အပိုင်း ၂၉၈
Viewers 87k

Chapter 298




နောက်တစ်နေ့တွင် လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီကို ကျောင်းလိုက်ပို့လိုက်သည်။ 


ကျိယွီရှောင်ကလည်း ကလေးနှစ်ယောက်ကို ကျောင်းလိုက်ပို့ရန် သူ့ကို အဖော်လုပ်ပေးပြီးနောက် ဝူရှင်းယွမ်၏ ကားပေါ်သို့ တက်လိုက်လာခဲွသည်။


နောက်ဆုံးတွင် သူက လင်းလော့ချင်းနှင့် ခွဲခွာရန် တုံ့ဆိုင်းနေလေသည်။ ခရီးက သိပ်မဝေးသည်ကို မြင်ရာ သူက ကားထဲသို့ဝင်ပြီး အဖွဲ့က ကြိုတင်စာရင်းပေးထားသော ဟိုတယ်ဆီသို့ သူ့ကို အဖော်ပြုကာ လိုက်ပို့ပေးလိုက်သည်။ 


လင်းလော့ချင်းက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ 

"ဘာလို့ ငါနဲ့ လိုက်လာတာလဲ... မြန်မြန်ပြန်တော့... မင်း ဒီနေ့ အလုပ်လုပ်စရာ မလိုတော့ဘူးလား..."


"ကိုယ်ပိတ်ရက် ယူထားတယ်..."

ကျိယွီရှောင်က ဆိုလိုက်သည်။ 

"ကိုယ်မင်းကို လိုက်ပို့ပြီး မင်းရဲ့ ရိုက်ကူးရေး ပတ်ဝန်းကျင်ကို လိုက်ကြည့်မယ်လေ..."


လင်းလော့ချင်းက ရွေးချယ်စရာ မရှိပဲ သူ့ကို လိုက်ခွင့်ပြုလိုက်သည်။ 


ဝူရှင်းယွမ်က 'ဝုတ်... ဝုတ်... ဝုတ်...ခွေးစာကျဲနေတယ်'ဟုတွေးကာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ 


ဤတစ်ခေါက် လင်းလော့ချင်း၏ ရုပ်ရှင်မှာ ရွာတစ်ရွာတွင် ဖြစ်သည်။ ယွီကျားယုံက ရွာဘေးမှ မြို့လေးတွင် ဟိုတယ်တစ်ခု ကြိုတင်စာရင်းသွင်းထားသော်လည်း ကျိယွီရှောင် နေနေကျ ဟိုတယ်နှင့် နှိုင်းယှဉ်ပါက စုတ်ချာနေလောက်ပေမည်။ 


ကျိယွီရှောင်က ၄င်းကို မြင်ကာ သူ့မိန်းမအတွက် စိတ်မကောင်း မဖြစ်ပဲ မနေနိုင်တော့ချေ။ 


လင်းလော့ချင်းမှာ သိပ်၍ အာရုံမစိုက်ပါပေ။ 

"ဒါက အတော်လေး ကောင်းတာပဲ... ရှိသင့်တာတွေ အကုန် ရှိတာပဲ မဟုတ်ဘူးလား... ငါတော့ ကောင်းတယ် ထင်တာပဲ..."


ကျိယွီရှောင်က သက်ပြင်းချကာ သူ့ပခုံးများကို ဖက်ထားလိုက်သည်။

"နောက်တစ်ခါ တစ်ခုခုကို ယူလာဖို့ ငါ့ကို စောင့်နေနော်..."


"မလို... မလိုဘူး... မလိုဘူး... တကယ်ပြောတာ... ငါဒီမှာအဆင်ပြေတယ်... ငါက အလိုလိုက်ခံရတဲ့ လူမဟုတ်ဘူး..."


"ဒါပေမဲ့ ငါက မင်းကို အလိုလိုက်ချင်တယ်လေ..."

ကျိယွီရှောင်က ဖြောင့်မတ်ကာ တက်ကြွနေလေသည်။ 


လင်းလော့ချင်းက သူ့ကို အပြုံတစ်ခုနှင့် ကြည့်လိုက်သည်။ 

"အဲ့ဒါဆိုလည်း ငါအိမ်ပြန်ရောက်မှပဲ အလိုလိုက်တော့... အခုတော့ ငါက အလုပ်လုပ်နေတာဆိုတော့ လူတိုင်းက ငါ့ကို နုလွန်းတယ်လို့ မထင်စေချင်ဘူး..."


