ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၇၄.၂)
လီချန်ဖုန်း ထိုသို့ပြောပြီးနောက် မြည်းလှည်းကို နောက်ပြန်မကြည့်တော့ဘဲ မောင်းသွားပါတော့သည်။ အဖေလီက ခြံတံခါးအဝထိ ပြေးလိုက်သွားပေမယ့် နှင်းထဲက ဘီးရာတွေကိုသာ မြင်လိုက်ရသဖြင့် "ဒုတိယသား! ဒုတိယသား! ငါ့အတွက် ပြန်လာပါကွာ!"
"ဒီကောင်စုတ်လေး! တတိယသား မင်းဘာလို့ ရပ်နေသေးတာလဲ၊ မင်းရဲ့ ဒုတိယအစ်ကိုဆီ လိုက်သွားပြီး မတောင်းပန်သေးဘူးလားကွ?!" အဖေလီ ဒေါသတကြီးဖြစ်နေကာ ပင်မခန်းတံခါးဝတွင် ခေါင်းငုံ့ထားသော လီလောင်စန်းကိုဆွဲရင်း အောက်ငေါက်နေခဲ့သည်။
"ဘာဖြစ်ကြတာလဲ? ခင်ဗျား ဘာတွေအော်နေတာတုန်း? အဘိုးကြီး ခင်ဗျားဘာလုပ်နေတာလဲ!" အမေလီ အသံဗလံတွေကြားသဖြင့် မီးဖိုချောင်က ထွက်လာကာ မေးလိုက်လေ၏။
"မင်းမွေးတဲ့ သားကောင်းကြောင့်ပဲပေါ့! တစ်ယောက်မှ ငါ့ကို အေးအေးဆေးဆေးနေခွင့်မပေးကြဘူး!" အဖေလီက သူ့ခြေထောက်ကို အပြင်းအထန် ဆောင့်လိုက်ရင်း ဒေါသတကြီး ထွက်သွားလေသည်။ သူ လီချန်ဖုန်းကို ရပ်တန့်ဖို့ သွားရမယ်။
"ဒါကဘာသဘောလဲ? အားလုံးကို ကျုပ်တစ်ယောက်တည်း မွေးထားတာမို့လို့လား၊ ခင်ဗျားမပါဘဲ သူတို့ကို ဘယ်လိုမွေးမှာလဲ!" အမေလီက သူ့နှာခေါင်းသူထိနေရင်း နားမလည်နိုင်ဖြစ်နေလျက်။
လီချန်ဖုန်း မြည်းလှည်းကို မောင်းလာခဲ့ပြီး မကြာမီ လီကျန်းအိမ်သို့ ရောက်လာလေပြီ။ ခဏလောက် စကားပြောပြီးသည်နှင့် သူထွက်လာကာ အိမ်ပြန်သွားတော့သည်။
အဖေလီနဲ့ တခြားသူတွေ ရောက်လာချိန်တွင်မူ သူတို့ရှာနေတဲ့လူမှာ ထွက်သွားခဲ့တာကြာလှလေပြီ။ လီကျန်းက အဖေလီအား ကိုယ့်ကလေးကိုတောင် အသိအမှတ်မပြုဘဲ ရက်စက်တဲ့သူလို့ အပြစ်တင်လှောင်ပြောင်ခဲ့လေ၏။
ဤတစ်ကြိမ်တွင်မူ အဖေလီက စိတ်ဆင်းရဲရုံသာမက သူ့ခေါင်းလည်း နာကျင်နေလျက်!
