ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၈)
ရွှီချင်း နေရာလွတ်ထဲသို့ ဝင်သွားပြီးနောက် ဆန်အိတ်ရာနှင့်ချီကို စူးစိုက်ကြည့်နေခဲ့သည်။ သူ ထမင်းမစားရတာ တော်တော်ကြာလှပြီကွာ! အိမ်မှာ ရှိတာတွေ အားလုံးက ဂျုံ ပြောင်းတွေသာ!
သို့ပေသိ ဆန်တွေကို ယူထုတ်ပါက ဖြေရှင်းချက်တွေ အများကြီးပေးနေရမှာကို တွေးကြည့်မိတော့ မလိုအပ်တဲ့ ပြဿနာတွေကို ဖြစ်လာနိုင်တာက ရွှီချင်းရဲ့ ထမင်းစားချင်စိတ်ကို လျော့ပါးသွားစေပြန်၏။
ရွှီချင်း သူ့ခန္ဓာကိုယ်နှင့် ဗိုက်ထဲက ကလေးလေးအကြောင်း တွေးလိုက်ရင်း ဝိဥာဥ်စမ်းရေတွင်းဘေးကို လျှောက်သွားခဲ့ပြီး ဝိဥာဥ်စမ်းရေနည်းနည်း ခပ်လိုက်ကာ သောက်ချလိုက်ပြီးမှ နေရာလွတ်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးထားခဲ့သော ဂျင်းဆင်းပင်သေးသေးလေးနှင့် ဆေးဖက်ဝင်အပင်တွေကို ကြည့်လိုက်ရာ ဆေးပင်တွေက တဖြည်းဖြည်း ပိုကြီးထွားလာကြသည်ကို သတိထားမိသွားခဲ့သည်။
***
လော့ကျောင်းက ရွှီချင်းကိုယ်ဝန်ရှိနေကြောင်းကို ကြားလိုက်သည်နှင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လီချန်ဖုန်းပြုလုပ်ထားပေးခဲ့သော ဝယ်သူစိတ်ကြိုက်မှန်တင်ခုံကို ယူလိုက်ကာ သွားလည်ရန် ဆင်ခြေပေးဖို့ စဥ်းစားလိုက်၏။
လီချန်ဖုန်းက သစ်တွေ သိုလှောင်ဖို့ နေရာလွတ်နည်းနည်းရစေရန်အတွက် နောက်ဖေးခြံဝင်းကို သန့်ရှင်းရေးလုပ်နေခဲ့သည်။ အခုဆို ရှောင်ပေါင်က အိမ်ကို လုံးဝစောင့်ကြပ်ပေးနိုင်နေပြီဖြစ်၍ ခြံတံခါးကို အနည်းငယ်ဟထားကာ ပိတ်မထားတော့ချေ။
လော့ကျောင်း ခြံထဲက လှုပ်ရှားမှုကို နားထောင်ပြီးနောက် တံခါးကို သာသာလေး ခေါက်လိုက်၏။ သို့သော်လည်း အထဲမှ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရ၍ လော့ကျောင်းခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ခွေသွားစေလျက်။ အဲ့ဒီအသံက သူ့အိပ်မက်တွေထဲမှာ သူတို့အတူတူရှိနေကြစဥ် လီချန်ဖုန်းဆီက ထွက်လာတဲ့အသံနှင့် အတိအကျတူနေသည်ကိုး။
အိမ်ရှေ့တံခါးဝ၌ သူ့ရဲ့ သပ်သပ်ရပ်ရပ်ဖြီးထားသော ဆံပင်ကို တမင်တကာထိလိုက်ကာ သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီးမှ ခြံဝင်းတံခါးကို သာသာလေး တွန်းဖွင့်လိုက်ရင်း ရှက်သွေးဖြန်းနေလျက်။
မထင်မှတ်ထားစွာပင်...
