Volume 5 : ဇီဝသိပ္ပံဌာန
Chapter 101 (ဆဲလ်မွေးမြူရေး ၀၂)
ဆဲလ်အစုလိုက်အပြုံလိုက် ခွဲထွက်သွားပြီးနောက် သူတို့ရှေ့တွင် နောက်ထပ်ပြဿနာတစ်ခုပေါ်လာသည်— ဆဲလ်များအလွန်များနေပြီး လူတိုင်း 8 ခုစလုံးအထိ ပုံစံတူနေတာကြောင့် မည်သည့်အရာက မူလကိုယ်ခန္ဓာဖြစ်သည်ကို မသိရတော့ပေ။ ထို့အပြင် စက်လုံးဆဲလ် 96 ခုသည် တညီတညွတ်တည်း စည်ကားနေပြီး အဖွဲ့ဝင်များက မည်သည့်နေရာတွင် ရှိနေတာကို လူတိုင်း မမြင်နိုင်ပေ။
ယွဲ့ရှင်းဝမ်က ကျယ်လောင်စွာ မေးလိုက်သည်။
"စီနီယာအစ်ကိုရွှီ၊ ကိုယ်ပွားတွေကို ဘယ်လိုထိန်းချုပ်ရတာလဲ? ကျွန်တော် စီနီယာတို့ဘယ်မှာလည်း မတွေ့ရဘူး!"
ရွှီယိရှန်း၏အသံက အဝေးမှ ထွက်ပေါ်လာသည်။
"ငါရခဲ့တဲ့ mitosis စွမ်းရည်က ဒီကဟာနဲ့မတူဘူး… ငါက ကိုယ်ပွားတွေကို 5 ခုစလုံး ချက်ချင်းခွဲနိုင်တယ်… ဒါပေမယ့် ဒီသင်တန်းရဲ့ 'mitosis' က ‘Nth power 2’ division ရဲ့ နိယာမကို အတင်းအကျပ် လိုက်နာရတယ်… ဆိုလိုတာက ဆဲလ်တွေအားလုံးက နှစ်ခုခွဲသွားပြီး 2 ရဲ့ ဆတိုးကိန်းတွေဖြစ်လာတယ်…"
သူက ခဏရပ်လိုက်ပြီး သူ့အသံက အနည်းငယ် အကူအညီမဲ့နေသည်။
"ငါလည်း ဒီဆဲလ်တွေထိန်းချုပ်နည်းကို လေ့လာနေတယ်…"
2 ကနေ 4 ၊ 4 ကနေ 8 ၊ နောက်တစ်ဆင့်ထပ်ခွဲပါက 16 ဖြစ်သွားလိမ့်မည်။ သည်နည်းအတိုင်းဆိုရင် သူတို့၏ဆဲလ်တွေက ပိုများလာလိမ့်မည်။
လျှို့ကျောက်ချင်းကလည်း ပြောလာသည်။
"ငါတို့က အခုမှ ပထမဆုံးဆဲလ်အစုအဝေးဖြစ်ပြီး ဆဲလ်ပေါင်း 100 လောက်ပဲရှိသေးတာကို လည်နေကြပြီ… ငါတို့က လူသားခန္ဓာကိုယ်ကို ပြုလုပ်ဖို့အတွက် ထောင်ချီ၊ သောင်းချီ၊ ဒါမှမဟုတ် 40-60 ထရီလီယံအထိ ခွဲလိုက်ရင် ငါတို့က ဆဲလ်ပင်လယ်ကြီးဖြစ်မှာမလား? အဲဒီအချိန်ရောက်လာရင် ခွဲခြားလို့ကောရပါ့ဦးမလား?"
