှစ်ဖက်တစ်လုံးရှိ နုတ်များကို ရိုက်ချရန် ဘယ်ညာလက်များကို အသုံးပြုကာ အလယ်နုတ်ကို အဘိဓာန်မှ အောင်မြင်စွာ ရိုက်နိုင်ခဲ့သည်။


"ပြီးပြည့်စုံသော" ရှင်းလင်းရေးသည် သူ့ခေါင်းထက်တွင် အဆက်မပြတ် ပေါ်နေပြီး ဤအခိုက်အတန့်တွင် သူသည် COMBOx30 ၏ ပေါင်းစပ်မှုကို အပြီးသတ်ခဲ့သည်။


တစ်ချိန်တည်းမှာပင် ကျန်းဖျင်စစ်သည် တြိဂံပေတံအများအပြားကို ရုတ်တရက်ဆင့်ခေါ်လိုက်ကာ အကြည့်ရောင်ပေတံများသည် ချွန်ထက်သောမြှားများကဲ့သို့ လွင့်ထွက်သွားပြီး အလျားလိုက်မျဉ်းပေါ်တွင် ကျလာသော တေးဂီတနုတ်များကို တန်းစီထိလိုက်ကြသည်။


ချီလော့ရန်: "..."


စွမ်းရည်တွေကို သူ မေ့လုနီးပါးသွားတယ်။


ပြုတ်ကျနေသော နုတ်အရေအတွက် တိုးလာပြီး လက်နှစ်ဖက်လုံး အလုပ်ရှုပ်သွားပေမဲ့ သူတို့မှာ စွမ်းရည်တွေရှိသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ယင်းကို စတင်ပြီးနောက် အခြားကျောင်းသားများကလည်း တုံ့ပြန်ခဲ့ကြသည်။ သူတို့၏ စံနမူနာအတိုင်း လင်းမန့်လော်သည် နွယ်ပင်နှစ်ပင်ကို တိုက်ရိုက်ဆင့်ခေါ်ခဲ့သည်။ အလုပ်များနေသော စီနီယာအစ်မမန့်လော်သည် နွယ်ပင်များ၏အကူအညီဖြင့် ချက်ချင်းပင် ပို၍ စိတ်အေးလက်အေး ခံစားခဲ့ရသည်။ သူမ၏လက်များသည် လေထဲတွင် လျင်မြန်စွာ ရိုက်နေပြီး သူမဘေးနားရှိ နွယ်ပင်နှစ်ပင်သည် သူမအား နုတ်ရိုက်ရန် ကူညီပေးနေကာ အဝေးကနေ "လက်တံမကောင်းဆိုးရွား" နှင့်တူသည်။


နုတ်အမြောက်အမြား၏ နောက်ဆုံးလှိုင်းကို လူတိုင်းက အထစ်အငေါ့မရှိ ကွဲသွားခဲ့သည်။


သီချင်းသံက နောက်ဆုံးတော့ ပြီးဆုံးသွားပြီး နေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်း အသက်ရှုကြပ်ပြီး ဖန်သားပြင်ပေါ်ရှိ အမှတ်များကို ကြည့်ကြသည်။ ရွှေစာလုံးများသည် ခဏတာခုန်သွားကာ သူတို့၏ရမှတ်များကို လျင်မြန်စွာ တွက်ချက်ကြသည်—


[Flight of Bumble-Bee သီချင်းတွင် စုစုပေါင်းနုတ်အရေအတွက်မှာ 3,600၊ 3,589 ခု အောင်မြင်စွာ စုဆောင်းထားပြီး၊ အမြင့်ဆုံး ပေါင်းစပ်မှုမှာ 1,231 ဖြစ်ပြီး နောက်ဆုံးအဆင့်: A]


