Volume 5 : ဇီဝသိပ္ပံဌာန
Chapter 102 (ဆဲလ်မွေးမြူရေး ၀၃)
သားအိမ်အတွင်း ဆဲလ်အစုအဝေးကို အောင်မြင်စွာမျိုးချပြီး blastocyst ဖြစ်ပေါ်လာပြီးနောက် ၎င်းသည် "အလွှာအရေလဲခြင်း" ကို ခံယူပြီး နောက်ဆုံးတွင် ectoderm၊ mesoderm နှင့် endoderm တို့ပါဝင်သော သန္ဓေသားလောင်းအဖြစ် ကွဲပြားသွားကာ ထို့နောက်တွင် လူသားခန္ဓာကိုယ်သည် ပြီးပြည့်စုံသောဖွဲ့စည်းပုံအဖြစ်သို့ တဖြည်းဖြည်း ကွဲပြားသွားမည်ဖြစ်သည်။
ရွှီယိရှန်းက "သန္ဓေသားအလွှာ"ကို မေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏နားထဲတွင် system ၏ စက်သံတစ်ခုထွက်ပေါ်လာသည်။
"သန္ဓေသားကွဲပြားမှုဖြစ်စဉ်တွင် ectoderm၊ mesoderm နှင့် endoderm တွေကို ဖွဲ့စည်းထားပါတယ်… သန္ဓေသားအလွှာသုံးလွှာရဲ့ဆဲလ်တွေက နောက်ဆက်တွဲ ကွဲပြားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ ပြောင်းလဲလို့မရပါဘူး… ကျေးဇူးပြု၍ အလုပ်တွေကို ကြိုတင်ခွဲဝေပါ…"
လူတိုင်းသည် အတန်းများစွာတွင် ရပ်နေကြသော်လည်း နောက်အခိုက်အတန့်တွင် သူတို့ကြား၌ ပြတ်ပြတ်သားသား ပိုင်းခြားထားသောမျဉ်းနှစ်ကြောင်း ပေါ်လာပြီး သူတို့၏ "ဆဲလ်အစုအဝေး" ကို အပြင်၊ အလယ်နှင့် အတွင်းအလွှာသုံးလွှာအဖြစ် ပိုင်းခြားထားသည်။
လျှိုကျောက်ချင်းက အကြံပြုသည်။
"ငါတို့က 12 ယောက်ရှိဆိုတော့ လေးယောက်အုပ်စုခွဲလိုက်တာ ပိုကောင်းမယ်ထင်တယ်? Ectoderm အဖွဲ့၊ mesoderm အဖွဲ့နဲ့ endoderm အဖွဲ့…"
ယွဲ့ရှင်းဝမ်: "ဘယ်လိုခွဲရမယ်ဆိုတာ စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်ကိုရွှီတို့ပဲ ဆုံးဖြတ်လိုက်ပါ…"
ဇီဝသိပ္ပံဌာနနှင့် ဆေးပညာဌာနတို့၏ ကျောင်းသားများရှိနေခြင်းကြောင့် ဝိဇ္ဇာကျောင်းသားအနေဖြင့် ယွဲ့ရှင်းဝမ်က သန္ဓေသားဖွံ့ဖြိုးခြင်းကို အမှန်တကယ် နားမလည်ဘဲ ဤအတန်းကို ညွှန်ကြားခြင်းမပြုလိုပေ။
ရွှီယိရှန်းက လူတိုင်းကို သိပ္ပံပညာအား လေးလေးနက်နက် ပြောပြခဲ့သည်။