***
ရွှီချင်း ညစာချက်နေကာ ထွမ်ထွမ်အိပ်ပျော်နေသဖြင့် ရွှီချင်းလည်း အလုပ်တွေကို ခဏတာ စိတ်အေးလက်အေး လုပ်နိုင်လေပြီ။ ဟင်းပွဲတွေကို စားပွဲပေါ်တင်ပြီးသည်နှင့် နှင်းတွေဖုံးလွှမ်းနေတဲ့ လီချန်ဖုန်းက ပြန်ရောက်လာခဲ့၏။
"ခင်ဗျားဒီလိုပုံစံဖြစ်လာမယ်လို့ ကျွန်တော်သိသားပဲ။ ရေသွားချိုးတော့၊ ရေချိုးခန်းထဲမှာ ခင်ဗျားအတွက် ရေနွေး ပြင်ထားပေးတယ်၊ သွားဆေးကြောလိုက်ဦး။ ကျွန်တော် ကလေးကို သွားကြည့်လိုက်ဦးမယ်"
လီချန်ဖုန်း ခေါင်းငုံ့လာကာ ရွှီချင်း နဖူးလေးကို နမ်းလိုက်ပြီး "ကိုယ့်မှာ အရမ်းကောင်းတဲ့ ဇနီးလေးတစ်ယောက်ရှိတာပဲ"
"အပြောချိုတဲ့ပါးစပ်လေးပဲ" ရွှီချင်း အပြုံးလေးနဲ့ ပြောလိုက်ကာ သူ့လက်ကိုဆန့်ထုတ်၍ လီချန်ဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်က နှင်းတွေကို ပုတ်ခါပေးလိုက်ပြီးမှ ထွမ်ထွမ်ကို ချီရန် အခန်းထဲ ဝင်သွားလိုက်လေ၏။ အခုလောက်ဆို ဖက်ထုပ်လေး နိုးနေသင့်ပါပြီနော်။
ညစာစားပြီးသောအခါ သူတို့က ထွမ်ထွမ်ကိုယ်လေးကို သုတ်ပေးပြီးနောက် အိပ်ရာဝင်ခဲ့ကြလေသည်။
ထွမ်ထွမ်က ကုတင်ကြီးဘေးရှိ ပုခက်ထဲတွင် အိပ်နေပြီး သူတစ်ယောက်တည်း ဗလုံးဗထွေးစကားတွေပြောနေကာ ငိုမနေဘဲ သူ့စောင်သေးသေးလေးကို ဆွဲကစားနေလျက်။
"ဒါဆို နှစ်သစ်ကူးနေ့မှာ ဂါဝရသွားပေးစရာမလိုတော့ဘူးလား?" ယနေ့နေ့လည်တုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေအကြောင်း လီချန်ဖုန်း ပြန်ပြောပြသည်ကို ကြားပြီးတဲ့အခါ ရွှီချင်း နိဂုံးချုပ်လိုက်လေ၏။
"အင်း ကိုယ်တို့မသွားတော့ဘူး။ အနည်းဆုံးတော့ ဒီနှစ်အတွက် နှစ်သစ်ကူးနှုတ်ဆက်စရာ မလိုတော့တဲ့အတွက် မင်း ပျော်သင့်တယ်" လီချန်ဖုန်းက ရွှီချင်းကို ဖက်ထားရင်း ပြောလိုက်လေ၏။
လီမိသားစုအိမ်၌ လူများစွာရှိနေမည်ဖြစ်သဖြင့် လူများနေပြီး ဆူညံနေမည်ပင်။ ဒါတင်မကသေးဘဲ ရွှီချင်းက ကလေးမွေးထားတာ မကြာသေးသလို ကလေးငယ်လေးကလည်း ဒီလိုချမ်းအေးပြီး နှင်းတွေကျတဲ့နေ့မှာ ခရီးသွားရလို့ သူတို့ဖျားသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲနော်?
