အပိုင်း ၁၁၅ (final)
Viewers 32k

Chapter 115 [END]



ရလဒ်အနေနှင့် သူတို့၏ ဆက်ဆံရေးကို တစ်နှစ်လုံး ဖုံးကွယ်ထားခြင်းဖြင့်သာ အဆုံးသတ်လိုက်ရသည်။


ထိုနှစ်တွင်၊ ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံပုံက ယခင်ကထက် များစွာပြောင်းလဲခြင်းမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ရှုနဉ်က သီးခြားအခန်းများတွင် အိပ်ရန် အတင်းအကြပ် မလုပ်တော့ပေ။ အံ့ဩစရာအကောင်းဆုံးမှာ သူတို့နှစ်ယောက် အိပ်ရာပေါ်၌ အတူတူအိပ်ကြသော်လည်း နမ်းရှုံ့သည်မှလွဲ၍ အခြားအရာများ မဖြစ်ခဲ့ကြပေ။ အတန်ကြာသောအခါ ရှုနဉ် စိတ်ရှုပ်လာလေသည်။


သူက သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လျှို့ဝှက်ထားရန် အကြံပေးခဲ့သူဖြစ်သည်။ သူက ဝေ့မင်ကျန်းကို မလုပ်ရန် ဘာမှမလုပ်ရန်တောင်းဆိုခဲ့ရုံသာမက အခြားသူများရှေ့တွင် ရှိနေစဉ် အကွာအဝေးတစ်ခုကို ထိန်းထားရန် တောင်းဆိုခဲ့သူလည်းဖြစ်သည်။ သို့သော်လည်း ဝေမင်ကျန်းက အနီးအနားတွင် မည်သူမှ မရှိသောအခါတွင်လည်း ထိုကဲ့သို့ပင် ပြုမူနေခြင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။


တကယ်လို့ ငါတို့နှစ်ယောက်ရဲ့ အပြန်အလှန် ဆက်ဆံပုံက လုံးဝ မပြောင်းလဲပါရင် ချိန်းတွေ့တာဖြစ်ဖြစ် ချိန်းမတွေ့တာဖြစ်ဖြစ် ဘာများ ကွာခြားချက်ရှိလို့လဲ…


ဝေ့မင်ကျန်းက ငါ့ကို ဘယ်လိုထင်နေတာလဲ…သူက ခင်မင်ရင်းနှီးမှုကိုများ အချစ်လို့ အထင်မှားနေတာလား…အဲ့ဒါကြောင့် ငါနဲ့အတူတူ ကုတင်ပေါ်မှာ လှဲနေရင်တောင်မှ ဘာမှ မထူးဆန်းသလိုဖြစ်နေတာလား…(ရှုတော်တော်ဖြစ် နဉ် ) 


ဝေ့မင်ကျန်းတွင် ယခင်က ချစ်သူရည်းစားဆက်ဆံရေးမျိုး တစ်ခါမှ မရှိခဲ့ဘူးပေ။ ရှုနဉ်က သူအမှားလုပ်မိသွားမိခြင်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ 


သူ တကယ်ချစ်တဲ့ သူနဲ့ တွေ့သွားပြီး ငါ့ကို လမ်းခွဲချင်လာရင် ဘယ်လိုလုပ်ရမလဲ…


သူတို့က ငယ်စဉ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့ကြပြီး ခေါင်းကိုင်ညီအကိုများလည်း ဖြစ်ခဲ့ကြသည်။ သူတို့ အချင်းချင်း မကြာခဏတွေ့နေကြရသည်။


ဒီလိုသာဖြစ်သွားရင် ဘယ်လောက်တောင် အဆင်မပြေဖြစ်ကြမလဲ...