"ectoderm က မျက်နှာပြင်ဖွဲ့စည်းတာ၊ အာရုံခံ၊ အာရုံကြော၊ ဂလင်းတို့ဖြစ်ပြီး၊ အဲဒါတွေကတော့ အရေပြား၊ လက်သည်းနှင့် ဆံပင်ကဲ့သို့ လူသားအရေပြားအပေါ်ယံအလွှာတွေ၊ မျက်စိ၊ နား၊ နှာခေါင်းကဲ့သို့ အာရုံခံစနစ်တွေ၊ ဦးနှောက်နှင့် ကျောရိုးကဲ့သို့ အာရုံကြောတစ်ရှူး၊ အာရုံကြောတွေနဲ့ တချို့ချွေးဂလင်းတွေ၊ဆီကြည်ဂလင်းတွေ၊ တံတွေးဂလင်းတွေဖြစ်တယ်… ectoderm အတွင်းရှိ ဆဲလ်တွေက ယေဘုယျအားဖြင့် အရွယ်အစားသေးငယ်ပြီး အမြန်ဆုံး ခွဲထုတ်ရလိမ့်မယ်…"
ခွဲထုတ်နှုန်းက မြန်တယ်ဆိုတာ နားလည်ရလွယ်ပါသည်။ လူသား၏အရေပြားနဲ့ ဆံပင်တွေဟာ အလျင်မြန်ဆုံး ပြန်လည်ရှင်သန်နိုင်စွမ်းရှိပြီး အတွင်းအင်္ဂါတွေ ပျက်စီးသွားသောအခါ ပြန်လည်ကောင်းမွန်ဖို့ ခက်ခဲပါသည်။
ရွှီယိရှန်းက ခဏရပ်ကာ ပြုံးပြီး စနောက်လိုက်သည်။
"ectoderm ကို သွားချင်တဲ့သူရှိကြလား? ငါတို့ ကလေးရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ဆံပင်တွေကို ပြုလုပ်ပေးဖို့ တာဝန်ယူချင်ကြလား?"
လန်ယာရုန်က အစပြုပြီး ပြောလာသည်။
"ငါက မျက်နှာလုပ်ပေးမယ်၊ အသားဖြူဖြူ၊ ဆံပင်နက်နက်၊ မျက်လုံးကြီးကြီးလေးနဲ့ ကြည့်ကောင်းတဲ့ကလေးတစ်ယောက်ကို ငါတို့ပိုင်ဆိုင်ရမယ်… ငါ ectoderm ကိုသွားပြီး ကလေးရဲ့ အရေပြားကို တာဝန်ယူမယ်…"
စီနီယာအစ်မလန်က ကြည့်ကောင်းသောကလေးတစ်ဦးကို လိုချင်ကြောင်းပြောလာတာကြောင့် မိန်းကလေးများကလည်း လျင်မြန်စွာ သဘောတူထောက်ခံလာကြသည်။
လင်းမန့်လော်: "ငါလည်း ectoderm သွားပြီး မျက်လုံး၊ နှာခေါင်း၊ မျက်ခုံးနဲ့ အခြားမျက်နှာအင်္ဂါရပ်တွေကို ဂရုစိုက်ပေးမယ်…"
ချင်မြောင်က ပေါ့ပါးစွာပြောသည်။
"ကျွန်မလည်း စီနီယာအစ်မတွေနဲ့အတူ ချွေးဂလင်းတွေကို ဂရုစိုက်ပေးမယ်…"
ချင်လုသည် မူလက ectoderm သို့ သွားချင်သော်လည်း သူမနှင့် သူမအစ်မတို့မှာ တစ်ပုံစံတည်းဖြစ်သည်။ နှစ်ယောက်သား အတူတူသွားလည်ရင် ခွဲလို့ မရတော့ပေ။ သူမသည် ခယ်ရှောင်ပင်း၏နောက်တွင် တိတ်တဆိတ်နေခဲ့ပြီး နောက်မှရွေးချယ်ရန် စဉ်းစားနေခဲ့သည်။ ရွှီယိရှန်းက မေးသည်။
"Ectoderm မှာ ကျောက်းသားတစ်ယောက်လိုသေးတယ်…"
နောက်အခိုက်အတန့်မှာတော့ လျှိုကျောက်ချင်းက ပျော်ရွှင်စွာ ပြောလာသည်။
"ငါလည်း အာရုံကြောစနစ်ကို တာဝန်ယူဖို့ ectoderm ဆီကို သွားမယ်… အာရုံကြောတွေနဲ့ သွေးကြောတွေက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတယ်… တစ်ခုခုမှားသွားရင် မွေးလာတဲ့ကလေးက အကြောသေသွားနိုင်တယ်…"
လူတိုင်း: "..."