ဒီရလဒ်ကိုမြင်တော့ လူတိုင်း၏ တင်းမာနေသော အာရုံကြောတွေက အနည်းငယ် ဖြေလျော့သွားသည်။


ယွဲ့ရှင်းဝမ်က မောဟိုက်ပြီး ပြုံးကာပြောသည်။ "11 ခု လွတ်သွားတယ်၊ အဆင့်ကို ကျော်ဖြတ်နိုင်တာက ကောင်းပါတယ်၊ လူတိုင်းက အလုပ်ကြိုးစားကြတယ်။"


ရွှီယိရှန်းက ခါးသက်သက်မျက်နှာနဲ့ ပြောသည်။ "ငါ ဒီသီချင်းမှာ စိတ်ဒဏ်ရာတစ်ခုရှိသွားပြီ။"


ဘယ်သူက မရှိဘဲနေမှာလဲ။ ပျားအုပ်က လိုက်ဖမ်းသလိုမျိုး ခံစားရမှာ မဟုတ်ဘူး၊ ဝံပုလွေတစ်ကောင် လိုက်ဖမ်းတာနဲ့ ပိုတူသည်။ သူတို့၏လက်ချောင်းတွေက နှိပ်ရလွန်းလို့ ကြွက်တက်နေသည်။ 


ချင်လုက သူတို့ကို အသံတိုးတိုးနဲ့ သတိပေးသည်။ "စည်းချက်အဆင့်မှာ သီချင်းသုံးပုဒ်ရှိတယ်၊ ဒါက ဒုတိယအပုဒ်ပဲရှိသေးတယ်၊ တတိယအပုဒ်မှာ… ပိုမှားလို့မရဘူးမလား။"


ယွဲ့ရှင်းဝမ်က သူ့နားထင်ကို အသာအယာပွတ်သပ်ပြီး အကူအညီမဲ့စွာ ဆိုသည်။ "ဒီသီချင်းအတွက် ငါ့လက်နှစ်ဖက်က မလုံလောက်ဘူး၊ တတိယသီချင်းရဲ့ အခက်အခဲက ပိုများလာရင် ငါတို့က ခြေရှစ်ချောင်းရှိတဲ့ ပင့်ကူမကောင်းဆိုးရွားတွေမဟုတ်ရင် အဲဒါကို ဘယ်လိုနှိပ်နိုင်မှာလဲ။"


လင်းမန့်လော်က ခါးသက်သက်ပြုံးကာ ပြောသည်။ "အခုလေးတင် နွယ်ပင်နှစ်ပင်ကို ထိန်းချုပ်ဖို့ ငါ့အတွက် အရမ်းခက်ခဲနေပြီ။ ဂီတကျောင်းမှာ ဒီသင်တန်းက ဦးနှောက်နဲ့ သိပ်မဆိုင်ပေမဲ့ အရမ်းပင်ပန်းတယ်။ မီတာ 10,000 အပြေးထက် ပိုပင်ပန်းတယ်လို့ ခံစားရတယ်။"


ရွှီယိရှန်း သူ့ပုခုံးကို လေးလေးနက်နက် ပခုံးတွန့်လိုက်သည်။ "ဘယ်သူလဲမပင်ပန်းတာ။ ငါ စိတ်အစဉ့်အလျားဖြစ်လုနီးပါးပဲ။"


တတိယသီချင်းမစခင် ရေတွက်ချိန်မှာ စက္ကန့် 30 ပဲကျန်တော့သည်။ ချီလော့ရန်က ချောင်းဟန့်ပြီး ပြောလိုက်သည်။ "စာကြည့်တိုက်က ကျွန်တော်တို့ကို တူညီတဲ့နည်းလမ်း နှစ်ကြိမ်လုပ်လိမ့်မယ်လို့ မထင်ဘူး။ တတိယသီချင်းရဲ့ အခက်အခဲက ကျဆင်းသွားတဲ့ နုတ်အရေအတွက်မဟုတ်ဘဲ အရှိန်ဖြစ်နိုင်တယ်။"