အကြိမ်ပေါင်းများစွာ စဉ်းစားပြီးနောက် မြန်မြန်ဆန်ဆန် တွဲမိသွားသည်ကို သူ နောင်တရနေမိသည်။ သူ သေသေချာချာ မစဉ်းစားခဲ့မိသောကြောင့် ယခု သူ ကျောက်တုံးနှင့် မာကျောသည့်နေရာကြားတွင် ညှပ်နေပြီဖြစ်သည်။


ရှုနဉ် လူးလိမ့်နေသည်ကို ဝေ့မင်ကျန်းသတိပြုမိသွားသည်။ 

 "ဘာဖြစ်လို့ အိပ်မပျော်တာလဲ…”


ရှုနဉ် ရပ်တန့်သွားသည်။ ထို့နောက် သူက သတ္တိမွေးပြီး မဝံ့မရဲ မေးခဲ့သည်။

 "မင်ကျန်း၊ ငါတို့ ဆက်ဆံရေးအတွက် နည်းနည်း အလျင်လိုသလိုဖြစ်နေသလား…”


မှောင်နေသည့် အခန်းက တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် ဝေ့မင်ကျန်းက မေးလိုက်သည်။

  "မင်း နောင်တရနေတာလား…”


ရှုနဉ်ထိတ်လန့်သွားသည်။ သူအဖြေကို မပြောရသေးမီ ဝေ့မင်ကျန်းက သူ့ခေါင်းကို ပုတ်ပေးပြီး ပြောလိုက်သည်။

"သိပ်အများကြီးမစဉ်းစားနဲ့တော့ …နောက်ကျနေပြီ…အိပ်တော့…”


ရှုနဉ် သူ အမှန်တကယ်ခံစားနေရပုံကို ဝေ့မင်ကျန်းအား မည်သို့ မေးရမည်မှန်းမသိသောကြောင့် မျက်လုံးကိုသာ မှိတ်ထားလိုက်သည်။ 


ဝေ့မင်ကျန်းက သူ့ဘေးမှ ဟောက်သံတိုးတိုးလေးကို ကြားနေရသော်လည်း အိပ်ချင်စိတ် ဖြစ်မလာခဲ့ပေ။


သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရင်ခွင်ထဲရှိလူ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုသူကို နှိုးမိသွားမည်ကို ကြောက်သောကြောင့် သူ့လက်ကို အမြန်ပြန်ဖယ်လိုက်ပြီး အားကိုးရာမဲ့စွာ ပြုံးလိုက်မိသည်။ 


ရှုနဉ်၏ တုံ့ဆိုင်းမှုနှင့် နောင်တရမှုက အလွန်ထင်ရှားနေသည်။ အထူးသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က သူထိုအကြောင်းကို ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။ ရှုနဉ်က တစ်ခုခုပြောရန် တွန့်ဆုတ်နေခဲ့ပြီး သူနှင့်အတူရှိစဉ်တွင်လည်း စိတ်လွင့်နေခဲ့သည်။


ဝေ့မင်ကျန်းက သူ တုံ့ဆိုင်းနေပြီး နောင်တရနေမှန်း သိသော်လည်း မသိဟန်ဆောင်ထားသည်။ ရှုနဉ်က လမ်းခွဲရန် မပြောသရွေ့ သူ မသိဟန်ဆောင်နေမည်သာဖြစ်သည်။


ရှုနဉ်တွင် နူးညံ့သိမ်မွေ့သော အကျင့်စရိုက်ရှိသည်။ သူတို့၏ ကြာရှည်နေသည့် ဆက်ဆံရေးကြောင့်သာ သူက လမ်းခွဲရန် မပြောခဲ့ခြင်းလည်း ဖြစ်နိုင်သည်။


ဝေ့မင်ကျန်းက ငှက်ကုလားအုတ်လို ဟန်ဆောင်ပြီး ခေါင်းကို သဲထဲတွင် ဖွက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ သိလည်းမသိချင်သကဲ့သို့ တွေ့လည်း မတွေ့ချင်ပေ။ သူ ရှုနဉ်နှင့်အတူတူ ဆက်နေသွားနိုင်ရန်သာ ကြိုးစားနေမိသည်။ မိမိကိုယ်မိမိ လိမ်ညာလှည့်ဖြားထားသည့် ပျော်ရွှင်မှုက အချိန်အနည်းငယ် ကြာနိုင်မည်ဟု သူမျှော်လင့်နေခဲ့သည်။ 


တစ်ဖက်လူ အိပ်ပျော်နေကြောင်း သေချာအောင် စစ်ဆေးပြီးနောက် ဝေ့မင်ကျန်းက သူ့နဖူးကို ညင်သာစွာ နမ်းလိုက်သည်။ 


