Chapter 300
ဤရုပ်ရှင်က စိတ်ဓာတ်ကျစရာတစ်ခုဟု မယူဆနိုင်ပေ။ ယွီကျားယုံက ယဲ့ယွီ၏ နှလုံးသားကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပရိသတ်များ မြင်နိုင်ရန် သူ့၏ နာကျင်မှုများကို တူးဆွရာတွင် လေးနက်ခြင်းကို အသုံးမပြုခဲ့ချေ။ ဤသည်က မိုးဖွဲနှင့်တူသည့် ဝမ်းနည်းမှုမျိုးဖြစ်ကာ လင်းလော့ချင်းအား ပို၍ ဝမ်းနည်းအောင် ပြုလုပ်နေပေ၏။
ယဲ့ယွီ၏ ဘဝတွင် သူရရှိသည့် အိပ်မက်က သူ့အား အိပ်မက်တစ်ခုရှိခွင့်ပေး၍ ကံကောင်းသော်လည်း သူရရှိသည့် ပညာရေးက သူ့အား အိပ်မက်တစ်ခုသာ ရှိခွင့်ပေးသည်က ကံဆိုးပေသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အစပိုင်းတွင် သူ့၏ သာမန်မဟုတ်ခြင်းက မည်သူမှ မမျှော်လင့်ထားသည့် မတော်တဆတစ်ခုသာဖြစ်သည်။ ထိုမတော်တဆမှုမှ အရာရာမှာ သူ့အား ချောက်နက်ကြီးသို့ ဆွဲခေါ်သွားသည့် အဝေးပြေးရထားတစ်ခုကဲ့သို့ဖြစ်လာလေသည်။
သူက ပိုကောင်းသော ဘဝတစ်ခု ရနိုင်သည်မှာ အသိသာကြီး ဖြစ်သော်လည်း တစ်လှမ်းချင်း သူ့အိပ်မက်ကို လက်လျော့ကာ သူ့ကိုယ်ပိုင်အတွေးများကို စွန့်ပစ်ပြီး သူမလျှောက်ချင်ခဲ့သည့် လမ်းတစ်ခုပေါ် ဆွဲခေါ်ခံရသွားတော့သည်။
နောက်ဆုံးတွင် ဝမ်းနည်းဖွယ်ကောင်းသည်က မည်သူကမှ သူ့အား ချောက်နက်ကြီးထဲတွင် နေထိုင်နေသည်ဟု မတွေးခဲ့ခြင်းပင်။ လူများက သူ့အား သာမန်ဖြစ်ကာ ဉာဏ်ကောင်းပြီး ပိုက်ဆံရှာနိုင်၍ ချီးကျူးကြသည်။ ယဲ့ယွီကိုယ်တိုင်ပင် ၄င်းကို လက်ခံပြီး လူတိုင်းနှင့် ရယ်မောနေ၏။
သူက ထိုတောက်ပသည့် နွေရာသီတွင် သေဆုံးသွားလေသည်။ အရာရာက ကြီးပြင်းလာကာ နွေညတစ်ညတွင် သေဆုံးသွားသည့် သူကိုယ်တိုင်မှလွဲ၍ အားလုံးက သက်ဝင်မှုအပြည့်နှင့် ဖြစ်နေလေသည်။
လင်းလော့ချင်းက ဤဇာတ်ကြောင်းကို ဇာတ်ညွှန်းလက်ခံရသည့် အချိန်မှစတင်၍ မြည်းစမ်းခဲ့ခြင်းဖြစ်ပြီး သူ့တွင် ရှောင်လွဲမရသည့် ခံစားချက်များစွာရှိနေသည်မှာ ကြာပြီဖြစ်သည်။ သူက ယဲ့ယွီနှင့် ရှန်းကျန့်တို့ ဇာတ်ကောင်များအကြောင်း ရှစ်ကျန်းနှင့် အချိန်အကြာကြီး ပြောဆိုနေခဲ့ပြီး နောက်ဆုံးတွင် သူ့အခန်းသို့ မပြန်ချင်ပြန်ချင်နှင့် ပြန်လာခဲ့လေသည်။
ညပိုင်း အိပ်ရာမဝင်မီတွင် ယွီကျားယုံက အချိန်ဇယားစာရွက်ကို စာရိုက်ကာ မင်းသားတိုင်းကို ပေးလိုက်သည်။
လင်းလော့ချင်းက အချိန်ဇယားကိုကြည့်ကာ ဓာတ်ပုံရိုက်ပြီး ကျိယွီရှောင်ကို ပေးလိုက်သည်။
ကျိယွီရှောင်က သူ့ကို ဖုန်းပြန်ခေါ်ကာ မေးလိုက်သည်။
"မင်း ဘာလို့ မအိပ်သေးတာလဲ..."
