အပိုင်း ၃၂၃
Viewers 87k

Chapter 323



"ဒီလူသတ်သမားရှာဖွေမှုရဲ့ ရလဒ်ကို ကျွန်တော်ကြေငြာပါမယ်…"


လင်းလော့ချင်း၊ကျိယွီရှောင် နှင့် ခန်းမအပြင်ဘက်ရှိ ပရိသတ်များသည် ချက်ခြင်း အသက်ရှုအောင့်ထားကြသည်။ နောက်တစ်စက္ကန့်မှာပဲ "ကျရှုံးပါတယ်" ဆိုသည့် စကားလုံးကို သူတို့ကြားလိုက်ရသည်။


"လူသတ်သမားက လွတ်မြောက်ပြီး ဒီဂိမ်းကို နိုင်သွားပါပြီ"


ရိုက်ကူးရေးနေရာမှ ဧည့်သည်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ 

"သခင်ကိုသတ်တဲ့သူက သခင်မလျှို မဟုတ်ဘူးလား...BFFကျားကိုသတ်ခဲ့တဲ့သူက ပရိုဂရမ်မာချမ်မဟုတ်ဘူးလား"


"ဘာလို့ငါလဲ" 

ချမ်ယုံအန်း အံ့သြသွားသည်။


ကျိုက်ထင်လန် သူ့ကိုကြည့်ကာ ရှင်းပြသည်။


"လော့ချင်း မှန်တယ်...ဒီနေ့ သူ့ကို ဘာလို့သတ်တာလဲ... လူသတ်သမားက ဒီနေ့မှာပဲ BFFကျားနဲ့ အဆက်အသွယ်ရနိုင်တယ်... နင့်အပြင် ဒီမှာနေတဲ့သူတွေက သခင်မလျှို၊ ဒုတိယသခင်မလေးစုန့်၊ တတိယသခင်လေးဖန်း နဲ့မိန်းမလှလေးလင်းတို့လေ... အချိန်မရွေး သူတို့လုပ်နိုင်တယ်... ငါက သေချာပေါက် သူ့ကို မသတ်ခဲ့ဘူး...ကျိသခင်လေးကကျ မိန်းမလှလေးလင်း နဲ့ စေ့စပ်တော့မယ်...နင်တစ်ယောက်ထဲကပဲ အနာဂတ်မှာ နင်ဆန္ဒရှိသလို ဒီကိုလာလို့မရတာ...ဒါကြောင့် သူ့ကိုသတ်ဖို့ ဒီအချိန်ကို အခွင့်ကောင်းယူမှရမယ်"


ချမ်ယုံအန်းက ပြောလိုက်ရသည်။

"ဒါက မှန်တယ်...ဒါပေမဲ့ ငါ့မှာ အပြစ်မရှိဘူးလေ"


"ဒါဆို တကယ့်လူသတ်သမားက ဘယ်သူလဲ" 

စုန့်ရှို့ဝမ်က မေးသည်။


လင်းလော့ချင်းက ပြုံးပြီး သူ့လက်ကို မြှင့်တင်လိုက်သည်။ 

"အဲဒါ ငါပဲ"


ကျိယွီရှောင်က သူ့လက်ကို ကိုင်လိုက်သည်။ 

"ဟုတ်တယ်...ပြီတော့ ငါ"


လူတိုင်း:"!!!"


အင်တာနက်သုံးစွဲသူများ: [!!!]


"မမ...အဖေ့ကိုသတ်လိုက်တာလား" 

ဖန်းဖေးကျယ် ထိတ်လန့်စွာ မေးလိုက်သည်။


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ 

"ငါက BFFကျားကိုသတ်လိုက်တာ"


"မင်းအဖေကို ငါသတ်ခဲ့တာ" 

ကျိယွီရှောင်က ပြုံးပြီးပြောသည်။


"ဘာလို့လဲ"


[ဟုတ်တယ် မင်း မစေ့စပ်ချင်ဘူးလား]


[ဟုတ်တယ် နင်မစေ့စပ်ချင်ဘူးလား!!!]


[ဘုရားရေ ကျိသခင်လေးက ငါအရင်ဆုံး ဖယ်ထားတဲ့သူ...အခုတော့ သူဖြစ်နေတယ်!]