*****


မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုနဉ်၏ဆယ့်ရှစ်နှစ်မြောက်မွေးနေ့သို့ ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်၏ အချစ်ရေးကို ထူထောင်ခဲ့သည်က တစ်နှစ်ကျော်ပင်ရှိနေပြီဖြစ်သည်။


ရှုနဉ်က သူ၏ဆယ့်ရှစ်နှစ်မြောက်မွေးနေ့အတွက် အစီအစဥ်ကြီးကြီးမားမားမပြုလုပ်ခဲ့ဘဲ အိမ်တွင် မွေးနေ့ပွဲကျင်းပရန် သူငယ်ချင်းကောင်း အနည်းငယ်ကိုသာ ဖိတ်ကြားခဲ့သည်။ သူက ဝေ့မင်ကျန်းနှင့်သူ့၏ဆက်ဆံရေးကို သူ့သူငယ်ချင်းကောင်းများအား ဖွင့်ပြောရန် ဆုံးဖြတ်ခဲ့သည်။


ထိုညနေခင်းတွင် သူတို့အားလုံး ထုံးစံအတိုင်း အသားကင်ဆိုင်တွင် အသားကင်စားရန် တွေ့ဆုံကြသည်။


 "လာကြ..ငါတို့ရဲ့ မွေးနေ့ရှင်လေး နောက်ဆုံးတော့ လူကြီးဖြစ်လာတာကို ဂုဏ်ပြုလိုက်ကြရအောင်…”

လုံချောင်က ချီးယား လုပ်လိုက်သည်။ 


ဝမ်ရှန်ရှန်က ပြောလိုက်သည်။

 "လာ၊ လာ၊ နောက်တစ်ခွက် ထပ်သောက်ရအောင်…”


သူတို့ နေ့ခင်းကတည်းက တစ်လှည့်ပြီးတစ်လှည့် သောက်နေကြပြီး ယခုလည်း သူတို့ ထပ်ပြီး ခွက်ချင်းတိုက်လိုက်ကြသည်။


လမ်းမပေါ်တွင် ဆူညံနေပြီး အသားကင်နံ့များဖြင့် ပြည့်နေသည်။


ရှုနဉ်က ဘီယာနှစ်ပုလင်းသောက်လိုက်သည်။ ရုတ်တရက်၊ သူ့တွင် အဆုံးမရှိသည့် သတ္တိများ ရှိလာသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ 

 "မင်းတို့ကို ငါပြောစရာတစ်ခုရှိတယ်…”


"အေ့ ဘာလဲ…”

ဝမ်ရှန်ရှန်က နောက်ထပ် ဘီယာပုလင်းကို ဖွင့်လိုက်သည်။ လုံချောင်နှင့် စုန့်နျန်တို့က အသားကင်ချောင်းများစားနေကြသည်။


ရှုနဉ်က အရက်ကို အခွင့်ကောင်းယူပြီး ဗီလိန်လေး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူတို့၏ လက်နှစ်ဖက်ကို မြှောက်ပြီး ပြောလိုက်သည်။


 "ဝေ့မင်ကျန်းနဲ့ ငါ တွဲနေကြပြီ…”


"အိုး…”

ဝမ်ရှန်ရှန်က ဘီယာကို မော့သောက်လိုက်သည်။ 


လုံချောင်က သူ့မျက်နှာကိုသာ တင်းထားလိုက်သည်။ စုန့်နျန်က အထွန့်တက်လာသည်။ 

"ကြက်တောင်ပံတွေက ငါမှာထားတာလေ …ကျေးဇူးပြုပြီး မင်း အရှက်ရှိပေးလို့ ရမလား…”


လုံချောင်က တုံ့ပြန်လိုက်သည်။

 "မင်းမှာထားတာတွေကို ငါစားလို့ မရဘူးလား…”


သူတို့နှစ်ယောက် ငြင်းခုံနေချိန်တွင် ဝမ်ရှန်ရှန်က နောက်ဆုံးကြက်တောင်ပံကို ယူလိုက်သည်။


ရှုနဉ် "..." 


