အပိုင်း ၁၀၉
Viewers 32k

Chapter 109

ငါ့မှာ အိမ်မက်တစ်ခုရှိတယ်



ဆယ်ကျော်သက်လေးများက အသားကင်ချောင်းများ အတူတူစားသည့်အချိန်တိုင်း သူတို့၏ အိပ်မက်များကို သဘာဝကျကျပင် စတင်ပြောဆိုတတ်ကြသည်။


ဝမ်ရှန်ရှန်က ယခင်ပုံအတိုင်း ဝတုတ်လေးသာဖြစ်သည်။ သူ့လက်ထဲတွင် အသားကင်ချောင်းတစ်ခုကို ကိုင်ထားပြီး သူ့ပါးစပ်တွင် ဆီများပေကျံနေကာ အော်လိုက်သည်။ 

"ငါ ပေကျင်း ဒရမ်မာအကယ်ဒမီကို သွားတက်မယ်…”


လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ "ဘာ…”


ပေကျင်းအော်ပရာတဲ့လား….


လူတိုင်း၏ အံ့အားသင့်နေသည့် အကြည့်များနှင့် ရင်ဆိုင်နေရသည့် ဝမ်ရှန်ရှန်က ပြောလိုက်သည်။ 

"ငါ ဒါရိုက်တာလုပ်ချင်တယ်…”


"ငါတို့ကို သေအောင်ခြောက်နေတာပဲ…”

ကျန်သည့် လူသုံးယောက်က သူတို့ရင်ဘတ်ကို သူတို့ ပြန်ဖိပြီး စိတ်သက်သာရာ ရသွားကြသည်။


လုံချောင်က ပြောလိုက်သည်။

 "မင်း သရုပ်ဆောင်လုပ်ဖို့ စီစဉ်နေတယ်လို့ ငါထင်ခဲ့တာ…”


စုန့်နျန်လည်း ခေါင်းညိတ်လိုက်သည်။ 

"မင်းကို သရုပ်ဆောင်ဖြစ်ဖို့ ဘယ်သူက ယုံကြည်မှုပေးခဲ့တာလဲလို့ ငါတွေးနေတာ…ဒါရိုက်တာဖြစ်ချင်တာဆိုရင်တော့ တော်သေးတာပေါ့…”


ဝမ်ရှန်ရှန်က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။ 

"ငါရုပ်ရည်က ဘာဖြစ်နေလို့လဲ…ငါ့ရုပ်ကိုကြည့်ရတာ ဘယ်လောက်တောင် ကံကောင်းလဲ မသိဘူးလား….မင်းသားတွေက ရုပ်ချောရမယ်လို့ ဘယ်သူပြောတာလဲ…..XX နဲ့ XX ကိုကြည့်ပါလား…သူတို့နှစ်ယောက်စလုံး ရုပ်ဆိုးတယ်မဟလား…သူတို့တွေက အခုထိ အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေဝာာပဲလေ…”


“ဟုတ်ပြီ….ဟုတ်ပြီ….ဟုတ်ပြီ…..မင်းမှန်ပါတယ်…”

ရှုနဉ်က စိတ်မပါ့တပါ့နှင့် ခေါင်းညိတ်ပြလိုက်သည်။


“ငါက သူတို့နဲ့ မတူဘူး…ငါမင်းကို လုံးဝ သံသယမဝင်ဘူး…ငါမင်းကို ထောက်ခံတယ်…”


ဝမ်ရှန်ရှန်က သံသယစိတ်နှင့် မေးလိုက်သည်။

“တကယ်ကြီးလား…”


ရှုနဉ် ခေါင်းညိတ်ပြလိုက်သည်။

“တကယ်ပေါ့….”


ဝမ်ရှန်ရှန်က ရယ်ပြီး သူ့ဘီယာပုလင်းကို ကောက်ယူလိုက်သည်။ 

"လာ…နောက်တစ်ခေါက် သောက်လိုက်ရအောင်…”


လုံချောင်နှင့် စုန့်နျန်တို့ကလည်း သူတို့၏ ဘီယာပုလင်းများကို မြှောက်ကာ ချီးယားဝင်လုပ်ကြသည်။ 


"မင်းရော…မင်းရဲ့ အနာဂတ်မှာ ဘာလုပ်ချင်လဲ…”

