Chapter 331
သူလက်ခံမိန့်ခွန်းကို ပြောပြီးပြီးနောက် ကျိယွီရှောင် အင်တာနက်မှာ သူအကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့တယ်ဆိုသည့် သတင်းကို တွေ့လိုက်သည်။
ကျိယွီရှောင် ဝဘ်ပေ့ချ်ပေါ်ရှိ အချက်အလက်များကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်းလော့ချင်းကို ဖုန်းခေါ်ချင်သော်လည်း သူလုပ်နေသည်တွေကို အမြန်ရပ်လိုက်သည်။လင်းလော့ချင်းက ယခုအချိန်တွင် သတင်းထောက်များနှင့် အင်တာဗျူးလုပ်နေဆဲဖြစ်လောက်ပြီး ဖုန်းကိုင်ရန် အချိန်မရှိလောက်ပေ။
သူ လင်းလော့ချင်း၏ WeChat ကို နှိပ်ပြီး မက်ဆေ့ချ် ပေးပို့ခဲ့သည်။
[ ဆုရခဲ့တဲ့အတွက် ဂုဏ်ယူတယ်...အချစ် မင်းလေးကထိုက်တန်တယ်!]
ချင်ဝူကလည်း သတင်းဖတ်ပြီး အံအားသင့်စွာ ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
"ရက်စ်... အရမ်းကောင်းတယ်"
အင်တာနက်သုံးစွဲသူများ အံ့သြသွားကြသည်။
[လင်းလော့ချင်း ဆုရခဲ့တာလား]
[အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု?]
[ဖာ့ခ်... ဒါဆို သူက ရုပ်ရှင်ဧက္ကရာဇ်ပေါ့]
[ဒါက ဝက်သားဆု မဟုတ်ဘူးလား]
[ဘယ်ဟုတ်မလဲ...ရွှေဖီးနစ်က နိုင်ငံတကာအသိအမှတ်ပြု ရုပ်ရှင်ပွဲတော် သုံးခုထဲက တစ်ခုလေ]
[ဒါကို သူက ဆုရနိုင်တုန်းပဲလား... ဒါက သိပ္ပံနည်းမကျလွန်းတယ်]
[ဒါပေမဲ့ လင်းလော့ချင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အမြဲတမ်း အရမ်းကောင်းတာပဲကိုတီဗီစီးရီးပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ သူရတဲ့ အကဲဖြတ်ချက်ကမြင့်တယ်...ဝမ်ကျစ်မင်တောင် သူ့ကိုချီးကျူးတယ်]
[သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က အမြဲတမ်းကောင်းပေမဲ့ ငယ်လွန်းတယ်.... ငယ်ငယ်ရွယ်ရွယ်နဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆုကိုရတာက သူရဲ့အနာဂတ်က အကန့်အသတ်မဲ့ကြောင်း ပြနေတယ်]
[ဒါ့အပြင် ဒါက သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကား မဟုတ်ဘူးလား... ဒါက ရုပ်ရှင်လောကရဲ့ ဧကရာဇ်မင်းသားပဲ]
[ဒီဇာတ်ကားက ဘယ်လောက်တောင် မိုက်လဲ... အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရခဲ့တယ်...သောက်ရမ်းသိချင်နေပြီ]
[ဟားဟားဟား... အခု ရုပ်ရှင်တော်တော်များများက ရုံတင်မပြခင်မှာ ပြပွဲတွေနဲ့ ဆုရွေးချယ်မှုတွေဆီကိုသွားတာ ဘာကြောင့်များလာလဲဆိုတာ သိလား.... ဆုတွေယူပြီး နင်တို့ကိုသွားရယ်ယိုအောင်လုပ်ဖို့လေ]