ကျိယွီရှောင်မှာ သူက အလုပ်နှင့် ပတ်သက်လျှင် မည်မျှလေးနက်သည်ကို သိရာ မဝံ့မရဲနှင့် ခေါင်းညိတ်ရန်သာ တတ်နိုင်ပေသည်။ 

"ဟုတ်ပြီ... အဲ့ဒါဆိုလည်း တစ်ခုခုလိုတာနဲ့ ငါ့ကို ပြောနော်..."


"ဟုတ်..."

လင်းလော့ချင်းက သူ့နာရီကိုကြည့်ကာ ၁၂နာရီ ထိုးခါနီးပြီကို မြင်လိုက်သည်။ ကျိယွီရှောင်က ဒီနေ့ မြို့ထဲသို့ ပြန်ရမည် ဖြစ်ရာ အချိန်က ကြပ်ပြီး ဖြုန်းတီး၍ မရပါပေ။ 


"သွားစားကြစို့... ဒီမှာ အရသာရှိတာ တစ်ခုခု ရှိလား သွားကြည့်ကြမယ်..."

လင်းလော့ချင်းက အကြံပေးလိုက်ကာ စားသောက်ပြီးနောက် ကျိယွီရှောင်က တစ်ရေးတစ်မောအိပ်၍ ရနိုင်ပေသည်။ 


ကျိယွီရှောင်က သူ့ပခုံးကို ဖက်ကာ သူနှင့်အတူ လမ်းလျှောက်လာလိုက်သည်။ 


သူတို့နှစ်ယောက် ထွက်လာသည့် အခိုက်တွင် ယွီကျားယုံ၊ နင်းယွီတို့က ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့် ဆုံလာလေသည်။ 


ယွီကျားယုံက သူတို့နှစ်ယောက်ကို နှုတ်ဆက်ကာ ကျိယွီရှောင်ကို ကြည့်လိုက်သည်။ 

"မင်းက ဘာလို့ ဒီရောက်နေတာလဲ..."


"ငါက လော့ချင်းကို လိုက်ပို့ရင်းနဲ့ ဒီက ရိုက်ကူးရေး ပတ်ဝန်းကျင်ကို လာကြည့်တာ..."


ယွီကျားယုံက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး ကျိယွီရှောင်အား စိတ်ကျေနပ်ရဲ့လားဟု မေးရန် အလွန်ရှက်ရွံ့နေပေသည်။ 


တွေးစရာတောင်မလိုဘူး... ဥက္ကဌ ကျိက သေချာပေါက် စိတ်ကျေနပ်မှာ မဟုတ်ဘူး...


လင်းလော့ချင်းက သူတို့ကို ဖိတ်ခေါ်မှုတစ်ခု ပြုလုပ်လိုက်သည်။

"မင်းတို့ စားပြီးပြီလား... ငါတို့ အခုပဲ သွားစားမလို့..."


နင်းယွီက ဆိုလိုက်သည်။

"ကျွန်တော်တို့လဲ အခုပဲ စားပြီးတာ..."


"အဲ့ဒါဆို ငါတို့ အရင်သွားနှင့်တော့မယ်နော်..."


"ဟုတ်ပြီ..."


လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က ဓာတ်လှေကားထဲသို့ ဝင်သွားပြီးနောက် ယွီကျားယုံက နင်းယွီကို မှီကာ ဆိုလိုက်သည်။ 


"သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက နည်းနည်း မှားနေသလားလို့... ဘယ်သူဌေးက သူတို့ရဲ့ အနုပညာရှင်နဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေး ရှိလို့လဲ..."


"မစ္စတာလင်းပြောတာတော့ မစ္စတာကျိက သူ့အစ်ကိုတဲ့..."


"စဉ်းစားကြည့်စမ်း... တစ်ယောက်ရဲ့ မျိုးရိုးနာမည်ကလင်းနဲ့ နောက်တစ်ယောက်က ကျိ... အဲ့ဒါ ဘယ်လို ညီအစ်ကို ဖြစ်မှာလဲ..."


"ရင်းနှီးတဲ့ ညီအစ်ကိုတွေ..."


ယွီကျားယုံ - "...."


