Chapter 322
[ပြီးတော့ ဥက္ကဋ္ဌကျိက အပျော်တမ်းသမားလေ၊အနုပညာရှင်မဟုတ်ဘူး]
[ဥက္ကဋ္ဌကျိရဲ့ သံသယအညွှန်းကိန်းက တခဏအတွင်းချင် ကျသွားပြန်ပြီ]
ထိုအချိန်တွင် အင်တာနက်သုံးစွဲသူများ
ကျိယွီရှောင်ပြောသည်ကို ကြားလိုက်ရသည်။
"ဒါဆိုရင် စာရင်းကိုင်ကျိုက် မင်း ဝန်ခံလိုက်ပါ... မင်းက လူသတ်သမားမဟုတ်ဘူး စိတ်ချပါ"
ကျိုက်ထင်လန်: "!!!"
စွန်းလျန့်: "??"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အင်တာနက်သုံးစွဲသူများ: [???!!!!]
[သူဘယ်သူ့ကိုပြောတာလဲ...စာရင်းကိုင်ကျိုက်?]
[တကယ်ပါပဲ ကျိသခင်လေး ...သူက မင်းရဲ့ အချစ်ပြိုင်ဖက်မို့လို့ မင်း သူ့ကို သံသယဝင်နေတာလား]
[ခဏလေး ...ဘာလို့ စာရင်းကိုင်ကျိုက် ဖြစ်တာလဲ]
[ငါ အရမ်းခေါင်းရှုပ်နေပြီ... တစ်ယောက်ယောက်က ငါ့ကိုလာရှင်းပြပေးလို့ရမလား]
[ဘာဖြစ်သွားတာလဲ... ငါ့ဦးနှောက်ကော... ငါဘာလို့ ချက်ချင်းကြီးလိုက်မမီနိုင်တာလဲ]
"ဘာလို့ ကျိုက်ထင်လန်လဲ"
စုန့်ရှို့ဝမ် လိုက်မမီနိုင်မှန်း သိသာလေသည်။
စိတ်ရှုပ်နေသော ဖန်းဖေးကျယ်လည်းလိုက်မမီနိုင်။
လင်းလော့ချင်းက ချက်ချင်းတုံ့ပြန်ပြီး
ရှင်းပြလာ၏။
"ဒါက အမျိုးသမီးတစ်ယောက်ကပဲ သူ့ကို လည်ပင်းညှစ်သတ်နိုင်တယ်လို့ ငါတို့ပြောခဲ့လို့ပဲ"
"ဒါ့အပြင် BFFကျားကို လည်ပင်းညှစ်ခဲ့တဲ့သူက ဒါကို ဝန်ခံဖို့ အမြဲကြောက်နေခဲ့တယ်... BFFကျား လည်ပင်းညှစ်ခံရလို့ သေသွားတာဖြစ်မှာ သူစိုးရိမ်တာကြောင့်ပဲ...ဒါပေမဲ့ BFFကျားက လည်ပင်းညှစ်ခံရပြီးသေတာဆိုရင် နောက်ပိုင်းမှာ အခန်းထဲ ဝင်လာသူတွေက သူသေနေတာကို တွေ့သွားမှာ ဒါမှမဟုတ် သူ အိပ်ပျော်နေတယ်လို့ ထင်ကြမှာ...ဒါပေမဲ့ ခုနက ငါတို့ စကားပြောတုန်းက လူတိုင်းဝင်သွားတဲ့အခါ BFFကျား တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေကို ဖြေတာ ဒါမှမဟုတ် ရန်ဖြစ်နေမျိုးဖြစ်နေတယ်...အဲဒီတော့ သူက နောက်ဆုံးလူဝင်သွားတဲ့အထိ အသက်ရှင်နေတယ်ဆိုတာ သက်သေပြနေတယ်"
