အပိုင်း ၂၉၆
Viewers 87k

Chapter 296 




ကစားကွင်းသို့မလာမီတွင် ကျိယွီရှောင်မှာ သူ့၏ ချစ်သူလေးမှာ အတန်ပင် အကြောက်အလန့်မရှိဟု အမြဲလိုလို ခံစားရသည်။ ကစားကွင်းသို့လာပြီးနောက် သူက သရဲကြောက်သည်ကို ကျိယွီရှောင်က နားလည်သွား၏။ 


သေချာ တွေးကြည့်သည့်အခါ လင်းလော့ချင်းမှာ မည်သည့်အခါမှ သရဲကား မကြည့်ခဲ့ဖူးပေ။ 


ကျိယွီရှောင်က သူ့ကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်လာရာ လင်းလော့ချင်းက တည်ငြိမ်ဟန်ဆောင်နေသော်လည်း သူ့လည်ပင်အား ကျုံ့ထားလိုက်သည်။ သူ့အား သရဲအိမ်ထဲသို့ ဆွဲခေါ်သွားမည်ကို ကြောက်ရွံ့နေလေသည်။ 


ကျိယွီရှောင်က သူ့၏ သနားစဖွယ် သွင်ပြင်ကြောင့် စိတ်ပျော်လာတော့သည်။ 


"တခြားတစ်ခုနဲ့ပြောင်းလိုက်တော့... ငါ သရဲအိမ်လိုမျိုးဟာတွေ ကစားရတာပျင်းလာပြီ..."

သူကဆိုလိုက်သည်။ 


လင်းလော့ချင်းက ထိုစကားများကိုကြားရာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် အဲ့ဒါက အရမ်း ပျင်းစရာကောင်းလွန်းတယ်..."


ရှောင်လီ - ...မဖြစ်ဘူး... ပါးပါးတို့က စိတ်မဝင်စားဘူးလား... နှမြောစရာကြီး...


ရှောင်လီက ဒေါသကြီးဟန်ဖြင့် စကားရိပ်သန်းနေသော်လည်း သူမည်မျှပင် စကားရိပ်သန်းနေပါစေ လင်းလော့ချင်းက မလှုပ်မယှက်ပင်။ ကျိယွီရှောင်သည်လည်း နားမလည်ချင်ယောင် ဆောင်နေရာ သူတို့မှာ သရဲအိမ်ကို သုံးကြိမ်တိုင်တိုင် မဝင်ပဲ ဖြတ်သွားရ၏။ 


အတန်ကြာပြီးနောက် သူတို့က ရေလွှာလျှောများရှေ့သို့ရောက်လာကြသည်။ 


ရှောင်လီ - ...ကောင်းပြီလေ... ဧကရာဇ်က မိန်းမစိုးလေးကို သတ်ဖို့အလျင်မလိုပါဘူး... သူတို့နှစ်ယောက်က သရဲအိမ်နဲ့ မဆော့ချင်မှတော့ ထားလိုက်ပါတော့...


နစ်နာသွားတာ သူမှမဟုတ်တာ... အဲ့ဒါ သူတို့ သခင်လေးပဲလေ...


သူက ထိုသို့ တွေးလိုက်ရာ သုန်မှုန်နေသော ကျိယွီရှောင်က သူ့ကို လှမ်းကြည့်လိုက်သည်။


ကျိယွီရှောင် - ...မင်းက ငါ့မိန်းမ သရဲကြောက်တယ်ဆိုတာကို ဘာလို့ မမြင်နိုင်ရတာလဲ...


တုံးလိုက်တာ...


လုံးဝကို ဉာဏ်မကောင်းချက်ပဲ...


လင်းလော့ချင်းက သူ့နောက်မှ မျက်လုံးချင်း ဆုံနေခြင်းကို အာရုံမစိုက်ပဲ ရေလွှာလျှောများကို ညွှန်ပြကာ ကျိယွီရှောင်ကို ပြောလိုက်သည်။ 

"ငါဒါကြိုက်တယ်... ဒါလေး... ဒါလေး... ဒါလေး ကစားကြရအောင်..."


