အပိုင်း ၃၂၁
Viewers 87k

Chapter 321




စွန်းလျန့် ကျိယွီရှောင်၏ စကားကို နားထောင်ပြီး ၎င်းတို့ထဲမှာ အမှန်တရားအချို့ရှိသည်ဟု ခံစားမိသည်။ သူက လင်းလော့ချင်းကို မေးလိုက်၏။

"အိမ်တော်သခင်နဲ့ BFFကျားက တစ်ယောက်နဲ့တစ်ယောက် သိကြလား"


"သူတို့က တစ်ယောက်နဲ့တစ်ယောက် သေချာပေါက်သိတာပေါ့...ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်မသူငယ်ချင်းလေ... ဒါပေမဲ့ အဖေက သူနဲ့ ဘာမှမပတ်သတ်လောက်ဘူး"


"မင်းအဖေရဲ့ အပြုအမူကို အခြေခံရင် ဒါက လုံးဝမမှန်ဘူး"

ကျိယွီရှောင်က ပြောသည်။


'အဲ...' 

လင်းလော့ချင်း ၎င်းကို စဉ်းစားလိုက်သည်။မှန်တယ်လို့ထင်ရပေမဲ့...


"ဒါပေမဲ့ ဒါကို ဒုတိယအကျော့ အထောက်အထား ရှာဖွေမှုမှာ တွေ့ခဲ့တယ်" 

လင်းလော့ချင်းက ဆေးစစ်ချက်မှတ်တမ်းကို ထုတ်ယူခဲ့သည်။


"အရင်က ငါ့အဖေ နေမကောင်းဘူးလို့ ပြောခဲ့တယ်မဟုတ်လား... အဖေက ယောက်ျားလေးကိစ္စရပ်တွေ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးခဲ့တယ်...နောက်တော့ သူက လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သားသမီးမရနိုင်ဘူးဆိုတာ သိလိုက်ရတယ်"


ကျိယွီရှောင်: "!!!"


မှတ်ချက်ဘားတန်း: [!!!]


[ဒါဆို တတိယသခင်လေးက တကယ်ပဲလောင်ဝမ်ရဲ့သားပေါ့!]


[ဟဟားဟား... တကယ်က အဒေါ်နဲ့ တူပါ]


ကျိယွီရှောင်က ၎င်းကိုကြည့်ပြီး အံ့သြစွာနှင့်ဆိုသည်။ 

"အဲဲဒါကိုရှင်းပြပါဦးသခင်မလျှို"


လျှိုယာမင်က သက်ပြင်းချလိုက်သည်။ 

"ကောင်းပြီ ငါဖုံးကွယ်ထားမနေတော့ဘူး...သခင်က သားသမီးမရနိုင်ပါဘူး"


"မင်းပြောတာ မှန်တယ်... တတိယသခင်လေးက ဒရိုင်ဘာဝမ်ရဲ့သားပဲ...ငါ့ရဲ့အဆင့်အတန်းကို ခိုင်မာအောင်လုပ်ဖို့ ကလေးလိုချင်ခဲ့တယ်...ဖြစ်နိုင်ရင် သားတစ်ယောက်ပေါ့...ဒါပေမဲ့ ကိုယ်ဝန်မရခဲ့ဘူး...ဒါကြောင့် ငါ ဒရိုင်ဘာဝမ်ဆီသွားပြီး သွေးဆောင်ဖြားယောင်းပြီး တတိယသခင်လေးကို ကိုယ်ဝန်ရခဲ့တယ်... အဲဒီနောက်မှာတော့ သူငါ့ဆီထပ်ခါထပ်ခါလာခဲ့ပြီး သူက ငါ့ကို လေးလေးနက်နက် ချစ်မြတ်နိုးသလို ခံစားလာရတယ်... မကောင်းတာတစ်ခုခုဖြစ်မှာကို ကြောက်လို့ ဇာတ်ညွှန်းတစ်ခုကို ဖန်တီးခဲ့တယ်... ငါ သူနဲ့ အိပ်ချင်ယောင်ဆောင်၊ သခင်၊သခင်ကို အဲဒီနေရာလာအောင် သွေးဆောင်ပြီး သူကငါ့ကိုမတရားကျင့်ပါတယ်လို့စွတ်စွဲခဲ့တယ်...ဒါပေါ့ သခင်က သူ့ကို မောင်းထုတ်လိုက်တယ်"


"သခင်က သူ့ကို သတ်ပစ်ဖို့အထိ ငါမမျှော်လင့်ထားဘူး"