“မင်းပြောကြည့် သူတို့နှစ်ယောက်က အဲ့လို ဆက်ဆံရေးမျိုးလား..."


"ဘယ်လိုဆက်ဆံရေးလဲ..."

နင်းယွီက မေးလိုက်သည်။


"သေချာပေါက် အဲ့ဒါက မရေရာတဲ့ ဆက်ဆံရေးပေါ့..."

ယွီကျားယုံက သူ့မေးကို ထိလိုက်သည်။

"ကျိယွီရှောင်က သူ့ကို လိုက်ပို့ဖို့ ဒီရောက်လာတာနော်... သေချာလေး တွေးကြည့်... အဲ့ဒါအမှန်လို့ ငါထင်တယ်... မင်း ငါ့ကို ထုတ်ပြောစေချင်ရင်တော့ အဲ့ဒါက ကျိယွီရှောင်က လင်းလော့ချင်းကို ကြိုက်နိုင်ခြေများ အတော်လေး မြင့်တယ် ဆိုတာပဲ..."


နင်းယွီ - "...."


နင်းယွီက သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကိုလုံးဝပင် လေးလေးနက်နက် မတွေးခဲ့ဖူးပါပေ။ 

"အဲ့လိုလား..."


ယွီကျားယုံက နှာမှုတ်လိုက်သည်။

"ရပါတယ်... ငါတို့ နောက်ဆို သိရတော့မှာပါ..."


****

ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့က ထမင်းအတူစားပြီးနောက် ကျိယွီရှောင်က တစ်ရေးအိပ်လိုက်ပြီးမှ အမြန်ပြန်သွားလိုက်သည်။ 


လင်းလော့ချင်းက ဟိုတယ်သို့ ပြန်သွားပြီး ဇာတ်ညွှန်းကို စတင်ဖတ်နေလိုက်သည်။ 


ရှစ်ကျန်းက နောက်ကျမှ ရောက်လာပြီး သူရောက်ရောက်ချင်း လင်းလော့ချင်းကို ခေါ်လိုက်သည်။ 


"မင်းအခုထိ ညစာ မစားရသေးဘူးလား... အဲ့ဒါဆို အတူတူ စားကြစို့..."


"ကောင်းပြီ..."

လင်းလော့ချင်းက သဘောတူလိုက်သည်။ 


သူတို့နှစ်ဦးက နှစ်ဝက်ကျော်ကျော် အလုပ်ရှုပ်နေကြပြီး အတူဆုံရန်အချိန်မရှိခဲ့ပေ။ ယခုတွင် သူတို့က ဆုံကြပြီဖြစ်ရာ စကားပြောဆိုရန်အချိန်ရှိပေသည်။ 


ရှစ်ကျန်းက လင်းလော့ချင်းအား နောက်ပိုင်းတွင် သူက ရုပ်ရှင်လောကတွင် အထူးပြုမည်ဟု ပြောလိုက်သည်။ ကွေးယွီ့ကို ထည့်မတွက်ပါက သူက ခံစားချက်ကောင်းကောင်းနှင့် ရုပ်ရှင်တစ်ခုရိုက်ကာ အဖွဲ့တစ်ခုနှင့် ပူးတွဲ လုပ်ဆောင်ပြီး ဖြစ်သည်။ သူ့မှာ ကိုယ်ပိုင်ခွန်အားများရှိသည့်အပြင် သူ့ကို ကြိုက်သော ဒါရိုက်တာတစ်ယောက်လည်း ရှိပြီး နောက်တစ်ခါ သူရုပ်ရှင်စရိုက်ပါက ရှစ်ကျန်းကို ရှာမည်ဟု ဆိုထားပေသည်။ 


သူက TV စီးရီးများထက် ရုပ်ရှင်နှင့်ပိုသင့်တော်သည်ဟု ခံစားရပေသည်။ 


လင်းလော့ချင်းက သဘာဝကျစွာ ခေါင်းညိတ်ပြကာ အနာဂတ်၏ အကောင်းဆုံးမင်းသားမှာ ရုပ်ရှင်များအတွက် ပိုသင့်လျော်သည်ဟု တွေးလိုက်ပေသည်။ 


"မင်းက ခြားနားတယ်..."