"တကယ်လို့ သူ့ကို လည်ပင်းညှစ်သတ်ခဲ့တဲ့သူက ငါ ဒါမှမဟုတ် သခင်မလျှို ဆိုရင်၊ သူ လည်ပင်းညှစ်ခံရလို့သေတာမဟုတ်ဘူးဆိုတာကို ခပ်မြန်မြန်သိလိုက်ကြမှာပါ...သူက လည်ပင်းညှစ်သတ်ခံရတာမဟုတ်ဘူး... အဆိပ်ခတ်ပြီးအသတ်ခံရတာ...ဒါကြောင့် ငါတို့က အဲဒါကို စိတ်လိုလက်ရ ဝန်ခံပြီး ငါတို့ရဲ့ သံသယတွေကို ရှင်းပစ်လိမ့်မယ်... စာရင်းကိုင်ကျိုက်ကပဲ နောက်ဆုံးဝင်ခဲ့ပြီးတော့ သူ့အတွက် မည်သူမျှ သက်သေမပြနိုင်ဘူး... 100% မသေချာတဲ့အတွက် ဝန်မခံဝံ့ဘူး"
"ဟုတ်တယ်ဟုတ်"
လင်းလော့ချင်းက ကျိယွီရှောင်ကို လှည့်ကြည့်လိုက်သည်။
ကျိယွီရှောင်က သူ့ခေါင်းကို ပွတ်ကာ ဆိုလိုက်၏။
"တော်တယ်"
အင်တာနက်သုံးစွဲသူတွေ ပြင်းပြင်းထန်ထန် အော်ဟစ်နေပြန်သည်။
[ဒါကြီးက မိုက်လိုက်တာ ]
[ငါအခုနားလည်ပြီ... ချင်းချင်းရဲ့ တုံ့ပြန်မှုက တော်တော်မြန်တယ်]
[အား ချင်းချင်းက အရမ်းတော်တာပဲ... သူ့ကို အရမ်းချစ်တယ်!]
[သူက တော်လို့ ချီးကျူးခံရတယ်...ခေါင်းပွတ်ပေးခံရတာတောင်အဆစ်ပါသေး... ဘယ်သူသိလိုက်လဲ...ငါ သိလိုက်တယ်!]
[အရမ်းချိုတယ် အရမ်းချိုတယ် အရမ်းချိုတယ်...ခေါင်းပွတ်ပေးတာက အချိုဆုံးပဲ]
[အဓိပ္ပါယ်မရှိ...အသိသာကြီးကို မပြောဘဲနားလည်မှုက အချိုဆုံးပဲ... ဥက္ကဋ္ဌကျိက ဘာမှမပြောသေးဘူး... ချင်းချင်း နားလည်နေပြီ... ဒါက မပြောဘဲနားလည်မှုဆိုတာလား...မပြောဘဲနားလည်မှုပဲဖြစ်ရမယ်]
[အတိအကျပဲ... ရောင်စုံဖီးနစ် အတောင်ပံတွေမပါဘူး...ဒါပေမဲ့နှလုံးသားချင်းနားလည်မှုရှိတယ်...ကျိချင်းက အချိုဆုံးပဲ]
[မှန်တယ်...အထူးသဖြင့်ချင်းချင်းက ပြောပြီးတဲ့ နောက်မှာတော့ သူက စာရင်းကိုင်ကျိုက်ကို သူ ပြောတာ မှန်လား မမေးဘူး...အဲဒီအစား သူက ဥက္ကဋ္ဌကျိကို မေးတာ... ဒါကဥက္ကဋ္ဌကျိဆီက ချီးမွမ်းမှု တောင်းခံနေတာ ထင်ရှားတယ်]
[ဝူးဝူးဝူး အရမ်းချိုတယ်]
[ဒီလူငယ်စုံတွဲရဲ့ လေထုအခြေအနေက တကယ်ကိုကောင်းတယ်...အရမ်းကောင်းတယ်!]