ဝမ်ရှန်ရှန်က မေးသည်။ 


စုန့်နျန်က ခါးသက်စွာ ပြောလိုက်သည်။

"ငါ အဲဒါကို မတွေးထားမိဘူး…ငါ သိတာက တက္ကသိုလ်မတက်ရင် ငါ့မိဘတွေက ငါ့ကို အသေသတ်မှာ သေချာတယ်…”


ရှုနဉ်က ထိုအကြောင်းကို စုန့်နျန်အား စောဒကတက်ခဲ့ဖူးသည်။ စုန့်နျန်၏မိဘများက သူ၏စာလေ့လာမှုများနှင့် ပတ်သက်၍ အလွန် ဂရုတစိုက်ရှိကြသည်။ သူ့မိဘများက ဤစကားများ အမြဲပြောလေ့ရှိသည်။

( ဝမ်ရှန်ရှန်နဲ့ ရှုနဉ်က သူတို့မိသားစုတွေမှာ ပိုက်ဆံရှိလို့ တနေကုန် ဆော့နေလို့ရတယ်…ကောလိပ်မတက်ရင်တောင် အိမ်ပြန်ပြီး မိသားစုစီးပွားရေးကို အမွေဆက်ခံလို့ရတယ်…သူတို့ဘာပဲလုပ်လုပ် သူတို့မှာ အလုပ်ရှိလာလိမ့်မယ်…မင်းကျတော့ရော…အဖေနဲ့အမေက အဲဒီလောက်မစွမ်းဆောင်နိုင်ဘူးလေ…အနာဂတ်မှာ အမေတို့က မင်းကိုပဲ အားကိုးရမှာ…သူတို့က စာမလုပ်လို့ရပေမဲ့ မင်းကတော့ မရဘူးလေ…)


“အခုခေတ်မှာ ကောလိပ်တက်ဖို့က တကယ်ကို ခက်တာ….ကလေးမွေးနှုန်း လျောသွားတာကို လူတွေက အမြဲတမ်း ညည်းညူနေကြတာမလား…အဲ့လိုသာဆိုရင် ကောလိပ်တက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေလည်း နည်းလာသင့်တယ်…အပြိုင်အဆိုင်တွေလည်း ပိုပိုပြီးနည်းလာသင့်တယ်…. ဒါပေမဲ့ ငါတို့ရဲ့ပြိုင်ဆိုင်မှုတွေက ဘာလို့ ပိုပိုများလာတယ်လို့ ခံစားနေရတာလဲ…”


စုန့်နျန်က ဘီယာတစ်ငုံကိုသောက်လိုက်ပြီး ဆက်ပြောသည်။ 

"အရင်က မင်းသာကျခဲ့ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲပြန်ဖြေခိုင်းတယ်လေ ..အခုတော့ ဒီလိုလုပ်ခွင့်တောင် မပေးတော့ဘူး…”


"အဲဒါကို မေ့ထားလိုက်ပါ…ငါတို့တွေ အလယ်တန်းကျောင်းမှာကတည်းက ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ ပြန်ဖြေတာကို ရပ်တန့်လိုက်ကြပြီ…”


လုံချောင်က ဆိုလိုက်သည်။

 "တချို့ကျောင်းတွေဆို အရမ်းဆိုးတယ်လို့ ငါကြားဖူးတယ်…ကျောင်းသားတွေကို ကျမယ့် ရာခိုင်နှုန်း သတ်မှတ်ပေးပြီးတော့ အဲဒီကျောင်းသားတွေက အသက်မွေးဝမ်းကျောင်း ကျောင်းကိုပဲ တက်ရလိမ့်မယ်…ချူကျိုးမှာတော့ သိပ်မဆိုးပေမယ့် ငါတောင် အသက်မွေးဝမ်းကြောင်းကျောင်းကို တက်ဖို့နီးသွားတယ်…ဟူး…. မင်းတို့ကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါ့မိသားစုရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ငါ အဲဒီမှာပဲ လမ်းဆုံးသွားနိုင်တယ်….ကျောင်းသား တော်တော်များများက ပိုကောင်းတဲ့ အထက်တန်းကျောင်းကို တက်ဖို့ ပိုက်ဆံမရှိကြဘူး….တစ်ခါတစ်လေ ငါ သူတို့ကို တကယ်ပဲ အားနာမိတယ်…ငါက တခြားတစ်ယောက်ရဲ့နေရာကို ယူလိုက်တယ်လို့... မင်းတို့ရော ထင်လား…”


 “အဲဒီလို မထင်ပါနဲ့…”

 ဝမ်ရှန်ရှန်က သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

 “အခု မင်းတက်နေတဲ့ အထက်တန်းကျောင်းက အသက်မွေးဝမ်းကြောင်း အထက်တန်းကျောင်းနဲ့ ဘာများကွာခြားလို့လဲ….”