[ကောင်းချက်ပဲ... ဒီအတွဲမှာ တစ်ယောက်ယောက်က လူသတ်သမားဖြစ်ကိုဖြစ်မယ်လို့ထင်ခဲ့တယ်... ဒါပေမဲ့ နှစ်ယောက်စလုံးဖြစ်မယ်လို့ မမျှော်လင့်ထားဘူး]


[ဖာ့ခ်...ကျိယွီရှောင်က တော်တော်လေးလည်တယ်... တစ်ချိန်လုံး သူ့ကို အချစ်ဦးနှောက်လို့ ထင်ခဲ့တာ... သူ့ကို လုံးဝ သံသယ မထားမိဘူး]


[အားးး ဘာတွေဖြစ်နေတာလဲ]


[အခုအချိန်မှာ သူတို့ရဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လက်တွေကိုပဲ ငါမြင်နေရတယ်...ငါကတော့ဆေးမမီတော့ဘူး]


[ဟားဟား ငါလည်း သူတို့ နှစ်ယောက်ရဲ့ လက်တွေကိုပဲ မြင်နေတယ်]


[ဝံပုလွေနှစ်ကောင် မိုက်တယ်]


[ငါရဲ့ စိတ်အားထက်သန်မှုCP က မိုက်ချက်ပဲ... မထင်မှတ်ပဲ သူတို့နှစ်ယောက်စလုံး ဝံပုလွေတွေဖြစ်ပြီး အောင်မြင်စွာ လွတ်မြောက်ခဲ့ကြတယ်]


[အားးး ဒါဆို ဘာတွေဖြစ်နေတာလဲ]


လင်းလော့ချင်းကဆိုသည်။

"ဒါက တကယ်ကိုရိုးရှင်းပါတယ်"


"အရင်တုန်းက BFFကျားက တခြားတစ်ယောက်ယောက်ကို ပြောတာကို ငါကြားပြီး BFFကျား ငါ့ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သိပ်မကြိုက်ဘူးဆိုတာ သိလိုက်ရတယ်... သူက ငါ့ကို အသုံးချနေခဲ့တာ...သူက ငါကနေတစ်ဆင့် ကျိအိမ်ခြံမြေနဲ့ ပူးပေါင်းခဲ့တယ်...ဒါပေမဲ့ သူက ကျိအိမ်ခြံမြေမှာကျိသခင်လေးရဲ့အဖေနဲ့ ငြိပြီး သူ့ကလေးကို ကိုယ်ဝန်ရခဲ့တယ်"


"အရင်က ငါ့အဖေက သခင်မလျှိုနဲ့ စကားပြောတာ ငါကြားခဲ့တယ်...ကျိသခင်လေးက သူ့အဖေရဲ့သားအရင်းမဟုတ်ပေမဲ့ လက်ရှိမှာ သူကတစ်ဦးတည်းသောသားဖြစ်ပြီး ကောင်းကောင်း ဆက်ဆံခံနေရတယ်လို့သူကပြောတယ်...ငါ သူနဲ့စေ့စပ်တာက ငါတို့မိသားစုအတွက် ကောင်းတယ်...ဒါပေမဲ့ သခင်ကျိက သူ့ဇနီးကို အရမ်းချစ်တယ်လို့လည်း ငါ့အဖေကလည်း ပြောတယ်...သူ့ဇနီးကို မမေ့နိုင်လို့ နှစ်ပေါင်းများစွာ နောက်အိမ်ထောင်မပြုခဲ့တာ... သူ့ဇနီးကသာ သူ့အတွက်ကလေးတစ်ယောက် ထားခဲ့ရင် ကျိသခင်လေးက ဘာမှဟုတ်တော့မှာမဟုတ်ဘူး"


"မင်းတို့က အဓိကအထောက်အထားတစ်ခုကို မတွေ့ခဲ့ဘူး"

