အပိုင်း ၂၉၇
Viewers 87k

Chapter 297



လင်းလော့ချင်းသည် ကျိယွီရှောင်၊ လင်းဖေး၊ ကျိလဲ့ယွီတို့နှင့်အတူ အောက်တိုဘာလတစ်လလုံး ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပြီးနောက် ကွေးယွီ့က ရိုက်ကူးရေး စတင်နေပြီ ဖြစ်သည်။ 


သူက ခေါင်းဆောင်မင်းသားဖြစ်ရာ ပျောက်နေ၍ မရပါပေ။ 


လင်းလော့ချင်းက ကလေးများကို ကြိုမပြောထားပေ။ သူက အဖွဲ့ဆီသို့ သွားခါနီးတွင်မှ ကလေးနှစ်ယောက်ကို သွားကြိုပြီး အပြန်လမ်းတွင် ပြောပြလိုက်သည်။ 


လင်းဖေးက အနည်းငယ် အံ့အားသင့်သွားဟန် ရသော်လည်း သူ့မျက်လုံးများက ၄င်းကို မပြသခဲ့ပေ။ သူက စိတ်ထဲတွင်သာ တွေးလိုက်သည်။ 


'သူက ထပ်ပြီး အလုပ်လုပ်ဦးမှာပေါ့..."


ဤကိစ္စတွင် ကျိလဲ့ယွီက ပို၍ ချွဲတတ်ကာ တည့်တိုးဆန်၏။ သူက လင်းလော့ချင်းကို ဖက်ကာ မေးလိုက်သည်။ 

"အဲဒါဆို ပါးပါး ဘယ်တော့ပြန်လာမှာလဲ..."


"နောက်ဆုံးစာမေးပွဲအထိ စောင့်ဦး..."

လင်းလော့ချင်းက ဆိုလိုက်သည်။ 

"အဲ့အချိန်ရောက်ရင် ပါးပါးပြန်လာပြီး နောက်ဆုံးစာမေးပွဲအတွက် ဆုချပေးမယ်..."


ကျိလဲ့ယွီက ခပ်ဖွဖွ ဆိုလိုက်သည်။ 

"သားက ဆုမလိုချင်ပါဘူး... သားက ပါးပါး စောစောပြန်လာတာကိုပဲ လိုချင်တာ..."


"ဟုတ်ပါပြီ..."

လင်းလော့ချင်းက သူ့ကို ဖက်ထားလိုက်သည်။

"ပါးပါးစောစောပြန်လာမယ်... အဲ့ဒါဆို ပါးပါးတို့ ရုပ်ရှင်တစ်ခု အတူတူကြည့်လို့ရတာပေါ့..."


သူက ဤတစ်ကြိမ်တွင် တမင်တကာ 'အနောက်အရပ်သို့ ခရီး'အကြောင်းကို ချန်ထားလိုက်သည်။ သူက သူ့ရှေ့မှ ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ 

"အဲ့ဒါက ပါးပါးနဲ့ သား အရင်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်လေ... အဲ့ဒါ ဒီနှစ်သစ်ထဲမှာ ပြတော့မှာ.... အဲ့အချိန်ကျရင် ပါးပါးတို့ ဒယ်ဒီကို ရုပ်ရှင်ရုံခေါ်သွားကြမယ်လေ..."


"ဟုတ်ပြီ..."

ကျိလဲ့ယွီက အမှန်ပင် အာရုံထွေပြားနေလေသည်။ 


လင်းဖေးမှာ အနည်းငယ် လမ်းပျောက်နေလေသည်။ အမှန်တကယ်တွင် သူက လင်းလော့ချင်း အိမ်တွင် ပိုပြီး အချိန်ဖြုန်းနိုင်ရန် မျှော်လင့်ထား၏။ ယခင်က သူက လင်းလော့ချင်းနှင့် နေ့တိုင်းအတူနေရ၍ ဘာမှမခံစားရပေ။ ယခုတွင် လင်းလော့ချင်းက အလုပ်ထွက်လုပ်နေရာ လင်းဖေးက လင်းလော့ချင်းက ထွက်သွားလိုက်တိုင်း အချိန်အတန်ကြာအောင် ထွက်သွားသည်ဟု ခံစားလာရပေသည်။ 