[လင်းလော့ချင်းက အရမ်းမိုက်တယ်... လူကြိုက်များမှု၊ရုံတင်ငွေ၊ ဆု အကုန်လုံး ရှိတယ်]
[ဟားဟားဟား... ဒါဆို 'အနောက်အရပ်သို့ခရီး' ရဲ့ တူဝရီးသုံးယောက်ထဲက အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုမရတာ ဟို့ဝမ်ယွီတစ်ယောက်ထဲပေါ့... ဟားဟားဟား သေအောင် ရယ်နေရတယ်]
[မျက်မမြင်ကျောင်းသား မင်းက အဓိကအချက်ကို တွေ့ခဲ့တာပဲ]
[ဟားဟားဟား ဟို့ဝမ်ယွီ သနားပါတယ်]
ဟို့ဝမ်ယွီ: '...ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်...ငါ့နှလုံးသားကို လာစူးနေပါပြီနော်ဟုတ်'
ခဏအကြာတွင် 'လင်းလော့ချင်း ရွှေဖီးနစ် ရုပ်ရှင်ဘုရင်'က ခေတ်စားနေသောရှာဖွေမှုတစ်ခုဖြစ်လာသည်။
ချင်ဝူက ဂုဏ်ပြုသည့်အနေဖြင့် Weibo ပို့စ်ကို ချက်ချင်းတင်ခဲ့သည်။
ဒါရိုက်တာလီလည်း အံ့အားသင့်သွားပြီး ကောင်းချီများပို့ပေးလာသည်။
ဝမ်ကျစ်မင်က သူ့တူလေးက ဦးလေးနှင့်တူသည်ဟု ပြောလေသည်။
ဟို့ဝမ်ယွီ: "???"
ဟို့ဝမ်ယွီ သူ့ကို မျက်ရည်တွေနှင့် ကောင်းချီးပေးလိုက်ရသည်။
သူနှင့်တွဲလုပ်ခဲ့သည့် တခြားသရုပ်ဆောင်တွေနှင့် ဒါရိုက်တာတွေကလည်း ကောင်းချီးပေးခဲ့သည်။အတော်လေး ဂျူနီယာကျသော သရုပ်ဆောင်အချို့က သူ၏ကျော်ကြားမှုကို အခွင့်ကောင်းယူသည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်ကြသည်။ထို့ကြောင့် လင်းလော့ချင်း ကိုယ်တိုင်က ဆုရ Weibo ပို့စ်ကိုတင်သည်ထိ စောင့်ပြီးမှ ကောင်းချီးပေးရန် စီစဉ်ကြသည်။
လင်းလော့ချင်း၏ ဖန်များသည် ကောင်းချီးပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်စကား ပေးပို့ခဲ့ကြသည်။ကျိယွီရှောင်ကလည်း ယွင်ဖျင်ယုကျိWeibo အကောင့်တွင် ဂုဏ်ယူစွာမဲဖောက်ခဲ့သည်။သူက စိတ်ကောင်းဝင်နေပြီး မဲပေါက်ငွေတွေကလည်း အတော်အတန်မြင့်သည်။၎င်းကိုမြင်ပြီး တခြားဖန်တွေလည်း အားကျမျက်ရည်ကျခဲ့ကြရသည်။
[ဝူးဝူးဝူး ဒီနေက ဘော့စ်ယွင်ရဲ့ ငွေသုံးနိုင်စွမ်းကို အသိအမှတ်ပြုရမဲ့ နေ့တစ်နေ့လို့လည်း ပြောရမယ်]
လင်းလော့ချင်းက အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့ရာ ပွဲကျင်းပရာနေရာမှ ထွက်သွားသည်နှင့် သတင်းထောက်များ ဝိုင်းရံခံရမည်မှာ မလွဲမသွေပင်ဖြစ်သည်။
