Volume 10 : အနုပညာဌာန
Chapter 207 (ပန်းချီထဲကပုံရိပ်ယောင် ၁၀)
လီယိုနာဒိုဒါဗင်ချီ၏ "နောက်ဆုံးညစာစားပွဲ" ပန်းချီကားသည် သမ္မာကျမ်းစာထဲတွင် ဇာတ်လမ်းကိုပြောပြထားသည်။ ဂျီးဆက်က သူ၏တမန်တော်ဆယ့်နှစ်ပါးနှင့်အတူ ညစာစားနေချိန်မှာ "တစ်ယောက်ယောက်က ငါ့ကို သစ္စာဖောက်လိမ့်မယ်"လို့ ပြောခဲ့သည်။ ဒီစကားကို ကြားပြီးသည့်နောက် တမန်တော်ဆယ့်နှစ်ပါးက ကွဲပြားသောအမူအရာများဖြင့် သူတို့အားလုံးသည် သစ္စာဖောက်က မည်သူဖြစ်သည်ကို ဆွေးနွေးရန် စုရုံးကြသော်လည်း သစ္စာဖောက်အစစ် ဂျူးဒက်သည် ထိုအချိန်မှာ သူ၏အပြစ်ရှိကြောင်းကို ပြသသည့် သူ၏အထိတ်တလန့်ကြောင့် စားပွဲပေါ်မှ ပုလင်းကို တိုက်ချလိုက်သည်။
ဒီအချိန်တွင် မင်္ဂလာပွဲအပြီး ညစာစားပွဲရှည်ကြီးတွင် လူဆယ့်သုံးဦး တိတိ ရှိနေသည်။
ပန်းချီကားထဲက ထိုင်ခုံနဲ့ ဆင်တူသော ထိုင်ခုံသည် ယွဲ့ရှင်းဝမ်ကို "သစ္စာဖောက်" လို့ သဘာဝကျကျ ထင်မြင်စေခဲ့သည်။ သူက ရွှီဖေးရွှယ်ကိုကြည့်ပြီး မေးလိုက်သည်။ "“နောက်ဆုံးညစာစားပွဲ”ပန်းချီကားမှာ အားလုံးရဲ့အစဉ်လိုက်နေရာတွေကို မှတ်မိသေးလား။"
ရွှီဖေးရွှယ်က ခေါင်းငြိမ့်လိုက်သည်။ "မှတ်မိတယ်။ ဂျီးဆက်က အလယ်မှာထိုင်တာ၊ ဘယ်ညာမှာ တမန်တော်ခြောက်ပါးဆီက ထိုင်ပြီး ဘယ်ဘက်ကနေ လေးနေရာမြောက်၊ ဂျီးဆက်ရဲ့ ညာဘက်ကနေ နှစ်ခုံအကွာမှာထိုင်နေသူက သစ္စာဖောက်ဂျူးဒက်ပဲ။"
သူမ၏စကားများကို နားထောင်ပြီး ယွဲ့ရှင်းဝမ်သည် ခေါင်းလှည့်ကာ စားပွဲရှည်ကြီးကို ကြည့်လိုက်ပြီး ဘောပင်နှင့် စာရွက်ကို အမြန်ထုတ်ကာ စားပွဲတစ်ခုလုံး၏ ထိုင်ခုံအစီအစဥ်ကို ချရေးလိုက်သည်။
ရွှီယိရှန်းက စားပွဲရှည်ကြီးကို ကြည့်လိုက်ပြီး ပြောသည်။ "အနောက်တိုင်းအစားအစာတွေရဲ့ ကျင့်ဝတ်က ညာဘက်မှာ လူကြီးတွေနဲ့ အမျိုးသမီးဦးစားပေးပဲ။ ညာဘက်အစွန်းမှာ ထိုင်နေတဲ့ အမျိုးသမီးက သတို့သားရဲ့မိခင် မစ္စဘရောင်းပဲ ဖြစ်ရမယ်၊ သူမဘေးမှာ မစ္စတာဘရောင်း၊ ပြီးတော့ သတို့သမီးရဲ့မိဘတွေ။ ဆက်ပြီးတော့ သတို့သမီးအဲလစ်နဲ့ သတို့သားဂျက်ပဲ။ နောက်ထပ်က ဒေစီရဲ့ခင်ပွန်း ရုတ်စ်၊ သားဖြစ်သူ ဒင်း၊ ဒေစီ၊ လီယာ၊ လီယာနံဘေးမှာ ယောင်္ကျားသုံးယောက် ထိုင်နေပြီး ဝမ်းကွဲတွေ၊ ဆွေမျိုးတွေ ဖြစ်လောက်တယ်။"