ဒါက ဖိအားများမယ့်ပုံပဲ။
သူတို့မှာ 12 ယောက်သာရှိသော်လည်း သန္ဓေသား ကွဲပြားမှုတွင် အထူးဂရုပြုရမည့်အချက်တွေ များပြားလွန်းသဖြင့် ဂရုမစိုက်လို့မရပေ။
အာရုံကြောစနစ်သည် အမှန်တကယ်ပင် အလွန်ရှုပ်ထွေးပြီး ၎င်းကိုကိုင်တွယ်ရန် ကျွမ်းကျင်သောလူကို ရှာဖွေဖို့ လိုအပ်သည်။ ဦးနှောက်မှ ကျောရိုး၊ ခန္ဓာကိုယ်အနှံ့ အာရုံကြောကွန်ရက်များအထိ၊ အာရုံကြောတစ်ခုခု မှားယွင်းနေပါက သက်ဆိုင်ရာ အစိတ်အပိုင်းသည် ဦးနှောက်၏ ညွှန်ကြားချက်များကို ကြားနိုင်မည်မဟုတ်ပေ။
လျှိုကျောက်ချင်းက အာရုံကြောစနစ်ကို တာဝန်ယူရန် အစပြုခဲ့ပြီး အားလုံးက အလွန်စိတ်သက်သာရာရသွားသည်။
Ectoderm ၏ လူလေးဦးကို အမြန်ဆုံးဖြတ်နိုင်ခဲ့သည်။
ရွှီယိရှန်းက ဆက်လက်ပြောပြသည်။
"endoderm မှာ အစာခြေလမ်းကြောင်းတစ်ခုလုံးကနေ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်၊ အသည်း ၊ pancreas နဲ့ thymus ၊ thyroid တို့ပါဝင်တယ်… ရိုးရိုးရှင်းရှင်းပြောရရင် အဲဒါက စွန့်ထုတ်ခြင်း၊ အသက်ရှူသွင်းခြင်း၊ အသည်း နဲ့ pancreas ပဲ…"
『TK: Pancreas = အစာခြေမှုကို အကျိုးပြုသော အရည်တစ်မျိုးထုတ်ပေးတဲ့ ဂလင်း၊
Thymus = ကျောရိုးရှိ သတ္တဝါများ၏ လည်ပင်းတွင်ရှိသော သငံရည်အင်္ဂါစုတစ်မျိုး၊
Thyroid = ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းပေးတဲ့ဒြပ်တစ်မျိုးကို ထုတ်ပေးသော အကျိတ်၊』
Endoderm သည် အဓိကအားဖြင့် လူ့ခန္ဓာကိုယ်၏ အတွင်းပိုင်းများကို ဖွဲ့စည်းထားပြီး အစာခြေခြင်းနှင့် အသက်ရှူခြင်းစနစ်နှစ်ခုကို ဖြစ်ပေါ်စေကာ ပြွန်နှင့်တူသောပုံသဏ္ဌာန်များစွာ ရှိသည်။
ကျိုဖုန်းက ပြောလာသည်။
"ငါ endoderm ကို သွားလိုက်မယ်… ငါ အသက်ရှူခြင်းစနစ်ကို တာဝန်ယူနိုင်တယ်… အထက်တန်းကျောင်းတုန်းက သိပ္ပံဘာသာရပ်ကို ငါလေ့လာခဲ့ပြီး ဇီဝဗေဒရဲ့တချို့ကိုတော့ မှတ်မိနေသေးတယ်…"
ခယ်ရှောင်ပင်း၏မျက်မှန်အနောက်ရှိ မျက်လုံးတွေက တစ်ခုခုကို တွေးနေသကဲ့သို့ ဘယ်ညာရွေ့နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ပြောလိုက်သည်။
"ရှင်းယန်၊ မင်းငါနဲ့အတူ endoderm ကို သွားချင်လား? ငါတို့တွေ ကလေးရဲ့ အစာခြေစနစ်ကို အတူတူလုပ်ရအောင်…"
ရှင်းယန်က ပေါ့ပါးစွာ ပြောသည်။
"ဒါဆို ကလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ အစားအသောက်မက်တဲ့သူဖြစ်အောင် ပျိုးထောင်ပေးမလို့လား?"