သူ သတင်းထောက်တွေ၏ မေးခွန်းတွေကို အလွန်ယဉ်ကျေးစွာ ဖြေကြားခဲ့ပြီး ၎င်းနောက် ကျန်အဖွဲ့သားတွေနှင့်အတူတူထွက်ခွာလာခဲ့သည်။
ယွီကျားယုံ၏ မူလအစီအစဉ်မှာ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် တစ်ရက်လျှောက်လည်ရန်ဖြစ်သည်။ ပြီးလျှင် အတူတူ ပြန်သွားကြမည်ဆိုပြီးတွေးထားခဲ့သည်။
သို့ပေမဲ့ ယခု သူနှင့် လင်းလော့ချင်း နှစ်ယောက်စလုံးက ဆုရသွားသောအခါ လင်းလော့ချင်းက ကျိယွီရှောင်ကို စောစောပြန်တွေ့ချင်နေလောက်သည်ဟု သူထင်မိသည်။သူလည်း ဤဆုကို ညီအစ်ကိုမောင်နှမတွေကို ပြသရန်အိမ်ပြန်ချင်ခဲ့သည်။ ထို့ကြောင့် ယွီကျားယုံ ရှစ်ကျန်းနှင့် နင်းယွီကို မေးလိုက်သည်။ အားလုံး၏ တညီတညွတ်တည်း ထောက်ခံချက်ဖြင့် သူ လက်မှတ်များကို ကြိုတင်မှာယူပြီး တရုတ်နိုင်ငံသို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။
"ပြန်ရောက်ရင် နောက်ပြီး ဘာရိုက်မယ်ဆိုတာကို စဉ်းစားကြည့်မယ်... အချိန်တန်ရင် မင်းကို ဇာတ်လိုက်မင်းသားလုပ်ခိုင်းမယ်ကွာ" ဟု သူ ရှစ်ကျန်းကို နှစ်သိမ့်ခဲ့သည်။
ရှစ်ကျန်းက ရယ်သည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ဒါရိုက်တာယွီ"
"မလိုပါဘူးကွာ ရပါတယ်"
ယွီကျားယုံက စကားဆုံးသောအခါ နင်းယွီကို ဆုကမ်းပေးလိုက်သည်။
"ရော့"
"ငါ့ကိုဘာလို့ပေးတာလဲ"
နင်းယွီ နားမလည်ပေ။
"ငါပြောခဲ့တယ်မဟုတ်ဘူးလား... ဒီဆုဖလားက ငါတို့သုံးယောက်လုံးပိုင်တယ်... ဒါပေမဲ့ လော့ချင်းမှာ သူ့ကိုယ်ပိုင်ဆုရှိနေပြီမလို့ ဒီဆုက ငါတို့နှစ်ယောက်ပိုင်တယ်"
သူက အလေးအနက်ဆိုသည်။
"မင်းကြောင့်သာမဟုတ်ရင် ဒီဆုကို ငါရနိုင်မှာမဟုတ်တာ သေချာတယ်...ရှောင်နင်း မင်းက အနာဂတ်မှာ ငါ့အတွက် ဇာတ်ညွှန်းရေးဆရာလုပ်ပေး... မင်းကို အကောင်းဆုံးဇာတ်ညွှန်းဆု ငါသေချာပေါက်ရအောင်လုပ်ပေးမှာပါ"
နင်းယွီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ငါ စဉ်းစားလိုက်ပါ့မယ်"
ယွီကျားယုံက ပြုံးပြီး ဆုကို သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။နင်းယွီ ကိုင်ထားရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။သူ့မျက်လုံးများက ကြည်နူးမှုတွေဖြင့်ပြည့်နေသည်။
လင်းလော့ချင်း ၎င်းကိုမြင်ပြီး မရယ်ဘဲမနေနိုင်။