[အရမ်းချစ်စရာကောင်းတယ်...ချင်းချင်းက အရမ်းချစ်စရာကောင်းတယ်]
ကျိုက်ထင်လန် ၎င်းကိုကြားသောအခါ ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ရသည်။
"မှန်ပါတယ်...ငါ သူ့ကို လည်ပင်းညှစ်ခဲ့တယ်"
"ဘာလို့လဲ"
လင်းလော့ချင်းက စိတ်ဝင်တစား မေးသည်။
"တခြားဘာကြောင့်ဖြစ်ရမှာလဲ ...အဲဒါ နင့်ကြောင့်ပဲ"
ကျိုက်ထင်လန်က ပြောနေစဉ်တွင် သူမသည် သူ့ကို မကျေမနပ် စိုက်ကြည့်ကာ ချစ်သော်လည်း စိတ်ပျက်နေသည့်ပုံပေါ်သည်။
"သူက လုံးဝမကောင်းဘူး၊ ဒါပေမဲ့ နင်က သူ့အပေါ် အရမ်းကောင်းပါတယ်...ငါ တကယ်ကို စိတ်တိုခဲ့တယ်... ငါ သူ့ဆီသွားပြီး နင့်ကို ထပ်မချဉ်းကပ်ဖို့နဲ့ နင်နဲ့ ဝေးဝေးနေဖို့ ပြောခဲ့တယ်...ဒါပေမဲ့ သူက ငြင်းဆန်ခဲ့တယ်...သူက နင်အအိမ်မှာနေချင်ရုံတင်မကဘူး၊ငါ နင့်ကိုချစ်နေတဲ့အကြောင်းပါပြောပြဖို့ စီစဉ်ထားတယ်...အချိန်ကျလာလို့ နင်အအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို နင်သိသွားရင် နင်ရွံ့သွားမှာလို့သူပပြောတယ်.. အဲဒီအခါကျရင် သူက နင့််ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းဖြစ်သွားမှာ... ငါက ဘာမှဟုတ်တော့မှာမဟုတ်ဘူးတဲ့"
"အဲဒါကိုကြားတော့ ငါကြောက်သွားတယ်...သူနင့်ကို တကယ်ပြောပစ်လိုက်လို့ နောင်မှာ နင့်ငါ့နဲ့ ဝေးဝေးနေမှာကို ငါကြောက်တယ်... ဒါက ငါ့ကို သူနဲ့ ပိုလို့တောင် အငြင်းအခုန်ဖြစ်စေခဲ့တယ်... သူက နင့်ကိုပြောမယ်ဆိုတာနဲ့ပဲကိုင်ပေါက်ပြီး ငါ့ကို ခြိမ်းခြောက်တယ်...ငါ ဒေါသထွက်သွားခဲ့တယ်...ငါ သိလိုက်ချိန်မှာ ငါ့လက်တွေက သူ့လည်ပင်းကို ညစ်ထားပြီးသားဖြစ်နေပြီ... ငါမလွှတ်ခင်မှာ သူကအသက်ရှုကြပ်နေပြီ"
"ငါ သူ့ကို လည်ပင်းညှစ်သတ်လိုက်မိပြီလို့ ထင်ခဲ့တယ်... ငါအရမ်းကြောက်လွန်းလို့ သူ့ကိုအိပ်ယာပေါ်တင်ပြီး သူ့အိပ်ခန်းထဲကထွက်လာခဲ့တယ်"
လင်းလော့ချင်း: 'အာ ဒီ...BFFကျားက တကယ်သေလမ်းရှာနေတာပဲ'
"ဒါဆို နင် အရမ်းစိတ်လိုက်မာန်ပါဖြစ်လွန်းတယ်"
"ဟုတ်တယ်"
ကျိုက်ထင်လန် ဒေါသတကြီးပြော လိုက်သည်။
"သူပြောသမျှက အကုန် မကောင်းဘူး...သူက ဒီလိုပြောတယ်... ငါက နင့်ကိုအရမ်းကြိုက်တယ်ဆိုပြီး... သူဒီလိုပြောတဲ့အခါ ငါ့လန့်ပြီးပျာသွားတယ်...အဲဒါ ငါ့အမှားလား"
"ဘယ်သူ့ကိုကြိုက်တယ်"
သူမစကားပြောပြီးသည်နှင့် ကျိယွီရှောင်က လင်းလော့ချင်း၏ပခုံးကို အမြန်ဖက်လိုက်သည်။
"မင်းက ဘယ်သူ့ကိုကြိုက်တယ်ပြန်ပြောစမ်း"
ထို့နောက် သူက လင်းလော့ချင်း၏ ခေါင်းကို သူ့ပခုံးပေါ် ဖိလိုက်သည်။
လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိပေ။
ကျိုက်ထင်လန်:"……"
ကျိုက်ထင်လန် တိတ်တဆိတ် ခေါင်းလှည့်လိုက်သည်။ ဒီမူလတန်းကြက်ပေါက်က ဘယ်ကရောက်လာတာလဲ...