ကျိယွီရှောင်က ထုံးစံအတိုင်းပင် မငြင်းဆန်ပါချေ။ သူက ဆိုင်းဘုတ်မမြင်၍ ဝန်ထမ်းတစ်ယောက်ကို မေးလိုက်သည်။ ၄င်းက လင်းဖေးနှင့် ကျိလဲ့ယွီတို့ စီးရန်အဆင်ပြေသဖြင့် သူတို့မိသားစုလေးဦးက ရှောင်လီကို အတူတကွ ခေါ်သွားလိုက်သည်။ 


ရေလွှာလျှောစီးရခြင်း၏ စိတ်လှုပ်ရှားမှုမှာ နိမ့်ဆင်းသွားသည့် အချိန်တွင်ဖြစ်သည်။ လင်းလော့ချင်းက နိမ့်ဆင့်သွားသည့် အပိုင်းသို့ ရောက်သောအခါ မအော်ပဲ မနေနိုင်ပါချေ။ ကျိလဲ့ယွီသည်လည်း သူ့အော်သံကြားကာ လွတ်လွတ်လပ်လပ်အော်ဟစ်လိုက်သည်။ 


လင်းဖေးက အစပိုင်းတွင် ၄င်းက ကြောက်စရာကောင်းသည်ဟု မထင်ပေ။ ထို့နောက် သူက သူတို့နှစ်ယောက်၏ အော်သံကို ကြားရာ သူသည်လည်း လွင့်ထွက်သွားမည်ကို အနည်းငယ် စိုးရိမ်လာ၏။ ကံကောင်းစွာပင် သူတို့က မကြာမီတွင် အောက်ခြေသို့ ရောက်လာကြပြီး သူဝတ်ထားသော မိုးကာအင်္ကျီပေါ်သို့ ရေများ အများအပြား လွင့်စင်လာသည်။ 


"ငါတို့ မိုးကာအင်္ကျီ ဝတ်ထားတာ ကောင်းတယ်..."

လင်းလော့ချင်းက သက်ပြင်းချကာ သူ့ဆံပင်များကို သပ်လိုက်သည်။ 


ကျိလဲ့ယွီက အလွန်ပူးပေါင်းစွာဖြင့် ခေါင်းညိတ်ပြသည်။ 


လင်းလော့ချင်းက သူ့မျက်နှာပေါ်မှ ရေများကို သုတ်ချပြီး မေးလိုက်သည်။

"သား ထပ်ဆော့ချင်လား..."


ကျိလဲ့ယွီက ထပ်မံ ခေါင်းညိတ်လိုက်သည်။

"ဟုတ်..."


သူတို့က ဝင်ပေါက်သို့ ပြန်လာကာ ထပ်ကစားလိုက်သည်။ 


ငါးကြိမ်ဆက်တိုက် ကစားပြီးနောက် လင်းလော့ချင်းနှင့် ကျိလဲ့ယွီတို့က နောက်ဆုံးတွင် ကစားလို့ဝသွားပြီး jungle racing ride ကစားရန် ထွက်လာကြသည်။ 


ရိုလာကိုစတာနှင့် ယှဉ်ပါက jungle racing ride မှာ များစွာ ပိုသေးပြီး မတ်စောက်မှုကလည်း ပို၍ ချောမွေ့သည်။ လင်းလော့ချင်းက ၄င်းမှာ စိတ်လှုပ်ရှားစရာ မကောင်းဟု ခံစားရပြီး ရိုလာကိုစတာ စီးချင်နေ၏။ 


ကျိလဲ့ယွီက လက်မြှောက်ကာ သူလည်း စီးချင်သည်ကို ဖော်ပြလာသည်။


လင်းလော့ချင်းမှာ သူက အလွန်ငယ်ရွယ်ကာ အရပ်မရှည်၍ အန္တရာယ်မကင်းမည်ကို စိုးရိမ်နေလေသည်။ သို့ဖြစ်၍ သူက လင်းဖေးနှင့် ကျိလဲ့ယွီ စီးနိုင်သော ရိုလာကိုစတာ အသေးလေးတစ်ခုကို ရွေးချယ်လိုက်သည်။ 


ရိုလာကိုစတာ စတင်သည့် အခိုက်အတန့်တွင် သူနှင့် ကျိလဲ့ယွီတို့က စိတ်လှုပ်ရှားစွာ ထပ်မံ အော်ဟစ်လိုက်သည်။ 


လင်းဖေးနှင့် ကျိယွီရှောင်တို့က တစ်ဦးနှင့်တစ်ဦးကြည့်လိုက်သည်။ သူတို့က ဤအကြီးအငယ်အတွဲနှင့် အတန်ပင် အသားကျနေလေပြီ။ 


လင်းဖေးက သက်ပြင်းချလိုက်သည်။ 

သူတို့နှစ်ယောက်က တကယ်ပဲ အော်လည်း အော်နိုင်တယ်... 


