Chapter 214
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 214 (ပန်းချီထဲကပုံရိပ်ယောင် ဇာတ်သိမ်း)


ယွဲ့ရှင်းဝမ်သည် လူအားလုံးကို စတုတ္ထထပ်တွင် အမြန်ရှာဖွေရန် ခေါ်သွားခဲ့သည်။ အံဆွဲရှိ ဓာတ်ပုံအယ်လ်ဘမ်များ၊ စာရွက်စာတမ်းများနှင့် အခြားအချက်အလက်များမှလွဲ၍ အခြားသဲလွန်စများကို ရှာမတွေ့ပါ။ အခန်းက အလွန်သပ်ရပ်ပြီး တိုက်ခိုက်ထားသော သဲလွန်စတွေ မရှိဘူး။ ဒါက ပထမဆုံးအခင်းဖြစ်ပွားရာနေရာ မဟုတ်ဘူးဆိုတာ သိသာပါသည်။


စတုတ္ထထပ်ဘေးတွင် လှေကားအတက်အဆင်းရှိပြီး ဗီလာ၏အပေါ်ထပ်ရှိ ထပ်ခိုးဆီသို့ ဦးတည်သည်။


လူတိုင်းက လှေကားထစ်ပေါ်တက်ကယ ထပ်ခိုးကို ကောင်းကင်ဥယျာဉ်အဖြစ် ပြုလုပ်ထားပြီး ပန်းများစွာကို စိုက်ပျိုးထားသည်။ ထိုအချိန်တွင် ပန်းအများစုသည် သွေ့ခြောက်သွားကာ အချိန်အတော်ကြာ ဂရုမစိုက်ခဲ့ကြသည်မှာ ထင်ရှားပါသည်။


ယွဲ့ရှင်းဝမ် စကားပြောခါနီးတွင် စူးရှသောအလင်းရောင်က သူ့ရှေ့တွင် ရုတ်တရက် လင်းလက်လာသည်။ လူတိုင်း မျက်လုံးမှိတ်ထားလိုက်ကြပြီး သူတို့မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သူတို့သည် ဗီလာ၏ထပ်ခိုးတွင် ရပ်နေကြသော်လည်း ပတ်ဝန်းကျင်က ညမှ နေ့သို့ ပြောင်းလဲသွားခဲ့သည်။


ကျောင်းသားများက လက်ထဲတွင် အရက်မီးခွက်များ ကိုင်ဆောင်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ညမှ နေ့သို့ အကူးအပြောင်းသည် လူများကို ခဏတာ လိုက်လျောညီထွေမဖြစ်စေဘဲ ရုတ်တရက် ဖြတ်ကျော်ခြင်းကဲ့သို့ပင်။


ခယ်ရှောင်ပင်းသည် မျက်လုံးများကို ပွတ်သပ်ကာ ထပ်ခိုးအစွန်းဘက်သို့ လျှောက်သွားပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ အောက်ထပ် ဥယျာဉ်တွင် နှင်းဆီနက်များ ပြည့်နေသော်လည်း သူတို့ တူးထားသော တွင်းမရှိသလို သဘာဝအတိုင်း တွင်းထဲတွင် အလောင်းသုံးလောင်း စုပုံထားခြင်းမရှိပေ။


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး တွေးဆလိုက်သည်။ "ဒီဗီလာက နေ့ခင်းဘက်ပုံစံအတိုင်းပဲ။ ငါတို့ အခြားနေရာကို ရောက်သွားတာလား။"


ယွဲ့ရှင်းဝမ်: "ညဘက်ဗီလာက ပန်းချီကားထဲက ပုံရိပ်ယောင်တစ်ခုလို ဖြစ်နိုင်တယ်၊ ညဘက်မှာ ငါတို့မြင်ရတဲ့ အရာအားလုံးဟာ လီယာရဲ့အသိစိတ်က ပုံဖော်ထားတဲ့ ကွင်းဆက်ပန်းချီကားအဖြစ် နားလည်နိုင်ပြီး လူသတ်မှုနဲ့ပတ်သတ်တဲ့ သဲလွန်စတွေ အများကြီးချန်ခဲ့တယ်။ ပန်းချီကားတွေထဲမှာပါတဲ့ ယန္တရားကို ငါတို့ သော့ဖွင့်ပြီးသွားပြီး နေ့ခင်းဘက်ကို ပို့လိုက်တယ်။ ပြီးတော့ ဗီလာနေ့ခင်းဘက်က ဗီလာရှိသင့်ရှိထိုက်တဲ့ပုံသဏ္ဌာန်ပဲ။"