ခယ်ရှောင်ပင်းက အားမပါစွာပြောသည်။
"ငါအရှေ့ကိုလိမ့်လို့ရတယ်…"
ဒါကိုကြားသောအခါ လူတိုင်းက လှည့်ကြည့်လာကြပြီး အဝေးတစ်နေရာကနေ အရှေ့ကို လိမ့်နေသော မျက်မှန်တပ်ထားသည့် ဘောလုံးလေးကို တွေ့လိုက်ရပြီး အနောက်ကနေ ပုံစံတူဘောလုံး 7 ခုက လိုက်လာကြသည်။
များပြားဆဲလ်အစုအဝေးတွင် မျက်မှန်တပ်ထားသော ခယ်ရှောင်ပင်းက အမှန်တကယ်ပင် အထူးခြားဆုံးဖြစ်သည်။
ရွှီယိရှန်း၏မျက်လုံးများ တောက်ပလာသည်။
"ငါ ပုံစံကို သိလိုက်ပြီ… အားလုံးရဲ့မူလခန္ဓာကိုယ်က မပြောင်းလဲဘူး၊ အဲဒီပုံစံတူတွေက ငါတို့မူလခန္ဓာကိုယ်နဲ့အတူ အနောက်ကနေ ရွေ့လာလိမ့်မယ်… ငါတို့ရဲ့စိတ်ထဲကနေ ‘ငါတို့ ဘယ်လမ်းကြောင်းကိုသွားချင်တယ်’လို့ ညွှန်ကြားလိုက်ရင် ငါတို့ရဲ့စက်လုံးခန္ဓာကိုယ်တွေက သတ်မှတ်ထားတဲ့ ဦးတည်ရာကို ရွေ့လျားသွားလိမ့်မယ်…"
လက်နှင့်ခြေမပါဘဲ သူတို့အားလုံးက ဘောလုံးများအဖြစ်သို့ ပြောင်းလဲသွားတာကြောင့် လိမ့်နေသင့်သည်မဟုတ်လားဟု ယွဲ့ရှင်းဝမ်တွင် ယခင်က သည်လိုအတွေးမျိုးရှိထားခဲ့သည်။
အဝေးကနေ လိမ့်နေသော မျက်မှန်တပ်ထားသည့် ဆဲလ်များကိုကြည့်ပြီး ယွဲ့ရှင်းဝမ်က ပြုံးကာ မေးလိုက်သည်။
"ရှောင်ခယ် အဲဒီလိုလိမ့်တာက ခေါင်းမူးလား?"
ခယ်ရှောင်ပင်း၏အသံက အရှေ့မှ ထွက်လာသည်။
"မဆိုးဘူးလားလို့? ပုံမှန်အတိုင်း လမ်းလျှောက်နေသလို ခံစားရတယ်!"
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"ဒါဆို ဆဲလ်တွေအနေနဲ့ အရင်ဆုံး ဘယ်လိုလမ်းလျှောက်ရမလဲဆိုတာ ကျင့်သားရဖို့အတွက် ငါတို့အားလုံး လမ်းကြောင်းအမျိုးမျိုးကို လိမ့်ကြည့်ရအောင်…"
ဒါကိုကြားသောအခါ အားလုံးက ရှေ့၊ နောက်၊ ဘယ်၊ ညာ လိမ့်ကြသည်။
အချိန်အတိုင်းအတာတစ်ခုအထိ အလွန်ကျယ်ဝန်းသောနေရာ၌ မရေမတွက်နိုင်သော သေးငယ်သောဘောလုံးများ လိမ့်နေကာ ရံဖန်ရံခါ တိုက်မိပြီး ‘ဘောလုံးတိုက်ပွဲ’ အဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်သွားကာ ယွဲ့ရှင်းဝမ်က ဘယ်ဘက်ကိုလိမ့်ပြီး ကျန်းဖျင်စစ်က ညာဘက်ကိုလိမ့်လာတာကြောင့် သူတို့၏ခန္ဓာက်အချင်းချင်းက တိုက်မိသွားကြသည်။
သူတို့မျက်လုံးနှစ်လုံးကြား အကွာအဝေးသည် 1 စင်တီမီတာအောက်သာရှိသည်။ ယွဲ့ရှင်းဝမ်သည် မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကျန်းဖျင်စစ်၏ နက်မှောင်သောမျက်လုံးအိမ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက ခဏလောက် စိုက်ကြည့်ရင်း ပြုံးကာ ပြောသည်။
"ငါတို့နှစ်ယောက်စလုံးမှာ မျက်တောင်တွေမရှိဘူးထင်တယ်? ဘောလုံးလိုမျက်နှာ၊ မျက်လုံးတစ်စုံပဲရှိတယ်၊ ဒါပေမယ့် မင်းမှာ မျက်ရစ်တစ်ထပ်ရှိသေးတာကို ငါရှင်းရှင်းလင်းလင်း မြင်နေရတယ်… ဟားဟား…"
ကျန်းဖျင်စစ်: "..."
မင်း ပုံမှန်အတိုင်း အာရုံစိုက်နေလို့မရဘူးလား?
