အပိုင်း ၃၃၅
Viewers 87k

Chapter 335




နောက်တစ်နေ့မနက် ရှောင်လီ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ကျိယွီရှောင်ထံမှ ကလေးနှစ်ယောက်ကိုစောင့်ရှောက်ပေးရန်ပြောသည့်ဖုန်းအား လက်ခံရရှိခဲ့ပြီး ‌ရှောင်လီက ယင်းကို သဘောတူခဲ့လေသည်။


ကျိယွီရှောင် ဆေးကြောပြီးနောက် အောက်ထပ်သို့ဆင်းကာ လင်းလော့ချင်းအတွက် မနက်စာပြင်ဆင်နေစဉ် လင်းဖေးက ဆင်းလာလေသည်။


"သား မနက်စာစားချင်လား..."


လင်းဖေးက ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငြိမ့်လိုက်သည်။


"ဒယ်ဒီ ဒီနေ့ မနက်စာပြင်ဆင်နေတာလား..."


"ဟုတ်တယ်...သားပါးပါးအတွက်လေ..."


ကျိယွီရှောင်က လင်းဖေး၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။


"သားအတွက်လည်းပါတယ်...sandwichစားချင်လား..."


"အွန်း..."


ထို့‌‌နောက် ကျိယွီရှောင်က ပေါင်မုန့်ချပ်များကို ဘေးအနားများဖြတ်တောက်လိုက်ပြီး ပေါင်မုန့်ကင်စက်ထဲ ထည့်လိုက်သည်။


"ပါးပါး နိုးပြီလား..."


လင်းဖေး မေးလိုက်၏။


အာ လင်းလော့ချင်းက ကျိလဲ့ယွီနဲ့ အတူတူနိုးလာလေ့ရှိတာ...အခု ကျိလဲ့ယွီ မနိုးသေးတော့လင်းလော့ချင်းလည်း နိုးဦးမှာမဟုတ်ဘူး...


ကျိယွီရှောင် ခေါင်းခါလိုက်သည်။


"မနိုးသေးဘူး...ဒါပေမဲ့ မနက်စာပြင်ပြီးရင်တော့ နိုးလာလောက်ပြီ..."


"ဒီလောက် အစောကြီးလား..."


ကျိယွီရှောင်က ရေခဲသေတ္တာထဲမှ ကြက်ဥများကို ထုတ်နေကာ ကြက်ဥကြော်နေစဉ် လင်းဖေး၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။


"ဒီနေ့ ဒယ်ဒီတို့နှစ်ယောက်က ကိစ္စတစ်ခုရှိလို့လေ...အဲ့ဒါကြောင့်..."


"ဘာကိစ္စလဲဗျ..."


ကျိယွီရှောင်က လင်းဖေးကို အကြောင်းရင်းအမှန်အား ပြောပြရန် ရှက်ရွံ့လေသည်။


"ဒါက လူကြီးတွေကြားက ကိစ္စလေးပါ...သားနဲ့ရှောင်ယွီက ဒီနေ့ အိမ်မှာနေရမယ်...ဦးလေးရှောင်လီ ရောက်လာရင် သားတို့ကို ကြည့်ပေးလိမ့်မယ်..."


"ဟုတ်ကဲ့..."


"သားတို့ အပြင်ထွက်ကစားချင်ရင် ဦးလေးရှောင်လီကို ပြောလိုက်...သူလိုက်ပို့ပေးလိမ့်မယ်..."


"ဟုတ်ကဲ့..."


"သားက တော်လိုက်တာ..."


ကျိယွီရှောင်က ကြက်ဥကြော်များကို ပေါင်မုန့်ကင်ပေါ် တင်လိုက်ပြီး အသားမျှင်များ၊ ၀က်ပေါင်ခြောက်ကင်၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်စသည်တို့ကိုလည်း တင်လိုက်၏။ ထို့နောက် ပေါင်မုန့်တစ်ချပ်ကို ထိုအပေါ်သို့ ထပ်တင်လိုက်သည်။


ပြီးနောက် ထိုပေါင်မုန့်ချပ်ကို ကန့်လန့်ဖြတ်လိုက်လိုက်ကာ ပန်းကန်ပေါ်တင်လိုက်ပြီး လင်းဖေးကိုလှမ်းပေးလိုက်သည်။


"ကောင်းလား မြည်းကြည့်..."


