Chapter 206
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 206 (ပန်းချီထဲကပုံရိပ်ယောင် ၀၉)


မင်္ဂလာပွဲမြင်ကွင်းသည် အလွန်ကြည်နူးစရာလွန်းလှသည်။ ကြမ်းပြင်ပေါ်တွင် ကော်ဇောနီရှည်ကြီး၊ ခေါင်းပေါ်ရှိ သလင်းကျောက်မီးပန်းများက စိန်များကဲ့သို့ အလင်းရောင်များသွန်းလောင်းကာ၊ ကော်ဇောနီ၏ နှစ်ဖက်စလုံးတွင် နှင်းဆီဖြူများစွာကို ပေါင်းထည့်ထားပြီး လေထဲမှာ နှင်းဆီရနံ့များ လွင့်ပျံနေသည်။ 


ယွဲ့ရှင်းဝမ်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မင်္ဂလာခန်းမတစ်ခုလုံး ဧည့်သည်များ ပြည့်နေတာကို တွေ့လိုက်ရသော်လည်း သတို့သားနှင့် သတို့သမီးကို မမြင်ရပေ။


ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ "သတို့သားနဲ့ သတို့သမီးက ဘယ်မှာလဲ။"


ယွဲ့ရှင်းဝမ်: "မင်္ဂလာပွဲက မစလောက်သေးဘူး။ သတို့သားနဲ့ သတို့သမီးက ပေါ်လာမှာ မဟုတ်ဘူး။"


ခယ်ရှောင်ပင်းက စူးရှသောမျက်လုံးများဖြင့် ဧည့်သည်ထိုင်ခုံတွင် ရင်းနှီးသောမျက်နှာကို တွေ့လိုက်ရသည်။ သူက ရှေ့ဆုံးတန်းကို ညွှန်ပြပြီး ပြောလိုက်သည်။ "သားအမိနှစ်ယောက်ကို ကြည့်လိုက်၊ သူတို့က အရင်က ဥယျာဉ်မှာ ငါတို့မြင်ဖူးတဲ့ ကလေးနဲ့ ထီးကိုင်ထားတဲ့ အမျိုးသမီးမလား။"


ယွဲ့ရှင်းဝမ်သည် သူ့အကြည့်နောက်သို့ လိုက်ကာ နူးညံ့သိမ်မွေ့သော အပြုံးဖြင့် အမျိုးသမီးနှင့် သူမဘေးတွင် ထိုင်နေသော ကလေးငယ်ကို တွေ့လိုက်ရသည်။ သားအမိနှစ်ယောက်၏ နောက်တွင် အဖြူရောင် ကြောင်ကလေးကို ပွေ့ချီထားသော နာနီထိုင်နေသည်။


သူတို့ 13 ယောက်၏ အသွင်အပြင်က လေထုကြီးလို ပရိတ်သတ်တွေ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ဘူး။


ယွဲ့ရှင်းဝမ်က ပြောသည်။ "ပန်းချီကားထဲက ပုံရိပ်ယောင်ထဲမှာ ပန်းချီလောကထဲက လူတွေဟာ ငါတို့ကို မမြင်နိုင်ဘူး၊ ဒီတော့ အားလုံး သဲလွန်စတွေရှာလို့ရတယ်။"


အားလုံးက သဲလွန်စရှာဖို့ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲလိုက်ကြသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ကော်ဇောနီပေါ်တွင် ဘေးချင်းကပ်လျက် လျှောက်သွားပြီး ဧည့်သည်များ၏ ပြောဆိုမှုကို နားထောင်ကြသည်။


အမျိုးသမီးတစ်ဦးသည် သူမ၏ဘေးနားရှိ သူငယ်ချင်းနှင့် အတင်းတိုးတိုးပြောနေခဲ့သည်။

"မစ္စအဲလစ်ရဲ့ခင်ပွန်းက ဘရောင်းမိသားစုရဲ့ အမွေဆက်ခံသူလို့ ငါကြားသိရတယ်။ သူက အရမ်းကြည့်ကောင်းပြီး ဒီစုံတွဲက တကယ်ကို နတ်ဖက်တဲ့စုံတွဲပဲ။"


