Chapter 334
လင်းလော့ချင်း၏ပရိသတ်များက ထိုပို့စ်နှစ်ခုကြောင့် ကြောင်အထိတ်လန့်သွားကြလေသည်။
[ဖာ့ခ် ဒါက ဘာပြောတာလဲ!!!]
[ဖာ့ခ် မဟုတ်ဘူး...ငါတွေးနေတာတော့ မဟုတ်ဘူးမလား...]
[အာာာာ ငါ့ရဲ့အစ်ကိုက ဥက္ကဋ္ဌကျိနဲ့ ဘာလုပ်နေတယ်...]
[မိုးမခပင်ပေါ်ကလက ဘာလဲ...ချီရှီပွဲတော်က ဘာလဲ...အစ်ကို ရိုးရိုးပြောပြလို့ မရဘူးလား...]
[အပေါ်က တစ်ယောက် နားမလည်ဘူးလား...ဒါက တရား၀င်ကြေညာချက် ထုတ်တာလေ...]
[ဖာ့ခ် မယုံနိုင်ဘူး...မယုံဘူး...မယုံဘူး...]
[ငါ လက်မခံနိုင်ဘူး...]
[မဟုတ်ဘူး...ဒါက တကယ်ကြီး တရား၀င်ကြေညာချက်လား...]
[ဟုတ်တယ်...နှစ်ယောက်တွဲဓာတ်ပုံပါ တင်ထားမှတော့ အဲ့ဒါကလွဲရင် ဘာရှိဦးမှာလဲ...]
[ဒါက ချီရှီပွဲတော်အချိန်လေ...သူတို့က ချီရှီပွဲတော်မှာ ဒိတ်လုပ်မှာဖြစ်ကြောင်း ကြေညာလိုက်တာမလား...]
[အဲ့လိုပြောတဲ့အပြင် ချီရှီပွဲတော်မှာ ပြောမှတော့ တရား၀င်ကြေညာချက်ပဲ မဟုတ်ဘူးလား...]
[မြတ်စွာဘုရား ငါ ရှစ်နေတဲ့CPက တကယ်ဖြစ်လာပြီ...]
[အာ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိပါတယ်လို့ ပြောသားပဲ...'တောက်ပသော တနင်္ဂနွေ'ကိုကြည့်တဲ့သူတိုင်း သူတို့က အတွဲတွေဆိုတာ ပြောနိုင်တယ်...]
[အမေရေ...သမီးတော့ ပျော်လွန်းလို့ ငိုနေပါပြီ...]
[ဝူးဝူးဝူး...ငါ့အိမ်မက်လေး တကယ်ဖြစ်လာပြီ...သခင်လေးကျိက အလှလေးနဲ့ နောက်ဆုံးတော့တွဲနေပြီ...]
[ဟားဟား ငါ ဒီညတော့ မအိပ်တော့ဘူးဟေ့...]
မကြာမီပင် ထိုတရား၀င်ကြေညာချက်ကြောင့် ဝေ့ပေါ်ပြိုကျသွားလေသည်။
ဖြတ်သွားဖြတ်လာများက အကြောင်းရင်းကို မသိကြသေးသောကြောင့် ဝေ့ပေါ်ပြိုကျသွားရသည့် အကြောင်းရင်းကို ဖိုရမ်ပေါ်တွင် သွားမေးရာ ဖိုရမ်တစ်ခုလုံးတွင် လင်းလော့ချင်း၏အကြောင်းများ ပြည့်နေလေသည်။
[လင်းလော့ချင်းရဲ့ တရား၀င်ကြေညာချက်လား...]
[ဖာ့ခ် လင်းလော့ချင်းနဲ့ကျိယွီရှောင်က တရားဝင်ကြေညာလိုက်ပြီလား...]
[လင်းလော့ချင်းနဲ့ကျိယွီရှောင်က တွဲနေကြပြီလား...]
[ရုတ်တရက်ကြီး ဝေ့ပေါ်ပြိုကျသွားရတာက လင်းလော့ချင်းကြောင့်လား...]
[အာာ...ကျိချင်းရဲ့အောင်ပွဲနေ့ပဲဟေ့...ကျိချင်းက တကယ် အစစ်အမှန်ပဲ...]
[ဩဂုတ်လတွင် ထုတ်လွှင့်သည့် လင်းလော့ချင်းနှင့်ကျိယွီရှောင်၏ ရသစုံရှိုး...]
