အပိုင်း ၁၁၂
Viewers 32k

Chapter 112

ဖွင့်ပြောခြင်း



သူသာ ဗီလိန်လေးကဲ့သို့ အိမ်စာများကို မလုပ်ဘဲ နေပါက ကျောင်းက သူ့ကို ဆူရုံသာမကဘဲ ချိုက်ချင်ကသူ့ကို ကြမ်းပြင်ပေါ် လဲကျသည်အထိ ရိုက်နှက်ခြင်းကို ခံရလိမ့်မည်။


ထိုအရာက ဗီလိန်လေးကဲ့သို့ အလွန်တရာ ဉာဏ်ကောင်းသည့် လူမဟုတ်သည့် သူ့အမှားပင် ဖြစ်သည်။


“ဒါဆို မလုပ်နဲ့လေ…”

ဝေ့မင်ကျန်းက သူ့တက်ဘလက်ကို ဘေးသို့ချလိုက်ပြီး အိပ်ယာပေါ်မှ ထလာကာ ရှုနဉ်ဆီသို့လျှောက်လာသည်။ ရှုနဉ်က အင်္ဂလိပ်စာလုံးများကို ကူးချနေသည်ကိုတွေ့သောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။


“မင်း အင်္ဂလိပ်လိုသိပြီးသား မဟုတ်ဘူးလား…ဘာလို့ စာလုံးပေါင်းတွေကို ကူးချနေရတာလဲ…”


အထက်တန်းအဆင့် စာလုံးပေါင်းများက အလွန်ပင် ရိုးရှင်းသည်။


“ဆရာမက အိမ်စာပေးထားတာလေ…”

ရှုနဉ် အကူအညီမဲ့စွာ ပြောလိုက်သည်။


“ကူးရေးနေတာကို ရပ်လိုက်တော့…ဒါက အချိန်ဖြုန်းနေတာပဲကို…”

ဝေ့မင်ကျန်းက သူ့ အိမ်စာစာအုပ်ကို လုယူလိုက်သည်။


ရှုနဉ် အမြန်ပြန်ယူလိုက်သည်။ 

"မရဘူး…အိမ်စာတွေ ပြီးအောင်လုပ်ရမယ်…မဟုတ်ရင် ဆရာက အတန်းပြင်ခေါ်ထုတ်တာခံရလိမ့်မယ်..အဲ့ဒါ ရှက်စရာကြီး…”


"ရှက်စရာကောင်းတော့ရော ဘာဖြစ်မှာမလို့လဲ…”


" ချိုက်ချိုက် သိသွားရင် ရှက်သွားလိမ့်မယ်…”


ဝေ့မင်ကျန်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် အိမ်စာစာအုပ်ကို လွှတ်ပေးလိုက်သည်။ သူ ရုတ်တရက် ရယ်မောပြီး ရှုနဉ်၏ ခေါင်းကို ပွတ်လိုက်သည်။ 

"မင်းက ဘယ်လို တစ်ကိုယ်ကောင်းဆန်ရမယ်ဆိုတာကို တကယ့်ကို မသိတာပဲ…”


"အမ်..”


ရှုနဉ်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို မော့လိုက်သည်။ ဝေ့မင်ကျန်းက သူထိုင်နေကျ ကုလားထိုင်ကို ဆွဲပြီး ထိုင်လိုက်သည်။ ထို့နောက် တက်ဘလက်ကို ဆက်ကြည့်သည်။ 

“တခြားသူတွေကို အဲလိုအမြဲတွေးပေးနေတဲ့သူတွေက ဆိုးဆိုးရွားရွားဆက်ဆံခံရတတ်တယ်…”


ရှုနဉ် မျက်ခုံးပင့်လိုက်သည်။ 

" မင်းဘာလို့ အဲ့လိုပြောရတာလဲ…”


"ဒါက အမှန်တရားပဲလေ…”


ရှုနဉ်က လက်မခံပေ။ ဝေ့မင်ကျန်းက သူ့ကို ငေးခနဲ တစ်ချက် ကြည့်လိုက်သည်။

 "ဒါပေမယ့် အန်တီချိုက် ဦးလေးရှုကျွင်းနဲ့ ရှုယန်တို့အတွက်ဆိုရင်တော့ ငါမင်းကို အပင်ပန်းခံခွင့်ပြုလိုက်မယ်…တခြားသူတွေအတွက်ဆိုရင်တော့ မင်းကို အပင်ပန်းခံခွင့်မပေးဘူး…”