လုံချောင်က ဝမ်ရှန်ရှန်ကို မျက်စောင်းထိုးလိုက်သည်။ "ဒါက ဘယ်လိုနှစ်သိမ့်တာမျိုးကြီးလဲ…”


ဝမ်ရှန်ရှန်က ရယ်လိုက်သည်။


လုံချောင်က အားပျက်ဟန်ဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါက စာကျက်ဖို့ကို သိပ်စိတ်မဝင်စားဘူး…အသက်မွေးဝမ်းကြောင်းကျောင်းတက်ရရင်တောင် အရေးမကြီးဘူး….ငါ တစ်နေ့မှာ စားဖိုမှူးတစ်ယောက်ဖြစ်ချင်တယ် စားသောက်ဆိုင်ဖွင့်ချင်တယ်….”


"စားဖိုမှူးဖြစ်ဖို့လား…အဲ့ဒါ အကြံကောင်းပဲ…အဲဒါ စိတ်ဓာတ်ခိုင်မာတာပဲ…”


"ရှုနဉ် မင်းကရော…”


သုံးယောက်သား ရှုနဉ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "မင်း အနာဂတ်မှာ ဘာလုပ်ချင်လဲ…”


ထိုမေးခွန်းကို ထပ်မေးပြန်သည်။ သူ ပေကျင်းမှ ထွက်လာစဉ်ကပင် ရှုနဉ် ထိုမေးခွန်းကို တွေးနေခဲ့သည်။


ငါ ဘာဆက်လုပ်ချင်တာလဲ…


သူ၏ ယခင်ဘဝတွင် သူက အလုပ်အကိုင် နှစ်ခု ရှိခဲ့သည်။ ဘာသာစကားနှင့် ပတ်သက်ပါက သူ အတော်လေး ထက်မြက်သည်။ သူ၏ ပထမအလုပ်တွင် အခြားလူများထက် ဘာသာပြန်အလုပ်ကြောင့် ငွေအမြောက်အမြားရရှိခဲ့သည်။


သူ အလုပ်မလုပ်သည်က အလွန်ကြာပြီဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူက မနက်၉ နာရီမှ ည၈နာရီ အထိလုပ်ရသည့် အလုပ်ဝါသနာရှင်မဟုတ်ပေ။ ၉၉၆ အလုပ်ယဉ်ကျေးမှုခန့် မဆိုးသော်လည်း ထိုအရာက အလုပ်ဖြစ်နေတုန်းပင်။ (996 က အနက်9နာရီကနေ ည9နာရီအထိ တစ်ပါတ်ကို 6ရက် လုပ်ရတာပါ)


ထိုကဲ့သို့သော အလုပ်လုပ်ပြီးနောက် တစ်နေ့တာ၏အဆုံးတွင် သူ လုံးလုံးလျားလျား အားအင်ကုန်ခမ်းသွားတတ်သည်။ 


အိပ်မက်အကြောင်းပြောရမည်ဆိုလျှင် သူ့တွင် အမှန်တကယ်ပင် အိမ်မက် မရှိခဲ့ဖူးပေ။ ကူးပြောင်းမလာခင်ကဖြစ်စေ ကူးပြောင်းပြီးနောက်ပိုင်းဖြစ်စေ အရေးမပါပေ။ သူ့၌ ထိုကဲ့သို့သော ရည်မှန်းချက်မျိုး မည်သည့်အချိန်ကမှ မရှိခဲ့ဘူးပေ။ 


သူ ပိုက်ဆံရှာနေစဉ်ကပင် စိတ်ပါဝင်စားမှုမရှိပေ။ သူ့ဘဝကို ဖြတ်သန်းရန် လုံလောက်လျှင်ရပြီဟု တွေးထားခဲ့သည်။ အကယ်၍ သူသာ အမှန်တကယ်ငွေရှာပြီး လုပ်ငန်းတစ်ခုစတင်ချင်ပါက ဗီလိန်လေးနှင့်အတူရှိစဉ်က ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကို သင်ယူနိုင်မည်ဖြစ်သည်။ သူက ငတုံးတစ်ယောက် ဖြစ်နေလျှင်ပင် ဝေ့မင်ကျန်းက သူ့ပါပါးကဲ့သို့ ရင်းနှီးမြုပ်နှံမှု၏ သခင်ဖြစ်အောင် လုပ်ပေးနိုင်မည်မှာ သေချာသည်။ 