ဖြတ်သွားဖြတ်လာများ :'ဟုတ်ပါပြီ...ရှာစရာတောင် မလိုအောင် ရှယ်နေကြတာပဲ...'
ထို့နောက် သူတို့က လင်းလော့ချင်း၏ပို့စ်ကို သွားရှာကြသည့်အခါ လူတိုင်းက ပို့စ်အောက်တွင် အပြင်းအထန် ဆွေးနွေးနေကြလေသည်။
[ဒါက တရား၀င်ကြေညာလိုက်တာ...ဟုတ်တယ်မလား...]
[မိုးမခပင်ထက်မှာ လသာတာက စုံတွဲတွေ သုံးတဲ့စကားလေ...ကျိယွီရှောင်က ချီရှီပွဲတော်ပါ ပါအောင် ရေးလိုက်သေး...ဒါက တရား၀င်ကြေညာတာ မဟုတ်လို့ ဘာလဲ...]
[ဟုတ်တယ်...ငါတို့လူလွတ်တွေက ချီရှီပွဲတော်ကို မဆင်နွှဲဘူး...]
[အဖြောင့်ကောင်လေးတစ်ယောက်က နောက်အဖြောင့်ကောင်လေးတစ်ယောက်နဲ့ ချီရှီပွဲတော်ကို အတူတူဖြတ်သန်းတာ ဖြစ်နိုင်လို့လား...]
[ပြီးတော့ ညသန်းခေါင်လေ...တရား၀င်ကြေညာချက်မဟုတ်ရင် ဘာလို့ ညသန်းခေါင်မှ ပို့စ်တင်မှာလဲ...]
[ဟုတ်တယ်...စောစောအိပ်တာက ပိုမကောင်းလို့လား...]
[အာာာာ တကယ်ကြီးလား....ဝူးဝူး တော်တော်ပျော်နေပြီ...]
[ဘုရားသခင် သူတို့က တကယ်ကြီးလား...သူတို့ကို သူငယ်ချင်းကောင်းတွေလို့ ထင်ထားတာ...]
[ဒါပေမဲ့ သူတို့နှစ်ယောက် အထူးသဖြင့် ကျိယွီရှောင်က အရမ်းသိသာလွန်းတယ်...]
[ဖာ့ခ် ကျိယွီရှောင်က သိသာလွန်းလို့ကို အတုလို့ ထင်ထားတာ...ဘယ်သူက အဲ့လိုပေါ်တင် ထုတ်ပြနေလို့လဲ...]
[ငါရောပဲ အဲ့လိုထင်တာ...အခုတော့ သူတို့က တကယ်ကြီးဖြစ်နေတယ်...]
[ဟီးဟီး အရမ်းချိုတာပဲ...ချိုလွန်းတယ်...သူတို့ရှိုးကို ကြည့်တုန်းက အရမ်းချိုတယ် ထင်ထားတာ...အခုတော့ တကယ်ဖြစ်လာပြီး ပိုချိုလာပြီ...]
[အခု ရသစုံရှိုးကို ပြန်ကြည့်လိုက်တာ ကျိယွီရှောင်က အရမ်းရိုးသားတဲ့သူပဲ...သူက ဟန်ဆောင်မနေဘူး...]
[ဟုတ်တယ်...သူက ကျိယွီရှောင်ကို မိန်းမလို့တောင် ခေါ်တာ...အဖြောင့်တစ်ယောက်က အဲ့လိုခေါ်မလား...(ခွေးခေါင်း အီမိုဂျီ)]
[ဖာ့ခ် ဒါက တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး...သူတို့က စုံတွဲအဖြစ် သရုပ်ဆောင်ခဲ့ရတာ ဇာတ်ညွှန်းရှိရမယ်...]
ထိုကဲ့သို့မက်ဆေ့ခ်ျများကို မြင်သောအခါ လျှိုယာမင်နှင့်စွန်းလျန့်က ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ အမှန်တွင် ယင်းက တကယ် တိုက်ဆိုင်မှုဖြစ်လေသည်။ လင်းလော့ချင်းက ကျောက်တုံးစက္ကူကတ်ကြေး ကစားရာတွင် ရှုံးနိမ့်သွားသည့်အတွက် အလှလေး လင်းဖြစ်လာခြင်းဖြစ်သည်။ မဟုတ်လျှင် အလှလေး ကျိ၊ အလှလေး ဖန်း၊ အလှလေး ချမ်ဖြစ်လာနိုင်ပေသည်။
သူတို့က လင်းလော့ချင်း၏ပို့စ်ကို ပြန်တင်လိုက်ပြီး ကောင်းချီပေးလိုက်သည်။
[ကွန်ဂရက်ကျူလေးရှင်း အလှလေးလင်းနဲ့သခင်လေးကျိတို့က ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပဲ...]
