အပိုင်း ၃၃၂
Viewers 87k

Chapter 332



သူ ကျိယွီရှောင်ကို အခြားသူများထက် ပိုနှစ်သက်သည်။


ကျိယွီရှောင်ကို သဘောကျရလွန်း၍ သူပြောခဲ့သလိုမျိုး ကျိယွီရှောင်ကို အမှန်တကယ်ခိုးချစ်နေမိခဲ့ရန်ပင် မျှော်လင့်မိသည်။


သူရောက်ဖူးသည့် ကမ္ဘာနှစ်ခုထဲမှာ ကျိယွီရှောင်က သူသဘောကျရသည့် တစ်ခုတည်းသော သူဖြစ်၏။


လင်းလော့ချင်း သူ့အား အချိန်အကြာကြီး မှီနေခဲ့ပြီး နောက်ဆုံးမှာ သူ့အသံကိုပြန်ရလာသည်။


"လက်ထပ်မယ်" ဟု သူကပြောသည်။


"ချင်းချင်း... မင်းက အရမ်းကောင်းတာပဲ" 

ကျိယွီရှောင်က သူ့ပါးကို နမ်းလိုက်ပြီး နားထဲကို ကျေးဇူးတင်စကား တိုးတိုးလေး ပြောလာသည်။


သူက လင်းလော့ချင်းကို မြတ်မြတ်နိုးနိုး တင်းကြပ်နေအောင် ဖက်ထားသည်။လင်းလော့ချင်း သူ့ပခုံးကို မှီကာ တောက်ပစွာ ပြုံးလိုက်သည်။


ခဏအကြာတွင် သူ ကျိယွီရှောင်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။


ကျိယွီရှောင် လက်စွပ်ကို ထုတ်ယူပြီး လင်းလော့ချင်း၏ လက်ကို ကိုင်ကာ လက်သူကြွယ်မှာ ဝတ်ပေးလိုက်သည်။


လက်စွပ်ကို သူကိုယ်တိုင်ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။အဆုံးတွင် ကျိယွီရှောင် ထိုခက်ခဲသောအနုစိတ်ပုံစံများကို စွန့်လွှတ်ပြီး အခြေခံဆီကို ပြန်သွားခဲ့သည်။ သူက အဖြူရောင်ကျောက်မျက်ရတနာများကို တိမ်ပုံသဏ္ဍာန်ပြုလုပ်ကာ ၎င်းတို့ကို လက်စွပ်ထဲတွင် ထည့်သွင်းခဲ့သည်။


တိမ်များသည် ဖြူစင်ပြီးသန့်ရှင်းသည်၊လင်းလော့ချင်းအပေါ်ထားသည့် သူ့ချစ်ကဲ့သို့ပင်။မသန့်းင်မှုအရိပ်အယောင်မျှပင် မရှိခဲ့ဘဲ ချစ်ခြင်းမေတ္တာတွေနှင့် ပြည့်နှက်နေခဲ့သည်။


'ဒီတိမ်လေးက လင်းလော့ချင်းကို အဖော်ပြုနေပါစေ...ဒီတိမ်လေးလိုပဲ သူလည်း လင်းလော့ချင်းကိုအမြဲအဖော်ပြုနေပါရစေ"

ကျိယွီရှောင် တွေးလိုက်သည်။


"ကိုယ်ကိုယ်တိုင် ဒီလက်စွပ်ကို ဒီဇိုင်းဆွဲထားတာ" 

ကျိယွီရှောင်က တိုးတိုးလေးပြောသည်။ 

"ဒါက ကိုယ့်အတွက် ပထမဆုံး အကြိမ်...ဒါကြောင့် မကြိုက်ရင်တောင် သည်းခံရမယ်နော်"


"မဟုတ်ဘူး"

လင်းလော့ချင်း ဖြူစင်သန့်ရှင်းသော တိမ်တိုက်များကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အရမ်းကြိုက်တယ်"


