Chapter 295
လင်းလော့ချင်းနှင့်ကျိလဲ့ယွီတို့ စောင့်မျှော်နေသည့်အောက်တိုဘာလက နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။
ကျောင်းဆင်းသောအခါ ကျိလဲ့ယွီက ကားပေါ်တက်လိုက်ပြီး လင်းလော့ချင်းကို မေးလိုက်သည်။
"မနက်ဖြန် သားတို့ အပန်းဖြေဥယျာဉ်သွားကြမှာမလား..."
လင်းလော့ချင်းက ကျိလဲ့ယွီကျောပိုးအိတ်ကို ချွတ်ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တာပေါ့..."
"ဒါဆို သား မနက်ဖြန် အရသာရှိတဲ့အစားအစာတွေ အများကြီးစားမယ်..."
"စားလေ..."
ထို့နောက် ကျိလဲ့ယွီ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ထပ်ပြောလိုက်သည်။
"ပါးပါး သား ဒီည အိမ်စာမလုပ်လို့မရဘူးလား..."
လင်းလော့ချင်းက လင်းဖေးကို ကြည့်ကာ ပြောလိုက်သည်။
"သားကိုကို ကို မေးကြည့်လေ..."
ကျိလဲ့ယွီ :"..."
ကိုကို့ကို မေးရမယ်တဲ့လား...ကျိန်းသေပေါက် ရမှာမဟုတ်ဘူးး...
ကျိလဲ့ယွီက စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
လင်းလော့ချင်းက မနက်ဖြန် အပြင်ထွက်ကစားရန် စီစဉ်ထားသောကြောင့် ကလေးနှစ်ယောက်ကို စောစောအိပ်ရာ၀င်ခိုင်းလိုက်ပြီး သူနှင့် ကျိယွီရှောင်သည်လည်း စောစောအိပ်ရာ၀င်လိုက်သည်။
ထိုအခါ ကျိယွီရှောင်က လင်းလော့ချင်းကို သတိပေးလိုက်၏။
"ငါတို့က အပန်းဖြေဥယျာဉ်တစ်ခုလုံးကို ဘိုကင်တင်ထားတာမလား...အဲ့တော့ ငါတို့ဘယ်အချိန်သွားသွား အဆင်ပြေတယ်..."
လင်းလော့ချင်း :'ဟုတ်သားပဲ...သူတို့ စောစောအိပ်နေစရာမှမလိုတာ...'
ကျိယွီရှောင်က လင်းလော့ချင်း၏ကြောင်အသွားသည့်ပုံစံကို ကြည့်ပြီး တွေးလိုက်သည်။
အရမ်းချစ်စရာကောင်းတာပဲ...
"ဘာပဲဖြစ်ဖြစ် ငါတို့ စောစောအိပ်ရာ၀င်နေပြီဆိုမှတော့ ဘာဖြစ်လို့ တစ်ခုခုမလုပ်ကြရမှာလဲ..."
"အိမ်မက်မက်နေလိုက်...မနက်ဖြန် အပြင်သွားရဦးမှာကို ဒီညကစားချင်နေသေးတာလား..."
ကျိယွီရှောင် ခေါင်းရှုပ်သွားလေငည်။
"ငါက နှလုံးသားချင်းစကားပြောတာကို ပြောတာပါ...မနက်ဖြန် ကစားမှာနဲ့ ဘာဆိုင်လို့လဲ..."
လင်းလော့ချင်း :"..."
နှလုံးသားချင်း စကားပြောတာလား...
"မင်းက နှလုံးသားချင်းစကားပြောတာကို ပြောချင်တာလား..."
"မဟုတ်ရင်...ချင်းချင်းက ဘာတွေးမိသွားလို့လဲဟင်..."
ကျိယွီရှောင်က အပြစ်ကင်းစင်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
လင်းလော့ချင်း :"..."
"အာ...ကျစ်ကျစ်...ချင်းချင်းက ဒီလိုလူဖြစ်လိမ့်မယ်လို့ မထင်ထားဘူး....မင်းက ကြက်ဥပြုတ်လေးပဲ...အပေါ်ယံက ဖြူစင်ပေမဲ့ နှလုံးသားက ဝါထိန်နေတာ..."
လင်းလော့ချင်း :"....."
လင်းလော့ချင်းက အလွန်ဒေါသထွက်လာပြီး တစ်ဖက်လူကို ထိုးချင်လာမိသည်။
ဘယ်သူက သူ့ကို နားလည်မှုလွဲအောင် ရှင်းရှင်းလင်းလင်း မပြောပြခဲ့တာလဲ...ကျိယွီရှောင်ကသာအထင်မှားစေမဲ့စကားတွေ ပြောခဲ့တာ မဟုတ်ဘူးလား...