ဖန်းဖေးကျယ်ကလည်း ပို့စ်ကို ပြန်တင်လိုက်၏။
[သေစမ်း...နောက်ဆုံးတော့ တတိယသခင်လေးဖန်းက ရှုံးနိမ့်သွားပြီလား...]
ထိုပို့စ်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက လှောင်ရယ်ကြလေသည်။
[သနားစရာ တတိယသခင်လေးဖန်းပဲ...]
မကြာမီပင် ချမ်ယုံအန်း၊ ကျိုက်ထင်လန်၊ စုန့်ရှို့၀မ်တို့က ကောင်းချီးများ ပေးကြပြီး ရှစ်ချင်းနှင့် ချင်ဝူသည်လည်း ကောင်းချီးများ ပို့ပေးလိုက်လေသည်။
ဒါရိုက်တာလီက လင်းလော့ချင်း၏ပို့စ်ကို ကြည့်လိုက်သည်။
သူတို့က အဲ့လိုဆိုတာ ထင်သားပဲ...
ယွီကျားယုံ :'သူတို့က စိတ်မရှည်ကြဘူးပဲ...တရား၀င်ကြေညာချက်ကို အစောကြီး ထုတ်လိုက်တာပဲ...'
မဟုတ်ဘူး...ပြန်တွေးကြည့်ရင် လင်းလော့ချင်းက အကောင်းဆုံးမင်းသားဆု ရပြီးသွားပြီလေ...
ဘာကြောက်စရာ ရှိသေးလို့လဲ...
ဒါ့အပြင် ပရိသတ်တွေ လျော့သွားရင်တောင် ကျောထောက်နောက်ခံ ကျိယွီရှောင်တစ်ယောက်လုံး ရှိနေသေးတယ်...
ထိုသို့ တွေးပြီးနောက် ယွီကျားယုံက ပို့စ်ကို ပြန်တင်ကာ ကောင်းချီးများ ပို့ပေးလိုက်သည်။
အချိန်အတိုင်းအတာတစ်ခုရောက်သောအခါ လင်းလော့ချင်းနှင့်ကျိယွီရှောင်၏ဝေ့ပေါ်ပေါ်တွင်ကောင်းချီးများဖြင့်သာ ပြည့်နေလေသည်။
အင်တာနက်သုံးစွဲသူများက ယင်းကို ကြည့်ကာ ပို့စ်က တရား၀င်ကြေညာချက်ဖြစ်ကြောင်း သေချာသွားလေသည်။
မဟုတ်ရင် အနုပညာရှင်တွေက ကောင်းချီးတွေ ပို့ပေးမှာ မဟုတ်ဘူး...ပြီးတော့ ဒီလောက်ကြာနေပြီးမဟုတ်ရင် ငြင်းဆိုချက် ထုတ်လာမှာပေါ့...
ဒီအတွဲက တကယ်ကြီးပဲ...အံ့ဩစရာ ကောင်းလိုက်တာ...
[လက်တွေ့မှာ တကယ်ဖြစ်လာတဲ့ ဥက္ကဋ္ဌနဲ့ကြယ်ပွင့်စုံတွဲပဲ...]
[ငါဖတ်ဖူးတဲ့ ဖျော်ဖြေရေးနိုဗယ်၀တ္ထုက အပြင်မှာ တကယ်ကြီးဖြစ်လာတာပဲ...]
[ဟားဟား ဒီလိုမြင်ရတာ အရမ်းပျော်ပြီး ၀မ်းသာတယ်...]
[ဝူးဝူး တကယ့်စုံတွဲလေး ထွက်လာပြီ...ချိုမြိန်လိုက်တာ...]
လင်းလော့ချင်းသည်လည်း ဆုတောင်းပေးကြသည့်ကောင်းချီးများကိုကြည့်ကာ အလွန်ပျော်ရွှင်နေလေသည်။
အခု တရား၀င်ကြေညာချက် ထုတ်လိုက်တော့ အနာဂတ်မှာ ကျိယွီရှောင်နဲ့တွေ့တာကို ဖုံးကွယ်နေစရာ မလိုတော့ဘူး...