လူတိုင်း: "..."
ရှင်းယန်၏စကားတွေက အမြဲတမ်း ထက်ရှသည်။
ခယ်ရှောင်ပင်း၏မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ပြုံးလိုက်သည်။
"အစာခြေတဲ့လုပ်ဆောင်မှု ကောင်းမွန်မှသာ ကလေးက အာဟာရတွေကို စုပ်ယူနိုင်ပြီး လျင်မြန်စွာ ကြီးထွားလာမှာလေ! ငါတို့ရဲ့တာဝန်က ကလေးကို ချောချောမွေ့မွေ့ မွေးဖွားပေးရုံသာမက သူငယ်တန်းအရွယ်ရောက်တဲ့အထိ ကြီးထွားလာအောင် လုပ်ပေးရမယ်ဆိုတာ မမေ့နေနဲ့လေ… ကလေးက အစာမကြေရင် ဒါမှမဟုတ် အစာခြေဖျက်တာနဲ့ စုပ်ယူမှုမကောင်းရင် အရမ်းဒုက္ခဖြစ်လိမ့်မယ်…"
လျှိုကျောက်ချင်းက မနေနိုင်စွာ ညည်းညူသည်။
"ရှောင်ခယ်ရဲ့အသံက ကိုယ့်ကလေးမွေးဖွားလာဖို့ မျှော်လင့်နေတဲ့ အဖေကြီးတစ်ယောက်ရဲ့အသံတူနေတယ်…"
ခယ်ရှောင်ပင်းက လေးနက်စွာ ပြောသည်။
"ကျွန်တော်က single ဖြစ်တာ 21 နှစ်ရှိပြီဆိုပေမယ့် စာကြည့်တိုက်မှာ လူတိုင်းနဲ့အတူ ကလေးမွေးနိုင်တာက မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ… ကျွန်တော်က ဒီအခွင့်အရေးကို သေချာပေါက် တန်ဖိုးထားမှာပါ…"
လူတိုင်း: "..."
ခယ်ရှောင်ပင်းသည် သူကိုယ်ဝန်ရှိနေသလို ပြောဆိုနေတာက တကယ်ကိုထူးဆန်းသည်။
ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောလိုက်သည်။
"ဒါဆို မင်း endoderm ကိုသွားပြီး အစာခြေစနစ်ကို တာဝန်ယူလိုက်… ခယ်ရှောင်ပင်းကိုယ်တိုင် ထိန်းချုပ်ရင်း ငါတို့ကလေးရဲ့ စားချင်စိတ်က ကောင်းကောင်းကြီး စားနိုင်မယ်ဆိုတာ ငါယုံကြည်တယ်!"