ကလေးဆန်လိုက်တာ...
သူက အောင်မြင်တဲ့ အသက် 30 အရွယ် လူတစ်ယောက်နဲ့ လုံးဝမတူဘူးးး...
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော အင်တာနက်သုံးစွဲသူတွေက သူ့ကို ယခုလိုအကွက်မျိုးဆွဲထုတ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။သူတို့ ထပ်ပြီး ရယ်မောမိကြပြန်သည်။
[ဟားဟားဟား သူက သဝန်တိုနေတာ...ထပ်ပြီး သဝန်တိုပြန်ပြီ]
[ဥက္ကဋ္ဌကျိ မင်းက အရမ်းကလေးဆန်တယ်]
[အား အား အား... ငါ ကိုယ့်ခေါင်းကိုယ်ပခုံးပေါ်တင်မိတယ်...ဥက္ကဋ္ဌကျိ မင်းက အဲဒီနေရာမှာ အရမ်းတော်တာပဲ!]
[ဖာ့ခ်...ဥက္ကဋ္ဌကျိက သက်ရှိသကြားပွဲရုံကြီးပဲ... သူက သကြားထုတ်တဲ့နေရာမှာ လုံးဝတုံ့ဆိုင်းမနေဘူး!]
[ချင်းချင်း ပြုံးလိုက်တယ်... မရှောင်ရုံတင်မကဘူး ပြုံးလိုက်တယ်... ဝူးဝူးဝူး...ဘယ်လိုအသွားအပြန်အချစ်မျိုးက ဒီလောက်လှလဲ]
[အရမ်းချစ်စရာကောင်းတယ်... ချစ်စရာကောင်းတယ်... ဥက္ကဋ္ဌကျိနဲ့ ချင်းချင်းက အရမ်းချစ်စရာကောင်းလွန်းတယ်]
[ကျိချင်းက တကယ်အစစ်အမှန် ဟုတ်တယ်မလား... ချင်းချင်းက တခြားသူတွေနဲ့ပတ်သတ်ပြီး ဒီလောက်ချိုမြိန်တာကို မမြင်ဖူးဘူး]
[ဝူးဝူးဝူး ရှင်တို့က အရမ်းလည်းရုပ်ချောတယ်...အရမ်းလည်းချိုတယ်... ဒါက CP အသိုင်းအဝိုင်းထဲမှာ အမိုက်ဆုံးပဲ။]
[အချိုတွေက ငါ့ကိုသတ်နေပြီ ...အချိုတွေက ငါ့ကိုသတ်နေပြီ]
ကျိုက်ထင်လန်က လည်ပင်းညှစ်ခဲ့သည်ကို ဝန်ခံသည့်အတွက် အဆိပ်ခတ်သူက သူမ မဖြစ်နိုင်ပါချေ။မည်သို့ပင်ဖြစ်စေ သူမမှာ လုပ်နည်းလုပ်ဟန်တစ်ခုရှိနေပြီးသားဖြစ်သည်။BFFကျားကို အဆိပ်ခတ်ခဲ့သူက အခြားငါးယောက်သာ ဖြစ်နိုင်သည်။
"ဒီတခေါက် ငါတို့မှာ လူသတ်သမားတစ်ယောက်ရှိတယ်ထင်လား ဒါမှမဟုတ် လူသတ်သမား နှစ်ယောက်ရှိနေတယ်လို့ ထင်လား"
လျှိုယာမင်က စွန်းလျန့်ကို မေးသည်။
စွန်းလျန့်လည်း မခန့်မှန်းနိုင်ပေ။
"နှစ်ယောက်လို့ ထင်တယ်... သေဆုံးသူက နှစ်ယောက်လေ... ယုတ္တိဗေဒအရပြောရရင် ဒါဟာ လူသတ်သမားနှစ်ယောက်နဲ့ ကိုက်ညီသင့်တယ်"