ထို့နောက် သူက ကျိယွီရှောင်ကို ကြည့်လိုက်ရာ ကျိယွီရှောင်ကလည်း သူ့ကို ကြည့်နေသောကြောင့်မျက်လုံးချင်းဆုံသွားကာ ရယ်မောလိုက်ကြလေသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး နဖူးကို နမ်းလိုက်သည်။
"ကောင်းတယ်...ကိုယ်တို့ကို လူတွေ အများကြီး ကောင်းချီးပေးနေကြတယ်..."
"ဟုတ်တယ်..."
အချစ်ဆိုတာ လူနှစ်ယောက်ကြားက ကိစ္စပေမဲ့ လူတွေဆီက ဆုမွန်ကောင်းချီးတွေက သူ့ကို ပျော်ရွှင်စေတယ်...
လင်းလော့ချင်းက တစ်ဖက်လူကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ သူ့ရင်ထဲမှ ပျော်ရွှင်မှုများကအထိန်းအကွပ်မဲ့စွာ စီးဆင်းနေ၏။
လင်းလော့ချင်း ရေချိုးနေစဉ် ကျိယွီရှောင်က ဖန်ပေ့ခ်ျကို စစ်ဆေးလိုက်သည်။
ဖြူစင်သည့်ပရိတ်သတ်များက ပျော်ရွှင်နေကြသော်လည်း စိတ်ပူနေသည့်ပရိသတ်များလည်းရှိ၏။
ကျိယွီရှောင်က လင်းလော့ချင်းအတွက် သင့်တော်သည့်ဟု တွေးကာ ပျော်ရွှင်နေကြခြင်းဖြစ်ပြီးသူတို့အစ်ကိုက ရုတ်တရက် ချစ်ကြိုက်သွားသောကြောင့် စိတ်ပူစိုးရိမ်နေကြခြင်းဖြစ်သည်။
ကျိယွီရှောင်က စာအိတ်နီလေးများကို ဂရုထဲ ပို့ပေးကာ ထိုပရိသတ်များကို နှစ်သိမ့်ပေးလိုက်သည်။
ပရိတ်သတ်များ အံ့ဩသွားကြသည်။
[ဘော့စ်ယွင်က ဘာလို့ စာအိတ်နီတွေ ထပ်ပို့လာရပြန်တာလဲ...]
ယွင်ဖျင်ယုကျိ :[မင်းတို့ကို နှစ်သိမ့်ပေးတာလေ...အရမ်း ၀မ်းမနည်းကြပါနဲ့...]
[ဘော့စ်ယွင်ရော ၀မ်းနည်းနေလား...]
ကျိယွီရှောင် : 'သူက အရမ်းပျော်နေတာ...'
သို့သော် ထိုသို့ပြောရန် မဖြစ်နိုင်ပေ။
[ငါက ကျိချင်းဖန်လေ...မင်းတို့ မေ့သွားပြီလား...]
ပရိသတ်များ : 'ဟုတ်သားပဲ...ဘော့စ်ယွင်က ကျိချင်းဖန်ပဲ...အခု အရမ်းပျော်နေရောပေါ့...'
ထို့နောက် သူတို့က စာအိတ်နီလေးများကို ရှက်ရွံ့စွာအလျင်အမြန် လုလိုက်ကြသည်။
အဆုံးတွင် တစ်စုံတစ်ယောက်က ကူရာမဲ့စွာ မေးလိုက်သည်။
[ဘော့စ်ယွင်က အောင်မြင်တဲ့ အသက်မွေး၀မ်းကြောင်းအလုပ် ရှိတယ်မလား...ဘော့စ်ယွင်က အရမ်းချမ်းသာတာပဲ...]
ဘာလို့ ရုတ်တရက်ကြီး အဲ့ဒါကို မေးတာလဲ...
ကျိယွီရှောင် တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်၏။
[ဟုတ်တယ်...]
[ဒါဆို ကျိယွီရှောင်ကို သိလား...ဒါမှမဟုတ် သူ့အကြောင်း ကြားဖူးလား...သူက ကျိဂရုရဲ့အထွေထွေမန်နေဂျာမလား...သူနဲ့ဆက်ဆံဖူးလား...]
ကျိယွီရှောင် :"..."
ဘယ်လိုပြန်ဖြေရမှာလဲ...
[သူ့ကို သိတယ်...]