လင်းလော့ချင်းက ဆက်ပြောသည်။ 

"BFFကျား နဲ့ သခင်ကျိရဲ့ ဇနီးက အရမ်းတူတာကြောင့် သခင်ကျိက သူ(မ)ဆီကနေ အောင်အောင်မြင်မြင် သွေးဆောင်ခံလိုက်ရတာ...သူ(မ)ကလေးမွေးလာသရွေ့ ဥက္ကဋ္ဌကျိက သူ(မ)ကလေးကို ပိုချစ်ပြီး သူ့ပိုင်ဆိုင်မှုအားလုံးကို ပေးမှာ သေချာတယ်"


"ငါရဲ့ မသိနားမလည်မှုက ကျိသခင်လေးကို နောက်ဆုံးမှာ သားကောင်ဖြစ်အောင် လုပ်ခဲ့မိလို့ အရမ်း အပြစ်ရှိသလို ခံစားရတယ်...ကျိသခင်လေးရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူ(မ)ကို လမ်းခွဲပြီး ကိုယ်ဝန်ဖျက်ချဖို့ စည်းရုံးခဲ့တယ်...သူ ငြင်းလို့ သတ်လိုက်တာ"


"အိုး ငါမှတ်မိပြီ" 

သခင်မလျှိုကဆိုသည်။ 

"BFFကျားက အရမ်းကြည့်ကောင်းပြီး သူ့ကို အရင်က မြင်ဖူးသလိုပဲလို့ သခင်ကပြောဖူးတယ်"


"ခဏလေး...ကျိသခင်လေးက သူ့မွေးစားအမေက ဘယ်လိုပုံစံလဲဆိုတာ သိရမယ်မလား... BFFကျားရဲ့ရုပ်ကိုလည်း သူသိတယ်... ဒါကို သူ မစဥ်စားမိဘူးလား"

ကျိုက်ထင်လန်က မေးသည်။


"ဟုတ်တယ်...ငါစဉ်းစားမိခဲ့တယ်" 

ကျိယွီရှောင်က ဖြေသည်။ 

"လူသတ်သမားက ချင်းချင်း ဖြစ်နိုင်တယ်လို့ ငါထင်ခဲ့ပေမဲ့ ချင်းချင်းက ငါ့ကို ကာကွယ်ပေးဖို့လုပ်ခဲ့တာလေ... ငါ သူ့ကို ဘယ်လိုလုပ်ဖော်နိုင်မှာလဲ...ကျန်တဲ့သူတွေမှာလည်း ဆင်တူတဲ့ သဲလွန်စတွေ ရှိတယ် ထင်ခဲ့လို့ မင်းတို့ အပြောကို စောင့်ဖို့ ငါစီစဉ်ထားတာ... ဘာပဲဖြစ်ဖြစ် ငါက ပြောလို့ မရဘူးလေ"


လင်းလော့ချင်းက သူ့ကို ပြုံးပြသည်။

"မင်းကိုလည်း ငါ့အဖေကိုသတ်တဲ့ လူသတ်သမားဖြစ်လောက်မယ်လို့ ငါထင်ခဲ့တယ်...ဘာလို့လဲဆိုတော့ ငါ့အဖေက ငါ့ကို အမွေပေးဖို့ အစီအစဉ်မရှိတာကြောင့်ပဲ"


"ဟုတ်တယ်"

ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။ 


"သခင်လင်းက ရှေ့နေကိုခေါ်ပြီး သူ့အမွေတွေအားလုံးကို ဒုတိယသခင်မလေးစုန့်အတွက် ချန်ထားမယ်လို့ ပြောနေတာ ကြားတယ်...ချင်းချင်း၊တတိယသခင်လေးဖန်း နဲ့ သခင်မလျှိုတို့က အမွေရမှာမဟုတ်ဘူး... သူက ချင်းချင်းရဲ့ ကုမ္ပဏီရန်ပုံငွေတွေကို ဖြတ်တောက်လိုက်တာနဲ့ ငါတော်တော် မကျေမနပ်ဖြစ်နေပြီ... နှစ်များစွာကြာအောင် ချင်းချင်းက တတိယသခင်လေးထက် အများကြီးသာလွန်ပေမဲ့ လင်းမိသားစုရဲ့ ကုမ္ပဏီကို မ၀င်ရောက်နိုင်ခဲ့သလို တတိယသခင်လေးနဲ့ တူညီတဲ့မျက်နှာသာပေးမှုကို မရရှိခဲ့ဘူး... အခု အမွေတောင် မရတော့ဘူး"


