Ch-138
Viewers 35k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၃၈)


"ဟုတ်​တယ်​ သူ လုယန်နဲ့​ တွေ့သွားလို့ပဲဖြစ်​ရမယ်​။ လုယန်က ချင်းရို့နဲ့ လက်​ထပ်​လိုက်တာကိုလည်း သိ​သွားလို့ သူ ငါနဲ့ လုယန်ရဲ့ ဆက်ဆံရေးကို နားလည်​မှုလွဲသွားတာဖြစ်မယ်..." 


"ဟမ့်! ဒီကိစ္စတွေကို ငါမသိဘူးလို့ နင်ထင်နေတာလား? လုယန်ရဲ့ ဇနီးက သူ့အတွက် ဝဝကစ်ကစ်သားနှစ်ယောက် မွေးပေးထားတာဟဲ့။ သူတို့လင်မယားက အရမ်းချစ်ခင်ကြပြီးတော့ နင်နဲ့ဘာဆက်ဆံရေးမှမရှိဘူးဆိုတာ သိပြီးသား။ ငါတို့ ကျောက်မိသားစုက ဘာမှ နားလည်မှုလွဲမှာမဟုတ်ဘူးဟဲ့" 


"နင် ငါတို့ကျွေးတာစား၊ ငါတို့မိသားစုကို အသုံးချပြီးတော့ ဒီနှစ်တွေထဲမှာ ငါ့မောင်အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသလား? ဟမ်! နင့်လိုလူမျိုးကို လက်ထပ်ခဲ့တာကိုက ငါ့မောင် ရှစ်ဘဝလောက် ကံဆိုးသွားခဲ့တာပဲ၊ အခု သူ သတိပြန်ဝင်လာခဲ့ပြီဆိုတော့ နင် ငါတို့ကျောက်မိသားစုကို ဘာဒုက္ခမှလာမပေးနဲ့တော့" 


… 


၁၉၇၃ခုနှစ် ဇန်န၀ါရီလကုန်တွင် ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ ၆လပြည့်ပြီဖြစ်၍ ချင်းရို့လည်း သူတို့လေးတွေကို ဖြည့်စွက်အစားအစာတွေဖြစ်တဲ့ ကြက်ဥအနှစ်သက်သက်၊ ကြိတ်ချေထားတဲ့ ငါးအသား၊ တို့ဖူး၊ ရွှေဖရုံသီးစသည်တို့ကို စတင်ကျွေးလာခဲ့၏။ ကလေးနှစ်ယောက်ကလည်း ဘာကျွေးကျွေး အားလုံးကို စားနိုင်ကြလေသည်။ 


ကလေးတွေက ဖြည့်စွက်စာတွေစားပြီးနောက် ချင်းရို့ ရှိနေခဲ့ရင် သူမရဲ့ရင်သားတွေကို လှမ်းဆွဲကာ ခဏလောက် နို့စို့ချင်နေကြပါသေးသည်။ 


"မင်းတို့အစားကြီးတဲ့သရဲလေးတွေ! အခုလေးတင် စားပြီးသွားကြတာမဟုတ်ဘူးလား?!" 


"အား အား အား ! !" 


ချင်းရို့က သူတို့လေးတွေကို ဖြည့်စွက်စာတွေကျွေးပြီးနောက် သူတို့စားသမျှတွေ အစာကြေစေရန်အတွက် နို့မတိုက်သေးသော်လည်း အနှီပေါက်စလေးနှစ်ယောက်ဟာ ဘာတွေဖြစ်နေမှန်းကို မသိတော့ပေ။ သူတို့ကလည်း စားဖို့ပဲသောင်းကျန်းနေကြလျက်။ 


"ဒီလောက်မြန်မြန်ကြီး အစာကြေသွားတာတော့မဟုတ်ဘူးမလား?" 