‘အား’ဟူသောအသံက တစ်ဖက်မှ ထွက်ပေါ်လာပြီး လန်ယာရုန်နှင့် လျှိုကျောက်ချင်းတို့သည် အတူတူတိုက်မိသွားကြကာ လန်ယာရုန်က ပြောလာသည်။
"ရပ်တော့၊ ရပ်တော့၊ ရပ်တော့… ငါအတိုက်ခံရပြီး သတိလစ်တော့မယ်!"
လျှိုကျောက်ချင်း: "ငါလည်း နည်းနည်းမူးတယ်… အားလုံးသတိထားကြ၊ အချင်းချင်းတိုက်မိတဲ့အခါ မူလခန္ဓာကိုယ်က မူးလိမ့်မယ်…"
ကျန်းရှောင်နျန်က အကူအညီတောင်းလာသည်။
"ကျွန်တော် ဦးတည်ချက်ကို မပြောနိုင်ဘူး၊ ကျွန်တော့်နားမှာ ပုံစံတူတွေဝိုင်းနေတယ်!"
လူတိုင်း: "..."
မြင်ကွင်းက တော်တော်ကို ဖရိုဖရဲဖြစ်နေခဲ့သည်။
ယွဲ့ရှင်းဝမ်က ခေါင်းကိုက်လာသည်။ လူအုပ်စုကြီးက ရုတ်တရက် ဘောလုံးများ ဖြစ်သွားပြီး ရွေ့လျားမှု၏ ဦးတည်ရာကို ဆုပ်ကိုင်ရန် ခက်ခဲသည်။ သူတို့၏အမြင်အာရုံ ထိခိုက်ပြီးနောက် လိမ့်လိုက်သောအခါ အချင်းချင်း တိုက်မိရန် လွယ်ကူသည်။ သည်သာအတိုင်းဆက်သွားရင် ကလေးကို ဖန်တီးဖို့ ဘယ်လိုပူးပေါင်းနိုင်မှာလဲ? သူတို့၏စိတ်ရှုပ်ထွေးမှုတွေနဲ့ အချိန်ကျလာသောအခါ အသည်း၊ နှလုံးတွေကို သူတို့ ဘယ်လိုလုပ် ကြီးထွားအောင် ပြုလုပ်လို့ရမှာလဲ? သူတို့က မကောင်းဆိုးရွားကို ဖန်တီးရမှာလား?
ကျန်းဖျင်စစ်က တည်ငြိမ်သောအသံဖြင့် သတိပေးခဲ့သည်။
"အားလုံး ရပ်လိုက်…"
အားလုံးက ရပ်သွားသည်။
ကျန်းဖျင်စစ်: "အားလုံး ခေါင်းလှည့်ပြီး ခယ်ရှောင်ပင်းကို အရင်ရှာလိုက်… မျက်မှန်တပ်ထားတဲ့တစ်ယောက်တည်းသောသူက ခွဲခြားလို့ အကောင်းဆုံးပဲ…"
ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။
"တစ်ယောက်တည်း? တစ်ယောက်ယောက်က ငါ့ကို ဒီလိုအရေအတွက်နဲ့ခေါ်တာ ဒါပထမဆုံးအကြိမ်ပဲ…"
အားလုံးက သူတို့၏ခေါင်းကိူ လှည့်ကြည့်လိုက်ရာ မကြာခင် မျက်မှန်တပ်ထားသည့် ခယ်ရှောင်ပင်း‘အဖွဲ့’ကို တွေ့လိုက်ရသည်။ ဘောလုံး 8 ခုက တစ်ပုံစံတည်းတူနေတာကြောင့် မူလခန္ဓာကိုယ်က ဘယ်တစ်ခုလည်းဆိုတာကို လူတိုင်းမပြောနိုင်ပေမယ့် ခယ်ရှောင်ပင်းကတော့ သူ့ကိုယ်သူ ခွဲခြားနိုင်သည်။
ကျန်းဖျင်စစ်: "အခု ခယ်ရှောင်ပင်းရဲ့ဦးတည်ချက်ကို အရှေ့အနေနဲ့ ယူလိုက်… ရှင်းယန်နဲ့ ချင်လုတို့က ခယ်ရှောင်ပင်းနဲ့ သွားပူးပေါင်းလိုက်… စီနီယာအစ်မမန့်လော်၊ ချင်မြောင်နှင့် စီနီယာလန်တို့က ပြောင်းပြန်နောက်ပြန်ဆုတ်လိုက်… စီနီယာအစ်ကိုကျို၊ စီနီယာအစ်ကိုလျှိုနဲ့ စီနီယာရွှီတို့က ညာဘက်ကို၊ ငါ၊ ရှင်းဝမ်နဲ့ ကျန်းရှောင်နျန်တို့က ဘယ်ဘက်ကိုသွားမယ်…"