"ခင်ဗျားမှာ နှလုံးသားအကြီးကြီးရှိတာပဲနော်။ ဒီတော့ ထွမ်ထွမ်ကို ကျွန်တော့်မျိုးရိုးနာမည်ပဲ ယူခွင့်ပြုလိုက်တာလား?" ရွှီချင်းသည် လီချန်ဖုန်းရဲ့ ရင်ဘတ်ပေါ်တွင် လဲလျောင်းနေရင်း မုတ်ဆိတ်မွေးငုတ်စိနေရာလေးအား အနမ်းပေးလိုက်ကာ အပြုံးလေးနဲ့ မေးလိုက်သည်။
လီချန်ဖုန်းက ရွှီချင်းခါးလေးကို ထိကာ နက်မှောင်နေသော မျက်လုံးများဖြင့် "ကိုယ်က နဂိုကတည်းက ခေါ်ယူထားတဲ့ ခင်ပွန်းပဲလေကွာ"
ရွှီချင်းက အောက်သို့ဆက်လက်ဆင်းနေသော လီချန်ဖုန်းရဲ့လက်ကြီးကို ဖမ်းကိုင်ထားလိုက်ပြီး မရေမရာစွာ မေးလာခဲ့၏။ "ခင်ဗျားဘာလုပ်နေတာတုန်း?"
လီချန်ဖုန်းက ရွှီချင်းကို အိပ်ရာပေါ် တွန်းချလိုက်ကာ သူ့နားရွက်ကိုကိုက်ရင်း ဆွဲဆောင်မှုအပြည့်နဲ့ တိုးဖျော့ဖျော့ ပြောလာလေသည်။ "မင်းကို ချစ်မလို့"
ဒါကိုကြားပြီးနောက် ရွှီချင်းလည်း ပူလောင်လာသလိုပင်။ ဒီရက်ပိုင်းမှာလည်း ကလေးငိုသံကြောင့် အနှောက်အယှက်ဖြစ်ရသောကြောင့်၊ ဒါမှမဟုတ် အရမ်းအိပ်ငိုက်လွန်းတာမို့ လုပ်ရန်စိတ်မပါသောကြောင့် သူတို့လုပ်ခဲကြလေ၏။ လီချန်ဖုန်းက ဆန္ဒရှိရင်တောင်မှ ရွှီချင်းက သူ့ကို မကြာခဏ လျစ်လျူရှုခဲ့ခြင်းပင်။
"ကလေး ခုထိမအိပ်သေးဘူးလေ!"
ရွှီချင်းက ခေါင်းငုံ့ကျလာသော လီချန်ဖုန်းကို တားလိုက်ရာ လီချန်ဖုန်း ခေါင်းပင်မော့မလာဘဲ မပီမပြင်ပြောလာလျက် "သူ အိပ်ပျော်နေပြီ"
ရွှီချင်း မယုံသည်မို့ လီချန်ဖုန်းက သူ့ကို ဆွဲကာ ကိုယ်တိုင်သွားကြည့်ခွင့်ပေးလိုက်လေ၏။ ထွမ်ထွမ် တကယ်ပဲ အိပ်ပျော်နေတာကို ရွှီချင်း တွေ့လိုက်ရလေသည်။
"အခု ယုံပြီလားကွာ?" လီချန်ဖုန်းက ရွှီချင်းကို အိပ်ရာပေါ် ပြန်တွန်းချလိုက်ပြီး သူ့ကို လှည့်လိုက်လေ၏။ မလုပ်ကြတာ အချိန်ကြာသွားပြီဖြစ်၍ သူတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေကြလျက်။ ခဏအကြာတွင် ရွှီချင်းလည်း လီချန်ဖုန်း ကိုယ်အောက်မှာ အဝတ်ဗလာဖြင့် လှဲနေရကာ သူ့အမြင်အာရုံတွေလည်း ဝေဝါးနေလျက် သူ့အပေါ်ကလူရဲ့ လှုပ်ရှားမှုတွေနောက်ကိုသာ လိုက်နိုင်ပါတော့သည်။
Mature content begins ~