"...မင်းက ဒီလောက်တောင် လွှမ်းမိုးချင်နေတာလား…”


 "ဟုတ်တယ် အမှန်ပဲ…”


ရှုနဉ် မျက်လုံးပြူးသွားသည်။ သူ ထိုကလေးကြီးနှင့်စကားဆက်မပြောချင်တော့ပေ။


ထိုအကြောင်းအရာကို ဖယ်ချပစ်ရန် ကြိုးစားနေလျှင်ပင် သူ အိပ်ယာပေါ်သို့ သွားရဦးမည်ပင်။


ဝေ့မင်ကျန်း အိပ်ယာပေါ်သို့ တက်သွားလိုက်ပြီး အချိန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“မနက်ဖြန်မှပဲ မင်းအိမ်စာကို လုပ်တော့ ဟုတ်ပြီလား..”


အမှန်ပင် နောက်ကျနေပြီဖြစ်သောကြောင့် ရှုနဉ်လည်း သူ့ဖတ်စာအုပ်များကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး အိပ်ရာပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ခုတင်ပေါ်တွင် လှဲလျောင်းနေသော လူချောလေးကိုကြည့်လျက် သူ့နှလုံးခုန်သံများ မြန်ဆန်လာ‌၍ ခေါင်းကို အမြန်ငုံ့လိုက်သည်။ အိပ်ရာခင်းပေါ်ရှိ မရှိသော အရေးအကြောင်းများကို ရှင်းထုတ်ဟန်ဆောင်(အိပ်ယာခင်းတွန့်နေလို့ ဆွဲဖြန့်ချင်ယောင်ဆောင်)လိုက်သည်။ 


ငါကပဲ ကယောင်ချောက်ချား ဖြစ်နေတာများလား…


ဗီလိန်လေးက ပို၍ပင် ရုပ်ရည်ချောမောလာပုံရသည်။ 


"အိပ်ကြရအောင်…”

ခုတင်ပေါ်မှလူက သူ့မျက်လုံးကိုပွတ်လျက် စောင်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားသည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်လိုက်သည်။


ရှုနဉ် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ကုတင်ပေါ်သို့ အမြန်တက်ကာ မီးပိတ်လိုက်ပြီး သူ့ဘေးတွင် ဂရုတစိုက် လှဲချလိုက်သည်။ 


"ငါ့နားကို တိုးအိပ်လေ…”

ဝေ့မင်ကျန်းက ရုတ်တရက် ပြောလိုက်သည့်အခါ ရှုနဉ်က ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။


"ဒီဘက်မှာနေရတာလည်း ကောင်းပါတယ်…”


"မင်းက အိပ်နေရင်းနဲ့ လှိမ့်ရတာကို ကြိုက်တယ်လေ...အိပ်ရာပေါ်က ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ…”


"ငါ မလှိမ့်ပါဘူး…”


မှောင်နေသည့် အခန်းက တိတ်ဆိတ်သွားသည်။ ဝေ့မင်ကျန်း လက်လျော့လိုက်ပြီဟု ရှုနဉ် တွေးလိုက်မိသော်လည်း ရုတ်တရက် လက်တစ်ဖက်က သူ့ခါးကို ဆုပ်ကိုင်ကာ သူ့ကို ခုတင်အလယ်သို့ အတင်းလှမ်းဆွဲလိုက်၍ ရှုနဉ် အလိုလိုရုန်းကန်လိုက်မိသည်။ 


တစ်ဖက်လူက စိတ်မရှည်ဘဲ ရှုနဉ်ကို သူ့ရင်ခွင်ထဲသို့ တည့်တည့်ဖက်ကာ သွင်းလိုက်သည်။


ရှုနဉ် “……”


သူ အေးခဲ တောင့်တင်းသွားသည်။


အသက်ရှုသံဖျော့ဖျော့ကို သူ့ခေါင်းအထက်နားမှ ကြားနေရသည်။ ရှုနဉ်၏ပါးပြင်များက နွေးထွေးတောင့်တင်းသော သူ့ရင်ဘတ်ကို ထိနေသည်။ 


ရှုနဉ်က သူ့ခေါင်းထဲတွင် မီးတောက်နေသည်ကို ခံစားလိုက်ရသည်။ သူ့နားထဲမှ မီးခိုးများပင် ထွက်လာသကဲ့သို့ပင်။ သူ ဖြောင့်ဖြောင့်တန်းတန်း မတွေးနိုင်တော့ပေ။ 


ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူတို့ တစ်ချိန်လုံး ယခုကဲ့သို့ ပွေ့ဖက်ပြီး အိပ်ခဲ့ဖူးသည်။ ထိုအချိန်ကမူ ဤအရာက ပြဿနာတစ်ခုဟု သူ အမှန်တကယ်မတွေးခဲ့မိသော်လည်း ယခုတွင်မူ အလွန်ကြီးမားသည့် ပြဿနာဖြစ်လာသည်။


ဆယ်ကျော်သက်များက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး အိပ်လေ့မရှိကြပေ။ 


ငါတို့က ကလေးတွေလည်း မဟုတ်တော့ဘူးလေ…


ဝေ့မင်ကျန်းက ထိုအရာကို ကျင့်သားရနေခြင်းကြောင့်ဖြစ်နိုင်ပြီး သူ၏ အကျင့်ဟောင်းကို မချိုးဖောက်ချင်သောကြောင့်လည်း ဖြစ်နိုင်သည်။ သူက သူတို့နှစ်ယောက် ကြီးပျင်းလာပြီး ကိုယ်ပိုင်နေရာလိုအပ်ကြောင်း နှင့် သူတို့ အလွန် နီးကပ်မနေသင့်သည်ကို မတွေးမိသောကြောင့်လည်း ဖြစ်နိုင်သည်။


ရှုနဉ် ကျောင်းကပွဲတွင် ဝေ့မင်ကျန်းက သူ့နောက်သို့ သန့်စင်ခန်းအထိ လိုက်ရန် ကြိုးစားခဲ့ပုံကို သတိရမိသွားသည်။ 


"မင်ကျန်း..." 


တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိပေ။


သူ အိပ်ပျော်သွားပြီလား….


ထိုအရာက ယုတ္တိရှိသည်။ သူ ခရီးရှည်ကြီး လျှောက်သွားပြီးနောက် ပင်ပန်းနေခြင်း ဖြစ်နိုင်သည်။


မေ့လိုက်ပါ… ထားလိုက်ပါတော့မယ်….


ရှုနဉ် က သူ့ကိုယ်သူ နှစ်သိမ့်ကာ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။ နောက်တစ်နေ့တွင် ရှုနဉ် မည်သည့်နေရာမှ မသွားဘဲ သူ့အိမ်စာများ ပြီးအောင်ကြိုးစားနေစဉ် ဝေ့မင်ကျန်းက သူနှင့်အတူ အိမ်တွင်နေခဲ့သည်။


ရှုနဉ်က သူ ချူကျိုးသို့ မည်သည့်ကိစ္စအတွက် ပြန်လာသည်ကို မသိပေ။


ငါ အိမ်စာလုပ်နေတာကိုကြည့်ဖို့ သူ ဒီကို ပြန်လာတာလား…


ဘယ်လိုတောင် ရယ်ရတာလဲ…


ထိုညတွင် သူတို့အိပ်ရာဝင်သောအခါ ရှုနဉ်က သီးခြားအခန်းတွင်အိပ်ရန် သိမ်မွေ့စွာ အဆိုပြုခဲ့သော်လည်း ဝေ့မင်ကျန်းက သူ့ကို နောက်တစ်ကြိမ် ငြင်းပယ်ခဲ့သည်။ 

"ငါက မနက်ဖြန်ပြန်တော့မှာလေ…အပင်ပန်းခံမနေနဲ့…”


ရှုနဉ်လည်း မနက်ဖြန် ဝေ့မင်ကျန်း ထွက်သွားတော့မည်ကို တွေးမိသောအခါတွင် နောင်တရသည်ဟု ခံစားလိုက်ရသောကြောင့် သူတို့နောက်တစ်ကြိမ် အတူတူ အိပ်လိုက်ကြသည်။ 


တနင်္ဂနွေနေ့တွင် သူတို့နှစ်ဦးက ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန် တို့ကို ချိန်းဆိုခဲ့သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ရှုနဉ်က ဝေ့မင်ကျန်းကို လေဆိပ်သို့ လိုက်ပို့ပေးပြီး သူထွက်သွားသည်ကို စောင့်ကြည့်ခဲ့သည်။ 