ဤနည်းဖြင့် သူတာဝန်ပေးလိုက်သည်နှင့် မူလက ဖရိုဖရဲအခြေအနေသည် ချက်ချင်း စည်းစနစ်ကျလာသည်။
လူတိုင်းသည် သူတို့၏ ကိုယ်ပွားများကို ခေါ်ကာ မတူညီသော လမ်းကြောင်းများသို့ လျင်မြန်စွာ လှိမ့်သွားကြသည်။ ထို့နောက် အားလုံး လှည့်ကြည့်လိုက်တော့ သူတို့သည် လေးတန်း သပ်သပ်ရပ်ရပ် စီထားသော စက်ဝိုင်းကြီးတစ်ခုလို ဝိုင်းဖွဲ့ထားတာကို တွေ့လိုက်ရပြီး အားလုံးက တစ်ယောက်ကို တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရွှီယိရှန်းက ပြုံးကာ ပြောလိုက်သည်။
"ဖျင်စစ်မှာ နည်းလမ်းရှိလို့ ငါတို့တွေ မမူးတော့ဘဲ လူတိုင်းကို မြင်နိုင်ပြီ…"
ကျန်းရှောင်နျန်: "နောက်ဆုံးတော့ ကျွန်တော် ဦးတည်ချက်ကို ပြောပြနိုင်ပြီ!"
ယွဲ့ရှင်းဝမ်က ခေါင်းကိုလှည့်၍ သူ့ဘေးက ကျန်းဖျင်စစ်ကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ တွေးတောလိုက်သည်။
‘ဖျင်စစ်ရဲ့ အမျိုးအစားခွဲခြင်းနဲ့ စုစည်းနိုင်စွမ်းက တကယ်ကို အားကောင်းတယ်… အခြေအနေတွေက ဘယ်လောက်ပဲ ဖရိုဖရဲဖြစ်နေပါစေ သူက ရှင်းရှင်းလင်းလင်း စုစည်းနိုင်တယ်…’
ရှေ့ဆုံးတန်းရှိ ခယ်ရှောင်ပင်းက မျက်တောင်ခတ်ပြီး ပြောလာသည်။
"ငါတို့ဘာဆက်လုပ်ကြမလဲ?"
ရွှီယိရှန်း: "လူသားမွေးဖွားခြင်းရဲ့ ပထမအဆင့်ကိုပဲ ငါတို့ပြီးမြောက်သေးတယ်… ခွဲထုတ်ပြီး ဆဲလ်အစုအဝေးတွေအဖြစ် ဖွဲ့စည်းပြီးနောက် နောက်တစ်ဆင့်မှာ ဆဲလ်အစုအဝေးတွေကို သားအိမ်ပြွန်မှတစ်ဆင့် သားအိမ်ခေါင်းအတွင်းဆီကို စေးကပ်နေတဲ့အရာကနေ သားအိမ်အတွင်းမြှေးဆီ ပို့ဆောင်ရမှာဖြစ်တယ်…"
လျှိုကျောက်ချင်း: "သားအိမ်အတွင်းမြှေးနဲ့ နီးစပ်တဲ့ ဆဲလ်တွေက သားအိမ်အတွင်းမြှေးကို ခွဲထုတ်ပြီး အပေါက်သေးသေးလေးတွေ ပေါ်လာအောင် ပြုလုပ်ပေးတဲ့ အင်ဇိုင်းကို မြုပ်နှံထားပြီး အဲဒါကို ‘မျိုးချခြင်း’ လို့ ခေါ်တယ်၊ ငါပြောတာမှန်ရဲ့လား?"
ရွှီယိရှန်းက ပြန်ဖြေသည်။
"မှန်တယ်!"
သူတို့အဖွဲ့ထဲတွင် ဇီဝသိပ္ပံဌာနနှင့် ဆေးပညာဌာနမှ ကျောင်းသားတစ်ယောက်စီ ရှိထားပြီး သူတို့က လူသားမွေးဖွားခြင်းဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။
"သားအိမ်ပြွန်က ဘယ်မှာလဲ?"