"ဟုတ်တယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာတဲ့။ ကြီးပြင်းလာတဲ့အခါ ချောချောမွေ့မွေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်၊ ဒါက တကယ်ကို ကြည်နူးဖို့ကောင်းတယ်။"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သားအမိဘက်သို့ ဆက်လျှောက်သွားကြသည်။


ကောင်လေးက မေးလိုက်သည်။ "မေမေ၊ သားဒေါ်လေးက ဘာဖြစ်လို့ မထွက်လာသေးတာလဲ။"


အမျိုးသမီးက ပြုံးပြီး ပြောသည်။ "သတို့သမီးက မိတ်ကပ်လိမ်းဖို့ လိုတယ်၊ မင်္ဂလာဆောင်က ညနေ 5 နာရီမတိုင်ခင် မစဘူး။" 


ကောင်လေးက စိတ်တိုနေပုံရသည်။ "သား အရမ်းဗိုက်ဆာနေပြီ။ ဘယ်တော့ ညစာစားရမှာလဲ။"


အမျိုးသမီးက နူးညံ့စွာ ပြောလိုက်သည်။ "မင်္ဂလာဆောင်ပြီးရင် ဘူဖေးညစာစားရမယ်၊ သားအကြိုက်ဆုံး အသားကင်လည်း ပါလိမ့်မယ်။"


သူ ကြိုက်သောအစားအစာကို စားရမယ်ဆိုတာ ကြားလိုက်တော့ ကောင်လေး၏ မျက်လုံးတွေ တောက်ပလာပြီး ထိုင်ခုံမှာ ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားထဲသို့ တိုးတိုးမေးလိုက်သည်။ "ကောင်လေးက သူ့ဒေါ်လေးလို့ ခေါ်လိုက်တယ်။ သတို့သမီးက ဒီမိန်းမရဲ့ညီမဖြစ်မယ်ထင်တယ်။"


စကားလုံးတွေကျပြီးတာနဲ့ ကော်ဇောနီ၏အဆုံးမှာ ကြင်စဦးဇနီးမောင်နှံနှစ်ယောက် ပေါ်လာတာကို သူတို့တွေ့လိုက်ရသည်။


ငယ်ငယ်ရွယ်ရွယ်နှင့် လှပသော အမျိုးသမီးသည် ခေါင်းပေါ်တွင် ထုံးခြောက်ရောင်ခြုံထည်ကို ဝတ်ဆင်ထားပြီး ချောမောသော လူငယ်လေး၏ လက်ကိုကိုင်ကာ ကော်ဇောနီဆီသို့ လျှောက်သွားပြီး ဧည့်သည်များမှ ချက်ချင်း လက်ခုပ်သံများ ထွက်ပေါ်လာသည်။


ယွဲ့ရှင်းဝမ်က သတိပေးလိုက်သည်။ "သူမရဲ့ မင်္ဂလာဆောင်ဝတ်စုံက အဲဒီပန်းချီကားထဲက ဝတ်စုံနဲ့ အရမ်းဆင်တူတယ်။ခ


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြီး ပြောသည်။ "သူမက "ခြုံထည်ပါသောအမျိုးသမီး"ပန်းချီကားကို ကိုယ်စားပြုတာဖြစ်မယ်။ ပန်းချီကားသုံးချပ်ရဲ့ ဇာတ်လိုက်အမျိုးသမီးအားလုံးကို ငါတို့ရှာတွေ့ပြီ"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကော်ဇောနီပေါ်ရှိ ကြင်စဦးဇနီးမောင်နှံကို ကြည့်လိုက်ကြသည်။


ချောမောသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများ၏ ပေါင်းစပ်မှုသည် ပြီးပြည့်စုံသော လိုက်ဖက်မှုတစ်ခုဖြစ်သည်။ လူငယ်သည် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုရှိပြီး သတို့သမီးသည် အနည်းငယ်ရှက်ဟန်ဖြင့် ခေါင်းကို အနည်းငယ်ငုံ့ထားသည်။ ဧည့်သည်များ၏ အားပေးသံများကြားတွင် ကော်ဇောနီပေါ်တွင် ဘေးချင်းကပ် လျှောက်သွားကာ ဘုရားကျောင်းတွင် ကျမ်းသစ္စာကျိန်ဆိုကြသည်။