လျှိုကျောက်ချင်းက ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ ""သွားစစ်ကြည့်မှ သိလိမ့်မယ်"


ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး အားလုံးကို အောက်ထပ်ဥယျာဉ်သို့ ပို့ဆောင်ရန် သြဒီနိတ်စနစ်ကို အသုံးပြုခဲ့သည်။ ကျန်းရှောင်နျန်သည် မြေတူးစက်ကို သတိရှိရှိဆင့်ခေါ်ကာ သူ့မှတ်ဉာဏ်ထဲတွင်ရှိသော တည်နေရာအတိုင်း ဥယျာဉ်ကို ထပ်မံတူးခဲ့သည်။ သို့သော် ဥယျာဉ်ထဲတွင် အလောင်းတစ်လောင်းသာရှိတော့သည်။


လူတိုင်း အံ့ဩသွားကြ၏။


ခယ်ရှောင်ပင်းက ခေါင်းကုတ်လိုက်သည်။ "ဘာလို့ အလောင်းတစ်လောင်းပဲ ရှိနေတာလဲ"


လျှိုကျောက်ချင်းသည် စစ်ဆေးရန် လမ်းလျှောက်လာရင်း ကောက်ချက်ချလိုက်သည်။ "အလောင်းရဲ့ အရိုးအသက်ကို ကြည့်ပြီး ဒါက လီယာပဲ။"


ခယ်ရှောင်ပင်းက ကြောင်သွားသည်။ "သူမမိဘတွေကကော။ ညဘက်ဗီလာမှာ အလောင်းသုံးလောင်းကို ရှင်းရှင်းလင်းလင်း တွဲမြုပ်ထားတာပါ။"


အခြားသူများလည်း နားမလည်ကြဘူး။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် ဗီလာဆီသို့ လှည့်သွားကြသည်။


ညဘက်ဗီလာနှင့် မတူဘဲ နေ့ခင်းဘက်ဗီလာတွင် ပန်းချီကားများ မရှိပါ။


ပထမထပ်ရှိ ခန်းမတွင် စကျင်ကျောက် နောက်ခံနံရံရှိပြီး စိတ်ကူးယဉ်ပန်းချီကားလေးချပ် မရှိပါ။ နာနီအခန်းရှိ ဗီရိုနှင့် အိပ်ရာဘေးစားပွဲသည် လွတ်နေပြီး မီးဖိုချောင်သည် အချိန်အတော်ကြာအောင် အသုံးမပြုထားပုံရသည်။


ဒုတိယထပ်အဝင်ဝတွင် ကံကောင်းခြင်းသင်္ကေတကိုပြထားသော ကြေးနီသမင်တစ်စုံရှိပြီး "မိုနာလီဆာ" မရှိပါ။


ပန်းချီဆွဲခန်းနှင့် စာကြည့်ခန်းနှစ်ဖက်စလုံးတွင် "နောက်ဆုံးညစာစားပွဲ" နှင့် "ကြယ်ရောင်လင်းလက်သောည" ကဲ့သို့သော ဆီဆေးပန်းချီကားများ မရှိပေ။ ဘယ်ဘက်ရှိ ပန်းချီဆွဲခန်းတွင် ကလေးပန်းချီဆွဲထားသော ပန်းများနှင့် အမှိုက်ပုံးထဲသို့ စွန့်ပစ်ထားသော ပန်းပုံကြမ်းများသာရှိသည်။ ညာဘက်က စာကြည့်ခန်းတွင် စာအုပ်တစ်အုပ်တောင်မရှိဘဲ ဗလာကျင်းနေသည်။


အပေါ်တက်သွားတော့ တတိယထပ်မှာရှိသည့် ညီအစ်မတွေပိုင်သောအခန်းက လွတ်နေသည်။ စတုတ္ထထပ်ရှိ ဇနီးမောင်နှံနှစ်ဦး၏ နေအိမ်တွင် အဝတ်အစားများနှင့် စာအုပ်တချို့ ကျန်ရှိနေပြီး ဖုန်မှုန့်များစွာ တက်နေသဖြင့် မသန့်ရှင်းသည်မှာ ကြာမြင့်နေပြီဖြစ်သည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါက အခင်းဖြစ်ပွားပြီးတဲ့ နောက်ပိုင်း ဗီလာရဲ့ အမှန်ကန်ဆုံး အသွင်အပြင်ပဲ။"