လင်းဖေး လှမ်းယူလိုက်ပြီး ရေခဲသေတ္တာကို ဖွင့်၍ နို့ဘူးကို ထုတ်လိုက်သည်။ ထို့နောက် မနက်စာစားရန် စားပွဲဝိုင်းတွင် သွားထိုင်လိုက်သည်။


ကျိယွီရှောင်က သူနှင့်လင်းလော့ချင်းအတွက် ဆန်းဒစ်၀ခ်ျကို ဆက်လုပ်လိုက်ကာ တစ်ခုခုကိုတွေးမိပြီးနောက် ကျိလဲ့ယွီအတွက်ပါ လုပ်လိုက်သည်။


ဆန်းဒစ်၀ခ်ျမစားရရင် ရှောင်ယွီ ငိုနေပါဦးမယ်...


“ထပ်စားချင်သေးလား..."


ကျိလဲ့ယွီအတွက် ဆန်းဒစ်၀ခ်ျ လုပ်ပြီးနောက် မီးဖိုချောင်မှ ထွက်လာသည့် ကျိယွီရှောင်က ထမင်းစားပွဲဝိုင်းတွင် ထိုင်ကာ နို့သောက်နေသည့်လင်းဖေးကို မေးလိုက်သည်။


လင်းဖေး ခေါင်းခါလိုက်သည်။


ကျိယွီရှောင်က လင်းဖေးပန်းကန်ထဲတွင် ဆန်းဒစ်၀ခ်ျတစ်ခုကျန်နေသည်ကို သတိထားမိသွားပြီး မေးလိုက်သည်။


"အရသာ မရှိလို့လား...ဘာဖြစ်လို့ တစ်ခုကျန်နေတာလဲ..."


"ရှောင်ယွီအတွက် ချန်ထားတာပါ..."


ဤကား ကျိယွီရှောင်ကိုယ်တိုင်လုပ်ထားသည့်မနက်စာဖြစ်ပြီး ကျိလဲ့ယွီ စားချင်ပေလိမ့်မည်ဖြစ်သည်။


ထိုစကားကို ကြားသောအခါ ကျိယွီရှောင်၏ရင်ထဲ ထိရှသွားလေသည်။


လင်းဖေးက အပြစ်ကင်းစင်ပြီး ချောမောတဲ့ကလေးတစ်‌ယောက်ပဲ...ဒါ့အပြင် တစ်ခါတစ်လေ သူ့မှာ အစ်ကိုတစ်ယောက်ရဲ့အရိပ်အယောင်‌တွေ ရှိနေတယ်...


ကျိယွီရှောင် ကူရာမဲ့စွာ ရယ်မောလိုက်ပြီး တစ်ဖက်လူထံ လျှောက်သွားလိုက်ကာ လင်းဖေးခေါင်းလေးကို ပွတ်သပ်လိုက်သည်။


"ရှောင်ယွီအတွက် ချန်ထားစရာမလိုပါဘူး...သူ့အတွက် သက်သက်လုပ်ပေးထားတယ်...သား အဲ့ဒါကို စားလို့ရပါတယ်..."


ခေါင်းပွတ်သပ်ခြင်း ခံလိုက်ရသည့် လင်းဖေး :"..."


ထို့နောက် ကျိယွီရှောင်က လင်းဖေး၏မျက်နှာကို နီရဲလာသည့်အထိ ပွတ်သပ်လိုက်၏။


ချစ်စရာကောင်းလိုက်တာ...


ပြီးနောက် ခါးကိုင်းကာ လင်းဖေးမျက်နှာကို နမ်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"ဒါဆို ဒယ်ဒီ အရင်အပေါ်တက်နှင့်မယ်..."


"ဟုတ်ကဲ့..."


"ဒယ်ဒီကို နမ်းဦးလေ..."


ကျိယွီရှောင် နောက်လိုက်သည်။


လင်းဖေး :"..."


သူက ကျိယွီရှောင်ကို ကူရာမဲ့စွာ ကြည့်လိုက်၏။


ကျိယွီရှောင်က လင်းလော့ချင်းနဲ့တော်တော်တူတာပဲ...နှစ်ယောက်လုံး တွယ်ကပ်တတ်လွန်းတယ်...


လင်းဖေး စိတ်ထဲ သက်ပြင်းချလိုက်ပြီး ကျိယွီရှောင်မျက်နှာကို နမ်းလိုက်သည်။


"သားက အရမ်းကောင်းတာပဲ..."