ဘုန်းတော်ကြီးတစ်ပါးက ညင်သာစွာ ဆိုသည်။ "ဒီနေ့ ဘုရားသခင်ရဲ့ ကြည့်ရှုမှုအောက်မှာ မစ္စတာ ဂျက်ဘရောင်းနဲ့ မစ္စ အဲလစ်ရိုလန်တို့ရဲ့ မင်္ဂလာပွဲကို သက်သေခံဖို့ ကျွန်ုပ်တို့ ဒီမှာ စုဝေးနေကြတယ်။ ကျွန်ုပ် မေးပါရစေ၊ မစ္စတာ ဂျက်ဘရောင်း၊ အသင်ဟာ အခုကစပြီး ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချစ်ခင်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ဖို့ မစ္စ အဲလစ်ရိုလန်ကို သင့်ဇနီးအဖြစ် လက်ခံနိုင်ပါသလား…"


ခန်းမထဲမှာ ဘုန်းတော်ကြီး၏အသံက ပဲ့တင်ထပ်နေသည်။ လူငယ်က "လက်ခံနိုင်ပါတယ်"လို့ ပြောသောအခါ သူ့အသံက ကြည်လင်ပြီး သူ့အပြုံးက နူးညံ့သည်။ သတို့သမီးကလည်း သူမမျက်နှာမှာ ပျော်ရွှင်မြူးနေဟန်ရှိသည်။ နှစ်ယောက်သား လက်စွပ်များလဲလှယ်ပြီး ပွေ့ဖက်နမ်းရှုံ့ကာ မိသားစု၊ သူငယ်ချင်းများထံ ကောင်းချီးပေးသံများ ထွက်ပေါ်လာသည်။


ခန်းမတစ်ခုလုံးက အချစ်နှင့် ချိုမြိန်မှုအပြည့်ရှိသည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကိုကြည့်လိုက်ကာ တစ်ဖက်လူ၏ လေးနက်သောအကြည့်ကို တွေ့ရှိခဲ့သည်။ သူ၏မျက်လုံးများက ဧည့်သည်ထိုင်ခုံကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ သူသည် ကျန်းဖျင်စစ်၏ အကြည့်နောက်သို့ လိုက်သွားကာ ဧည့်သည်များကြားတွင် သတို့သမီး၏မိဘများသည် မျက်နှာအနှံ့ အပြုံးများဖြင့် ပထမတန်းတွင် ထိုင်ကြသည်။ ကလေးပါသော အမျိုးသမီး၊ သူမအစ်မသည်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိသည်။ အနောက်တန်းမှာထိုင်နေသော နာနီတစ်ယောက်တည်းသာ စက်ရုပ်ကဲ့သို့ အခြားသူများနဲ့ လက်ခုပ်တီးပြီး ခံစားချက်မဲ့နေသည်။


ယွဲ့ရှင်းဝမ်က နူးညံ့စွာ မေးလိုက်သည်။ "အဲဒီနာနီရဲ့ပုံစံက မမှန်ဘူးလား။"


ကျန်းဖျင်စစ်: "မင်္ဂလာပွဲအစကနေ အဆုံးအထိ သူမ တစ်ခါမှ မပြုံးဘူး။ ဒါ့အပြင် မင်္ဂလာဆောင်တွေကို ပုံမှန်အားဖြင့် နာနီတွေကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းမရှိဘူး။ ဒီမိသားစုနဲ့ သူမရဲ့ဆက်ဆံရေးက ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး၊ သူမက သတို့သမီးကိုလည်း သိရမယ်။"