သို့သော်လည်း သူ အမှန်တကယ် ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။


ထိုအစား သူ့ကတ်ထဲတွင် ပိုက်ဆံအမြဲထည့်ပေးနေသည့်သူက ဗီလိန်လေးသာဖြစ်သည်။ သူ အားလုံးကို ပေါင်းကြည့်လိုက်ပါက ဗီလိန်လေးက သူ့ကတ်ထဲကို ယွမ်သန်းပေါင်းများစွာ ထည့်ထားပေးခြင်း ဖြစ်နိုင်သည်။ ရှုနဉ် ထိုကိစ္စအတွက် အနည်းငယ် ရှက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ငွေများကို သူ့အဖေထံ လွှဲပေးပြီး ဗီလိန်လေး၏ အကောင့်ထဲသို့ ထည့်ခိုင်းလိုက်သည်။ 


အားလုံးပြောဆိုပြီးနောက်တွင် သူက အမှန်တကယ် ဆန္ဒများများစားစား မရှိသည့်လူသာဖြစ်သည်။ အိပ်မက်နှင့်ပတ်သတ်လာပါက သူက အရှုံးသမားသာဖြစ်သည်။


 ရှုနဉ်က ဖြေလိုက်သည်။

 "ငါမသိဘူး …..ငါ့မှာ အိပ်မက်တကယ်မရှိဘူး….”


"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ….”

ကျန်သုံးယောက်က အံ့ဩသွားသည်။ 


"မင်းမှာ အိပ်မက်တွေမရှိဘူး ဆိုရင် မင်းက ပေါ့ပေါ့နေပေါ့ပေါ့စားသမားနဲ့ ဘာကွာတော့မှာလဲ…”


"ပေါ့ပေါ့နေပေါ့ပေါ့စားသမား …"ဟူသော စကားလုံးက သော့ချောင်းနှင့်တူသည်။ ထိုသော့ချောင်းက သော့ကိုဖွင့်ပြီး သူ့ "အိပ်မက်"ဟူသော စကား၏ ပတ်လည်ရှိ မြူများကို ရှင်းပစ်လိုက်သည်။ 


ရှုနဉ် ချက်ချင်း တက်ကြွသွားသည်။ သူ့ပေါင်ကို ရိုက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 


"ဟုတ်တယ်…ငါ့အိပ်မက်က ပေါ့ပေါ့နေပေါ့ပေါ့စားသမား ဖြစ်ဖို့ပဲ….”


သူ့မိဘများ အိုမင်းလာသောအခါတွင် သူက အနားမှာနေပြီး သူ့မိဘများကို ပြုစုစောင့်ရှောက်ပေးနိုင်သည်။ သူ့ညီလေးကိုလည်း စောင့်ရှောက်ရမည်။ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခုကိုသာ ရှာရလိမ့်မည်။ စားစရာအတွက် ပိုက်ဆံ အလုံအလောက် ရှိသရွေ့အဆင်ပြေသည်။ ပြီးလျှင် သူကြိုက်သည့်လူနှင့် တစ်သက်လုံး အေးအေးဆေးဆေးဘဝကို ဖြတ်သန်းမည်။


ထိုအရာက သူ့အိပ်မက်ပင်။ သူ့ အိပ်မက်ကို အကောင်အထည်ဖော်ရန်က အလွန်ရိုးရှင်းသည်။အောင်မြင်ရန် မလွယ်သည့် တစ်ခုတည်းသောအရာမှာ သူချစ်ကြိုက်နေသည့်လူက ဝေ့မင်ကျန်းဖြစ်နေခြင်းပင်။ ဝေ့မင်ကျန်းက ယောက်ျားလေးဖြစ်နေရုံသာ မဟုတ်ဘဲ သူက အဖြောင့်လည်း ဖြစ်နေနိုင်သေးကာ သူက ဝေ့မိသားစုဝင်လည်း ဖြစ်နေသေးသည်။


သူက တကယ့်ကို သောက်ရမ်း……..