ယွဲ့ရှင်းဝမ်သည် စီနီယာအစ်ကိုရွှီ၏ အမြင်အာရုံအရ စာရွက်ပေါ်တွင် အမည်များကို ရေးခဲ့သည်။ ထိုင်ခုံမြေပုံကိုရေးပြီးသောအခါ သူက ဘယ်မှညာသို့ကြည့်ကာ ပြောလိုက်သည်။ "ဘယ်ဘက်က လေးနေရာမြောက်မှာ လီယာထိုင်နေပြီး "နောက်ဆုံးညစာစားပွဲ"မှာ သစ္စာဖောက်ဂျူးဒက်ရဲ့ ခုံထိုင်အစဉ်နဲ့ အတူတူပဲ။"
ရွှီဖေးရွှယ်က သံသယဖြစ်စွာ ပြောလိုက်သည်။ "သူမနဲ့ နှစ်ခုံကွာနေတဲ့သူက ဒေစီနဲ့ခင်ပွန်း ရုတ်စ်လား။ ပန်းချီကားထဲမှာ အလယ်ထိုင်ခုံက ဂျီးဆက်ဖြစ်သင့်တာ။"
ဒါကိုကြားတော့ ကျောင်းသားများ အချင်းချင်း ကြည့်လိုက်ကြသည်။
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ပြီး "ငါတို့ရဲ့ကျိုးကြောင်းဆင်ခြင်ခြင်းက ထိုင်ခုံအစဉ်နဲ့ မကိုက်ညီဘူးမလား။ "နောက်ဆုံးညစာစားပွဲ"ပန်းချီကားမှာ ဂျူးဒက်က ဂျီးဆက်ကို သစ္စာဖောက်ခဲ့ပြီး ဒီနေ့ရဲ့ နေရာထိုင်ခင်းအရ လီယာက ရုတ်စ်ကို သစ္စာဖောက်ခဲ့တာလား။"
ကျန်းဖျင်စစ်သည် စားပွဲရှည်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "ပန်းချီကားရဲ့ ထိုင်ခုံအစဉ်က ဒီနေ့ရဲ့ ထိုင်ခုံအစဉ်နဲ့ အတိအကျတူဖို့ မလိုအပ်ဘူး။ "နောက်ဆုံးညစာစားပွဲ" ပန်းချီကားထဲက သစ္စာဖောက်ဟာ ဘယ်ဘက်ကနေ လေးနေရာမြောက်မှာ ထိုင်နေတယ်ဆိုတာ ငါတို့သိထားပြီးသားပဲ။ ဒီနေ့ရဲ့ သစ္စာဖောက်ကလည်း ဘယ်ဘက်ကနေ လေးနေရာမြောက်မှာ ထိုင်နေတယ်ဆိုရင် သံသယရှိသူကို တိုက်ရိုက်ပစ်မှတ်ထားဖို့ ငါတို့အတွက် ရိုးရှင်းလွန်းမနေဘူးလား။"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ "မှန်တယ်။ စာကြည့်တိုက်က လူသတ်သမားကို ထိုင်ခုံအစဉ်နဲ့ တိုက်ရိုက်ခွဲခြမ်းစိတ်ဖြာဖို့ ငါတို့ကို ခွင့်ပြုမှာမဟုတ်ပေမဲ့ လီယာရဲ့သံသယကို ဖျောက်ဖျက်လို့ မရဘူး။ သူမမျက်နှာမှာ အပြုံးမရှိဘဲ မင်္ဂလာဆောင်ကို လာခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ မိသားစုနှစ်ဖက်စလုံးက သူမအပေါ်ထားတဲ့ သဘောထားက အရမ်းဖော်ရွေနေတယ်။ ဘာကြောင့်လဲ။"
လျှိုကျောက်ချင်းက ခေါင်းကိုက်ကာ သူ့ခေါင်းနောက်ကို ကုတ်လိုက်သည်။ "အရင်မင်္ဂလာဆောင်မှာ အတင်းအဖျင်းပြောသံတွေကို ငါကြားခဲ့ရတယ်။ လီယာဟာ အရင်က ချမ်းသားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ သူမမိသားစုက ဒေဝါလီခံပြီး ရိုလန်မိသားစုက သူမကို မွေးစားခဲ့တယ်။ သူမဟာ မိဘတွေမရှိတော့တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဒီမိသားစုနှစ်စုက သူမကို အနိုင်မကျင့်ဘဲ သူတို့က သူမကို မင်္ဂလာဆောင်ကိုတောင် ဖိတ်လိုက်ပြီး ညစာစားဖို့ စားပွဲတစ်ခုတည်းမှာ ထိုင်ခိုင်းတယ်… ဒါက သူမအပေါ် ယဉ်ကျေးလွန်းမနေဘူးလား။"