"ငါတို့ထဲက တစ်ယောက်ယောက်က လိမ်နေတာဖြစ်ရမယ်... အဓိကက ဘယ်သူက လိမ်နေတာလဲ"
လူတိုင်းသည် အချိန်ဇယားကို ထပ်မံစစ်ဆေးခဲ့သည်။
အပြန်အလှန် စစ်ဆေးမှုအချို့အောက်တွင် တတိယသခင်လေးဖန်းတစ်ယောက် နောက်ဆုံးတွင် သူ၏ဟာကွက်များကို အဖော်ခံခဲ့ရသည်။ သူသည် သူ့အဖေ၏ လတ်တလော အေးစက်မှုကို ခံစားခဲ့ရပြီး သေတမ်းစာတစ်ခုပြုလုပ်ရန်အကြောင်း သူ့အဖေပြောနေသည်ကို သူကြားလိုက်ရသည်။
စုန့်ရှို့ဝမ်သည်လည်း သခင်က သူမကို လွန်ခဲ့သော ရက်အနည်းငယ်က ပို၍ ဂရုစိုက်လာသည်ဟု သူမ ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ သူမကို အနာဂတ်မှာ ကောင်းကောင်း လျော်ကြေးပေးပြီး တစ်ယောက်တည်း ကောင်းကောင်းဆက်ဆံပါ့မယ်လို့လည်း သူက ပြောတယ်"
သခင်မလျှိုက နှုတ်အလွန်လုံသည်။ဘယ်သူမှ သူမဆီကဟာကွက်ရအောင်မမေးနိုင်ကြပေ။
ပရိုဂရမ်မာချမ်က BFFကျားကို အဆိပ်ခတ်ခဲ့ကြောင်းဝန်ခံရန် ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
"ကျွန်တော်က မိန်းမလှလေးလင်းနဲ့ တွဲပြီး ကျိသခင်လေးကို ဦထုပ်စိမ်းဆောင်းပေးချင်ရုံတင်...ကျွန်တော့်မှာ လက်စားချေဖို့ နည်းလမ်းရှိပြီးသားပါ... သူ့ကိုဘာလို့သတ်ရမှာလဲ"
ကျိယွီရှောင်က သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ကို ချက်ချင်း စိုက်ကြည့်လာသည်။
တစ်ပတ်လှည့်ပြီးနောက်တွင် လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ထံ စွပ်စွဲမှုများ ထပ်မံရောက်ရှိလာသည်။
လင်းလော့ချင်းက အလွန်တည်ငြိမ်နေ၏။
"ကျွန်မ BFFကျားကိုသတ်ချင်ရင် ရှင်တို့မလာခင် ဒါမှမဟုတ် ရှင်တို့ထွက်သွားပြီးရင် လုပ်လို့ရတယ်...သူက အခုတလော ကျွန်မအိမ်မှာ နေနေတာ... ချက်ချင်းထွက်သွားဖို့ အစီအစဉ်မရှိဘူး...ဒီအချိန်ကို ရွေးစရာ မလိုဘူး... အခုအချိန်မှပဲ BFFနဲ့ တွေ့နိုင်တဲ့ သူကို ကျွန်မပိုသံသဝင်တယ်... သူတို့မှာ သူ(မ)ကိုတွေ့ဖို့ တခြားအချိန်မရှိတာကြောင့် သူမကိုသတ်ဖို့ ဒီအချိန်ကိုပဲ အခွင့်ကောင်းယူနိုင်မှာလေ"