ခယ်ရှောင်ပင်းက ဝမ်းသာအားရ ပြုံးလိုက်သည်။
"သေချာတာပေါ့၊ အစားအသောက်မက်သူ တစ်ယောက်အနေနဲ့ ပါးစပ်ကနေ အစာပြွန်အထိ၊ အစာအိမ်၊ အူသိမ်၊ ဗလာကျင်း၊ တစ်ဖက်ပိတ်အူ၊ အူသိမ်ရဲ့ နောက်ဆုံးအပိုင်း၊ အူအတက်၊ အူမကြီး၊ စအိုလမ်းကြောင်း… အစာခြေခြင်းစနစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံကို ငါကောင်းကောင်းသိတယ်…"
ကွန်ပျူတာဌာနမှ ကျောင်းသားတစ်ယောက်အနေဖြင့် အစာခြေလမ်းကြောင်းအား ကျွမ်းကျင်စွာ ပြောဆိုသံကို လူတိုင်း ကြားလိုက်ရသောအခါ အံ့ဩစွာ မျက်လုံးများ ပြူးကျယ်သွားသည်—— ‘အမာခံအစားအသောက်မက်သူ’ဖြစ်ရတာက ဘာအဓိပ္ပါယ်လဲ? အစာစားဖို့အတွက် သူက လူသားအစာခြေခြင်းစနစ်ကို တကယ်လေ့လာခဲ့တာလား? ဒါက တကယ်ကို လက်ခံရလိမ့်မယ်။
ယွဲ့ရှင်းဝမ်က သူ့ကို လက်မထောင်ပြချင်ပေမယ့် သူကဘောလုံးဖြစ်နေတာကြောင့် လက်မမပါဘဲ ခယ်ရှောင်ပင်းကို မျက်လုံးမှိတ်ပြခဲ့သည်။
ရှင်းယန်၏အသံက အေးစက်နေဆဲဖြစ်သည်။
"ဒါဆို ကျွန်တော်က endoderm ကိုသွားပြီး အသည်းနဲ့ pancreas တာဝန်ယူလိုက်မယ်…"
ချင်လုက ဆက်ပြောလာသည်။
"ကျွန်မလည်း endoderm ကို သွားလိုက်မယ်… ကျွန်မက အထက်တန်းကျောင်းတုန်းက ဝိဇ္ဇာဘာသာရပ်ကို လေ့လာခဲ့တာဆိုတော့ သန္ဓေသားဖွံ့ဖြိုးမှုအကြောင်း သိပ်မသိဘူး… ကျွန်မက thymus နဲ့ thyroid ရဲ့ ဖွဲ့စည်းပုံနှစ်ခုအတွက် တာဝန်ယူရမှာမလား? ကျွန်မနားမလည်ရင် စီနီယာအစ်ကိုရွှီနဲ့ စီနီယာအစ်ကိုလျှိုကို မေးမယ်လေ…"
ရွှီယိရှန်း: "စိတ်မပူပါနဲ့၊ စီနီယာအစ်ကိုလျှိုနဲ့ ငါက လူတိုင်းကို ကူညီစစ်ဆေးပေးမှာပါ…"
ectoderm နှင့် endoderm နှစ်ခုစလုံးက လူများပြည့်သွားပြီး နောက်ဆုံး mesoderm တစ်ခုသာ ကျန်ရှိတော့သည်။
ယွဲ့ရှင်းဝမ်က မေးသည်။
"Mesoderm ကကော?"
ရွှီယိရှန်း: "ectoderm နဲ့ endoderm ကလွဲရင် ကျန်တာက mesoderm ရဲ့ တာဝန်ပဲ… သန္ဓေသားဖွံ့ဖြိုးမှုဖြစ်စဉ်မှာ mesoderm ရဲ့ ကွဲပြားမှုက အရှုပ်ထွေးဆုံးဖြစ်ပြီး အရေပြား၊ ကြွက်သား၊ အရိုး၊ တွယ်ဆက်တစ်ရှူးတွေ၊ နှလုံး၊ သွေးကြောတွေ၊ ရိုးတွင်းခြင်ဆီ၊ lymph node တွေနဲ့ lymp သွေးကြောတွေပါဝင်တယ်… ခန္ဓာကိုယ်တွင်းရှိ အမျိုးမျိုးသောပြွန်တွေရဲ့အဆုံး၊ သွေးရည်ကြည်အမြှေးပါးအားလုံးရဲ့ ပလာစမာအမြှေးပါးအလွှာနှင့် အတွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ သွေးကြောတွေ၊ အတွင်းအင်္ဂါတွေထဲက ချောမွေ့တဲ့ကြွက်သားတွေ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းစနစ်ရဲ့ ဆီးထွက်ပြွန်တွေ ပြီးတော့ လိင်အင်္ဂါ…"
ယွဲ့ရှင်းဝမ်သည် နားထောင်ရုံဖြင့် ခေါင်းမူးသလို ခံစားလိုက်ရသည်။
"အများကြီးပါလား?"