လန်ယာရုန်က ရုတ်တရက် ပြောလာသည်။
"ငါတို့သုံးယောက်ရဲ့ ပိုက်ပုံစံလိုမျိုး လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်၊ အဲဒါလား?"
ရွှီယိရှန်း: "အားလုံး သွားကြရအောင်၊ နေရာအမှားကိုမသွားကြနဲ့၊ မဟုတ်ရင် ectopic pregnancy ဖြစ်သွားလိမ့်မယ်…"
『TK: ectopic pregnancy = မျိုးအောင်ထားသောမျိုးဥကို သားအိမ်အပြင်ဘက်တွင် မျိုးချမိခြင်း』
မျိုးအောင်ထားသော မျိုးဥက သားအိမ်အပြင်ဘက်တွင် မရှင်သန်နိုင်ပေ။ ကြီးထွားရန် ချန်ခဲ့ပါက အနီးနားရှိ အတွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပြီး အသက်အန္တရာယ်ရှိသော သွေးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။
လက္ခဏာများမှာ တင်ပါးဆုံတွင်း နာကျင်ခြင်းနှင့် သားအိမ်လမ်းကြောင်းမှ သွေးထွက်ခြင်းတို့ ပါဝင်သည်။
နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ကုသမှုခံယူဖို့ လိုအပ်သည်။ အစောပိုင်းအဆင့်များတွင် ဆေးဝါးဖြင့် လုံလောက်ပါသည်။ နောက်ပိုင်းအဆင့်များတွင်တော့ ခွဲစိတ်ကုသဖို့လိုသည်။
လျှိုကျောက်ချင်းက လေးနက်စွာ ပြောခဲ့သည်။
"ဟုတ်တယ်၊ မျိုးချတဲ့အနေအထားက မှားသွားရင် ectopic pregnancy ဖြစ်နိုင်ပြီး ငါတို့ကလေးကို မမွေးနိုင်တော့ဘဲ မိခင်ရဲ့ခန္ဓာကိုယ်ကနေတောင် သွေးယိုစိမ့်တာမျိုး ဖြစ်နိုင်တယ်…"
လူတိုင်း: "..."
ထိုအချိန်၌ လူတိုင်းသည် ကျဉ်းမြောင်းသောနေရာတွင် ရှိနေကြသည်။ လန်ယာရုန်၊ လင်းမန့်လော်နှင့် ချင်မြောင်တို့၏နောက်မှ ပြွန်လမ်းကြောင်းမှလွဲ၍ ထွက်ပေါက်မရှိပေ။
လူတိုင်း၏နားထဲတွင် စက်အသံတစ်ခု ထွက်ပေါ်လာသည်။
"ဆဲလ်အစုအဝေးခွဲထုတ်တာ ပြီးသွားပါပြီ၊ ကျေးဇူးပြု၍ မျိုးချဖို့အတွက် ပြင်ဆင်ပါ…"
ရွှီယိရှန်း: "ကြည့်ရတာတော့ အဲဒါက စီနီယာအစ်မလန်ပြောတဲ့နေရာပဲဖြစ်မယ်!"