မကြာမီပင် ပရိသတ်တစ်ယောက်က ထပ်မေးလိုက်သည်။
[သူက ယုံကြည်လို့ရရဲ့လား...အစ်ကိုက သူနဲ့အတူရှိနေတာ...ကျိယွီရှောင်က အစ်ကို့ကို အနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ...]
[မလုပ်ပါဘူး...]
ကျိယွီရှောင် အမြန်ပြန်ဖြေလိုက်သည်။
[ဘော့စ်ယွင်က ကျိယွီရှောင်ကို တကယ်သိတာလား...]
ပရိသတ်များက စိတ်လှုပ်ရှားလာကြ၏။
ကျိယွီရှောင် :"..."
ရေစီးကြောင်းအတိုင်းပဲ လိုက်လိုက်တာပေါ့...
[သိတယ်...]
[ကျိယွီရှောင်က ဘယ်လိုလူမျိုးလဲ...သူ့မှာ အရင်က တွဲဖူးတဲ့သူရှိလား...သူ့လိုလူတွေက တွဲဖူးတဲ့လူတွေ အများကြီးရှိရမယ်...]
[မဟုတ်ပါဘူး...သူ အရင်က တစ်ခါမှ မတွဲဖူးဘူး...သူက အရမ်းမာနကြီးတာ...]
[ဒါဆို သူက ချင်းချင်းနဲ့ ဘာလို့ တွဲရတာလဲ...]
ကျိယွီရှောင် :"???"
ပရိသတ်များ :"..."
[အပေါ်ကတစ်ယောက် ဘာပြောတာလဲ...ချင်းချင်းက အရမ်းကောင်းတာ...ချင်းချင်းကို မကြိုက်တဲ့သူ မရှိဘူး...]
[ဟုတ်တယ်...ချင်းချင်းက အရမ်းကြင်နာတတ်ပြီး ထက်မြက်တယ်...နူးညံ့တယ်... သိမ်မွေ့တယ်...သူ့ကို ဘယ်သူက သဘောမကျမှာလဲ...]
[နင်က လူမည်းပရိသတ်ဖြစ်မယ်....ဟုတ်တယ်မလား...ကျိယွီရှောင်မှာ အမြင်ကောင်းရှိလို့ ချင်းချင်းကို ကြိုက်တာပေါ့...]
[ဟုတ်ပ...အက်မင် ဘယ်မှာလဲ...ဒီလူကို လာစစ်ဆေးပေးပါဦး ...]
ရုတ်တရက် လူမည်းပရိသတ်ဖြစ်သွားရသည့်ပရိသတ် : 'ငါက လူမည်းပရိတ်မဟုတ်ပါဘူး...ချင်းချင်းကို စိတ်ပူရုံပါ QAQ...'
ကျိယွီရှောင် : [ဟုတ်တယ်...ချင်းချင်းက အရမ်းကောင်းတာ...ချင်းချင်းကို ကြိုက်တာ ပုံမှန်ပဲ...ငါက ချင်းချင်းကို အရမ်းကြိုက်တယ်...]
[တွေ့လား...ဘော့စ်ယွင်လို အောင်မြင်တဲ့သူတောင် ချင်းချင်းကို ကြိုက်တယ်...ချင်းချင်းက အရမ်း ဆွဲဆောင်မှု ရှိတာပဲ...]
[ဒါပေမဲ့ ဒါက ဘော့စ်ယွင်အမြင်လေ...ကျိယွီရှောင်ကို ကိုယ်တိုင်ကိုယ်ကျမေးလို့ရရင် ကောင်းမယ်...]
ကျိယွီရှောင် :"..."
လူတစ်ယောက်လုံး ဒီမှာရှိနေတာကို ဘယ်သူကို မေးချင်သေးတာလဲ...
***
နောက်ဆက်တွဲပြဿနာများက ကျိယွီရှောင် မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေလေသည်။ တရား၀င်ကြေညာချက်ထုတ်ပြီး ပထမနေ့တွင်ပင် အိပ်ရာပေါ်တွင် ထိုင်ကာ ပရိသတ်များ၏ချီးမွမ်းစကားများ၊ အတင်းအဖျင်းပြောစကားများကို ဖြေရှင်းနေရ၏။
ပရိသတ် : [ကျိယွီရှောင်မှာ အရင်က အချစ်ရေးအရှုပ်အရှင်းတွေ ရှိလား...သူ့ရဲ့အထောက်အထားကြောင့် သူ့ကို လာကြိုက်တဲ့လူတွေ အများကြီးရှိမှာပဲ...]