သူမက အနည်းငယ် ဝမ်းနည်းနေပုံရသည်။ 

"သူက လူကောင်းတစ်ယောက်ပါ... ငါ သူ့ကို မသေစေချင်ဘူး"


"ဒါဆို တတိယသခင်လေးက သူ့သားမဟုတ်မှန်း သခင်က သိပြီး ခင်ဗျားနဲ့ တတိယသခင်လေးကို သူ့အမွေမပေးဘူးငြင်းလို့ ခင်ဗျားသူ့ကိုသတ်လိုက်တာလား" 

ကျိယွီရှောင်က မေးသည်။


"ငါမလုပ်ဘူး" 

လျှိုယာမင်က လက်မခံခဲ့ပေ။ 

"မင်းတို့ အဲသလိုပြောမှာကို ငါကြောက်လို့ ဝန်မခံရဲခဲ့တာ... ဒီအကြောင်းကို သခင်သိနေမှန်း ငါမသိဘူး... သူက ငါ့အပေါ် အေးစက်နေတာကြာပြီ၊ ဒါပေမဲ့ သူအလုပ်ရှုပ်နေလို့ ငါ့ကိုဂရုမစိုက်တာလို့ထင်ခဲ့တာ"


"တတိယသခင်လေး သခင်သိတာကို မင်းမသိဘူးလား" 

ကျိယွီရှောင်က ဖန်းဖေးကျယ်ကို ကြည့်လိုက်သည်။


ဖန်းဖေးကျယ်က ခေါင်းယမ်းသည်။


 "ဟုတ်ပါတယ် ကျွန်တော် မသိခဲ့ပါဘူး... ဒီနေ့မှပဲ သိလိုက်ရတာ"


"မင်းတို့နှစ်ယောက်လုံး မသိကြတာ တကယ့်ကို ထူးဆန်းတယ်" 

ကျိယွီရှောင်က လက်ပိုက်ကာ သက်ပြင်းချရင်းဆိုလိုက်သည်။


စွန်းလျန့်က စိုးရိမ်သည့်ပုံစံနှင့်မသည်။

"ဒါပေမဲ့ ကလေးက သခင်နဲ့ရတာမဟုတ်ရင် ဘယ်သူ့ဟာလဲ"


"ကျိသခင်လေး...မင်း BFFကျားနဲ့ တကယ်မပတ်သက်ရင် မင်းဘာလို့ သူ့ကိုလာရှာနေတာလဲ" 

ချမ်ယုံအန်းက သူ့ကို ပဟေဠိဖြစ်သည့်ပုံစံဖြင့် ကြည့်သည်။ 


"ငါတို့အားလုံးက သူ့ကိုလာရှာကြတယ်... ဆိုလိုတာက မင်းလည်း သူ့ကိုလာရှာတယ်... ဒါပေမဲ့ မင်းက သူနဲ့ ဘာမှမဆိုင်ဘူးလမား...ဒါဆို မင်းဘာလို့ သူ့ဆီသွားတာလဲ"


"ချင်းချင်းက သူမနေမကောင်းဖြစ်ပြီး ခွင့်ယူပြီး ဒီမှာနေတယ်လို့ပြောတယ်...ငါက သူ့ သူဌေး ဆိုတော့ သဘာဝအတိုင်း သွားကြည့်ရတယ်... အရင်းရှင်တွေက ဒီလိုပဲမဟုတ်ဘူးလား...မင်းတို့ကို နေ့တိုင်း အလုပ်လုပ်စေချင်ကြတာ...ငါ သူ့ကို ခပ်မြန်မြန် အလုပ်ပြန်ဝင်စေချင်ခဲ့တယ်... မဟုတ်ရင် သူက ဆယ်ရက် ဒါမှမဟုတ် တစ်လခွဲလောက် အလုပ်မသွားရင် ဘယ်လိုလုပ်မလဲ"


[ဒါက အရမ်းမှန်တယ်... ငါ့လက်သီးက မာနေပြီ]


[ဒါက ယုံချင်စရာ၊ လက်ခံချင်စရာပါပဲ!]


[မကောင်းဆိုးဝါး အရင်းရှင်!]