ချင်းရို့လည်း ကလေးတွေကို ကြိတ်ချေထားတဲ့ ရွှေဖရုံသီးအနည်းငယ် ထပ်ကျွေးလိုက်ရာ ပေါက်စလေးတွေကလည်း စိတ်ပျက်လက်ပျက်နဲ့ စားလိုက်ပြန်သည်။ 


ယခုဆို ကလေးတွေက ထထိုင်နိုင်နေပြီဖြစ်သည်။ နေ့အပူချိန် တအားမြင့်တာကို စဥ်းစားမိသွား၍ ချင်းရို့က ကလေးတွေအား အနီရောင်ပုဝါလေးတွေ ဝတ်ဆင်ပေးလိုက်ပြီး ဓာတ်ပုံများစွာရိုက်ခဲ့ပေသည်။ 


တော်တော်လေးရုပ်ဆင်တူကြတဲ့ အမြွှာလေးနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြရာ မှန်ကြည့်နေသည့်အတိုင်းပင်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးကျယ်ကျယ်ဖွင့်ထားကြလျက် မျက်နှာချင်းဆိုင်က အကိုကြီး(ညီလေး)ကို ကြည့်နေခဲ့ကြပြီး သူတို့ပါးစပ်ထောင့်မှ သွားရည်တွေစီးကျလာကာ ဗလုံးဗထွေး ရေရွတ်သံတွေ ထွက်ပေါ်လာလေ၏။ 


"ကျိုးကျိုးရေ သားညီလေးကို သွားဖက်လိုက်" 


"အာ အာ အာ..." 


အနှီကလေးပေါက်စလေးတွေမှာ သွားတွေ စပေါက်လာပြီဖြစ်ရာ သူတို့ပါးစပ်ဖွင့်လိုက်တဲ့အခါ အောက်ဘက်မှ အချွန်အတက် သွားဖြူဖြူလေးနှစ်ချောင်း ထွက်ပေါ်လာသဖြင့် ရူးတူးတူးနဲ့ ချစ်စဖွယ်ကောင်းနေလေ၏။ 


ထိုသွားလေးတွေကြောင့် သူတို့ အမြဲလိုလို သွားရည်တွေယိုနေကြရသည်ပင်။ သူတို့ရဲ့ အနှီးတွေကို လျှော်ရရုံသာမက သွားရည်ခံလေးတွေကိုပါ လျှော်ဖွပ်နေရချေပြီ။ 


"မင်းမားမားရဲ့လက်မှာ တံတွေးတွေရွှဲအောင်လုပ်တယ်ပေါ့လေ၊ ဖက်ထုပ်လေးရေ... မင်းလူညစ်ကလေးကတော့... ဟမ် နေပါဦး... မင်းက အကြီးလေးပဲ" 


"အစ်ကိုကြီးဆိုတာက ညီငယ်လေးအတွက် ဦးဆောင်လမ်းပြဖြစ်ရမယ်လေ" 


ကလေးတွေဟာ နူးညံ့ဖြူစင်ကြလေ၏။ မနက်ခင်းတိုင်း ချင်းရို့က ကလေးတွေရဲ့ပါးပါးလုပ်ပေးထားတဲ့ ကလေးတွန်းလှည်းလေးထဲမှာ သားလေးနှစ်ယောက်ကို ထိုင်စေပြီး ခြံထဲမှာ ၁၀မိနစ်လောက် နေပူစာလှုံဖို့ ခေါ်သွားတဲ့အခါ တခြားမိသားစုဝင်တွေက မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိသည်။ 


အမြွှာလေးနှစ်ယောက်ဟာ လှလှပပလေး ကြီးပြင်းလာကြတာပဲလို့ သူတို့အားလုံး ပြောကြလေရဲ့။ 


ချင်းရို့လည်း မှန်နေတာပဲလေလို့ သူမဘာသာတွေးနေမိလျက်။ 


သူမရဲ့ ပေါက်စလေးတွေဟာ အစားသမားတွေဖြစ်ကြကာ မဝကြသော်ငြား အတော်လေးသန်မာကြလေ၏။ သူတို့လေးတွေရဲ့အဖေနှင့် တူကြသည်ပင်။ 