"အခု မင်းဒီဇိုင်းဆွဲထားမှန်း သိတော့ ပိုကြိုက်တယ်"


သူ ကျိယွီရှောင်၏မျာက်နှာနားကို တိုးကပ်သွားပြီး သူ့ပါးကို နမ်းလိုက်သည်။


ကျိယွီရှောင် သူ့ကို ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။


သူတို့နှစ်ဦးသည် လမင်းကြီးဆီကနေ ပုန်းရှောင်ကာ နမ်းရှိုက်နေခဲ့ကြသည်။


အိပ်ခန်းထဲပြန်ရောက်သည်အထိ လင်းလော့ချင်း အတော်လေးစိတ်လှုပ်ရှားနေတုန်းပင်။ သူက နှင်းဆီပန်းတွေကို ပန်းအိုးအလွတ်ထဲကို ထည့်လိုက်ပြီး သူ့ရှေ့က ပန်းတွေကို နူးညံ့သော မျက်လုံးတွေနှင့် ကြည့်နေသည်။


ကျိယွီရှောင် သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ့ပါးတစ်ဖက်ကို နမ်းကာ နားရွက်လေးတွေ နားထင်လေးတွေကို ပွတ်သပ်လိုက်သည်။


လင်းလော့ချင်း လှည့်လိုက်ရာတွင် ရုတ်တရက်မြင်လိုက်ရသည်။သူ အံ့အားသင့်သွားပြီး သူ့ကိုနမ်းမည်ပြင်နေသည့်ကျိယွီရှောင်ကိုတားလိုက်သည်။


"ဘာဖြစ်လို့လဲ" 

ကျိယွီရှောင်က သူ့ကို မေးသည်။


လင်းလော့ချင်း မနီးမဝေးမှ စိမ်းမြနေသော ရှားစောင်းလေးအား လှမ်းကြည့်ကာ အံ့သြစွာ ပြုံးလိုက်သည်။


"ပွင့်နေပြီ" 

သူ ကျိယွီရှောင်ကို ကြည့်လိုက်သည်။ 

"ဖေးဖေး ပေးခဲ့တဲ့ ရှားစောင်းပင်လေးပန်းပွင့်နေပြီ"


ကျိယွီရှောင် အံ့သြသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။လရောင်အောက်ရှိ လသာဆောင်ပေါ်တွင် လင်းဖေး ပေးခဲ့သော အစိမ်းရှောင် ရှားစောင်းလေးက ဘယ်အချိန်ကမှန်းမသိ အဖြူရောင် ပန်းပွင့်လေးပွင့်နေသည် မြင်လိုက်ရသည်။


ပန်းလေးက အလွန်လှသည်။နှင်းလုံးသေးသေးလေးကဲ့သို့ အေးစက်ပြီး ငြိမ်သက်ကာ ဝါဂွမ်းနုနုလေးကဲ့သို့ ဆိတ်ငြိမ်ပြီး နူးညံ့သည်။


လင်းလော့ချင်း လျှောက်သွားလိုက်ပြီး သူ့ရှေ့မှ ပန်းနုနုငယ်ငယ်လေးကို ကြည့်ကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည် ။


ဤသည်က လင်းဖေးဆီက ပထမဆုံး လက်ဆောင်ဖြစ်၏။


သူ့အချစ်ဆုံးကလေးက သူ့ကို ကြီးစွာသောမျှော်လင့်ချက်ဖြင့် ပို့ပေးလာခဲ့သည့် စပရိုက်လေးဖြစ်လေသည်။


ယခု ပန်းပွင့်နေလေပြီ။


လင်းလော့ချင်းက ခပ်ဖွဖွပြုံးလိုက်သည်။ သူ၏ အပြုံးက နွေးထွေးပြီး တောက်ပနေကာ လရောင်အောက်တွင် ရွှေရောင်ခြုံလွှာပါးတစ်ခု ခြုံလွှမ်းထားသကဲ့သို့ မပီမပြင်ဝိုးတဝါးနှင့် အိပ်မက်ဆန်လေသည်။