"အရင်က အဖေက ငါ့ကို အတင်းအကျပ်ခိုင်းတုန်းက သခင်လင်းကို မသတ်ချင်ခဲ့ဘူး... နောက်တော့ သူအသက်ရှင်နေတယ်ဆိုရင် သူက ချင်းချင်းကို ပျော်ရွှင်စေချင်မှာမဟုတ်သလို ငါ့အဖေလည်း ပျော်မှာမဟုတ်ဘူးလို့ တွေးမိတယ်... အားလုံးပျော်နိုင်အောင် သူသေသွားရင် ကောင်းမယ်...ဒါကြောင့် သူ့ကိုသတ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒီနည်းနဲ့ဆို ချင်းချင်း သူ့အဖေက အရမ်းရက်စက်တယ်ဆိုတာ သိမှာမဟုတ်ဘူး... ငါ့အဖေကလည်း ငါ့ကို ဆက်တိုက် တွန်းအားပေးနေတော့မှာမဟုတ်ဘူး"


"ဒါဆို ဒီနေ့ကို ရွေးလိုက်တာက" 

စွန်းလျန့်က သူ့ကို ကြည့်နေသည်။


"သူကဒီနေ့ သေတမ်းစာကို အကောင်အထည်ဖော်ချင်နေတာ...ချင်းချင်း အဲဒါကိုကြားရင် အရမ်းဝမ်းနည်းသွားလိမ့်မယ်...ကျွန်တော် ကျွန်တော်တို့ ဒီနေ့ စေ့စပ်လို့ မရလို့ မပျော်ဘူး ဒါပေမဲ့ အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာလိမ့်မယ်...ဒါပေမဲ့ ဒီနေ့ သခင်လင်းမသေရင် ချင်းချင်း သူ့အမွေကို ထာဝရဆုံးရှုံးရမှာဖြစ်ပြီး သူ့အဖေက သူ့ကို လုံးဝဂရုမစိုက်ကြောင်း သိသွားလိမ့်မယ်"


"ဒါကြောင့် ကျွန်တော် သူ့ခံစားချက်တွေကို ပိုဂရုစိုက်ရမယ်"


"ဒါဆို မင်းတို့ နှစ်ယောက်က…"


"တစ်ခြားသူအတွက် သတ်ပေးတာလား"


လင်းလော့ချင်းက ပြုံးလိုက်သည်။


ကျိယွီရှောင်ကလည်း ပြုံးသည်။


မှတ်ချက်ဘားတန်းက ချက်ချင်းဆူပွက်လာသည်။ 

[ဖာ့ခ်... လှပတဲ့အချစ်! လူသတ်တာက ကိုယ့်အတွက်မဟုတ်ဘဲ အခြားသူအတွက်တဲ့...ချိုလွန်းတယ်!]


[အရမ်းချိုတယ် အရမ်းချိုတယ်...ငါကြည့်ဖူးသမျှ 'တောက်ပသောတနင်္ဂနွေ' အပိုင်းထဲမှာ အကောင်းဆုံးပဲ]


[အားးးး ဒီအပိုင်းထွက်လာတာနဲ့ သေချာပေါက် ပြန်ကြည့်မယ်]


[ဝူးဝူးဝူး ဒါလည်း အချစ်စစ်ပဲ...တစ်ချောင်းမြှားတစ်စည်းမှာ ဒီအတွဲကပဲ နှစ်ချောင်းမြှား... အရမ်းလည်း ထူတယ်... မင်းတို့က လိုက်ဖက်ဆုံးပဲ... မြန်မြန်စေ့စပ်လိုက်ကြပါ]


[ဟုတ်တယ် ဟုတ်တယ်... စေ့စပ်ကြောင်းလမ်း စေ့စပ်ကြောင်းလမ်း စေ့စပ်ကြောင်းလမ်း!]