ရွှီချင်းက လီချန်ဖုန်းရဲ့ ပခုံးပေါ်မှာ သူ့လက်တွေကို တင်ထားပြီး ခြေထောက်တွေကလည်း သူ့ယောကျ်ားရဲ့ သန်မာတဲ့ခါးတစ်ဝိုက်မှာ သဘာဝအလျောက် ရစ်ပတ်ထားစဥ်မှာပဲ သူ့ကျောပြင်ကိုတော့ လက်ကြီးကြီးတစ်စုံက ထွေးဖက်ထားလေသည်။
လီချန်ဖုန်းက လုံလောက်စွာ ကြိုတင်ကစားပေးကာ ရွှီချင်း စိတ်အားထက်သန်လာပြီး သူ့ခန္ဓာကိုယ် အဆင်သင့်ဖြစ်လာပြီလို့ ခံစားလိုက်ရသည်နှင့် သူက တည်ငြိမ်စွာ ရွှီချင်းထဲသို့ ဝင်ရောက်လာပြီး စတင်လှုပ်ရှားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူ့ခေါင်းကိုငုံ့လာပြီး ရွှီချင်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်လေ၏။
လီချန်ဖုန်းရဲ့ ကျွမ်းကျင်တဲ့လျှာက ရွှီချင်းပါးစပ်ထဲမှာ လည့်ပတ်နေကာ ရွှီချင်းကို အဆက်မပြတ် တိုက်ခိုက်နေပြီး သူတို့နှစ်ယောက်ကြားမှာ အရင်းနှီးဆုံးအနမ်းကို ပုံဖော်နေသည့်အလား။ လီချန်ဖုန်းရဲ့ လုပ်ရပ်တွေကြောင့် ရွှီချင်း ခန္ဓာကိုယ်မှာ တုန်ယင်နေလျက်။
ရွှီချင်းမှာ ကြာရှည်ပြင်းထန်သော အနမ်းတွေကို တောင့်မခံနိုင်တော့ကာ သူ အသက်ရှူကျပ်တော့မယ်လို့ ခံစားလိုက်ရပေမယ့် လီချန်ဖုန်းရဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေနဲ့အတူ သူ့ခါးဟာလည်း အဆက်မပြတ် လှုပ်ခါနေခဲ့၏။
လီချန်ဖုန်းသည် သူ့ဇနီးလေးအကြောင်းကို သဘာဝအတိုင်းသိ၍ လုံလောက်ပြီလို့ ခံစားလိုက်ရသည်နှင့် ရွှီချင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကာ ပြန်ဆုတ်သွားခဲ့သဖြင့် ရွှီချင်းမှာ လတ်ဆတ်တဲ့လေကို အသည်းအသန်ရှူရှိုက်နေတော့သည်။
ထိုအချိန်တွင် လီချန်ဖုန်းတစ်ကိုယ်လုံးမှာ သည်းခံနိုင်တဲ့အတိုင်းအတာကုန်ဆုံးသွားလေပြီဖြစ်၍ သူ့ခေါင်းကို နောက်ယို့လိုက်ရင်း သူ့ကိုယ်သည်လည်း တင်းမာနေလေပြီ။
ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းမှုန်ဖြူဖြူလေးတွေဟာ မှောင်မိုက်နေသော ညတစ်ခွင်လုံးကို တောက်ပစေနေသည့်နှယ်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံး မရှင်းမလင်းဖြစ်သွားရကာ လီချန်ဖုန်းရဲ့ အထိအတွေ့တွေဟုတ်သလား၊ မဟုတ်သလား မသိတော့ပါချေ။ ခန္ဓာကိုယ်နှစ်ခုမှာ တရင်းတနှီးယှက်နွယ်နေစဥ်မှာပဲ လူနှစ်ဦးရဲ့ နှလုံးသားနှင့် ဝိညာဉ်ကြားတွင်လည်း သဟဇာတဖြစ်နေခဲ့လေသည်။