ဝမ်ရှန်ရှန်က သူနှင့်အတူ ဝေ့မင်ကျန်းကို လိုက်ပို့ပေးခဲ့ပြီး ရှုနဉ်ကို နှစ်သိမ့်ပေးလိုက်သည်။

“ကြည့်မနေနဲ့တော့လေ…မင်းသူ့ကို တကယ်လွမ်းတယ်ဆိုရင် စာကြိုးစားပြီး ပေကျင်းမှာရှိတဲ့ တက္ကသိုလ်ကို ဝင်နိုင်အောင် ကြိုးစားပေါ့...ဒါဆို မင်းတို့ အတူတူ ပြန်ရှိလို့ ရပြီပဲလေ…”


ဝမ်ရှန်ရှန်၏ စိတ်ထဲတွင် ဝေ့မင်ကျန်း အလည်လာသည်က ရှားရှားပါးပါးဖြစ်သည်။ ထိုအရာက ဝေးကွာနေကြသည့် သူငယ်ချင်းဆက်ဆံရေးမျိုးဖြစ်၍ ယခု သူထွက်သွားသောအခါ ဝမ်းနည်းသည်က သဘာဝပင်။ ရှုနဉ် ခံစားနေရသည်ကို နားလည်သောကြောင့် သူ့ကို အားပေးရန်သာ ဆက်ကြိုးစားနေလိုက်သည်။


သို့သော်လည်း ဝမ်းနည်းမှုက ကြာရှည်မခံပေ။ နောက်တစ်ပတ်တွင် ရှုနဉ် က လှမ်းခေါ်သည်။

"ဝမ်ရှန်ရှန် အသားကင်ချောင်း သွားစားကြရအောင်…”


"ဟုတ်ပြီ…”


ဝမ်ရှန်ရှန်က သူတို့သွားလေ့ရှိသော အသားကင်ဆိုင်သို့ ရောက်သောအခါ ရှုနဉ် နံဘေးတွင် ထိုင်နေသော ဝေ့မင်ကျန်းကို တွေ့လိုက်ရ၍ သူ အလွန် အံဩသွားသည်။


 "မင်း...မင်းဘာလို့ပြန်ရောက်နေတာလဲ…”

သူ ထုတ်မေးလိုက်မိသည်။


ဝေ့မင်ကျန်း က သူ့ကို ကြည့်လိုက်သည်။

"ဘာလဲ ငါလာလို့ မရဘူးလား…”


“မဟုတ်ဘူး…မဟုတ်ပါဘူး…”

ဝမ်ရှန်ရှန်၏ ဝမ်းဗိုက်က တဆတ်ဆတ်တုန်လာပြီး သူ လျင်မြန်စွာ ထိုင်ချလိုက်သည်။ လုံချောင်နှင့် စုန်နျန်တို့ လည်း အပြေးလာခဲ့ကြသည်။ 


ဝေ့မင်ကျန်းကိုတွေ့လိုက်သောအခါ သူတို့၏တုံ့ပြန်မှုက ဝမ်ရှန်ရှန်နှင့် အတော်လေးတူသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအပြည့်နှင့်ပင်။ 


"အပတ်တိုင်း ငါပြန်လာမှာ…”

ဝေ့မင်ကျန်းက ပြောလာသည့်အခါ သုံးယောက်လုံး အံ့သြသွားကြသည်။


ဝေ့မင်ကျန်းက အပတ်တိုင်း ပြန်လာမည်ဖြစ်သောကြောင့် သူတို့ သုံးယောက် ခွဲခွာရသည့်အတွက် စိတ်မကောင်းဖြစ်နေစရာ မလိုတော့ပေ။ ဝေ့မင်ကျန်းကိုလိုက်ပို့ရန်လည်း သူတို့ စိတ်မ၀င်စားတော့ပေ။ 


ဘာပဲဖြစ်ဖြစ် သူက နောက်တစ်ပတ်မှာ ပြန်လာမှာပဲလေ…ဘာလို့ သူ့ကို လိုက်ပို့နေရဦးမှာလဲ…


သို့သော်လည်း သူတို့ တဖြည်းဖြည်း နားမလည်နိုင်ဖြစ်လာသည်။ 


ဘာလို့များ ဝေ့မင်ကျန်းက အခုလိုမျိုးတွေ လုပ်နေရတာလဲ…


တကယ်ရော လိုအပ်လို့လား…


ဝမ်ရှန်ရှန်နှင့်လုံချောင်တို့ အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြသည်။