"ငါက အစ်ကိုကျန်းနဲ့ စကားပြောနေတာ..."
ကျိယွီရှောင်က ဤရုပ်ရှင်တွင် ရှစ်ကျန်းပါသည်ကို သိသော်လည်း တစ်ခုကို မသိချေ။
"သူက ဘယ်သူအနေနဲ့ သရုပ်ဆောင်မှာလဲ..."
"ငါတို့ရွာက လူမိုက် ရှန်းကျန့်... သူက ငါ့ကို မနာလိုဖြစ်ပြီး လှောင်ရယ်တာ... နောက်ဆုံးတော့ ငါနဲ့ သူငယ်ချင်းဖြစ်လာတာ..."
"အဲ့ဒါဆို သူ့ဇာတ်ကောင်က အဆင်ပြေပါတယ်..."
"ဟုတ်တယ်... သူက အခန်းပိုရတဲ့ အမျိုးသား ဇာတ်ပို့လေ..."
ရိုးရိုးသားသားပြောရလျှင် သူက ရှစ်ကျန်း၏ ဇာတ်ကောင်ကို မည်သို့ သရုပ်ဆောင်မည်ကို အနည်းငယ် သိချင်ပေသည်။ မည်သို့ပင်ဆိုစေ ရှစ်ကျန်းက အလွန်ရည်မွန်သည့်ပုံရ၏။ သူက ကြမ်းတမ်းကာ ဟန်များသည့် လူမိုက်တစ်ဦးနှင့် မတူပါပေ။
"တခြားလူတွေကရော... ရှင်းရီက မင်းသားတွေပဲလား..."
"အကုန်မဟုတ်ဘူး... ဒါရိုက်တာ ယွီက နည်းနည်းတော့ တွေ့ထားပေမဲ့ တစ်ချို့ဇာတ်ကောင်တွေအတွက်က ရွာသားတွေကိုပဲ တိုက်ရိုက်သုံးဖို့ စီစဉ်ထားတာ...."
"ရွာသားတွေက သရုပ်ဆောင်နိုင်တယ်လား..."
ကျိယွီရှောင်က သိချင်သွား၏။
လင်းလော့ချင်းက ရယ်မောလိုက်သည်။
"အဲ့ဒါက လူတွေကို ကြည့်တာပဲ မဟုတ်လား... ဒီရုပ်ရှင်က ရွာသားတွေ အခန်းတချို့ ရှိတယ်... ဒါရိုက်တာယွီက အရင်က ဒီလို ရုပ်ရှင်မျိုး ရိုက်ဖူးတယ်... သူပြောတာတော့ ရွာသားတွေနေရာမှာ မင်းသားတွေကို သရုပ်ဆောင်ခိုင်းတာထက် ရွာသားတွေကို သရုပ်ဆောင်ခိုင်းတာ ပိုကောင်းတယ်တဲ့... အဲ့ဒါဆို သူတို့က အမှန်အတိုင်း သရုပ်ဆောင်နိုင်ပြီး မင်းသားတွေထက် ပိုကောင်းတယ်တဲ့..."
"ရွာသားတွေ ရွာသားနေရာက သရုပ်ဆောင်တာက ပိုပြီး သဘာဝ ကျတယ်တဲ့..."
"အဲ့လိုလား... အဲ့ဒါဆို ကိုယ်မင်းရဲ့ အပြီးသတ် ထုတ်ကုန်ကို ကြည့်ဖို့ စောင့်နေမယ်..."
"ဟုတ်ပြီ..."
လင်းလော့ချင်း၏ အသံမှာ နူးညံ့နေသည်။
"မနက်ဖြန်ကျရင် ငါ မိတ်ကပ်ပြင်ထားတဲ့ ပုံတွေ ပို့ပေးမယ်..."
"ကောင်းပြီ..."
ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။
သူက နာရီကို ကြည့်ကာ လင်းလော့ချင်းကို တိုက်တွန်းလိုက်သည်။
"နောက်ကျနေပြီ... မင်းရေချိုးပြီး အိပ်သင့်နေပြီ... စောစောနားတော့... မနက်ဖြန် မင်း အလုပ်ရှုပ်မှာ..."
"ရပါတယ်..."
လင်းလော့ချင်းက အိပ်ရာပေါ်တွင် လှဲလိုက်သည်။
"ငါက ဒါကို မင်းကို လွမ်းလို့ လုပ်နေတာ မဟုတ်ဘူးလား..."