သိပ်ကောင်းသည်။ အရာရာက ကောင်းမွန်သည့် ဦးတည်ရာကို ရွေ့လျားနေသည်။ယွီကျားယုံက ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ကားတစ်ကားကို ဖန်တီးခဲ့သည့် ပါရမီရှင် ဒါရိုက်တာအဖြစ် ရှိနေဆဲဖြစ်သည်။ယွီကျားယုံက အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပြီး သူလည်း အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့ပါသည်။သူကတစ်ယောက်တည်း ရှေ့ကိုလျှောက်လှမ်းနေသော ဒါရိုက်တာတစ်ယောက်မဟုတ်တော့ပေ။
နင်းယွီ သူ့လက်ထဲမှ ဆုကို ကြည့်လိုက်သည်။ သူက ယွီကျားယုံကို ပြန်ပေးရန် လျှောက်သွားပေမဲ့ ယွီကျားယုံက လက်မခံပေ။
လူတိုင်းက အချိန်အတော်ကြာ ငြင်းခုံးနေပြီးနောက် အဖွဲ့လိုက် ဓာတ်ပုံရိုက်ခဲ့ကြသည်၏။ထို့နောက် ထုပ်ပိုးပြီး တရုတ်ပြည်သို့ ပြန်သွားရန် ပြင်ဆင်ကြသည်။
နိုင်ငံခြားကနေ လေယာဥ်ဖြင့်ပြန်လာပြီးနောက် သူတို့ လေယာဥ်ပေါ်က ဆင်းချိန်မှာ မှောင်နေပြီဖြစ်၏။
ကျိယွီရှောင်က လေဆိပ်မှာ စောင့်နေသည်မှာ ကြာပြီဖြစ်သည်။သူ ပျော်ရွှင်မှုကို လင်းလော့ချင်း နှင့် တတ်နိုင်သမျှမြန်မြန် မျှဝေချင်သည်။
လင်းလော့ချင်းက ကားထဲသို့ ရွှင်မြူးစွာ ၀င်လာပြီး ဆုကို ပြသည်။
"လှလား"
သူက စိတ်လှုပ်ရှားစွာ မေးသည်။
"အပေါ်ကဟာက ဖီးနစ်"
"လှတယ်"
ကျိယွီရှောင် လင်းလော့ချင်း၏ မျက်လုံးများတွင် ဝှက်ထားသော ပျော်ရွှင်မှုကို မြင်ပြီး လက်ဆန့်ကာ သူ့ခေါင်းကို ပွတ်လိုက်သည်။
"အဲဒါက အရမ်း မိုက်တယ်... မင်းလည်း အရမ်းမိုက်တယ်"
လင်းလော့ချင်း ဤစကားကိုကြားသောအခါ အနည်းငယ်ရှက်ရွံ့သွားသည်။
သူက ကုလားထိုင်ကို မှီပြီး နှိမ့်ချစွာပြောလိုက်သည်။
"အဓိကကတော့ ဒါရိုက်တာယွီရဲ့ ကျေးဇူးပါ... သူက အရမ်းတော်တယ်... သူ့ဇာတ်ညွှန်းက ကောင်းသလို ရိုက်ချက်တွေလည်း ကောင်းတယ်... ဒါကြောင့် ငါကို ဒီဆုကိုရခဲ့တာ"
"ဒါဆို မင်းလည်းတော်တာပဲလေ... တူညီတဲ့ ဆရာနဲ့ တူညီတဲ့ သင်ထောက်ကူပစ္စည်းတွေ ရှိတယ်၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က ပထမနေရာကို ရနိုင်ချိန်မှာ နောက်တစ်ယောက်ကတော့ နောက်ဆုံးနေရာကိုပဲ ရနိုင်တယ်"
လင်းလော့ချင်းက ရယ်လိုက်သည်။
သူ ခေါင်းငုံကာ ဆုကို ကြည့်လိုက်သည်။သူ့ နှလုံးသားထဲမှာ နေသာနေ၏။
သူတို့ ချောချောမောမော အိမ်ပြန်ရောက်ခဲ့ကြသည်။ကျိယွီရှောင်က တံခါးဖွင့်ပြီး လင်းလော့ချင်း နှင့်အတူ ကားထဲမှ ထွက်လာခဲ့သည်။
လင်းလော့ချင်း မီးမထွန်းထားသောအိမ်အား လှမ်းကြည့်ကာ သိချင်သွား၏။