ကျိယွီရှောင်က ပြုံးလိုက်သည်။ 

သူ့မိန်းမနဲ့ သားက အတော်လေး လိုက်ဖက်ညီတာပဲ...


၄င်းမှာ လင်းလော့ချင်းနှင့် ကျိလဲ့ယွီတို့က ကစားရသည်ကို ပင်ပန်းလာပြီး merry-go-round သွားစီးလိုက်သည့် အချိန်အထိပင်။ 

ဤတစ်ကြိမ်တွင် ကျိလဲ့ယွီက ကျိယွီရှောင်နှင့် မထိုင်ပါပေ။ သူက လင်းလော့ချင်းနှင့် ထိုင်ပြီး လင်းဖေးက ကျိယွီရှောင်နှင့် ထိုင်၏။ 


ကျိယွီရှောင်က လင်းဖေးကို ကြည့်ကာ မေးလိုက်သည်။

"မင်း ဒီလိုထွက်ပြီး ကစားရတာ ကြိုက်လား..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။


သူက ဆော့ကစားခြင်းတွင် မည်သည့်အခါမှ စိတ်မဝင်စားခဲ့သော်လည်း သူတို့မိသားစုလေးဦးအဖြစ် ထွက်လည်ရသည်ကမူ ရှားပါးပြီး သူ့အတွက် မြတ်နိုးစရာ အတွေ့အကြုံတစ်ခုဖြစ်သည်။ 


၄င်းမှာ သူတို့မိဘများနှင့် ထွက်ဆော့ကြပြီး ကစားရသည်ကို ပင်ပန်းလာ၍ မိဘများနှင့် အိမ်ပြန်သွားသည့် TV ထဲမှ ကလေးများကဲ့သို့ပင်။ 


လင်းဖေးက သူ့ဆီသို့ လှည့်ကာ မေးလိုက်သည်။ 

"ဒယ်ဒီ ခြေထောက်တွေ မသက်မသာဖြစ်သေးလား..."


ကျိယွီရှောင်က ခေါင်းခါပြလိုက်သည်။ 

"သား ပျော်ရဲ့လား..."


"ပျော်တယ်..."

လင်းဖေးက သူ့ကို ပြုံးပြလိုက်သည်။ 


သူက အလွန်ပျော်ရွှင်နေသည်ဟု ခံစားရပြီး သူ့မိသားစုနှင့် ကစားရသည်မှာ အလွန်ပျော်စရာကောင်း၏။ 


ကျိယွီရှောင်က သူ့ကို ဖက်ထားလိုက်သည်။ အနီးနားတွင် ရှောင်လီက ကင်မရာကို ကိုင်ထားပြီး သူနှင့် လင်းဖေးကို ချိန်ထားသည်။  

သူက လင်းဖေးကို ကြည့်ပြီး လက်နှစ်ချောင်းထောင်လိုက်သည်။ 

"ဖေးဖေး... ကင်မရာကို ကြည့်လိုက်..."


လင်းဖေးက ရှောင်လီကို လှမ်းကြည့်လိုက်သည်။ ရှောင်လီက ချက်ချင်းပင် ခလုပ်ကိုနှိပ်ကာ ဓာတ်ပုံရိုက်လိုက်သည်။ 


လင်းဖေးက တိတ်တဆိတ် ပြုံးနေလိုက်သည်။ သူ့တွင် စိတ်ကျေနပ်သော ခံစားချက်ရှိနေပြီး ၄င်းကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပေ။ 