[ချက်ချင်း စေ့စပ်လိုက်... အခု စေ့စပ်လိုက်]


[ဥက္ကဋ္ဌကျိရဲ့ ဇာတ်ကောင်ဒီဇိုင်းက တကယ့်ကို တည်ငြိမ်ပြီး ဘယ်တော့မှ ပြိုလဲမသွားဘူး]


[ချင်းချင်းကလည်း အရမ်းမိုက်တာနော်... သူက အမြဲတမ်း နက်နက်ရှိုင်းရှိုင်း ဝှက်ထားတယ်]


[အားးး ဒါဆို မင်းတို့ စေ့စပ်မကြသေးဘူးလား? ဒီအမေက စောင့်နေတုန်းပဲနော်]


[စေ့စပ်လိုက်ပါ! စေ့စပ်ရမယ်! အခုပဲ စေ့စပ်လိုက်ပါ!]


ကျိယွီရှောင်လည်း ဤကိစ္စကို စိတ်ပူနေခဲ့သည်။ 

"ဒါဆို ကျွန်တော်တို့ ညစာစားပွဲပြီးရင် ချင်းချင်း နဲ့ ကျွန်တော် စေ့စပ်ကြဦးမလား"


"မင်းဘယ်လိုထင်လဲ" 

စွန်းလျန့်က ကရုဏာတရားကင်းမဲ့၍နေသည်။ 

"မင်းတို့ လူသတ်သမား နှစ်ယောက် သွားပြီး ထောင်ထဲမှာ ထိုင်ထလုပ်ကြ"


"ဟားဟားဟား"

ဧည့်သည်တွေက ရယ်ကြပြန်သည်။


ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။သူက လင်းလော့ချင်းကို နောင်တရစွာဖြင့် ကြည့်ကာ စိတ်မကောင်းကြီးစွာဆိုသည်။

"ကိုယ်တို့ တကယ်နောက်မှ စေ့စပ်ရတော့မဲ့ပုံပဲ"


"ဒါက စိတ်လိုက်မာန်ပါလုပ်မှုအတွက် ပြစ်ဒဏ်ပဲ...လူသတ်တာကို ခွင့်မပြုဘူး၊ လုံးဝ ခွင့်မပြုဘူး နားလည်လား" 


လင်းလော့ချင်းက အဓိကဆောင်ပုဒ်ကို ခွဲထုတ်လိုက်သည်။


"ကိုယ်နားလည်ပါပြီ" 

ကျိယွီရှောင်ကလည်း အလွန်ပူးပေါင်းဆောင်ရွက်သည်။


ကျိပန်ရှားပြီးသွားသောအခါ ည ၇ နာရီကျော်နေပြီဖြစ်သည်။လျှိုယာမင် နှင့် စွန်းလျန့်တို့က လူတိုင်းအတွက် ချက်ပြုတ်ရန် အသင့်ဖြစ်နေပြီဖြစ်၏။


အခြားဧည့်သည်များကလည်း စေတနာ့ဝန်ထမ်းအဖြစ်ကူညီရန် အစပြုခဲ့ကြသည်။၎င်းကိုမြင်သောအခါ ပရိုဂရမ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ပြီး မနက်ဖြန် နေ့လည်မှာ ဆက်လက်တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့သည်။


ဝန်ထမ်းတွေက ကြေငြာချက်ကို အများပြည်သူဖန်သားပြင်ပေါ်မှာ ရိုက်ထည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ အင်တာနက်သုံးစွဲသူများသည် ၎င်းကိုကြည့်ကာ အံ့ဩသွားကြသည်။


[ဘာတွေဖြစ်နေတာလဲ... ဘာကြောင့် ပြီးသွားတာလဲ???]


[ဟုတ်တယ်... ကြည့်ချင်သေးတယ်]


[မှန်တယ်... ဆက်ပြပါ မရပ်နဲ့!]