လင်းလော့ချင်းက ကျိယွီရှောင်ကို အပေါ်မှ တက်ဖိလိုက်သော်လည်း ကျိယွီရှောင်က သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလာလေသည်။
"မလုပ်ပါနဲ့...မင်းခင်ပွန်းမှာ ဒီခါးလေးပဲရှိတာ..."
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်၏။
"ရပါတယ်...မင်းခါးက ကျိုးသွားခဲ့ရင်တောင် ငါ့ခါးက မကျိုးသေးဘူးလေ..."
ကျိယွီရှောင် :"..."
ကျိယွီရှောင်က ရယ်မောလိုက်ပြီး တစ်ဖက်လူ၏မျက်နှာကို ညှစ်လိုက်သောအခါ လင်းလော့ချင်းက သူ့လက်ကို လှမ်းကိုက်လိုက်သောကြောင့် ကျိယွီရှောင်က လက်ပြန်ရုတ်လိုက်သည်။
"မင်းက ပါပီလေးလား..."
"မင်းကို သေအောင်ကိုက်ပစ်မှာ..."
ထို့နောက် သူပြောသည့်အတိုင်း ကိုက်ရန် လုပ်လိုက်စဉ် ကျိယွီရှောင်က သူ့ခေါင်းနောက်ကို ဖိကာ သူ့ကို နမ်းလာလေသည်။
လင်းလော့ချင်းက တစ်ဖက်လူကို တွန်းလိုက်သော်လည်း ကျိယွီရှောင်က လက်ကို ဖမ်းဆုပ်ပြီး ဆက်နမ်းနေဆဲဖြစ်သည်။
ထို့ကြောင့် တဖြည်းဖြည်းနှင့် လင်းလော့ချင်း၏မျက်နှာနှင့်နှုတ်ခမ်းက နီရဲလာပြီး တစ်ဖက်လူ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ထိုအခါ ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး တိုးတိုးပြောလိုက်၏။
"လူဆိုးလေးပါလား...မဟုတ်ဘူးပဲ..ငါ့ရဲ့ကလေးလေးပဲ..."
ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက အနည်းငယ်ရှက်ရွံ့သွားလေသည်။
"ပါးစပ်ပိတ်ထား..."
သို့သော် ကျိယွီရှောင်က ဆက်လက်ကျီစယ်နေဆဲဖြစ်သည်။
"ကလေးလေး..."
“ပါးစပ်ပိတ်ထားပါဆို..."
ကျိယွီရှောင်က ပြုံးကာ လင်းလော့ချင်း၏နားကို နမ်းလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ပါပြီ...ငါ့ကလေးလေးက ပါးစပ်ပိတ်ထားခိုင်းမှတော့ ပါးစပ်ပိတ်ထားရမှာပေါ့..."
ထို့နောက် သူက လင်းလော့ချင်းကို တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
သူက လင်းလော့ချင်းကို အရမ်းကြိုက်တယ်....သူက လင်းလော့ချင်းကို အမြဲနမ်းနေချင်တယ်....
သူက သူ့ချစ်သူဖြစ်လာမဲ့သူအကြောင်းကို အမျိုးမျိုး စိတ်ကူးယဉ်ခဲ့ဖူးတယ်...အခု သူ့မှာချစ်ရတဲ့သူရှိလာတော့ သူ့ချစ်သူက အရမ်းချစ်စရာကောင်းလွန်းတော့ အမြဲနောက်နေချင်မိတယ်...
လင်းလော့ချင်းက တကယ်ချစ်စရာကောင်းလွန်းတယ်...
အချိန်အတော်ကြာ တင်းကြပ်စွာ ပွေ့ဖက်ပြီးနောက် ကျိယွီရှောင်က လင်းလော့ချင်းကို လွှတ်ပေးလိုက်လေသည်။
"အိပ်ကြရအောင်...မနက်ဖြန် စောစောထရဦးမှာမလား..."
"မင်းပြောတော့ စောစောထစရာမလိုဘူးဆို..."
"ဒါပေမဲ့ မင်း အရမ်းစိတ်လှုပ်ရှားနေလို့ မနက်ဖြန် စောစောနိုးလာလောက်တယ်..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ကျောပေးအိပ်လိုက်သော်လည်း ကျိယွီရှောင်က နောက်မှပွေ့ဖက်လာခဲ့လေသည်။
ထို့နောက် ကျိယွီရှောင်က မီးပိတ်လိုက်ပြီး လင်းလော့ချင်းနားနားကပ်ကာ ပြောလိုက်သည်။
"ဂွတ်နှိုက် ပေါင်ပေ့..."