ရွှီယိရှန်း၏အသံက အကူအညီမဲ့ခြင်း၏အရိပ်အမြွက်ကို ဖော်ပြခဲ့သည်။
"ဟုတ်တယ်၊ mesoderm မှာ ဆဲလ်အမျိုးအစားအများဆုံးပါရှိတယ်… ကျန်တဲ့လေးယောက်က ရှင်းဝမ်၊ ဖျင်စစ်၊ ရှောင်နျန်နဲ့ ငါကဆိုတော့ အတော်လေးကို များပြားတဲ့အလုပ်တွေ လုပ်ရလိမ့်မယ်… ငါတို့လေးယောက်က mesoderm အတွက် တာဝန်ရှိတယ်…"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"ကိစ္စမရှိပါဘူး၊ တစ်ကိုယ်လုံးရဲ့အရိုးတွေကို ကျွန်တော် တာဝန်ယူနိုင်တယ်…"
ယွဲ့ရှင်းဝမ်: "တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေအားလုံးကို ကျွန်တော် တာဝန်ယူလိုက်မယ်… ပိုရှုပ်ထွေးတဲ့ နှလုံးသွေးကြောစနစ်ကိုတော့ စီနီယာအစ်ကိုရွှီအတွက်ပဲ ထားလိုက်တော့မယ်…"
ရွှီယိရှန်းက မေးသည်။
"အရေပြားနဲ့ အမြှေးပါးအလွှာတွေ ရှိသေးတယ်၊ ရှောင်နျန်ဆီ ထားခဲ့လို့ရလား?"
ယွဲ့ရှင်းဝမ်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
"ချင်လုနဲ့ ရှောင်နျန် နေရာလဲလိုက်ပါလား? ရှောင်နျန်က လမ်းပျောက်တတ်တာကြောင့် thymus နဲ့ thyroid လိုမျိုး သီးခြားအင်္ဂါရပ်တွေကို တာဝန်ယူခိုင်းတာက ပိုကောင်းလိမ့်မယ်… သူ နေရာအနံ့ ပြေးသွားနေရရင် စိတ်ရှုပ်သွားလိမ့်မယ်…"
ကျန်းရှောင်နျန်သည် စီနီယာအစ်ကိုရွှီက mesoderm ၏ဖွဲ့စည်းပုံအကြောင်းပြောနေတာကိုကြားသောအခါ နေရာပြောင်းလဲရန် တစ်စုံတစ်ဦးကိုရှာဖွေလိုသော်လည်း စီနီယာအစ်ကိုရှင်းဝမ်က သူ့ကိုကူညီရန် အစပြုခဲ့သည်။ သန္ဓေသား ကွဲပြားခြင်းဖြစ်စဉ်တွင် မည်သူမျှ အမှားပြုလုပ်လို့မရပေ။ လူတိုင်းက ကလေးအကြောင်း တွေးနေကြပြီး အမှားလုပ်မိသူတိုင်းသည် သန္ဓေသားပုံသဏ္ဌာန်မမှန်ခြင်းကို ဖြစ်စေနိုင်သည်။ အင်္ဂါအစိတ်အပိုင်းများကို တာဝန်ယူလိုက်တာက ပို၍အန္တရာယ်ကင်းသည်ဟု သူလည်းထင်သည်။
ကျန်းရှောင်နျန်က အစပြုကာ ပြောခဲ့သည်။
"စီနီယာအစ်မချင်လု၊ ကျွန်တော်နဲ့ နေရာလဲချင်လား?"