"အိမ်မှာ ဘယ်သူမှ မရှိဘူးလား...ဖေးဖေးနဲ့ ရှောင်ယွီ"
"ရှောင်လီက သူတို့နှစ်ယောက်ကို လျှောက်လည်ဖို့ ခေါ်သွားတယ်"
ဤအချိန်မှာ သူက တစ်ခုခုကိုသတရသွားပုံပင်။
"မင်းအရင်ဝင်နှင့်လိုက်နော်...ရှောင်လီမရှိတော့ ကိုယ် ကားကို ကားဂိုဒေါင်မှာ သွားထိုးလိုက်ဦးမယ်"
"ငါ မင်းနဲ့လိုက်ခဲ့မယ်"
လင်းလော့ချင်းက စဉ်းစဉ်းစားစားနှင့် ပြောလိုက်သည်။
"မလိုပါဘူး"
ကျိယွီရှောင်က ပြုံးပြီး ခေါင်းကို ဆတ်ခနဲလှုပ်လိုက်သည်။
"ကြည့်ပါဦး... ကိုယ့်ကိုအရမ်းသဘောကျတော့ တစ်မိနစ်တောင်မထားခဲ့နိုင်ဘူးဖြစ်နေတယ်"
လင်းလော့ချင်းက ချက်ချင်းပင် မာနကြီးသွားသည်။
"ဘာတွေတွေးနေတာလဲ... ငါက ဒီအတိုင်း ရုပ်ချောပြီး ကြင်နာတတ်ရုံပဲ"
ထို့နောက် သူကလှည့်၍ တံခါးဆီသို့ လျှောက်သွားသည်။
ကျိယွီရှောင် သူ့နောက်ကျောကို ကြည့်ပြီး ရယ်မောလိုက်သည်။ ကားပေါ်ပြန်တက်ပြီး ကားဂိုဒေါင်ဆီကို မောင်းသွားလိုက်သည်။
လင်းလော့ချင်း ခြံဝင်းအတွင်းသို့ လျှောက်သွားကာ သော့ကို ထုတ်၍ တံခါးဖွင့်လိုက်သည်။သူမီးဖွင့်တော့မည်ပြုချိန်မှာ ဖျက်ခနဲအလင်းရောင်တစ်ခုကိုမြင်လိုက်ရသည်။သူ အနားကပ်ကြည့်လိုက်သောအခါ ပုစဉ်းတစ်ကောင်ဖြစ်နေ၏။ စိမ်းဝါရောင် ပုစဉ်းပျံသည် နံရံကို လှည့်ပတ်ကာ နောက်ဆုံးတွင် အပေါက်ဝ၌ ဆင်းသက်လိုက်သည်။လင်းလော့ချင်း သံသယစိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် တံခါးဝတွင် အလင်းရောင်တစ်ခုလင်းလာသဖြင့် သူအံ့သြသွားသည်။
လင်းလော့ချင်း စိတ်ဝင်တစား လျှောက်သွားလိုက်သည်။သို့ရာ ထိုအလင်းပေါ်ကို သူနင်းလိုက်သည်နှင့် မနီးမဝေးတွင် အခြားအလင်းရောင်တစ်ခု လင်းလာသည်။
သူ စိတ်ရွှင်လာပြီး ထိုပေါ်ကို ခုန်ပြီး နင်းလိုက်၏။သေချာသည်ပင်၊ နောက်တစ်ခုက မနီးမဝေးမှာ လင်းနေသည်။
လင်းလော့ချင်း ပြုံးပြီး ထိုအလင်းများကိုတစ်ခုပြီးတစ်ခုနင်းကာ လျှောက်လာခဲ့သည်မှာ လှေကားကိုရောက်သည်အထိဖြစ်၏။ထို့နောက် သူ သူ့ခြေထောက်အောက်ရှိ တောက်ပသောအတုံးများကို နင်းပြီး လေဟာပြင် လသာဆောင်ဆီသို့ လျှောက်လာခဲ့သည်။
တံခါးကိုဖွင့်ပြီး ဝင်လိုက်ရာတွင် တောက်ပသောအမြီးရှည်ရှည်နှင့် ပြိုးပြိုးပြက်ပြက် လိမ္မော်ရောင် ဖီးနစ်တစ်ကောင် အတောင်ပံတွေကို တဖျပ်ဖျပ် ခတ်ကာ ညအမှောင်ထဲမှာ ပျံသန်းနေသည်ကို သူတွေ့လိုက်ရသည်။