လင်းလော့ချင်းက မျက်လုံးမှိတ်ကာ အိပ်လိုက်သော်လည်း မကြာမီ ကျိယွီရှောင်ဘက်လှည့်ကာ အိပ်လိုက်လေသည်။
ကျိယွီရှောင်က ယင်းကို မြင်သောအခါ မသိချင်ယောင်ဆောင်လိုက်ပြီး လင်းလော့ချင်းကို တင်းကြပ်စွာ ပွေ့ဖက်ကာ အိပ်လိုက်သည်။
*****
နောက်တစ်နေ့မနက်တွင် လင်းလော့ချင်း စောစောနိုးလာသလို ကျိလဲ့ယွီကလည်း စောစောနိုးလာလေသည်။
ကျိလဲ့ယွီက အ၀တ်အစားလဲပြီးနောက် ကျိယွီရှောင်တို့ကို သွားရှာလိုက်သည် ကျိယွီရှောင်တို့ကယူသွားမည့်ပစ္စည်းများကို ကျောပိုးအိတ်ထဲထည့်ကာ ထုတ်ပိုးပြီးသားဖြစ်သောကြောင့် ကျောပိုးအိတ်ကို ယူကာ အောက်ထပ်သို့ အတူဆင်းသွားလိုက်၏။
ကျိလဲ့ယွီနှင့်လင်းဖေးသည်လည်း အကြိုက်ဆုံး မုန့်များနှင့်သောက်စရာများကို ကျောပိုးအိတ်အသေးလေးထဲ ထည့်ကာ ထုပ်ပိုးထားကြသည်။
လင်းလော့ချင်းက ကလေးများ လေးလံနေမည်ကို စိုးရိမ်သည့်အပြင် သူနှင့်ကျိယွီရှောင်တွင်လည်းကျောပိုးအိတ်တစ်အိတ်ထဲရှိပြီး ယင်းကို ကျိယွီရှောင်လွယ်ထားသောကြောင့် ပြောလိုက်သည်။
"ပါးပါး ကိုင်ထားပေးရမလား..."
လင်းဖေးက ခေါင်းခါလိုက်သည်။
"ကျွန်တော် ကိုယ့်ဖာသာသယ်လိုက်ပါမယ်..."
ကျိလဲ့ယွီကလည်း ပြောလိုက်သည်။
"သားရောပဲ ကိုယ့်ဖာသာ သယ်လိုက်မယ်..."
"ဟုတ်ပါပြီ...လေးလာရင် ပြောကြနော်..."
"ဟုတ်ကဲ့..."
ကျိလဲ့ယွီက ပြန်ဖြေလိုက်သည်။
"ဒါဆို သွားကြတာပေါ့..."
ထို့နောက် လင်းလော့ချင်းက အရှေ့မှတက်ကြွစွာ လျှောက်သွားလိုက်ပြီး ကျိလဲ့ယွီကလည်း လင်းဖေးလက်ကို ဆွဲကာ နောက်မှတက်ကြွစွာ လိုက်သွားလိုက်လေသည်။
သူတို့အပန်းဖြေဥယျာဉ်သို့ ရောက်သောအခါ ရှောင်လီက ဓာတ်ပုံများကို ရိုက်ပေးရန် သူတို့နှင့်အတူတူလိုက်လာလေသည်။
အပန်းဖြေဥယျာဉ်က ကြီးမားသော်လည်း ၀န်ထမ်းများမှလွဲလျှင် အပြင်လူများ မရှိသောကြောင့် တိတ်ဆိတ်နေလေသည်။
လင်းလော့ချင်းက လင်းဖေးကို မေးလိုက်သည်။
"မင်း ဘာအရင်ကစားချင်လဲ..."
လင်းဖေးက ဤမျှကြီးမားလှသော အပန်းဖြေဥယျာဉ်ကြီးကို မရောက်ဖူးပေ။ လင်းလော့ရှီး သူ့ကို ခေါ်သွားဖူးသည့်အပန်းဖြေဉယျာဉ်များက ပန်းခြံထက် အနည်းငယ်သာ ကြီးခြင်းဖြစ်လေသည်။
သူက ဤနေရာကို အလွန်စူးစမ်းချင်နေပြီး လင်းလော့ချင်း၏စကားကို မှတ်မိသောကြောင့် ပြောလိုက်သည်။
"တိုက်ကား..."
"အိုကေ..."