၄င်းက နေ့ချင်း အပတ်ချင်းမဟုတ်ပဲ လချီ၍ ဖြစ်သည်။ 


လင်းဖေးက အလွန် မချွဲတတ်၍ လင်းလော့ချင်းထွက်သွားတိုင်း မငိုသလို လင်းလော့ချင်းအား ဖက်ထားကာ မခွဲလိုကြောင်း မပြောတတ်ပေ။ 


သို့သော် သူက လင်းလော့ချင်းကို လွမ်းပေသည်။ 


သူက လင်းလော့ချင်း မည်သည့် အချိန်တွင် ပြန်လာမည်နှင့် လင်းလော့ချင်း သူ့ အကြောင်းကို တွေးမိသည်လား ဆိုခြင်းကို သိလို၏။ 


သူက ထိုအရာများကို ထုတ်မပြောတတ်၍ မပြောခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံ လင်းလော့ချင်းက မေးလာ၍ သူက အမှန်ကိုပြောရန် နေရခက်စွာ ငြင်းဆန်တတ်၏။ သူက လင်းလော့ချင်းနှင့် ခွဲခွာရန်မည်သည့် ခံစားချက်မှ မရှိသည့်ပုံရပေသည်။ 


လင်းလော့ချင်းက ခေါင်းငုံ့လိုက်ရာ လင်းဖေးက တစ်ခုခုကို တွေးနေသကဲ့သို့ သူ့ဘေးတွင် မျက်လွှာချပြီး ထိုင်နေသည်ကို တွေ့လိုက်သည်။ 


သူက လင်းဖေး၏ ခေါင်းကို ထိလိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။ 

"နောက်နှစ်နှစ်လောက်နေရင် ပါးပါးအလုပ်က အခြေကျသွားပြီး အခုလောက် အလုပ်ရှုပ်တော့မှာ မဟုတ်ပါဘူး.... အဲ့ဒါဆို ပါးပါးက သားတို့ကို ပိုပြီး အဖော်ပြုပေးလို့ရပြီ..."

 

လင်းဖေးက သူဘာတွေးနေသလဲ နားမလည်ပဲ မျက်လုံးလှန်ကြည့်လိုက်သည်။ 


သူ့မျက်လုံးများက ကြည်လင်နေပြီး လင်းလော့ချင်း ဖမ်းမိလိုက်သည့် သံသယအနည်းငယ်သာ ရှိပေ၏။ 


လင်းလော့ချင်းက ပြုံးကာ သူ့ကို ဖက်ထားလိုက်သည်။ 

"ပါးပါးလည်း သားကို အကြာကြီး ထားမသွားချင်ပါဘူး... ဒါပေမဲ့ တခြားနည်း မရှိလို့ပါ... သားကျောင်းကို သွားရသလိုပဲ ပါးပါးလဲ အလုပ်သွားရတယ်လေ..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။

သူက အဲ့ဒါကို သေချာပေါက် နားလည်လို့ လင်းလော့ချင်း ထွက်သွားတာကို အချိန်တိုင်း တည်တည်ငြိမ်ငြိမ် လက်ခံနိုင်တာပေါ့....


သူက မခွဲခွာလိုခြင်းသာဖြစ်ပြီး နားမလည်ခြင်း မဟုတ်ပေ။ 


အတန်ကြာပြီးနောက် လင်းလော့ချင်းက အလုပ်သွားရန် မလိုတော့ပေ။ ကလေးတစ်ယောက် ကျောင်းပြီးသွားသည့် ရက်တစ်ရက် ရောက်လာနိုင်သကဲ့သို့ပင် လူတစ်ဦး အလုပ်ပြီးသွားသည့် နေ့တစ်နေ့လည်း ရောက်လာနိုင်ပေသည်။ 


ထိုအချိန်တွင် လင်းလော့ချင်းက အိမ်တွင်နေကာ အလုပ်ကို အဝေးကြီး သွားစရာမလိုတော့ပေ။ သူတို့က အချင်းချင်းနေ့တိုင်းတွေ့နိုင်ပေသည်။ 


လင်းဖေးက လင်းလော့ချင်းကို မှီလိုက်ပြီး မြန်မြန် ကြီးလာချင်သည်ဟု စဉ်းစားလိုက်သည်။ 


ညပိုင်းတွင် လင်းလော့ချင်းက ကလေးများကို ရေချိုးပေးပြီးနောက် ပြန်သွားရန် အသင့်ဖြစ်နေချိန်တွင် လင်းဖေးက မေးလိုက်သည်။ 

"ပါးပါးရဲ့ သော့က ဘယ်မှာလဲ..."