လင်မယားနှစ်ယောက်က လီအာကို မွေးစားပြီးနောက် ထူးဆန်းသော ပန်းချီကားများစွာကို ကူးယူပြီး အိမ်တွင် ဆွဲထားရန် မဖြစ်နိုင်သည်မှာ မှန်ပါသည်။ ညဘက် အိမ်ကြီးထဲမှာ သူတို့မြင်ခဲ့ကြားခဲ့ရတာတွေ အားလုံးက ပုံရိပ်ယောင်ဖြစ်သည်။ တကယ့်ဗီလာမှာ ပန်းချီကားတွေ မရှိဘူး။


ယွဲ့ရှင်းဝမ်သည် ပတ်ဝန်းကျင်ကို တွေးတွေးဆဆကြည့်ရင်း ပြောလိုက်သည်။ "သဲလွန်စအားလုံးကို စုဆောင်းပြီးပြီလား။"


ခယ်ရှောင်ပင်းက ပြောလိုက်သည်။ "ညဘက် ဆီဆေးပန်းချီတွေရဲ့ ယန္တရားအားလုံးကို ဖွင့်ထားပြီး၊ ညီအစ်မအိပ်ခန်းတွေ၊ မိဘတွေနဲ့ လီယာတို့ရဲ့ အခန်းအားလုံးကိုလည်း ပိုက်စိတ်တိုက်ရှာဖွေထားတယ်၊ ဒီတော့ ငါတို့ အားလုံးကို ရှာပြီးပြီမလား။"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။ "အဲဒါကအကုန်မဟုတ်ဘူး။"


ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်ပြီး နားလည်စွာ ပြောခဲ့သည်။ "ကြောင်လား။"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။ "အင်း၊ လီယာက ကြောင်ဖြူတစ်ကောင်ကိုင် ပွေ့ထားပြီး ဗီလာအနီးမှာ ကြောင်ရဲ့အရိုးကို ရှာမတွေ့သေးဘူး။ ဒီတော့ ကြောင်က အသက်ရှင်နေသေးရင် အမှန်တရားကို ဖော်ထုတ်နိုင်မှာပါ။"


ကြောင်ဘယ်မှာလဲ။


အားလုံးက မျက်လုံးဖွင့်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်ကာ ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာ ပြောလိုက်သည်။ "ခယ်ရှောင်ပင်းက ရေဒါဖွင့်ပြီး ရှာလိုက်ပါ။"


ခယ်ရှောင်ပင်းသည် ရှောင်ထူကို အမြန်ဆင့်ခေါ်ကာ ရေဒါထောက်လှမ်းခြင်းကို ဖွင့်လိုက်သည်။


ရှောင်ထူ၏ ရေဒါထောက်လှမ်းခြင်း အကွာအဝေးသည် အလွန်ကျယ်ပြန့်သည်။ ဗီလာနှင့် ဥယျာဉ်တစ်ခုလုံးကို ထောက်လှမ်းရန် ရှောင်ထူကို သူ တောင်းဆိုခဲ့သည်။ ရုတ်တရက် ရှောင်ထူ၏ဖန်သားပြင်ပေါ်တွင် အစိမ်းရောင်အစက်များပေါ်လာသည်။ အရွယ်အစားကို ကြည့်ပြီး ကြောင်တစ်ကောင် ဖြစ်နေခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ရှောင်ထူက အမှတ်အသားပြုထားသည့် အနေအထားသို့ လျင်မြန်စွာ လျှောက်သွားကာ ပန်းခင်းကြီးတစ်ခုကို ဖွင့်ကြည့်လိုက်ရာ နှင်းဆီနှက်ဥယျာဉ်၏ ထောင့်တွင် သနားစရာကောင်းလောက်အောင် ပိန်လီညစ်ပတ်သောကြောင်တစ်ကောင် ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်းသည် အစာမစားရတာ ကြာလှပြီဖြစ်ပြီး အလွန်အားနည်းနေသည်။


ယွဲ့ရှင်းဝမ်က ကိုင်းညွတ်ကာ ညင်သာစွာ ကောက်ကိုင်လိုက်ပြီး ကျန်းဖျင်စစ်သည် ကြောင်လေး၏ ဦးခေါင်းကို မြှောက်လိုက်ပြီး ကြောင်လည်ပင်းမှာ ၎င်း၏ နာမည်တံဆိပ်အပြင် ပိုင်ရှင်ဝှက်ထားသော အသံဖမ်းကိရိယာကို အတိအကျ တွေ့ရှိခဲ့သည်။