[နောက်အကြောင်းအရာကတော့ စားသောက်ဖို့နဲ့ စကားစမြည်ပြောတာ... ဒီအပိုင်းကို အဲဒီအချိန်မှာ ထုတ်လွှင့်မှာမို့ စိတ်မပူပါနဲ့~]


[ဟုတ်တယ် အဓိကအပိုင်းအတွက် အကြောင်းအရာအချို့ အမြဲကျန်နေဖို့ လိုတယ်... မဟုတ်ရင် အဓိကအပိုင်းကို ထုတ်လွှင့်ချိန်မှာ ဘယ်သူကြည့်မှာလဲ[မျက်နှာကိုအုပ်ထား]]


[ဒါပေမဲ့ ဥက္ကဋ္ဌကျိ နဲ့ ချင်းချင်းကို ကြည့်ချင်နေတုန်းပဲ]


[သကြားဆက်စားချင်သေးတယ်... နောက်ဆုံးမှ ဒီလောက်ကောင်းတဲ့ CP ကို ရှာတွေ့ခဲ့တာလေ...ငါ့ကလေးတွေကို သကြားပိုပေးရအောင်ပါ]


[ကျေးဇူးပြုပြီး VIP ဖွင့်ချင်ပါတယ်...ငါ့ကို ဆက်ကြည့်ခွင့်လေးပေးပါ]


[မှန်တယ်... ပိုက်ဆံဘယ်လောက်လိုချင်လဲပြော...ငါ့ကိုဆက်ကြည့်ခွင့်ပေးသရွေ့ရတယ်]


[မဟုတ်ဘူးလို့ဘယ်သူကပြောလဲ? ညစာစားပွဲမှာ ဥက္ကဋ္ဌကျိနဲ့ ချင်းချင်း စေ့စပမတာကို မြင်ချင်သေးတယ်]


[အခု ဘယ်သူကပြောလိုက်တာလဲ...ပရိုဂရမ်အဖွဲ့ ဒီလောက်မတင်းကြပ်ပါနဲ့... ဆွေးနွေးကြည့်ရအောင်ပါ]


သို့သော်လည်း ပရိုဂရမ်အဖွဲ့က ဆုံးဖြတ်ထားပြီးဖြစ်သည်။စကားစမြည်ပြောရင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပိတ်ချလိုက်၏။


အင်တာနက်သုံးစွဲသူများသည် ချက်ချင်းမည်းမှောင်သွားသော စခရင်ကိုမြင်ပြီး ငိုကြသည်။

[နိုးးး!!!]



[အားးး ငါ့စိတ်အားထက်သန်မှုလေးးးး!!!]


[မဖြစ်နိုင် မဖြစ်နိုင်ဘူး... ငါဒီလိုထိတ်လန့်စရာကို လက်မခံနိုင်ဘူး]


[ပရိုဂရမ်အဖွဲ့... မင်းတို့က အရမ်းရက်စက်လွန်းတယ်]


[မနက်ဖြန်မှတွေ့မယ်ကျယ်မေ့တို့... မနက်ဖြန်မှာ နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ရှိမှာပဲ...အဲတော့မှ သကြားစားရအောင်]


[အဲဒါက ဒီလိုပဲဖြစ်နိုင်တယ်...မနက်ဖြန် ချိုမယ်လို့ မျှော်လင့်ပါတယ်]


[ဟုတ်တယ်...ကျိချင်းက အချိုဆုံးပဲ]


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အင်တာနက်သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သည့်ပလပ်ဖောင်းမှ မထွက်ချင်ထွက်ချင်ဖြင့် ထွက်ခွာသွားကြသည်။ ဖိုရမ်တွင်ကစားသူများသည် ဖိုရမ်သို့ပြန်လာကြပြီး Weibo တွင်ကစားသူများသည် Weibo သို့ပြန်လာကြသည်။ သို့သော်လည်း ဖိုရမ်များနှင့် Weibo တို့ကလည်း ကျိယွီရှောင် နှင့် လင်းလော့ချင်းတို့အကြောင်း ဆွေးနွေးနေကြသည်ကို သူတို့တွေ့ရှိခဲ့ကြပြီး အံ့သြသွားကြသည်။


"ကျိယွီရှောင် နဲ့ လင်းလော့ချင်းက တကယ်ချိုနေသလိုပဲ"


"ဘော့စ် x ကြယ်ပွင့်၊ကျိယွီရှောင် x လင်းလော့ချင်း ဒီအတွဲအကြောင်းပြောနေတာလား"