ပန်းပွင့်နေလေပြီ၊

သူ့ ရှားစောင်းပင်လေး ပန်းပွင့်နေလေပြီ။


သူ သူ့ဘေးက ကျိယွီရှောင်ကို ခေါင်းလှည့်ကာကြည့်လိုက်သည်။လရောင်က နူးညံ့သိမ်မွေ့စွာဖြာကျနေပြီး သူ့မျက်နှာပေါ်ရှိ နူးညံ့မှုကို ရောင်ပြန်ဟပ်နေသည်မှာ သူ့ကိုယ်၌က လမင်းကဲ့သို့ လှပနေသည့်နှယ်ပင်။


ကျိယွီရှောင် သူ့လမင်းလေးကို မထိန်းနိုင်ဘဲ နမ်းရှိုက်လိုက်မိတော့သည်။


ရှားစောင်းပန်းလေး ပွင့်နေသည်ကို ကြည့်နေစဉ် လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီကို ‌တွေးမိသွားလေသည်။

“ရှောင်ယွီနဲ့ဖေးဖေး တကယ် ဒီမှာမရှိဘူးလား…”


သူက ကျိယွီရှောင်ကို မေးလိုက်၏။


“မရှိဘူး…ကိုယ် လိမ်နေစရာ အကြောင်းမှမရှိတာ…သူတို့ကို ရှောင်လီနဲ့ ကစားဖို့ လွှတ်လိုက်တယ်…”


“ဒါဆို သူတို့ ဘယ်အချိန် ပြန်လာမှာလဲ…”


“မနက်ဖြန်…”


“ဒီလိုဆို မနက်ဖြန်ကျရင် သူတို့ကို ရှားစောင်းပန်းလေး ပွင့်နေတာကို ပြရမယ်…ငါက ရှားစောင်းပန်းလေးကို ကြည့်ပြီး အရမ်းပျော်နေတာ…ရှောင်ယွီလည်း သိရင် ပျော်နေမှာပဲ…သူ့ရှားစောင်းပင်က အခုထိ ပန်းမပွင့်သေးဘူးမလား…”


လင်းလော့ချင်းက ရှားစောင်းပင်ရှေ့ ဆောင့်ကြောင့်ထိုင်နေပြီး သူ့မျက်လုံးအတွင်း၌ ကြင်နာမှုနှင့်မျှော်လင့်ချက်များ ပြည့်နှက်နေပေသည်။


အရမ်းကောင်းတယ်…ဒီလိုနေ့မျိုးမှာ ရှားစောင်းပန်းလေးက ပွင့်နေတာပဲ…


ထို့နောက် လင်းလော့ချင်းက ကျိယွီရှောင်ဘက်သို့ လှည့်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။


ထိုအပြုံးကို မြင်သောအခါ ကျိယွီရှောင်က တစ်ဖက်လူကို ပွေ့ဖက်လိုက်ပြီး နမ်းလိုက်၏။


သူတို့ နမ်းနေကြစဉ် လင်းလော့ချင်း၏ဖုန်းမြည်လာပြီး ကျိယွီရှောင်ကို တွန်းထုတ်ကာ ဖုန်းကိုင်လိုက်သည်။


ဝူရှင်းယွမ် ဖုန်းဆက်လာတာပဲ…ဒီအချိန်ကြီး ဘာလို့ သူ့ကို ဖုန်းဆက်လာတာလဲ…


“ဘာဖြစ်လို့လဲ အစ်ကိုဝူ…”


“မင်း ဆုရကြောင်း ဝေ့ပေါ်ပေါ်မှာ ပို့စ်တင်ဖို့ကို မေ့နေတာလား…”


ဝူရှင်းယွမ် သတိပေးလိုက်သည်။


လင်းလော့ချင်း :..အာ…သူ တကယ် မေ့နေတာ…


“အခု ချက်ချင်းတင်လိုက်မယ်…”


ပြောပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။


“အခု ကျွန်တော် ဆုရပြီဆိုတော့လေ ကျိယွီရှောင်နဲ့ဆက်ဆံရေးကို ချပြလို့ရပြီလား…”


ဝူရှင်းယွမ် :”???”