"ငါ့မှာလည်း ရည်းစားနဲ့ LDRSဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်…သူ အားတဲ့အခါတိုင်း သူ့ရည်းစားဆီကို အလည်အပတ်သွားလွန်းလို့ သူ့ကို ချီးကျူးကြတယ်လေ…ဒါပေမဲ့ သူက မင်ကျန်းကောနဲ့ ယှဉ်ရင် ဘာမှကိုမဟုတ်ဘူး…”


"ဟုတ်တယ် ငါ့မှာလည်း အပတ်တိုင်း သူ့ရည်းစားနဲ့ ချိန်းတွေ့တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်…ဒါပေမယ့် သူတို့ထဲက တစ်ယောက်က မြို့ထဲမှာနေတာ တစ်ယောက်က ဆင်ခြေဖုံးရပ်ကွက်က…တစ်ယောက်က နိုင်ငံတစ်ဖက်ခြမ်းမှာနေပြီး နောက်တစ်ယောက်က နိုင်ငံရဲ့တခြားတစ်ဖက်မှာနေပေမဲ့ အပတ်တိုင်းလာတွေ့တဲ့ အခြေအနေမျိုး ကိုတော့ တစ်ခါမှ မကြားဖူးဘူး…”


"နေပါဦး…ဥပမာနှစ်ခုစလုံးက ဝေးကွာတဲ့အချစ်ရေး(LDRS)တွေလေ…ဝေ့မင်ကျန်းနဲ့ ရှုနဉ်ကျတော့ရော ဘယ်လိုလဲ… သူတို့က အရမ်းရင်းနှီးနေကြတာလား…ညီအစ်ကိုတွေလိုမျိုးလား…”


“လူမိုက်ကောင်…သူ့အစ်ကိုနဲ့တွေ့ဖို့ အပတ်တိုင်း လေယာဉ်စီးမယ့်လူကို ငါမတွေ့ဖူးဘူး…ငါ့အစ်ကို့ကိုပဲ ဥပမာယူကြည့်…လေယာဉ်စီးပြီး လာဖို့နေနေသာသာ အိမ်မှာရှိနေတဲ့အချိန်တောင် သူက ငါ့ကိုကြည့်ဖို့စိတ်မ၀င်စားဘူး…ငါ့ကိုမြင်တိုင်း ကြိမ်းမောင်းနေတာပဲ…”


"ရှုနဉ် ငါ့ကိုပြောတာတော့ မင်ကျန်းကောက သူပြန်လာတဲ့အခါ သူ့ကို မငေါက်ပါဘူး… သူက နည်းနည်းပိုပြီး စည်းကမ်းတင်းကြပ်တာပဲရှိတယ်…နောက်ပြီး ရှုနဉ်အကြောင်းတွေသိရအောင် နေ့တိုင်းဖုန်းဆက်တာ…”


"သူတို့နှစ်ယောက် အတူတူအိပ်ကြတယ်လို့ ရှုနဉ်ပြောတာကို ငါကြားဖူးတယ်…”


“…………’.”


“………….”


အဖြောင့်ကောင် နှစ်ယောက်က ထိုကဲ့သို့သော အကြောင်းများကို မစဉ်းစားခဲ့ဖူးပေ။ သို့သော်လည်း သူတို့ ထိုအကြောင်းကို ပိုပြောမိလာသည်နှင့် တစ်ခုခု မူမမှန်သည့်ပုံပေါက်လာသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။


ခဏကြာပြီးနောက်…


ဝမ်ရှန်ရှန်ကပြောလိုက်သည်။

"နောင်ဆို ငါတို့ ရှုနဉ်နဲ့ ခပ်ခွာခွာနေဖို့ လိုမယ်ထင်တယ်…”


လုံချောင်က ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်တယ်…အခု ငါစဉ်းစားကြည့်တော့၊ ငါ ရှုနဉ်ရဲ့ ပုခုံးတွေကို ဖက်လိုက်တိုင်း မင်ကျန်းကောက ငါ့ကို အရမ်းကြောက်စရာကောင်းတဲ့အကြည့်နဲ့ ကြည့်ဖူးတယ်…ဟိုတုန်းကတော့ ဘာမှန်း ငါ မသိခဲ့ဘူး…”