လင်းလော့ချင်း အံ့အားသင့်စွာဖြင့် လသာဆောင်သို့ ပြေးသွားခဲ့သည်။ ကောင်းကင်မှာ ဖီးနစ်များ ပိုများလာသည်ကို သူမြင်လိုက်ရသည်။ဖီးနစ် ကြီးကြီးငယ်ငယ်များ၏ ကြော့ရှင်းသော ခန္ဓာကိုယ်များက ယိမ်းနွဲ့ကာလှုပ်ရှားနေပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။
သူ ၎င်းကိုကြည့်နေစဥ်မှာ အလင်းရောင်နှင့် အရိပ်တစ်ခု သူ့အနားကို ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။လင်းလော့ချင်း လှည့်ကြည့်လိုက်သောအခါ အလင်းနှင့် အရိပ်က ဖီးနစ်ပုံသဏ္ဍာန်ဖြစ်၏။ယင်းက လျင်မြန်စွာ ပျံသန်းသွားကာ သူ့အနောက်ဘက်ရှိ နံရံပေါ်ကို လျှပ်ပြေးကာ နံရံပေါ်ရှိ မီးများကို လင်းသွားစေသည်။ ဖြူစွတ်နေသော နံရံပေါ်တွင် သူ၏ပုံရိပ်များ ပေါ်လာသည်။ အိမ်မှာနေချိန် သူ၏ပုံစံ၊ ရုပ်ရှင်ရိုက်နေချိန်သူ၏ပုံစံ၊ ကုတင်ပေါ်မှာ ပျင်းရိစွာ လှဲလျောင်းနေချိန် သူ၏ပုံစံ၊ ပြုံးပျော်နေချိန် သူ၏ပုံစံ...
လင်းလော့ချင်း ၎င်းကိုပြီး မထိန်းနိုင်ဘဲ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာသည်။
ညလေက တိုက်ခတ်နေသည်။ညလေထဲတွင် ကျိယွီရှောင်၏အသံကို သူကြားလိုက်ရသည်။ယင်းက သူအရင်က မကြားဖူးသည့် သီချင်းတစ်ပုဒ်ဖြစ်လေသည်။
🎼"မင်းက တောက်ပတဲ့လှေငယ်လေးနဲ့တူတယ်...တည်ငြိမ်နေတဲ့ ကိုယ့်နှလုံးသားထဲကို လှော်ခတ်လို့လာတယ်...
ကြယ်ရောင်တွေက ကိုယ့်ရဲ့အထီးကျန်မှုတွေကို ရောင်ပြန်ဟပ်ကာနေတယ်...ဒါကြောင့်
ကိုယ့်နှလုံးသားရေအိုင်ထဲမှာပဲနေကွယ်"🎼
🎼"လရောင်က မင်းရဲ့အပြုံး ပုလဲတွေက မင်းရဲ့ တီးတိုးစကားသံလေးတွေပေါ့...
မင်းက နေဝင်ချိန်ကို အလင်းပေးပြီး
ကိုယ့်ကို ရောင်စုံနီယွန်အလင်းရောင်တွေနဲ့ လွှမ်းခြုံထားပေးတယ်"
"မင်းကို ချစ်ခွင့်လေးပေးပါနော်လား🎼
🎼အနာဂတ်က တောင်တွေမြစ်တွေနဲ့ပြည့်နေတာမို့ မင်းလက်ကလေးကိုပေးထားကွယ်...ကိုယ်က ကိုယ့်နှလုံးသားကို ပေးပါ့မယ်"
"မင်း ချစ်ခွင့်လေးပေးပါနော်လား🎼
🎼အနာဂတ်က တောက်ပတယ်... မင်းက အမြင့်ဆုံးတောင်ကို မြင်ချင်တယ်လို့ ပြောတယ်...ကိုယ် မင်းကို အနက်ရှိုင်းဆုံး ပင်လယ်ထဲဆီကို အဖော်ပြုပေးချင်တယ်"
"မင်းကို ချစ်ခွင့်လေးပေးပါနော်လား🎼
🎼ကြယ်ရောင်တွေက ကမ္ဘာမြေကြီးကို အနမ်းပေးလို့ တိမ်တွေက ကောင်းကင်ကို ဖက်ထားတယ်...ကိုယ် မင်းကို ကြည့်နေသမျှ ကိုယ် အမြဲတမ်း သက်တောင့်သက်သာနဲ့ ပျော်ရွှင်နေမှာပါ"
"မင်းကို ချစ်ခွင့်လေးပေးပါနော်လား🎼
