Ch-139
Viewers 35k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၃၉)


အနှီချစ်စရာကောင်းတဲ့ ပေါက်စလေးနှစ်ယောက်ကတော့ လူးလှိမ့်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်ကြသေးဘဲ သွားရည်တွေစီးကျနေလျက် မိခင်နို့အတွက် ချစ်စရာကောင်းအောင် ပြုမူနေကြ၏။ 


ချစ်စဖွယ်ပိုးကောင်လေးနှစ်ကောင်လေးအလား... 


ချင်းရို့ သူမသားတွေရဲ့ မျက်နှာဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ပြီး ယခု အချိန်ကောင်းကို မြတ်နိုးသင့်သလားလို့ တွေးတောနေမိလျက်။ 


အနှီကလေးပေါက်စလေးတွေဟာ များသောအားဖြင့် နူးညံ့ကာ ချစ်ရာကောင်းကြပြီး လွယ်လွယ်လေးဘူလီလို့ရပေမယ့် သူတို့လေးတွေ အိပ်ပျော်နေတဲ့အခါ အိပ်နေတဲ့ ကိုယ်ဟန်အနေအထားမှာ ဇာတ်ကောင်တစ်ခုလို ထူးထူးခြားခြား ရဲရင့်ခံ့ညားနေကြလေရဲ့။ 


နှစ်ယောက်သား အတူတူအိပ်ကြတဲ့အခါ အပြန်အလှန်ဖက်တွယ်ထားကြလျက် ပျော်ပျော်ကြီး စေးကပ်နေကြလေသည်။  


ပြီးတော့ သူတို့လေးတွေက အချင်းချင်းရဲ့ ပါးဖောင်းဖောင်းလေးတွေကို ပွတ်ပေးကြဖို့ လက်လေးတွေကို ဆန့်ထုတ်လိုက်ကြပါသေးသည်... ဟားဟားဟား 


"တကယ်ပဲ ငါ့ရဲ့ တုံးအအသားလေးနှစ်ယောက်ပါပဲ" 


တကယ့်ကို ထူးဆန်းတာတစ်ခုပြောရပါလျှင် ကလေးနှစ်ယောက်ဟာ အဆီဖောင်းဖောင်းမျက်နှာလေးကလွဲရင် အရပ်အမောင်းနှင့် ကိုယ်အလေးချိန် အတူတူပင်။ 


သူတို့လေးတွေက အကြိမ်ပေါင်းများစွာ ထပ်တူညီတဲ့အပြုအမူလေးတွေ လုပ်တတ်ကြ၏။ ဥပမာဆိုရသော် အကြီးလေးက လှည့်ချင်ရင် အငယ်လေးကလည်း ရုတ်တရက်ကြီး လှည့်ချင်လာပေလိမ့်မည်။ တစ်ယောက်က ဘယ်ဘက်လှည့်ကာ နောက်တစ်ယောက်က ညာဘက်လှည့်လာပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်သွားကြတော့သည်။ 


"အာ?" 


"အာ?" 


ချင်းရို့က ကလေးတွေကို "အဲ့ဒါသားလား?" "သားဟုတ်လား?" လို့ ခေါ်၍စနောက်နေလေ၏။ 


ဥာဏ်ရည်မမှီတဲ့ တုံးအမိုက်မဲတဲ့ကလေးတွေဟာ အလွန်ပျော်ရွှင်နေလေ၏။ 


ထိုအချိန်တွင် ဘေးအိမ်ရှိ အစ်မဟွမ်နှင့် အစ်မဟွားဟွားတို့ နှစ်ယောက်လုံး ဗိုက်ကြီးကြီးရှိနေကြပြီဖြစ်ရာ ယခုအချိန်တွင် ကိုယ်ဝန်ဆောင်ပညာရေး စတင်ခဲ့ကြသည်။ 


ယင်းကြောင့်ပဲ ပြဿနာတစ်ရပ်ပေါ်ပေါက်လာလေရဲ့။ ကျန်းချန်ပေ့က အရမ်းဆန်းသစ်တီထွင်စွာဖြင့် သူ့သမီးလေးအတွက် ကိုယ်ဝန်ဆောင်ပညာပေးဖို့ ခြံထဲတွင် အာ့ဟူတီးခတ်ခဲ့လေသည်။ 