ယွဲ့ရှင်းဝမ်က ခဏလောက် မှင်တက်သွားပြီး စင်မြင့်ပေါ်က ဂျူနီယာညီလေးကို ကြည့်လိုက်သည်။ "မင်းဆိုလိုတာက တတိယအပုဒ်က နုတ်တွေ ဒီလောက်အများကြီးမဟုတ်ဘဲ လက်နှစ်ဖက်နဲ့ လုံလောက်တယ်ပေါ့။"


ချီလော့ရန်က လေးနက်စွာ ပြောသည်။ "ကျွန်တော် မှန်းဆကြည့်တာပါ၊ ဂီတဂိမ်းရဲ့ အခက်ခဲဆုံးအပိုင်းက တစ်စိတ်တစ်ပိုင်းနုတ်တွေကို ထိဖို့မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ နုတ်တွေကို ထိလိုက်တိုင်း သူတို့ကို စုဆောင်းနိုင်တယ်။ ဖိထားဖို့လိုအပ်နေတဲ့ စည်းချက်ဘားမျိုးမှာ အချိန်မကိုက်ဘဲ ဖိတာ၊ လွတ်တာလုပ်ရင် အမှတ်တွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်။"


ရွှီယိရှန်းကလည်း တုံ့ပြန်ခဲ့ပြီး ချက်ချင်း သတိပေးသည်။ "ဟုတ်တယ်၊ ဂီတဂိမ်းထဲက စည်းချက်ဘားကို ရှည်လျားနုတ်လို့လည်း ခေါ်ကြတယ်။ ရှည်လျားနုတ်က နုတ်များစွာကို ရေတွက်နိုင်ပြီး စည်းချက်ခံစားချက်ကို စမ်းသပ်ပြီးတော့ အမှားတွေလုပ်ဖို့ လွယ်ကူတယ်။"


အခုလေးတင်ပဲ လူတိုင်းက မြန်မြန်နှိပ်လိုက်ရင်တောင် နုတ်ပြုတ်ကျသည့်အမြန်နှုန်းက အလွန်မြန်တာကြောင့် အဲဒါကို စုဆောင်းမှုအဖြစ် မှတ်ယူနိုင်သည်။ သို့သော်လည်း အနှေးသီချင်းများသည် မြန်သောသီချင်းများထက် မလွယ်ကူဘဲ ရှည်လျားစည်းချက်များက ပိုခက်သည်...


ဒါကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။ "မင်းပြောသလို တတိယသီချင်းက ရှည်လျားနုတ်တွေနဲ့ လွှမ်းမိုးနေရင် ဂျူနီယာညီလေးချီက စင်ပေါ်ကနေ ငါတို့ကို စည်းချက်ပေးပြီး လမ်းပြပေးပါ၊ ဒီလိုဆိုရင် မင်းရဲ့လက်အမူအရာတွေအရ ငါတို့က စည်းချက်ကိုလိုက်နိုင်တယ်။"


ချီလော့ရန်က ခေါင်းငြိမ့်လိုက်သည်။ "ကိစ္စမရှိပါဘူး။"


စက္ကန့် 30 ကြာ ရေတွက်ချိန် ကုန်ဆုံးသွားသည်နှင့် တတိယသီချင်း၏ နှေးကွေးသော တေးသွားက သူတို့နားထဲတွင် မြည်လာသည်။


ပဏာမတီးလုံးစင်မြင့်တွင် နုတ်များ ပြုတ်ကျခြင်းမရှိပါ၊ ချီလော့ရန်သည် မျက်လုံးများကိုမှိတ်ထားပြီး ဂရုတစိုက်နားထောင်ကာ ချက်ချင်းပြောခဲ့သည်။ "ဒါက Strauss ရဲ့ "The Blue Danube"ပဲ၊ ¾ စည်းချက်၊ တစ်ကိုယ်တော်စန္ဒရားအပိုင်းလို ကျွန်တော်တို့ တီးရမှာ။ စီးဆင်းနေတဲ့ မြစ်တွေလို ရှည်လျားနုတ်တွေရှိပြီး စည်းချက်ကို ထိန်းချုပ်ဖို့ မလွယ်ဘူး၊ အားလုံး ကျွန်တော့်လက်အမူအရာတွေကို အာရုံစိုက်ကြပါ။"