ကျန်းဖျင်စစ်သည် နာမည်တံဆိပ်ကို ဂရုတစိုက်ဖြုတ်ကာ ခယ်ရှောင်ပင်းအား ပေးအပ်ခဲ့သည်။


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာသည်။ "နောက်တော့ လီယာက အသံဖမ်းကိရိယာကို ကင်မရာအဖြစ် အစားထိုးပြီး ပြောင်းလိုက်တယ်။ ဖြစ်နိုင်ရင် ကင်မရာက အဖြစ်အပျက်ကို မှတ်တမ်းတင်ထားလောက်တယ်။ ကြည့်ရအောင်။" သူသည် ကင်မရာထဲက မန်မိုရီကတ်ကို ထုတ်ပြီး သူ၏လက်ပ်တော့နဲ့ ချိတ်ဆက်လိုက်သည်။ ၎င်းက လျင်မြန်စွာ စတင်ခဲ့သည်။


ဖန်သားပြင်သည် တုန်လှုပ်သွားပြီး လူများကို မူးဝေစေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ပြေးနေသော ကြောင်ကလေး ဖြစ်နိုင်သည်။ ထို့နောက် ဖန်သားပြင်ထဲတွင် အမျိုးသမီးငယ်တစ်ဦး၏ မျက်နှာက ပေါ်လာသည်။ "ကြည့်စမ်း၊ ဒီထောင့်ကနေ နင်မှတ်တမ်းတင်နိုင်လား။ ကလေး ကောင်းကောင်းနေ မလှုပ်နဲ့။"


ရုပ်ပုံသည် တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း ကြောင်လည်ပင်းရှိ ကင်မရာသည် ဒေါင်လိုက် မှတ်တမ်းတင်ထားပြီး မှတ်တမ်းတင်ထားသော ပုံကို ကြည့်ရှုရန် 90 ဒီဂရီ လှည့်ရမည်ဖြစ်သည်။


လူတိုင်း ခေါင်းစောင်းပြီး သူတို့လည်ပင်းတွေ ကျိုးတော့မည်။ လျှိုကျောက်ချင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "ရှောင်ခယ်၊ မင်းရဲ့လက်ပ်တော့က 90 ဒီဂရီလှည့်လို့ရလား။ လူ 13 ယောက်လုံးက တစ္ဆေဝင်ပူးနေသလို ဗီဒီယိုကြည့်ဖို့ ခေါင်းစောင်းနေရတယ်။"


ခယ်ရှောင်ပင်း၏ နားရွက်တွေ နီရဲလာပြီး ပြောသည်။ "အရမ်းစိတ်လှုပ်ရှားသွားလို့ ကျွန်တော်မေ့သွားတယ်။"


သူသည် လက်ပ်တော့ဖန်သားပြင်ကို လှည့်လိုက်တော့ အခုပုံက တည့်တည့်ကြီး ဖြစ်သွားပြီး လူတိုင်း၏ ခေါင်းတွေက တည့်တည့်ကို ပြန်ရောက်သွားသည်။


အစပိုင်းတွင် ဗီဒီယိုသည် ဗီလာရှိ မိဘများနှင့်အတူ လီယာ၏နေ့စဉ်ဘဝအကြောင်းဖြစ်သည်။ တစ်နေ့တွင် လီယာသည် အပြင်ထွက်ပြီး မိဘများနှင့်အတူ အိမ်တွင်ထားခဲ့ကာ ကြောင်ကလေးကိုထားခဲ့လိုက်သည်။


အဘွားကြီးသည် ဧည့်ခန်းထဲတွင် တီဗီကြည့်နေသော်လည်း ရွှဲနစ်နေသော သမီးငယ်လေး အဲလစ်သည် မမျှော်လင့်ဘဲ အိမ်ထဲသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။


မစ္စရိုလန်သည် မသိစိတ်ဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။ "အဲလစ်၊ နင် ဘာဖြစ်လာတာလဲ။"


အဲလစ်၏ မျက်လုံးများသည် နီရဲနေပြီး သူမသည် ရေထဲမှ ငါးဖမ်းနေသည့် သရဲတစ္ဆေတစ်ကောင်လို ဖြစ်နေသည်။ သူမ၏ ဆံပင်နှစ်ဖက်လုံးမှာ ပြုတ်ကျနေပြီး သူမ၏ မျက်လုံးများက သူမအမေကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ "အဲဒါက ကျွန်မကို လူရှုပ်လူပွေဂျက်နဲ့ လက်ထပ်ခိုင်းတဲ့ ရှင့်အပြစ်တွေချည်းပဲ။ သူက ကျွန်မကို တကယ်ရိုက်နှက်ပြီး ထွက်သွားဖို့ပြောတယ်၊ ကြည့်လိုက်ဦး၊ ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာကို၊ ဒီဒဏ်ရာတွေအားလုံးက သူ့ဆီကရတာပဲ၊ ကျွန်မတကယ် အသက်မရှင်နိုင်တော့ဘူး…"