"တကယ်လား..."
ကျိယွီရှောင်က အပျော်လွန်သွားပြီး တမင်တကာ ဆိုလိုက်သည်။
"ကိုယ် မင်းနဲ့ အဝေးရောက်တာ ဘယ်လောက်ရှိသေးလို့ မင်းက ကိုယ့်ကို တကယ်ကြီး လွမ်းနေရတာလဲ..."
"အိုး... မင်းက ကိုယ့်ကို တကယ်ကြီး ကြိုက်တာပဲ..."
လင်းလော့ချင်းက အိပ်ရာပေါ်တွင် လူးလွန့်လိုက်သည်။
"ငါမင်းကို မလွမ်းမှ ပြဿနာဖြစ်မှာလေ..."
"မင်းက ဘယ်သူ့ကို လွမ်းချင်သေးလို့လဲ... ရှစ်ကျန်းလား..."
လင်းလော့ချင်းက ရယ်လိုက်သည်။
"မင်းက ဘာလို့ အမြဲတမ်း အစ်ကိုကျန်းကို စိတ်ပူနေတာလဲ... ငါနဲ့ အစ်ကိုကျန်းက သူငယ်ချင်းတွေပဲလို့ ငါမင်းကို ပြောတယ်လေ..."
"အဲ့ဒါဆို အဲ့ဒါက အရေးကြီးတာလား..."
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး..."
လင်းလော့ချင်းက သူ့ဆံပင်ကို သပ်လိုက်သည်။
"အာ... မင်းက တကယ်ပဲ ရှာလကာရည် သောက်နိုင်လွန်းတယ်..."
"မသောက်ရဘူးလား... နောက်တစ်ခါကျရင် ငါ အန်တီကျန်းကို မင်းအတွက် ရှာလကာရည် ထည့်ဖို့ ခွင့်မပြုဘူးလို့ ပြောပေးမယ်..."
လင်းလော့ချင်းက သူ့စကားများကြောင့် ရွှင်မြူးသွားသည်။ သူက ကျိယွီရှောင်အား အလွန် ကလေးဆန်သည်ဟု ခံစားလိုက်ရသည်။
သို့သော် သူက မထင်ထားစရာကောင်းအောင် ချစ်စရာကောင်းနေ၏။
"သောက်သောက်...."
လင်းလော့ချင်းက အတန်ပင် အလိုလိုက်ထားလိုက်သည်။
"မင်းကြိုက်တာ သောက်လို့ရပါတယ်..."
"အဲ့ဒါက နည်းနည်းများများ အတူတူပဲ..."
ကျိယွီရှောင်က ကျေနပ်သွားသည်။
"အဲ့ဒါဆို ငါရေသွားချိုးလိုက်ဦးမယ်..."
လင်းလော့ချင်း၏ အသံက သကာမှုန့်ဖြူးထားသကဲ့သို့ ချိုမြိန်နေ၏။
"သွားလေ..."
ကျိယွီရှောင်က သူ့ကို ဆိုလိုက်သည်။
"ကောင်းသောညပါ..."
"ကောင်းသောညပါ..."
လင်းလော့ချင်းက စကားပြောပြီးေနာက် ဖုန်းချပြီး ရေချိုးခန်းထဲသို့ လျှောက်သွားလိုက်သည်။
သူက တစ်ညလုံး အနားယူကာ နောက်တစ်နေ့မနက်စောစောတွင် ယွီကျားယုံက အဓိက ဖန်တီးသူများအားလုံးနှင့် ဖွင့်ပွဲတက်ရောက်လာသည်။
ယွီကျားယုံက သူ့မျက်လုံးများကို မှိတ်ပြီး စိတ်ရင်းဖြင့် ဆုတောင်းလိုက်သည်။
'ဒီရုပ်ရှင်မှာ အရာရာ အဆင်ပြေပြီး ဒီရုပ်ရှင်နဲ့ ရလာဒ်ကောင်းတွေ ရနိုင်ပါစေ'
လင်းလော့ချင်းသည်လည်း စိတ်ရင်းဖြင့် ဆုတောင်းလိုက်သည်။
'ဒီရုပ်ရှင်က အစကတည်းက ရည်ရွယ်ထားတဲ့ အရာတွေအကုန်လုံး ပြည့်မြောက်ပါစေ...'