Mature content ends ~
နောက်တစ်နေ့တွင် ရွှီချင်းမှာ မနက်စောစောထိ အိပ်ပျော်နေဆဲဖြစ်ရာ ထွမ်ထွမ်လေးတောင်မှ သူ့မနက်စာ သစ်သီးမှုန့်ကို စားပြီးသွားခဲ့ပြီဖြစ်၏။ သူ့ရဲ့ခြေလက်သေးသေးလေးတွေက တွန်းလှည်းပေါ်မှာ ဆန့်တန်းနေလျက်။
ခြံဝင်းတံခါးနားက စားပွဲကြီးပေါ်မှာ ချထားတဲ့ သကြားလုံးနဲ့ သရေစာမုန့်တွေ အနည်းငယ်ပဲ ကျန်တော့လေသည်။ ရွှီမိသားစုဆီသို့ နှစ်သစ်ကူးနှုတ်ဆက်ဖို့လာကြမယ့် ရွာထဲက ကလေးတွေအတွက် ပြင်ဆင်ထားခြင်းဖြစ်၏။ အတိတ်နိမိတ်ကောင်းတဲ့စကားတွေကို ပြောပြီးသည့်အခါ ကလေးတွေကို ကြိုပြင်ထားတဲ့ သကြားလုံးတွေနဲ့ မုန့်တွေ ပေးမည်ဖြစ်သည်။ သူတို့လေးတွေအတွက် အရမ်းပျော်စရာကောင်းတဲ့ ပွဲလေးပါပဲ။
ရွှီချင်း အိပ်ရာမှနိုးလာတော့ အနည်းငယ် ဗိုက်ဆာနေသဖြင့် မီးဖိုချောင်ထဲဝင်လိုက်သည့်အခါ လီချန်ဖုန်းက အခုလေးတင် နှစ်သစ်ကူးကြက်ကို သတ်ပြီး၍ အမွေးနှုတ်တော့မလို့ပင်။ ရွှီချင်း ကိုးရိုးကားယားလမ်းလျှောက်လာတာကို တွေ့လိုက်ရသဖြင့် "နာနေသေးလား?"
ရွှီချင်းက သူ့ခေါင်းကို ခါလိုက်ပြီး "နာလို့မဟုတ်ဘူး၊ ကျိန်းနေလို့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်နော်။ ပင်မခန်းထဲက သကြားလုံးတွေ မုန့်တွေအားလုံးကို ကောင်းကောင်း ပြင်ဆင်ထားတာ ကျွန်တော်တွေ့လိုက်တယ်။ ကလေးတွေ ရောက်လာကြပြီး အပြုံလိုက်ယူနေကြပြီ"
"ဘာကျေးဇူးလဲကွာ! လာခဲ့ ကိုယ် မင်းအတွက် ယာဂုပြုတ်ထားပေးတယ်၊ အရင်စားလိုက်ဦး။ ကိုယ့်လက်တွေ ညစ်ပတ်နေလို့ မင်းဘာမင်း ထည့်စားလိုက်နော်" လီချန်ဖုန်းက ကြက်အတွင်းကလီစာတွေကို သန့်စင်နေပြီး သူ့ဘေးမှာ ထိုင်နေတဲ့ ရှောင်ပေါင်ကို ကျွေးလိုက်သည်။
ရွှီချင်း ယာဂုခပ်ကာ လေမှုတ်၍ ဖြည်းဖြည်းလေး သောက်လိုက်ရာ ရုတ်တရက် သူ့ဗိုက်ထဲတွင် ပိုမိုသက်တောင့်သက်သာ ခံစားလိုက်ရလေ၏။ "စကားမစပ် ခင်ဗျား ကာရန်တူနှစ်ကြောင်းစပ်ကဗျာကို ကပ်ပြီးပြီလား?"