ယွင်ဖျင်ယုကျိ : [မဟုတ်ဘူး...သူ့ကို ကြိုက်တဲ့လူတွေ အများကြီး ရှိပေမဲ့ သူ အကုန်လုံးကို ငြင်းခဲ့တယ်...]
ပရိသတ် :[သူက အပြင်မှာရော ရသစုံရှိုးမှာ မြင်ရသလိုပဲလား...သူနဲ့ဆက်ဆံရတာ လွယ်ကူလား...သူက ချင်းချင်းကို အနိုင်ကျင့်မှာလား...]
ယွင်ဖျင်ယုကျိ :[မဟုတ်ဘူး...သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက အရမ်းကောင်းတယ်...]
ပြောပြီးနောက် အားပျော့စွာ ထပ်ဖြည့်ပြောလိုက်သည်။
[လို့ ထင်တာပဲ...]
ပရိသတ် :[သူ့မိသားစုကရော ဘယ်လိုလဲ...သူတို့က ချင်းချင်းကို အထင်သေးရင် ဘယ်လိုလုပ်မလဲ...]
ယွင်ဖျင်ယုကျိ :[စိတ်မပူပါနဲ့...သူ့မိသားစုကို ပြောပြပြီးပြီ...အဲ့အကြောင်းကို ငါကြားမိတယ်...]
ပရိသတ် :[ဘော့စ်ယွင် သူ့ကို အပြင်မှာ မြင်ဖူးလား...သူက တီဗီထဲမှာလိုပဲလား...အပြင်မှာတကယ်ချောရဲ့လား...]
[ဟုတ်တယ်...အပြင်မှာ ရုပ်ဆိုးနေရင် ဘယ်လိုလုပ်မလဲ...]
ကျိယွီရှောင် :"..."
သူက အပြင်မှာ ပိုချောပါတယ်...
ကျိယွီရှောင် မသိမသာ ပြောလိုက်သည်။
[သူ့ကို အပြင်မှာ မမြင်ဖူးပေမဲ့ လူတိုင်းက သူ့ကို အရမ်းချောလို့ အနုပညာရှင် လုပ်လို့ရတဲ့ရုပ်ရည်လို့ ပြောကြတယ်...]
မေးမြန်းပြီးနောက် ပရိသတ်များက စိတ်သက်သာရာရသွားကြ၏။
[ဘော့စ်ယွင် ရှာတွေ့တဲ့အချက်အလက်တွေကို ငါတို့ကို ဝေမျှပေးရမယ်နော်...]
ပရိသတ်တစ်ယောက် ပြောလိုက်၏။
[ရတာပေါ့...]
[အလုပ်ပိုစေမိပြီ...]
[အဆင်ပြေပါတယ်...]
[နောက်ကြရင် ဘော့စ်ယွင်က ငါတို့ရဲ့ နံပါတ်တစ် ထောက်လှမ်းရေးအရာရှိဖြစ်လာလိမ့်မယ်...]
[ကောင်းတယ်...ငါတို့ဂရုမှာ အတွင်းရေးအချက်အလက်ရနိုင်တဲ့သူရှိပြီ...]
ကျိယွီရှောင် :'ကိုယ့်ကိုကိုယ် ပြန်ပြောနေရတာ နည်းနည်းတော့ ရယ်စရာကောင်းတယ်...'
လင်းလော့ချင်း ရေချိုးခန်းမှ ထွက်လာသောအခါ အိပ်ရာပေါ်မှ ကျိယွီရှောင်က ဖုန်းကြည့်ကာ ပြုံးနေလေသည်။
"ဘာလို့ပြုံးနေတာလဲ..."
"မင်းပရိသတ်တွေက ရယ်စရာကောင်းလို့လဲ..."
"ဘာရယ်စရာကောင်းတာလဲ..."
လင်းလော့ချင်းက ကျိယွီရှောင်ဘေးတွင် ၀င်ထိုင်လိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏ဆံပင်များကို Dryer ဖြင့် မှုတ်ပေးလိုက်ပြီး အဖြစ်အပျက်ကိုပြောပြလိုက်သည်။
"မင်း သိလား...အခု ကိုယ်က နှစ်ဖက်ချွန်အေးဂျင့်ဖြစ်နေပြီ..."