လင်းလော့ချင်းက သဘောတူလိုက်ပြီး လူငါးယောက်အဖွဲ့က တိုက်ကားရှိရာသို့ ရောက်လာကြလေသည်။
လင်းဖေးနှင့်ကျိလဲ့ယွီက ငယ်ရွယ်သေးသောကြောင့် လူကြီးများနှင့်အတူတူထိုင်ရမည်ဖြစ်ပြီးသဘာ၀ကျစွာပင် ကျိယွီရှောင်နှင့်ကျိလဲ့ယွီက တစ်စီး၊ လင်းလော့ချင်းနှင့်လင်းဖေးက တစ်စီးဖြစ်သွားလေသည်။
ရှောင်လီကမူ ကားကို တစ်ယောက်တည်းစီးနိုင်လေသည်။
မကြာမီပင် တိုက်ပွဲက စတင်လာလေသည်။ လင်းလော့ချင်းက တိုက်ကားမမောင်းရသည်မှာ ကြာပြီဖြစ်သည့်အတွက် ကျင့်သားမရသေးစဉ် ကျိယွီရှောင်နှင့်ရှောင်လီက သူ့ကို ၀င်တိုက်သွားကြလေသည်။
လင်းလော့ချင်း :"..."
မကြာမီပင် လင်းလော့ချင်းက ကျွမ်းကျင်လာပြီး ကျိယွီရှောင်ကို တိုက်လိုက်ရာ ကျိယွီရှောင်ကရှောင်လိုက်သောကြောင့် ရှောင်လီနှင့်တိုက်မိသွားလေသည်။
ထို့နောက် သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှောင်လီထံ ပြေးသွားကြသော်လည်း ရှောင်လီက တိုက်ကားမောင်းရာတွင် အလွန်ထူးချွန်သော်လည်း သူတို့လက်မှ အမြဲလွတ်မြောက်သွားလေသည်။
ဂိမ်းကို ခေတ္တဆိုင်းငံ့ထားစဉ် လင်းလော့ချင်းက လင်းဖေးကို ပြောလိုက်သည်။
"လာ...မင်းရဲ့ကားမောင်းစွမ်းရည်ကို ပါးပါး ကြည့်ပါရစေ..."
ထိုစကားကို ကြားသောအခါ လင်းဖေးက မေးလိုက်၏။
"ဒယ်ဒီကို တိုက်ရမှာလား...ဦးလေးရှောင်လီကို တိုက်ရမှာလား..."
"မင်းတိုက်ချင်တဲ့သူကို တိုက်လို့ရတယ်..."
ထိုအခါ လင်းဖေးက ရှောင်လီကို ပစ်မှတ်ထားလိုက်သည်။
သို့သော် ဂိမ်းအစတွင်ပင် ကျိလဲ့ယွီမောင်းလာသည့်တိုက်ကားက သူ့ကို လာတိုက်လာ၏။
လင်းဖေး: :"..."
ရှောင်လီကို ထားလိုက်တော့...မသိတတ်တဲ့ ညီလေးကို အရင်ပညာပေးရမယ်...
ထို့နောက် သူက ကျိလဲ့ယွီ၏ကားဆီသို့ မောင်းသွားလိုက်လေသည်။
ရှောင်လီက ညီအစ်ကိုနှစ်ယောက်၏ရန်ပွဲကို ကြည့်နေကာ လင်းဖေးဘက်မှ ကူညီပေးလိုက်သည်။
ထိုအခါ ကျိလဲ့ယွီက ရှေ့တိုးလျှင် ရှောင်လီနှင့်တိုက်မိပြီး နောက်ဆုတ်လျှင် လင်းဖေးနှင့် တိုက်မိလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျိယွီရှောင်က ရယ်မောလိုက်လေသည်။
"သူတို့က ရက်စက်လွန်းတယ်...ငါတို့ရှောင်ယွီက ငယ်သေးလို့ အနိုင်ကျင့်နေတာပဲ..."
ထိုစကားကို ကြားသောအခါ ကျိလဲ့ယွီက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်လေသည်။
ဟုတ်တယ်...ဟုတ်တယ်...
ရှောင်လီက လင်းဖေးဘက်မှ တိုက်ပေးနေသော်လည်း နောက်တစ်ခဏတွင် လင်းဖေးက သူ့ထံဦးတည်လာလေသည်။ ထိုစဉ် ကျိလဲ့ယွီကလည်း လင်းဖေးထံ ဦးတည်လာခဲ့သည်။
လင်းဖေးက ပစ်မှတ်ထားခံလိုက်ရပြီးဖြစ်သော်လည်း တည်ငြိမ်စွာ ရှောင်ရှားနေလေသည်။
"ရှောင်ယွီ မင်းကိုကို့ကို မလိုက်နဲ့တော့...ဦးလေးရှောင်လီနောက်ကိုလိုက်...မင်းကိုကိုနဲ့ပူးပေါင်းလိုက်..."