ဤနည်းအားဖြင့် ပရိုဂရမ်မာချမ်၏ ဖြစ်နိုင်ခြေက တိုးလာသည်။ သူက BFFကျားကို ယခင်က သို့မဟုတ် ပြီးလျှင် မတွေ့နိုင်သည့် တစ်ဦးတည်းသာ ဖြစ်သည်။
"အိမ်တော်သခင်နဲ့ပတ်သက်ပြီးလည်း ဒီလိုပါပဲ...ပိုက်ဆံအတွက်ဆိုရင်တော့ ကျွန်မအတွက် မလိုပါဘူး...ကျွန်မက ကျိသခင်လေး နဲ့ စေ့စပ်တော့မှာလေ... ပိုက်ဆံမရှိမှာကို စိတ်ပူနေဖို့ လိုသေးလို့လား"
"ဟုတ်တယ်"
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်ပိုက်ဆံက သူ့ပိုက်ဆံပဲ"
လင်းလော့ချင်းက ပခုံးတွန့်လိုက်သည်။
"ကြည့်"
လူတိုင်း: '... ငါတို့ ဒါကို ဝန်မခံချင်ပေမဲ့ သူက ပိုက်ဆံအတွက် လူသတ်စရာ မလိုဘူးထင်တယ်'
ကျိယွီရှောင်က လင်းလော့ချင်း နှင့်တူညီသောသဘောထားရှိသည်။
"သေချာတာကတော့ ကျွန်တော်မဟုတ်ဘူး... အိမ်တော်သခင်သေရင် စေ့စပ်ပွဲက ဆက်လို့ မရဘူး... ဒါက ကျွန်တော့်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ...ပြီးတော့ ကျွန်တော် ဘယ်တုန်းကမှ အိမ်တော်သခင်ကို မသတ်ချင်ခဲ့ဖူးဘူး...မဟုတ်ရင် ကျွန်တော့်အဖေက ကျွန်တော့်အမေသေတာကို မမေ့ဖို့ အထူးတလည်သတိပေးခဲ့မှာ မဟုတ်ဘူး"
"BFFကျားအတွက်တော့ သူက ကျွန်တော့်အဖေနဲ့ ဆက်ဆံရေးရှိမှန်းတောင် မသိခဲ့ဘူး...သူက ချင်းချင်းရဲ့ အခင်ဆုံးသူငယ်ချင်းနဲ့ ကျွန်တော့်ဝန်ထမ်း ဒီလောက်ပဲ... ကျွန်တော် သူ့ကိုသတ်ချင်ရင် သူနေကောင်းလာတဲ့အထိ စောင့်မယ်၊ သူအလုပ်ပြီးအောင်လုပ်ပြီးမှ သတ်မှာ... သူ့လက်ကျန်တန်ဖိုးတွေ မကုန်ခင် သူ့ကိုသတ်ပစ်မှာမဟုတ်ဘူး"
[ဖာ့ခ် ငါ့လက်သီးမာလာပြန်ပြီ!]
[မင်းက မျှော်လင့်ထားသလိုပဲ မကောင်းဆိုးဝါး အရင်းရှင်]
[ဘယ်လောက်ရက်စက်တဲ့သူဌေးလဲ!]
[ခေတ်သစ်ဝန်ထမ်းများ၏ ရှင်သန်မှုမှတ်တမ်း]
[ဟားဟား အခေါက်တိုင်း ဥက္ကဋ္ဌကျိ ပေးခဲ့တဲ့ အကြောင်းပြချက်က အရမ်းမှန်တယ်]
လူတိုင်းက ကိုယ့်ကိုကိုယ် ကာကွယ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဒါရိုက်တာက "လူသတ်သမားကို မဲပေးရမဲ့အချိန်ရောက်ပြီ” ဟု သတိပေးသည်။
[ဒီလောက်မြန်တယ်လား?]