ဤအကြောင်းပြချက်တွင် လူတိုင်းက အလွန်စိတ်ရင်းမှန်ပြီး ၉၀ ဒီဂရီအထိ အရိုအသေပေးကြသည်။
ဖွင့်ပွဲက ပြီးစီးသွားကာ မင်းသားများက မိတ်ကပ်ပြင်ရန် သွားလိုက်ကြသည်။
ဤတစ်ကြိမ်တွင် လင်းလော့ချင်းမှ လွဲ၍ ကျန်သည့် မင်းသားများကို လူရွေးပွဲခေါ်ကာ ရွေးချယ်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍ လူတိုင်းက ရိုက်ကွင်းက လူရွေးထားသည့် အတိုင်း ဝတ်စား ပြင်ဆင်ရန် လိုပေသည်။ လင်းလော့ချင်းက လူရွေးပွဲမဖြေဖူးရာ မိတ်ကပ်မလိမ်းဖူး၍ ဤသည်က သူ့၏ ပထမဆုံးအကြိမ်ဖြစ်ပေသည်။
ယွီကျားယုံမှာ ရွာထဲသို့ သွားကာ ၁၇၊ ၁၈ ပတ်လည် ကောင်လေးများ မည်သို့ ဝတ်ဆင်သည်ကို ကြည့်ထားပြီ းဖြစ်သည်။ သူတို့၏ အဝတ်အစား အဆင့်အတန်းအရ သူက ထောင်ပေါင်တွင် ယဲ့ယွီဝတ်လောက်မည့် အဝတ်အစားများ ဝယ်ယူလိုက်သည်။ တစ်ချို့မှာ အထူးပင် ဟောင်းအောင် ပြုလုပ်ထားသည်။
လင်းလော့ချင်းက သူများ ဝတ်ပြီးသားအဝတ်များ ဝတ်လေ့မရှိသည်ကို မစိုးရိမ်ပါက သူက ရွာသားများထံမှ တိုက်ရိုက် ဝယ်ယူလိုက်ပေမည်။
"ဒီအဝတ်အစား လဲလိုက်..."
ယွီကျားယုံက ဆိုလိုက်သည်။
လင်းလော့ချင်းက ၄င်းကိုကြည့်လိုက်ရာ ထိုသည်က တစ်ချက်ကြည့်လိုက်သည်သည်နှင့် ဈေးချိုပုံရသည့် လက်တို ရှပ်တစ်ထည်၊ ဂျင်းဘောင်းဘီနှင့် canvasရှူးတစ်စုံဖြစ်သည်။
ဂျင်းမှာ အကြိမ်များစွာ လျှော်ထား၍ ဖြူနေပြီး canvas ရှူးက အသစ်မဟုတ်ပေ။ ၄င်းက အကြိမ်များစွာ တိုက်ထားသကဲ့သို့ပင်။ ကံကောင်းသည်က သန့်ရှင်းနေခြင်းပင်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ ပိုင်ရှင်က သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်း နေထိုင်ကာ စွမ်းဆောင်ရည် အသင့်အတင့်နှင့် ဂုဏ်ရှိဟန်ပေါ်၏။
လင်းလော့ချင်းက သူ့အဝတ်များကို လဲပြီး ထွက်လာကာ ယွီကျားယုံက သူ့ကိုကြည့်ပြီး မေးသပ်လိုက်သည်။
လင်းလော့ချင်း၏ ဆံပင်က သိပ်မရှည်ကာ ကတုံးစပင်ပေါက်ကေအနေအထားသို့မရောက်သော်လည်း သူတက်နေသော ကျောင်းက မြို့ကြီးများကဲ့သို့ မတင်းကြပ်သလို ရွာထဲမှ တခြားသူများသည်လည်း ထိုအရှည်ပဲ ဖြစ်ကြ၍ ယွီကျားယုံက သူ့ကို မညှပ်ခိုင်းတော့ချေ။
"ဒါပဲ..."
ယွီကျားယုံက အတန်ကြာအောင်ကြည့်လိုက်သည်။
"အဲ့ဒါက အတော်လေးကောင်းပြီး ဖြူတယ်... ယဲ့ယွီက အမြဲတမ်း အလားအလာရှိတဲ့ ကျောင်းသားကောင်းတစ်ယောက်ပဲ... မင်းက ဒီပုံစံနဲ့ဆို အတော်လေးဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်နဲ့တူတယ်..."
လင်းလော့ချင်းက မှန်ကြည့်လိုက်ရာ ပုံမှန်နှင့် သိပ်မကွာခြားပေ။ ၄င်းမှာ သူ့၏ တက္ကသိုလ်နေ့ရက်များကို ပြန်ရောက်သွားသကဲ့သို့ပင်။
"ဒါအဆင်ပြေလား..."
"ဘာလို့လဲ..."