လီချန်ဖုန်း အိမ်ရှေ့ခြံဝင်းမှ လှုပ်ရှားသံများကို ကြားလိုက်သည့်အခါ သူ့လက်ထဲမှ ပစ္စည်းတွေကို ချလိုက်ပြီး ခြံတံခါးဆီသို့ အမြန်လျှောက်သွားလိုက်၏။ ရှောင်ပေါင်က တစ်ယောက်ယောက်ရဲ့မျက်နှာပေါ်မှာ ခုန်ပေါက်နေပြီး တက်နင်းထားတာကို သူတွေ့လိုက်ရလေသည်။ လီချန်ဖုန်းကို မြင်လိုက်သည်နှင့် ရှောင်ပေါင်က သူ့ကို ဂုဏ်ယူစွာ ပြောနေသည့်နှယ် "ငါ့ကိုကြည့်! ငါဘယ်လောက်တော်လဲကြည့်လိုက်!"
လီချန်ဖုန်း မျက်မှောင်ကြုတ်လိုက်ကာ ရှောင်ပေါင်ကို ဆူပစ်ပြီး အောက်မှလူကို ထူမရန် ကြံရွယ်လိုက်သော်လည်း လော့ကျောင်းမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူ့ခြေလှမ်းကို ရပ်ပစ်လိုက်သည်။ သူအော်ရယ်ချင်စိတ်ကို ထိန်းထားဖို့ ကြိုးစားရင်း လည်ချောင်းရှင်းကာ "အာ ဒါက ကျန်းမိသားစုကပဲ။ ဒီမှာ ဘာဖြစ်သွားတာလဲ? ငါတို့ ရှောင်ပေါင်က ငါတို့အိမ်ကို တအားအကာအကွယ်ပေးတတ်လို့ မင်းကို သူခိုးလို့ထင်သွားတာ သေချာတယ်၊ အဲ့ဒါကြောင့် မင်းကို 'တိုက်ခိုက်'လိုက်တာပဲ! အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ဗျာ"
လီချန်ဖုန်း ထိုသို့ပြောပြီးနောက် မြေပြင်ပေါ်မှာ နာကျင်ညစ်ပတ်နေတဲ့ လော့ကျောင်းကို ထဖို့ ကူညီရန် သူ့လက်ကို ဆန့်ပေးဟန်ဆောင်လိုက်ရာ လော့ကျောင်းက လီချန်ဖုန်းလက်ကို ထိတော့မည့်အချိန်မှာပင် လီချန်ဖုန်းက သူ့လက်ကို ရုတ်ချည်း ပြန်ရုတ်လိုက်ပြီး ကိုယ့်ဘာကိုယ် အပြစ်တင်ပြောဆိုဟန်ဖြင့် "အိုး တကယ်ပါပဲကွာ! ယောကျ်ားတစ်ယောက်နဲ့ ကောတစ်ယောက်ကြားက ကွာခြားချက်ကို ငါဘယ်လိုလုပ်ပြီး မေ့သွားရတာလဲကွာ။ ငါတောင်းပန်ပါတယ်။ မင်းဘာမင်းပဲ သေချာဂရုစိုက်ပြီး ထလိုက်ပါတော့"
သူ ပြောပြီးသည်နှင့် ရှောင်ပေါင်ကို ခေါ်လိုက်ပြီး သူ့စိတ်ထဲမှာ လျှို့ဝှက်ကြံစည်နေစဥ် သူ့မျက်နှာကတော့ ရိုးသားမှုကို ပြသနေလျက်။ လော့ကျောင်းရဲ့ ဆန့်ထားတဲ့လက်မှာ လေထဲ၌ တန်းလန်းဖြစ်နေကာ အချိန်မီမတုံ့ပြန်နိုင်ဖြစ်နေခဲ့ပြီး သူ့နှလုံးသားထဲက ခါးသီးမှုနဲ့ မချင့်မရဲဖြစ်မှုတွေကို ဖိနှိပ်လိုက်ကာ တုန်တုန်ယင်ယင်ဖြင့် ထလိုက်လေသည်။
သူ့ကိုယ်ပေါ်ရှိ ရှောင်ပေါင်ရဲ့ ခြေဖဝါးရာတွေနဲ့ ဖုန်မှုန့်တွေကို ခါထုတ်လိုက်ရင်း သူ့အိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်၍ ရှောင်ပေါင်ရဲ့ သွားရေတွေ ဖုံးလွှမ်းနေတဲ့ သူ့မျက်နှာကို ပြင်းပြင်းထန်ထန် သုတ်ပစ်လိုက်လေသည်။
လော့ကျောင်း အသက်ပြင်းပြင်းရှူလိုက်ကာ "ရပါတယ်ဗျာ၊ ငါ တံခါးခေါက်တော့ တံခါးပွင့်နေတာ တွေ့လိုက်လို့ ဒီတိုင်းဖွင့်ပြီး ဝင်လာလိုက်တာပါ"
အနက်ရောင်ခွေးတစ်ကောင်က သူ့မျက်နှာပေါ် တိုက်ရိုက်ခုန်တက်လာလိမ့်မယ်လို့ သူဘယ်ထင်ပါ့မလဲ! အဲ့ဒီခွေးက မကိုက်ပေမယ့် သူ့မျက်နှာကို ဆက်တိုက်လျှက်နေတာမို့ သူကြောက်လန့်နေရတာလေ!