မစ္စရိုလန်သည် သူ့သမီးကို ကြောင်အစွာစိုက်ကြည့်နေပြီး အဲလစ်သည် အိမ်ထဲတွင် ရူးသွပ်စွာလှည့်ပတ်သွားနေကာ လမ်းလျှောက်ရင်း သူမကိုယ်သူမ ရေရွတ်နေသည်။ "ကျွန်မ ငယ်ငယ်လေးကတည်းက အကောင်းဆုံးလူဖြစ်ခဲ့တယ်။ ကျောင်းတစ်ကျောင်းလုံးမှာ ကျွန်မက အလှဆုံးပဲ၊ ပြီးတော့ ကျွန်မမိသားစုကလည်း ပိုက်ဆံရှိတယ်။ ကျွန်မကိုလိုက်နေတဲ့ယောင်္ကျားတွေဆို တန်းစီရလောက်တဲ့အထိရှိတယ်… ကျွန်မက ဘယ်တော့မှ အရှုံးသမားဖြစ်မှာ မဟုတ်ဘူး၊ လုံးဝပဲ။"


သူမသမီး၏ လက်ထဲက ကြိုးသည် သူမကို လည်ပင်းညှစ်ဖို့ လက်နက်ဖြစ်လိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။


သူမလည်ပင်းကို ညှစ်လိုက်သည့်အခိုက်တွင် မစ္စရိုလန်၏ မျက်လုံးများက ကျွတ်ထွက်လုနီးပါး ဖြစ်နေသည်။ ဓာတုကုထုံးကြောင့် အားနည်းသော မစ္စတာရိုလန်သည် အပေါ်ထပ်မှ ဆင်းလာကာ သူ၏ဇနီးသည်ကို သူ၏သမီးငယ်က လည်ပင်းညှစ်ပြီး ရုန်းကန်နေရတာကို တွေ့လိုက်ရသည်။ ဒေါသကြောင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ဧည့်ခန်းထဲသို့ လှေကားကနေ လိမ့်ကျကာ သွားရာလမ်းတွင် သွေးများကျန်ခဲ့သည်။ မင်းဘာလုပ်နေတာလဲ။ မင်းအမေကို လွတ်လိုက်စမ်း။"


အဲလစ်သည် သူမအမေကို အသက်ရှူကျပ်ကာ မသေမချင်း လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားပြီး အဘိုးကြီးဆီသို့ တစ်လှမ်းချင်း သူမ လျှောက်သွားခဲ့သည်။ "အဖေ၊ ကျွန်မက ဘာလို့ ရှင်တို့ရဲ့သမီးအရင်းမဟုတ်ရတာလဲ။ ကျွန်မလည်း ရှင်တို့ရဲ့သမီးအရင်း ဖြစ်ချင်တာပဲ၊ ရှင့်ကို ရိုးတွင်းခြင်ဆီလည်း ကျွန်မ လှူပေးချင်ပါတယ်၊ ဝမ်းနည်းစရာပဲ…"


အဘိုးကြီးက သူမကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။ "မင်း-မင်းက မင်းအမေကို သတ်ရဲတယ်၊ မင်းက လူမဟုတ်တော့ဘူး။"


အဲလစ်က စိတ်ပျက်ပြားပြီး ပြောခဲ့သည်။ "ရှင်တို့ကမှ ကျွန်မကို အရင်ဆုံးငြင်ခဲ့တဲ့သူတွေပါ။ ပိုင်ဆိုင်မှုတွေ ခွဲဝေပေးတဲ့အထဲမှာ ကျွန်မတောင်မပါဘဲ ရက်စက်တာအတွက် ကျွန်မကို အပြစ်မတင်နဲ့။ ကျွန်မက ခင်ပွန်းကို ဆုံးရှုံးတော့မယ်၊ ကျွန်မမှာ ပိုက်ဆံလည်း မရှိတော့ အသက်မရှင်နိုင်တော့ဘူး…" ထို့နောက် သူမက အဘိုးကြီး၏အနောက်ကို အမြန်လျှောက်လာပြီး လည်ပင်းကို ကြိုးနဲ့ချည်လိုက်သည်။


အဲလစ်၏ ရူးသွပ်သောရယ်မောသံက အိမ်ကြီးထဲမှာ ပဲ့တင်ထပ်သွားသည်။ သူမသည် လင်မယားနှစ်ယောက်ကို ဥယျာဉ်ထဲသို့ ဆွဲထုတ်ကာ မြုပ်နှံရန် တွင်းတစ်ခုတူးသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် မျက်နှာသည် ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး နတ်ဆိုးကဲ့သို့ စက်ဆုပ်စရာကောင်းသည်။ အလောင်းကို စွန့်ပစ်ပြီးနောက် အခန်းထဲပြန်ဝင်ကာ ရေချိုးပြီး လှပသော ဝတ်စုံကို ဝတ်ကာ နူးညံ့သိမ်မွေ့သော မိတ်ကပ်လိမ်းခြယ်သည်။