ကျိယွီရှောင်က အကြံပေးလိုက်သည်။
ထိုအခါ ကျိလဲ့ယွီက ရှောင်လီထံသို့ ဦးတည်သွားပြီး ရှောင်လီက ရှောင်လိုက်စဉ် ထိုအကွက်ကို စောင့်နေသည့်လင်းဖေးက ၀င်တိုက်ပစ်လိုက်လေသည်။
ထို့နောက် လင်းဖေးက ပြုံးကာ လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်းက လင်းဖေး၏အပြုံးကို မြင်သောအခါ လင်းဖေး၏ခေါင်းလေးကို ထိကာ ချီးကျူးလိုက်သည်။
"ဖေးဖေးက အရမ်းတော်တာပဲ..."
လင်းဖေးက အနည်းငယ်ဂုဏ်ယူနေပြီး တိုက်ကား ဆက်မောင်းလိုက်သည်။
တစ်ဖက်တွင် ကစားလို့၀သွားသည့်ရှောင်လီက ဓာတ်ပုံများကို ရိုက်ပေးလိုက်လေသည်။
လင်းလော့ချင်းက ရှောင်လီဓာတ်ပုံရိုက်နေသည်ကို မြင်သောအခါ လင်းဖေး၏ခေါင်းပေါ်တွင် ယုန်နားရွက်လေး လုပ်ပေးလိုက်သော်လည်း လင်းဖေးက ခေါင်းကို လှည့်လိုက်သောကြောင့်ယုန်နားရွက်တစ်ဖက်နှင့်မျက်နှာတစ်ခြမ်းသာ ပေါ်တော့လေသည်။
တိုက်ကားစီးပြီးသွားသောအခါ သူတို့က ဆက်လက်သွားလိုက်ကြပြီး သရဲအိမ်ကြီးကို တွေ့လိုက်ရသည်။
ထိုအခါ ကျိလဲ့ယွီက သရဲအိမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"သား ဒီထဲ၀င်ချင်တယ်..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက လင်းဖေးကို ကြည့်လိုက်သည်။
"မင်းရော ၀င်ချင်လား..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ရှောင်ယွီနဲ့ကျွန်တော် အထဲကို မ၀င်တော့ဘူး..."
ထိုအခါ ရှောင်လီက ပြောလိုက်၏
"သခင်လေးနဲ့မစ္စတာလင်းပဲ အတူတူ၀င်ကြလေ...ကျွန်တော် ကလေးတွေကို ကြည့်ထားပေးမယ်..."
ကင်မရာကိုင်ထားသည့်ရှောင်လီက တက်ကြွစွာ အကြံပြုလိုက်သည်။
သရဲအိမ်...စုံတွဲတွေအတွက် နိဗ္ဗာန်ဘုံပဲ...အတူတူ၀င်ပြီး လက်ကိုင်ပြီး ပြန်ထွက်လာကြ...
မစ္စတာကျိတို့အတွက် ဘယ်လောက်သင့်တော်လိုက်လဲ...
ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက အမြန်ပြောလိုက်၏။
"ဒါဆို မင်းနဲ့ရှောင်လီပဲ ၀င်ကြလေ...ငါ ကလေးတွေကို ကြည့်ထားပေးမယ်..."
ရှောင်လီက ခေါင်းခါလိုက်သည်။
မဟုတ်ဘူးလေ...သရဲအိမ်လေထုကို ဖြုန်းတီးလို့ မရဘူးလေ...
ကျိယွီရှောင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"မင်း ကြောက်လို့လား..."
လင်းလော့ချင်းက ထေ့ငေါ့ပြောလိုက်သည်။
"ဘာလို့ကြောက်ရမှာလဲ...ငါ ကြောက်တာကို မြင်ဖူးလို့လား..."
"ဒါဆို ၀င်လေ..."
လင်းလော့ချင်း :"..."
ဟုတ်တယ်...သူကြောက်တယ်...
ဒါက သရဲအိမ်လေ...
ကမ္ဘာပေါ်မှာ သရဲအိမ်လိုမျိုး ကြောက်စရာကောင်းတဲ့အရာတွေ ဘာလို့ရှိနေရတာလဲ...
လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။
"ငါ ငါ့ကလေးတွေနဲ့တစ်ခဏလေးတောင် မခွဲနိုင်ဘူး..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"ဪ..."
လင်းလော့ချင်းက တကယ်ကြောက်နေတာပဲ...