ပြောပြီးနောက် သူက လင်းဖေးကို ထပ်နမ်းလိုက်ကာ အပေါ်ထပ်သို့ စိတ်ကျေနပ်စွာ တက်သွားလိုက်သည်။


အခန်းထဲသို့ ပြန်ရောက်သည့်အခါ alarmမြည်သံကို စောင့်နေပြီး alarmမြည်လာသောအခါ ပိတ်လိုက်ကာ လင်းလော့ချင်းကို နိုးလိုက်သည်။


လင်းလော့ချင်း ဆက်အိပ်ချင်နေသေးပြီး ကျိယွီရှောင်ကို ပွေ့ဖက်လိုက်ကာ ငြီး‌ငြူလိုက်သည်။


"အရမ်း အိပ်ချင်တယ်..."


"ဒါဆို နည်းနည်း ထပ်အိပ်လေ..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ ခေါင်းပြန်ခါလိုက်ပြီး ထထိုင်လိုက်သည်။


ဘာလို့ ဆက်အိပ်ရမှာလဲ...သူ သွားဒိတ်ချင်သေးတယ်...


သူက ၀န်လေးစွာ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကျိယွီရှောင်က ဆေးကြောသန့်စင်ပြီးသားဖြစ်လေသည်။


"မင်း ဘယ်အချိန်က နိုးတာလဲ..."


"အခုလေးတင် နိုးတာ..."


"လိမ်တယ်...မင်းက ဆေးကြောပြီးသွားပြီ..."


"ဒါဆို အခု မင်းအလှည့်ပဲပေါ့..."


ကျိယွီရှောင်က လင်းလော့ချင်းကို အိပ်ရာပေါ်မှ ပွေ့ချီစဉ် ပြောလိုက်သည်။


လင်းလော့ချင်း ရယ်မောလိုက်ပြီး ကျိယွီရှောင်ပခုံးကို ကိုင်လိုက်သည်။


"မင်း ငါ့ကို ထပ်ပွေ့ချီပြန်ပြီ..."


"ဒါဆို အခု ပစ်ချလိုက်ရမလား..."


ကျိယွီရှောင် ကျီစယ်လိုက်၏။


"မင်း လုပ်ရဲလား..."


ကျိယွီရှောင်က တစ်ဖက်လူမျက်နှာကို ငုံ့နမ်းလိုက်ပြီး ပြောလိုက်သည်။


"လုပ်ရဲ မလုပ်ရဲတာထက် ပွေ့မချီနိုင်‌တော့လို့ပဲ...ဒါပေမဲ့ ဇနီးလေးကိုတော့ ပွေ့ချီနိုင်ပါသေးတယ်..."


"မင်းကသာ ဇနီးလေးပဲ..."


လင်းလော့ချင်း ထေ့ငေါ့လိုက်သည်။


"ဟုတ်ပါတယ်...ကိုယ့်ဇနီးလေး ပြောသလိုပဲပေါ့..."


ကျိယွီရှောင်က လင်းလော့ချင်းကို ရေချိုးခန်းထဲ ချီသွားလိုက်ကာ ပြင်ဆင်ထားသည့် ဖိနပ်ကို စီးပေးလိုက်ကာ အနည်းငယ် ဆက်လက်နောက်ပြောင်လိုက်လေသည်။


လင်းလော့ချင်း ဆေးကြောပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာ၍ အ၀တ်လဲခန်းထဲသို့ ၀င်သွားသောအခါ ကျိယွီရှောင်က သူ့အတွက် အ၀တ်အစား ထုတ်ထားပြီး ဖြစ်လေသည်။


"ဒီနေ့ ဒီ၀တ်စုံ၀တ်..."


ကျိယွီရှောင် ထုတ်ထားပေးသည့် အဖြူရောင်တီရှပ်စ်လက်တိုက ကျိယွီရှောင် ၀တ်ဆင်ထားသည့်အင်္ကျီနှင့်အတူတူပင်ဖြစ်ပြီး အရောင်သာ ကွာပြားလေသည်။


ယင်းကား စုံတွဲ၀တ်စုံဖြစ်ကြောင်း သိသာလှ၏။


"မင်း ဘယ်တုန်းက ဝယ်ထားတာလဲ..."