[ငါ ငါတို့ဘော့စ်အကြောင်းတွေးပြီး စိတ်တိုမိတယ်]


"ဒါဆို BFFကျား မင်းအိမ်လာတုန်းက မင်းကို ဘာပြောခဲ့လဲ"


"သူဘယ်တုန်းက ငါ့အိမ်ကိုလာတာလဲ" 

ကျိယွီရှောင် အံ့သြသွားသည်။ 

"ဘာလို့ငါမသိခဲ့တာလဲ"


"ပြီးခဲ့တဲ့လ ၇ ရက်နေ့ပေါ့"


" ၇ ရက်နေ့ဆိုတာ သေချာလား" 

ကျိယွီရှောင်က သူ့ကို မေးသည်။


လင်းလော့ချင်းလည်း မျက်မှောင်ကြုတ်သွားသည်။ 

"ပြီးခဲ့တဲ့လ ၇ ရက်နေ့က ကျွန်မတို့ ချိန်းတွေ့တယ်.. ကျွန်မတို့က တစ်နေ့လုံး ချိန်းတွေ့နေခဲ့တာ... သူ သူ့အိမ်မှာ လုံးဝမရှိဘူး"


"ဟင်" 

ချမ်ယုံအန်း အံ့သြသွားသည်။ 

"ဒါဆို သူ မင်းအိမ်ကိုသွားတာ..."


ချမ်ယုံအန်း၏ မျက်လုံးများသည် တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် ပြူးကျယ်သွားသည်။သူက ကျိယွီရှောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။


ကျိယွီရှောင်: "???"


"ဒါက ဘာအကြည့်လဲ"


ချမ်ယုံအန်၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးနေသည်။သူ့မျက်လုံးထဲမှာ သနားသည့်အရိပ်အယောင်များဖြင့် သူက အလေးအနက်ဆိုသည်။

"သူက မင်းကိုတွေ့ဖို့သွားတာမဟုတ်ဘူး

...သူက မင်းရဲ့မေမေလေးဖြစ်ချင်နေတာ"


ကျိယွီရှောင်: "???!!!"


လင်းလော့ချင်း: "……"


အင်တာနက်သုံးစွဲသူတွေ၏ မျက်လုံးတွေမှာ မှင်တက်မှုတွေပြည့်ကုန်သည်။

[ဒီ-ဒီလိုလည်း ရတာလား?]


[အာ ဒါ ဒါက…]


[ဖာ့ခ်! ဇာတ်လမ်းက ပိုပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်လာတယ်]


[မြန်မြန်ပြော မြန်မြန်... ဖရဲသီးစားချင်စိတ်တွေနဲ့ ငါ့နှလုံးသားက ဆာလောင်ငတ်မွတ်နေပြီ]


[ဟားဟားဟားဟား မေမေလေး... မင်က ငါ့ကို စေ့စပ်ထားသူရဲ့ အချစ်ဆုံးသူငယ်ချင်းလို့ မှတ်ယူထားတော့ ငါက မင်းကို အနာဂတ်သားလောင်းလေးလို့ မှတ်ယူတယ်]


[ဘုရားရေ... သူငယ်ချင်း နှစ်ယောက်ရှိတယ်... တစ်ယောက်က မင်းကိုကြိုက်ပြီး နောက်တစ်ယောက်က မင်းယောက္ခမနဲ့ ကလေးမွေးတယ်... ဒီခွေးသွေးကတော့... မိုက်ချက်ပဲ BFFကျားရေ!]


[BFFကျား–ဘယ်လိုတောင် သံမဏိသွေးအချစ်ဆုံးမိန်းကလေးသူငယ်ချင်းလဲ]


"ဘာပြောလိုက်တယ်" 

ကျိယွီရှောင် မယုံနိုင်ဖြစ်သွားသည်။


 "သူ(မ)က ဘာလုပ်ချင်တာ"


"သူက ပိုချမ်းသာပြီး ပိုကောင်းတဲ့သူကို ရှာတွေ့ပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား...ငါမကျေအေးနိုင်ဘဲ သူ ဘယ်လိုရည်းစားအသစ်မျိုးနဲ့တွေ့တာလဲ သိဖို့ သူ့နောက်ကို လိုက်ခဲ့တယ်... ရလဒ်အနေနဲ့ တစ်ခါကျတော့ သူ တစ်စုံတစ်ယောက်ရဲ့ လက်မောင်းကို ကိုင်ထားတာ မြင်လိုက်ရတယ်...အဲဒီလူရဲ့နောက်ကျောက အတော်လေးရင်းနှီးနေသလိုမျိုး၊နည်းနည်းအိုနေပုံ... သူ့အဖေ ဒါမှမဟုတ် တစ်ခုခုလို့ ထင်နေတော့ ဂရုမစိုက်ခဲ့ဘူး...အခုစဉ်းစားကြည့်တော့ သူက မင်းအဖေဖြစ်ကောင်းဖြစ်နိုင်တယ်... အဲ့ဒါကြောင့် ငါရင်းနှီးသလိုလိုဖြစ်နေတာ...အဲဒါကြောင့် သူ(မ)က မင်းအိမ်ကနေ ထွက်လာတာ"