လင်းလော့ချင်း ပြုံးလိုက်သည်။
"မင်းက ကိုယ့်ကိုကိုယ် စပိုင်လုပ်နေတာလား..."
"သူတို့ လုပ်ခိုင်းလို့လေ...သူတို့က ကိုယ် မင်းကို အနိုင်ကျင့်မှာကို စိုးရိမ်နေကြတာ.."
"ပရိသတ်တွေက ဒီလိုပါပဲ...ပရိတ်သတ်အများစုကက သူတို့အိုင်ဒေါလ်ကို သဘောကျကြပေမဲ့ တစ်ခါတစ်လေ သူတို့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးလေ...အဲ့ဒါကြောင့် အနုပညာရှင်တိုင်းကပရိသတ်တွေကို အကောင်းမြင်ပေးဖို့နဲ့ သူတို့ကို သေချာလမ်းညွှန်ပေးဖို့ လိုအပ်တယ်..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"မင်းက အိုင်ဒေါလ်ကောင်းပဲ..."
"ငါက အဲ့လိုဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ...ဒါပေမဲ့သူတို့ကို သေချာလမ်းညွှန်ပေးနိုင်ပြီး သူတို့ ပိုကောင်းလာဖို့ မျှော်လင့်တယ်..."
"အင်း..."
လင်းလော့ချင်းက ခေါင်းလှည့်၍ ကျိယွီရှောင်ကို ပြုံးပြလိုက်ပြီး သူ့ဖုန်းကို ကြည့်လိုက်သည်။
သူရေချိုးနေစဉ် ကောင်းချီးများက ပိုမိုများပြားလာလေသည်။ လင်းလော့ချင်းက တစ်ယောက်ပြီးတစ်ယောက် ပြန်တုံ့ပြန်ပေးလိုက်ပြီး ကျိယွီရှောင်၏ရင်ခွင်ထဲ မှီလိုက်ကာ ကလေးဆန်စွာ ပြောလိုက်၏။
"အိပ်ချင်နေပြီ..."
ကျိယွီရှောင်က လက်ပတ်နာရီကို ကြည့်လိုက်သည်။
"တစ်နာရီကျော်နေပြီပဲ...အိပ်ဖို့အချိန်ရောက်ပြီ..."
"မနက်ဖြန် ချီရှီပွဲတော်ပဲ..."
လင်းလော့ချင်း ပြောလိုက်သည်။
ကျိယွီရှောင် ရယ်လိုက်၏။
"မင်း ဘာလုပ်ချင်လို့လဲ..."
"မင်းရော ဘာလုပ်ချင်လဲ..."
ကျိယွီရှောင်က လင်းလော့ချင်းကို ပြုံးကာ ပွေ့ဖက်လိုက်သည်။
"ချီရှီပွဲတော်ဆိုတော့ ငါတိုဒိတ်လုပ်သင့်တာပေါ့..."
"ဖေးဖေးနဲ့ရှောင်ယွီကရော..."
"အန်တီကျန်းနဲ့ရှောင်လီရှိတယ်လေ..."
"မင်း ရှောင်လီကို လစာဘယ်လောက်ပေးတာလဲ...သူ တာ၀န်ယူရတဲ့အလုပ်တွေက အရမ်းများတယ်..."
"လစာများပါတယ်..."
လင်းလော့ချင်းက ကျိယွီရှောင်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
ကျိယွီရှောင် နံပါတ်တစ်ခု ပြောပြလိုက်သည်။
လင်းလော့ချင်း :"..."
"မင်း ဒရိုင်ဘာလိုသေးလား...ရှောင်လီရဲ့လစာလောက် ပေးမှာလား..."
ကျိယွီရှောင်က လင်းလော့ချင်းမျက်နှာကို ပွတ်သပ်လိုက်၏။
"ကိုယ့်မှာ ဒရိုင်ဘာအသစ်တော့ မလိုဘူး...ဇနီးတစ်ယောက်တော့ လိုတယ်...မျိုးရိုးနာမည် လင်းနဲ့လော့ချင်းနာမည်ရှိရင် အကောင်းဆုံးပဲ...သူက ထက်မြက်ပြီးချစ်စရာကောင်းတဲ့ကလေးလေးပါ ခေါ်လာရင် ပိုကောင်းမယ်..."
လင်းလော့ချင်း နှာမှုတ်လိုက်ပြီး ကျိယွီရှောင်ကို တွန်းဖယ်လိုက်ကာ စောင်ခြုံလိုက်သည်။
"အိပ်တော့...ငါလည်း အိပ်တော့မယ်..."