"အားးး လင်းလော့ချင်းက မိန်းကလေးအဝတ်အစားနဲ့ အရမ်းကြည့်ကောင်းတယ်... သူက ကျိယွီရှောင်နဲ့လည်း လိုက်ဖက်တယ်"


"ကျိယွီရှောင်က အရမ်းချောတာပဲ...လင်းလော့ချင်း နဲ့ ဒီရှိုးမှာ ပါဝင်တုန်းက သူ တကယ်ပဲ အနုပညာလောကထဲကို ဝင်ဖို့ အစီအစဉ်မရှိဘူးလား"


"ကျိချင်းCPဖန်တွေ လာကြည့်ကြ...gif တွေအများကြီးရှိတယ်... မြန်မြန်လာရှုစား!"


တစ်ရက်အတွင်းမှာပဲ ကျိယွီရှောင်က သူ့ နာမည်ကို အင်တာနက်တခွင်မှာ အောင်မြင်စွာ ဖြန့်ကျက်ခဲ့သည်။ သူ့မှာ ကိုယ်ပိုင်ဖန်တွေသာမက လင်းလော့ချင်းနှင့် CP ဖန်တွေလည်း ရှိလာခဲ့သည်။ယင်းတို့က များလွန်း၍လင်းလော့ချင်း၏ဖန်များဖြစ်သော ပုစဥ်းလေးများသည် ဖြစ်ပျက်နေသည့်အရာများကို သဘောမပေါက်မီတွင် ၎င်းတို့၏အစ်ကိုတွင် လူကြိုက်များသော CP အသစ်တစ်ခုရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။


[ဘုရားရေ... လွန်ခဲ့တဲ့တစ်ရက်က ကျိယွီရှောင်က ဘယ်သူလဲဆိုတာ ငါမသိဘူး...အခု ဖိုရမ်မှာ သူနဲ့ ချင်းချင်းရဲ့ CPဖန်တွေနဲ့ ပြည့်နေပြီ]


[ဖိုရမ်တွေတင်မကဘူး... Weibo မှာလည်း အတူတူပဲ... gif နည်းနည်းလောက်ကိုကြည့်လိုက်တော့ ဘယ်လိုပြောရမလဲ... ဒီဥက္ကဋ္ဌကျိက အဲဒီနေရာမှာ တကယ်တော်တယ်ပြောရမယ်]


[အင်း... သူက ကြယ်ပွင့်တစ်ယောက်ဆိုရင် သူ့ကိုယ်သူ အာရုံစိုက်ပြီး လွတ်လွတ်လပ်လပ် လျှောက်လှမ်းနေတယ်လို့ ပြောလို့ရတယ်...ဒါပေမဲ့ သူက အနုပညာလောကထဲကို လုံးဝ လျှောက်ထားခြင်းမရှိဘူး... ငါတို့ ဘာလုပ်နိုင်မှာလဲ]


[ဟုတ်တယ်...သူက ချင်းချင်းဘာသာချင်းချင်း ခေါ်လာတဲ့ သူငယ်ချင်းလည်းဖြစ်သေးတယ်...သူ့ဘာသူလိုက်လာတာမဟုတ်ဘူး]


[ထားလိုက်ပါတော့...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က နှစ်ပိုင်းပဲအတူတူရိုက်ရမှာလေ... နောက်ပိုင်းမှာ တွေ့ရတော့မှာမှမဟုတ်တာ...ဒီCPဖန်တွေ ရက်နည်းနည်းလောက်ပဲခုန်ပေါက်နိုင်မှာ]

လင်းလော့ချင်း၏ အမာခံဖန်က အဖွဲ့ထဲတွင် အကြံပေးလိုက်သည်။


ဖန်များက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ကြသည်။ 

[ဟုတ်တယ် မမြင်ချင်ယောင်သာဆောင်နေလိုက်ကြ...ကျိယွီရှောင်သာ အနာဂတ်မှာ ပေါ်မလာရင် CPဖန်တွေက အခြားသူတွေဆီ တွားသွားကြမှာသဘာဝပဲ]


[မှန်တယ်]


[မျှော်လင့်ပါတယ်]