****


ရှုနဉ် စာသင်ခန်းထဲသို့ ဝင်သွားပြီး သူ့အတန်းဖော်များကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျောင်းလွယ်အိတ်ကို စားပွဲခုံတွင်းသို့ ထည့်လိုက်သောအခါ တစ်ခုခုကို ခံစားလိုက်ရသည်။


သူ ကျောင်းလွယ်အိတ်ကို ထုတ်ယူလိုက်ပြီး စားပွဲခုံအတွင်းရှိ လှပစွာထုပ်ပိုးထားသော ဘူးများစွာနှင့်အတူ နူးညံ့သိမ်မွေ့သော ရည်းစားစာသုံးစောင်ကို ထုတ်ယူလိုက်သည်။ 


ထိုသို့ ရင်းနှီးသော မြင်ကွင်းကို ထပ်မြင်လိုက်ရသောအခါ ရှုနင် အနည်းငယ် လန့်သွားသည်။ အလယ်တန်းကျောင်းတွင် ဝေ့မင်ကျန်း ဖြစ်ပျက်ခဲ့သည်များကို ရုတ်တရက် ပြန်သတိရသွားသည်။ 


ထိုအချိန်က ဝေ့မင်ကျန်းမှာ သူရရှိသော ရည်းစားစာမှန်သမျှကို အမြဲလွှင့်ပစ်လေ့ရှိသော်လည်း ရှုနဉ်ကမု သူတို့၏ ခံစားချက်များကို ထိခိုက်စေမည် စိုးရိမ်သောကြောင့် ကောင်မလေးများနှင့် တွေ့ဆုံပြီး စာများကို ပြန်ပေးခဲ့သည်။


နောက်ပိုင်းတွင် ထိုအရာက သူ့ကို ဒုက္ခဖြစ်စေခဲ့သည်။ 


ရှုနဉ် သူ့လက်ထဲတွင် ရည်းစားစာတစ်စောင်ကို ကိုင်ရင်း နှုတ်ခမ်းထောင့်များက ကွေးတက်သွားကာ ပြုံးလိုက်မိသည် ။ 


သူ လွန်လွန်ကဲကဲ လုပ်ခဲ့သည်ကို လက်တွေ့က သက်သေပြခဲ့သည်။ သူက သူ့ဒုက္ခသူရှာနေခြင်းပင်။ ဗီလိန်လေး၏ ကိုင်တွယ်ပုံကသာ တစ်လျှောက်လုံး မှန်နေခဲ့သည်။


အံ့အားသင့်နေသော အတန်းဖော်များရှေ့တွင်ပင် ရှုနဉ် ရည်းစားစာကို ဆုတ်ဖြဲပစ်လိုက်သည်။ သေတ္တာလေးများထဲတွင် တန်ဖိုးရှိသော အရာများ ပါဝင်ခြင်း ရှိ၊ မရှိကို သူ စစ်ဆေးကြည့်လိုက်သည်။ ချောကလက်နှင့် ဘီစကွတ်များသာဖြစ်သည်ကို သူမြင်လိုက်သောအခါ ထိုအရာများကို အမှိုက်ပုံးထဲသို့ ရည်းစားစာများနှင့်အတူ ထည့်လိုက်သည်။ 


"ဝိုး ဒါက အရမ်းရက်စက်လွန်းတယ်…”

အတန်းဖော်များ၏ မျက်လုံးများက သူလုပ်သည်ကို မြင်သောအခါ ပြောင်းလဲသွားသည်။ တုန်လှုပ်မှု၊ ဝေဖန်မှု၊ ထောက်ခံမှုနှင့် ရှုပ်ထွေးမှုများလည်း ရှိနေကြသည်။


စာသင်ခန်းထဲရှိ ကောင်မလေးနှစ်ယောက်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူက ရည်းစားစာများကို ဖတ်ပင်မဖတ်ဘဲ လွှင့်ပစ်လိုက်သည်ကို မြင်လိုက်သောအခါ သူတို့ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။


ရှုနဉ်က မည်သည့်အရာကိုမှ ရှင်းပြမနေတော့ပေ။ သူ့ ထိုင်ခုံတွင် ပြန်ထိုင်ပြီး သူ့အိမ်စာများကို ပြန်သုံးသပ်ရန် သူ့ဖတ်စာအုပ်ကို ထုတ်လိုက်သည်။ 


သူ၏ ဘေးတိုက်ပုံစံက တောက်ပသောအလင်းရောင်အောက်တွင် ကြည်လင်ပြီး လှပနေပြီး သူ့နှာတံ၏ ဖြောင့်ဆင်းမှုက ပြီးပြည့်စုံသည်။ သူ့တွင် လူအများ၏နှလုံးခုန်နှုန်းကို အရှိန်မြှင့်ပေးနိုင်သည့် မျက်နှာတစ်ခုရှိသည်။