သူက သူ့နောက်မှရယ်သံများကို ကြားလိုက်ပြီး ၄င်းက လင်းလော့ချင်းနှင့် ကျိလဲ့ယွီဖြစ်သည်။ သူက နောက်လှည့်ကြည့်လိုက်ရာ လင်းလော့ချင်းက ကျိလဲ့ယွီကို ဖက်ထားပြီး တောင်ပံနှင့် ပျံနေသော မြင်းတစ်ကောင်ပေါ်တွင် ထိုင်နေလေသည်။ သူတို့က ရှောင်လီ၏ ကင်မရာကို မျက်နှာမူပြီး တောက်တောက်ပပ ပြုံးနေကြသည်။ 


လင်းဖေးက ရုတ်တရက် ဤသည်က အလွန်ကောင်းမွန်သည်ဟု ခံစားလာရသည်။ 


သူက အလွန်ပျော်နေကာ လင်းလော့ချင်းနှင့် ကျိလဲ့ယွီသည်လည်း အလွန်ပျော်ရွှင်နေကြသည်။ သူက ခေါင်းမော့ ကျိယွီရှောင်ကို မေးလိုက်သည်။


"ဒယ်ဒီပျော်လား..."


ကျိယွီရှောင်က ပြုံးပြလိုက်သည်။

"ဖေးဖေးပျော်ရင် ပျော်တာပေါ့..."


လင်းဖေး၏ နှလုံးသားထဲမှ ပျော်ရွှင်မှုက ရုတ်တရက် နောက်ထပ်တစ်ဆင့်သို့ ခုန်တက်သွားလေ၏။ ယခုတွင် ကျိယွီရှောင်သည်လည်း အလွန်ပျော်နေလေသည်။ 


ရှောင်လီ၏ ကင်မရာက သူ့ဆီသို့ ထပ်မံလှည့်လာသည့်အချိန်တွင် သူက ကျိယွီရှောင်ကို မှီကာ ကင်မရာသို့ ပြုံးပြလိုက်သည်။ 


ရှောင်လီက သူ့ကို လက်မထောင်ပြပြီး လင်းဖေးအား မျက်လုံးများ ကွေးသွားသည်အထိ ပြုံးပြလိုက်သည်။ 


မိသားစုလေးဦးက merry-go-round ပေါ်တွင် ဓာတ်ပုံများစွာရိုက်ပြီး နောက်တွင် ရှောင်လီသည်လည်း သူတို့ဘေးတွင် ရပ်ကာ ဝန်ထမ်းအား သူတို့ ငါးယောက်၏ ဓာတ်ပုံရိုက်ပေးရန် ပြောလိုက်သည်။


ညရောက်သည့်အခါ သူတို့က ချားရဟတ်ပေါ်သို့ သွားလိုက်သည်။ 


မီးများထိန်လင်းကာ ချားရဟတ်၏ အပြင်မှ ကမ္ဘာကြီးက အလင်းရောင်အပြည့်နှင့် ဖြစ်နေလေသည်။ ထိုအခိုက်တွင် ချားရဟတ်အတွင်းမှ ကမ္ဘာကြီးမှာ တိတ်ဆိတ်ကာ နွေးထွေးနေလေသည်။ 


လင်းဖေးနှင့် ကျိလဲ့ယွီက အနည်းငယ် ပင်ပန်းနေသော်လည်း ပြတင်းပေါက်အရှေ့တွင် ရပ်ကာ သူတို့ခြေထောက်အောက်မှ ကမ္ဘာကြီးကို စိတ်ဝင်တစား ကြည့်နေကြသည်။ 


သူတို့အတွက် ကမ္ဘာကြီးက အလွန်ထူးဆန်းနေပြီး သူတို့က ငယ်သေးရာ အရာများစွာကို နားမလည်နိုင်ပါချေ။ သူတို့က လူကြီးများ၏ ခွန်အားအပေါ်တွင် မီီခိုရန်လိုအပ်ပြီး သူတို့က ယခုမှ မျက်လုံးပွင့်သည့် ကလေးများသာ ဖြစ်သည်။ 


သူတို့က ဤကမ္ဘာကြီးအား ထူးဆန်းကာ ပျော်ရွှင်ဖွယ် အပြုအမူနှင့် လွမ်းဆွတ်ကြသည်။ သူတို့က ပင်ပန်းနေလျှင်ပင် မျက်လုံးမခွာလိုကြချေ။ 


ကျိယွီရှောင်က သူတို့နှစ်ယောက်ကို ကြည့်ကာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ 

"ချားရဟတ်က အမြင့်ဆုံးရောက်ရင် မျက်လုံးမှိတ်ပြီး ကြယ်တွေကို ဖမ်းဖို့ လက်ဆန့်လိုက်... မင်းတို့ ဖမ်းနိုင်မယ်လို့ ပြောကြတယ်..."