သူတို့ သုံးယောက်က သူ့ပြောလိုက်သည်ကို မကြား ဟု သံသယဝင်သွားသောကြောင့် သူ့ကိုယ်သူ အားလျော့စွာ ပြန်ပြောလိုက်သည်။ 

 "ဝေ့မင်ကျန်းနဲ့ ငါ အတူတူရှိနေကြတာ...ငါတို့ ချိန်းတွေ့နေကြပြီ…”


“ဒါက စကားတွေကို ဖြုန်းတီးတာပဲ မဟုတ်လား…”

လုံချောင်က မပျော်ရွှင်ဟန်ဖြင့် ပြောလိုက်သည်။


"မင်းတို့နှစ်ယောက် တွဲနေတာကြာပြီမဟုတ်လား…”


ရှုနဉ် ထိတ်လန့်သွားသည်။

 "မင်းသိပြီးပြီလား…”


ဝေ့မင်ကျန်းကိုကြည့်ရန် မသိစိတ်မှ သူ့ခေါင်းကို လှည့်လိုက်မိသည်။


ရှုနဉ်၏ ရုတ်တရက်ထုတ်ပြောလိုက်မှုကြောင့် အံ့ဩသွားသည့် ဝေ့မင်ကျန်းလည်း စိတ်အခြေအနေ ပြန်ကောင်းလာသည်။ သူ့စိတ်လှုပ်ရှားမှုကို ဖယ်ရှားလိုက်ပြီး အပြစ်ကင်းစင်ကြောင်း အမြန်ကြေညာလိုက်သည်။ 

“ငါ သူတို့ကို ပြောခဲ့တာ မဟုတ်ဘူး…”


"အလယ်တန်းကျောင်းပြီးကတည်းက မင်းတို့တွဲနေတာ မဟုတ်ဘူးလား…”

စုန့်နျန်က ပြောလိုက်သည်။ 


ရှုနဉ် တစ်ဖန် အံ့သြသွားပြန်သည်။ 


"အဲ့အချိန်တုန်းက ငါတို့ မတွဲရသေးပါဘူး..."


“ဒါဆို မင်းတို့ အထက်တန်း ပထမနှစ်မှာ တွဲခဲ့တာလား..”

လုံချောင်က မေးလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် အဲဒါက နီးစပ်ပါတယ်... မင်းတို့က အမြဲတမ်း အရမ်းရင်းနှီးခဲ့ကြတာပဲလေ အချိန်လေးပဲ လိုတော့တာပဲ…မင်းတို့ကောင်တွေ အမြဲတမ်းလိုလို အရိပ်အမြွက်ပြနေခဲ့တာပဲမလား…”


 "အရိပ်အမြွက်လား…ဘာအရိပ်အမြွက်လဲ…” 

ရှုနဉ် အံသြသွားသည်။ ဝမ်ရှန်ရှန်လည်း အံ့အားသင့်သွားသည်။ 


"မင်း ပေကျင်းက ပြန်လာကတည်းက မင်ကျန်းကောအကြောင်း အမြဲပြောနေတာလေ …သူက ဘယ်လောက်တောင်တော်တယ်… ဘယ်လောက် အံ့သြစရာကောင်းတယ်….မင်းကို ဆက်ဆံပုံက ဘယ်လောက်ကောင်းတယ်…မင်းနဲ့ ဘယ်လောက်တောင်ရင်းနှီးတယ် ဆိုတာကို မင်းအမြဲပြောနေတာလေ…မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အရိပ်အမြွက် ပြနေတာ မဟုတ်ဘူးလား…”


ရှုနဉ်: "..." 


ရှုနဉ် : “အဲ့လို မဟုတ်ဘူး..." 

သူ့အသံက အနည်းငယ် အားနည်းသွားသည် ။ 


"မင်းတို့က အဲ့လို ဖြစ်နေတာတောင်မှ ချိန်းတွေ့တာမဟုတ်ဘူးဆိုရင်တော့ တော်တော့်ကို ထူးဆန်းနေပြီ….”