ကြောင်လေးက ထောင့်မှာ‌ကပ်နေပြီး အသံမထွက်နိုင်အောင် ထိတ်လန့်သွားသည်။


အဲလစ်သည် ဒါတွေအားလုံးလုပ်ပြီးနောက် သူမက အဝတ်စုတ်တစ်ထည်ကိုယူကာ ဗီလာမှာရှိသော နေရာအားလုံးကို သုတ်ပေးခဲ့ပေမဲ့ အလင်းရောင်မှိန်မှိန်အောက်တွင် ကော်ဇောပေါ်က သွေးတွေကို သူမမတွေ့ခဲ့ရဘူး။


အခင်းဖြစ်ပွားရာနေရာအား သန့်ရှင်းရေးလုပ်ပြီးနောက် သူမသည် အပေါ်ထပ်သို့ အမြန်ပြေးကာ "သေတမ်းစာ"အမွေခံစာရွက်စာတမ်းဖြင့် ပြေးဆင်းပြီး မိုးရွာသောညတွင် ပျောက်ကွယ်သွားခဲ့သည်။


မျက်နှာပြင်က တဖန်တုန်ခါလာသည်။ ကြောင်ကလေးက လှည့်ပတ်ပြေးနေပုံရသည်။


အချိန်အတော်ကြာပြီးနောက် ဗီလာအပြင်ဘက်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကြောင်ကလေးသည် ရင်းနှီးသောရနံ့ကို အနံ့ခံနေပုံရပြီး ပိုင်ရှင်ကိုတွေ့ရန် ချက်ချင်းပြေးထွက်လာခဲ့သည်။ လီယာကို ပြန်လာ၍ သူမမိဘများ မရှိတာကို တွေ့လိုက်ရသည်။ ဗီဒီယိုကို သံသယစိတ်နဲ့ ဖွင့်ကြည့်လိုက်တော့ သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။


ချက်ချင်းဆိုသလိုပဲ သူမက ရဲကိုဖုန်းဆက်ဖို့ ရွေးချယ်ခဲ့သည်။


ရဲများသည် ဗီလာသို့ အလျင်အမြန်ရောက်ရှိလာပြီး လင်မယားနှစ်ယောက်၏ အလောင်းများကို တူးဖော်ကာ လူသတ်သမား အဲလစ်ကို ဖမ်းဆီးခဲ့သည်။ ဒါကလည်း ဗီလာဥယျာဉ်ထဲမှာ ဇနီးမောင်နှံအလောင်းတွေ မရှိရသော အကြောင်းရင်းလည်း ဖြစ်ပါသည်။


ဗီဒီယိုက ခိုင်လုံသော သက်သေဖြစ်သည်။ အဲလစ်မှာ ငြင်းခုံရန် နည်းလမ်းမရှိပေ။ ထောင်ထဲတွင် အဖမ်းခံရချိန်မှာတော့ အရူးတစ်ယောက်လို စိတ်အခြေအနေဖြစ်နေခဲ့သည်။ ရိုလန်တို့ဇနီးမောင်နှံ၏ သေတမ်းစာကို ရဲများက တွေ့ရှိခဲ့ပြီး အမွေကို သမီးနှစ်ယောက်ဖြစ်သည့် ဒေစီနှင့် လီယာတို့အား အညီအမျှ ခွဲဝေပေးခဲ့သည်။


လီယာသည် ပိုက်ဆံအမြောက်အမြားဖြင့် ဗီလာကို ထားခဲ့ကာ ချိတ်ပိတ်ပြီး ထိုနေရာတွင် ဘယ်သူမှမနေတော့ပေ။


သူမသည် ကြောင်လေးကို ပွေ့ထားဆဲဖြစ်ပြီး ကြောင်နှင့်အတူ အတော်လေး ပင်ပန်းနွမ်းနယ်သော ဘဝကို နေထိုင်ခဲ့သည်။


တစ်နှစ်အကြာတွင် သူမ၏မိဘများသေဆုံးသည့်နေ့မှာ သူမသည် ဂါရဝပြုရန် ဗီလာသို့ပြန်လာခဲ့သော်လည်း မမျှော်လင့်ဘဲ ရုတ်စ်နှင့် တွေ့ဆုံခဲ့သည်။