ဝမ်ရှန်ရှန်ကမေးလိုက်သည်။

 "ဟေး..သူတို့ ဘယ်တုန်းက တွဲနေကြတယ်လို့ ထင်လဲ… ဘာလို့ လူသိရှင်ကြား ထုတ်မပြတာလဲ…”


လုံချောင်က သူ့ကို ရိုက်လိုက်သည်။ 

"ဒီလိုလုပ်ရတာ ဘယ်လောက်ခက်လဲမသိဘူးလား…” 


ဝမ်ရှန်ရှန်က ခေါင်းကုတ်လိုက်သည်။ 

"ငါတို့အားလုံးက အတူတူကြီးပြင်းလာကြတာပဲလေ…ငါတို့က သူတို့ကို ခွဲခြားဆက်ဆံမှာလည်း မဟုတ်ဘူး…ကျစ် ငါတို့ကို ဖုံးကွယ်ထားတယ်ဆိုတာ မယုံနိုင်ဘူး….”


လုံချောင်က ပြောလိုက်သည်။

 "ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ငါတို့ မသိသလို ဟန်ဆောင်လိုက်ကြရအောင်… သူတို့ ထုတ်ပြောဖို့ ဆုံးဖြတ်ပြီးမှပဲ ငါတို့ ဒီအကြောင်းကို ပြောရအောင်….”


"ခဏလေး…”

 ဝမ်ရှန်ရှန်က ရုတ်တရက်ပြောလိုက်သည်။ 


"ဘာဖြစ်တာလဲ…”


ဝမ်ရှန်ရှန်က သူ့ကိုယ်သူ ခေါင်းကို ပြန်ရိုက်လိုက်သည်။ 

"ငါတို့တွေ အရမ်းတုံးခဲ့တာပဲ…”


“ရှုနဉ်က ငါတို့ရှေ့မှာ မင်ကျန်းအကြောင်း အမြဲပြောပြီး အတူတူအိပ်ကြတယ်လို့တောင် ပြောဖူးတယ်… သူက သူတို့ အတူတူရှိနေကြပြီဆိုတာကို အရိပ်အမြွက်ပြောနေတာပဲ…ငါတို့က သူ့အရိပ်အမြွက်ပြတာကိုတောင် မကောက်တတ်ဘူး…ငါတို့ တော်တော်တုံးတာပဲ…”


လုံချောင်လည်း ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။ 

"မင်းမှန်တယ် ...သေစမ်း သူတို့က ငါတို့ကို တိုက်ရိုက်ပြောဖို့ ရှက်နေတာဖြစ်မယ်...အဲဒါနဲ့ ပတ်သက်ပြီး သူတို့က အရိပ်အမြွက်ပြောနေခဲ့တာပဲ…သူတို့က ငါတို့ကို အများကြီး အချက်ပြခဲ့တာ…လွန်ခဲ့တဲ့ တစ်နှစ်လောက်က မင်ကျန်း ငါ့ကို မေးခဲ့တာ မှတ်မိတယ်...ရှုနဉ် က သူ့ကို မပြောဘဲ ကောင်မလေး ရနေပြီလားတဲ့…ငါက မဟုတ်ဘူးလို့ပြောတော့ သူက အာ့ဆို ကောင်လေးရော ရှိနေပြီလားတဲ့…”


“ပြန်တွေးကြည့်မယ်ဆိုရင် သူက ကောင်မလေးတွေကို ခြောက်လွှတ်ပြီး ရှုနဉ်ရဲ့ခွင့်ပြုချက်မရပဲနဲ့ သူ့ရည်းစားစာတွေကို ဖြဲပစ်လိုက်တယ်လေ…သူ သဝန်တိုနေတာပဲဖြစ်ရမယ်…တစ်ခါက သူအဲ့လိုလုပ်နေတာကို ငါတွေ့တော့ သူက အန်တီချိုက်က သူ့ကို အဲ့လိုလုပ်ခိုင်းတာလို့ ပြောတော့ သူ့ကို သောက်ရမ်း ယုံမိသွားသေးတယ်…”


“ငါလည်း သူ့ကိုယုံခဲ့တာ…”


"ပြီးတော့ ရှုနဉ်ကလည်း အမြဲတမ်း မင်ကျန်းက ဟိုဟာ၊မင်ကျန်းက ဒီဟာဆိုပြီး မင်ကျန်းကော အကြောင်းကို အမြဲပြောနေတာလေ…မင်ကျန်းကော ဒီကိုရောက်တိုင်း သူစကားပြောတာကို ရပ်လို့ကို မရဘူး….ကျစ် ကျစ်..အခုမှပဲ ငါတွေးမိတော့တယ်…တကယ့်ကို အညှီနံ့ရ (သံသယဝင်စရာကောင်း) နေတာပဲ…”