ဝမ်ရှန်ရှန်က ပြောသည်။


ကျန်သည့်လူနှစ်ယောက်က ခေါင်းညိတ်ပြလိုက်သည်။


ရှုနဉ် အံ့ဩပြီး ရှက်သွားသည်။ ဝေ့မင်ကျန်းကို လှည့်ကြည့်လိုက်သောအခါ သူက သူ့ကို ပြုံးပြုံးလေး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


"ငါမရှိတုန်း မင်း သူတို့ရှေ့မှာ ငါ့ကိုချီးကျူးနေတာ ပေါ်လာပြီပဲ…”


ရှုနဉ် ရှက်သွားသည်။ သူ့အရှက်ကို ဖုံးကွယ်ရန် ဘီယာတစ်ခွက်ကို အမြန်သောက်လိုက်သည်။ 


 သူ့သတ္တိများ ထွက်မလာမီ စုစည်းရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသော်လည်း အခြားသူများက သူနှင့်ဝေ့မင်ကျန်းတို့ အတူတူရှိနေကြပြီဟု ကောက်ချက်ချပြီးနေကြပြီ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန်တို့က သူတို့နှစ်ယောက်ကြားတွင် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိနေပြီးဖြစ်သည်။ 


ချိုက်ချိုက်နဲ့ ပါးပါးရှုတို့ကရော သိနေပြီးကြလောက်ပြီလား…ဘာမှ သတိမထားမိခဲ့တာရော ဖြစ်နိုင်ပါ့မလား…


ရှုနဉ် စိတ်ကောင်းဝင်နေသောကြောင့် အရက်အလွန်အကျွံသောက်မိသွားသည်။ သူ့ဦးနှောက်က အရက်ကြောင့် လုံးလုံးရှုပ်ထွေးနေသည်။ 


ဝေ့မင်ကျန်းက သူ့ကို ကားပေါ်တင်ပေးပြီး သူ့အခန်းထဲကို ပြန်ခေါ်သွားကာ အိပ်ရာပေါ် သို့ ညင်သာစွာ တင်ပေးလိုက်သည်။ 


သူ ထသွားခါနီးတွင် ရှုနဉ်က သူ့အဝတ်အစားများကို ဆွဲကိုင်လိုက်ပြီး အော်လိုက်သည်။

"ဝေ့မင်ကျန်း … ဒီတစ်ချိန်လုံးမှာ မင်း ဘာလို့ ငါ့ကို မထိသေးတာလဲ... ငါက မင်းရဲ့ရည်းစားဟုတ်လား မဟုတ်ဘူးလား… "


အဝတ်အစားများလဲတော့မည့် ဝေ့မင်ကျန်းက အံ့အားသင့်သွားသည်။ ရှုနဉ်က ဝေ့မင်ကျန်း၏ ကော်လာကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများ တဖြည်းဖြည်းချင်း နီလာသည်။


 "မင်းငါ့ကို လုံးဝမကြိုက်ဘူးလား…”


"ငါအခု မင်းကိုပြောနေတာ..မင်းငါ့ကိုစွန့်ပစ်လို့မရဘူး…ငါဒီနေ့ ဗီရိုထဲကထွက်(gayဖြစ်ကြောင်းထုတ်ပြော)လာပြီးပြီ… မင်းငါ့ကို စွန့်ပစ်ရင် ဒီသူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဆက်နေဖို့တောင်မစဉ်းစားနဲ့…”


"မနက်ဖြန်...မနက်ဖြန်ကျရင် ငါ့မိဘတွေကို ထုတ်ပြောလိုက်တော့မယ်…ငါတို့အတူတူတွဲနေကြပြီဆိုတာ သူတို့ကို ထုတ်ပြောလိုက်တော့မှာ…မင်းသာ ငါနဲ့လမ်းခွဲရင် မင်းမှာ ခေါင်းကိုင်မိဘတွေပါ ရှိတော့မှာမဟုတ်ဘူး…”


သူက ဝေ့မင်ကျန်းကို အချိန်အတော်ကြာ ဟောက်ဟမ်းဆူပူပြီးနောက် ရုတ်တရက် တိုးတိုးလေး ငိုချလိုက်သည်။ သူ့အသံက နူးညံ့နေသည်။


"တစ်ခြားသူကို မချစ်ပါနဲ့ ...ဟုတ်ပြီလား…”