"သူက မင်းကိုလာရှာတာလုံးဝမဟုတ်ဘူး... မင်းအဖေကို ရှာနေတာ"


ကျိယွီရှောင်: "……"


[ဟားဟားဟား...ဥက္ကဋ္ဌကျိ ကြောင်သွားတယ်]


[ဥက္ကဋ္ဌကျိ: ကလေးက ငါ့ဟာမဟုတ်ပေမဲ့ ငါနဲ့ တစ်ခုခုပတ်သက်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး...သူက ငါ့ညီလေးဖြစ်နေတာပဲ]


[ဟားဟားဟား ငါရယ်သေတော့မယ်... ဒီမှာ တူဝရီးတင်မကဘူး ညီအစ်ကိုလည်း ရှိနေပြီ]


[ဥက္ကဋ္ဌကျိ: ငါဘယ်သူလဲ ငါဘယ်မှာလဲ ငါဘာလုပ်ရမလဲ]


[ငါတို့ရဲ့ ဥက္ကဋ္ဌကျိကအရမ်းသစ္စာစောင့်သိပေမဲ့ သူ့အဖေက လုံးဝသစ္စာမရှိမှန်း သိသာတယ်]


လင်းလော့ချင်း မထိန်းနိုင်စွာ ရယ်မောရင်း စားပွဲပေါ်လှဲမိသွားသည်။


ဖန်းဖေးကျယ် ချက်ချင်း ပြန်ပစ်သည်။ "ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ...လက်ခုပ်တီးကြ...ငါ ငါ့အဒေါ်ကိုတွေ့ခဲ့တာတင်မကဘဲ ကျိသခင်လေးမှာ မွေးချင်းတစ်ယောက်ရှိတယ်ဆိုတာ မျက်မြင်သက်သေအနေနဲ့ကြုံရဖို့ ငါတို့က ဒီနေ့ဒီမှာစုဝေးနေကြတာ...ဒီလို မမျှော်လင့်ထားတဲ့ အတွေ့အကြုံက အံ့သြစရာ မဟုတ်ဘူးလား...လက်ခုပ်တီးကြ"


ဧည့်သည်အားလုံး မရယ်ဘဲမနေနိုင်ကြပေ။


မှတ်ချက်ဘားတန်းလည်း ထို့အတူ ရယ်မောမှုများ ပြည့်နေသည်။


[အရမ်းဆိုးတယ်...တတိယသခင်လေး ရှင်က ဆိုးလိုက်တာ]


[တတိယသခင်လေး: မဟာလက်စားချေမှုကြီးက လက်စားချေကိုချေရမယ်]


[တတိယသခင်လေး မင်းမှာ ရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာအစောထဲက ငါသိတယ်]

 

[ဟားဟားဟား ...ဟုတ်တယ် ငါတို့ရဲ့ တတိယသခင်လေးဖန်းကလည်း မိန်းမလှလေးလင်းကို ရင်နဲ့ရင်းပြီး ချစ်တယ်... ဘယ်လိုပဲဖြစ်ဖြစ် အခုသူက သခင်ရဲ့သားမဟုတ်ဘူး...သူလည်း အလှလေးနဲ့ ပေါင်းလို့ရပြီ]


[အပေါ်ထပ်ကလူ ဥက္ကဋ္ဌကျိက ဒီည ဓားနဲ့စောင့်နေမယ်တဲ့နော်]


[ဟားဟားဟား... ဓားသုံးတယ်လို့ ပြောဦးမှာလား...အခု သူ့မှာ မေမေလေးနဲ့ ညီလေးတစ်ယောက်ရှိနေပြီလေ]


ကျိယွီရှောင်:"……"


ကျိယွီရှောင် လက်ရှိ ဇာတ်ကွက်က အနည်းငယ် ဆန်းပြားသည်ဟု ခံစားရပေမဲ့၊ ဤသည်က တတိယသခင်လေးကို ပြန်မတိုက်အောင် မတားဆီးနိုင်ခဲ့ပါချေ။ 