ယွီကျားယုံက ပြုံးလိုက်သည်။
"ယဲ့ယွီက တစ်ချိန်လုံးစာလုပ်နေခဲ့တာလေ... သူက အပြင်သိပ်မထွက်ဘူး... အဲ့တော့ သူက ဒီပုံစံပဲပေါ့... သူက ကြမ်းတမ်းပြီး ရုပ်ဆိုးနေရင် အရမ်းအတုပုံပေါက်နေမှာပေါ့..."
လင်းလော့ချင်းက သူပြောသည်ကို ကြားသောအခါ လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေ ယဲ့ယွီက ကြည့်ကောင်းသည်ဟု ဇာတ်ညွှန်းထဲတွင် ဆိုထား၏။
သူ့သွင်ပြင်က အလွန်လှပပြီး သူက ချောမောကာ အဆင့်ကောင်းသည်။ သူက ရွာတွင် ရှားပါးသော အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ကာ ငယ်ရွယ်မှုများ၊ အိပ်မက်များနှင့် အနာဂတ်များ ပြည့်နှက်နေလေသည်။ သူက မနာလိုစရာကောင်း၍ သူ့ဇာတ်သိမ်းက အလွန်ရှက်စရာကောင်းခြင်းပင်။
လင်းလော့ချင်းက ယွီကျားယုံနောက်မှလိုက်လာပြီးနောက် ရှစ်ကျန်းက အဝတ်အစားလဲကာ တခြားသူများနှင့် စကားပြောနေသည်ကို တွေ့လိုက်သည်။ သူ့ပြောင်းလဲမှုက သာမန်ထက်ပို၍ သိသိသာသာကြီးမားနေ၏။ ၄င်းက အတုလား အစစ်လား မသိသော်လည်း ရှစ်ကျန်း၏ ဆံပင်က သူ့ထက်ရှည်ကာ သူ့ပခုံးကို အနည်းငယ် ထိနေသည်။ ဆံပင် အနည်းငယ်မှာ ညစ်ပတ်နေသကဲ့သို့ အချောင်းလိုက်ဖြစ်နေသည်။
ယွီကျားယုံက သူ့ကိုခေါ်လိုက်ရာ ရှစ်ကျန်းက စီးကရက်တစ်ခု လက်ထဲတွင် ထည့်ပြီး နောက်လှည့်လိုက်သည်။ သူက မြင်နေကျ ရှစ်ကျန်းနှင့်မတူပဲ ရှန်းကျန့်နှင့်လည်း သိပ်မတူပါချေ။
ရှစ်ကျန်းက ရိုက်ကူးရေးစသည်နှင့် ထိုသို့ ပုံပေါက်နေလေသည်။ လင်းလော့ချင်းက ၄င်းမှာ ရှစ်ကျန်း၏ စိတ်ထားနှင့် ရှန်းကျန့်၏ သွင်ပြင်ပေါင်းစပ်သွား၍ ဖြစ်နိုင်၏။ ၄င်းက သိပ်၍ မလိုက်ဖက်ပဲ ထူးဆန်းသည်ဟု ခံစားရသည်။ ရိုက်ကူးရေး စတင်သည်နှင့် သူ့၏ စိတ်နေစိတ်ထားမှာ ပြောင်းလဲသွားပြီး ရှန်းကျန့်ကဲ့သို့ ဖြစ်သွားသင့်သည်။
ရှစ်ကျန်းက လင်းလော့ချင်း သူ့ကို ကြည့်နေသည်ကိုမြင်ရာ အပြုံးလေးနှင့် လျှောက်သွားလိုက်သည်။ သူက လင်းလော့ချင်းကို မေးမြန်းလိုက်သည်။
"မင်းက မပြောင်းလဲဘူးပဲ... မင်းက ချောတုန်းပဲ..."
"အစ်ကိုက အများကြီး ပြောင်းသွားတယ်..."
လင်းလော့ချင်းက စိတ်ရင်းဖြင့် ဆိုလိုက်သည်။
ရှစ်ကျန်းက ပြုံးလိုက်သည်။
"ဟုတ်တယ်... ဆံပင်ဆက်ထားတာလေ..."
လင်းလော့ချင်းက သူ့ခေါင်းနားသို့ စိတ်ဝင်တစား ကပ်ကြည့်လိုက်သည်။ သူက လက်ဆန့်ကာ ၄င်းကို ထိလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
"အစ်ကိုကျန်းက ဆံပင်အတိုနဲ့တုန်းက ပိုချောတယ်..."
"ငါလဲ အဲ့လိုထင်တယ်..."