[မဲပေးဖို့အချိန်ရောက်ပြီလား...ငါ အခုထိ ဘယ်သူလုပ်တာလဲ မသိသေးဘူး]
[ပြီးသွားပြီပေါ့...ငါက ကြည့်ရုံရှိသေးတယ် ဟားဟား ဘာမှမခွဲခြမ်းစိတ်ဖြာရသေးဘူး]
[ငါရောပဲ... ဒါတွေအားလုံးက ဥက္ကဋ္ဌကျိရဲ့ အပြစ်ပဲ...ဥက္ကဋ္ဌကျိက အရမ်းရယ်ရတော့ တစ်ချိန်လုံး ရယ်နေပြီး လူသတ်သမားကို အဖြေရှာဖို့ လိုအပ်နေသေးတာကို မေ့သွားခဲ့တယ်]
[ကြည့်ရင်း ပိုပြီးရှုပ်ရှုပ်လာလဲ... လူသတ်သမားက ဘယ်သူလဲ]
[အခု ကျွန်မမှာ မေးစရာတွေ အများကြရှိနေပြီ!]
ဧည့်သည်တွေက မကြာခင် ယခုလိုဖြစ်လာမည် မမျှော်လင့်ထားပေ။ သူတို့ရှေ့က ကတ်သေးသေးလေးတွေကို ကြည့်ပြီး သူတို့စိတ်ထဲမှာ အဖြေအတွက် တုံ့ဆိုင်းနေသည်။
"လူတိုင်း သခင်လင်းနဲ့ BFFကျားတို့ကို သတ်တဲ့ လူသတ်သမားရဲ့ နာမည်ဒါမှမဟုတ် နာမည်တွေကို ကတ်ပြားပေါ်မှာ ရေးပါ...ပြီးတာနဲ့ ကျွန်တော့်ကို လွှဲပေးပါ"ဟု ဝန်ထမ်း ရှောင်ယန်က ပြော၏။
လင်းလော့ချင်း ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ကတ်ကိုကြည့်ကာ ခဏကြာအောင် စိတ်ထဲမှာ လွန်ဆွဲနေခဲ့သည်။ ထို့နောက် ကျိယွီရှောင်၏ နာမည်ကို ရေးလိုက်သည်။
သုံးမိနစ်အကြာတွင် ရှောင်ယန်က လူတိုင်း၏လက်မှ ကတ်များကိုယူကာ သူ့လက်ထဲတွင် ကိုင်ထားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ အင်တာနက်သုံးစွဲသူများက ရင်တထိတ်ထိတ်ဖြင့် ပြောကြသည်။
[ကြေညာတော့မှာလား...ငါ အရမ်းစိတ်လှုပ်ရှားနေပြီ!]
[ ငါ ရေချိုးခန်းထဲ အရင်သွားလိုက်ဦးမယ်... ပြန်လာတဲ့အခါ အဖြေကို တိုက်ရိုက်တွေ့ဖို့ မျှော်လင့်ပါတယ်]
[ငါရောပဲ!]