"အတူတူအိပ်ကြသေးတယ်ကွာ… ရှုနဉ်က ဝေ့မင်ကျန်းရဲ့အခန်းက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတယ်…ဒါကြောင့် သူတို့နှစ်ယောက် အတူတူအိပ်နေကြတာတဲ့…ငါသူ့ကို တကယ်ယုံခဲ့တာ…”


"ငါလည်း ပါတယ်…အဓိက အကြောင်းရင်းကတော့ ရှုနဉ်က အဲ့ဒီအကြောင်းကို ပြောတုန်းက သဘာဝကျကျပဲလေ... သူ့အမူအရာကလည်း ပုံမှန်ဖြစ်နေတော့ ငါ အများကြီး မစဉ်းစားခဲ့မိဘူး…" 


" မင်ကျန်းကောက သူ့မိသားစုနဲ့ ပြန်ဆုံတဲ့အချိန်က ရှုနဉ်ကိုပါ သူနဲ့အတူ တကယ်ခေါ်သွားခဲ့တာ…အဲဒီအချိန်ကတည်းက ထူးဆန်းတယ်လို့ ထင်ခဲ့ပေမယ့် ဘာ့ကြောင့်လဲဆိုတာကို အတိအကျ မပြောနိုင်ခဲ့ဘူး…အခုတော့ မင်ကျန်းကောက ရှုနဉ်နဲ့ မခွဲနိုင်လို့ဆိုတာ သိသာနေပြီ…”


"အခု ရှုနဉ်က ချူကျိုးကို ပြန်လာပြီဆိုတော့ မင်ကျန်းကောက အပတ်တိုင်း အလည်လာရတာ အဓိပ္ပါယ်ရှိပါတယ်…သူနဲ့ ခွဲနေရတာကို သည်းမခံနိုင်ဘူးလေ…”


သူတို့နှစ်ယောက် အပြန်အလှန် တွေးကာပြောနေကြသည်။ နောက်ဆုံးတွင် ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့က အတူရှိနေကြပြီး သူတို့ကို ၎င်းတို့၏ဆက်ဆံရေးအကြောင်း အကြိမ်ကြိမ် အရိပ်အမြွက်ပြောခဲ့ကြသည် ဟူ၍သာ နိဂုံးချုပ်သွားသည်။ သူတို့က အလွန်ပင် ဖြောင့်နေပြီး အရိပ်အမြွက်ပြသည်ကို မသိသည့် သူ့တို့၏ အမှားသာဖြစ်၍ သူတို့အနည်းငယ် စိတ်မကောင်းသွားကြရသည်။


"အခု ငါတို့ ဘာလုပ်သင့်လဲ..."


"ငါတို့ဘာလုပ်ရဦးမှာလဲ… သူတို့တကယ် ရှင်းရှင်းလင်းလင်းထုတ်မပြဘူးဆိုတော့ အဲဒါကို လူသိရှင်ကြားမပြချင်ဘူးလို့ ဆိုလိုတာပဲလေ…ငါတို့စိတ်ထဲမှာပဲ သိဖို့လိုတယ်…”


ရှုနဉ်က ဝမ်ရှန်ရှန်နှင့်လုံချောင်ကို ထပ်မံဖိတ်ကြားလိုခဲ့သည့်အခါ ဝေ့မင်ကျန်း အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ 

"ဘာလို့ သူတို့ကို ဆက်ပြီး ဖိတ်နေတာလဲ...မင်း သူတို့နဲ့ တွေ့တာများနေပြီ မဟုတ်ဘူးလား…”


ရှုနဉ် စိတ်ရှုပ်သွားသည်။

 "အာ...မင်း သူတို့ကို မတွေ့ချင်ဘူးလား…”


ဝေ့မင်ကျန်းက သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ 


ရှုနဉ်က ဝမ်ရှန်ရှန်ကို ဖုန်းခေါ်လိုက်သည်။


ဝမ်ရှန်ရှန်က ပြောလာသည်။

 "ငါ တောင်းပန်ပါတယ်... အမေက ငါ့ကို လပြတ်ကျောင်း(ကျူရှင်)တက်ဖို့ အပ်ပေးထားလို့ ငါလာလို့မရဘူး…”