လင်းလော့ချင်းက အနည်းငယ် ကြောင်သွားလေသည်။ 

"ဘာသော့လဲ..."


"အိမ်သော့လေ..."


"ပါးပါး အခန်းထဲမှာပေါ့..."


"ကျွန်တော် ကြည့်ချင်တယ်..."

လင်းဖေးက တောင်းဆိုလိုက်သည်။ 


လင်းလော့ချင်းက ပို၍ စိတ်ရှုပ်လာသော်လည်း လင်းဖေးကို အမြဲလိုလို အလိုလိုက်ပေသည်။ သော့မဆိုထားနှင့် လင်းဖေးက ကြယ်များ ကြည့်ချင်သည်ဟု ဆိုလာလျှင်ပင် သူက နက္ခတ်တာရာကြည့် မှန်ပြောင်းတစ်ခုကို ညတွင်းချင်း ဝယ်ပေးမည် ဖြစ်သည်။


၄င်းကို တွေးမိရာ သူက ဝယ်ပေးနိုင်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ လင်းဖေး၏ ဗဟုသုတရှာမှီးလိုစိတ်ကို မူတည်ကာ သူကြီးလာသည့်အခါ နက္ခတ်တာရာကို စိတ်မဝင်စားနိုင်ဟု အာမခံချက်မရှိပါပေ။ 


လင်းလော့ချင်းက နောက်လှည့်ကာ သူ့အခန်းသို့ပြန်လာပြီး သော့ယူကာ နက္ခတ်တာရာကြည့် မှန်ပြောင်းတစ်ခုကို ရှာနေလိုက်သည်။ 


လင်းဖေးက သူ့အံဆွဲထဲမှ ကျားဆွဲသီးကို ထုတ်လိုက်သည်။ 


ဆွဲသီးမှာ သော့ချိတ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ဆယ်ရက်ခန့်က သူ ကျောင်းရှေ့ စတိုးဆိုင်တစ်ခုမှ ဝယ်လာခဲ့ခြင်းပင်။


သူက ၄င်းကို ဖွင့်လိုက်ပြီး သူ့လက်ထဲမှ ကျားကလေးကို ဂရုတစိုက်ကြည့်ကာ သူ့ခေါင်းကို ညင်သာစွာ ထိလိုက်သည်။


လင်းလော့ချင်းက သော့ကို အလျင်အမြန် ပြန်ယူလာပြီး လင်းဖေးကို ပေးလိုက်သည်။ 


လင်းဖေးက ၄င်းကို ယူကာဆိုလိုက်သည်။

"နောက်လှည့်..."


လင်းလော့ချင်း "..."


လင်းလော့ချင်းက နောက်လှည့်ကာ နက္ခတ်တာရာကြည့် မှန်ပြောင်းများကို ဆက်ရှာနေလိုက်သည်။


လင်းဖေးက သူက ဖုန်းဆော့ပြီး ချောင်းမကြည့်နေဟန်ရသည်ကို မြင်၍ ကျားကလေးကိုဂရုတစိုက် ချိတ်ပေးလိုက်သည်။ 


သူက လင်းလော့ချင်းကို အဖော်မပြုနိုင်လောက်သော်လည်း ကျားကလေးကမူ အဖော်ပြုပေးနိုင်လေသည်။ ဤနည်းဖြင့် လင်းလော့ချင်းက ကျားကလေးကိုမြင်တိုင်း သူ့ကို တွေးမိပေမည်။ 


လင်းဖေးက ၄င်းကို ချိတ်ပေးကာ သော့ကို ကိုင်ထားလိုက်သည်။ 

"ရပြီ... ပါးပါး ပြန်လှည့်လို့ရပြီ..."