"အိုး ဒီတော့ မင်း ဒီကိုလာတာ ဘာကိစ္စများရှိလို့လဲ?" လီချန်ဖုန်း သူ့ဘောင်းဘီနားမှာ တွယ်တက်ချင်နေတဲ့ ရှောင်ပေါင်ကို ကြည့်ရင်း လော့ကျောင်းကို မေးလိုက်၏။ လော့ကျောင်းက သူမရှိတဲ့အချိန်မှာ သူ့ဇနီးလေးကို အနိုင်ကျင့်ဖို့ ကြိုးစားတာမျိုး မဖြစ်စေချင်ဘူး!
လော့ကျောင်းသည် လီချန်ဖုန်းက သူ့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ပုံစံကို ကြည့်ဖို့ရာ ရှောင်ဖယ်နေသည်ကို မြင်လိုက်ရသဖြင့် လီချန်ဖုန်းကလည်း သူ့အပေါ်မှာ ခံစားချက်တစ်ချို့ရှိနေတယ်လို့ ယူဆလိုက်တော့သည်။
သို့ပေသိ သူအလည်ရောက်လာရတဲ့အကြောင်းရင်းကို ရှင်းပြတော့မည့်အချိန်မှာပင် သူ့လက်ထဲရှိ သူနှင့်အတူပါလာခဲ့သည့် မှန်တင်ခုံမှာ ပျောက်သွားသည်ကို သတိထားမိလိုက်၍ ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်တော့မှ ခုနတုန်းက ရှောင်ပေါင် သူ့အပေါ်ခုန်တက်လာချိန်မှာပဲ ဘေးကို လွှင့်ပစ်လိုက်မိမှန်း သတိပြုမိသွားလေသည်။
လော့ကျောင်း လမ်းလျှောက်သွားကာ မှန်တင်ခုံကို ကောက်ယူလိုက်ပြီး ငုံ့ကြည့်လိုက်တော့ ၄င်းမှာ အပြင်းအထန်ဆောင့်မိသွားသောကြောင့် ထောင့်နားတွေမှာ ချောင်သွားသည်ကို တွေ့လိုက်ရလေသည်။ လော့ကျောင်းက ချက်ချင်းပင် ကြိုပြင်ဆင်ထားတဲ့ စကားတွေကို ပြောင်းလိုက်ပြီး ပြောလာခဲ့၏။ "ခင်ဗျားပြောကြည့်၊ ဘာဖြစ်တာလဲတော့ ငါလဲမသိဘူး။ ရက်နည်းနည်းပဲ သုံးရသေးတာကို ဒီလိုချောင်ပြီး ယိုင်နဲ့နဲ့ဖြစ်သွားလို့လေ။ ဒီတော့ ခင်ဗျားဆီမှာ တစ်ချက်လာစစ်ဆေးချင်လို့ပါ"
လီချန်ဖုန်းသည် လော့ကျောင်း ကမ်းပေးလာခဲ့သည့် မှန်တင်ခုံကို ယူကာ ပစ်ထုတ်လိုက်မှန်း သိသာထင်ရှားနေတဲ့ပစ္စည်းကို ကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှာ လှောင်ပြောင်သရော်တဲ့အရိပ်အယောင် ဖြတ်ပြေးသွားလျက်။