🎼အချိန်တွေမကုန်မချင်း နေနဲ့လ မပြောင်းလဲဘဲ ရှိနေသရွေ့ ကိုယ့်ကို မင်းရဲ့အနားမှာနေပြီး မင်းရဲ့ပျော်ရွှင်မှုတွေကို ဝေမျှခွင့်ပြုပါ"
"မင်းကို ချစ်ခွင့်လေးပေးပါနော်လား"🎼
လင်းလော့ချင်း ခဏလောက် နားထောင်ပြီး သူ့မျက်လုံးတွေ အနည်းငယ်ကျိမ်းစပ်လာသည်။
ဖောက်ခနဲအသံနှင့်အတူ လသာဆောင်တွင် မီးများ လုံးလုံးလျားလျားလင်းလာသည်။လင်းလော့ချင်း သူထွက်လာတုန်းက ဘာမှမရှိသော လေဟာပြင်လသာဆောင်တွင် နှင်းဆီပန်းများ ပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပန်းများသည် ညအခါ၌ ရတနာများကဲ့သို့ ယိမ်းနွဲ့မွှေးကြိုင်နေကြ၏။
သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ လသာဆောင် တံခါးမှာ ပန်းစည်း ကိုင်ထားသော ကျိယွီရှောင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
လင်းလော့ချင်း ထိုနေရာတွင် ခဏတာ မှင်တက်သွားသည်။
ကျိယွီရှောင် ဘာလုပ်ချင်နေသည်ကို သူသိပြီးသားဖြစ်သည်။
ကျိယွီရှောင်က သူ ယခုတစ်ကြိမ် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရခဲ့သည့်အတွက် ဂုဏ်ပြုပွဲကျင်းပပေးချင်နေသည် သူထင်ခဲ့လျှင်ပင် သူ့ဓာတ်ပုံများပေါ်လာပြီး သီချင်းဆိုနေသည့်အချိန်ကတည်းက ကျိယွီရှောင် လုပ်ချင်သည့်အရာကို သူနားလည်နေပြီဖြစ်သည်။
ကျိယွီရှောင် သူ့လက်ထဲတွင် နှင်းဆီဖြူများကို ကိုင်ကာ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာသည်ကို သူကြည့်နေသည်။ပန်းစည်းထဲတွင် တစ်ဘဝလုံး နှလုံးသားတစ်ခုလုံးဖြင့် တစ်ယောက်တည်းကို မပြောင်းမလဲဘဲချစ်သွားပါမည်ကို ကိုယ်စားပြုသော နှင်းဆီဖြူဆယ့်တစ်ပွင့် ရှိနေသည်။
"ရွှေဖီးနစ်အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရတဲ့အတွက် ဂုဏ်ယူပါတယ်"
ဟု ကျိယွီရှောင်က တိုးတိုးလေးပြောသည်။
"ဖီးနစ်က မင်းနဲ့အရမ်းသင့်တော်တယ်... ရွှေဖီးနစ်ဆုက မင်းအတွက် အရမ်းသင့်တော်သလိုပဲ...အနာဂတ်မှာ မင်းရဲ့ကြယ်ပွင့်လမ်းကြောင်းက ပိုတောက်ပလာမှာ သေချာတယ်... ဆုတွေပိုရ၊ ပိုကျော်ကြား၊ ဂန္ထဝင်ရုပ်ရှင်တွေပိုရှိလာပြီး စိတ်လှုပ်ရှားစရာတွေပိုရှိလာမှာ... မင်းက အမြဲတမ်း လူအများကြီးတဲ့ နှလုံးသားထဲက ရုပ်ရှင်ကြယ်ပွင့်တစ်လက်ဖြစ်လိမ့်မယ်"
"ကိုယ်အပါအဝင်ပေါ့"
သူက ပြောပြီးသည်နှင့် ပန်းတွေကိုပေးလိုက်သည်။လင်းလော့ချင်းက သူ့ကို ပြုံပြီး ကြည့်နေသည်။ "ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