လင်းလော့ချင်းက အပြုံးဖျော့ဖျော့နှင့် ပြန်လှည့်လာလေသည်။ 

"မင်းက အရမ်း လျှို့ဝှက်တာပဲ..."


"လက်ဆန့်လိုက်..."

လင်းဖေးက သူ့ကို ပြောလိုက်သည်။ 


လင်းလော့ချင်းက လက်ဆန့်ပေးလိုက်သည်။ 


လင်းဖေးက သူ့လက်ထဲတွင် သော့ကို ထည့်လိုက်ကာ နောက်လှည့်ပြီး စောင်ချုံကာ သူဘာလုပ်ထားသည်ကို မပြောပဲ လှဲချလိုက်သည်။ သူက 

"ကျွန်တော် အိပ်တော့မယ်... ပါးပါး ထွက်သွားရင် မီးပိတ်ခဲ့ပေးဦးနော်..."

ဟုသာ ပြောနိုင်လေသည်။ 


လင်းလော့ချင်းက သူ့လက်ထဲရှိ သော့များထဲသို့ ထပ်ကာ ထည့်လိုက်သည့် ကျားကလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်ရှိတွင် စောင်အောက်တွင် ပုန်းကာ သူ့ကို လုံးဝမကြည့်သည့်ကျားကလေးကို ကြည့်လိုက်သည်။ 


သူက လင်းဖေး၏ အိပ်ရာဘေးသို့သွားကာ သူ့နားနားသို့ ငုံ့ချလိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။

"မင်း ပါးပါး ထွက်သွားတာကို မလိုချင်ဘူး မဟုတ်လား..."


လင်းဖေးက စကားမပြောရာ လင်းလော့ချင်းက ပေါ်နေသော ပါးကလေးကို နမ်းလိုက်သည်။

"မင်း ပါးပါးကို မခွဲချင်ပဲ လွမ်းနေမယ်ဆိုတာ ပါးပါးသိပါတယ်... မင်းက အပြင်မှာ ဘာမှမပြောဘူးဆိုရင်တောင် မင်းက တကယ်တော့ ပါးပါးကို နေ့တိုင်း အိမ်မှာနေစေချင်ပြီးတော့ နေ့တိုင်းတွေ့ချင်တာပဲ..."


သူက လင်းဖေး၏ ရှုပ်ပွနေသော ဆံပင်များကို ညင်ညင်သာသာ ထိလိုက်သည်။

"အဲ့လို့နေ့ ရောက်လာမှာပါ... ပါးပါး အလုပ်ကြိုးစားမယ်နော်... နောက်ဆိုရင် ပါးပါးက မင်းကို နေ့တိုင်းအဖော်ပြုပေးနိုင်တော့မှာ..."


လင်းဖေးက သူ့ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ အခန်းထဲမှ အလင်းက သူ့မျက်လုံးများထဲသို့ ဝင်လာပြီး သူ့မျက်လုံးများက ကြည်လင်သွားကာ သူက ဆိုလိုက်သည်။ 

"ပါးပါး အရမ်း အလုပ်ကြိုးစားစရာ မလိုပါဘူး... သားကြိုးစားမယ်..."


သူက လင်းလော့ချင်း အလုပ်ကြိုးစားစရာ မလိုအောင် အလုပ်ကြိုးစားပေမည်။ 


လင်းလော့ချင်းက သူ့နဖူးကို ထိကာ ပြုံးလိုက်သည်။ 

"နောက်နှစ်အထိ စောင့်နော်... နောက်နှစ်ကျရင် ပါးပါးက ဒီနှစ်လောက် အလုပ်ရှုပ်တော့မှာ မဟုတ်ဘူး... ဟုတ်ပြီလား..."