လင်းလော့ချင်းက သူ့ကို မျက်မှောင်ကြုတ်ပြကာ တွေးလိုက်သည်။

"မင်းဘာတွေ လျှောက်နောက်နေတာလဲ..."


လင်းဖေးသည်လည်း ၄င်းကို မယုံသော်လည်း ကျိလဲ့ယွီက ကျိယွီရှောင်ကို အကြွင်းမဲ့ ယုံကြည်၏။

"တကယ်လား...."


"အဲ့ဒါက ခဏလေးရပ်သွားမှာ... စမ်းကြည့်..."


"ဟုတ်ပြီ..."

ကျိလဲ့ယွီက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ 


ကျိယွီရှောင်က သံသယအပြည့်နှင့် လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။

"မင်းလည်း စမ်းကြည့်လေ... မင်းလည်း ဖမ်းနိုင်ရင် ဖမ်းနိုင်မှာပေါ့..."


လင်းလော့ချင်းက တွေးတောကာ ရယ်မောလိုက်သည်။

'ငါ့ကို သုံးနှစ်ကလေးထင်နေလား... ငါ့ကို လိမ်ရတာ အဲ့လောက် မလွယ်ပါဘူး...'


"လုပ်ကြည့်ပါ..."

ကျိယွီရှောင်က သူ့ကို အကြံပေးလိုက်သည်။ 

"လုပ်ကြည့်တာက ပိုက်ဆံမှ မကုန်တာကို...."


"ဟုတ်ပါပြီ..."

လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

"လုပ်ကြည့်တာပေါ့..."


ကျိယွီရှောင် ဘာလှည့်ကွက်တွေ လုပ်နေတာလဲ သူကြည့်ချင်သေးတယ်...


သူက ချားရဟတ်မှာ အမြင့်ဆုံးရောက်ပြီး ရပ်သွားသည်ကို အကြာကြီး မစောင့်လိုက်ရချေ။ 


ကျိလဲ့ယွီက ချက်ချင်းပင် မျက်လုံးများကို မှိတ်ကာ သူ့လက်ကလေးကို ဆန့်ထုတ်လိုက်သည်။ 


၄င်းကိုမြင်ရာ လင်းလော့ချင်းသည်လည်း သူ့မျက်လုံးများကို မှိတ်ပြီး သူ့လက်ကို ခေါင်းပေါ်သို့ ဆန့်လိုက်သည်။ လင်းဖေးက နောက်ဆုံးမှ လိုက်လုပ်လိုက်သည်။ သူက ၄င်းက သေချာပေါက် မဖြစ်နိုင်၍ အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်ဟု ခံစားရသည်။


သို့သော် ကျိယွီရှောင်သူ့နားသို့ကပ်လာသောအခါ သူက တိတ်တဆိတ်မျက်လုံးမှိတ်ကာ လက်မြှောက်လိုက်လေသည်။ 


သူတို့အားလုံးက မျက်လုံးမှိတ်ထားသည်ကိုတွေ့ရာ ကျိယွီရှောင်က သူတို့ကို ချော့လိုက်သည်။ 

"မင်းတို့ အဲ့ဒါကို လက်ခံနိုင်ဖို့ ဖြည်းဖြည်းချင်း ဖမ်းရမယ်နော်..."


သူက စကားပြောနေစဉ် သူ့အိပ်ကပ်ထဲတွင် ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သော စိန်ကြယ်ပွင့်ကို ထုတ်လိုက်သည်။ သူက ကြိုးကို ခပ်မြင့်မြင့်ကိုင်ပြီး ဆွဲသီးအား ကျိလဲ့ယွီနှင့် လင်းဖေးတို့၏ လက်ကလေးများဘေးတွင် ညင်သာစွာ လှုပ်ယမ်းလိုက်သည်။ 


ကျိလဲ့ယွီက ဆွဲသီးကို ဆွဲကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

"သားမိပြီ..."