"ဒီဟာက မင်းအိမ်မှာ ငါအော်ဒါမှာယူလိုက်တဲ့ ပထမဆုံးပစ္စည်းဖြစ်တာကိုကွာ။ တကယ်လို့ ဒီပစ္စည်းမှာ ပြဿနာတစ်ခုခုပေါ်တာ ဒါမှမဟုတ် ပစ္စည်းက ကောင်းကောင်းအဆင်မပြေဘူးလို့ သတင်းပျံ့သွားခဲ့ရင် ရွာသားတွေ ဘယ်လိုထင်ကြမလဲနော်?" လော့ကျောင်းက သူ့အသံကို တိုးတိုးလေးပြောကာ အတွေးနွံထဲနစ်မျောနေပုံရတဲ့ လီချန်ဖုန်းကို ကြည့်လိုက်လေသည်။
လီချန်ဖုန်းက သူ့ခေါင်းကို မော့ကြည့်မလာခဲ့ဘဲ မှန်တင်ခုံကို ကိုင်ထားရင်း "ဒီတော့ မင်းက ဘယ်လိုအကြံပြုချင်လို့လဲ?"
လော့ကျောင်း အပြုံးလေးနှင့် "ငါက ကိစ္စတွေကြီးလာတာကို မကြိုက်ပါဘူး၊ ဒီတော့ ခင်ဗျားနဲ့ တိတ်တိတ်ကလေး ဆွေးနွေးဖို့ လာခဲ့တာပဲလေ။ ငါတို့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်သလဲနော်?" ဤသို့ အဓိပ္ပါယ်တချို့ပါနေတဲ့ စကားလုံးတွေကြောင့် လီချန်ဖုန်းလည်း စိတ်မရှည်မှုတို့ဖြင့် မျက်မှောင်ကြုတ်လာလျက်။
သို့သော်လည်း ဒီအထုံးကို မဖယ်ရှားလို့ရှိရင် ဆိုးဆိုးရွားရွားတွေဖြစ်လာနိုင်တယ်လို့ သူသဘောပေါက်သွားခဲ့သည်။ သူ့ရဲ့စိတ်မရှည်မှုကို ဖိနှိပ်လိုက်ကာ သွေးဆောင်ဟန်ဆောင်ပြီး "ကောင်းပြီလေ၊ ငါ မင်းပြောတာကို နားထောင်လိုက်မယ်။ မင်းဘယ်မှာ ဆွေးနွေးချင်လဲ ငါတို့ အဲ့ဒီမှာ ဆွေးနွေးကြတာပေါ့"
လော့ကျောင်းက ဒီစကားကိုကြားသည့်အခါ သူ့နှလုံးသားမှာ ကဆုန်ပေါက်နေလျက် "ဒါဆို ဒီည သန်းခေါင်ယံအချိန်မှာ ရွာတစ်ဖက်က တောအုပ်လေးမှာ ငါတို့ဆုံကြမယ်လေ။ နောက်မကျနဲ့နော်~" ထိုသို့ပြောပြီးနောက် သူက ထွက်မသွားခင်မှာ လီချန်ဖုန်းကို ညုတုတုအကြည့်ဖြင့် ကြည့်သွားခဲ့သေးသည်။
ညဘက်၌ သူတို့ ဘယ်လိုသာယာကြည်နူးကြမလဲဆိုတဲ့ အတွေးကြောင့် လော့ကျောင်းမှာ သူ့အနောက်ကလူရဲ့ စက်ဆုပ်ရွံ့ရှာဖွယ်အကြည့်ကို သတိမထားမိလိုက်ပါချေ။
***
ရွှီချင်း နေရာလွတ်မှ ထွက်လာပြီးနောက် ပင်မခန်းအဝင်ဝသို့ ရောက်သည်နှင့် ယနေ့လို နေသာသောနေ့တစ်နေ့၌ လီချန်ဖုန်းဟာ ခြံဝင်းထဲတွင် ရှောင်ပေါင်ကို ရေချိုးပေးနေတာကို တွေ့လိုက်ရ၏။ ရှောင်ပေါင်က ရေချိုးရတာကို အလွန်နှစ်သက်သည်မှာ ထူးဆန်းနေလျက် - သူတကယ်ပဲကြိုက်နေတာကို မြင်နိုင်တယ်လေ။ "ရှောင်ပေါင့်ကို ရေချိုးပေးနေပြန်ပြီလား?"