တစ်ယောက်ယောက်က သူ့ထံသို့ ချဉ်းကပ်လာသည့်အချိန်တိုင်း သူ မော့ကြည့်ပြီး တောက်ပသည့် အပြုံးကို ဖော်ထုတ်ပြသတတ်သည်။ သူ့အပြုံးက ပါးပြင်ပေါ်ရှိ ပါးချိုင့်လေးကို ပေါ်ထွက်လာစေသည်။ အခြားသူများမှာ ထိုသူက ရည်းစားစာများ အားလုံးကို ရက်ရက်စက်စက် ဖြဲပစ်ခဲ့သည့် ကောင်လေးတစ်ယောက်ဆိုသည်ကို မယုံနိုင်လောက်အောင်ပင်။ 


ရှုနဉ်က အခြားသူများ သူ့အပေါ် မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ပေ။


အလယ်တန်းကျောင်းကတည်းက သူ မိန်းကလေးများကို မကြိုက်သည်ကို သူသိထားပြီးဖြစ်သည်။ သူ့လိင်စိတ်တိမ်းညွတ်မှုနှင့် ပတ်သတ်ပြီး ကွဲပြားခြားနားမှုတစ်ခုရှိနေသည်ဆိုတာကို သူသိပြီးဖြစ်သည်။ သို့သော်လည်း အဘယ့်ကြောင့်ဆိုသည့် အကြောင်းအရင်းကို သူ မသိပေ။ မသိစိတ်မှ ကြောက်စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည့်အတွက် သူက ယောက်ျားလေးများကို စိတ်ဝင်စားနိုင်သည်ဟူသော အယူအဆကို သူ ဆက်လက် ငြင်းပယ်ခဲ့သည်။ 


သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုမသဲကွဲသောခံစားချက်က တဖြည်းဖြည်း ကြီးထွားလာသည်။ 


ထိုခံစားချက်က တဖြည်းဖြည်း နက်ရှိုင်းလာပြီး နောက်ဆုံးတွင် သူကိုယ်တိုင် ထိုခံစားချက်ကို အတည်ပြုနိုင်သည်အထိ နက်ရှိုင်းလာသည်။


သူသဘောကျသည့်လူက သူ့ဘေးနား၌ အမြဲရှိနေသောကြောင့် သူ အခြားကောင်လေးများကို စိတ်မဝင်စားပေ။ အဖြေက အလွန်ပင် ရိုးရှင်းသည်။ 


ဝေ့မင်ကျန်းတွင် တောက်ပသောအနာဂတ်ရှိသည်။ ထို့အပြင် သူက ရှုနဉ်ကို ညီငယ်တစ်ဦးအဖြစ်သာ အမြဲမှတ်ယူခဲ့သည်။ ဝေ့မင်ကျန်းအတွက် ကိစ္စများကို မခက်ခဲစေချင်သောကြောင့် သူ အနှေးနှင့်အမြန် ထွက်သွားရမည်ပင်။


နောက်ဆုံးတွင် သူတို့နှစ်ဦးက မျဉ်းပြိုင်များဖြစ်လာပြီး မည်သည့်အချိန်တွင်မှ မဆုံနိုင်တော့ပေ။ 


ရှုနဉ်က သူ့၏စိုးရိမ်ပူပန်မှု အသေးအမွှားလေးများကို စိတ်ထဲ ထည့်မနေတော့ဘဲ သူ၏ ကျောင်းသား ဘဝအသစ်နှင့် အံဝင်ခွင်ကျဖြစ်ရန်သာ ကြိုးစားခဲ့သည်။ သူက ကူးပြောင်းလာသူဖြစ်ပြီး ဉာဏ်ကောင်းနေလျှင်ပင် အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်းမှ ဖိအားအနည်းငယ်ကို ခံစားနေရဆဲဖြစ်သည်။ 


နောက်ဆုံးတွင် သူက ဗီလိန်လေးကဲ့သို့ ရူးသွပ်သည့် ပါရမီရှင်တစ်ယောက် မဟုတ်ပေ။


ပြောရမည်ဆိုလျှင် သူက သင်္ချာနှင့်ရူပဗေဒတွင် ဝေ့မင်ကျန်း၏ အကူအညီများစွာယူပြီး အားကိုးခဲ့ရသည်။ ယခုတွင်မူ သူကိုယ်တိုင် ကြိုးစား၍ ဖြတ်ကျော်ရန်သာ တတ်နိုင်တော့သည်။