ရုတ်စ်က ရွှင်ပျစွာပြုံးပြီး ပြောခဲ့သည်။ "ကလေးနေမကောင်းဖြစ်ပြီး ဒေစီက ကလေးနဲ့အတူ ဆေးရုံမှာ အဖော်ပြုပေးနေတယ်။ မိဘတွေကို ဂါရဝပြုဖို့ သူမက ငါ့ကိုတောင်းဆိုခဲ့တာ။"


လီယာသည် မျက်မှောင်ကြုတ်ပြီး သူမမိဘများ၏ သင်္ချိုင်းရှေ့မှာ စကားအများကြီး မပြောခဲ့ဘူး။


သူမသည် မိဘများကို ပန်းတွေချပေးပြီး လှည့်ထွက်သွားခဲ့သည်။ ရုတ်စ်က သူမနှင့်အတူ ဘေးချင်းကပ်လျက် လမ်းလျှောက်လာရင်း ဗီလာရှေ့က ဥယျာဉ်ကို ရောက်သောအခါမှာတော့ သူက ရုတ်တရက် ပြောလိုက်သည်။ "လီယာ တကယ်တော့လေ ငါမင်းကို အရမ်းသဘောကျခဲ့တာ၊ မင်းက ငါ့နှလုံးသားထဲမှာ အမြဲတမ်း အချစ်ရဆုံးသူပဲ။ မင်းက နေကြာပန်းတွေကြိုက်မှန်း ငါသိလို့ ငါ့ကလေးကို ဒီနေကြာပန်းတွေ စိုက်ခွင့်ပေးပြီး သူ့အတွက် အစေ့တွေ ဝယ်ပေးခဲ့တာ။"


လီယာက သရော်ပြီး ပြောလိုက်သည်။ "ငါ့ကို ရွံစရာကောင်းလာမလုပ်နဲ့၊ 'အချစ်'ဆိုတဲ့ စကားလုံး မစော်ကားနဲ့။ ငါသိသလောက်ကတော့ နင်နဲ့ အစ်မဒေစီက လက်ထပ်ပြီးတာတောင် နင်က သူမအပေါ် ဖောက်ပြန်နေသေးတာပဲ၊ ချစ်သူတွေပြောင်းနေတာက နင့်အဝတ်အစားလဲတာထက်တောင် ပိုများသေးတယ်မဟုတ်ဘူးလား။"


ရုတ်စ်၏မျက်နှာသည် ရုတ်တရက် ပုံပျက်ပန်းပျက်ဖြစ်သွားသည်။ "မင်းမသိပါဘူး၊ အဲဒီလူတွေရဲ့ခန္ဓာကိုယ်မှာ မင်းရဲ့အရိပ်တွေရှိတယ်။ သူတို့က မင်းအတွက် အစားထိုးခံကလွဲလို့ ဘာမှမပိုဘူး။ ငါ့နှလုံးသားထဲမှာ ငါလိုချင်တာက မင်းပဲ။ နေကြာပန်းတွေကို ငါမြင်လိုက်တိုင်း ငယ်ငယ်တုန်းက မင်း ကျောက်သင်ပုန်းရှေ့မှာ နေကြာပန်းတွေဆွဲနေတာကို ငါမြင်ယောင်မိတယ်…"


လီယာသည် တစ်ခုခုမှားနေပြီဟု ခံစားမိကာ အမြန်လှည့်ထွက်ပြီး ထွက်ပြေးချင်သော်လည်း ရုတ်စ်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။


ကြောင်ကလေး ရိုက်ကူးထားသည့် ဗီဒီယိုက ပြင်းထန်စွာ လှုပ်ခါစပြုလာသော်လည်း ပန်းချီကားထဲမှ အသံသည် ရှင်းလင်းနေသည်။ လီယာ ပြုတ်ကျသည့်အသံအပြင် အော်သံနှင့် အကူအညီတောင်းသံများ၊ သူမ၏ လည်ပင်းကို ညှစ်လိုက်တာကြောင့် အသံက လျင်မြန်စွာ ပြာလာခဲ့သည်။


ခဏအကြာတွင် လီယာ၏အော်ဟစ်အကူအညီတောင်းသံက ပျောက်သွားသည်။ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခုဖြင့် ရုတ်စ်သည် သူမ၏အလောင်းကို ဥယျာဉ်ထဲသို့ဆွဲယူကာ မြေ၌မြုပ်နှံထားသည်။ သူသည် ဥယျာဉ်ထဲက နေကြာပန်းတွေကိုလည်း ဖယ်ထုတ်ပြီး နှင်းဆီမျိုးစေ့တွေကို ဖြန်းပေးခဲ့သည်။