"မကပ်ရသေးဘူး၊ ခဏနေ ကိုယ်ကပ်ပေးမယ်လေ" လီချန်ဖုန်းက မီးဖိုချောင်သုံးဓားကို ကိုင်ပြီး အချက်အနည်းငယ်နှင့် ကြက်တစ်ကောင်လုံးကို အတုံးသေးသေးလေးများအသွင် လှီးဖြတ်လိုက်တော့သည်။
"ကျွန်တော်လုပ်လိုက်မယ်။ ခင်ဗျားလက်ကို ရေနွေးနဲ့ ကောင်းကောင်းဆေးလိုက်ဦး မဟုတ်ရင် ခင်ဗျားလက်ပေါ်က အနံ့ကို ထွမ်ထွမ်ကြိုက်မှာမဟုတ်ဘူးနော်"
မိသားစုထဲတွင် ရွှီချင်းနှင့် လီချန်ဖုန်းသာရှိသော်လည်း ဟင်းပွဲများမှာ မနည်းလှပါချေ။ ကြက်သား၊ ဘဲသား၊ ဝက်သား၊ တို့ဟူးနှင့် အရံဟင်းအချို့နဲ့ စားပွဲတစ်ခုလုံး ပြည့်လုနီးပါးဖြစ်နေလေပြီ။
နေ့လည်စာစားချိန်ရောက်သည်နှင့် လီချန်ဖုန်းက ခြံဝင်းတံခါး၌ ဗျောက်အိုးချိတ်ဆွဲလိုက်ကာ မိသားစုဝင်များက ပင်မခန်းတံခါးဝတွင် ရပ်နေပြီး ကောင်းကင်ယံအနှံ့ နှင်းတွေကျလာသည်ကို ကြည့်နေရင်း မိုးခြိမ်းသံသဖွယ် ဗျောက်အိုးဖောက်သံကို နားထောင်နေကြ၏။ ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက်သား အချင်းချင်းကြည့်ရင်း ပြုံးလိုက်ကြသည်။ ယခုအချိန်မှာ သူတို့ရဲ့ ပထမဆုံးနှစ်ဖြစ်သလို မိသားစုသုံးယောက်အတွက် ပထမဆုံးပွဲအချိန်အခါပင်။
နေ့လည်စာစားသည့်အခါ လီချန်ဖုန်းက ထွမ်ထွမ်ပါးစပ်လေးထဲသို့ အဆီသေးသေးလေး တမင်တကာ ကျွေးလိုက်လေ၏။ ယခုဆို ထွမ်ထွမ်လေးလည်း သူ့ရဲ့ ပထမဆုံးအသားကို စားပြီးပြီဖြစ်၍ အဆင်ပြေပါက နုပ်နုပ်စင်းထားသောအသားကို ဆက်ကျွေးနိုင်သွားပြီလေ။
နေ့လယ်စာစားပြီးသည့်နောက် ရွာသားတွေအတွက်မူ အခြားသူများကို နှုတ်ဆက်ရန် လမ်းလျှောက်ရမည့်အချိန်ဖြစ်သည်။ လီချန်ဖုန်းနှင့် ရွှီချင်းတို့က ထွမ်ထွမ်လေးကို အပြင်ခေါ်သွားဖို့ တွန့်ဆုတ်နေကြသောကြောင့် သရေစာမုန့်တွေကို ပြင်ဆင်ထားပြီး အခြားသူများရောက်အလာကိုသာ စောင့်ဆိုင်းနေကြတော့သည်။
အစပိုင်းတွင် ကလေးများသာ ရောက်လာကြပြီး တဖြည်းဖြည်း ရွာထဲက လူကြီးများလည်း လာရောက်လည်ပတ်ကြလေ၏။ ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း သူတို့ကို နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြလေသည်။
နောက်နှစ်မှာ ဘာစိုက်ရမလဲဆိုတာရယ်၊ ဘယ်အချိန်စိုက်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာရယ် ဆွေးနွေးနေခဲ့ကြသည်။ တစ်ချို့လူတွေက လီချန်ဖုန်းအကြောင်း ပြောဆိုနေကြ၏။