ကျန်းချန်ပေ့က အရည်အချင်းနည်းနည်းရှိတယ်လို့ ပြောလို့ရပေ၏။ သူက တယောမတီးတတ်သော်လည်း သူ့ရဲ့အာ့ဟူစ​ကေးက တကယ့်ကိုကောင်းမွန်ပါသည်။ မွေးရာပါအနုပညာဗီဇမပါရှိတဲ့ လုယန်နှင့်မတူပါချေ။ 


သို့သော် သူ့အာ့ဟူက နားထောင်လို့ကောင်းလှပေ၏။ သံစဥ်တွေက လူတွေကို ငိုစေနိုင်လောက်အောင် ဝမ်းနည်းစရာ​ကောင်းလှသည်။ သူစတီးခတ်ချင်းမှာပဲ ဘာမှလုပ်စရာမရှိတဲ့ အမျိုးသမီးတွေလည်း ရှိုးကြည့်ဖို့ရောက်လာကြကာ ကျန်းချန်ပေ့က တေးသွားအနည်းငယ် သီဆိုပေလိမ့်မည်။ 


"ကောင်းတယ် နောက်ထပ်ဟေ့ နောက်တစ်ပုဒ်!!" 


"မစ္စတာကျန်းအတွက် လက်ခုပ်တီးပေးကြပါ" 


… 


အနှီမြင်ကွင်းမှာ ရှေးခေတ်လူ့အဖွဲ့အစည်းရှိ ဖျော်ဖြေတင်ဆက်မှုမြင်ကွင်းနှင့် အတိအကျတူနေလေသည်။ ကိုယ်ဝန်ဆောင်ဟွမ်ရှင်းရင်က သူမ ပန်းကန်လုံးတစ်လုံးယူပြီး သူတို့အား အားပေးကြတဲ့လူတွေကို ​ကျေးဇူးတွေတင်ကာ ပန်းကန်လုံးထဲကို ကြေးပြားတွေကျလာတဲ့ အသံတွေတောင် ကြားနိုင်တယ်လို့ မတွေးမိဘဲမနေနိုင်တော့ပေ။ 

(XH: သူတို့က လမ်းမပေါ်မှာ ဖျော်​ဖြေပြ၊ ဝိုင်းကြည့်တဲ့သူတွေက အကြွေစေ့လေးတွေပစ်ထည့်သွားတာမျိုးလေးကို မြင်ယောင်မိနေတာပါတဲ့) 


"ငါ့သမီးလေးကတော့ အနာဂတ်ကျရင် အနုပညာအဖွဲ့ကို၀င်မှာ အသေအချာပဲ" ဟွမ်ရှင်းရင်က ချင်းရို့ကို ပြောလိုက်၏။ 


"အရမ်းကောင်းပါတယ်၊ အဲဒါက သင့်တော်တာပဲ" ချင်းရို့က ဒီလိုမျိုး ကိုယ်ဝန်ဆောင်ပညာရေးကို နားထောင်ပြီး မွေးဖွားလာတဲ့ ကလေးလေးဟာ သူမရဲ့ တုံးအအရတနာလေးတွေထက် ဂီတမှာ ပိုထူးချွန်မှာပဲလို့ တွေးနေခဲ့သည်။ 


ချင်းရို့က ဂီတတူရိယာတွေ တီးခတ်ရန် ပြင်ဆင်မှုတွေကို စွန့်လွှတ်ထားပြီးဖြစ်သည်။ 


သူမ ကလေးတွေကို သူတို့အဖေဆီကနေ တယောတီးတာကို တိုက်ရိုက်သင်ယူစေလိုက်မယ်။ ရိုးရှင်းတဲ့ ကလေးသီချင်းအနည်းငယ်ကို တီးခတ်နိုင်တာကပဲ ကျေးဇူးတင်စရာပင်။ 


"ငါကတော့ သမီးလေးကို အာ့ဟူတီးသင်ဖို့ ခွင့်မပြုပါဘူးနော်။ သူမလေးကို တယောတီးသင်စေချင်တာ၊ ငါ့သမီးလေးက တယောတီးရင် အရမ်းလှမှာ သေချာတယ်" 