"ဒါဆို တတိယသခင်လေး... မင်းက ငါ့မေမေလေးကို ဘာလို့ သွားတွေ့တာလဲ... ငါက မင်းအစ်မကိုအလစ်သုတ်သွားလို့ မင်းက ငါ့မေမေလေးကို ပြန်အလစ်သုတ်ပြီး လက်စားချေချင်နေတာလား...ဒါဆိုလည်း ငါမင်းကို လက်နှစ်ဖက်လုံးနဲ့ အားပေးပါ့မယ်ကွာ...ငါ မင်းကို တစ်ယောက်အတွက်တစ်ယောက်ပြန်ပေးမယ်...ကုန်ကုန်ပြောမယ် ကလေးကိုတောင် ပေးမယ်ကွာ... မင်းရဲ့မွေးစားအဖေလို မင်းအဖေရဲ့အလုပ်ကို အမွေဆက်ခံပြီး တခြားသူရဲ့သားကို ကူပြုစုပျိုးထောင်ပေးတာက မင်းအတွက် ပိုကောင်းတယ်"


ဖန်းဖေးကျယ်:"???!!!"


မှတ်ချက်ဘားတန်းထဲတွင် ပြင်းထန်သော ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။


[ဖာ့ခ် ငါ့နှလုံးသားက လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတယ်]


[နင် ဘာလို့ သူနဲ့ သွားရှုပ်ချင်ရတာလဲဟယ်]


[ထားလိုက်ပါ၊ တတိယငယ်သခင်လေးရေ... မင်း သူ့ကိုမနိုင်ဘူး...ဝန်ခံလိုက်စမ်းပါ]


[ဟားဟားဟားဟား ငါ့မေမေလေးကို အလစ်သုတ်ပြီး သူနဲ့ အတူတူနေလိုက်...ဥက္ကဋ္ဌကျိ မင်းက သိပ်တွေးဝံ့တာပဲ!]


[တစ်ခုလု တစ်ခုရ... သားဖြစ်သူကို သူ့အဖေရဲ့ အမွေဆက်ခံဖို့ ပြန်ပေးတယ်... ရယ်ချင်လိုက်တာ]


[ဥက္ကဋ္ဌကျိရဲ့ ပါးစပ်က တကယ်ကို အစွမ်းထက်လွန်းတယ်]


"မမအပေါ်ထားတဲ့ ငါ့ရဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေကို မစော်ကားနဲ့"


"အဲဒါက မင်းအစ်မလေ...မင်းက အခုထိ ဖြူစင်တဲ့အချစ် လုပ်နေသေးတာလား" 

ကျိယွီရှောင်က ထူးဆန်းဟန်လေသံဖြင့် ပြောသည်။ 

"ငါတော့ ဒါက လုံးဝ မဖြူစင်ဘူးလို့ထင်တယ်"


ဖန်းဖေးကျယ်: '...ဝူး ဝူး'


"ဒါဆို တတိယသခင်လေး မင်းဘာလို့ BFFကျားဆီကို သွားတာလဲ" 

စွန်းလျန့်က ခေါင်းစဉ်ကို ပြန်လှည့်လိုက်သည်။


ဖန်းဖေးကျယ် သူ့ကို လှည့်ကြည့်လိုက်သည်။ 

"သူက လူကောင်းတစ်ယောက်မဟုတ်လို့ ကျွန်တော် သူ့ကိုသွားရှာခဲ့တာ...သူက မမကို လုံးဝမကြိုက်ဘူးဆိုပြီး တခြားသူတွေကို သူပြောတာ ကြားဖူးတယ်...ကျွန်တော်တို့မိသားစုက ချမ်းသာပြီး ကျွန်တော့်အစ်မက မြင့်မြတ်တဲ့အဆင့်အတန်းရှိတာကြောင့်မို့လို့ သူက မမနဲ့ သူငယ်ချင်းဖြစ်ချင်တာ... ဒီလိုနည်းနဲ့ဆို သူက တခြားသူတွေနဲ့ သိကျွမ်းခွင့်ရပြီး အထက်တန်းလွှာအသိုင်းအဝိုင်းထဲကို ဝင်နိုင်ပြီလေ"


ပရိုဂရမ်မာချမ်က ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ် သူက ဒီလို ပကာသနမက်တဲ့ မိန်းမပဲ"


ကျိုက်ထင်လန်ကလည်း ခေါင်းညိတ်သည်။ 

"သူတကယ် တခြားသူတွေနဲ့လည်း သိသွားပါတယ်...ကျိသခင်လေးရဲ့အဖေလေ ဟားဟား"


ကျိယွီရှောင်: "……"