"ဟုတ်ပါပြီ..."
ကျိယွီရှောင် လင်းလော့ချင်းကို သိမ်းကျုံးပွေ့ဖက်လိုက်၏။
လင်းလော့ချင်းက တစ်ဖက်လူကို တွန်းလိုက်သော်လည်း ကျိယွီရှောင်က သူ့ကို ကလိထိုးလာသောကြောင့် စောင်အောက်တွင် လှိမ့်ကာ ရယ်မောနေရလေသည်။
နှစ်ယောက်သား မြူးထူးဆော့ကစားပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်၏လက်မောင်းကို မှီကာ ပြောလိုက်သည်။
"ဒါဆို မနက်ဖြန် ငါတို့ ဒိတ်ကြမှာလား..."
"ဟုတ်တယ်..."
"ကလေးနှစ်ယောက် မပါဘူးလား..."
"ဟုတ်တယ်..."
"ဒါဆို မနက်ဖြန် စောစောထပြီး ရုပ်ရှင်သွားကြည့်ကြတာပေါ့..."
"ကောင်းပြီ..."
"ဒါနဲ့ မင်း သွားချင်တဲ့နေရာရှိလား..."
ကျိယွီရှောင် ခေါင်းခါလိုက်သည်။
"မင်းမှာ ရှိလား..."
"အင်း...ငါ အပန်းဖြေဥယျာဉ် ထပ်သွားချင်တယ်..."
"မနက်ဖြန် သွားကြတာပေါ့..."
"ဒါပေမဲ့ ငါတို့ ရုပ်ရှင်ကြည့်ပြီးရင် နေ့လည်ရောက်လောက်ပြီ...အပန်းဖြေဥယျာဉ်မှာ လူများနေလောက်ရောပေ့ါ..."
"ရပါတယ်...ကိုယ် တစ်ခုလုံး ငှားထားလိုက်မယ်..."
"မလိုပါဘူး...ချီရှီပွဲတော်ဆိုတော့ အဲ့ဒါက ပုံမှန်ပဲလေ...မင်းသူငယ်ချင်းဆီကသာ VIP cardတောင်းထားပေး...အဲ့ဒါမှ တန်းစီစရာမလိုဘဲ စိတ်ကြိုက်ကစားလို့ရမှာ..."
"ကောင်းပြီ..."
"ဒါဆို ငါ Alarmပေးထားလိုက်မယ်..."
လင်းလော့ချင်းက ဖုန်းကို ယူလိုက်ပြီး တက်ကြွစွာ Alarmပေးလိုက်၏။
ကျိယွီရှောင်က လင်းလော့ချင်း၏တက်ကြွကလေးဆန်ကာ ရိုးစင်းသောအပြုအမူကို ကြည့်ပြီးနှလုံးသားသည် နူးညံ့သိမ်မွေ့သွား၏။
ကလေးတွေရှေ့မှာ ဘယ်လောက်ပဲ ရင့်ကျက် တည်ငြိမ်နေပါစေ သူက အရာရာကို စူးစမ်းချင်စိတ်ပြင်းပြတဲ့ ကလေးကြီးတစ်ယောက်ဖြစ်နေတုန်းပဲ...
ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး တစ်ဖက်လူ၏ပခုံးပေါ် ခေါင်းတင်လိုက်ကာ မျက်နှာကို နမ်းလိုက်သည်။
လင်းလော့ချင်း အနည်းငယ် ရှက်ရွံ့သွားပြီး ငုံ့ကြည့်လိုက်သောအခါ ကျိယွီရှောင်၏မျက်လုံးထဲမှ ချစ်ခြင်းမေတ္တာများနှင့်နူးညံ့သိမ်မွေ့မှုများကို တွေ့လိုက်ရပြီး သူ့ပတ်၀န်းကျင်မှအရာအားလုံး တိတ်ဆိတ်သွားလေသည်။
ထို့နောက် ခေါင်းငုံ့ကာ ကျိယွီရှောင်၏နှုတ်ခမ်းကိုနမ်းလိုက်ပြီး တစ်ဖက်လူကလည်း ပြန်နမ်းလာလေသည်။
ညဉ့်နက်နေသော်လည်း သူတို့ပတ်၀န်းကျင်ကမူ နွေဦးသဖွယ် နွေးထွေးနေခဲ့၏။