“မင်း တကယ်ပြောနေတာလား…"


“တကယ် ပြောနေတာ…”


ဝူရှင်းယွမ် :”...”


“မင်းပရိသတ်တွေကို မင်းဆုရလို့ ပေးပျော်လိုက်ပါဦး…”


မဟုတ်ရင် ပရိသတ်တွေက ပျော်နေရမဲ့အစား ‌ တရား၀င်ကြေညာချက်ကို ကြည့်‌ပြီး ငိုနေရဦးမယ်…


လင်းလော့ချင်း စဉ်းစားကြည့်ပြီးနောက် ဝူရှင်းယွမ်စကားကို သဘောတူလိုက်သည်။


မည်သည့်နာမည်ကြီးမဆို တရား၀င်ဆက်ဆံရေးကို ချပြလိုက်သည့်အခါ လက်မခံနိုင်သော ပရိသတ်အချို့ အမြဲရှိလေသည်။ ယနေ့ သူ ဆုရသောအခါ ပရိသတ်အချို့က ဝေ့ပေါ်ပေါ်တွင် မီးရှူးမီးပန်းများကို ဖောက်ရန် စောင့်နေကြ၏။ ဤအချိန်တွင် သူတို့ဆက်ဆံရေးကို ကြေညာလိုက်လျှင် လက်မခံနိုင်ဖြစ်ကြပေလိမ့်မည်။ 


သူတို့ အရင် ပျော်ရအောင် လွှတ်ထားပေးလိုက်ပါမယ်…


ဘာပဲဖြစ်ဖြစ် ချီရှီပွဲတော်(တရုတ်ချစ်သူများနေ့)က မကြာခင် လာတော့မှာပဲ…အဲ့နေ့မှာ ကြေညာရင်လည်း သင့်တော်တယ်…


“ဒါဆို ကျွန်တော် ချီရှီပွဲတော်ရောက်အောင် စောင့်လိုက်ပြီး အဲ့ကျမှ တရား၀င်ကြေညာလိုက်မယ်…”


“ကောင်းပြီ…”


ဝူရှင်းယွမ် သဘောတူလိုက်သည်။


ပြောပြီးနောက် ဝူရှင်းယွမ်က တရား၀င်ကြေညာပြီးနောက် လုပ်ရန် အစီအစဉ်များကို စဉ်းစားလိုက်သည်။


အင်း…လင်းလော့ချင်းရဲ့လက်ရှိပရိသတ်အရေအတွက်အရ ထုတ်ဖော်ကြေညာပြီးရင် ဝေ့ပေါ်ပေါ်မှာ ငလျင်လှုပ်သွားမှာပဲ…


ကံကောင်းလို့ ရသစုံရှိုးကြောင့် သူနဲ့ကျိယွီရှောင်မှာ CPဖန်တွေ ရှိနေပြီ…သူတို့က ကူညီပေးလိမ့်မယ်…မဟုတ်ရင် ဖြစ်လာမဲ့ဂယက်တွေကို တွေးတောင် မတွေးနိုင်ဘူး…


ထိပ်ရောက်လေလေ ပြဿနာတွေက ပိုကြီးလေလေပဲ…


လင်းလော့ချင်း ဖုန်းချပြီးနောက် ကျိယွီရှောင် မေးလိုက်သည်။


“ချီရှီပွဲတော်ကျရင် ချပြချင်တာလား…”


“အွန်း…”