ကျိယွီရှောင်က ပြောသည်။
"နောက်လာမဲ့စကားတွေက ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စကားတွေပါ"
သူက လင်းလော့ချင်းကိုကြည့်ကာ ရှင်းလင်းပြတ်သားစွာ ပြောသည်။
"ချင်းချင်း... မင်းက ကိုယ်တွေ့ဖူးသမျှထဲမှာ အံ့သြစရာအကောင်းဆုံးသူဖြစ်ပြီး မင်းမှာ ကိုယ်စိတ်ကူးမယဉ်နိုင်တဲ့ အလှရှိတယ်...ကိုယ် ပုံတူမကူးနိုင်တဲ့တစ်ယောက်ပေါ့...မင်းမှာ မင်းကို အားပေးထောက်ခံသူတွေ အများကြီးရှိတယ်...ကိုယ်က သူတို့ထဲက ထောင်ပေါင်းများစွာထဲက တစ်ယောက်သာဖြစ်ပေမဲ့ ကိုယ် မင်းကို ဘယ်သူမှမမြင်အောင် ဝှက်ထားချင်နေတုန်းပဲ... မင်းကို ထာဝရပိုင်ဆိုင်ချင်နေတုန်းပဲ"
"ကဲ ဒါဆို အရမ်းထူးချွန်ပြီး ဂုဏ်ယူစရာကောင်းတဲ့ အရမ်းချစ်စရာကောင်းပြီး လူတိုင်းက ချစ်ကြတဲ့ မင်းက ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား"
ကျိယွီရှောင်က ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
သူ ခေါင်းမော့ပြီး လင်းလော့ကို ကြည့်လိုက်သည်။
"ဖြစ်နိုင်ရင် ကိုယ်လည်း မင်းကို 15 နှစ်ကြာအောင် ခိုးချစ်ချင်တယ်... ငယ်ငယ်လေးကတည်းလည်း မင်းနဲ့ ဆုံချင်သေးတယ်...ကိုယ် မင်းနဲ့အတူတူ ကြီးပြင်းပြီး အရာအားလုံးကို အတူတူ တွေ့ကြုံခံစားချင်ပေမဲ့ ကိုယိ့ရဲ့ အဆိုးဆုံးအချိန်မှာပဲ ကိုယ်တို့ ဆုံတွေ့နိုင်ခဲ့တယ်... မင်းကြောင့် ကိုယ့်ရဲ့နေ့ရက်တွေက အဲသလောက်မဆိုးတော့ဘူး... အစက ကျတ်တီးမြေက မင်းကြောင့် တစ်ဖန် ပန်းတွေပွင့်လန်းလာတယ်"
"မင်းက ကိုယ့်အတွက် ဘယ်တုန်းကမှမထင်ထားမိခဲ့တဲ့ စပရိုက်လေး...ကိုယ့်ရဲ့ ရှားပါးရတနာလေးပါ...ကိုယ် မင်းကို ထာဝရ စောင့်ရှောက်ချင်တယ်၊ မင်းကို ကာကွယ်ပေးပြီး ဒီဘဝ၊ နောက်ဘဝနဲ့ ဘဝတိုင်းကို မင်နဲ့အတူတူကုန်ဆုံးချင်တယ်"
"ကိုယ် မင်းကို ချစ်တယ် ချင်းချင်း... ကိုယ့်ကိုလက်ထပ်နိုင်မလား"
ဘူးထဲက လက်စွပ်ကို ဆွဲထုတ်ရင်း သူကမေးသည်။
လင်းလော့ချင်း၏ မျက်လုံ
းများတွင် မျက်ရည်များဖြင့် ပြည့်နေသည်။ သူက ခေါင်းသာ အတန်တန်ညိတ်ပြပြီး အသံမထွက်နိုင်သလောက်ပင်။ခပ်တိုးတိုး 'အွန်း' ဟုသာ အသံပြုနိုင်ခဲ့၏။
သူ ကျိယွီရှောင်ကိုဆွဲထူပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
လက်ထပ်မှာပေါ့...အမြဲတမ်းအတွက် ရက်စ်ပဲ...