လီချန်ဖုန်း မော့ကြည့်လိုက်ရာ ရွှီချင်းက အပြင်သို့ ပျင်းရိစွာ လျှောက်လာသည်ကို မြင်လိုက်ရ၏။ သူက ရွှီချင်းဆီ အပြေးအလွှားသွားပြီး နှုတ်ဆက်ချင်နေတဲ့ ရှောင်ပေါင်ကို ထိန်းကိုင်ထားရင်း "မင်း နိုးလာပြီ။ ကောင်းကောင်းအိပ်ပျော်ရဲ့လား?"
ရွှီချင်းက သူ့ခါးကိုထောက်လျက် တံစက်မြိတ်အောက်၌ သူ့ကြွက်သားတွေကို အကြိမ်အနည်းငယ်ဆွဲဆန့်လိုက်သည်။ သူက ခြံဝင်းထဲသို့ လျှောက်မသွားချင်ခဲ့၍သာ - နေတအားပူနေပြီး သူကထပ်အိပ်ချင်နေတုန်းပဲလို့ ခံစားရလေသည်။ "အဆင်ပြေပါတယ်ဗျာ။ နေ့ဘက်မှာ အိပ်တာက ညဘက်ထက်ပိုပြီး အိပ်လို့ကောင်းတယ်လို့ ကျွန်တော်သိသွားပြီ။ ဒါနဲ့ စကားမစပ် ခင်ဗျားရဲ့ ရောင်းအားအခြေအနေ ဘယ်လိုလဲ?"
လီချန်ဖုန်း ရှောင်ပေါင်အား ရေလောင်းပေးလိုက်ပြီး ဘေးဘက်ရှိ ရှောင်ပေါင်အတွက် အထူးပြုလုပ်ပေးထားတဲ့ ရေချိုးကန်ထဲသို့ ထားလိုက်ကာ ရေချိုးပေးနေခြင်းကို အလျင်အမြန် အပြီးသတ်လိုက်သည်။ ထို့နောက် သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ဖောင်းဖောင်းလေး နှစ်အိတ်ကို ထုတ်လိုက်ပြီး "သွားရအောင်လေ၊ အခန်းထဲမှာ သွားရေတွက်ကြည့်ကြတာပေါ့!"
ရွှီချင်း သူ့လက်ထဲရှိ ပိုက်ဆံအိတ်နှစ်အိတ်ရဲ့ အလေးချိန်ကို ခံစားမိလိုက်သဖြင့် သူ့မျက်လုံးတွေက တောက်ပလာခဲ့လျက်။ အခန်းထဲပြန်ရောက်သည့်နောက် အိတ်များကို ဖွင့်လိုက်ကာ ပိုက်ဆံတွေကို ရေတွက်လိုက်တော့ စုစုပေါင်း ၁၂၀လျန် ရှိနေခဲ့၏! "ခင်ဗျား အားလုံးရောင်းလိုက်တာလား?"