သူက လင်းဖေးကို ဂရုတစိုက် တောင်းပန်လိုက်သည်။

"မင်းက ငယ်သေးတာမို့ ပါးပါးက လနဲ့ချီပြီး အိမ်ကနေ ထွက်ရတဲ့ အလုပ်မျိုး မစီစဉ်ထားသင့်ဘူး... မင်းက မင်းဒယ်ဒီတို့ ရှောင်ယွီတို့နဲ့ အဆင်ပြေပေမဲ့ သူတို့ရှိပြီး မင်းကို အဖော်ပြုပေးနေတာနဲ့ပဲ မင်းကို အကြိမ်ပေါင်းများစွာ ချန်ထားခဲ့ပြီး မင်းကြီးပျင်းလာတာကို လွတ်သွားလို့ ဘယ်ဖြစ်မှာလဲ... အဲ့ဒါက အဖေကောင်းတစ်ယောက်ဖြစ်သင့်တဲ့ ပုံစံမဟုတ်ဘူးလေ... ငါမင်းနဲ့ အချိန်ပိုဖြုန်းသင့်တယ်... နောက်နှစ်အထိစောင့်နော် ဟုတ်ပြီလား.... နောက်နှစ်ဆို ပါးပါး အရမ်း အလုပ်ရှုပ်တော့မှာ မဟုတ်ပါဘူး..."


နောက်တစ်နှစ်က ကောင်းကောင်းကုန်ဆုံးသွားပါက သူက ဆုတစ်ခုရသင့်ကာ ခိုင်မာသော ခြေကုပ်တစ်ခုရပြီဟု ယူဆနိုင်ပေသည်။ ထိုအချိန်တွင် သူက ထုတ်လုပ်ရေးကို သင့်တင့်အောင် လျော့ချပြီး တစ်နှစ်လျှင် ရုပ်ရှင်နှစ်ကားမျှသာ ရိုက်နိုင်ပေသည်။ 


လင်းဖေးက မျက်တောင် တဖျပ်ဖျပ်ခတ်ကာ ညင်သာစွာဆိုလိုက်သည်။ 

"ဒါပေမဲ့ ပါးပါးဆိုတာလည်း ပါးပါးကိုယ်တိုင်ပဲမလား..."


သူက ဆက်ပြောလိုက်သည်။ 

"ပါးပါးက အဖေတစ်ယောက်ပဲ မဟုတ်ဘူးလေ... ပါးပါးက ပါးပါး ဖြစ်နေတုန်းပဲ... ပါးပါးက ကျွန်တော်ကို ဂရုစိုက်ပြီး ကျွန်တော်နဲ့ အတူနေဖို့တင်မဟုတ်ပဲ လုပ်ချင်တာကို လုပ်သင့်တယ်..."


ကလေးတစ်ယောက်တွင် သူ့ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အကြိုက်နှင့် မကြိုက်ခြင်းများရှိပေသည်။ လင်းလော့ချင်းကဲ့သို့ လူကြီးတစ်ယောက်တွင်လည်း ကိုယ်ပိုင် အကြိုက်နှင့် မကြိုက်ခြင်းများ ရှိပေမည်။ 


ဤသည်က သူ့အဖေဖြစ်သလို လင်းလော့ချင်းလည်း ဖြစ်၏။


သူက သူ့အကြိုက်အတိုင်း ကြီးပျင်းရန် ခွင့်ပြုချက်ရှိပါက လင်းလော့ချင်းအားလည်း သူ့နှစ်သက်သည်များအတိုင်း လုပ်ခွင့်ပေးသင့်ပေသည်။ 


"ပါးပါးကြိုက်တာ လုပ်လို့ရပါတယ်... ကလေးတိုင်းက နေ့တိုင်း သူတို့နဲ့အတူနေဖို့ လူတစ်ယောက်လိုနေတာမှ မဟုတ်တာ... ကလေးတိုင်း သူငယ်ချင်းမရှာသလိုမျိုးပေါ့... ပါးပါးပြောသလိုပဲ ကျွန်တော်က ဒီအတိုင်း အရမ်းအဆင်ပြေပါတယ်.... အဲ့ဒါဆို ပါးပါးလည်း ဒီလိုမျိုး အရမ်းအဆင်ပြေသင့်တယ်...."