ကျိယွီရှောင်က ပြုံးလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် အခု ဒီအိမ်မှာ လူသေနှစ်ယောက်ရှိနေပြီ...စုံထောက်ကြီး နောက်ထပ် လူသေတစ်ယောက်ထပ်ရှိလာတာကို စိတ်မရှိလောက်ပါဘူး ဟုတ်တယ်မလား"


စွန်းလျန့်က ကမန်းကတန်းပြောသည်။

"ဒါပေါ့ ငါစိတ်ရှိတာပေါ့... ကောင်းကောင်းထိုင်နေ လူမသတ်နဲ့... အခုအချိန်မှာ အိမ်တော်သခင်နဲ့ BFFကျား သတ်ခဲ့တဲ့ လူသတ်သမားကို ရှာမတွေ့သေးဘူး... တခြားလူသတ်သမားကို ထပ်မလိုချင်ဘူး"


ကျိယွီရှောင်က ကျိုက်ထင်လန်ကို အင်တင်တင်ဖြင့် ကြည့်လိုက်သည်။ "ခဏလောက် ဆက်ခုန်ပေါက်နေခွင့်ပြုထားလိုက်မယ်"


အင်တာနက်သုံးစွဲသူတွေက ရယ်ကြသည်။

[သူက တကယ်သရုပ်ဆောင်ကောင်းတယ်]


[ဟားဟား...ကျိသခင်လေး ဘာဖြစ်နေတာလဲ...ကျိသခင်လေးက မေမေလေးကို တွေ့ရတာ မပျော်ဘူးလား]


[ကောင်းပြီ... မင်းမပျော်လည်း ရပါတယ်...ဘာပဲဖြစ်ဖြစ် မင်းမေမေလေးက သေသွားပြီလေ]


[ဟားဟားဟား သနားစရာ မေမေလေး]


"ခဏလေး"

လျှိုယာမင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ 

"ကျိသခင်လေး... မင်း BFFကျားနဲ့ မင်းအဖေအကြောင်း တကယ်မသိဘူးလား"


"ဟုတ်ပါတယ်...ကျွန်တော်မသိဘူး"


"တကယ်လား" 

လျှိုယာမင်က သူ့ကို ကြည့်နေသည် ။


 "မင်းက မင်းအဖေရဲ့သားအရင်းမဟုတ်ဘူးလို့ သခင်ပြောခဲ့တာကို ငါသတိရမိတယ်...သူက မင်းကို မွေးစားထားတာ"


[ဘာ??? မွေးစားထားတာ???]


[အယ် ဘာလို့မွေးစားတာလဲ]


[ကျိသခင်လေးက တကယ်တမ်းကျ သူ့သားအရင်းမဟုတ်ဘူးပဲ... ဒီနေရာမှာ သားသမီးအရင်းမဟုတ်တဲ့သူတွေ အများကြီးရှိမှာပဲ]


[ကျိသခင်လေးက သူ့အမေအတွက် အမုန်းတရားကိုလုံးဝ ဂရုမစိုက်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ... သူကသူ(မ)ရဲ့ သားအရင်းမှမဟုတ်တာ]


"မှန်တယ်" 

ကျိယွီရှောင်က မငြင်းခဲ့ပါချေ။


"ဒါဆို မင်း BFFကျား အကြောင်းကို စောစောသိပြီး မင်းအဖေရဲ့ သွေးသား သူ့မှာ ကိုယ်ဝန်ရှိနေမှန်းသိရင် မင်း သူ့ကို သေစေချင်မှာမလား...ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းအဖေရဲ့ အသွေးအသားအရင်းကို ကိုယ်ဝန်လွယ်ထားရတာလေ"


လင်းလော့ချင်းက ၎င်းကိုကြားပြီး ကျိယွီရှောင်ကို ချက်ချင်းကြည့်လိုက်သည်။


တခြားလူတွေကလည်း လိုက်ကြည့်ကြသည်။


အင်တာနက်သုံးစွဲသူတွေက တစ်ယောက်ပြီးတစ်ယောက် သဘောတူခဲ့ကြသည်။ 

[ဒီလိုဖြစ်နိုင်ချေရှိတယ်]


[ဖာ့ခ်!သခင်မက အံ့သြစရာပဲ!]


[ဥက္ကဋ္ဌကျိရဲ့ သံသယအညွှန်းကိန်းက တဟုန်ထိုး မြင့်တက်လာပြီ]


[ဥက္ကဌကျိ ဒီလူကို မင်းသတ်တာမဟုတ်ဘူး ဟုတ်တယ်မလား? မင်း သူ့ကို ပိုင်ဆိုင်မှုအတွက် သတ်ခဲ့တာလား]


ကျိယွီရှောင်:"????"