လင်းဖေးက အနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူလည်း ထိရမည်ဟု ခံစားရပေသည်။ သူက လက်ဆန့်ကာ ဆွဲလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ဖွင့်ကာ သူ့လက်ဖဝါးကို ကြည့်လိုက်သည်။ ၄င်းထဲတွင် တဖျပ်ဖျပ်လက်နေသော ကြယ်လေးတစ်ခု အမှန်တကယ် ရှိနေ၏။ 


၄င်းက စွတ်စွတ်ဖြူနေကာ အဆက်မပြတ် တောက်ပနေပြီး အလင်းများအပြည့်နှင့် အလွန်လှပကာ ကြယ်တစ်ပွင့်ကဲ့သို့ပင်။ 


လင်းဖေးက ခေါင်းမော့လိုက်ရာ ကျိယွီရှောင် သူ့ကို ကြည့်ကာ ညင်သာစွာဖြင့် 'ရှူး'ဟု လုပ်ပြလိုက်ရာ လင်းဖေးက စကား မပြောပါချေ။ သူက ခေါင်းငုံ့ကာ သူ့လက်ထဲမှ ကြယ်လေးကို ဆက်တိုက်ကြည့်နေလေသည်။ ကျိလဲ့ယွီက သူ့ဆီလာပြီး သူ့လက်မောင်းကိုမှီကာ သူ့လက်ထဲရှိ ကြယ်လေးကို ပြလိုက်သည်။ ၄င်းမှာ လင်းဖေးကဲ့သို့ အဖြူရောင် စိန်တစ်ပွင့်ဖြစ်ကာ တောက်ပပြီး လှပနေ၏။ 


လင်းလော့ချင်းက ကျိလဲ့ယွီ မိပြီဟု ပြောသည်ကို ကြားသောအခါ သူဘာမိသလဲ ဆိုသည်ကို သိချင်နေ၏။ 


သူက တကယ်ကြီး ကြယ်တစ်လုံး ဖမ်းမိတာတော့ မဟုတ်လောက်ဘူး မဟုတ်လား... 


အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...


သူက ၄င်းကို တွေးနေစဉ်မှာပင် တစ်ခုခုကို ထိမိသည်ဟု ခံစားလိုက်ရသည်။ ၄င်းက သူ့လက်ချောင်းများကြားတွင် အေးစက်နေ၏။ 


လင်းလော့ချင်းက ၄င်းကို ဖမ်းရန် လက်ဆန့်လိုက်ပြီး သူ့မျက်လုံးရှေ့တွင် ကိုင်ထားလိုက်သည်။ 


"ငါမျက်လုံးဖွင့်လို့ရပြီလား..."

သူက ကျိယွီရှောင်ကို မေးလိုက်သည်။ 


"ရပြီ..."

ကျိယွီရှောင်က ပြုံးလိုက်သည်။ 


ထိုအချိန်မှသာ လင်းလော့ချင်းက သူ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး သူ့လက်ထဲသို့ ငုံ့ကြည့်လိုက်သည်။ 


၄င်းမှာ အမှန်ပင် ကြည်ပြာရောင် ကြယ်ကြီးတစ်လုံးဖြစ်သည်။ 


လင်းလော့ချင်းမှာ အနည်းငယ် အံ့ဩသွားပြီး သူ့အား နူးညံ့ညင်သာလှသော မျက်လုံးများဖြင့် ကြည့်နေသည့် ကျိယွီရှောင်ကို မော့ကြည့်လိုက်သည်။ 


လင်းဖေးနှင့် ကျိလဲ့ယွီတို့သည်လည်း ရောက်လာကြသည်။ 


ကျိလဲ့ယွီက ခေါင်းလေးစောင်းကာ

"ပါးပါးဟာက သားတို့နဲ့မတူဘူး..."


"အဲ့ဒါက ပိုလည်း ကြီးတယ်..."


လင်းလော့ချင်းက သိလိုစိတ်များသွားသည်။ 

"သားတို့ဟာက ဘယ်လိုလေးလဲ..."