လင်းဖေး၏ အသံမှာ တိုးညင်းကာ သူ့မျက်လုံးများက ညင်သာနေသည်။ ၄င်းတို့ထဲတွင် မည်သည့် ဝိုးတဝါး ယုံကြည်ချက်နှင့် နှစ်သက်ခြင်းမှ မရှိပါပေ။ 

"ပါးပါးက ဘာပဲဖြစ်ဖြစ် သားသဘောကျတယ်... ပါးပါးက အကောင်းဆုံးအဖေမို့လို့ သားသဘောကျတယ်..."


သူက စောင်ထဲတွင် ဝှက်ထားသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လင်းလော့ချင်း၏ ညှိုးကျနေသော ခေါင်းကို ထိကာ ပြုံးပြလိုက်သည်။ 


ဤသည်က ကျောင်းရှေ့တွင် သူက လင်းဖေး၏ ခေါင်းကို ပထမဆုံးအကြိမ် ထိသည့် အချိန်ကကဲ့သို့ သူကဆိုလိုက်သည်။

"အဲ့ဒါက ပါးပါး အမှားမဟုတ်ပါဘူး..."


"အဆင်ပြေပါတယ်..."

တစ်ချိန်က ကလေးဆန်သည့် အသံလေးက ယခုတွင် ညင်သာကာ နွေးထွေးနေလေသည်။ 


လင်းလော့ချင်းက ၄င်းကိုကြည့်ပြီး သူ့မျက်လုံးများက အနည်းငယ် ကြိမ်းစပ်လာလေသည်။ 


လင်းဖေးက သူ့လက်ကို ရုတ်လိုက်သည့်အချိန်တွင် လင်းလော့ချင်းက ပြန်ဆွဲထားလိုက်သည်။ သူက သူ့မျက်နှာကို သူ့လက်တွင် ကပ်ထားပြီး လက်ကို တင်းတင်း ဆုပ်ထားလိုက်သည်။ 


"ဖေးဖေး..."

လင်းလော့ချင်း၏ အသံက ဆို့နင့်နေသည် လင်းဖေးက သူ့အား ဤအရာများ ပြောလာမည်ဟု မထင်ထားပါပေ။ 


လင်းဖေးမှာ အလွန်ငယ်သေးသည်မှာ သိသာသော်လည်း သူက နွေဦးနှင့် ဆောင်းအပါအဝင် ဥတုများစွာကိုကိုင်တွယ်နိုင်ပုံရလေသည်။ 


"ပါးပါး အကြိုက်ဆုံးက သားလေ... ပါးပါက အလုပ်ပြီးရင် သားရဲ့ဘေးမှာ နေပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပျင်းလာတာကို အကြည့်ချင်ဆုံးပဲ..."


"ပါးပါး ဒီကို ရောက်လာပြီးတော့ အပျော်ဆုံးက သားရဲ့ဦးဦး ကျိနဲ့တွေ့ပြီး သားနဲ့တွေ့ရတာပဲ..."


"ပါးပါးက သားကို အမြဲတမ်း ချစ်နေပြီး နှလုံးသားထဲမှာ ထည့်ထားမှာ... ပါးပါး ဘယ်ပဲ ရောက်ရောက် သားက ပါးပါး အချစ်ဆုံးကလေးပဲ... ပါးပါးက သားအကြောင်းတွေးလိုက်ရင်ကို ပျော်နေတာ..."


လင်းဖေးက တိတ်တဆိတ်နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ 


လင်းလော့ချင်းက ပြုံးကာ သူ့လက်ကို ချပြီး လင်းဖေး၏ နဖူးကို နမ်းလိုက်သည်။ 


"ပါးပါး မင်းရဲ့ ကျားလေးကို ကောင်းကောင်းဂရုစိုက်ပါ့မယ်... ဒီကျားလေးကို တွေ့ရတာက မင်းကို တွေ့ရတာနဲ့ အတူတူပဲ..."