"ဟေး ရှုနဉ် မင်းဘာတွေ တွေးနေတာလဲ…”

သူ့ထိုင်ခုံဖော်က သူ့ကို လှမ်းခေါ်လိုက်သည်။ 


ရှုနဉ်လည်း သတိပြန်ဝင်လာသည်။

 "အာ….မင်းဘာပြောလိုက်တာလဲ…”


 "ဒီည ကာရာအိုကေ သွားမလားလို့ မေးနေတာ…”


 "ဒီညလား….”


"ဟုတ်တယ် ဒီနေ့က သောကြာနေ့လေ…ငါတို့အားလုံး အပျော်ရှာဖို့ စီစဉ်နေကြတာ…မင်းဒီနေ့ အလုပ်ရှုပ်နေလား…”


ရှုနဉ် ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းယမ်းပြလိုက်သည်။ 

"မရှုပ်ပါဘူး…”


"ဒါဆို မင်းလိုက်ခဲ့သင့်တယ်…”


"နောက်ထပ်ဘယ်သူတွေပါဦးမှာလဲ…”


"ငါတို့အတန်းက ကျောင်းသားတွေအပြင် တခြားအတန်းက ကျောင်းသားတွေလည်းပါမှာ…လူများလေ ပိုပျော်စရာကောင်းလေပေါ့…”


ယမန်နေ့ကပင် ရှုနဉ်က ဝမ်ရှန်ရှန်နှင့် အခြားသူများဖြင့် ဆော့ရန် ထွက်ခဲ့သေးသည်။ အခြားအတန်းဖော်များနှင့် ရင်းနှီးရန် အချိန်တန်ပြီဟု ခံစားလိုက်ရသောကြောင့် သူ ပြောလိုက်သည်။ 

“ကောင်းပြီလေ…”


ထိုင်ခုံဖော်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက သူ့ဖုန်းကို ရှူနဉ် မမြင်စေရန် ဝှက်ထားပြီး မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။ 


[ရှုနဉ်က သဘောတူလိုက်တယ်…] 


[တကယ်လား…အဲဒါအရမ်းကောင်းတာပဲ….] 


[ယွမ်ယွမ်…ကံကောင်းပါစေ….] 


ထိုနေ့မွန်းလွဲပိုင်းတွင် သူ၏ထိုင်ခုံဖော် ကျန်းယွီက ရှုနဉ် အနီးတွင် ရပ်ကာ သတိပေးလိုက်သည်။ 

 "ရှုနဉ်…ငါတို့ ဒီည ကာရာအိုကေသွားကြမယ်နော်… မမေ့နဲ့ဦး…”


ရှုနဉ်က ပြုံးပြီး ပြောလိုက်သည်။ 

 "စိတ်မပူပါနဲ့…ငါမှတ်မိတယ်….”


ပစ္စည်းများအားလုံးသိမ်းပြီးသည်နှင့် နှစ်ယောက်သား စာသင်ခန်းထဲမှ ထွက်လာကြသည်။ ကျန်းယွီက နောက်ထပ် သူနှင့် ရင်းနှီးသည့်သူ နှစ်ယောက်ကို ခေါ်ပြီး သူတို့အားလုံး အတူတူ ကျောင်းတံခါးဆီသို့ လျှောက်သွားကြသည်။ 


"ခဏလေး နေဦး…”

ကျန်းယွီကပြောသည် ။ 


ရှုနဉ်နှင့်အခြားသူများက သူ့ကို အဆင်ပြေကြောင်း ပြောလိုက်သည်။ ခဏအကြာတွင် ကောင်မလေးနှစ်ယောက် သူတို့ဆီသို့ လျှောက်လာကြပြီး သူတို့က ကျန်းယွီကို ဝမ်းသာအားရ နှုတ်ဆက်သည်။ 


ရှုနဉ်က ထိုမိန်းကလေးနှစ်ယောက်ကို ရင်းနှီးနေပုံရသည်ဟု ခံစားမိသော်လည်း မည်သူမည်ဝါဖြစ်သည်ကို မမှတ်မိပေ။ 


"ရှုနဉ်….”