ရွှီချင်းနှင့် လီချန်ဖုန်းတို့ဟာ မနေ့တစ်နေ့ကပဲ ပစ္စည်းအားလုံးအတွက် စျေးသတ်မှတ်ခဲ့သည်ဖြစ်ရာ သစ်သားအရုပ်များအားလုံးအတွက်ဆို ၁၂၀လျန်ရှိသည်ပင်။
လီချန်ဖုန်း ခေါင်းညိတ်လိုက်ပြီး "ကိုယ် မြို့ထဲက လူနေရပ်ကွက်ဆီကို သွားပြီးတော့ တစ်အိမ်ပြီး တစ်အိမ် တံခါးလိုက်ခေါက်ပြီး ရောင်းလိုက်တာလေ။ အံ့သြစရာကောင်းလောက်အောင်ပဲ ထင်းရှူးသားနဲ့လုပ်ထားတဲ့ စျေးအသက်သာဆုံးကလည်း ကောင်းကောင်းရောင်းထွက်သွားသလို လက်မှုပညာကို လေးစားကြတဲ့ တချို့လူတွေက ebonyသစ်နဲ့ လုပ်ထားတာတွေကို ဝယ်ခဲ့ကြတာပဲ။ ခေါင်မိုးတစ်ခုအောက်ထဲမှာ မျိုးဆက်သုံးဆက်နေလာကြတဲ့ မိသားစုတစ်စုဆို ၂၀လျန်ဖိုး ဝယ်လိုက်တာ။ ကိုယ် အရုပ်တွေ ထွင်းထုဖို့ သင့်တော်တဲ့သစ်သားတွေ့ခဲ့ရင် သူတို့မိသားစုအတွက် ပြုလုပ်ပေးဖို့လည်း တောင်းဆိုထားကြသေးတာ"
ရွှီချင်းက ငွေတွေကို လုံလုံခြုံခြုံ သိမ်းလိုက်ကာ အံ့အားသင့်စွာဖြင့် "ဒါဆို ကျွန်တော်တို့ရဲ့ အနာဂတ်စီးပွားရေးက အာမခံချက်ရှိသွားပြီပေါ့!"
လီချန်ဖုန်း ခေါင်းညိတ်လျက် "ဒီပိုက်ဆံတွေက ကိုယ်တို့အိမ်ပြင်ဆောက်ဖို့အတွက် လုံလောက်သားပဲ။ ဘယ်နေရာမှာ ဘယ်လိုမျိုး ပြန်ဆောက်ချင်သလဲဆိုတာ မင်းဆုံးဖြတ်နိုင်ပြီနော်၊ ကိုယ်ကတော့ မင်းသဘောအတိုင်းပဲ။"
ရွှီချင်းရဲ့မျက်လုံးများက တောက်ပလာပြီး "ကျွန်တော်လိုချင်တာဘာဖြစ်ဖြစ် ရနိုင်မှာလား?" လီချန်ဖုန်း ရယ်မောရင်း ခေါင်းညိတ်လိုက်ကာ "ဒါပေါ့၊ မင်းလေးက ကိုယ်တို့အိမ်ရဲ့ တာဝန်ရှိသူပဲလေကွာ မဟုတ်ဘူးလား?"
ရွှီချင်း အပျော်လွန်သွားရလျက်။ နောက်ဆုံးမှာတော့ သူအမြဲလိုချင်နေခဲ့တဲ့ အုတ်ကြွပ်ခေါင်မိုးအိမ်ကြီးမှာ နေနိုင်ပြီကွ!
***
ညဘက်၌ လော့ကျောင်းသည် ကျန်းမင်အိပ်ပျော်သွားသည်အထိ စိုးရိမ်တကြီး စောင့်ဆိုင်းပြီးမှ အဝတ်အစားတွေကို ဂရုတစိုက်ဝတ်၍ တံခါးကိုပိတ်ကာ တိတ်တိတ်ကလေး ခိုးထွက်လာခဲ့သည်။ နေ့လည်တုန်းက လီချန်ဖုန်းနှင့် တွေ့ရန် ချိန်းဆိုထားသည့်နေရာသို့ သူရောက်သွားခဲ့သော်လည်း ဘယ်သူမှရှိမနေခဲ့။ "ဒီလူက ငါ့ကို လှည့်စားသွားတာများလား?"