ရှစ်ကျန်းက ပြန်ဖြေလိုက်သည်။
ယွီကျားယုံက သူတို့နှစ်ဦး ဤသို့ဖြစ်နေသည်မှာ ရှိရင်းစွဲ သဘောထားကြောင့် ဖြစ်သည်ဟု ခံစားရသည်။
"အဲ့ဒါက မင်းတို့ မြင်ရတာ အသားမကျသေးလို့ပါ... အသားကျသွားလိမ့်မယ်..."
သူက စကားပြောရင်းနှင့် သူတို့နှစ်ဦးကို ကင်မရာရှေ့သို့ ခေါ်သွားလိုက်သည်။
အောက်တိုဘာလ၏ ရာသီဥတုက လုံးဝ မအေးပေ။ ယွီကျားယုံက ရုပ်ရှင်ထဲရှိ နွေရာသီ ဇာတ်ကွက်များကို နွေရာသီ၏ အနွေးဓာတ်လေး ရှိနေဆဲတွင် အပြီး ရိုက်ကူးချင်သည်။
သူက ယဲ့ယွီ သူ့၏ တက္ကသိုလ်ဝင်ခွင့် မအောင်မြင်သော အခန်းကို အရင်ဆုံး ရိုက်ကူးရန် စီစဉ်ထားသည်။ ထိုအချိန်က ယဲ့ယွီမှာ ပို၍ စိတ်အေးသော ခံစားချက်ဖြစ်နေပြီး လင်းလော့ချင်းက သရုပ်ဆောင်ရာတွင် ပို၍ သက်တောင့်သက်သာ ဖြစ်နေလေ၏။ သူက ဇာတ်ကောင်စရိုက်ထဲသို့ ပို၍ စိတ်သွင်းနိုင်သည်။
လင်းလော့ချင်းတွင် မည်သည့် ယူဆချက်မှမရှိချေ။
ယွီကျားယုံနှင့် တခြားမင်းသားများက ရိုက်ကွင်းအကြောင်း တစ်ယောက်ချင်း ပြောနေကြသည်။ သူတို့က အနေအထားအကြောင်းကိုပြောနေကြပြီး ရုပ်ရှင်စရိုက်ပြီးနောက် အရင်ဆုံး စမ်းကြည့်လိုက်ကြသည်။
ရိုက်ကွင်းက အလွန်ရိုးရှင်းလှ၏။ ယဲ့ယွီနှင့် အမေယဲ့တို့က ရွာလမ်းပေါ်တွင် အတူတူလမ်းလျှောက်နေကြသည်။ သူက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးပြီဖြစ်သည်။ သူ့ရလာဒ်များကို စောင့်နေခြင်းအပြင် အားလပ်ချိန်များတွင် သူ့မိဘများ၏ သစ်သီးခြံတွင် သစ်သီးများခူးကာ တခြားသော အလုပ်များ ကူညီပေးလိုက်သည်။
အမေယွီမှာ သူ နေရောင်ထိမည်ကို စိုးရိမ်၍ ကောက်ရိုးဦးထုပ်တစ်လုံး ဝယ်ပေးထားသည်။ ရွာထဲမှ တခြားလူများက ၄င်းကိုမြင်ကာ သူ့ကို အပြုံးတစ်ခုနှင့် မေးလိုက်သည်။
"ယဲ့ယွီ... စာမေးပွဲ ဖြေပြီးပြီလား..."
ယဲ့ယွီက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်..."
၄င်းမှာ အလွန်ယဉ်ကျေးလှ၏။
ဤနေရာတွင် အမှန်တကယ် အသေးစိတ်အချက်တစ်ခု ရှိ၏။ ယဲ့ယွီက ရွာပြင်မှ မြို့ထဲသို့ တစ်နှစ်လုံး စာသွားလေ့လာကာ ရွာသို့ နွေရာသီနှင့် ဆောင်းရာသီ ပိတ်ရက်များတွင်သာ ပြန်လာသည်။ ပြန်လာပြီးနောက် သူက အိမ်စာများလုပ်ရန် အိမ်ကို တစ်ယောက်တည်း ပြန်လာလိုက်သည်။ ဤသည်က ရွာထဲမှလူများနှင့် အလွန်ရင်းနှီးနေပေသည်။
ရွာထဲမှ လူများက ယဲ့မိသားစု၏ သားက တက္ကသိုလ်သွားတော့မည်ဟု သိကာ မနာလိုမှုနှင့် ခါးသက်မှုအနည်းငယ် ပါဝင်နေ၏။
လက်တွေ့တွင် သူတို့က သူသည် ရွာထဲမှ လူများနှင့် ဆက်ဆံခဲသည်ကို တွေ့ရာ တစ်ချို့လူများက ပြောဆိုကြသည်။
"ဒီတက္ကသိုလ်ကျောင်းသားက မတူဘူးပဲ... မင်းမြင်လား သူက ရွာထဲက တခြားသူတွေနဲ့ လုံးဝ အဆက်အဆံမလုပ်ဘူး..."