"အချိန်တန်ရင် ငါ့သားတွေဆီက တယောပြန်သင်ပေါ့၊ အသက်နှစ်နှစ်ကွာတာက ပြဿနာမှမဟုတ်ဘဲလေ၊ အိမ်နီးချင်းတွေဆိုတော့ အနာဂတ်ကျ သူတို့လေးတွေလည်း မကြာမကြာ အတူတူဆော့ကစားကြမှာပဲဟာ" 


ဟွမ်ရှင်းရင် ခေါင်းညိတ်လိုက်သည်။ 


တစ်နေ့တွင် လုယန် အိမ်ပြန်ရောက်တဲ့အခါ ဘေးအိမ်မှ ကျန်းချန်ပေ့က သူ့ကို ဆွဲခေါ်လိုက်ကာ ခဏကြာ စကားပြောနေခဲ့သည်။ 


ထို့နောက်တွင်မူ လုယန်က သူ့ဇနီးလေးကို ​ပြောလာခဲ့သည်။ 

"လောင်ကျန်းက ကိုယ်တို့သားတွေကို အာ့ဟူတီးနည်း သင်ပေးချင်တယ်တဲ့။ ဒါပေမဲ့ ကိုယ်ကတော့ သူ့ဆီကနေ ကိုယ့်သားတွေကို မသင်စေချင်ပါဘူး"  


ချင်းရို့လည်း သူမခင်ပွန်းဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြသည့်နှယ် ခေါင်းညိတ်လိုက်၏။ 


ဒါပေမယ့် လုယန်က နောက်ထပ်အကြောင်းအရာတစ်ခုကို မျှော်လင့်နေတာကြောင့်ပါပဲ။ "မိန်းမရေ အနာဂတ်ကျ မင်း ကလေးတွေကို အိမ်မှာပဲ အကနဲ့ သီချင်းဆိုသင်ပေးလို့ရတယ်လေ" 


"ကိုယ်တို့ခြံထဲမှာ ကလိုက်ရုံပဲ၊ နေရာလည်းကျယ်တယ်လေ"  


ခြံထဲမှာ ချစ်ဖို့ကောင်းတဲ့ပေါက်စလေးနှစ်ယောက်နှင့် သူ့ဇနီးလေးက အတူတူကနေရင် အဲဒီမြင်ကွင်းလေးဟာ တကယ့်ကိုပဲ... 


လုယန်က ထိုမြင်ကွင်းကို အရမ်းမြင်ချင်နေလေပြီ။ ဒါဟာ သူ့ရဲ့ အနာဂတ်တိုက်ပွဲအစီအစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့၏။ 


ကနဦးတိုက်ပွဲရည်ရွယ်ချက်တွေပေါ့... 


ချင်းရို့: "…" 


မဖြစ်နိုင်ဘူး၊ အဲဒါကို စဉ်းတောင်မစဥ်းစားပါနဲ့! 


လုယန် ရိုးရိုးရှင်းရှင်း ရေချိုးလိုက်ပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေ လဲဝတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာဖြင့် သူ့ဇနီးလေးအား "လောင်ကျန်းက ဒီရက်ပိုင်း တစ်ခုခုထူးဆန်းနေသလိုပဲလို့ ကိုယ်ထင်တယ်ကွာ"  


"ဟုတ်တယ်၊ နည်းနည်းတော့ ထူးဆန်းနေတယ်" ဒါပေမယ့် ချင်းရို့က ဒါဟာ ပုံမှန်ပါပဲလို့ တွေးမိတာကြောင့် "ဘာပဲဖြစ်ဖြစ် သူက အဖေတစ်ယောက်ဖြစ်လာတော့မှာလေ" 


"သူက ကိုယ်တို့သားရဲ့ အနှီးကို တစ်ချိန်လုံး စိုက်ကြည့်နေတာကွာ၊ ပြီးတော့ အဲဒါက ကျိုးကျိုးဟာလား ဖက်ထုပ်လေးဟာလားလို့ မေးသေးတယ်" 


ချင်းရို့: "... သူစပ်စုချင်နေတာနေမယ်။ အင်းလေ ကျိုးကျိုးနဲ့ ဖက်ထုပ်လေးက အရမ်းဆင်တူလွန်းတာကိုး" 