ယွဲ့ရှင်းဝမ်: "အားလုံး ဧည့်သည်တွေရဲ့ ဆွေးနွေးတာကို လူခွဲပြီး နားထောင်ကြမယ်။ ငါတို့တွေ သဲလွန်စအသစ်တွေ ရှာတွေ့နိုင်တယ်။"
အဖွဲ့ဝင်များသည် ညစာစားပွဲခန်းမထဲတွင် လျင်မြန်စွာ လူစုကွဲသွားကြသည်။
ပန်းချီလောကတွင် သူတို့ရှာဖွေတွေ့ရှိမှာကို စိတ်ပူစရာမလိုဘဲ ဧည့်သည်များ၏ ပြောဆိုမှုများကို ပွင့်ပွင့်လင်းလင်း နားထောင်နိုင်သည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ပင်မစားပွဲ၌ ရပ်ကာ မိသားစု၏ လှုပ်ရှားမှုကို ဆက်လက်စောင့်ကြည့်ခဲ့သည်။
လူတစ်စုက ဂျက်နှင့် အဲလစ်ကို ပျော်ရွှင်စရာကောင်းသော မင်္ဂလာပွဲဖြစ်ပါစေလို့ ပထမဆုံး ဆုတောင်းခဲ့သည်။ ထို့နောက် ရုတ်စ်သည် လှပစွာထုပ်ပိုးထားသော သေတ္တာနှစ်လုံးကို ထုတ်ယူကာ အပြုံးဖြင့် ပြောလိုက်သည်။ "ဒါက မင်းတို့ရဲ့အစ်ကိုကြီးဆီက မင်္ဂလာလက်ဖွဲ့ပါ၊ မင်းတို့နှစ်ယောက်စလုံး ထာဝရချစ်နိုင်ကြဖို့ ဆုတောင်းပါတယ်။"
ဂျက်က အံ့အားသင့်သွားသည်။ "လက်ဖွဲ့လား။ အစ်ကိုက ယဉ်ကျေးလွန်းနေပြန်ပြီ။ အစ်ကို မင်္ဂလာဆောင်တုန်းက ကျွန်တော်တောင် အစ်ကို့ကို လက်ဖွဲ့မပေးခဲ့ဘူး။"
ရုတ်စ်က ညင်သာစွာ ဆိုသည်။ "ငါ မင်္ဂလာဆောင်တုန်းက မင်းက ကျောင်းတက်နေတုန်းလေ။ အစ်ကိုဖြစ်သူက ကိုယ့်ညီဖြစ်သူကို လက်ဖွဲ့ပေးတာ သင့်တော်ပါတယ်။" သူက သတို့သမီးကို သေတ္တာပေးလိုက်တော့ အဲလစ်က ချက်ချင်း လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ဘယ်ဘက်အစွန်ဆုံးမှာထိုင်နေသည့် နက်ပြာရောင်ဝတ်စုံပြည့်ကို ဝတ်ထားသော အမျိုးသားတစ်ဦးက အပြုံးနဲ့ပြောသည်။ "ညီအစ်မနှစ်ယောက်က ညီအစ်ကိုနှစ်ယောက်ကို လက်ထပ်လိုက်တာ ဘရောင်းမိသားစုနဲ့ ရိုလန်မိသားစုကြားက ဆက်ဆံရေးကို ပိုနီးစပ်စေတယ်။"
ဒါကိုကြာတော့ အမျိုးသမီးကြီးက ချက်ချင်း ပြုံးကာ တစ်ခစ်ခစ်ရယ်မောလိုက်သည်။ "ကျွန်မတို့မိသားစုမှာ ဒီအဖိုးတန်သမီးလေးနှစ်ယောက်ပဲ ရှိတယ်။ နောက်နောင်မှာ မင်းတို့ညီအစ်ကိုနှစ်ယောက်ကပဲ ဂရုစိုက်ပေးဖို့ ငါတို့တောင်းဆိုရတော့မယ်။"
ရုတ်စ်က ပြောသည်။ "အမေ၊ ဒေစီတို့သားအမိကို ကျွန်တော်ဂရုစိုက်ပါ့မယ်။"
ဂျက်ကလည်း ပြောလာသည်။ "အမေ၊ စိတ်မပူပါနဲ့ အဲလစ်ကို ကျွန်တော့်လက်ထဲအပ်လိုက်ပါ။"
စုံတွဲနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာကြည့်ကာ ပေါင်းသင်းဆက်ဆံရေးကောင်းပုံရသည်။
မစ္စဘရောင်းသည် သူမ၏ဖန်ခွက်ကို မြှောက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ကောင်စုတ်ကလေးနှစ်ယောက်က ဒီလိုလှပတဲ့ညီအစ်မနှစ်ယောက်တွေနဲ့ လက်ထပ်ရတာ ကောင်းချီးတစ်ခုပဲ။ ဂျက်နဲ့ အဲလစ်တို့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲဖြစ်ဖို့ ဆုတောင်းလိုက်ရအောင်။"
စားပွဲရှည်ကြီးမှာ လူတိုင်းက ဝိုင်နီကို အတူတူ ကိုင်မြှောက်ကြပြီး မိသားစုနှစ်စုက ပျော်နေပုံရသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ညီအစ်မတွေက ညီအစ်ကိုတွေနဲ့ လက်ထပ်ထိမ်းမြားကြတယ်။ မိသားစုနှစ်ခုကြားက ဆက်ဆံရေးက ထင်သလောက်မရိုးရှင်းဘူး။ ဒီလိုစကားစမြည်ပြောနေတာ အပေါ်ယံသက်သက်လိုပဲ။"
ယွဲ့ရှင်းဝမ်သည် ခေါင်းငြိမ့်လိုက်ပြီး စာရွက်ပေါ်တွင် ဆက်ဆံရေးကွန်ရက်တစ်ခုကို အမြန်ဆွဲလိုက်သည်။
ရိုလန်မိသားစုမှ အကြီးဆုံးသမီး ဒေစီနှင့် အငယ်ဆုံးသမီး အဲလစ်တို့သည် ဘရောင်းမိသားစုမှ အကြီးဆုံးသား ရုတ်စ်နှင့် ဒုတိယသား ဂျက်တို့နဲ့ လက်ထပ်ခဲ့ကြသည်။ ဒေစီတွင် ဒင်းဟုခေါ်သော သားတစ်ယောက်ရှိပြီး အဲလစ်နှင့် သူမ၏ခင်ပွန်းက ယခုမှ မင်္ဂလာဆောင်ပြီးသွားသည်။
သူတို့တည်ရှိသော ရဲတိုက်ဟောင်းက ဒေစီနေထိုင်သည့် ဗီလာဖြစ်ပြီး ဒေစီက သူမသားကို ဥယျာဉ်မှာ နေကြာပန်းစိုက်ဖို့ တစ်ချိန်က ခေါ်သွားခဲ့သည်။ ဥယျာဉ်တွင် တွေ့ရှိရသည့် အလောင်းသုံးလောင်းမှာ မစ္စရိုလန်၏ ပျော့ပျောင်းသော ကျောရိုးနှင့် လိုက်ဖက်သော သက်ကြီးရွယ်အို စုံတွဲတစ်တွဲနှင့် အမျိုးသမီးငယ်တစ်ဦးတို့ ဖြစ်သည်။ သေဆုံးသွားသော သက်ကြီးရွယ်အိုနှစ်ဦးသည် ဒေစီနှင့် အဲလစ်တို့၏ မိဘများဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။
အခြားအမျိုးသမီးငယ်ရဲ့အလောင်းက... ဒေစီလား၊ အဲလစ်လား။
ဤအခိုက်အတန့်တွင် ဘယ်ဘက်မှ လေးနေရာမြောက်မှာထိုင်နေသော လီယာသည် ရုတ်တရက် ထရပ်လိုက်ကာ ပတ်ဝန်းကျင်ရှိလူတိုင်းက သူမကို အာရုံစိုက်လာပြီး လီယာသည် ပေါ့ပါးစွာ ပြုံးကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်။"
သူမသည် ကြောင်လေးကို ပွေ့ကာ ထပ်ရပ်ပြီး ထွက်ခွာသွားသည်။ ယွဲ့ရှင်းဝမ်က သူမနောက်သို့ လိုက်ရန် ရွှီဖေးရွှယ်ကို ချက်ချင်း အချက်ပြလိုက်သည်။