မျက်နှာထက်တွင် ကလေးအဆီလေးတွေရှိနေပြီး လက်မောင်းတိုတိုလေးတွေဟာ ကြာရိုးအဆစ်နဲ့တူလေသည်။ သူတို့ရဲ့အသားအရေမှာ နူးညံ့ချောမွတ်နေပြီး အရိုးအဆစ်တွေ ကြီးမားသော်လည်း သူတို့ကိုပွေ့ချီထားတဲ့အခါ အရိုးလုံးဝမရှိသလိုမျိုး အသားပြည့်ပြည့်လေးတွေကိုသာ ခံစားမိပေသည်။ 


အကြောင်းသည်ကား သူတို့အဖေရဲ့ မျိုးရိုးဗီဇ အားကောင်းလွန်းသောကြောင့်ပင်။ အမြွှာနှစ်ယောက်စလုံးက လုယန်နှင့် တစ်ထပ်တည်းတူကြ၍ အပြင်လူတွေက ကလေးတွေကို တွေ့တဲ့အခါ မေးစရာပင်မလိုဘဲ ခေါင်းဆောင်လုရဲ့ သားတွေမှန်း သိကြသည်။ 


အမြွှာလေးတွေက လုယန်ရဲ့ အရပ်ပုပု၊ ချစ်စရာဗားရှင်းတစ်ခုပါပဲ။ 


ရလဒ်အနေဖြင့် ချင်းရို့က ယခု လုယန်ကိုကြည့်တဲ့အခါတွင် သူဟာ လေးနက်လွန်းတယ်လို့ ခံစားရလေရဲ့။ 


ထို့ကြောင့် ချင်းရို့က လုယန်အား လေးနက်တဲ့မျက်နှာထားဖြင့် ပြောလိုက်လေ၏။ "ရှင့်အဖွဲ့သားတွေ ကလေးတွေကိုကြည့်ဖို့ ခဏခဏလာရင် အနာဂတ်မှာ သူတို့ ရှင့်အလုပ်တွေကို နှောင့်နှေးစေမှာလား? ကျွန်မအထင်တော့ ရှင်လည်း ကျွန်မတို့သားတွေလိုပဲ မိုက်မဲတာပဲနော်၊ လွယ်လွယ်လေးအရူးလုပ်လို့ရတယ်" 


"ကိုယ်တို့သားတွေက မတုံးပါဘူးကွာ၊ သူတို့လေးတွေက ဘယ်မှာတုံးအမိုက်မဲလို့လဲ?" 


လုယန် ပြုံးလျက် သူ့လက်တစ်ဖက်စီမှာ ကလေးနှစ်ယောက်ကို ပွေ့ဖက်ထားလိုက်၏။ သို့သော် ပွေ့ဖက်ပြီးနောက်တွင်မူ သူ့အဝတ်အစားပေါ်မှာ တံတွေးအမှတ်အသားနှစ်ခု ကျန်သွားပါတော့သည်။ 


ဒီသွားရည်တွေစီးကျနေတဲ့ ချစ်စရာကလေးပေါက်စလေးတွေက ဘယ်လိုပဲကြည့်ကြည့် တုံးအမိုက်မဲနေတဲ့ပုံပေါက်နေတယ်ရော... 


ကလေးနှစ်ယောက်လုံးဟာ စိတ်သဘောကောင်းကြတယ်ဆိုတာကို ချင်းရို့ တွေ့ရှိခဲ့လေ၏။ သူတို့လေးတွေက ငိုယိုပြဿနာရှာတာတွေနည်းပါးပြီး နေ့တိုင်းပျော်ရွှင်နေကြသည်ပင်။ 


သူတို့အမေကို တွေ့တဲ့အခါ ရယ်ပြပြုံးပြတယ်၊ သူတို့အဖေကို တွေ့ရင်လည်း ရယ်ပြကြတယ်။ သူတို့အဘိုးနဲ့အဘွားကို တွေ့တဲ့အခါလည်း ပျော်နေကြပြန်ရော။ ရှမင်ရှီးကို တွေ့ရင်လည်း စိတ်လှုပ်ရှားစွာ တုံ့ပြန်တတ်ကြပြီးတော့ ရှောင်ကျင်းရိက သူတို့လေးတွေအတွက် ပန်းချီဆွဲပေးတဲ့အခါ ရယ်မောနေကြပြန်တယ်... 