ကျန်းဖျင်စစ်က ညွှန်ကြားလိုက်သည်။
"အားလုံး ငြိမ်ငြိမ်လေးနေပြီး တန်းစီပြီးဝင်ကြပါ…"
လန်ယာရုန်: "ငါက ဝိဇ္ဇာဘာသာရပ်ကျောင်းသူဖြစ်ပြီး သန္ဓေသားဖွံ့ဖြိုးမှုနဲ့ လုံးဝမတူဘူး… ရွှီယိရှန်း၊ နင်ပဲ လမ်းကိုဦးဆောင်တော့…"
ရွှီယိရှန်းက ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ အားလုံးနေခဲ့ကြဦး… ငါအရင်ဆုံးသွားလိုက်မယ်… စီနီယာအစ်ကိုလျှိုနဲ့ ကျိုဖုန်းက ငါ့နောက်ကို လိုက်ခဲ့ကြ…"
ကျန်းဖျင်စစ်က စီစဉ်ပေးသည်။
"စီနီယာအစ်မလန်က ဒုတိယအုပ်စု၊ ခယ်ရှောင်ပင်းက တတိယ၊ ငါ၊ ရှင်းဝမ်နဲ့ ကျန်းရှောင်နျန်တို့က နောက်ဆုံးမှသွားမယ်… ဦးတည်ရာကိုရောက်ပြီးရင် အားလုံးက ကိုယ့်ရဲ့ကိုယ်ပွားဆဲလ်တွေနဲ့ အသီးသီး တန်းစီးကြမယ်… လျှောက်မသွားကြနဲ့…"
သူက လူ 12 ယောက်ကို အဖွဲ့ 4 ဖွဲ့ခွဲပြီး 3 ဖွဲ့ဆက်တိုက် လှုပ်ရှားသွားကာ ပရမ်းပတာမဖြစ်တော့ပေ။
မဟုတ်လျှင် သူတို့တွေ အပြေးအလွှားသွားပါက အချင်းချင်း တိုက်မိပြီး မူးသွားနိုင်သည်။
လန်ယာရုန်နှင့် သူမ၏အဖွဲ့က လမ်းကြောင်းတစ်ခုကို သတိရှိစွာ ဖွင့်ပေးလိုက်ပြီး အခြားသူများ၏မျက်လုံးထက် ပို၍ပေါ့ပါးနေသော ရွှီယိရှန်းကို ကြည့်ကာ သူက ကိုယ်ပွား 7 ခုဖြင့် လိမ့်သွားပြီး အနောက်ကနေ လျှိုကျောက်ချင်းနှင့် ကျိုဖုန်းတို့က နီးကပ်စွာ လိုက်လာခဲ့သည်…
မျက်လုံးများဖြင့် ဘယ်သူက ဘယ်သူလဲဆိုတာ ပြောဖို့မလွယ်ပေ။
‘သားအိမ်ပြွန်’မှတစ်ဆင့် ဘောလုံးများ လိမ့်ဝင်သွားပြီးနောက် လန်ယာရုန်၊ လင်းမန့်လော်နှင့် ချင်မြောင်တို့က ချက်ချင်း နောက်ကလိုက်သွားကြသည်။
ချင်မြောင်နှင့် ချင်လုတို့က အမြွှာတွေဖြစ်ပြီး သူတို့သည် ဆဲလ်များဖြစ်လာပြီးနောက် တစ်ပုံစံတည်းဖြစ်နေတာကြောင့် သူတို့၏အဝတ်အစားနှင့် ဆံပင်ပုံစံများကို ခွဲခြား၍မရတော့ပေ။ ယွဲ့ရှင်းဝမ်က ညွှန်ကြားလိုက်သည်။
"ခယ်ရှောင်ပင်း အရင်သွားလိုက်၊ ချင်လု နောက်ဆုံးမှသွား၊ မင်းအစ်မနဲ့ မရောနဲ့!"
ချင်လု: "…ကောင်းပြီ"
နောက်ထပ်ဆဲလ်တစ်တန်းက လိမ့်ဝင်သွားပြီး ယွဲ့ရှင်းဝမ်၏အဖွဲ့က နောက်ဆုံးမှ ဝင်သွားသည်။
သားအိမ်ပြွန်များသည် အတော်လေးရှည်ပြီး လူတိုင်းသည် ငယ်ငယ်က လျှောစီးရသလို ခံစားရကာ ရှေ့သို့ တောက်လျှောက်လိမ့်ကာ တန်းစီနေကြသည်။
ခဏအကြာတွင် မြင်ကွင်းက သူတို့ရှေ့တွင် ရုတ်တရက် ပွင့်လာပြီး လူတိုင်းသည် ပြောင်းပြန်တြိဂံကဲ့သို့ အရှေ့ဘက်တွင်ကျယ်ပြီး အနောက်ဘက်တွင် ကျဉ်းမြောင်းသော ထူးဆန်းသည့်ပုံသဏ္ဌာန်ရှိသော နေရာတစ်ခုတွင် ပေါ်လာသည်။
လျှိုကျောက်ချင်း၏ အသံက အရှေ့မှ ထွက်လာသည်။
"ဒါက မိခင်ရဲ့သားအိမ် ဖြစ်နိုင်တယ်မလား?"
ရွှီယိရှန်: "ပုံသဏ္ဌာန်အရတော့ မှန်တယ်! ကျွန်တော်တို့က ဘယ်မှာ မျိုးချရမှာလဲ?"