လင်းဖေးနှင့် ကျိလဲ့ယွီတို့က သူတို့လက်များ ဆန့်ထုတ်လိုက်သည်။ လင်းလော့ချင်းက သူတို့လက်ထဲမှ တောက်ပနေသော စိန်ဖြူ ကြယ်များကို မြင်ပြီး ကျိယွီရှောင်က ဒုက္ခအများကြီး ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ 


"သားတို့ဟာလည်း ကြည့်ကောင်းပါတယ်... အဲ့ဲဒါ အဖြူရောင်လေးလေ..."


"ပါးပါးဟာ ပိုကြည့်ကောင်းတယ်..."

ကျိလဲ့ယွီက စိန်ပြာကို ကြိုက်နေသည်မှာ အလွန်ရှင်းလင်းပေ၏။ 


"အဲဒါဆိုလည်း ပါးပါး သားနဲ့ လဲပေးမယ်လေ..."

လင်းလော့ချင်းက သူ့ကိုပြောလိုက်သည်။ 


ကျိလဲ့ယွီက တွေးတွေးဆဆနှင့် ခေါင်းခါလိုက်သည်။ 

"မလိုပါဘူး... သားက သေးသေးလေးနဲ့ ကလေးပဲ ရှိသေးလို့ ကြယ်သေးသေးလေးမိတာပါ... ပါးပါးက လူကြီးဆိုတော့ ကြယ်အကြီးကြီး မိတာပေါ့..."


"ပြီးတော့...."

သူက သူ့လက်ဖဝါးလေးအား လင်းဖေးနားသို့ တိုးကပ်လိုက်သည်။

"သားဟာက ကိုကိုဟာနဲ့ အတူတူပဲ... ဟိဟိ..."


လင်းဖေးက ကျိလဲ့ယွီလက်ထဲမှ ကြယ်ကို လှမ်းကြည့်ပြီးနောက် သူ့လက်ထဲမှ ကြယ်ကိုကြည့်လိုက်သည်။ ၄င်းမှာ အမှန်ပင် တစ်ပုံစံတည်းဖြစ်ရာ သူက အနည်းငယ် ပိုပျော်ရွှင်လာလေသည်။ 


ကျိယွီရှောင်က သူတို့သုံးယောက်က သူတို့လက်ထဲမှကြယ်များကို ကြည့်ရှုရန်အတူ စုနေသည်ကို ကြည့်လိုက်သည်။ သူ့ခံစားချက်မှာ ရေဝသော ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းရန် ကျေနပ်နေလေသည်။ 


သူ့အတွက် သူတို့က သူ့ဘဝတွင် မရေမတွက်နိုင်သော တောက်ပလှသည့် ကြယ်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်က သူ့ဘဝကို မွန်းမံကာ သူ့ဘဝကို တောက်ပအောင်ပြုလုပ်ပေကြသည်။ 


ကျိယွီရှောင်က လင်းဖေးနှင့် ကျိလဲ့ယွီတို့ကို့ သူတို့၏ လက်ကောက်ဝတ်တွင် ကြယ်လေးများ ကူဝတ်ပေးလိုက်သည်။ လင်းဖေးနှင့် ကျိလဲ့ယွီတို့က သူ့တို့လက်ထဲရှိ ကြယ်လေးများကို မြတ်နိုးကာ ဂရုတစိုက် ထိနေကြလေသည်။ 


လင်းလော့ချင်း၏ ကြယ်မှာ အလွန်ကြီးလှ၍ သူက ၄င်းကို လက်တွင်ရော လည်ပင်းတွင်ရောပါ မဝတ်ရဲပေ။ သူ သတိလက်လွတ်နေမိပါက ချိန်းကြိုးမှာ စိန်၏ အလေးချိန်ကို မခံနိုင်မည်ကို ကြောက်လန့်နေပေသည်။ စိန်ပြုတ်ကျသွားပါက သူ့နှလုံးသားလည်း ပြုတ်ကျသွားပေမည်။ 


ကျိယွီရှောင်က သူ့စကားများကြားပြီးနောက် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ သူက လင်းလော့ချင်းကို ထားစရာနေရာမရှိအောင် စိတ်မအေးဖြစ်နေပြီး အိပ်ကပ်ထဲသို့ပင် ထည့်သွားလို၏။