"သိပ်မကြာသေးဘူး ...မင်း ဒီနေ့ ဒါ၀တ်..."


"အိုကေ..မင်းက အစီအစဉ်တွေ ကြိုဆွဲထားတာပဲ..."


"မရလို့လား..."


ကျိယွီရှောင် ပြုံးလိုက်သည်။


လင်းလော့ချင်း : 'ဘာကြောင့် သူက ငါ့ချစ်သူဖြစ်လာရတာလဲ ...'


လင်းလော့ချင်းက အ၀တ်အစားကို ယူလိုက်ပြီး ကျိယွီရှောင်ကို ပြောလိုက်သည်။


"မင်း ဒီမှာနေခဲ့..."


ကျိယွီရှောင်က အ၀တ်လဲခန်းဗီရိုကို မှီကာ သက်ပြင်းချလိုက်သည်။


"အရင်က မမြင်ဖူးတာလား မဟုတ်ဘဲနဲ့..."


"မရဘူး ...နောက်လည်း ကြည့်လို့မရဘူး..."


ပြောပြီးနောက် လင်းလော့ချင်း လှည့်ထွက်သွားလိုက်သည်။


"ဟုတ်ပါပြီ...အင်္ကျီ ဖြည်းဖြည်းလဲ ဟုတ်ပြီလား..."


ထိုစကားကို ကြားသည့်အခါ လင်းလော့ချင်း ကျေနပ်သွားလေသည်။


သူတို့က တီရှပ်စ်လက်တို၊ ဂျင်းဘောင်းဘီနှင့်ဖိနပ်ကိုသာ ၀တ်ဆင်ထားကြသည်။ ပေါ့ပေါ့ပါးပါး သွားလာနိုင်ရန်အတွက် ထိုသို့၀တ်ဆင်ထားကြခြင်းဖြစ်သည်။


လင်းလော့ချင်းတွင် ကျောပိုးအိတ်ပင် မရှိချေ။ သူ့ပစ္စည်းများကို ကျိယွီရှောင်၏ကျောပိုးအိတ်ထဲတွင်သာ ပေါင်းထည့်ထားလေသည်။


မှန်ရှေ့တွင် လင်းလော့ချင်းက သူ့ကိုယ်သူ ရုပ်ဖျက်နေလေသည်။ သူက ဆံပင်ပုံစံပြင်လိုက်ပြီး မျက်မှန်တပ်လိုက်ကာ သူ့ကိုယ်သူ လုံလောက်ပြီဟု ခံစားရသည့်အခါ ကျိယွီရှောင်ကို မေးလိုက်သည်။


"ဘယ်လိုလဲ..."


ကျိယွီရှောင် ဖုန်းကို ချလိုက်ပြီး လင်းလော့ချင်းကို အပေါ်အောက် ကြည့်လိုက်သည်။


"မင်းကြည့်ရတာ လူလိမ္မာလေးပုံစံပဲ...ဘွဲ့မရသေးတဲ့ အထက်တန်းကျောင်းသားလေးနဲ့တူတယ်...အပန်းဖြေဥယျာဉ်ကို သွားမဲ့သူထက် ကျူရှင်သွားတက်မဲ့သူလို ခံစားရတယ်..."


"ဒါဆို မင်းက ငါ့ကို ကျူရှင်ပို့ပေးမလို့လား..."


"ဘာကျူရှင်လဲ...မင်းကိုသာ တက်ခိုင်းလိုက်ရင် မင်းကို သဘောကျတဲ့သူတွေ ပိုများလာဦးမယ်..."


"ဒါဆို မင်းကိုယ်တိုင် သင်ပေးလည်း ရတာပဲလေ..."


ကျိယွီရှောင် ပြုံးကာ လင်းလော့ချင်း၏ခေါင်းကို ပွတ်သပ်ရန် လုပ်သောအခါ လင်းလော့ချင်းကလျင်မြန်စွာ‌ နောက်ဆုတ်လိုက်၏။


"ငါ့ရဲ့ရုပ်ဖျက်ဖို့ လုပ်ထားတဲ့ဆံပင်ပုံစံကို မဖျက်စီးနဲ့..."