 ကောင်မလေးတစ်ယောက်က အခြားတစ်ယောက်ထက် ပိုလှပသည်။ သူက ရှုနဉ်ကို ပြောလာသည်။

"မတွေ့တာတောင်ကြာပြီ…”


ရှုနဉ်က သူမကို မမှတ်မိပေ။ သူ အနည်းငယ် အဆင်မပြေသည်ကို ခံစားလိုက်ရပြီး ဝိုးတဝါး ပြန်ပြောလိုက်သည်။


 "မတွေ့တာကြာပြီ….”


"ငါက ချန်ယွမ်ယွမ်ပါ…ငါက နင်နဲ့ အလယ်တန်းကျောင်းအတူတူ တက်ခဲ့တာလေ ….”

စတိုင်ကျသည့် ကောင်မလေးက ပြုံးပြုံးလေးပြောလာသည်။ 


"ငါက ကျိုးလန်ပါ …”

ဆံပင်တိုနှင့်မိန်းကလေးကလည်း သူ့ကိုယ်သူ မိတ်ဆက်လာသည်။ 


ရှုနဉ်လည်း သူတို့ကို ချက်ခြင်း သတိရသွားသည်။ 

"အတန်းသုံးက ကောင်မလေးနှစ်ယောက်လား…”


"ဟုတ်တယ်…ကြည့်ရတာတော့ နေမင်းလေးက ငါတို့ကို မှတ်မိနေပုံပဲ" 

ကောင်မလေးနှစ်ယောက်က ရယ်လိုက်သည်။ 


ရှုနဉ်လည်း ရှက်သွားသည်။ 

"ဟုတ်တာပေါ့…ငါမှတ်မိပါတယ်…ဘယ်လိုလုပ် မမှတ်မိရမှာလဲ…”


သူ ဘတ်စကတ်ဘောကစားသည့်အချိန်တိုင်း ချန်ယွမ်ယွမ်နှင့် ကျိုးလန်တို့က ဘတ်စကတ်ဘောကွင်းဘေးမှ ကြည့်ရှုလေ့ရှိကြသည်။ အစပိုင်းတွင် သူတို့က ရေဘူးယူဆောင်လာပြီး ပွဲပြီးသည်နှင့် ရှုနဉ်အား ရေဘူးပေးလေ့ရှိသည်။ သို့သော် သူတို့ကို ဗီလိန်လေးက အချိန်တိုင်းလိုလို ကြားဖြတ် တားဆီးသည်ကိုသာ ခံခဲ့ရသည်။ 


နောက်ပိုင်းတွင် ချန်ယွမ်ယွမ်က ရေဘူးလာမပို့ဘဲ ကြည့်သာ ကြည့်နေခဲ့သည်။ 


နောက်ဆုံးတွင် ရှုနဉ် စာကျက်စရာများ တိုးလာသောကြောင့် ယခင်ကကဲ့သို့ ဘတ်စကတ်ဘောကစားခြင်းကို မလုပ်တော့ဘဲ သူရပ်လိုက်သည်။ ချန်ယွမ်ယွမ် ပေါ်လာသည်လည်း ရပ်သွားသည်။ အလယ်တန်းကျောင်းပြီးသောအခါတွင်လည်း ရှုနဉ်က ပေကျင်းသို့ထွက်ခွာသွားပြီး ချန်ယွမ်ယွမ်ကို နောက်တစ်ကြိမ်မတွေ့ရတော့ပေ။ 


"နင် သေသေချာချာ မမှတ်မိဘူးမလား…”


"ဟုတ်တယ်…”


 ရှုနဉ် သူ့လက်ကို မြှောက်ပြီး အရှုံးပေးလိုက်သည်။ "တောင်းပန်ပါတယ် တောင်းပန်ပါတယ် မင်းကို အစတုန်းက ငါ မမှတ်မိတာ အမှန်ပဲ ဒါပေမယ့် နောက်ဆုံးတော့ ငါမင်းတို့ကို မှတ်မိသွားတာပဲ မဟုတ်ဘူးလား…တောင်းပန်တဲ့အနေနဲ့ ဒီနေ့ ဘေလ်ကို ငါရှင်းပါ့မယ် ဟုတ်ပြီလား…”


"ဟုတ်ပြီ..ဟုတ်ပြီ..”


ကောင်လေးများက ချက်ချင်းပင်စပြီး အားပေးအားမြှောက် လုပ်လိုက်ကြသည်။ သူတို့ ဘာတစ်ခုမှ ပိုလိုချင်သည်မျိုး မရှိပေ။