သူသည် ဥယျာဉ်ဘေးတွင် ရပ်နေပြီး ညင်သာသောအသံဖြင့် ပြောခဲ့သည်။ "တစ်နေ့ ‌မင်းသေရင် မင်ငါ့ကို ဘယ်တော့မှ ထားမသွားနိုင်အောင် အလှပဆုံးဥယျာဉ်ထဲမှာ မြုပ်ထားမယ်လို့ ငါတွေးနေတာကြာပြီ။ မင်းက နေကြာပန်းတွေကို ကြိုက်ပေမဲ့ ဝမ်းနည်းစရာကတော့ ငါက ဒီနှင်းဆီနက်ကို ပိုကြိုက်တယ်၊ နောင်အခါ နှင်းဆီနက်ကို ငါ့နေရာမှာ အစားထိုးခိုင်းပြီး မင်းကို တစ်ချိန်လုံး အဖော်ပြုပေးမယ်။"


ခပ်ဝေးဝေးတွင် ဦးထုပ်ဆောင်းထားသော အမျိုးသမီးတစ်ဦးသည် ထိတ်လန့်စွာ ပါးစပ်ကိုအုပ်ကာ သစ်ပင်အောက်တွင် ရပ်နေ၏။


— ဒေစီက သူမမိဘတွေကို အလျင်စလို လာရောက်ဂါရဝပြုခြင်းဖြစ်သည်။


ဗီဒီယိုထဲက ပုံရိပ်သည် ဒီအချိန်မှာ ရုတ်ခြည်းအဆုံးသတ်သွားပြီး 'အဆုံးသတ်'ကို အမှတ်အသားပြုထားသည့် ရုပ်ရှင်က အဆုံးကိုရောက်သွားသလိုပါပဲ။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အလွန်စိတ်ရှုပ်ထွေးသွားသည်။


ခယ်ရှောင်ပင်း: "အဲဒီလူတွေအကုန်လုံးက စိတ်ဖောက်နေတဲ့သူတွေပဲ။ ဒေစီက သနားစရာအကောင်းဆုံးပဲမလား။"


ရှင်းယန်က တည်ငြိမ်စွာ ဆိုသည်။ "ဒေစီက ရုတ်စ်ကို မချစ်ဘူး၊ သူတို့နှစ်ယောက်က အမည်ခံလက်ထပ်ထားတဲ့ လင်မယားပဲ နှလုံးသားကတော့ မပေါင်းဖက်ဘူး။ သူမက ဒီမြင်ကွင်းကို သက်သေခံပြီး ရဲကို ဖုန်းဆက်ဖို့ ဆုံးဖြတ်သရွေ့ ရုတ်စ်က ထောင်ဒဏ်ကျခံရလိမ့်မယ်။ လီယာက သူမရဲ့တစ်ယောက်တည်းသောဆွေမျိုးဖြစ်ပြီး ရုတ်စ်က သူမရဲ့တရားဝင်ခင်ပွန်းဖြစ်တယ်။ သူတို့အမည်နဲ့ ပိုင်ဆိုင်မှုတွေကို သူမက အမွေဆက်ခံနိုင်တယ်။"


လျှိုကျောက်ချင်းက သူ့မေးစေ့ကိုထိကာ ပြောလိုက်သည်။ "ဒါဆို ဒေစီတို့သားအမိက ဆန့်ကျင်ဘက်အနေနဲ့ အဆုံးစွန်အောင်နိုင်သူတွေလား။"


လီယာသည် သူမ၏မွေးစားမိဘများကို သတ်ပစ်ပြီး သူမ၏မိဘအရင်းများနှင့်အတူ ပိုင်ဆိုင်မှုများစွာကို အမွေဆက်ခံခဲ့သည်။ အဲလစ်သည် သူမ၏မွေးစားမိဘများကို သတ်ပစ်ခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ပျက်ပြားပြီး အရူးအဖြစ်သို့ ရောက်သွားခဲ့သည်။ ရုတ်စ်သည် လီယာကိုသတ်ပြီး ဒီလိုယုတ်မာသောနည်းနဲ့ တစ်ဖက်လူကို အကျဉ်းချထားချင်ခဲ့သည်။ သို့သော် မျက်မြင်သက်သေက သူ့ဇနီးဖြစ်ခဲ့သည်…


ဘယ်သူရှုံးပြီး ဘယ်သူအနိုင်ရသလဲ။


အကျိုးအမြတ်ရဖို့ လောဘကြီးသူတွေဟာ တစ်နေ့မှာ အကျိုးအမြတ်ကြောင့် တိုက်ခိုက်ခံရလိမ့်မည်။


#TK