ကျိယွီရှောင် ရယ်မောလိုက်ပြီး လင်းလော့ချင်းပခုံးပေါ် လက်တင်လိုက်ကာ ပြောလိုက်သည်။


"သွားကြစို့...အောက်ဆင်းပြီး မနက်စာစားရအောင်..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင်နှင့်အတူ အောက်ဆင်းသွားလိုက်သည်။


လင်းဖေးက သူ့အခန်းကို ပြန်ရောက်နေကာ စာအုပ်ဖတ်နေပြီဖြစ်၏။


ကျိယွီရှောင်က သူပြင်ဆင်ပေးထားသည့် ဆန်းဒစ်၀ခ်ျနှင့် ဒိန်ချဉ်ကို လင်းလော့ချင်းရှေ့ ချပေးလိုက်သည်။


လင်းလော့ချင်းက ဆန်းဒစ်၀ခ်ျကို တစ်ကိုက်ကိုက်လိုက်ကာ ချီးကျူးလိုက်၏။


"အရမ်း အရသာရှိတာပဲ..."


"တကယ်လား..."


ကျိယွီရှောင် ဂုဏ်ယူစွာ ပြောလိုက်သည်။


"ဘယ်သူလုပ်ထားလဲ မှန်းကြည့်..."


လင်းလော့ချင်း၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သံသယဖြစ်စွာ မေးလိုက်သည်။


"မင်း လုပ်ထားတာတော့ မဟုတ်ပါဘူးနော်..."


“ဟုတ်တာပေါ့...မင်းရဲ့ချောမောလှတဲ့လောင်ကုန်းလုပ်ထားတာလေ...”


လင်းလော့ချင်း နားလည်သွားပြီဖြစ်၏။


"မင်း ဘာလို့ အစောကြီးထနေတာလဲ တွေးနေတာ..မနက်စာလုပ်နေတာကို..."


လင်းလော့ချင်း ပျော်ရွှင်စွာ ရယ်မောလိုက်ကာ နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။


"အရသာရှိလိုက်တာ..."


လင်းလော့ချင်းမျက်နှာပေါ်မှ အပြုံးကို မြင်သည့်အခါ ကျိယွီရှောင်လည်း ကူရာမဲ့စွာ ပြုံးလိုက်သည်။


"ဒါဆို များများစား..."


"အွန်း..."


လင်းလော့ချင်းက အမှန်ပင် အများကြီး စားခဲ့လေသည်။


ယခု ဆယ်နာရီခွဲပြီဖြစ်ကာ ကျိလဲ့ယွီ အိပ်ရာမနိုးသေးချေ။ ထို့ကြောင့် လင်းလော့ချင်းက လင်းဖေးကိုသာ နှုတ်ဆက်လိုက်ရပြီး နောက်တစ်ခေါက်မှ သူနှင့်အတူ အပြင်ထွက်ကစားကြမည်ဟု ပြောခဲ့ပြီး ကျိယွီရှောင်နှင့်အတူ ထွက်လာခဲ့ပေသည်။


နှစ်ယောက်သား ပြောထားသည့်အတိုင်း ရုပ်ရှင်ရုံသို့ ဦးစွာ သွားလိုက်ကြ၏။


"မင်း ဘာကားကြည့်ချင်လဲ..."


ကျိယွီရှောင် မေးလိုက်သည်။


"ရိုမန့်ကား ကြည့်ရအောင်..."


"ဘယ်ကားက ရိုမန့်ကားလဲ..."


လင်းလော့ချင်း ဖုန်းထုတ်ကာ ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် သူက ခွေးသွေးနည်းသည့်ဇာတ်ကားကို တွေ့လိုက်ရလေသည်။ 


"ဒီဟာကြည့်ရအောင်...အင်တာနက်သုံးစွဲသူတွေက ဒီကားကောင်းတယ်လို့ ပြောကြတယ်...ကိုယ်၀န်ဖျက်ချတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ စိတ်ဓာတ်ကျစရာတွေ မရှိဘူး...ဇာတ်သွားက အများကြီး မရှိပေမဲ့ အဆင်ပြေပါတယ်..."


"ဒါက ကျောင်း‌နောက်ခံဇာတ်ကားပဲ..."


ကျိယွီရှောင် ပြုံးကာ ပြောလိုက်၏။


"ဟုတ်တယ်...ကျောင်းသားဘ၀က ဖြူစင်တဲ့အချစ်တွေကို ကြည့်ရအောင်..."


"မင်း ကျောင်းသားဘ၀က ဖြူစင်တဲ့အချစ်ကို ပြန်သတိရသွားတာပေါ့ ဟုတ်လား..."