သစ်တောထဲ၌ ပိုးကောင်တွေနှင့် ခြင်တွေ အကိုက်ခံနေရသဖြင့် လော့ကျောင်းက သူ့ကိုယ်သူ မရပ်မနား ကုတ်နေရကာ လီချန်ဖုန်းကို မတွေ့၍ စိတ်မသက်မသာ ခံစားလာရလေပြီ။ လီချန်ဖုန်းက သူ့ကို အရူးလုပ်သွားတာများလား? သူ့အထင်ပဲ ထပ်မှားသွားတာဖြစ်နိုင်မလား?
ရုတ်တရက် လော့ကျောင်းရဲ့ အနောက်ဘက်မှ လက်ကြီးကြီးတစ်စုံထွက်လာပြီး သူ့မျက်လုံးတွေကို အဝတ်နဲ့ ဖုံးအုပ်လာခဲ့သည်။ နောက်တစ်ခဏတွင် လက်တွေက လော့ကျောင်းအဝတ်တွေကို စတင်ချွတ်ပစ်လာခဲ့ပြီး လော့ကျောင်းရဲ့ လည်ပင်းကို မညာမတာ တစ်တိတိကိုက်နမ်းလာခဲ့လေ၏။ သူ့ကိုယ်ပေါ်မှာရှိနေတဲ့ လက်တွေနှင့် သူ့နားရွက်ဆီမှ အနမ်းတွေကြောင့် လော့ကျောင်းခြေထောက်တွေက အားနည်းလာရသလိုပင်။ "ခင်ဗျား နတ်ဆိုးကောင်ကြီး၊ ခင်ဗျား ဒီလောက်စိတ်မရှည်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး! အမ်း မြန်မြန်လေး!"
မကြာခင်မှာပဲ လော့ကျောင်းက လုံးဝဝတ်လစ်စလစ်ဖြစ်သွားကာ သူ့အနောက်ရှိလူကလည်း သူ့အဝတ်တွေကို ချွတ်လိုက်ပြီဖြစ်သည်။ သူက လော့ကျောင်းလက်တွေကို ယူ၍ သစ်ပင်မှာ ဖိထားလိုက်ပြီးမှ လော့ကျောင်းရဲ့ အဆက်မပြတ် ယမ်းခါနေတဲ့ တင်ပါးတွေကို ရိုက်နှက်ကာ ထိန်းမရနိုင်အောင် ညည်းညူသံတွေ ထွက်ပေါ်လာခဲ့လျက်။ သူ့ခါးပေါ်ရှိ လက်တစ်စုံအတိုင်း လော့ကျောင်းက သူ့နောက်ကျောကို ခုံးလိုက်ပြီး သူ့အနောက်မှလူက သူ့အထဲကို အတင်းဝင်ရောက်လာခဲ့လေသည်!
ခဏကြာပြီးနောက် သူတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်ကြကာ တဖြည်းဖြည်းနှင့် သူ့အနောက်မှလူက ဒီလိုပုံစံကို သဘောမကျတော့ဘဲ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် လော့ကျောင်းကို လှန်လိုက်လေ၏။
ထိုအပြုအမူကြောင့် လော့ကျောင်းရဲ့လည်ချောင်းကလည်း သာယာမှုကြောင့် အက်ကွဲလုနီးနီးဖြစ်လျက်။ သူတို့ရဲ့ အားသွန်ခွန်စိုက်လှုပ်ရှားမှုတွေကြောင့် လော့ကျောင်းမျက်လုံးပေါ်က အဝတ်မှာ ပြေလျော့သွားရကာ မြေပြင်ပေါ် ကျသွားတော့သည်။
လော့ကျောင်းရဲ့ မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ သူ့အပေါ်နစ်မွမ်းနေပြီဖြစ်သော လီချန်ဖုန်းကို ကြည့်ချင်ခဲ့သော်လည်း သူမြင်လိုက်ရသည်မှာ ချိုးသာ့ရဲ့ အလွန်တဏှာထန်နေတဲ့မျက်နှာ ဖြစ်နေခဲ့သည်! "ဘယ်လိုလုပ် ခင်ဗျားဖြစ်နေရတာလဲ?!"