ကျိယွီရှောင် ရုတ်တရက် စိုးရိမ်ကြောင့်ကြလာလေသည်။


သူနဲ့လင်းလော့ချင်းဆက်ဆံရေးကို အမြဲတမ်းချပြချင်ခဲ့ပေမဲ့ ဖန်ဂရုမှာ ရှိတာကြာတော့ ဖြူစင်တဲ့ဖန်တွေရဲ့သဘာ၀ကို နားလည်နေပြီ…


သူတို့က ကျိချင်းCPကို လက်ခံထားကြပေမဲ့ တရားဝင်ကြေညာလိုက်ရင် လက်ခံနိုင်ကြပါဦးမလား…သူ ရသစုံရှိုးမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်နော်…ဟုတ်တယ်မလား…


ရသစုံရှိုးနှစ်ပိုင်းမှာ သူက ယုံကြည်စိတ်ချအားကိုးလို့ရတယ်ဆိုတာကို ပြနိုင်ခဲ့တယ်မလား…


လင်းလော့ချင်းက သူ့ဘေးမှလူ၏ရုန်းကန်နေရမှုကို မသိသောကြောင့် ဆုရပို့စ်ကို တင်နေလေသည်။


ကျိယွီရှောင်က ယွင်ဖျင်ယုကျိအကောင့်ထဲသို့ ၀င်ကာ ဂရုထဲသို့ စာအိတ်နီလေးများ ပို့ပေးလိုက်သည်။


ထိုအခါ ဂရုထဲရှိ ပရိသတ်များက စိတ်ရှုပ်ထွေးစွာ မေးလာကြလေသည်။


[ဘာလို့ ရုတ်တရက်ကြီး စာအိတ်နီတွေ ပို့နေတာလဲ…]


တရား၀င်ကြေညာလိုက်ရင် လက်ခံနိုင်‌ချေ များအောင်လို့ပေါ့…


သို့သော် ကျိယွီရှောင်ပေးသည့် ဆင်ခြင်က သင့်တော်လေသည်။


[ချင်းချင်းဆုရတာကို ဂုဏ်ပြုပေးတာလေ…ပျော်ရွှင်မှုတွေကို မျှဝေသင့်တယ်မလား~~~]


ထိုအခါ ဂရုထဲရှိ ပရိသတ်များက စာအိတ်နီများကို ၀မ်းသာအားရလက်ခံလိုက်ပြီး ပြောလိုက်ကြသည်။


[အစ်ကိုက အရမ်းအံ့ဩစရာ ကောင်းတာပဲ…ပထမဆုံးအကြိမ် ဆန်ခါတင်စာရင်းထဲ၀င်ပြီး ပထမဆုံးအကြိမ် ဆုရခဲ့တယ်…]


[ဟုတ်ပ…ဟားဟားဟား…anti ဖန်တွေ ရူးနေကြလောက်ပြီ…]


[အစ်ကို တကယ် ဆုရလိုက်မယ်လို့ ထင်တောင် မထင်ထားဘူး…ရွှေဖီးနစ်ဆု‌ဆိုတော့ မမှန်းရဲဘူးလေ…အခုတော့ စပရိုက်အကြီးကြီး ရလိုက်တယ်…]


[ဟုတ်တယ်…ငါလည်း ရစေချင်ပေမဲ့ မမှန်းရဲဘူး…အစ်ကိုက ရွှေဖီးနစ်ဆုကို ရသွားတော့ အရမ်းအံ့ဩသွားတာ…]


[ဒါရိုက်တာယွီနဲ့ဒိုင်လူကြီးတွေကို ကျေးဇူးတင်ပါတယ်…]


[ငါတို့အစ်ကိုက အခု ဆုအကြီးကြီးရပြီးပြီဆိုတော့ အနာဂတ်မှာ ပိုကောင်းလာတော့မှာ… 】


[ဟုတ်တယ်…ဒါနဲ့ အစ်ကိုက အရမ်းမြန်လွန်းတယ်…ငါတို့ ဘာမှတောင် မလုပ်ပေးလိုက်ရဘဲ ဆုရသွားတယ်…】