လင်းလော့ချင်း :"..."


"ငါ ကျောင်းသားဘ၀တုန်းက ဖြူစင်တဲ့အချစ်မျိုး မရှိခဲ့ပါဘူး..."


"မဖြစ်နိုင်ဘူး...မင်းက အရမ်းကြည့်ကောင်းတဲ့ဟာ...မင်း ကျောင်းတက်တုန်းက ဘယ်သူက မင်းကို မကြိုက်ဘဲ နေမှာလဲ..."


ကျိယွီရှောင် ပြောလိုက်သည်။


"အဲ့လိုဆို မင်းလည်း အရမ်းကြည့်ကောင်းတာပဲ...ကျောင်းမှာ မင်းကို ကြိုက်တဲ့လူတွေ ရှိခဲ့မှာပဲလေ..."


"ကိုယ် အကုန်ငြင်းခဲ့တယ်... ကိုယ်က ဟာသဉာဏ်ရွှင်လို့ တွက်ကြည့်ရင် ကိုယ့်ကို တိတ်တဆိတ်ကြိုက်တဲ့သူတွေ အများကြီး ရှိခဲ့တယ်...ဒါပေမဲ့ ကိုယ်က အကုန်လုံးကို ချက်ချင်း ငြင်းပစ်ခဲ့တာ..."


လင်းလော့ချင်း ရယ်မောလိုက်သည်။


"ငါရောပဲ...သူတို့က ငါ့ရဲ့နတ်ဘုရားနဲ့ မယှဉ်နိုင်ဘူးလေ...အဲ့ဒါကြောင့် အကုန် ငြင်းပစ်ခဲ့တာ..."


ကျိယွီရှောင် ပြုံးလိုက်ပြီး မီးနီနေသည့်အတွက် ကားရပ်လိုက်ကာ လင်းလော့ချင်းဘက် လှည့်၍ကြည့်လိုက်သည်။


"ဒီနားလာ..."


"ဘာလို့လဲ..."


လင်းလော့ချင်းက စူးစမ်းစွာ အနားကပ်သွားလိုက်သည့်အခါ ကျိယွီရှောင်က သူ့ကို နမ်းလာလေသည်။


"နမ်းမလို့လေ..."


ကျိယွီရှောင် နူးညံ့စွာ ပြောလိုက်သည်။


လင်းလော့ချင်း :"..."


လင်းလော့ချင်း အလွန် ရှက်ရွံ့သွားလေသည်။


"ကိုယ်တို့ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ ဘယ်နှခါ နမ်းကြလဲ ကြည့်...ပြီးရင် သူတို့နမ်းတဲ့အချိန်တိုင်း ကိုယ် မင်းကို နမ်းမယ်..."


"တော်တော် တုံးတာပဲ..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"ဒီနေ့ကစပြီး ကိုယ်က ငတုံးလေးပဲ...ကိုယ်က မြင်းစာကျွေး၊ ထင်းခုတ်ပြီး ကမ္ဘာပတ်နေတဲ့သူပဲ...နွေဦးက နွေးထွေးတယ်၊ ပန်းတွေက ပွင့်လန်းတယ်၊ ကိုယ်က ချင်းချင်းကို မျက်နှာမူတယ်..."


လင်းလော့ချင်း ကူရာမဲ့စွာ ရယ်မောလိုက်ပြီး သူ့နှလုံးသားလေးက ဆယ်ကျော်သက်ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။


နောက်‌ဆုံးတွင် ကျိလဲ့ယွီ နိုးလာပြီဖြစ်ပြီး မျက်လုံးကို ပွတ်သပ်လိုက်ကာ ကျိယွီရှောင်တို့ကို သွားရှာရန် ထထိုင်လိုက်သည့်အခါ လင်းဖေးက သူ့ကို ရက်စက်စွာ ပြောလာ၏။


"သူတို့ အပြင်ထွက်သွားပြီ..."


ကျိလဲ့ယွီ မျက်တောင်ခတ်လိုက်၏။


"ဘာလို့ ထွက်သွားကြတာလဲ..."


လင်းဖေးက စုံတွဲ၀တ်စုံ ၀တ်ထားသည့် ကျိယွီရှောင်နှင့် လင်းလော့ချင်းကို ပြန်မြင်ယောင်သွားပြီးမှန်းဆပြောလိုက်သည်။


"သွားချိန်းတွေ့ကြတာဖြစ်မယ်..."