ရှစ်ကျန်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"မင်းက TV စီးရီးတွေနဲ့ ရုပ်ရှင်တွေမှာ ပွင့်လန်းပြီး ဒါရိုက်တာလီရဲ့ ရုပ်ရှင်မှာလဲ သရုပ်ဆောင်ပြီးပြီ... အဲ့ရုပ်ရှင် လွှင့်ပြီးရင် မင်းက ပိုပြီးတောင် နာမည်ကြီးလာမှာ..."


လင်းလော့ချင်းက ပြုံးလိုက်သည်။

"အဲ့ဒါက ကံကောင်းတာပါ..."


သူက တတယ်ကြီး ကံကောင်းသည်ဟု ခံစားရသည်။ ထောင်လီပုရန်က အချိန်ကိုက် ထုတ်လွှင့်ခဲ့ပြီး သူအတွက် ပရိသတ်များ ရလာစေပြီး နာမည်ကြီးမှု တိုးလာစေခဲ့သည်။ သို့မဟုတ်ပါက သူက ဒါရိုက်တာလီ၏ အဖွဲ့ထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။ 


ထိုသို့ဆိုလျှင် သူက နင်းယွီကို သိမည်မဟုတ်ကာ သဘာဝအလျောက်ပင် နင်းယွီ၏ ဇာတ်ညွှန်းထဲတွင် ပါခွင့်ရမည် မဟုတ်ပေ။ သူ့တွင် ယွီကျားယုံနှင့် ပူးပေါင်းရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။ 


ယခုကြည့်လိုက်ရာ အရာရာမှာ ဆက်စပ်နေပြီး ခြေလှမ်းမှားရန် မဖြစ်နိုင်သည့်ပုံပင်။ 


"အဲ့ဒါက မင်း ကြိုးစားမှုတွေရဲ့ ရလာဒ္လည်း ဟုတ်တာပဲ..."

ရှစ်ကျန်းက ဆိုလိုက်သည်။ 


သူက လင်းလော့ချင်း ရုပ်ရှင်ရိုက်သည်ကို မြင်ဖူးရာ ထိုသူက မည်မျှ အလေးအနက်ထားသည်ကိုသိပေသည်။ သူက လင်းလော့ချင်း ရိုက်ကွင်းပေါ်တွင် တခြားသူများကို မည်မျှ အလေးအနက် ဆက်ဆံသည်ကိုလည်း သိ၏။ 


သူ့၏ လက်ရှိအောင်မြင်မှုနှင့် နာမည်ကောင်းမှာ လုံးဝ ထိုက်တန်သည်။ 


သူက ဤကမ္ဘာကြီးတွင် ကြင်နာမှုကို ဖြန့်ကျက်ပေးရာ ကမ္ဘာကြီးက သူ့အား ကြင်နာမှုဖြင့် ပြန်လည် တုံ့ပြန်ပေးသည်က သာမန်သာဖြစ်၏။ 


လင်းလော့ချင်းက ထိုစကားများကြောင့် အနည်းငယ်ရှက်ရွံ့သွားပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူက ကွေးယွီ့အကြောင်းပြောပြီး သူတို့နှစ်ဦးက ထိုအကြောင်းကို ဆွေးနွေးနေလိုက်သည်။ 


ကွေးယွီ့၏ ဇာတ်ညွှန်းမှာ မရေရာသည့် ဝမ်းနည်းစရာဇာတ်ကြောင်းတစ်ခုပင်။ 


ယွီကျားယုံ၏ စာကြောင်းများက လေးလံပြီး တစ်ချို့မှာ ပေါ့ပါးပြီး ဟာသဆန်သော်လည်း သေသေချာချာ ကြည့်ပါက ဝမ်နည်းမှု ရောယှက်နေသည်။ 


ရှင်းဟွာရွာတွင် ဟာသတစ်ခုရှိ၏။ လူတစ်ယောက်က ၄င်းကို ထုတ်ပြောလာသည့်အချိန်တိုင်း လူတိုင်းက ရယ်မောကာ ဆိုပေလိမ့်မည်။

"သူက ငတုံးလို့ မထင်ဘူးလား... သူက အရူးတစ်ယောက်ပဲ..."