ယခုအချိန်တွင် လျှိုကျောက်ချင်းက သုတေသနအဖွဲ့ချတ်ချန်နယ်မှာ စာရိုက်ခဲ့သည်။ "ရိုလန်မိသားစုက လူသိများတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး သမီးနှစ်ယောက်ရှိတယ်လို့ ထောင့်နားမှာ ဧည့်သည်တွေပြောနေတာကို ငါကြားလိုက်ရတယ်။ အငယ်ဆုံးသမီးက ဒီနေ့ရဲ့သတို့သမီး အဲလစ်ဖြစ်ပြီး အကြီးဆုံးသမီးက ကလေးနဲ့အမျိုးသမီးပဲ၊ ဒေစီလို့ခေါ်တယ်။ ညီအစ်မ နှစ်ယောက်စလုံးက ချမ်းသာတဲ့ မိသားစုတွေနဲ့ အိမ်ထောင်ကျတယ်။"


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "နာနီလီယာနဲ့ ပတ်သက်ပြီးတော့ကော။"


ခယ်ရှောင်ပင်းက ဆက်ပြောခဲ့သည်။ "တစ်ယောက်ယောက်ရဲ့ အတင်းအဖျင်းပြောသံကို ငါကြားခဲ့ရတယ်။ လီယာဟာ အရင်က ချမ်းသာတဲ့အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမရဲ့မိသားစု ဒေဝါလီခံမှုကြောင့် သူမကို ရိုလန်မိသားစုက မွေးစားခဲ့တယ်။ သူမဟာ သူမဟာ ငယ်ငယ်ကတည်းက ရိုလန်မိသားစုရဲ့ ညီအစ်မနှစ်ယောက်နဲ့ ကြီးပြင်းခဲ့တာကြောင့် သူတို့က ညီအစ်မတွေလိုပဲတဲ့။"


မွေးစားတယ်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "သူတို့နှစ်ယောက်က ညီအစ်မတွေဖြစ်ပြီး နောက်တစ်ယောက်က အိမ်ကမွေးစားထားတဲ့ မိန်းကလေးပဲ။ သုံးယောက်ကြားက ဆက်ဆံရေးက သေချာပေါက် မရိုးရှင်းဘူး။"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။ "လီယာက သူဌေးသမီးဖြစ်ခဲ့ဖူးပြီး သူမမိသားစုရဲ့ ဒေဝါလီခံမှုမှာ လျှို့ဝှက်ချက်တစ်ခုရှိနိုင်တယ်။ သူမမိသားစုရဲ့ ဒေဝါလီခံမှုကို ရိုလန်မိသားစုက အမှန်တကယ် လုပ်ဆောင်ခဲ့မယ်ဆိုရင် အမှန်တရားကို သိပြီးနောက် သူမ လက်စားချေဖို့ အလားအလာရှိနေတယ်မလား။"


လျှိုကျောက်ချင်း: "ပထမတန်းမှာထိုင်နေတဲ့ သက်ကြီးရွယ်အိုစုံတွဲကို သတိထားမိသလား။ သူတို့တွေက သတို့သမီးရဲ့မိဘတွေဖြစ်ပြီး ငါတို့တွေ့တဲ့အလောင်းသုံးလောင်းထဲက သက်ကြီးစုံတွဲဖြစ်နိုင်တယ်။"


မင်္ဂလာပွဲသည် လက်ခုပ်သံများဖြင့် ပြီးဆုံးခဲ့ပြီး ဧည့်သည်များကို ညစာစားရန် ဆိုင်သို့ ဖိတ်ကြားခဲ့သည်။


ရှေ့ဆုံးတန်းမှာ ထိုင်နေသော သတို့သမီး၏ မိဘတွေက နေရာကနေ ထွက်သွားဖို့ ကူညီခဲ့ကြသည်။ လျှိုကျောက်ချင်းက သူတို့အနားကနေ ဖြတ်သွားကာ အနီးကပ်ကြည့်လိုက်ရာ လင်မယားနှစ်ယောက်ထဲမှ တစ်ယောက်၏လှုပ်ရှားမှုများမှာ အလွန်သပ်ရပ်မှုမရှိကြောင်း၊ ကျန်တစ်ယောက်မှာ အနည်းငယ် ခါးကုန်းနေကြောင်း တွေ့ရှိရသည်။