ချင်လုက အဆင်သင့် သဘောတူခဲ့သည်။
"ကောင်းပြီ၊ ဒါဆို ငါ mesoderm လာခဲ့မယ်… ရှောင်နျန်က ဒီကိုလာပြီး thymus နဲ့ thyroid gland ကို တာဝန်ယူလိုက်…"
လူတိုင်းက နောက်ဆုံးတွင် တာဝန်ခွဲလို့ပြီးသွားသည်။
ရွှီယိရှန်း: "ကောင်းပြီ၊ အလုပ်စလိုက်ရအောင်… ectoderm က အပြင်ဘက်ဆုံးလမ်းကြောင်းကိုသွားမယ်၊ endoderm က အထဲဝင်မယ်၊ ပြီးတော့ mesoderm က နေရာမှာပဲရှိနေမယ်…"
လူတိုင်းသည် ညွှန်ကြားချက်ကိုကြားသောအခါ သူတို့၏ဦးတည်ရာဆီသို့ လိမ့်သွားကြသည်။
လူတိုင်းသည် သူတို့၏ကိုယ်ပွားဘောလုံးများကို ခေါ်ဆောင်ကာ ectoderm ၊ mesoderm နဲ့ endoderm တို့၏ သုံးလွှာဖွဲ့စည်းပုံတွင် အလှည့်အပြောင်းမရပ်မီ အချိန်အနည်းငယ်ကြာအောင် လိမ့်လိုက်ကြသည်။
စစ်ဆေးသူ၏ စက်အသံက သူတို့၏နားထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။
"အာရုံကြောစနစ်က သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောတစ်ရှူးတွေ ဖြစ်ပေါ်လာစေတယ်…"
ဦးနှောက်ပုံသဏ္ဌာန် အလင်းရောင်အစက်တစ်ခုပေါ်လာပြီး အာရုံကြောစနစ်တာဝန်ခံ လျှိုကျောက်ချင်းသည် အလျင်အမြန်ပြေးလာပြီး စတင်ခွဲထုတ်တော့သည်။ မူလက စက်လုံးလျှိုကျောက်ချင်းသည် အာရုံကြောဆဲလ်များအဖြစ် ကွဲပြားသွားသောကြောင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ သိသာထင်ရှားစွာ ပြောင်းလဲသွားသည်။
သူ့အနီးရှိ လန်ယာရုန်က ကြည့်ရန် မျက်လုံးများကို လှည့်လာပြီး ပြောသည်။
"နင်က ဘယ်လိုလုပ်သစ်ပင်လို ဖြစ်လာရတာလဲ? ပြီးတော့ အမြစ်တွေလည်းရှိသေးတယ်?"
လျှိုကျောက်ချင်းက ပြောသည်။
"အဲဒါက အာရုံကြောဆဲလ်တွေရဲ့ dendrite နဲ့ axon တွေပဲ!"
လန်ယာရုန်က မျက်တောင်ခတ်လိုက်သည်။
"အိုး၊ ထူးဆန်းလိုက်တာ…"
လျှိုကျောက်ချင်း: "..." သူလည်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
ရွှီယိရှန်းက အပြုံးဖြင့် ပြောသည်။
"မအံ့သြပါနဲ့၊ တစ်ရှူးတွေမှာရှိတဲ့ ဆဲလ်တွေက မတူကွဲပြားစွာ ကြီးထွားလာတဲ့အတွက် ကျွန်တော်တို့က စက်လုံးကနေ ထူးဆန်းတဲ့ ပုံသဏ္ဌာန်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်…"
လန်ယာရုန်က သိချင်စွာ မေးလိုက်သည်။
"အရေပြားဆဲလ်တွေက ဘယ်လိုပုံစံမျိုးလဲ?"
ရွှီယိရှန်း: "အရေပြားဆဲလ်တွေက ပိုရှုပ်ထွေးလိမ့်မယ်… အလွှာပေါင်းများစွာရှိပြီး အလွှာတစ်ခုစီက ကွဲပြားတယ်၊ တိုင်ပုံသဏ္ဌာန်၊ ဗဟုဂံပုံသဏ္ဌာန်၊ ဗိုင်းလိပ်တံပုံသဏ္ဌာန်၊ ပြားချပ်ချပ်…"
လန်ယာရုန်က အံ့အားသင့်သွားသည်။
"ဒါဆို နောက်ကျရင် ငါက ပုံစံအမျိုးမျိုး ပြောင်းရမှာလား?"