ကျိလဲ့ယွီ :"!!!"


သူ့ရှုရှုက ထွက်သွားတယ်...


သူ့အားရီနဲ့ ချိန်းတွေ့ဖို့ ထွက်သွားတယ်...


"တကယ်လား..."


"သူတို့က စုံတွဲ၀တ်စုံ ၀တ်ထားတယ်..."


လင်းဖေး လိုရင်းတိုရှင်း ပြောလိုက်သည်။


"ဒါ့အပြင် ဒီနေ့က ချီရှီပွဲတော်ပဲ..."


"ဟုတ်သားပဲ..."


"ထတော့..."


လင်းဖေး ပြောလိုက်သည်။


"ဒယ်ဒီက မင်းအတွက် ဆန်းဒစ်၀ခ်ျ လုပ်ပေးထားတယ်..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။


"ဒယ်ဒီတို့ ဘယ်သွားကြလဲသိလား..."


သူလည်း လိုက်သွားချင်တယ်...


လင်းဖေး ခေါင်းခါလိုက်သည်။


"ငါ မမေးမိဘူး...ပါးပါးကလည်း မပြောသွားဘူး..."


ကျိလဲ့ယွီ သက်ပြင်းချလိုက်သည်။


ထို့နောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လင်းဖေးကို မေးလိုက်သည်။


"ဒါဆို ဒီနေ့ အိမ်မှာ သားတို့နှစ်ယောက်ထဲ ရှိတာလား..."


"အန်တီကျန်းနဲ့ဦးလေး‌‌ရှောင်လီလည်း ရှိသေးတယ်..."


"ဒါဆို အပြင်ထွက် ကစားကြရအောင်..."


ကျိလဲ့ယွီ စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။


"ပါးပါးနဲ့ဒယ်ဒီလည်း ဒီမှာ မရှိဘူးလေ...အပြင်ထွက်ကစားကြရအောင်...ဒီနေ့ အားလပ်ရက်ပဲဟာ..."


လင်း‌ဖေး :"..."


"သွားရအောင်...သွားကြရအောင်နော်..."


ကျိလဲ့ယွီ ကလေးဆန်စွာ ပြောလိုက်သည်။


"ကျောင်းက နောက်လ ပြန်ဖွင့်တော့မှာ...ကျောင်းမဖွင့်ခင် သားတို့ ပိုပျော်သင့်တာပေါ့..."


လင်းဖေး :"..."


ကျိလဲ့ယွီ မျက်တောင်ခတ်၍ သနားချင့်စဖွယ် ဟန်ဆောင်လိုက်၏။


"ကိုကိုက အကောင်းဆုံးအစ်ကိုပဲလေ..."


လင်းဖေး အနည်းငယ် ကူရာမဲ့သွားလေသည်။


"ဒါဆို ပြန်လာရင် ခရီးသွားမှတ်တမ်းရေးရမယ်..."


ကျိလဲ့ယွီ လျင်မြန်စွာ ခေါင်းငြိမ့်လိုက်၏။


"ဟုတ်..."


“ငါ ဦးလေး‌ရှောင်လီကို သွားပြောလိုက်မယ်..."


"ကျေးဇူးတင်ပါတယ် ကိုကို..."


ကျိလဲ့ယွီ ခေါင်းမော့ကာ လက်နှစ်ဖက်ကို မြှောက်လိုက်၏။


"နမ်းပေးပါ~~~နမ်းပေးပါ~~~"


လင်းဖေး :' ကျိလဲ့ယွီက တော်‌တော် ချစ်စရာကောင်းတာပဲ...'


လင်း‌ဖေး ကျိလဲ့ယွီကို ချုပ်ထားလိုက်ပြီး သက်ပြင်းချလိုက်ကာ သူ့ကိုယ်သူ ဖြောင်းဖြလိုက်သည်။


'အားလပ်ရက်မှာ အပြင်ထွက်ကစားလို့ အဆင်ပြေပါတယ်...ကလေးများနေ့ မဟုတ်ပေမဲ့လည်းကျိလဲ့ယွီက ကလေးပဲလေ...အပြင်ထွက်ကစားလို့ ရပါတယ်...'


အများကြီး ကွာခြားသွားတာလည်း မရှိပါဘူးလေ...