ထို့နောက် သူက လုံချောင်နှင့် စုန်နျန်တို့ကို ခေါ်လိုက်သော်လည်း သူတို့နှစ်ယောက်စလုံးက ငြင်းလိုက်ကြသည်။


ဝေ့မင်ကျန်း၏ မျက်နှာအမူအရာက ကောင်းလာသည်။ "သူတို့ အားလုံး အလုပ်ရှုပ်နေတယ်ဆိုမှတော့ ငါတို့ပဲ အတူတူ သွားကြရအောင်…”


*****


တစ်ရက်တွင် ချိုက်ချင်က ရုတ်တရက် ပြောလာသည်။ "မင်ကျန်းရဲ့ မွေးနေ့ရောက်ဖို့ နှစ်ရက်ပဲလိုတော့တယ်... ကျွန်မတို့ လက်ဆောင်တစ်ခုခုတော့ ပြင်ထားရမယ်..”


ရှုကျွင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ 

"သူက ဆယ့်ရှစ်နှစ်ပြည့်မှာပဲ နောက်ဆုံးတော့ သူ အရွယ်ရောက်လာတော့မယ်…ငါတို့ သူ့ကို ကြီးကြီးမားမား တစ်ခုခု ပေးရအောင်…”


ရှုနဉ် ရုတ်တရက် သတိရသွားသည်။ ရက်အနည်းငယ်အတွင်း ဗီလိန်လေး၏ မွေးနေ့ရောက်လာတော့မည်ပင် ဖြစ်သည်။


သူ ဗီလိန်လေး၏ မွေးနေ့ကို မေ့လုနီးပါးပင်။ အကြောင်းတစ်ခုခုကြောင့် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ 

"ဟုတ်တယ်…ဟုတ်တယ်…ကျွန်တော်တို့ သူ့ကို လက်ဆောင်အကြီးကြီး ပေးရမယ်…”


ချိုက်ချင်က ရှုယန်ကို ထမင်းကျွေးနေသည်။ 

"ပြောရရင် ငါတို့ ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်ရမလဲ…မင်ကျန်းမှာက ဘာမှ မချို့တဲ့နေဘူးလေ… ငါတို့လက်ဆောင်က အရမ်းညံ့နေလို့ မဖြစ်ဘူး…မဟုတ်ရင် ကြည့်လို့မကောင်းဘူး…”


ရှုကျွင်း သူ့အတွေးထဲတွင် နစ်မွန်းသွားသည်။ 

" သူ့ကို စာအိတ်အနီ ပေးရင်ရော…"


"မား…ထမင်း…”

ရှုယန်က သူ့ပန်းကန်လုံးကို ယမ်းလိုက်၍ ချိုက်ချင် မျက်လုံးပြူးသွားသည်။ သူမက ရှုယန်ကို ထမင်းတစ်လုတ်ကျွေးလိုက်ပြီး ရှုကျွင်းကို ပြောလိုက်သည်။

"လက်ဆောင်အဖြစ်ဆို စာအိတ်အနီတွေ ပေးရတာ မကောင်းပါဘူး…လက်ဆောင်ရွေးဖို့တောင် မကြိုးစားထားဘူးလို့ ထင်ရတယ်…”


ရှုကျွင်း ခေါင်းညိတ်လိုက်သည်။ 

“မင်း‌ပြောတာ မှန်ပါတယ်…”


ရှုနဉ်က သူတို့ပြောနေသည်ကို နားထောင်ရင်း မျက်မှောင်ကြုတ်သွားသည်။ ဗီလိန်လေး ၌ မည်သည့်

အရာမှ ချိုတဲ့မနေသည်မှာ အမှန်ပင်။ သူ့နာရီက ယွမ်တစ်သန်းကျော်တန်ပြီး အဝတ်အစားများကလည်း ယွမ်သောင်းနှင့်ချိီပြီ တန်သည်။ မဒမ်ဝေ့က သူ့ကို ရတနာလေးသဖွယ် ဆက်ဆံပေးသည်။ ထို့အပြင် ဝေ့ရှန်ဟယ့်နှင့် လီယုံးနာ့တို့ကလည်း ဗီလိန်လေးထံမှ အဆွဲဆောင်ခံထားရ၍ သူတို့က သူ့ကို အရမ်းချစ်ကြသည်။