ရွှီယိရှန်းက လေးနက်စွာ ပြုံးကာ ပြောလိုက်သည်။
"အသားဖြူဖြူနဲ့ ကလေးကို မွေးဖွားလာဖို့အတွက် စီနီယာအစ်မက နောက်ထပ်အနည်းငယ် ပြောင်းလဲဖို့ ကြိုးစားရလိမ့်မယ်…"
လန်ယာရုန်: "..."
တိုင်ပုံသဏ္ဌာန်စီနီယာအစ်မလန်၊ ပြားချပ်ချပ်စီနီယာအစ်မလန်နှင့် ဗဟုဂံစီနီယာအစ်မလန်လား?
သည်လိုပုံစံမျိုးကို အားလုံးက စိတ်ကူးကြည့်လို့တောင်မရပေ။
လျှိုကျောက်ချင်းသည် သူ့ဘာသာသူ အာရုံကြောဆဲလ်များခွဲထုတ်ကာ အလုပ်များနေပြီး ကျန်ရှိသောလူတိုင်းက အသင့်အနေအထားတွင် ရှိနေသည်။
မကြာခင်မှာပဲ သူတို့နားထဲမှာ စက်အသံတစ်ခု ထွက်ပေါ်လာသည်။
"ကိုယ်ဝန် 6 ပတ်လောက်မှာ နှလုံးရဲ့ primordium က ပေါ်လာပြီး စခုန်လာတယ်…"
စကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် mesoderm ဘက်ခြမ်းတွင် ပြွန်ပုံသဏ္ဌာန် နှစ်ခုသည် ရုတ်တရက် ပေါင်းစပ်သွားတာကို လူတိုင်း မြင်လိုက်ရသည်။ ရွှီယိရှန်းသည် အရှိန်အဟုန်ဖြင့် လိမ့်ကာ နှလုံးတွင်နေရာယူလိုက်ပြီး လျင်မြန်စွာ ခွဲထုတ်တော့သည်။
cardiomyocyte မြောက်မြားစွာ၏ အသွင်အပြင်နှင့်အတူ သန္ဓေသား၏နှလုံးပုံစံ ဖြစ်လာသည်။
ရွှီယိရှန်းသည် ခဏတာ အလုပ်များနေပြီး ရုတ်တရက် နှလုံးခုန်သံ၏ ‘ဒုတ် ဒုတ်’အသံက နေရာတစ်ခုလုံးတွင် ထွက်ပေါ်လာသည်။
သန္ဓေသားမှ ဤကဲ့သို့သော နှလုံးခုန်သံသည် လူတိုင်းကို အလွန်မှော်ဆန်သွားစေခဲ့သည်။ လူတိုင်းသည် တိတ်တဆိတ် နားလည်မှုဖြင့် ငြိမ်သက်သွားပြီး ဘဝသစ်မှ နှလုံးခုန်သံကို ဂရုတစိုက် နားထောင်ကြသည်။
အသံက အားပျော့ပေမယ့် လူတိုင်း၏နားထဲကို ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ရွှီယိရှန်းက ပြုံးကာ ပြောလိုက်သည်။
"ထူးဆန်းလိုက်တာ၊ ဘာကြောင့် အဖေတစ်ယောက်ဖြစ်တော့မယ်လို့ငါခံစားနေရတာလဲ?"
လူတိုင်း: "..."
သူတို့တွေ ကျောင်းပြန်ရောက်သောအခါ လူတွေကို သူတို့ပြောပြနိုင်တယ်မလား——
သူတို့က အချစ်ရေးမှာ အတွေ့အကြုံမရှိပေမယ့် ကလေးမွေးဖူးတဲ့ အတွေ့အကြုံရှိတယ်ဆိုတာကိုပေါ့။
#TK