သေချာသည်ပင်၊လင်းလော့ချင်းက သူ့ဖန်တွေမှာ ယခုလိုမျိုး အတွေးတွေရှိမှန်း မသိခဲ့ပါချေ။ လက်ရှိမှာ အလှပြင်မှန်ရှေ့မှာထိုင်ပြီး မိတ်ကပ်ပညာရှင်ကို မိတ်ကပ်ဖျက်ခိုင်းနေသည်။


ကျိယွီရှောင်က စိတ်ဝင်တစားကြည့်ကာ သက်ပြင်းချလိုက်သည်။ 

"မင်းက မိတ်ကပ်နဲ့ကြည့်လို့ကောင်းတယ်"


လင်းလော့ချင်းက သူ့ကို စိုက်ကြည့်နေ၏။ 

"မင်းလည်း မိတ်ကပ်နဲ့ ကြည့်ကောင်းမယ်ထင်တယ်... ဘာလို့စမ်းမကြည့်တာလဲ"


မိတ်ကပ်ဖျက်နေသော စုန့်ရှို့ဝမ်က ကျိယွီရှောင်ကို တိတ်တဆိတ်ကြည့်ရန် သူမ၏အကြည့်ကို ချက်ချင်းရွှေ့လိုက်သည်။


ကျိယွီရှောင်: "……"


ကျိယွီရှောင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ 

"စဥ်းတောင် မစဉ်းစားနဲ့"


လင်းလော့ချင်းက ရယ်လိုက်သည်။ "မနက်ဖြန်မှာ ငါတို့ဂိမ်းကစားတဲ့အခါ မင်းမိန်းမလိုဝတ်ရဖို့ ငါသေချာပေါက် တိုက်ပွဲဝင်မှာပါ"


"ဒါဆို မင်း ကြိုးစားကြည့်လို့ရတယ်" 

ကျိယွီရှောင်က မကြောက်ပေ။

"မင်းအောင်မြင်နိုင်မလားဆိုတာ ကိုယ်ကြည့်မယ်"


လင်းလော့ချင်း မအောင်မြင်ကြောင်း သက်သေပြခဲ့သည်။ အကြောင်းမှာ လျှိုယာမင် မနက်ဖြန်ကစားမည့် ဂိမ်းကို ညစာစားနေစဉ် ကြေညာ သောကြောင့် ဖြစ်သည်။ ၎င်းသည် ကျိပန်ရှားမဟုတ်ဘဲ မိရှစ်ထောင်ထို့(Escape room) ဖြစ်သည်။



လင်းလော့ချင်း: "……"


"ဒီဂိမ်းက ဇာတ်ရုပ်တွေ မလိုအပ်ဘူးလား"


"မလိုပါဘူး"

လျှိုယာမင်က ပြုံးလိုက်သည်။

"ဘာလို့လဲ လော့ချင်း...မင်းက မိန်းမတစ်ယောက်လို့ ဆက်ဝတ်ချင်သေးလို့လား"


"ဘယ်ဟုတ်မလဲ...တခြားသူတွေကို အမျိုးသမီးအဝတ်အစားတွေနဲ့ မြင်ချင်ရုံတင်..."

သူက ပြောပြီးသည်နှင့် ကျိယွီရှောင်ကိုကြည့်လိုက်သည်။


ကျိယွီရှောင်က ပြုံးပြီး သူ့ကို ကြက်တောင်ပံတစ်ချောင်း ပေးလိုက်သည်။ 

"လိမ္မာတယ်နော် စိတ်ထဲမှာပဲပုံဖော်ကြည့်လိုက်တော့

"


လင်းလေည့ချင်းက နှာမှုတ်ကာ ခေါင်းငုံးပြီး ကြက်တောင်ပံကို စားနေလိုက်သည်။


စုန့်ရှို့ဝမ် ၎င်းကိုမြင်ပြီး သူတို့နှစ်ယောက်က ဇာတ်ရုပ်ထဲကနေ ထွက်မလာသေးသလို အမြဲခံစားခဲ့ရသည်။ မဟုတ်ရင် 'လိမ္မာတယ်နော်' က ဘာလဲ... ဘယ်အဖြောင့်က တခြားအဖြောင့်ကို 'လိမ္မာတယ်နော်' လို့ပြောလို့လဲ...