ဝေ့မင်ကျန်းရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။


သူ့နှလုံးသားက ပျော့ပျောင်းသွားကာ ရှုနဉ်၏ မျက်နှာကို ကိုင်ပြီး ပြောလိုက်သည်။ 

"မင်းဘာတွေပြောနေတာလဲ…ငါမင်းကို ချစ်တယ်…တခြားတစ်ယောက်ကို ချစ်မိမှာ မဟုတ်ဘူး…”


"တကယ်လား…”


"တကယ်လား…”


ရှုနဉ်က မယုံခဲ့ပေ။ 

"ဒါဆို မင်းဘာဖြစ်လို့ ငါ့ကိုမထိရတာလဲ…”


ဝေ့မင်ကျန်း သူမျက်ခုံးမွှေးကို ပွတ်သပ်လိုက်သည်။ သူက ရှုနဉ်၏ မျက်နှာပေါ်ရှိ တုံးအသည့်အမူအရာကို ကြည့်ရင်း သူ အားကိုးရာမဲ့သလို သက်ပြင်းချလိုက်သည်။

“ မင်းကပဲ ငါ့ကို ဘာမှမလုပ်ဖို့ ပြောခဲ့တဲ့သူမလား…”


ရှုနဉ် ဒေါသထွက်သွားသည်။

"ဒါဆို မင်းကို ငါက ထိခွင့်မပြုရင် မင်းငါ့ကို တကယ်မထိတော့ဘူးလား…”


ဝေ့မင်ကျန်း : "..." 


သူက ရှုနဉ်၏ မျက်နှာကိုညှစ်ပြီး နားရွက်နားတွင် သူ့ခေါင်းကို မှီချလိုက်သည်။ 


"ငါ တကယ်လုပ်ချင်တာပေါ့…ငါအမြဲတမ်း လိုချင်ခဲ့တာ…”


ရှုနဉ်၏မျက်နှာက တဖြည်းဖြည်းနီရဲလာသည်။ အမှန်တွင် သူ မမူးနေခဲ့ပေ။ သူ ပြောချင်သည့်အရာ မှန်သမျှကို ပြောရဲရန် သတ္တိတစ်ချို့ကို ချေးငှားလိုက်ရုံသာဖြစ်သည်။ 


"မင်းငါပြောတာကို မယုံရင် လာပြီးစစ်ကြည့်လို့ရတယ်…" 

ဝေ့မင်ကျန်းက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အောက်နားကို ချလိုက်သည်။


ရှုနဉ် က ထိတ်လန့်စွာဖြင့် သူ့လက်ကို ဖယ်လိုက်သည်။ မူးဟန်ဆောင်ပြီး သူ့ကိုယ်သူ အိပ်ရာထဲသို့ လှဲချလိုက်သည်။


ဝေ့မင်ကျန်းက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး အဝတ်အစားတချို့ယူရန် ထလိုက်သည့်အခါ ရှုနဉ်က သူ့မျက်နှာကို စောင်ထဲတွင် မြှုပ်ထားလိုက်သည်။ ခဏအကြာတွင် သူ ရယ်မောလိုက်သည်။ 


"မင်းအဝတ်အစားတွေ လဲလိုက်ဦး…”

ဝေ့မင်ကျန်း အဝတ်အစားများနှင့်အတူ လျှောက်လာသည်။ ရှုနဉ်က မူးဟန်ဆောင်နေသည်။ 


"ရှုနဉ်..." 

ဝေ့မင်ကျန်းက သူ့ကိုလှမ်းခေါ်လိုက်သည်။


ရှုနဉ်က မတုံ့ပြန်ပေ။


 "ရှုနဉ်..."

ဝေ့မင်ကျန်းက ထပ်ပြီးခေါ်လိုက်သည်။ ရှုနဉ် မလှုပ်သေးပေ။


ဝေ့မင်ကျန်းက သူ့နားနားကိုကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။


  “ငါမင်းကို ချစ်တယ်…”



💖💖💖 ပြီးပါပြီ 


မင်မင့်အမြင်ပြောရရင်တော့ မြန်မြန်အဆုံးသတ်လိုက်သလိုပဲ 😁


Extra ရှည်ရှည် တစ်ပိုင်းကျန်ပါဦးမယ်