ရွှီဖေးရွှယ်သည် သန့်စင်ခန်းသို့ လိုက်သွားကာ ခဏအကြာတွင် အမျိုးသမီးအိမ်သာမှ ထွက်လာပြီး ယွဲ့ရှင်းဝမ်ထံသို့ လျှောက်သွားကာ ပြောလိုက်သည်။ "လီယာက အိမ်သာကို တကယ်သွားခဲ့တာ၊ ဖြစ်စဉ်အတွင်း ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး၊ ပြီးတော့ အိမ်သာထဲမှာ အချိန်အတော်ကြာအောင် အန်နေတယ်။ သူမရဲ့ဗိုက်က မသက်မသာဖြစ်နေပုံရတယ်။" သူမသည် ခေတ္တရပ်လိုက်ပြီး တွေးဆခဲ့သည်။ "ငါလည်း ကြောင်တွေကို ကြိုက်ပါတယ်၊ ဒါပေမဲ့ ကြောင်နဲ့ ခွဲလို့မရတဲ့ သူမလိုလူမျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး၊ သူမက သန့်စင်ခန်းထဲကို ကြောင်ပါ ခေါ်သွားတယ်။"
ကျန်းဖျင်စစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒီကြောင်က တစ်ခုခုတော့ မှားနေပြီ။"
ယွဲ့ရှင်းဝမ်: "ကြောင်ဖြူ အရမ်းချစ်စရာကောင်းပြီး နတ်ဆိုးဝင်ထားသလို၊ လူတွေစားတဲ့ ကြောင်နတ်ဆိုးလို စိတ်ကူးပုံစံတွေနဲ့ မတူပါဘူး။" သူက လီယာဘေးမှာ ငုတ်တုတ်ထိုင်ပြီး ကြောင်ဖြူလေးကို ထိဖို့ လက်ဆန့်လိုက်သည်။ သူတို့သည် ပန်းချီကားလောကထဲ၌ ရှိနေကြပြီး ပန်းချီကား၏ ဇာတ်ကွက်ကို မထိခိုက်နိုင်သောကြောင့် ယွဲ့ရှင်းဝမ်သည် ကြောင်၏ဦးခေါင်းကို ထိလိုက်သော်လည်း သူ၏လက်ချောင်းများသည် ကြောင်၏ခန္ဓာကိုယ်ကို လေကဲ့သို့ဖြတ်သန်းသွားသည်။
ဒီအချိန်မှာ ကြောင်ကလေးက "မြောင်"ဟု အော်လိုက်ပြီး လီယာ၏လက်မောင်းကို ၎င်း၏ခေါင်းနဲ့ပွတ်လိုက်သည်။ ကြောင်ကလေးက ခေါင်းလှည့်လိုက်တော့ ယွဲ့ရှင်းဝမ်သည် ကြောင်၏လည်ပင်းမှာ သစ်သားတံဆိပ်တစ်ခု ဝတ်ထားတာကို တွေ့လိုက်ရသည်။ သူက ခေါင်းငုံ့ကာ အနီးကပ်ကြည့်လိုက်သည်။ ၎င်းသည် ကြောင်၏အမည်နှင့် ပိုင်ရှင်၏ဖုန်းနံပါတ်တို့ကို ရေးထားသော အလွန်အသုံးများသော အိမ်မွေးတိရစ္ဆာန် တံဆိပ်တစ်ခုဖြစ်သည်။
တံဆိပ်၏နောက်ကျောတွင် အနက်ရောင်ခလုတ်နှင့်တူသော ပစ္စည်းတစ်ခုရှိသည်။
ယွဲ့ရှင်းဝမ်က သတိရှိပြီး ချက်ချင်း စာရိုက်ခဲ့သည်။ "ရှောင်ခယ်၊ ဒီကိုလာခဲ့။"
ခယ်ရှောင်ပင်းသည် အဝေးမှ ဧည့်သည်များ စကားစမြည်ပြောတာကို နားထောင်နေသည်။ သုတေသနအဖွဲ့ချတ်ချန်နယ်၏ မက်ဆေ့ခ်ျကို မြင်သောအခါ သူသည် ယွဲ့ရှင်းဝမ်ဘက်သို့ လှမ်းလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ရှင်းဝမ် ဘာဖြစ်လို့လဲ။"