ဒီကလေးနှစ်ယောက်ဟာ အရမ်းကိုပေါင်းသင်းဆက်ဆံဖို့ လွယ်ကူလွန်းနေလေရဲ့... 


သူမသာ သူတို့လေးတွေကို စားဖို့တစ်ခုခုပေးထားသရွေ့ စားပြီးသောက်ပြီးသည်နှင့် နေ့တိုင်း လူးလှိမ့်ပြကာ အလိုလိုက်ံရတဲ့ကလေးလေးတွေလို လုပ်ပြနေမှာဖြစ်ပြီး ကလေးတွေဟာ သွားရည်တွေစီးကျနေလျက် ဖျော်ဖြေပြနေပါလိမ့်မည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာအောက်ရှိ တုံးအအမိုက်မဲတဲ့ ပန်ဒါပေါက်လေးနှစ်ကောင်အလား။ 


ကလေးတွေဟာ ဒီလောက် အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံမှုရှိကြလိမ့်မယ်လို့ ချင်းရို့ တစ်ခါမှမတွေးထားဖူးခဲ့ပေ။ သူမရဲ့ကလေးတွေငိုရင် သူမက ချော့မြူပေမည်။ 


အရင်တုန်းက ပိပိပုစွန်နှစ်ကောင်လေးမွေးလာမှာကို သူမကြောက်ခဲ့ပေမယ့် အခုတော့ ချင်းရို့က ငတုံးသားလေးနှစ်ယောက်ကို ပျိုးထောင်ရမှာကို စိုးရိမ်နေချေပြီ။ 


ချင်းရို့က ယောက္ခမ ကျန်းဖျင်ဆီ သွားမေးကြည့်လိုက်၏။ "လုယန် ငယ်ငယ်တုန်းကလေ အရမ်းနာခံတတ်လားဟင်?" 


ကျန်းဖျင်က ရှက်ရွံ့စွာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလာခဲ့သည်။ "ဖြစ်နိုင်ပါတယ်" 


ချင်းရို့: "…" 


"သူ လသားအရွယ်တုန်းက သူ့သားတွေလိုပုံစံပါပဲ" 


ချင်းရို့: "...တကယ်လား?" 


ကျန်းဖျင်က မိခင်တစ်ယောက်အနေနှင့် ချွေးမလေးအား ​အကြံဥာဏ်တချို့ပေးရမယ်လို့ ခံစားမိ၍ "ဒီအချိန်က ကလေးတွေကို သေချာသွန်သင်လို့ရတဲ့ အကောင်းဆုံးအချိန်ပဲ" 


"ဘာလို့?" ပထမဆုံးအကြိမ် မိခင်ဖြစ်ဖူးတဲ့ ချင်းရို့ကတော့ ထိုအကြောင်းကို အမှန်တကယ်ပင် မတွေးခဲ့မိပေ။ ကလေးငိုသံနဲ့ ဆူဆူညံညံသံတွေလုပ်လေ့ရှိတဲ့အခါ အိမ်နီးနားချင်းတွေကို စိတ်ပျက်စေပြီး မိခင်တွေလည်း မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါကို ဖြစ်စေတယ်လို့ အရင်တုန်းက သူမကြားဖူးခဲ့သည်။ 


သူမရဲ့ ကလေးနှစ်ယောက်က ငိုလည်းမငို၊ ပြဿနာလည်းမရှာတတ်၊ သူတို့ညီအစ်ကိုနှစ်ယောက်စလုံးက လိမ္မာကြပြီး နေ့တိုင်း ပျော်ပျော်ကြီး စားလိုက်သောက်လိုက်လုပ်ကြကာ *ဝက်ဝံကလေးတွေရဲ့ လက္ခဏာတွေ လုံးဝမတွေ့ရပါချေ။ (*ဆိုးသွမ်းတဲ့ကလေးတွေ) 


"ဒီကလေးနှစ်ယောက်က တွားသွားလို့တောင်မတတ်သေးဘူးလေ" 


ချင်းရို့: "…" 


အမှန်ပါပဲ... 


xxx