[ဟုတ်တယ်…တခြားအနုပညာရှင်‌တွေဆို ပရိသတ်တွေကို အားကိုးရတာ…အခုတော့ ငါတို့တောင်ဘာမှမလုပ်လိုက်ရဘဲ ဆုရသွားပြီ…]


[ဟားဟား…အဲ့ဒါကြောင့် တခြားလူတွေက ပြောတာ…ငါတို့က သက်သာတဲ့ဖန်တွေတဲ့…အဲ့စကားက မမှားဘူးပဲ…(မျက်နှာအုပ်ထားသည့် အီမိုဂျီ)]


ကျိယွီရှောင်ကလည်း ၀င်ပြောလိုက်၏။


[အဲ့ဒါကြောင့် ငါတို့ သူ့ကို ပိုပံ့ပိုးပေးကြရမယ်…ဘာတွေပဲဖြစ်နေပါစေ ထားသွားလို့မရဘူး…]


[ငါက အစ်ကို့ကို အမြဲတမ်း အားပေးထောက်ပံ့ပေးနေမှာ…]


[ငါရောပဲ…]


[ငါက အစ်ကို့ကို ဘယ်တော့မှာ ထားသွားမှာ မဟုတ်ဘူး…]


[ဟုတ်တယ်…အစ်ကိုက အရမ်းကောင်းတဲ့သူ…ငါတို့ ထားသွားမှာမဟုတ်ဘူး…]


[ဒါ့အပြင် အစ်ကိုက ဒီနေရာရောက်လာဖို့ကို ကိုယ့်အားကိုယ်ကိုးခဲ့ရတာ…ပရိသတ်တွေက သူ့အဖော်တွေပဲ…အစ်ကို့ကို ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး…]


[ဟုတ်တယ်…ချင်းချင်းကသာ ရှေ့ဆက်သွားနေသရွေ့ ငါတို့လည်း ရှေ့ဆက်သွားနေမှာ…ချင်းချင်းဘေးမှာ နှစ်တိုင်း အဖော်ပြုပေးမှာ…]


ကျိယွီရှောင်က ထိုစာများကို လျှို့ဝှက်စွာ စခရင်ရှော့စ်ရိုက်နေလေသည်။ 


အရမ်းကောင်းတယ်…အခု ပြောခဲ့တဲ့စကားတွေကို ဘယ်တော့မှမမေ့ဖို့ မျှော်လင့်တယ်…


လင်းလော့ချင်း ဆုရကြောင်းပို့စ် တင်ပြီး‌သွားသောအခါ သူနှင့်အလုပ်အတူတွဲလုပ်ဖူးသည့်လူများက ထိုပို့စ်ကို ပြန်တင်ကြပြီး ဂုဏ်ပြုနေကြကာ သူကလည်း ထိုပို့စ်များအောက်တွင် ကျေးဇူးတင်ကြောင်း သွားပြန်ရေးလေသည်။


စုထုံ၏ဂုဏ်ပြုကြောင်းပို့စ်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အံ့အားသင့်သွားကြ၏။


[သူတို့နှစ်ယောက်က တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား…]


[ဒါက ပုံမှန်ပဲလေ…စုထုံက ဂုဏ်ပြုလို့ လင်းလော့ချင်းက ပြန်ကျေးဇူးတင်တာပဲ…]


[တော်‌သေးတယ်…ငါတို့သင်္ဘောကြီး မြှုပ်တော့မယ်ထင်တာ… 】


[ဟားဟား CPဖန်တွေက တက်ကြွနေကြပြန်ပြီ…】


[ဟုတ်တယ်လေ…သူတို့နှစ်ယောက်က မလိုက်ဖက်ကြဘူးလား…]


[ကျိချင်းဖန်တွေနဲ့၀မ်၀မ်(စုထုံ+လင်းလော့ချင်းCP name) ဖန်တွေက အမြဲတမ်း တက်ကြွနေကြတာပဲ…]