ယွဲ့ရှင်းဝမ်သည် လီယာ၏ရင်ခွဲထဲက ကြောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ဒီကြောင်ရဲ့ လည်ပင်းမှာ ထူးဆန်းတဲ့အရာတစ်ခုဝတ်ထားတယ်။ တံဆိပ်နောက်ကျောက ဘာလဲဆိုတာကြည့်ဖို့ ရှောင်ထူကို 236 ဒီဂရီ စစ်ဆေးကြည့်ခိုင်းလိုက်၊"
ခယ်ရှောင်ပင်းသည် ရှောင်ထူကို ချက်ချင်းဆင့်ခေါ်ကာ ရှောင်ထူကို လက်ဖဝါးအရွယ်လုပ်ပြီး ကြောင်၏လည်ပင်းရှိ သစ်သားတံဆိပ်ကို အခြားထောင့်မှ ဓာတ်ပုံရိုက်ရန် ကြောင်တစ်ကောင်၏ ခန္ဓာကိုယ်အောက်သို့ ရောက်သွားခဲ့သည်။
မကြာခင်မှာပဲ ခယ်ရှောင်ပင်း၏ လက်ပ်တော့က ဓာတ်ပုံရိုက်ထားသောပုံကို ပြသခဲ့သည်။ သူက ခလုတ်ပုံသဏ္ဌာန်ကို ကြည့်ပြီး သေချာစွာ ပြောခဲ့သည်။ "ဒါက အသံဖမ်းကိရိယာဖြစ်နိုင်တယ်၊ မှတ်တမ်းတင်နိုင်တဲ့ အမျိုးအစားပဲ။"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ကျန်းဖျင်စစ်က ပြောခဲ့သည်။ "လီယာက ဒီကြောင်ကို ဘယ်သွားသွား အမြဲတမ်းခေါ်သွားတာ အံ့ဩစရာမရှိပါဘူး။ ဒီကြောင်ရဲ့လည်ပင်းမှာ အသံဖမ်းကိရိယာရှိနေတာကြောင့် သူမက ဒီကြောင်ကို စုံစမ်းဖို့ အသုံးပြုနေတာပဲ။"
ယွဲ့ရှင်းဝမ်: "ဒီကြောင်နဲ့ မိသားစုနှစ်စုရဲ့ လျှို့ဝှက်ချက်များစွာကို သူမသိလောက်တယ်။"
ညစာစားပွဲလည်း ပြီးသွားတော့ ကျောင်းသားများက သူတို့ကြားခဲ့သောသတင်းကို အကျဉ်းချုပ်ဖို့ ယွဲ့ရှင်းဝမ် အနီးတဝိုက်မှာ အမြန်စုရုံးနေကြသည်။
လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ပြောသည်။ "ငါ အတင်းအဖျင်းပြောတာ ကြားခဲ့တယ်။ ရုတ်စ်နဲ့ ဒေစီက ချစ်လို့ လက်ထပ်တာမဟုတ်ဘဲ မိသားစုနှစ်ခုရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် သူတို့ရဲ့ အကြီးဆုံးသားနဲ့ အကြီးဆုံးသမီးကို လက်ထပ်ခိုင်းခဲ့တာ။ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်အဆင်မပြေဘူး၊ ချစ်ခင်ပြနေတာက အားလုံးဟန်ဆောင်တာတွေပဲ။ ဒေစီမှာ သူမ အရမ်းသဘောကျရတဲ့ ချစ်သူတစ်ယောက်ရှိတယ်၊ လက်မထပ်ခင်မှာ အဲဒီကိစ္စကြောင့် သူမမိသားစုနဲ့ ငြင်းခုံမှုတွေ ရှိခဲ့တယ်။"
လင်းမန့်လော်က ပြောလိုက်သည်။ "တိုက်ဆိုင်လိုက်တာ၊ ဒီနေ့လက်ထပ်တဲ့ စုံတွဲကလည်း မိသားစုအိမ်ထောင်ရေးတစ်ခုလို့ ကျွန်မကြားခဲ့တယ်။ သူတို့နှစ်ဦးနှစ်ဖက်ကြားက စီးပွားရေးဆက်ဆံရေးက အရမ်းရင်းနှီးတယ်။ မိသားစုဆက်ဆံရေးကို ခိုင်မာစေဖို့အတွက် အကြီးဆုံးသားနဲ့သမီးကို လက်ထပ်ဖို့ တွန်းအားပေးတာက မလုံလောက်ဘူး။ သမီးအငယ်ကလည်း သားအငယ်နဲ့ လက်ထပ်ဖို့ လိုတယ်။ စုံတွဲနှစ်တွဲက မတူညီတဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ခံတွေဖြစ်ပြီး မင်္ဂလာဦးကြိုတင် သဘောတူညီချက်ကိုတောင် ရေးထားခဲ့တယ်။"