ဂျူနီယာညီလေးချီသည် ရှက်တတ်သော စရိုက်လက္ခဏာရှိသော်လည်း သူ၏ပရော်ဖက်ရှင်နယ် နယ်ပယ်သို့ ရောက်သောအခါ ကောင်လေး၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်းပင် လေးနက်ပြီး ယုံကြည်မှုရှိလာသည်။ သူ၏ ပထမဆုံးတွေ့ဆုံမှုက ရှက်ရွံ့ပြီးကြောက်လန့်သော အကြည့်သည် ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။


ခဏလောက် သူ ဂရုတစိုက် နားထောင်ပြီး စည်းချက်ကို အတိအကျ ရှာတွေ့ခဲ့သည်။


ရေနှင့်တူသော တေးသွားသည် သူ၏နားရွက်ကို လျင်မြန်စွာ ဖြတ်သွားကာ စင်မြင့်အလယ်တွင် ရပ်နေသော ကောင်လေးသည် ဖျော်ဖြေပွဲတစ်ခု၌ တီးဝိုင်းခေါင်းဆောင်လို အာရုံစူးစိုက်မှုအပြည့်ဖြင့် မျက်လုံးမှိတ်ထားကာ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး သူ့အနီးနားရှိ ကျောင်းသားများက ဂီတစည်းချက်ကို ဆုံးဖြတ်နိုင်ရန် သူ့လက်များကို အ‌ပေါ်အောက်ရွှေ့လျားလိုက်သည်။ တေးဂီတသည် မူလက ရှုပ်ထွေးသောအသံဖြစ်သော်လည်း တီးဝိုင်းခေါင်းဆောင်နှင့်အတူ လူတိုင်းက စည်းချက်အမှတ်ကို လျင်မြန်စွာ တွေ့ရှိခဲ့ကြသည်။


ချီလော့ရန်သည် သူ့ပတ်ဝန်းကျင်ရှိ ရောင်စုံအလင်းတန်းတိုင်ခြောက်ခုနှင့် ဂီတနုတ်များက အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် မျက်လုံးမှိတ်ထားသည်။ ဂီတတွင် အပြည့်အဝ နစ်မြုပ်နေမှသာလျှင် သူ၏ စည်းချက်သည် မှားသွားမည်မဟုတ်ကြောင်း သူသေချာနိုင်မည်ဖြစ်သည်။


ထိုအချိန်တွင် အလင်းတန်းတိုင်ခြောက်ခု၏ အထက်တွင် ကျရောက်နေသော နုတ်များသည် အမှန်တကယ် ပြောင်းလဲသွားသည်။


၎င်းတို့သည် ငန်းအမွေးများနှင့် နှင်းကဲ့သို့ အပိုင်းအစများ မဟုတ်တော့ဘဲ ခေါက်ဆွဲပုံသဏ္ဍာန်၊ အနက်၊ အဖြူ၊ အဝါ၊ အပြာ၊ အနီနှင့် အစိမ်းဖြင့် လေထဲမှ ပြုတ်ကျလာသော 'ခေါက်ဆွဲ'ခြောက်ရောင်ပုံက ရှင်းမပြနိုင်လောက်အောင် ထူးဆန်းသည်။ သူတို့သည် 'ခေါက်ဆွဲ' တချို့၏ အစကို မြင်နိုင်ပေမဲ့ အဆုံးကိုမမြင်ရဘဲ ဘယ်အချိန်ပြီမလဲဆိုတာ သူတို့မသိကြဘူး။


တတိယသီချင်းက တကယ့်ကို အရှည်ကြီးပါ။


#TK