[ပြောကာမှ ကျိယွီရှောင်က ဂုဏ်ပြုကြောင်းပို့စ်လည်း မတင်ဘူး…]


[အစောကြီးကတည်းက တင်ပြီးသွားပြီ…ကျိယွီရှောင်က လင်းလော့ချင်းကို အရမ်းချစ်တာ…]


[ဟုတ်တယ်…အခု ကျိယွီရှောင်က လင်းလော့ချင်းကို သီးသန့် ဂုဏ်ပြုပေးနေလောက်ပြီ…]


[ဟုတ်တယ်…သူတို့က သူငယ်ဂျင်းကောင်းတွေပဲ…]


[ဖာ့ခ်… ကျိချင်းက တကယ်အစစ်အမှန်ပဲ…သူတို့က ဘယ်လောက်ချိုမြိန်လိုက်လဲ…]


[မပြောကြပါနဲ့တော့…၀မ်၀မ်ဖန်တွေ ငိုနေလောက်ပြီ… 】


သို့သော်လည်း ကျိယွီရှောင်က လင်းလော့ချင်းကိုသီးသန့်ဂုဏ်မပြုပေးနိုင်ပေ။ လင်းလော့ချင်းကဆုပေးပွဲတွင် လေးနာရီကြာ ထိုင်ခဲ့ရပြီး ပွဲပြီးပြီးချင်း လေယာဉ်နှင့် ပြန်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူက ယခုထိ ကောင်းစွာအနားမယူရသေးပေ။


ကျိယွီရှောင်က ဝေ့ပေါ်ပေါ်မှ စာများကို ကြည့်ပြီးနောက် ဖုန်းကို ချလိုက်ပြီး လင်းလော့ချင်းကိုပွေ့ဖက်လိုက်သည်။


“ဘာလို့ ရုတ်တရက်ကြီး လာဖက်နေတာလဲ…''


“ကိုယ့်မိန်းမကိုယ်ဖက်တာ သဘာ၀ပဲလေ…”


“ဟမ်…ငါက မင်းရဲ့လက်ထပ်ခွင့်တောင်းတာကို သဘောတူလိုက်ရုံပဲရှိသေးတာ…”


“ဒါပေမဲ့ ကိုယ်တို့က လက်ထပ်လက်မှတ်ရပြီးသားလေ…”


လင်းလော့ချင်း :”...”


“ဟုတ်တာပေါ့…ကိုယ့်မိန်းမက ချောမောပြီး ကြင်နာတတ်လို့သာ လက်မှတ်ရခဲ့တာ…”


“မင်းသိရင် ကောင်းတယ်…”


လင်းလော့ချင်းက ကျိယွီရှောင်၏လည်ပင်းကို ချိတ်ကာ ပြောလိုက်၏။


လင်းလော့ချင်း၏အမူအရာကို မြင်သောအခါ ကျိယွီရှောင်က နူးညံ့စွာ နမ်းလိုက်လေသည်။


လင်းလော့ချင်းက အလွန်စိတ်လှုပ်ရှားနေသောကြောင့် အိပ်ရာပေါ်လဲနေသည့်တိုင် အိပ်မပျော်သေးချေ။


“ငါ အိပ်မ‌ပျော်ဘူး…ပြီးတော့ ငါ လုံး၀မပင်ပန်းဘူး သိလား…”


“ဟုတ်ပါပြီ…ကိုယ်ကတော့ ပင်ပန်းတယ်…အိပ်ကြစို့…”


ပြောပြီးနောက် လင်းလော့ချင်းကို ပွေ့ဖက်ကာ ဆက်အိပ်လိုက်၏။


သို့‌သော် လင်းလော့ချင်း၏လက်ချောင်းလေးများက ကျိယွီရှောင်၏မျက်နှာပေါ်တွင် ဖြတ်ပြေးကာကျီစယ်နေလေသည်။


ကျိယွီရှောင် :သူက တကယ်အားအင်ပြည့်၀နေတာပဲ…တကယ် မအိပ်ချင်သေးတာလား…


ထိုသို့တွေးနေစဉ် လင်းလော့ချင်းက သူ့နားနားကပ်ကာ ပြောလာ‌လေသည်။


“ငါ မအိပ်ချင်‌သေးဘူးဆို‌တော့ ဘာဖြစ်လို့ မောင်နှံကိစ္စတွေ မလုပ်ကြတာလဲ…”


ကျိယွီရှောင် :”...”