သူတို့ ပါးစပ်ဖျားမှ ဟာသက ယဲ့ယွီပင်။ 


ရွာထဲတွင် လက်ထပ်ခါစ ချွေးမအသစ်လေးက သူက အဘယ့်ကြောင့် ဟာသတစ်ခုဖြစ်နေသည်ကို မသိ၍ သူမဘေးမှ လူများကိုမေးလိုက်သည်။ ထို့နောက် ယဲ့ယွီ၏ ဇာတ်လမ်းက စတင်ခဲ့ေလပြီ။ 


ယဲ့ယွီမှာ ရွာထဲရှိ ကြည့်ကောင်းလှသောအချောဆုံး ဆယ်ကျော်သက်တစ်ဦးဖြစ်၏။ 


ယခင်က သူက တခြားသူများ၏ မျက်လုံးထဲတွင် ဟာသတစ်ခု မဟုတ်ပဲ ရှင်းဟွာရွာ၏ အလားအလာအရှိဆုံး လူဖြစ်ခဲ့သည်။ ၄င်းမှာ သူက ရွာထဲတွင် ရှားပါးလှသော အထက်တန်းကျောင်းသားတစ်ဦး ဖြစ်၍ပင်။ သူက ရွာထဲတွင် တစ်ဦးတည်းသော တက္ကသိုလ်ကျောင်းသားဖြစ်လာရန် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဖြေကာ သတိပေးပြန်စာကို လက်ခံရန် စောင့်နေပေသည်။ 


ယဲ့ယွီ၏ အိမ်ကို ဖြတ်သွားသည့် ရွာသားတိုင်းက သူ့ရလာဒ်ထွက်လာပြီလားဟု စိုးရိမ်တကြီး မေးတတ်သည်။ 


သူတို့က သူတို့ကလေးများကို ယဲ့ယွီထံမှ သင်ယူရမည်ဟု ပြောဆိုကြသည်။ ထိုအချိန်က ယဲ့ယွီမှာ လူတိုင်း၏ မျက်လုံးထဲတွင် လျှော်ဖွတ်ထားသည့် အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့်တိုင် ေရွှေရာင်ဖီးနစ်တစ်ကောင်ဖြစ်ခဲ့ပေသည်။ 


ထို့နောက် ယဲ့ယွီက သူ့၏ တက္ကသိုလ်ဝင်ခွင့် ရလာဒ်ထွက်လာသည်ကို သတိပြုမိပြီးနောက် မမျှော်လင့်ထားစွာပင် သူ စာမေးပွဲ ကျခဲ့သည်။ 


သူက စာမေးပွဲတွင် မည်မျှ ဆိုးဆိုး ပြုလုပ်ခဲ့သည်ကိုလည်း မတွေးတတ်ပါပေ။ သူက တောင်စောင်းတွင် ထိုင်ပြီး နေဝင်ချိန်ကို ကြည့်ကာ ၄င်းကို လက်မခံနိုင်ခဲ့ပေ။ သူက စာမေးပွဲကို ထပ်ဖြေရန် ဆုံးဖြတ်ခဲ့သည်။


ရွာထဲမှ လူများက သူတက္ကသိုလ်ဝင်ခွင့်မရသည်ကို သိကာ အစပိုင်းတွင် သူတို့က အံ့အားသင့်သွားရုံသာဖြစ်သော်လည်း နောက်ပိုင်းတွင် ကောလဟာလတစ်ချို့ ပြန့်လာတော့သည်။ 


"ငါကြားတာတော့ သူ့ရဲ့ ပုံမှန်အမှတ်တွေက ခိုးချထားတာတဲ့..."


"သူက ကျောင်းမှာ ကလေးမလေးတွေနဲ့ အဲ့ဒါ လုပ်ခဲ့တယ်လို့လဲ ပြောကြတယ်မလား... ဘာတဲ့... ငယ်... ငယ်... ငယ်ငယ်ရွယ်ရွယ် ချစ်ကြိုက်တာလေ... သူက ငယ်ငယ်လေးနဲ့ ရည်းစားထားနေတာတဲ့..."


"ငါအရင်ကတည်းက သူမလုပ်နိုင်လောက်ဘူးဆိုတာ မပြောခဲ့ဘူးလား... ယဲ့မိသားစုက မျိုးဆက်သစ်တွေ မွေးမြူနေတာလေ... သူက တကယ်ပဲ ကြက်အသိုက်ထဲကနေ ဖောက်ထွက်ပြီး ရွှေရောင်ဖီးနစ်တစ်ကောင် ဖြစ်လာနိုင်လို့လား..."