လျှိုကျောက်ချင်း: "သတို့သမီးရဲ့မိခင်မှာ ငါတို့ အလောင်းမှာတွေ့ရတဲ့ ပျော့ပျောင်းတဲ့ကျောရိုးပုံသဏ္ဌာန်နဲ့ ကိုက်ညီတဲ့ ခါးကုန်းတဲ့လက္ခဏာတွေရှိပြီး အရိုးပွရောဂါနဲ့ အူလမ်းကြောင်းအရိုးအဆစ်တွေလိုမျိုး အင်္ဂါရပ်တွေက သူတို့ရဲ့အသက်အရွယ်နဲ့လည်း ကိုက်ညီတယ်။"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒါဆို ဥယျာဉ်ထဲမှာ မြေမြုပ်ထားတဲ့ သေဆုံးသူနှစ်ယောက်က သတို့သမီးရဲ့ မိဘတွေလား။"


လျှိုကျောက်ချင်း: "ဒါက သူတို့ဖြစ်နိုင်ခြေ မြင့်မားတယ်။ တတိယမြေ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်က မသေချာသေးဘူး။"


လက်ရှိ ပန်းချီဆွဲခန်းထဲက ပန်းချီကားသုံးချပ်နှင့် သက်ဆိုင်သည့် အမျိုးသမီးငယ်သုံးဦးရှိသည်။


ခြုံထည်ကိုဝတ်ဆင်ထားသော မိန်းကလေးသည် ယနေ့ မင်္ဂလာပွဲ မြင်ကွင်းတွင် အငယ်ဆုံးသမီး အဲလစ်၊ ထီးကိုင်ထားသော အမျိုးသမီးသည် ရဲတိုက်ပိုင်ရှင် ဒေစီနှင့် သူမ၏သား ဒင်းတို့နှင့် သက်ဆိုင်ပါသည်။ မြွေပါပွေ့ထားသောအမျိုးသမီးသည် နာနီအခန်းမှာနေသော လီယာနဲ့ သက်ဆိုင်သည်။


သေဆုံးသူက ဘယ်သူလဲ။ လူသတ်သမားက ဘယ်သူလဲ။


ယွဲ့ရှင်းဝမ်သည် လက်ရှိတွင် သံသယအရှိဆုံးလူမှာ လီယာဖြစ်သည်ဟု ခံစားမိသည်။ လူသတ်သမားက လီယာဆိုရင် လက်ရှိပန်းချီကားထဲက သဲလွန်စတွေနဲ့ အပြင်အဆင်တွေက ပိုကိုက်ညီလိမ့်မည်။ သူမသည် ယခင်က သူဌေးသမီးတစ်ဦးဖြစ်ခဲ့ပြီး မိသားစု ဒေဝါလီခံပြီးနောက် မွေးစားခံခဲ့ရသည်။ သူမသည် ရိုလန်မိသားစုတွင် နာနီအဖြစ် နေခဲ့သည်။ သူမသည် မနာလိုဖြစ်ပြီး အိမ်ရှင်မဒေစီကိုသတ်ကာ သူမနေရာကို အစားထိုးရန် ဖြစ်နိုင်ခြေရှိသည်။


သို့ပေမဲ့ ဒါက ပန်းချီကားထဲက သဲလွန်စတွေကို အခြေခံထားသည့် သူတို့၏ကိုယ်ပိုင်ထင်မြင်ယူဆချက်ဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းမျှသာ ဖြစ်ပြီး အထောက်အထား ခိုင်လုံမှု မရှိသေးပါ။


လီယာသည် ဥယျာဉ်ထဲရှိ ဒေစီတို့ သားအမိကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ မင်္ဂလာပွဲ၌ သတို့သမီးကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်... ဤအပြုအမူများသည် ပုံမှန်မဟုတ်ပေ။ ထို့အပြင် သူမသွားလေရာ၌ ကြောင်ကို ပွေ့ထားပြီး ပန်းချီကားထဲမှ အမျိုးသမီးသည် မြွေပါကို ပွေ့ထား၏။ ဒါက တစ်စုံတစ်ခုကို ဆိုလိုတာလား။


ယွဲ့ရှင်းဝမ်သည် လောလောဆယ်တွင် မဖော်ထုတ်နိုင်ဘဲ ပြောလိုက်သည်။ "သဲလွန်စတွေ ဆက်ရှာရအောင်။"