"ငါမဟုတ်ရင် ဘယ်သူဖြစ်နိုင်သေးလို့လဲ? ငါ့အတွက် မင်းဘာမင်း ကောင်းကောင်းပြုမူစမ်းပါ! ဒီနေ့ ငါ မင်းကို သင်ခန်းစာကောင်းကောင်းပေးမှာကို စောင့်ကြည့်နေလိုက် ကောင်စုတ်ကလေး!" လော့ကျောင်းက လီချန်ဖုန်း သူ့ကို လှည့်စားသွားတာကို ဒေါသထွက်နေခဲ့သော်လည်း ချိုးသာ့ပေးတဲ့ ပြင်းပြင်းထန်ထန် နှိုးဆွတဲ့ အတွေ့အထိတွေကြောင့် သူ အလျင်အမြန် နစ်မျောသွားခဲ့ရကာ မကြာခင်မှာပင် နှစ်ယောက်သား အထွတ်အထိပ်သို့ ရောက်သွားကြပြီး နောက်ဆုံးတော့ ငြိမ်သက်သွားကြလေပြီ။
ချိုးသာ့ အင်္ကျီပြန်ဝတ်လိုက်ပြီးနောက် လော့ကျောင်းရဲ့ တင်ပါးကို လက်ဝါးဖြင့် ရိုက်ကာ "ငါမရှိဘဲ မင်းက ခဏလောက်လေးတောင် သည်းမခံနိုင်တော့ဘူးပေါ့ ဟမ်? ငါ့မိန်းမက မနေ့က ပြန်လာတာကို မင်းသိသားနဲ့ကွာ။ မင်းက ဘာလို့ ဒီလိုမျိုး ခက်ခက်ခဲခဲစွန့်စားချင်နေရတာတုန်း?"
လော့ကျောင်းနှင့် ဒီလိုလျှို့ဝှက်လုပ်ရတာက သူ့မိန်းမထက် ပိုကျေနပ်စရာကောင်းနေတာ မဟုတ်ခဲ့ရင် ဒီလိုနောက်ကျတဲ့အချိန်ကြီးမှာ ဒီတောအုပ်ထဲကို သူလာမှာမဟုတ်ဘူး။ ခြင်ကိုက်ခံရတဲ့အပြင် သစ်ရွက်တွေကလည်း စူးသေးတာကိုကွာ။
လော့ကျောင်းက အဝတ်အစားတွေ ဝတ်နေရင်း ဤစကားတွေကိုကြားတော့ ရပ်တန့်သွားကာ "မင်း ဘာကိုဆိုလိုတာလဲ? ငါတို့ ဒီမှာလုပ်ကြမယ်လို့ ငါဘယ်တုန်းက ပြောမိလို့လဲ?!"
သူ ဒီနေရာမှာ ချိုးသာ့နဲ့ ဟိုကိစ္စလုပ်ဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးလေ! ဒီနေရာက ရွာနဲ့နီးလို့ အလွယ်လေး ရှာတွေ့သွားနိုင်တယ်ဆိုတာ သူသိတယ်လေ!
ချိုးသာ့က လော့ကျောင်းကို မပျော်မရွှင် စိုက်ကြည့်လိုက်ရင်း "ငါက ဒီကိစ္စကို ဘာအကြောင်းမှမရှိဘဲ ပြောမလားကွ? ငါ့ကိုစောင့်နေတာ မဟုတ်ဘူးဆိုရင်၊ ဒီတော့ မင်းက ဘယ်သူ့ကို စောင့်နေတာလဲ? မင်းမိသားစုက အဲ့ဒီအသုံးမဝင်တဲ့ကောင်ကိုများလား? သူက မင်းကို ကျေနပ်အောင်မလုပ်ပေးနိုင်ဘူးလို့ မင်းပဲပြောတာ မဟုတ်ဘူးလား?"
"ချိုးသာ့!"
xxx
နောက်ဆုံးမှာ ချိုးသာ့လို့ ခေါ်လိုက်တာ ဘယ်သူလို့ထင်လဲနော်?
လော့ကျောင်းတို့အကြောင်းကတော့ မကြာခင် ပြီးသွားတော့မှာပါ ~