လျှိုကျောက်ချင်းက မေးသည်။
"ဘေးဘက်နံရံက ပိုတည်ငြိမ်တယ်မလား? သားအိမ်ခေါင်း os နဲ့ နီးလွန်းရင် placenta previa ဖွဲ့ဖို့လွယ်ကူပြီး ကလေးမွေးဖို့ မိခင်အတွက် အန္တရာယ်များလွန်းတယ်…"
ယခုအချိန်တွင် ရွှီယိရှန်းသည် လူတန်းရှေ့တွင်ရှိနေပြီး သားအိမ်၏အကျိအချွဲအမြှေးပါးကို ပုံဖော်ထားသည့် နံရံများပေါ်တွင် villi ရှိသော သူ့အနားရှိ ‘အခန်း’ကျယ်ကြီးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
‘အခန်း’၏ပုံသဏ္ဌာန်အရ သားအိမ်အတွင်းရှိ နေရာမျိုးမျိုးကို ခွဲခြားနိုင်သည်။ မျိုးချခြင်းသည် ယေဘုယျအားဖြင့် သားအိမ်၏ ရှေ့၊ နောက်နှင့် ဘေးနံရံများတွင် ဖြစ်သည်။ ရွှီယိရှန်းက ညာဘက်နံရံကို ရွေးပြီး ပြောလိုက်သည်။
"အားလုံး ငါ့နောက်ကိုလိုက်ခဲ့…"
သူက ဦးစွာ လိမ့်သွားပြီး အခြားသူများက ညာဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လာခဲ့ကြသည်။
ရွှီယိရှန်း: "အားလုံးက ဆဲလ်မျက်နှာပြင်ပေါ်ရှိ စေးကပ်တဲ့အရာတွေကိုဖြတ်ပြီး ဘေးနံရံတွေရဲ့ထိပ်မှာ ကပ်နေကြ…"
အားလုံးက ပြောသည့်အတိုင်း လိုက်လုပ်ကြသည်။
သူတို့က တန်းစီပြီး အမွေးထူသော ‘နံရံ’မှာ တွယ်ကပ်နေကြသည်။
သူတို့၏အမြင်အရ အခန်းသည် အထူးကျယ်ဝန်းပြီး နံရံပေါ်တွင် သားအိမ်အတွင်းအမြှေးပါးအလွှာတစ်ခုရှိသည်။ သို့ပေမယ့် တကယ်တော့ ဒါက စာကြည့်တိုက်က ဖန်တီးထားသည့် အမိဝမ်းဖြစ်ပြီး ယခုအခါ သူတို့က ‘မိခင်၏ဝမ်းထဲမှာ’ရှိနေကြပြီး သေးငယ်သော ကလေးလေးဖြစ်လာဖို့ မိခင်၏အာဟာရဓာတ်ကို လိုအပ်သည်။
လက်ရှိမှာတော့ သူတို့က ကလေးမွေးဖို့ ဝေးနေဆဲဖြစ်ပြီး သူတို့က ဆဲလ်အစုအဝေးမျှသာရှိသေးကာ နှလုံးကိုပင် မဖွဲ့စည်းရသေးပေ။
ခယ်ရှောင်ပင်းက သိချင်စွာပြောသည်။
"ကျွန်တော် နောက်ကျောကို ကပ်ထားပြီးရင် လှုပ်ရှားလို့မရတော့ဘူး…"
လျှိုကျောက်ချင်းက ပြောလာသည်။
"ဆဲလ်အစုအဝေးတွေက မျိုးချပြီးရင် ဘယ်လိုလုပ် လှည့်ပတ်သွားနေလို့ရမှာလဲ? လှည့်ပတ်သွားနေရင် ကိုယ်ဝန်ပျက်ကျစေမှာမဟုတ်ဘူးလား?"
ခယ်ရှောင်ပင်း: "..."