"သူက တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တော့မယ်... ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေ ဖြစ်ချင်မှာလဲ... သူက နောက်ဆိုရင် ပိုက်ဆံတွေအများကြီးရှာဖို့ မြို့ကို သွားတော့မှာလေ..."
သူတို့က ၄င်းကို ကျယ်လောင်စွာ မပြောသော်လည်း ယဲ့အိမ်တော်သို့ သွားကာ မပြောခြင်းသာ။ ယဲ့ယွီနှင့် သူ့မိဘများက အတင်းများ မကြားခဲ့ပေ။
သို့သော် ဤသည်မှာ ယဲ့ယွီက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အကြိမ်ကြိမ်ကျပြီးနောက် ရွာသားများအတွက် အခြေခံပြောင်းလဲသွားခြင်း ဖြစ်သည်။
ဤသည်က လက်ရှိတွင် ယဲ့ယွီက တစ်ခုမှ မသိနေရာ သူမသိသောလူများကို အလွန် ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။
အမေယဲ့က သူ့ဘေးတွင်ရပ်ကာ ဝင့်ဝင့်ကြွားကြွား ပြုံးနေလိုက်သည်။
ဤတစ်ကြိမ်တွင် အမေယဲ့နေရာတွင် သရုပ်ဆောင်သော မင်းသမီးက ယွီကျားယုံ ယခင်က အလုပ်အတူလုပ်ဖူးသော မင်းသမီးဖြစ်သည်။ သူမက ညင်သာကာ ပျူငှာသော သွင်ပြင်ရှိပြီး သာမန်အမေတစ်ဦးကဲ့သို့ပင်။
လင်းလော့ချင်းက သူမကို နှုတ်ဆက်ပြီး သူတို့စာကြောင်းများ အပြောကျင့်လိုက်သည်။
ယွီကျားယုံက ဤအချိန်ကို အခွင့်အရေးယူကာ ရွာသားများကို မည်သို့ရိုက်ကူးမည်ကို ပြောပြနေသည်။
သူက ရွာသားများကို မကြောက်ပဲ ပုံမှန်အတိုင်းနေရန် ပြောလိုက်သည်။
"သူ့ကို အိမ်နီးချင်းလိုပဲ ဆက်ဆံပြီး ပုံမှန်အတိုင်း စကားပြောလိုက်..."
ရွာသားများက ကြိုးစားကြပြီး ယွီကျားယုံက ၄င်းကို ပြဿနာမရှိတော့ဟု ခံစားရသည့်အချိန်အထိ အကြိမ်ကြိမ် ပြင်ပေးလိုက်သည်။ သူက အမေယဲ့ နေရာတွင် သရုပ်ဆောင်သည့် ကျင်းယန်ဖန်ကို ခေါ်ကာ ရိုက်ကွင်း စတင်ရန်ပြောလိုက်သည်။
ယဲ့ယွီက လမ်းဘေးတွင် ကောက်ရိုးဦးထုပ်တစ်ခုနှင့် လျှောက်သွားလိုက်သည်။ သူက လက်ထဲတွင် ရေဘူးကိုင်ကာ သူ့ဘေးမှ သူ့အမေက ပြုံးကာ သူတက္ကသိုလ်တက်ပြီးနောက် ဖြစ်လာမည့် ဘဝအကြောင်း ပြောဆိုနေပြီး လမ်းလျှောက်နေလေသည်။
"အဲ့အချိန်ကျရင် အမေက သားကို မင်းအဖေနဲ့အတူ ကျောင်းလိုက်ပို့မယ်... အမေက တက္ကသိုလ်ဆိုတာ ဘယ်လိုလဲ တစ်လါမှ မတွေ့ဖူးဘူး... ဒီတစ်ခေါက် ငါတို့ ကြည့်လို့ရပြီ..."
"အမေ ဟိုဘက်အိမ်ကအဘိုးကြီး ကျန်းဆီကကြားတာတော့ တက္ကသိုလ်ကျောင်းသားတွေက ရွာထဲမှာ အကြွေးလျှောက်လို့ရတယ်တဲ့...