လူတိုင်းက ယဲ့ယွီနှင့် သူ့မိသားစု စိတ်ဓာတ်ကျကာ အရှက်ရသည်ကို ရယ်မောခဲ့ကြသည်။ 


တောက်ပနေသည့် ဩဂုတ်နေက မြေပြင်တွင် ခြစ်ခြစ်တောက်ပူနေသည်။ ယဲ့ယွီက သူ့စာအုပ်များကို ထုတ်ပြီး ထပ်မံစာလေ့လာနေသည်။ သူက ဤတစ်ကြိမ်တွင် အဆင့်ကောင်းကောင်းရရန် စိတ်ပိုင်းဖြတ်ထားသည်။ သူက သူ့အိပ်မက်မက်ထားသည့် တက္ကသိုလ်သို့သွားကာ သူ့ကို အထင်သေးသည့် လူများကို ပါးစပ်ပိတ်သွားအောင် လုပ်ပစ်ပေမည်။  


သူက ဝီရိယရှိပြီး အလုပ်ကြိုးစားကာ နောက်တစ်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ယုံကြည်ချက်အပြည့်နှင့် ဝင်ဖြေကာ သူ့အိပ်မက် အမှန်ဖြစ်လာရန် စောင့်မျှော်နေလေသည်။ 


၄င်းက နောက်ထပ်သော စိတ်ပျက်ခြင်းနှင့် အံ့အားသင့်မှုကို ယူဆောင်လာမည်ဟု သူသတိမထားမိခဲ့ချေ။ 


ရလာဒ်များက နောက်ဆုံးတစ်ကြိမ်ကထက် ပို၍ ဆိုးရွားနေ၍ သူက သူ့အမှတ်များကို မယုံနိုင်စွာ ကြည့်လိုက်သည်။ 


ယဲ့ယွီက သူ့အဆင့်များကို စစ်ဆေးလိုသော်လည်း သူက သာမန်လူတစ်ယောက်သာဖြစ်သည်။ သူက စာလုပ်ခြင်းဖြင့်သာ သူ့ဘဝကို ပြောင်းလဲနိုင်သည့် ဆင်းရဲသော သာမန်လူတစ်ယောက်သာ။ 


သူက တတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားခဲ့သော်လည်း သူ့အမှတ်များကို စစ်ဆေး၍ မရနိုင်ဆဲပင်။ 


သူမသိသည်မှာ သူက ဤတစ်ကြိမ်တွင် စာမေးပွဲ၌ အမှန်ပင် ကောင်းကောင်းလုပ်နိုင်ခဲ့သော်လည်း သူ့ရလာဒ်များက တခြားလူတစ်ယောက်၏ဟာ ဖြစ်နေလေသည်။ သူအသည်းအသန် အလုပ်ကြိုးစားခဲ့သော ဘဝက တခြားသူများ၏ ခိုးယူခြင်း ခံလိုက်ရသည်။ 


ယဲ့ယွီက တောင်စောင်းတွင် ထပ်မံထိုင်နေကာ နေဝင်ချိန်ကို ကြည့်နေလိုက်သည်။ သူက ရှုံးနိမ့်ခြင်းကို ဝန်ခံရန် ငြင်းဆန်နေသည့် သားရဲတစ်ကောင်သဖွယ် တိတ်ဆိတ်သွားလေသည်။ သူက နောက်တစ်ကြိမ် စာမေးပွဲထပ်ဖြေရန် စိတ်ပိုင်းဖြတ်လိုက်သည်။ 


သို့သော် သူ့၏ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲက ထပ်၍ကျသွားပြီး မူလက အမှောင်ထဲတွင် ရှိနေသော အငြိုးအတေးက သူ့ထံသို့ ချက်ချင်း ရောက်လာလေသည်။ 


ရှန်းကျန့်မှာ တစ်ရွာထဲမှ သူ့ထက်ကြီးသည့် လူမိုက်တစ်ယောက်ပင်။ သူက သူ့ညီလေးနှင့် လမ်းဘေးက သစ်ပုံပေါ်တွင် ထိုင်နေရာ ယဲ့ယွီလျှောက်သွားသည်ကို ကြည့်ပြီး တမင်တကာဆိုလိုက်သည်။ 


"ယဲ့ယွီ... မင်းဒီတစ်ခေါက်လဲ ဝင်ခွင့်မရဘူးလို့ ငါကြားတယ်... မင်းက မပျံနိုင်တဲ့ ရွှေရောင် ဖီးနစ်တစ်ကောင်ဖြစ်နေမှာလဲ ငါစိုးရိမ်မိသား..."