ရွှီယိရှန်းက ရယ်ကာ ပြောသည်။
"မလှုပ်ရှားကြနဲ့၊ နောက်ထပ်ညွှန်ကြားချက်တွေကို စောင့်နေကြ…"
လူတိုင်းက သားအိမ်နံရံမှာ ကျောကပ်ကာ မလှုပ်ရှားရဲကြပေ။ လက်ရှိတွင် ကျောင်းသားတစ်ဦးမှ ကလေးမွေးဖွားရာတွင် အတွေ့အကြုံမရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ သူတို့က သန္ဓေသားကိုယ်ဝန်ဖြစ်စဉ်ကို တွေ့ကြုံရတော့မည်။ ဒါက နည်းနည်းထူးဆန်းနေပေမယ့် ဘယ်သူမှ သတိမလွတ်ရဲပေ။
သူတို့တွေ ဂရုမစိုက်မိပါက သူတို့၏ကလေးက ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးလိမ့်မည်။
တဖြည်းဖြည်းနဲ့ သူတို့နောက်က သားအိမ်းအတွင်းအမြှေးပါး ပြောင်းလဲသွားတာကို လူတိုင်းတွေ့လိုက်ရသည်။ အမြှေးပါးသည် ပျော့ပျောင်းနေပြီး သူတို့ကို ညင်သာစွာ ရစ်ပတ်ထားသည်။ အားလုံးက သူတို့ရှေ့ရှိ မြင်ကွင်းကို သိချင်စွာ စိုက်ကြည့်နေကြပြီး အချိန်အနည်းငယ်ကြာပြီးနောက် သူတို့သည် အတော်လေးကျဉ်းမြောင်းသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားကာ အပြင်ဘက်ကနေ သူတို့ကိုကာကွယ်ပေးထားသည့် အကြည်ရောင်အလွှာတစ်ခု ပေါ်လာသည်။
ရွှီယိရှန်း: "မျိုးချတာအောင်မြင်ပြီး အချင်းဖွဲ့သွားပြီလား?"
လျှိုကျောက်ချင်းက ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုပြီး ပြောသည်။
"ဖြစ်နိုင်တယ်… သန္ဓေသားရဲ့ သွေးလည်ပတ်မှုက chorionic အမြှေးပါးတစ်ခုလုံးကို တည်ဆောက်ထားပြီး မင်းမြင်ရတဲ့ အဲဒီပါးလွှာတဲ့ပြွန်တွေက အချင်းသွေးကြောတွေပဲ…"
အားလုံးက အရှေ့ကို လှမ်းကြည့်လိုက်တော့ အမြှေးပါးပေါ်တွင် ပါးလွှာသောအနီရောင်ပြွန်တချို့ကို တွေ့လိုက်ရသည်။
ရွှီယိရှန်းက လေးနက်စွာ သက်ပြင်းချပြီး ပြောလိုက်သည်။
"ဒီသင်တန်းက သန္ဓေသားရဲ့ ကြီးထွားမှုနှုန်းကို အဆပေါင်းများစွာ အရှိန်မြင့်ထားတယ်… ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်နှစ်ပတ်အကြာမှ အချင်းဖွဲ့တာဖြစ်ပြီး ငါတို့က 2 နာရီတောင် မကြာဘူး…"
စာကြည့်တိုက်က သူတို့ကို သည်နေရာမှာ 9 လလောက်နေခွင့်မပေးချေ။ မဟုတ်လျှင် သူတို့က ဆဲလ်တွေအဖြစ် သည်နေရာမှာ 9 လကြာအောင် လှည့်ပတ်နေပါက လူတိုင်းသည် အာရုံကြောတွေ ပျက်စီးသွားနိုင်သည်။
သည်အချိန်မှာ ခယ်ရှောင်ပင်းက ရုတ်တရက် တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော်တို့က စားစရာမလိုဘူးမလား? သွေးလည်ပတ်မှုက ကျွန်တော်တို့ဆီကို အလိုအလျောက် အာဟာရတွေ ပို့ဆောင်ပေးမှာမလား?"
ရွှီယိရှန်း: "ဟုတ်တယ်…"
အစားအသောက်မက်သူတစ်ယောက်အနေဖြင့် ခယ်ရှောင်ပင်းက ရုတ်တရက် အနည်းငယ်နောင်တရသွားသည်။
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။
"နောက်တစ်ဆင့်ကဘာလဲ?"
ရွှီယိရှန်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
"အဲဒါကို သန္ဓေသားအလွှာသုံးလွှာခွဲရလိမ့်မယ်… အလုပ်ခွဲရအောင်… ectoderm ကို ဘယ်သူသွားမလဲ? mesoderm ကို ဘယ်သူသွားမလဲ? ပြီးတော့ endoderm ကို ဘယ်သူသွားမလဲ?"
လူတိုင်း: "..."
မကြာခင်မွေးတော့မယ့် သူတို့သားလေးအတွက် သူတို့တွေ အရမ်းကြေကွဲနေရတယ်!
#TK