လင်းဖေးသည်လည်း ထိုသို့ တွေးသော်လည်း သူက ထိုစကားများကြောင့် သတိလတ်လွတ် ဖြစ်သွားလေသည်။ သူက အနည်းငယ်ပျော်သွားသော်လည်း အနည်းငယ်လည်း ရှက်ရွံ့နေပေသည်။ ၄င်းက သူ့ကို မျက်လွှာချလိုက်စေသည်။ 


လင်းလော့ချင်းက သူ့ဆံပင်ကို ထပ်မံ ပွတ်သပ်ကာ သူ့လက်ကို စောင်အောက်ထိုးထည့်လိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။ 

"အိပ်တော့... ပါးပါး မနက်ဖြန် ကျောင်းလိုက်ပို့မယ်... သားနဲ့ ရှောင်ယွီကို ကျောင်းပို့ပြီးရင် ပါးပါး အလုပ်လုပ်ဖို့ ထပ်သွားလိုက်မယ်..."


"ဟုတ်..."

လင်းဖေးက နာနာခံခံ ဆိုလိုက်သည်။

"ကောင်းသောညပါ ပါးပါး..."


"ကောင်းသောညပါ ပေါင်ပေ့..."


လင်းလော့ချင်းက သူ့နဖူးကို နမ်းလိုက်သည်။ သူက လင်းဖေး မျက်လုံးမှိတ်သွားသည်ကို မြင်သည့်အခါမှ သူ့ခံစားချက်များကို ဖိနှိပ်ကာ ထရပ်လိုက်ပြီး အခန်းထဲမှ လျှောက်ထွက်သွားလိုက်သည်။ 


သူက လင်းဖေးကို ဤကဲ့သို့ အရာများ ပြောလာမည်ဟု မမျှော်လင့်ထားပေ။ 


သူက လင်းလော့ချင်းမှာ အဖေတစ်ယောက်တင်မဟုတ်ဟု ဆိုလာသည်။ သူက လင်းလော့ချင်းလည်း ဖြစ်ရာ သူအလိုရှိသည်ကို လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုလာသည်။ 


သူက အမြဲလိုလို ကလေးတစ်ယောက်နှင့် မတူသော အပြုအမူဖြင့် ခံစားချက်များစွာကို ထိုးဖောက်နိုင်သည်။ 


သူက လင်းလော့ချင်း၏ စကားလုံးတိုင်းကို မှတ်သားထားပြီး ၄င်းကို သူ့နှလုံးသားနှင့် နှိုင်းယှဉ်ပြီး သူနှင့် လိုက်လျောညီထွေဖြစ်စေရန် မှန်ကန်သော ခံနိုင်ရည်ကို အသုံးပြုသည်။ 


သို့သော် သူက ကလေးသာဖြစ်သေးရာ လူကြီးများက ကလေးများကို သည်းခံရန်မှာ သာမန်ဖြစ်လေသည်။ ကလေးများက ကလေးဖြစ်ကြသည့် အကြောင်းပြချက်မှာ သူတို့က နားမလည်သလို သူတို့ခေါင်းထဲတွင် ထိုကဲ့သို့ အတွေး မရှိ၍ပင်။ 


ထိုအချိန်တွင် လင်းဖေးက ၄င်းကို ကောင်းကောင်း နားလည်ကာ အလွန်ကျိူးကြောင်းဆီလျော်အောင် နေထိုင်ကြီး သူ့၏ ကိုယ်ပိုင် အတွေးအမြင်များ ရှိလေသည်။ 


သို့ဖြစ်၍ သူက လူကြီးလေးတစ်ယောက်ကဲ့သို့ သည်းခံတတ်ရန် စောစော သင်ယူထားလေသည်။ 


လင်းလော့ချင်းက ကျေနပ်ကာ သူ့ကို ဂုဏ်ယူဝင့်ကြွားမိလေသည်။ သူက သော့ပေါ်မှ ကျားကလေးကို ငုံ့ကြည့်လိုက်သည်။ ရှောင်ဖေးဖေးမှာ အမှန်ပင် ဉာဏ်ကောင်းကာ ညင်သာသော ကျားကလေးတစ်ကောင်းပင်။ 


သူက ဤကျားကလေးအတွက် အမြဲတမ်း ဂုဏ်ယူနေမည် ဖြစ်သည်။ 


လင်းလော့ချင်းက အထုတ်ပြင်ရန် သူ့အခန်းသို့ ပြန်သွားလိုက်သည်။