တစ်ဖက်က ချက်ချင်း ရယ်မောလာလေသည်။ 


လှောင်ရယ်သံများက စူးရှလှပြီး ယဲ့ယွီ၏ အတ္တနှင့် အရှက်တရားကို ထိုးဖောက်နေသည်။ 


ယဲ့ယွီက သူတို့ကို စကားမပြောချေ။ သူတို့က ခြားနားသည်ကို သူက ကောင်းကောင်းသိ၏။ သူ့တွင် ကိုယ်ပိုင် အိပ်မက်တစ်ခုရှိပြီး ကျောင်းထွက်ထားသည့် လူမိုက်တစ်ယောက်ဖြစ်သော ရှန်းကျန့်က ၄င်းကို နားလည်မည် မဟုတ်ပေ။ သူက ရှန်းကျန့် နားလည်ရန်လည်း မလိုအပ်ပေ။ 


ရှန်းကျန့်က ကျယ်လောင်၊ ရိုင်းစိုင်းစွာ အော်ဟစ်လိုက်သည်။ သူ့အသံက လမ်းဘေးမှ တခြား ရွာသားများထံသို့ပင် ရောက်ရှိသွားသည်။ 


လူတိုင်းက ရွာမှ ပျံသွားချင်သည့် ရွှေရောင် ဖီးနစ်ငှက်ကို သံသယ၊ စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှုသို့မဟုတ် စိတ်ဝင်တစားဖြင့် မကြည့်ပဲ မနေနိုင်တော့ပေ။ လူတိုင်း၏ မျက်လုံးများက ခြားနားလာပေသည်။


တစ်ယောက်ချင်းစီက အပ်တစ်ချောင်းချင်းစီကဲ့သို့ ယဲ့ယွီ၏ အထိမခံနိုင်ကာ ဝင့်ကြွားတတ်သော နှလုံးသားကို ထိုးဖောက်နေလေသည်။ 


သူက သူတို့ကို မကြည့်ပဲ သူ့ခြေထောက်အောက်မှ လမ်းကို ဆက်လျှောက်နေလိုက်သည်။ 


သူမမျှော်လင့်ထားသည်မှာ အိမ်ပြန်လာပြီး သူစာမေးပွဲထပ်ဖြေလိုသည်ဟု ပြောသည့်အခါ သူ့မိဘများက ဆန့်ကျင်နေမည်ကိုပင်။ သူတို့က ပထမတစ်ကြိမ်ကို မတော်တဆဖြစ်သည်ဟု ထင်ကာ ဒုတိတအကြိမ်ပြီးနောက် သူ့ကံက သတ်မှတ်ထားသည်ဟု တွေးကြပေသည်။ 


"ငါတို့ရွာမှာ တက္ကသိုလ်ကျောင်းသား တစ်ယောက်မှ မရှိပါဘူး... တခြားလူတွေတောင် စာမေးပွဲမအောင်တော့မှတော့ မင်းလဲ မအောင်နိုင်ပါဘူး... လက်သာလျော့လိုက်တော့..."


"မင်းကအလုပ်ကြိုးစားပေမဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ဘဝ မရှိဘူး... မင်းက အခု အထက်တန်းကျောင်းကနေဘွဲရပြီးပြီဆိုတော့ သင်ယူတာ လုံလောက်ပြီ... မင်း အလုပ်တစ်ခုရှာပြီး စာလေ့လာတာကို ရပ်လိုက်လို့ရပြီ..."


ယဲ့ယွီက သူ့မိဘများ အဘယ့်ကြောင့် ဤသို့ဖြစ်နေသည်ကို နားမလည်ပါချေ။ သူတို့က အပြင်းအထန် စကားများကြသော်လည်း မည်သူကမှ တခြားသူကို မသိမ်းသွင်းနိုင်ပေ။ နောက်ဆုံးတွင် ယဲ့ယွီက စာမေးပွဲပြန်ဖြေရန် ကိုယ်တိုင်ပိုက်ဆံရှာရန် ဆုံးဖြတ်လိုက်သည်။