လန်ယာရုန်က ဆက်လက်၍ ပြောခဲ့သည်။ "လီယာနဲ့ပတ်သက်ပြီး ညစာစားပွဲရဲ့ ထောင့်မှာ သက်ကြီးရွယ်အိုနှစ်ယောက် စကားပြောနေတာကို ငါကြားလိုက်ရတယ်။ လီယာရဲ့မိသားစုက အရမ်းချမ်းသာပြီး ဒီမိသားစုနှစ်စုနဲ့ စီးပွားရေး ဆက်ဆံရေး လုပ်ကိုင်ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။ သူတို့က ဒေစီနဲ့မိဘတွေနဲ့အတူ အပြင်ထွက်ရင်း သူမရဲ့မိဘတွေ ကားမှောက်ပြီး သေဆုံးသွားတယ်။ အဲဒီနောက်မှာတော့ ဒေစီရဲ့မိဘတွေက သူမကို မွေးစားပြီး သူတို့ရဲ့ သမီးလေးလို ဆက်ဆံခဲ့တယ်။"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "အဲဒီနှစ်က သူမမိဘတွေ သေဆုံးရတဲ့ အကြောင်းရင်းကို သံသယရှိလို့ ကြောင်လည်ပင်းမှာ အသံဖမ်းကိရိယာကို ဆွဲထားပြီး သူမက အမှန်တရားကို သိချင်နေတာလား။"
ထိုထင်မြင်ချက်အပြီးမှာ ခယ်ရှောင်ပင်းက ဆက်၍ ပြောခဲ့သည်။ "အတူတူအပြင်ထွက်ရင်း ကားမတော်တဆမှုဖြစ်တာက အရမ်းသံသယဖြစ်စရာကောင်းတယ် မဟုတ်ဘူးလား။ သူမမိဘတွေကို ဒေစီရဲ့မိဘတွေက သေလိုက်တာဆိုရင် ဒေစီနဲ့ ဒေစီရဲ့မိဘတွေကို သတ်ပစ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ရှိပြီ။ လူသုံးယောက်ရဲ့အလောင်းကို ဥယျာဉ်ထဲမှာ မြုပ်ထားပြီး ဒေစီနေရာအစားထိုးပြီးတော့ အိမ်ရဲ့ အိမ်ရှင်မဖြစ်လာမှာမလား။"
ယွဲ့ရှင်းဝမ်သည် ထိုင်ခုံဇယားနှင့် စာရွက်ပေါ်တွင် သူရေးဆွဲထားသော ဆက်ဆံရေးမြေပုံကို ကြည့်ပြီး ပြောလိုက်သည်။ "လူသတ်သမားက ကျူပစ်ခုတ်ရင် ကျူငုတ်ပါမကျန် ခုတ်ပစ်တာများတယ် မဟုတ်ဘူးလား။ သူမက ဒေစီရဲ့မိသားစုကို သတ်ချင်ရင် ဒေစီရဲ့ညီမနဲ့ သားကို ဘယ်လိုလုပ် လွတ်ပေးလိုက်နိုင်မှာလဲ။"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောခဲ့သည်။ "လက်ရှိမှာ သဲလွန်စတွေက ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတဲ့အတွက် ငါတို့တွေကောက်ချက်မချနိုင်သေးဘူး။ ငါတို့က ပန်းချီကားသုံးချပ်ထဲက ပုံရိပ်ယောင်ယန္တရားတွေကိုပဲ ဖွင့်ရသေးတယ်။ အခြားပန်းချီကားတွေရဲ့ အနောက်မှာလည်း ယန္တရားတွေ ရှိကောင်းရှိနိုင်တာကြောင့် အဲဒါတွေကို ဂရုတစိုက် သွားကြည့်ရအောင်။"
#TK