[ငါ့ကိုပါထည့်လိုက်]
[အား အား အား ရှောင်ယန် ငါ့ကို မြန်မြန်ပြော... ငါ တအား ဂနာမငြိမ်ဖြစ်နေပြီ]
[သခင်လင်းကိုသတ်ခဲ့တဲ့သူက သခင်မလျှို၊BFFကျားကိုသတ်ခဲ့တဲ့သူက ပရိုဂရမ်မာချမ်လို့ ငါထင်တယ်]
[BFFကျားကိုသတ်ခဲ့တဲ့သူ ဒုတိယသခင်မလေးစုန့်လို့ ငါထင်တယ်...ဒုတိယသခင်မလေးစုန့်က ပရိုဂရမ်မာချမ်းကို အရမ်းချစ်ပြီး ပြန်တွဲချင်တယ်...BFFကျားက သူ့မှာ ပရိုဂရမ်မာချမ်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ်လို့ ပြောတယ်... ဒုတိယသခင်မလေးစုန့် ခံနိုင်ရည်ရှိပါ့မလား...သူ အရမ်းဒေါသထွက်ပြီး ဒီကလေးကို ဖယ်ရှားပစ်ချင်တာ ဖြစ်မယ် မဟုတ်ရင် ပရိုဂရမ်မာချမ်က သူနဲ့ ပြန်တွဲဖို့ ပိုတောင် မဖြစ်နိုင်တော့ဘူးလေ]
[မှန်တယ်... ဒုတိယသခင်မလေးစုန့်က သူကိုယ်တိုင်ပြောတာ... သူက BFFကျားကို ထမင်းစားချင်လား ဒါမှမဟုတ် ပရိုဂရမ်မာချမ်ကို ထားခဲ့ဖို့ပြောတာဆိုပြီး]
[ဒါပေမဲ့ တတိယသခင်လေးက အရမ်းသံသယဖြစ်စရာကောင်းတယ်...သူက တကယ်ပဲ အသက် 19 နှစ်အရွယ် ဖြူစင်တဲ့ ကောင်လေးတစ်ယောက်လား...သူက အသက်19 နှစ်ပဲရှိသေးတာဆိုတော့ ငယ်ရွယ်ပြီး ထကြွလှုပ်ရှားတတ်တယ်... သည်းမခံနိုင်ရင် လူသတ်ဖို့ အလားအလာ အရှိဆုံးပဲ]
[ဟုတ်တယ်... တတိယသခင်လေးက သခင်လင်းကိုသတ်တာကနေ အကျိုးအရှိဆုံးပဲ... သူက သူချစ်ရတဲ့မမ ကျိသခင်လေးနဲ့ စေ့စပ်မှာကို တားဆီးနိုင်ရုံတင်မကဘူး၊အမွေကိုလည်း ရဦးမယ်... မဟုတ်ရင် သူဘာမှ မရနိုင်ဘူးမဟုတ်လား]
[ပြီးတော့ သခင်မလျှိုကလည်း အလွန်သံသယဖြစ်စရာကောင်းတယ်... သခင်လင်းကိုသတ်ရင် သူအမွေဆက်ခံနိုင်ရုံတင်မကဘူး... သူ့နာမည်ကို သခင်မလျှိုအနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်...မဟုတ်ရင် သခင်က သူ့ကို သေချာပေါက် ကန်ထုတ်ပစ်လိမ့်မယ်...တတိယသခင်လေးက သခင်ရဲ့သားမဟုတ်မှန်း သူကောင်းကောင်းသိတယ်]
[ဒါပေမယ့် ဥက္ကဋ္ဌကျိနဲ့ ချင်းချင်းကလည်း အရမ်းသံသယဖြစ်စရာကောင်းတယ်လို့ ငါထင်တယ်]
[အားးး ငါ့ကို သည်းမခံနိုင်အောင်လုပ်နေတာကို ရပ်လိုက်... ငါသေတော့မယ်...ရှောင်ယန် ကျေးဇူးပြုပြီး ကြေငြာပေးပါ!!]
[ငါသေနေပြီ...ရှောင်ယန် မြန်မြန်ပြော မြန်
မြန်ပြော!]
ခန်းမအပြင်ဘက်ရှိ ပရိတ်သတ်များနှင့် ခန်းမအတွင်းရှိ ဧည့်သည်များ၏ ရင်တထိတ်ထိတ်မျှော်မှန်းချက်များအောက်တွင် ရှောင်ယန်က နောက်ဆုံးတွင် မဲများကိုဖတ်ပြီး စိမ်ပြေနပြေ ဆိုသည်။
"ဒီလူသတ်သမားရှာဖွေမှုရဲ့ ရလဒ်ကို ကျွန်တော်ကြေငြာပါမယ်…"