လင်းလော့ချင်းက ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်ဟု ထင်သော်လည်း တစ်ဖက်လူက သူ့ကို အပြစ်ကင်းစင်စွာ ကြည့်နေလေသည်။


ကျိယွီရှောင်က ချက်ချင်း လင်းလော့ချင်းကို သူ့အောက်တွင် ဖိလိုက်သည်။


ထိုအခါ လင်းလော့ချင်းက ရယ်မောကာ ပြောလိုက်၏။


“မင်း ဘာလုပ်နေတာလဲ…ငါ အိပ်ချင်နေပြီဟာကို…”


ကျိယွီရှောင်:”...”


ကျိယွီရှောင်က တစ်ဖက်လူ၏မျက်နှာကို ညှစ်လိုက်သည်။


“ကိုယ့်ကို နောက်နေတယ်ပေါ့…”


လင်းလော့ချင်းက ကျိယွီရှောင်၏ခါးကို ပွေ့ဖက်လိုက်လေသည်။


“မင်းလည်း ငါ့ကို ‌နောက်တာပဲကို…”


“ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်…”


ထို့နောက် လင်းလော့ချင်းကို ပွေ့ဖက်ကာ အိပ်လိုက်၏။


အခန်းက တိတ်ဆိတ်နေပြီး လရောင်က သစ်ပင်ထိပ်ဖျားပေါ် တောက်ပနေလေသည်။ လင်းလော့ချင်းက ကျိယွီရှောင်၏နွေးထွေးမှုကို ခံယူကာ ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်သည်။


တဖြည်းဖြည်းနှင့် လင်းလော့ချင်း၏အသက်ရှူသံက ဖြည်းညှင်းသွားလေသည်။


“လော့ချင်း…”


ကျိယွီရှောင် နူးညံ့စွာ ခေါ်လိုက်သည်။


လင်းလော့ချင်း ပြန်မတုံ့ပြန်ပေ။


“ချင်းချင်း…”


လင်းလော့ချင်းက တုံ့ပြန်မှု ကင်းမဲ့နေဆဲဖြစ်သည်။


ထိုအခါ ကျိယွီရှောင်က တစ်ဖက်လူ အိပ်ပျော်သွားမှန်းသိသွားပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။


နောက်တစ်နေ့မွန်းတည့်ချိန်‌ရောက်မှ လင်းလော့ချင်း အိပ်ရာနိုးလာလေသည်။ ထို့နောက် သူရှားစောင်းပန်းလေးကို ကြည့်လိုက်သည်။


ပန်းဖြူလေးက မြစိမ်းရောင်ရှားစောင်းပင်ပေါ်တွင် လှပစွာ ‌ပွင့်လန်းနေဆဲဖြစ်လေသည်။


“ကောင်းတယ်…ပန်းက လှနေတုန်းပဲ…”


မဟုတ်ရင် ကျိလဲ့ယွီနဲ့လင်းဖေး ပြန်လာရင် ပန်းအညှိုးကြီးကြည့်နေရဦးမယ်…


ထို့နောက် သူက အိပ်ရာထကာ ဆေးကြော အင်္ကျီလဲလိုက်ပြီး ကျိယွီရှောင်ကို ပြောလိုက်သည်။


“မနက်စာ သွားစားကြစို့…”


“ကောင်းပြီ…”


ကျိယွီရှောင် သဘောတူလိုက်သည်။