ကလေးပုခက်အကြောင်း ရောက်လာသည့်အခါ ရွှီချင်းက နှစ်သစ်ကူးအချိန်သမယအတွင်း လျှော့စျေးအနေဖြင့် စျေးနည်းနည်းလျှော့ပေးလိုက်လေရာ အိမ်တွင် ကလေးငယ်လေးများရှိကြတဲ့ လူတွေက နေရာမှာတင် အော်ဒါမှာကြသလို တချို့ဆို သူတို့ရဲ့ဆွေမျိုးအတွက်ပါ အော်ဒါမှာခဲ့ကြပါသေးသည်။
မွန်းလွှဲနောက်ပိုင်း၌ ရွှီချင်းအိမ်သို့ လူအနည်းငယ်သာ လာပါတော့သည်။ ယခုအချိန်မှာတော့ အဒေါ်ရှဲ့နဲ့ ရှဲ့ယွီတို့လည်း လာရောက်လည်ပတ်ခဲ့ကြသည်။ သမားတော်ကြီးလင်း ဆုံးပါးသွားပြီးကတည်းက လင်းဖန်းလျန်က အိမ်မှာ တရုတ်နှစ်သစ်ကူးကျင်းပတာ မကောင်းဘူးလို့ ခံစားမိသည့်အတွက် သူနဲ့ ရှဲ့ယွီတို့က ရှဲ့အိမ်ကို ပြန်လာခဲ့ကြသည်ပင်။
ယခုဆို ရှဲ့ယွီမှာ ကိုယ်ဝန်လေးလနီးပါးရှိနေပြီဖြစ်၏။ ရက်အတော်ကြာ အာဟာရဖြည့်တင်းပြီးနောက် သူ့ခန္ဓာကိုယ်လည်း အများကြီးကောင်းမွန်လာသလို ကိုယ်အလေးချိန်လည်း နည်းနည်းပြန်တက်လာခဲ့ချေပြီ။ သူက ကြော့ရှင်းရည်မွန်ကာ ချောမောနေလေရဲ့။
"လာပါဦးကွာ၊ ငါ့ရဲ့ချစ်စရာကောင်းတဲ့ ထွမ်ထွမ်လေးကို လာတွေ့တာဟေ့" ရှဲ့ယွီက ခရမ်းရောင်ဝတ်စုံကို ၀တ်ထားပြီး သူက ထွမ်ထွမ်လေးကို ငုံ့ကြည့်လိုက်သည့်အခါ နူးညံ့ပျော့ပြောင်းတဲ့ အပြာရောင်ပိုးထည်စဟာ သူ့ပခုံးပေါ်ကျလာလေ၏။ နှင်းဖြူဖြူတွေ ကျဆင်းနေသော ခြံတံခါးဘက်ကို နောက်ကျောပေးထားသည့် သူ့ပုံရိပ်ကြောင့် ရွှီချင်းမှာ အချိန်အကြာကြီး ကြက်သေသေနေမိလျက် - ဘယ်လိုတောင်လှပတဲ့ အမျိုးသားလဲကွာ!
အနှီကိုယ်လူချောလေးဟာ ထွမ်ထွမ်လေးကို ပွေ့ဖက်ထားကာ ညင်ညင်သာသာလေး ချော့မြူနေရင်း သူ့ကိုစနောက်နေပုံမှာ ပိုမိုနူးညံ့ညင်သာနေသလို ပို၍ဆွဲဆောင်မှုရှိနေပုံကြောင့် ရွှီချင်းနှလုံးသားမှာ ဂနာမငြိမ်ဖြစ်သွားရလျက်။ သူ့မှာ ကင်မရာသာရှိခဲ့ရင် ဓာတ်ပုံရိုက်ပြီးတာ ကြာလှပြီဟေ့! နှမြောစရာပဲကွာ! နှမြောစရာပဲ!
"မင်းကြည့်လို့ဝပြီလား?"
ရွှီချင်းမှာ အရူးအမူးစွဲလန်းစွာကြည့်နေရင်းမှ သူ့နားထဲမှ ရုတ်တရက် မှုန်မှိုင်းနေတဲ့အသံတစ်သံကို ကြားလိုက်ရလေသည်။
(ရှောင်ချင်းတစ်ယောက် ကောသာမဟုတ်ရင် ရှောင်ယွီကို ကြိုက်မယ်လို့ ထင်နေမိပြီနော်၊ အမြဲတမ်းငမ်းကြောထနေတာ သူ့ယောကျ်ားသူတောင် အဲ့လောက်မငမ်း 😂😂)
Thanks for reading!