ကျိယွီရှောင်: "ကျွန်တော်တကယ်မသိခဲ့ဘူး"


"မင်းမသိပါဘူးလို့သက်သေပြနိုင်တဲ့ အထောက်အထား မရှိဘူး"


ကျိယွီရှောင်: "……"


"ဒါပေမဲ့ ကျွန်တော် သူ့ကို သတ်စရာ မလိုဘူးလေ" 

ကျိယွီရှောင်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။ 


"အခု ကျွန်တော့်မှာ ကိုယ်ပိုင်အင်အားရှိနေပြီ... ဒါကို ဂရုစိုက်ဖို့ လိုသေးလို့လား...ကျွန်တော်က အသက် 30 ရှိနေပြီ၊ 13 နှစ်မဟုတ်ဘူး... ကုမ္ပဏီကလည်း ကျွန်တော့်အပိုင်...မဟုတ်ရင် ဘယ်လိုလုပ် စာရင်းကိုင်ကျိုက်နဲ့ BFFကျားကို ကျွန်တော် ဆန္ဒရှိသလို စီစဉ်နိုင်မှာလဲ... သူက ကလေးမွေးလိုက်ရင်တောင် ကုမ္ပဏီက ကျွန်တော့်လက်ထဲမှာရှိနေတုန်းပဲ"


"ဒါ့အပြင်—" 

ကျိယွီရှောင်က ဆက်ပြောသည်။

"တစ်ယောက်ယောက်က ကျွန်တော့်ပိုင်ဆိုင်မှုကို လုယူမှာကို ကြောက်ရင် ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော့်အဖေကို သတ်ပစ်ရမှာမဟုတ်ဘူးလား... မဟုတ်ရင် သူက BFFကျားနဲ့ ကလေးရနိုင်ရင် တခြားကောင်မလေးတွေနဲ့လည်း ကလေးရနိုင်တာပဲလေ...အဲဒါက အသုံးမဝင်ဘူး"


[အဲဒါက အဓိပ္ပာယ်ရှိတယ်]


[ဥက္ကဋ္ဌကျိ : လူချမ်းသာ မိသားစုကိစ္စတွေကို ငါကောင်းကောင်း သိတယ်]


[ဘေးဖယ် ဘေးဖယ် ပရော်ဖက်ရှင်နယ်လူချမ်းသားမိသားစုတွေအကြောင်း မင်းကိုပြောပြဖို့ ငါတို့ရဲ့ဥက္ကဋ္ဌကျိအလှည့်ကိုရောက်လာပြီ]


[ဥက္ကဋ္ဌကျိ: သူ(မ)က ငါအရေးတယူလုပ်ဖို့ မထိုက်တန်ဘူး]


"ဒါပေမဲ့ မင်းအဖေက BFFကျားရဲ့ ကလေးအတွက် သူ့ပိုင်ဆိုင်မှုအားလုံးကို ပေးမယ်ဆိုရင် မင်းဆန္ဒရှိမှာ မဟုတ်ဘူးမလား"


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" 

ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေသည်။ 


"သူက အရူးမဟုတ်ဘူး... သူ့သားအကြီးဆုံးက ငယ်ရွယ်သန်မာပြီး ပြဿနာတွေ့ကို ကူညီဖြေရှင်းပေးနိုင်တယ်...မမွေးသေးတဲ့ကလေး ဒါမှမဟုတ် မွေးကင်းစကလေးကို ပေးချင်တယ်ဆိုတာက အရင်းရှင်အမြင်အရ မဖြစ်နိုင်ဘူး... သူက ကျွန်တော့်ကို ချော့ပြီး ကျွန်တော့်အသက်50၊သူ့သားဒါမှမဟုတ်သမီး အသက်နှစ်ဆယ်ရောက်တဲ့အထိ ကျွန်တော့်လုပ်အားကို ညှစ်ယူထားမှာ... သူ့ကလေး အသက် 20 ပြည့်ရင် ကျွန်တော့်ကို အငြိမ်းစားယူခိုင်း၊ သူရဲ့သားသမီးအရင်းကို ကုမ္ပဏီအကြီးကြီးကို လက်လွှဲပေးခဲ့မှာ... ဒါက လုပ်ရိုးလုပ်စဥ်ပဲ"