ဒါပေမဲ့ ငါတို့ရွာက တက္ကသိုလ်ကျောင်းသားတစ်ခါမှ မရှိခဲ့ဖူးတော့ ဘယ်သူမှ မလျှောက်ခဲ့ဖူးဘူး... မင်းအဖေကို အဲ့အကြောင်း မေးခိုင်းလိုက်... အဲ့ဒါက အလုပ်မရှုပ်ဘူးဆိုရင် ငါတို့လည်း တစ်ခုလျှောက်လို့ရတယ် မဟုတ်လား..."
ယဲ့ယွီက ခေါင်းညိတ်ပြလိုက်ကာ သူ့အတန်းဖော်များက ကျောင်းလေးနှစ်အတွက် ကျောင်းသားချေးငွေက အတိုးမရှိဟု ကြားထား၏။ သို့ဖြစ်၍ ရွာမှ တက္ကသိုလ် ကျောင်းသားအများအပြားက လျှောက်လိုကြသည်။
အမေယဲ့က တွေးကြည့်ယုံနှင့်တင် ပျော်လာသည်ဟု ခံစားရသည်။
"မင်း မြို့ကြီးကိုသွားရင် စာကြိုးစားမှရမယ်... မြို့ကြီးမှာ အလုပ်ကောင်းတစ်ခုရှာပြီး နောက်ဆို ပြန်မလာနဲ့... အဲ့ဒါဆို မင်းရဲ့ ကလေးတွေကလည်း မြို့ကြီးမှာပဲ သင်ယူပြီး မြို့ကြီးမှာနေနိုင်မှာ..."
ယဲ့ယွီက သူမအား အတွေးလွန်နေသည်ဟု ခံစားရသော်လည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့က စကားပြောရင်း ရှေ့ဆက်လျှောက်လာကြရာ ရွာသားများက သူတို့ကို ဖြတ်လျှောက်သွားရာ အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
"ယဲ့ယွီ... မင်း စာမေးပွဲပြီးပြီလား... ဘယ်လိုလဲ..."
"အဆင်ပြေပါတယ်..."
ယဲ့ယွီက ပြန်ဖြေလိုက်သည်။
"အံ့ဩစရာပဲ..."
ပိန်ပိန်ရှည်ရှည်နှင့် လူကြီးတစ်ယောက်က သူ့အား လေးစားသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ငါတို့ ရှင်းဟွာရွာကလည်း တက္ကသိုလ်ကျောင်းသားကြီး မွေးထုတ်နိုင်ပြီကွ... ဟားဟား... လောင်ယဲ့မိသားစုရဲ့ ဘိုးဘွေးအုတ်ဂူကတော့ တကယ်ကို မီးခိုးထွက်နေတော့မှာပဲ..."
အမေယဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထပ်ပေါ်လာပြီး ယဲ့ယွီက ဘာဖြေရမလဲ မသိ၍ ယဉ်ကျေးစွာသာ ပြုံးနေလိုက်သည်။
သူတို့နှစ်ယောက်က တစ်လျှောက်လုံး လမ်းလျှောက်လာကြပြီး လူအချို့နှင့် ဆုံကြသည်။ မမျှော်လင့်ထားပဲ သူတို့က ယဲ့ယွီကို ဝင်ခွင့်စားမေးပွဲအကြောင်းမေးကာ အဖေ ယဲ့နှင့် အမေယဲ့က သားကောင်းလေးတစ်ယောက် မွေးမြူထားသည်ဟု မနာလိုစွာ ဆိုလိုက်ကြသည်။
ယဲ့ယွီက တိတ်တဆိတ်ထရပ်ပြီး သူ့၏ ယဉ်ကျေးမှုတွင် ငယ်ရွယ်ခြင်းနှင့် ရှက်ရွံ့ခြင်း အနည်းငယ်ပါဝင်နေသည်။ သူက မိတ်ဆွေမည်သို့ ဖွဲ့ရမည်ကို မသိကာ လောကကြီးထဲတွင် ထဲထဲဝင်ဝင် မပတ်သတ်ရသေးသည့် ကျောင်းသားတစ်ဦးနှင့် တူ၏။
သူက ခေါင်းငုံ့ကာ ကျယ်ပြန့်လှသည့် ကောက်ရိုးဦးထုပ်အောက်တွင် သူ့မျက်နှာက နူးညံ့ကာ ကြည်လင်နေပြီး နွေရာသီ၏ တောက်ပသော အရောင်တစ်ခုကဲ့သို့ပင်။
တစ်ချိန်က ယဲ့ယွီမှာ နွေရာသီနှင့် အလွန်တူပေ၏။