ရင်ခုန်စရာ မင်္ဂလာပွဲ မြင်ကွင်းသည် မကြာမီ ဗလာဖြစ်သွားသည်။ ပန်းချီကားထဲမှ မြင်ကွင်းသည် ပျောက်ကွယ်သွားကာ အားလုံး ပန်းချီဆွဲခန်းသို့ ပြန်သွားကြသည်။


နံရံမှာ ပန်းချီကားသုံးချပ်ကို ချိတ်ဆွဲထားပြီး ရဲတိုက်ကြီးက အနက်ရောင်ဖြစ်သည်။ ဤမြင်ကွင်းသည် လူတိုင်းကို အိပ်မက်တစ်ခုလို ခံစားစေခဲ့သည်။ ယွဲ့ရှင်းဝမ်က ပန်းချီကားသုံးချပ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ "ပန်းချီကားသုံးချပ်ထဲက လူတွေနဲ့ သက်ဆိုင်တဲ့ ဇာတ်ကောင်တွေကို ငါတို့ရှာတွေ့ပြီ။ မင်္ဂလာဆောင်ပြီးရင် အခြားအရာတွေ ဖြစ်လာနိုင်တယ်၊ နောက်ထပ် ပုံရိပ်ယောင်ကို ဘယ်သွားကြမလဲ။"


ကျန်းဖျင်စစ်: "ညစာ။ အခုလေးတင် ကောင်ကလေးက သူ့အမေကို သူဘယ်တော့ညစာစားရမှာလဲလို့ မေးလိုက်တယ်။ မင်္ဂလာပွဲပြီးရင် ဘူဖေးညစာကျွေးမယ်လို့ ဒေစီက ပြောခဲ့တယ်။"


ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။ "ဒီပန်းချီကားက ဘေးအခန်းက "နောက်ဆုံးညစာစားပွဲ" မလား။'


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။ "အင်း။ အဲဒီပန်းချီကားမှာလည်း ယန္တရားတစ်ခု ရှိသင့်တယ်"


ယွဲ့ရှင်းဝမ်: "လာရာလမ်းအတိုင်း ပြန်သွားရအောင်။ ဒုတိယထပ်ရဲ့ ညာဘက်ခြမ်းက အခန်းကိုသွားပြီး ပန်းချီကားထဲက ယန္တရားကို ရှာမယ်။"


လူတိုင်းသည် ဘယ်ဘက်ရှိ ပန်းချီဆွဲခန်းမှ ထွက်ကာ စင်္ကြံလမ်းတလျှောက် ညာဘက်ရှိ ပန်းချီဆွဲခန်းသို့ ပြန်သွားကြသည်။ နံရံပေါ်တွင် ကြီးမားသော ဆီဆေးပန်းချီကား "နောက်ဆုံးညစာစားပွဲ"ကို ချိတ်ဆွဲထားသည်။ ပန်းချီကားထဲတွင် ဂျီးဆက်နှင့် တမန်တော်ဆယ့်နှစ်ပါးသည် သက်ရှိထင်ရှားရှိနေသလို ပြသထားပြီး မျက်နှာတစ်ခုစီတွင် အမူအရာများ ကွဲပြားနေသည်။


ယွဲ့ရှင်းဝမ်သည် လမ်းလျှောက်လာပြီး ပန်းချီကားကို ရွှေ့လိုက်သော်လည်း ပန်းချီကားသည် နံရံပေါ်တွင် မလှုပ်မယှက်ဖြစ်နေသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ရွှေ့လို့မရဘူးလား။"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။ "ယန္တရားတွေက ဖွင့်ပုံခြင်း မတူဘူး။"