"မဟုတ်ရင် သူက အခု အသက် 50 ရှိပြီ...နေဝင်ချိန်နှစ်တွေမှာ အာဇာနည်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား ဒါမှမဟုတ် နို့မှုန့်သောက်နေတုန်းဖြစ်တဲ့ သူ့သားသမီးအရင်းကို ကုမ္ပဏီကို ကူညီပေးဖို့ အဆင်သင့်ဖြစ်ပြီလား... သူက အဲလောက်မတုံးဘူး"


လျှိုယာမင် ဤစကားများကို နားထောင်ပြီး ပြောစရာစကားမဲ့သွားရသည်။


စွန်းလျန့် သူ့ရှေ့မှလူကိုကြည့်ကာ ကိုက်လာသောခေါင်းကို ကုတ်လိုက်သည်။


 "ဒါဆို အခုအချိန်မှာ BFFကျားကိုအဆိပ်ခတ်တာ ဒါမှမဟုတ် လည်ပင်းညှစ်တာကို ဘယ်သူကမှ မဝန်ခံဘူး...သခင်ကိုသတ်တယ်လို့လည်း ဘယ်သူမှ မဝန်ခံဘူးဟုတ်တယ်နော်"


အခန်းထဲတွင် တိတ်ဆိတ်နေခဲ့သည်။


"BFFကျားကို လည်ပင်းညှစ်တဲ့သူက ရှာရလွယ်ပါတယ်"

လင်းလော့ချင်းက ဆိုသည်။ 

"သူ့ကို လည်ပင်းညှစ်တဲ့သူက အမျိုးသမီးဖြစ်တယ်လို့ သတ်မှတ်ထားတယ်မဟုတ်ဘူးလား...ကျွန်မတို့မိန်းမတွေထဲက ရှာကြည့်ရုံပေါ့"


"ဒါ့အပြင် သူ့ကို လည်ပင်းညှစ်တဲ့သူဟာ လူသတ်သမား မဟုတ်လောက်ဘူး"

ကျိယွီရှောင်က ဆိုသည်။ 

"BFFကျား ရဲ့ နှုတ်ခမ်းထောင့်က သွေးတွေထွက်နေတယ်...ဒါက အဆိပ်မမိခင်မှာ သူအသက်ရှိနေသေးတယ်ဆိုတဲ့လက္ခဏာပဲ...ဒါကြောင့် သူသွေးအန်တာ... ဆိုတော့ သူက လည်ပင်းအညှစ်ခံရလို့ သေတာမဟုတ်ဘူး... အဆိပ်မိပြီးသေတာ"


[ဖာ့ခ် အဟုတ်ပဲ]


[မှန်တယ်... သူ့ကို အရင်ဆုံး လည်ပင်းညှစ်သတ်လို့ အသက်ရှူကြပ်ပြီး သေသွားရင် သူအဆိပ်လုံးဝ မိမှာမဟုတ်ဘူး... သွေးလည်းအန်မှာ မဟုတ်ဘူး]


[ဥက္ကဋ္ဌကျိက တော်တော်လေးသတိထားတာပဲ]


[သူက အမြဲသတိထားတယ်...အမျိုးသမီးတစ်ယောက်ယောက်က BFFကျားကို လည်ပင်းညှစ်တာလို့ ပထမဆုံး အကြံပေးခဲ့တာလည်းသူပဲ]


[ကျိသခင်လေးက ရေမရောတဲ့ အချစ်ဦးနှောက်မဟုတ်ဘူး... ဒါက အံ့သြစရာပဲ]


[ဟားဟားဟား ငါတို့ရဲ့ ကျိသခင်လေးက ချစ်ပဲချစ်တတ်တာ မဟုတ်ဘူး... သူက အလုပ်လည်း ကောင်းကောင်း လုပ်တတ်တယ်]


[သူက လူသတ်မှုဖြေရှင်းရေးမှာ အမြဲတမ်းတက်ကြွစွာပါဝင်ခဲ့တယ်... လူသတ်သမားဖြစ်မယ်မထင်ဘူး]


[ငါလည်း အဲဒီလိုပဲ ထင်တယ်...သူက ပထမဆုံးအကြိမ်လာတဲ့ အပျော်တမ်းသမားလေ... ရှိုးရဲ့ဝန်ထမ်းတွေက သူ့ကို လူသတ်သမားဇာတ်ညွှန်းမပေးလောက်ဘူး]


[ဟုတ်တယ် လူသတ်သမားဇာတ်ညွှန်းကို မင်လျန့်စုံတွဲ ဒါမှမဟုတ် ဧည့်သည်တွေကို ပေးလိမ့်မယ်လို့ ငါခံစားရတယ်]