ချားရဟတ်ပေါ်မှ ဆင်းပြီးနောက် လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က လင်းဖေးနှင့် ကျိလဲ့ယွီကို ကားထဲသို့ ခေါ်သွားကာ အိမ်သို့ ပြန်လာကြလေသည်။ 


လင်းဖေးနှင့် ကျိလဲ့ယွီတို့က တစ်နေ့လုံးဆော့နေရပြီး အိပ်ချင်နေပြီဖြစ်သည်။ သူတို့က ခေါင်းနှင့် ပုခုံးကို ပူးကပ်ကာ အတန်ကြာပြီးနောက် အိပ်ပျော်သွားလေသည်။ 


လင်းလော့ချင်းက သူတို့၏ အပြစ်ကင်းသော အိပ်နေသည့် မျက်နှာများကို ကြည့်လိုက်ပြီး နှစ်ယောက်စလုံးအား စောင်ခြုံပေးလိုက်ကာ ကျိယွီရှောင်ကို တိုးတိုးလေးပြောလိုက်သည်။ 

"သူတို့ အိပ်နေကြပြီ..."


ကျိယွီရှောင်က ရှေ့သို့တိုးကာ ပြုံးလိုက်ပြီးနောက် လင်းလော့ချင်းကို ဖက်ထားလိုက်သည်။ 


သူက သူ့အိပ်ကပ်ထဲမှ စိန်ကိုထပ်ထုတ်လိုက်ပြီး လင်းလော့ချင်း၏ လက်ကောက်ဝတ်တွင် ပတ်ပေးကာ ဆွဲသီးကို သူ့လက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့ကာ လင်းလော့ချင်း၏ လက်ခုံကို နမ်းလိုက်သည်။ 


လင်းလော့ချင်းက ချက်ချင်းပင် ရှောင်လီ ရှိနေသေးသည်ဟု တွေးကာ ရှောင်လီထံသို့ ကြည့်လိုက်သည်။ 


ကျိယွီရှောင်က သူ့၏ အနည်းငယ် နီရဲနေသော ပါးလေးများကို မြင်ပြီး ခပ်ဖွဖွ ရယ်လိုက်ကာ လင်းလော့ချင်းကို ဖက်ထားလိုက်သည်။ 


လင်းလော့ချင်းက အနည်းငယ် ရှက်ရွံ့နေသော်လည်း အနည်းငယ် ချိုမြိန်ကာ ပျော်ရွှင်နေလေသည်။ 


သူက ကျိယွီရှောင်၏ လက်မောင်းကို မှီကာ သူ့လက်ကောက်ဝတ်မှ ကြယ်ကို ကိုင်ပြီး ဤအမျိုးသားက အမှန်ပင် စိတ်ကူးယဉ် ဆန်ပြီး ချစ်စရာကောင်းသည်ဟု တွေးလိုက်သည်။ 


သူက ကျိယွီေရှာင်၏ လက်ကို ကိုင်ကာ ဤသည်က သူဖမ်းမိသော အကြီးဆုံးကြယ်ကြီးဟု ခံစားလိုက်ရသည်။ 


ကျိယွီရှောင်က သူ့၏ လှုပ်ရှားမှုများကို ခံစားရပြီး သူ့လက်ကိုကိုင်ကာ လက်ချောင်းချင်း ယှက်ထားလိုက်သည်။ 


သူ့ လက်ညှိုးက လင်းလော့ချင်း၏ လက်ဆစ်များကို ပွတ်သပ်လိုက်သည်။ ကျိယွီေရှာင်က သူ့မျက်လုံးများကို အနည်းငယ် အောက်ချလိုက်ပြီး လင်းလော့ချင်း၏ ဖြူသွယ်သွယ် လက်ချောင်းများကို တည်ငြိမ်စွာ ကြည့်ကာ တွေးလိုက်သည်။ 

'အခုက လက်စွပ်အကြောင်း တွေးရမဲ့ အချိန်ပဲ...'


လင်းလော့ချင်း၏ လက်များက အလွန်လှပြီး လက်စွပ်ဝတ်ရန်အတွက် အသင့်တော်ဆုံးပင်။ 


ကျိယွီရှောင် သူ့အားပေးသည့် စေ့စပ်လက်စွပ်ဝတ်ရန်ဖြစ်၏။