ပန်းချီဆွဲခန်းရှိ ပန်းချီကားသုံးချပ်ကို ရွှေ့လို့ရပြီး အစဥ်ပြောင်းပါက ပန်းချီကားများတွင် ပုံရိပ်ယောင်များ ပေါ်လာမည်ဖြစ်သည်။ ဒီပန်းချီကားနဲ့ ဘာလုပ်ရမလဲ။ အားလုံးက ပန်းချီကားရှေ့မှာ ရပ်ပြီး သေချာကြည့်နေကြသည်။ ရုတ်တရက် ရွှီဖေးရွှယ်က ပြောလိုက်၏။ "နင်တို့မြင်လား၊ ဂျီးဆက်ရဲ့ ညာဘက်ခြမ်းက ဒုတိယမြောက်လူနဲ့ သူ့ပတ်ဝန်းကျင်က လူတွေကြားမှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။"


ယွဲ့ရှင်းဝမ်သည် အရက်မီးခွက်ကို အနီးကပ်ယူလာကာ အနီးကပ်ကြည့်လိုက်သည်။ သေချာပေါက် ယောင်္ကျားလေးသည် သူ့ဘာသာသူ ခြယ်သပြီး သီးသန့်ထိုင်နေပုံရကာ ပတ်ဝန်းကျင်က ပန်းချီကားတွေနဲ့ လုံးဝ မပေါင်းစပ်ထားဘူး။


ရွှီဖေးရွှယ်၏မျက်လုံးများက တောက်ပလာသည်။ "ငါသိပြီ။ "နောက်ဆုံးညစာစားပွဲ"ပန်းချီကားရဲ့ ဆိုလိုရင်းက သစ္စာဖောက်ခြင်းဖြစ်ပြီး သစ္စာဖောက်က ဂျီးဆက်ရဲ့ ညာဘက်က ဒုတိယမြောက်ဖြစ်တဲ့ ဂျူးဒက်ပဲ။ ငါတို့က သစ္စာဖောက်ကိုပဲ ရှာဖို့လိုတာ၊ ပြီးရင် ပန်းချီကားထဲက ပုံရိပ်ယောင်ရဲ့ ယန္တရားကို ဖွင့်လို့ရပြီ။"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ "ဒါက အဓိပ္ပါယ်ရှိတယ်။"


ရွှီဖေးရွှယ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပန်းချီကားရှိ "ဂျူးဒက်" ပေါ်သို့ သူမလက်ချောင်းကို ညင်သာစွာ တင်ကာ ပြင်းထန်စွာ ဖိလိုက်သည်။


ဘေးနံရံက တုန်ခါပြီး တံခါးတစ်ခုပေါ်လာသည်။


ယွဲ့ရှင်းဝမ်သည် မဆိုင်းမတွပင် လူတိုင်းနှင့်အတူ ဝင်လာခဲ့သည်။ သူ့ရှေ့က မြင်ကွင်းသည် တကယ့်ကို မင်္ဂလာပွဲအပြီး ညစာစားပွဲဖြစ်သည်။ သတို့သမီးနဲ့ သတို့သားက အဝတ်အစားလဲပြီးပြီ။ သတို့သမီးသည် သူမ၏ မင်္ဂလာဝတ်စုံကို ချွတ်ကာ ငွေရောင်ညနေခင်းဂါဝန်ကို စိန်များဖြင့် ဝတ်ထားသည်။ သူမသည် သူမ၏အစ်မ၊ မိဘများ၊ လီယာနှင့် အခြားသူများနှင့်အတူ စားပွဲရှည်တစ်ခုတွင် ထိုင်နေသည်။


"နောက်ဆုံးညစာစားပွဲ"ရှိ လူဆယ့်သုံးယောက်နှင့်တူသော ဤစားပွဲရှည်ကြီးပေါ်တွင် လူဆယ့်သုံးယောက်ရှိသည်။


သတို့သမီး၊ သတို့သား၊ နှစ်ဦးနှစ်ဖက်၏မိဘများ၊ ဒေစီ၏မိသားစုသုံးယောက်၊ လီယာနှင့် သပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားသော ရင်းနှီးမှုမရှိသော မျက်နှာသုံးခုသည် သတို့သား၏ညီအစ်ကိုများနှင့်တူသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိုးတိုးပြောလိုက်သည်။ "လူဆယ့်သုံးယောက်၊ နောက်ဆုံးညစာစားပွဲ၊ ဒီစားပွဲပေါ်မှာ သစ္စာဖောက်တွေ ရှိသင့်တယ်" 


#TK