"ဖြစ်နိုင်ပါတယ်" လုယန်လည်း ဒါကို သိပ်အလေးအနက်မထားခဲ့ပေ။ 


ဘေးအိမ်ရှိ လောင်ကျန်းက မကြာသေးမီက သမီးရူးရူးနေခဲ့တာကိုတော့ လုယန်တို့နှစ်ယောက် မသိရှာပါပေ။ လောင်ကျန်းက သူ့မှာ သမီးလေးတစ်ယောက်ရှိလာခဲ့ရင် အနာဂတ်တွင် သူ့ရဲ့ချစ်လှစွာသောသမီးလေးကို ဘယ်သူနဲ့လက်ထပ်ပေးရမလဲလို့ တွေးတောနေခြင်းသာ။ 


လူတစ်ယောက်ဟာ အတွေးတွေများပြားလွန်းလာသည်နှင့်အမျှ သူတို့အတွေးတွေလည်း ပို၍ပင် ဆင်ခြင်တုံတရားကင်းမဲ့လာ၏။ 


ဘေးအိမ်က သားနှစ်ယောက်ဟာ သူ့သမီးထက် တစ်နှစ်လောက်ပဲ ကြီးတာကြောင့် သူတို့ထဲကတစ်ယောက်ကို သားမက်ရွေးချယ်လို့ရပေမည်။ 


သူ့တို့အဖေရဲ့ အသွင်အပြင်ကိုကြည့်လိုက်ပါက အနှီကလေးလေးနှစ်ယောက်ဟာ ချောမောမှာပဲဆိုတော့ ပြဿနာတစ်စုံတစ်ရာ မရှိပါချေ။ 


သူတို့လေးတွေက သူ့ရဲ့သားမက်ဖြစ်ဖို့ရာ ကောင်းမွန်လှတဲ့ ကိုယ်စားလှယ်လောင်းတွေပဲ၊ ပြီးတော့ ကလေးတွေက အနာဂတ်မှာ ငယ်ရည်းစားတွေဖြစ်ရင်လည်းဖြစ်လာမှာပေါ့လေ... သူတို့လေးတွေ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိလာနိုင်တာပဲ... 


ဘေးအိမ်က လှန်းထားတဲ့ အနှီးနှစ်ထည်ဟာ သူ့ရဲ့အနာဂတ်သားမက်လောင်းတွေ ဖြစ်လာနိုင်လေရဲ့။ 


ဖခင်တစ်ဦးအနေနဲ့ သူ့သမီးကို သူ့ဆီကနေ လုယက်သွားမယ့် ကောင်စုတ်လေးကို မကျေနပ်သော်ငြား ကလေးတွေကို အဖေက ထိန်းရတယ်လို့ ပြောထားကြသဖြင့် အနာဂတ်ကျ သူ့သမီးအစား ထိုကောင်စုတ်လေးက ကလေးတွေရဲ့ အနှီးတွေကို လျှော်ဖွပ်ပေးဖို့ ကူညီပေးမယ်ဆိုရင် သူ့ကို သူလက်ခံနိုင်ပါတယ်လေ။ 


ဒီလိုတွေးကြည့်တဲ့အခါ စိတ်ထဲမှာ နည်းနည်းလေး ပျော်ရွှင်သွားရလေပြီ။ 


ဒီအနှီးလေးတွေကို ပိုလို့တောင်မျက်စိပဒေသာဖြစ်လာချေပြီ။ 


ကျန်းမိသားစုနဲ့မတူစွာပင် လီချင့်ဟွားကတော့ သူမရဲ့ကလေးကို ကိုယ်ဝန်ဆောင်ပညာရေးမပေးပေမယ့် ကျန်းချန်ပေ့ အာ့ဟူတီးချိန်တိုင်း သူမလည်း လာကြည့်တတ်သည်။ ဘာပဲဖြစ်ဖြစ် သူမမှာလည်း ဘာမှလုပ်စရာမှမရှိဘဲ။ 


"အရမ်းကောင်းတယ်ဟေ့၊ ငါ့သမီးကိုလည်း နောင်တစ်ချိန်မှာ အာ့ဟူသင်ယူခွင့်ပေးမယ်" လီချင့်ဟွားက လောင်ကျန်းရဲ့ အာ့ဟူကို အတော်လေးသဘောကျလေ၏။ 


ချင်းရို့က ဖိတ်ခေါ်လိုက်ရာ "နောင်ကျ ငါ့သားလေးနှစ်ယောက်နဲ့အတူတူ နင့်ကလေးလည်း တယောသင်လို့ရတယ်လေ" 


xxx